ဗီလိန်ရဲ့ လမ်းပြကြယ်

By CrystalKyi

783K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... More

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၁၅)

6.4K 1K 15
By CrystalKyi

Unicode
တစ်ခန်းလုံး ငြိမ်ကျသွားတယ်။ အတန်းထဲမှာ ရှိတဲ့ လူတွေအားလုံး ချောင်လန့်ဘက်ကို လှည့်ကြည့်လာကြတယ်။

ချောင်လန်ကတော့ အတန်းခေါင်းဆောင်လက်ထဲက သူမအဖြေလွှာကို တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဆွဲယူလိုက်တယ်။ ကျောင်းထုန်ရဲ့ မျက်နှာပေါ်ကအေးခဲသွားတဲ့ မျက်နှာထားက တစ်ဖြည်းဖြည်းနဲ့ လန့်သွားတဲ့ အဖြစ်ကို ရောက်သွားတယ်။ ပြီးတော့ သူမ မယုံနိုင်စွာနဲ့ပဲ ချောင်လန့်ရဲ့ အဖြေလွှာကို ကြည့်နေတယ်။

အဲ့တာကသာ တစ်ကယ်မမှားဘူးဆိုရင် သူမက တစ်ကယ်ကြီး အမှတ်၁၅၀ရတာပေါ့။ စုန့်ယောင်လို ချန်ယောင်းရန်လိုလေ အမှတ်ပြည့်ရတာပေါ့။

ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ???

ဒါလုံးဝမဖြစ်နိုင်ဘူး!!!!

သူမခုနလေးကတင် ခန့်မှန်းထားတာက ချောင်လန်က စာမေးပွဲမှာ ၈၀ ဒါမှမဟုတ်ရင် ၉၀လောက်ပဲ ရမယ်လို့လေ။ ဒါပေမဲ့ ချောင်လန်က တစ်ကယ်ကြီး အမှတ်ပြည့်ရသွားတာ။ ကျောင်းထုန်လုံးဝမယုံနိုင်ဘူး။

တစ်တန်းလုံး ထူးဆန်းစွာတိတ်ဆိတ်သွားတယ်။ အဲ့အချိန်မှာ တစ်ချိန်လုံး ခေါင်းစိုက်ချထားတဲ့ ထန်းမော့က ခေါင်းမော့လိုက်ပြီး သူ့ရဲ့ အညိုရောင် ဖျော့ဖျော့မျက်လုံးလေးတွေနဲ့ ချောင်လန့်ကို ကြည့်လိုက်တာကို ဘယ်သူမှ မမြင်လိုက်ကြဘူး။

ခဏကြာတော့ အတန်းက စကားပြောသံတွေနဲ့ ပြည့်သွားတယ်။ အတန်းထဲကို အခုမှဝင်လာတဲ့ ချန်ယောင်းရန်နဲ့ စုန့်ယောင်က သူတို့ဘေးက အတန်းဖော်တွေပြောတာကိုကြလိုက်ရတော့ ချောင်လန့်ဘက်ကို လှည့်ကြည့်လာကြတယ်။

ရုတ်တရက် ကျောင်းထုန်က လက်ထဲက စာအုပ်ကို စားပွဲပေါ် ပစ်ချလိုက်ပြီး အတန်းအပြင်ကို ပြေးထွက်သွားတယ်။

" သူမသေချာပေါက် ကူးချတာပဲဖြစ်ရမယ်။ သူမက ဘယ်လိုလုပ် အမှတ်ပြည့်ရနိုင်မှာလဲ။ "

" သူမက တစ်ကယ်တုံးတာပဲ။ သူမက ဒီတိုင်းကူးချလိုက်ပြီး အမှတ်ပြည့်ရနိုင်မယ်လို့ ထင်နေတာလား။ ငါတို့ကို အရူးများ မှတ်နေလား။ "

" ဟုတ်တယ်။ ဖေးနင်တောင် ဒီတစ်ခေါက် အမှတ်ပြည့်မရတာ ချောင်လန်က အမှတ်ပြည့်ရတယ်???။ အဲ့တာကို ဘယ်သူက ယုံမှာလဲ။ "

" အင်္ဂလိပ်စာက ကူးချရတာလွယ်တယ်လေ။ သူမ သင်္ချာတို့ ဘာသာစကားတို့ သမိုင်းတို့မှာ ကူးချနိုင်မယ်လို့ ငါတော့မယုံပါဘူး။ သူမ ဘာသာအားလုံးကို မကူးချနိုင်ပါဘူး။ "

အဲ့တာကို ကြားလိုက်ရတော့ ကျောင်းထုန် နေလို့ပိုကောင်းသွားတယ်။

ဟုတ်တယ်။ ချောင်လန်က ဒီဘာသာမှာ ကူးချထားတာပဲဖြစ်ရမယ်။ ဒါပေမဲ့ တစ်ခြားဘာသာတွေက ကူးချဖို့မလွယ်ဘူးလေ။ ဒါ့ကြောင့် သူမ ဘယ်လောက်ပဲ ကူးချဖို့ ကြိုးစားကြိုးစား ကျောင်းထုန်က သူမကို ဝင်နှောင့်ယှက်မှာမဟုတ်ဘူး။

ဘယ်လိုပဲဖြစ်ဖြစ် သူမက အတန်းထဲမှာ အဆင့်၅အတွင်း ဝင်မှာသေချာနေတာပဲ။

ဒါပေမဲ့ ဒါက အစပဲရှိပါသေးတယ်။

စာစစ်ကြာတဲ့ ဘာသာစကားနဲ့ နိုင်ငံရေးသမိုင်းကလွဲရင် ကျန်တဲ့ဘာသာရပ်တွေက တစ်ခုပြီးတစ်ခု အမှတ်တွေထွက်လာကြတယ်။

Chemistry နဲ့ Physics အမှတ်စာရင်းတွေက ရှေ့ဆင့်နောက်ဆင့် ထွက်လာကြတယ်။

ချောင်လန်က အခုတလော အသည်းအသန်ကို physics လုပ်နေခဲ့လေ။ ပြီးတော့ ဆရာတွေရုံးခန်းကိုလဲ သွားပြီး physics ဆရာကို မေးခွန်းတွေမကြာခဏသွားမေးနေခဲ့တာ။

Physics ဆရာက အစကတော့ ချောင်လန့်အပေါ်မှာ သိပ် impression မရှိဘူး။ ဘာလို့လဲဆိုတော့ သူမက ပထမလပတ်စာမေးပွဲတုန်းကရလဒ်တွေက တော်တော်ဆိုးဝါးခဲ့တာကိုး။ ပြီးတော့ သူမက အတန်းထဲမှာလဲ စာလိုက်နားမထောင်တာ အသိသာကြီးပဲကို။ သူက အဲ့လိုကျောင်းသားတွေကို တစက်ကလေးမှ ကြည့်မရဘူး။

ဒါပေမဲ့ လပတ်စာမေးပွဲပြီးတာနဲ့ ချောင်လန်က လုံးဝတစ်ခြားတစ်ယောက်လိုကြီး ပြောင်းလဲသွားခဲ့တယ်။ ပြီးတော့ သူအားတဲ့အချိန်တိုင်းလာပြီး နားမလည်တာတွေကို မေးလေ့ရှိတယ်။ သူ ချောင်လန်ရဲ့ physics လေ့ကျင့်ခန်းစာအုပ်ကိုလဲ သေသေချာချာကြည့်ပြီးသွားပြီ။ လေ့ကျင့်ခန်းစားအုပ်ထူထူထဲမှာ ရေးမှတ်ထားတဲ့အရာတွေက သူမစာဘယ်လောက်လုပ်ခဲ့လဲဆိုတာရဲ့ သက်သေတွေဖြစ်နေတယ်။ ပြီးတော့ ချောင်လန် မေးခွန်းတွေမေးရတဲ့ရည်ရွယ်ချက်တွေကို အတိုင်းသားမြင်နေရတယ်။

အရင်တုန်းက သေသေချာချာ အလေးထားမလုပ်ခဲ့တာ ကိစ္စမရှိပါဘူး။ အရေးကြီးတာက အခု သေချာကြိုးစားချင်စိတ် ရှိလာပြီပဲ။

အခုမှ ပထမနှစ်ပဲရှိသေးတာမလား။

အခုတလော ချောင်လန့်ကို အထင်ကြီးလာတာ လောင်လျှိုတစ်ယောက်ထဲမဟုတ်ဘူး။

အမှတ်တွေထွက်လာတော့ Physics ဆရာက ပိုပြီးတော့တောင် ကျေနပ်အားရလာတယ်။

နှစ်ဝက်စာမေးပွဲမှာ စုစုပေါင်း၈ဘာသာရှိတယ်။ တစ်ဘာသာစီမှာ အမှတ်ပြည့်က ၁၅၀ရှိတယ်။ အဲ့တော့ စုစုပေါင်းပေးမှတ်က ၁၂၀၀ရှိတယ်။ ဒီတစ်ခေါက် physics မေးခွန်းက သူကိုယ်တိုင်ထုတ်ထားတာ။ ဒါက တစ်ကယ်ခက်တဲ့မေးခွန်းပါ။ ဒီတစ်ခေါက်အမှတ်အများဆုံးရတဲ့ ကျောင်းသား ချန်ယောင်းရန်က ၁၃၃မှတ်ရတယ်။ သူကလွဲလို့ တစ်ခြားဘယ်ကျောင်းသားမှ ၁၃၀မကျော်ဘူး။

၁၃၀နားကပ်တာဆိုလို့ ၁၂၉မှတ်ရတဲ့ ချောင်လန်တစ်ယောက်ပဲ ရှိတယ်။

အတန်းထဲက စင်ပေါ်မှာရပ်ပြီး Physics ဆရာက သူကိုယ်တိုင် ကျောင်းသားတွေကို အဖြေလွှာတွေဝေပေးတယ်။ ၁၃၃မှတ်ရတဲ့ ချန်ယောင်းရန်ရဲ့အဖြေလွှာကို ပေးပြီးတဲ့နောက် physics ဆရာက ရုတ်တရက် စိတ်လှုပ်ရှားလာတယ်။

" ဆရာမင်းတို့ကို ပြောပါတယ်။ မင်းတို့သာ ကောင်းကောင်းကြိုးစားလို့။ ကြိုးစားရင် မဖြစ်နိုင်တဲ့အရာဆိုတာ မရှိပါဘူးကွာ။ ကမ္ဘာပေါ်မှာ တုံးအတဲ့ကျောင်းသားဆိုတာ မရှိဘူး။ အပျင်းကြီးတဲ့ကျောင်းသားပဲရှိတယ်။ မင်းတို့သာ ကောင်းကောင်းမွန်မွန်နဲ့စာကြိုးစားမယ်ဆိုရင် မင်းတို့ စိတ်ကျေနပ်လောက် မဲ့ အမှတ်တွေရလာမှပါ။ "

ဒါကို ကြားလိုက်ရတော့ ကျောင်းထုန်ရဲ့စိတ်ထဲမှာ တစ်ခုခု မကောင်းတာဖြစ်တော့မယ်မှန်းကြိုသိနေတယ်။

သူမ ချောင်လန့်ကို စိတ်မသက် မသာစွာနဲ့ လှည့်ကြည့်လိုက်ပြီး စိတ်ထဲမှာလဲ မဖြစ်နိုင်လောက်ပါဘူးလို့ ပြောနေတယ်။

မဖြစ်နိုင်ဘူး.......

ဒါပေမဲ့ နောက်တစ်စက္ကန့်မှာပဲ အရမ်းကို စိတ်အားထက်သန်နေတဲ့ Physics ဆရာရဲ့အသံက သူမနားထဲကို ရောက်လာတယ်။

" ကျောင်းသူ ချောင်လန် ၁၂၉ မှတ်။ လာပါ အဖြေလွှာလာယူလဲ့။ "

အရှေ့တန်းမှာထိုင်နေတဲ့ ချင်းယန် ၊ စုန့်ယောင်နဲ့ တစ်ခြားသူတွေက ချက်ချင်းခေါင်းတွေကို လှည့်လာပြီး ကြည့်ကြတယ်။ အခုအချိန်မှာ သူတို့ရဲ့ မျက်နှာအမူအရာတွေက ကျောင်းထုန်နဲ့ တစ်ပုံစံထဲပဲ။

အဲ့တာပြီးတော့ physics ဆရာက မေးခွန်းနဲ့ပတ်သက်တာတွေကို ပြောတယ်။ ကျောင်းထုန်က အခု အဲ့တာတွေကို နားထောင်ချင်စိတ်ရှိမနေဘူး။ သူမ စာသင်ချိန်အတွင်းမှာ စိတ်တွေယောက်ယက်ခတ်နေတယ်။ သူမ ဒီတိုင်း ထိုင်မနေနိုင်တော့ဘူး။ နောက်ဆုံး အတန်းပြီးသွားတော့ သူမ ချောင်လန့်ဘက် လှည့်လိုက်ပြီး ချောင်လန့်ကို စိုက်ကြည့်နေလိုက်တယ်။

" နင်ကူးချထားတာ!!!! "

ချောင်လန်က ခေါင်းမော့ပြီး ကျောင်းထုန်ကို ကြည့်လိုက်တယ်။

ချီးပဲ ကူးချ!!!

" ငါက ဘယ်သူ့ထဲက ကူးချတာလဲ "

ဒီပထမနှစ် တစ်နှစ်လုံးမှာ သူမထက် အမှတ်များတာဆိုလို့ ချန်ယောင်းရန် တစ်ယောက်ပဲရှိတယ်။ ဒါဆို သူမက ချန်ယောင်းရန့်ဟာကို ကူးချခဲ့တာလား။

ချောင်လန်က ကျောင်းထုန်ရဲ့အဖြေလွှာကို ကြည့်လိုက်ပြီး လှောင်တဲ့မျက်နှာထားနဲ့ပြောလိုက်တယ်။ " ငါ နင့်ဆီက ကူးခဲ့တာလား "

အဲ့လိုလှောင်တဲ့စကားလုံးတွေကို ကြားလိုက်ရတော့ ကျောင်းထုန်ရဲ့ မျက်နှာကရုတ်တရက်ကြီးဖြူဖျော့သွားပြီး သူမအဖြေလွှာကို ဖုံးလိုက်တယ်။ သူမခေါင်းကိုမော့လိုက်တော့ သူမအတန်းဖော်တွေက သူမကို ကြည့်နေတာကို တွေ့လိုက်ရတယ်။ သူတို့ရဲ့မျက်လုံးတွေက နည်းနည်းထူးဆန်းနေတယ်။

အဲ့ကျတော့မှ သူမ သတိရသွားတယ်။ အခုသူမရဲ့စွပ်စွဲချက်တွေက လုံးဝယုတ္တိမရှိဘူးဆိုတာကိုပေါ့။

ဒီတစ်ခေါက် physics စာမေးပွဲက ကျောင်းကဆရာတွေကိုယ်တိုင်ထုတ်ထားတာ။ အရင်ကစာမေးပွဲတွေလို online ပေါ်က မေးခွန်းတွေကို ထုတ်တာမဟုတ်ဘူး။ ဒီတစ်ခေါက် physics မေးခွန်းကို online ပေါ်မှာ အစအနတောင်ရှာမရဘူး။ တစ်ခု နှစ်ခုလောက်တော့ question type ဆင်တာရှိတာပေါ့။ ဒါပေမဲ့ အဲ့လိုဆိုရင်တောင် data တွေကိုပြောင်းထားတယ်။

အဲ့တာကြောင့်မလို့ ဒီလိုစာမေးပွဲမျိုးကို internet ပေါ်ကနေရှာရုံနဲ့ ကူးချလို့ လုံးဝမရနိုင်ဘူး။

ကျောင်းထုန်ရဲ့မျက်နှာ ပူထူလာတယ်။ သူမကြောက်လန့်လန့်နဲ့ ချန်ယောင်းရန်ရှိတဲ့ နေရာကို ကြည့်လိုက်တယ်။

ချန်ယောင်းရန်က မျက်မှောင်ကျုံ့ပြီး သူတို့ဘက်ကို ကြည့်နေတယ်။ ဒါပေမဲ့ ချောင်လန်နဲ့ကျောင်းထုန်နဲ့က အတူတူထိုင်နေတာဆိုတော့ ချန်ယောင်းရန်က သူမကိုကြည့်နေတာလား ချောင်လန့်ကိုကြည့်နေတာလားဆိုတာ
ကျောင်းထုန်မပြောတက်ဘူး။

Zawgyi
တစ္ခန္းလုံး ၿငိမ္က်သြားတယ္။ အတန္းထဲမွာ ရွိတဲ့ လူေတြအားလုံး ေခ်ာင္လန္႔ဘက္ကို လွည့္ၾကည့္လာၾကတယ္။

ေခ်ာင္လန္ကေတာ့ အတန္းေခါင္းေဆာင္လက္ထဲက သူမအေျဖလႊာကို တည္တည္ၿငိမ္ၿငိမ္နဲ႔ပဲ ဆြဲယူလိုက္တယ္။ ေက်ာင္းထုန္ရဲ႕ မ်က္ႏွာေပၚကေအးခဲသြားတဲ့ မ်က္ႏွာထားက တစ္ျဖည္းျဖည္းနဲ႔ လန္႔သြားတဲ့ အျဖစ္ကို ေရာက္သြားတယ္။ ၿပီးေတာ့ သူမ မယုံႏိုင္စြာနဲ႔ပဲ ေခ်ာင္လန္႔ရဲ႕ အေျဖလႊာကို ၾကည့္ေနတယ္။

အဲ့တာကသာ တစ္ကယ္မမွားဘူးဆိုရင္ သူမက တစ္ကယ္ႀကီး အမွတ္၁၅၀ရတာေပါ့။ စုန္႔ေယာင္လို ခ်န္ေယာင္းရန္လိုေလ အမွတ္ျပည့္ရတာေပါ့။

ဒါဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ???

ဒါလုံးဝမျဖစ္ႏိုင္ဘူး!!!!

သူမခုနေလးကတင္ ခန္႔မွန္းထားတာက ေခ်ာင္လန္က စာေမးပြဲမွာ ၈၀ ဒါမွမဟုတ္ရင္ ၉၀ေလာက္ပဲ ရမယ္လို႔ေလ။ ဒါေပမဲ့ ေခ်ာင္လန္က တစ္ကယ္ႀကီး အမွတ္ျပည့္ရသြားတာ။ ေက်ာင္းထုန္လုံးဝမယုံႏိုင္ဘူး။

တစ္တန္းလုံး ထူးဆန္းစြာတိတ္ဆိတ္သြားတယ္။ အဲ့အခ်ိန္မွာ တစ္ခ်ိန္လုံး ေခါင္းစိုက္ခ်ထားတဲ့ ထန္းေမာ့က ေခါင္းေမာ့လိုက္ၿပီး သူ႔ရဲ႕ အညိဳေရာင္ ေဖ်ာ့ေဖ်ာ့မ်က္လုံးေလးေတြနဲ႔ ေခ်ာင္လန္႔ကို ၾကည့္လိုက္တာကို ဘယ္သူမွ မျမင္လိုက္ၾကဘူး။

ခဏၾကာေတာ့ အတန္းက စကားေျပာသံေတြနဲ႔ ျပည့္သြားတယ္။ အတန္းထဲကို အခုမွဝင္လာတဲ့ ခ်န္ေယာင္းရန္နဲ႔ စုန္႔ေယာင္က သူတို႔ေဘးက အတန္းေဖာ္ေတြေျပာတာကိုၾကလိုက္ရေတာ့ ေခ်ာင္လန္႔ဘက္ကို လွည့္ၾကည့္လာၾကတယ္။

႐ုတ္တရက္ ေက်ာင္းထုန္က လက္ထဲက စာအုပ္ကို စားပြဲေပၚ ပစ္ခ်လိုက္ၿပီး အတန္းအျပင္ကို ေျပးထြက္သြားတယ္။

" သူမေသခ်ာေပါက္ ကူးခ်တာပဲျဖစ္ရမယ္။ သူမက ဘယ္လိုလုပ္ အမွတ္ျပည့္ရႏိုင္မွာ လဲ။ "

" သူမက တစ္ကယ္တုံးတာပဲ။ သူမက ဒီတိုင္းကူးခ်လိုက္ၿပီး အမွတ္ျပည့္ရႏိုင္မယ္လို႔ ထင္ေနတာလား။ ငါတို႔ကို အ႐ူးမ်ား မွတ္ေနလား။ "

" ဟုတ္တယ္။ ေဖးနင္ေတာင္ ဒီတစ္ေခါက္ အမွတ္ျပည့္မရတာ ေခ်ာင္လန္က အမွတ္ျပည့္ရတယ္???။ အဲ့တာကို ဘယ္သူက ယုံမွာလဲ။ "

" အဂၤလိပ္စာက ကူးခ်ရတာလြယ္တယ္ေလ။ သူမ သခ်ၤာတို႔ ဘာသာစကားတို႔ သမိုင္းတို႔မွာ ကူးခ်ႏိုင္မယ္လို႔ ငါေတာ့မယုံပါဘူး။ သူမ ဘာသာအားလုံးကို မကူးခ်ႏိုင္ပါဘူး။ "

အဲ့တာကို ၾကားလိုက္ရေတာ့ ေက်ာင္းထုန္ ေနလို႔ပိုေကာင္းသြားတယ္။

ဟုတ္တယ္။ ေခ်ာင္လန္က ဒီဘာသာမွာ ကူးခ်ထားတာပဲျဖစ္ရမယ္။ ဒါေပမဲလ တစ္ျခားဘာသာေတြက ကူးခ်ဖို႔မလြယ္ဘူးေလ။ ဒါ့ေၾကာင့္ သူမ ဘယ္ေလာက္ပဲ ကူးခ်ဖို႔ ႀကိဳးစားႀကိဳးစား ေက်ာင္းထုန္က သူမကို ဝင္ေႏွာင့္ယွက္ မွာမဟုတ္ဘူး။

ဘယ္လိုပဲျဖစ္ျဖစ္ သူမက အတန္းထဲမွာ အဆင့္၅အတြင္း ဝင္မွာေသခ်ာေနတာပဲ။

ဒါေပမဲ့ ဒါက အစပဲရွိပါေသးတယ္။

စာစစ္ၾကာတဲ့  ဘာသာစကားနဲ႔ ႏိုင္ငံေရးသမိုင္းကလြဲရင္ က်န္တဲ့ဘာသာရပ္ေတြက တစ္ခုၿပီးတစ္ခု အမွတ္ေတြထြက္လာၾကတယ္။

Chemistry နဲ႔ Physics အမွတ္စာရင္းေတြက ေရွ႕ဆင့္ေနာက္ဆင့္ ထြက္လာၾကတယ္။

ေခ်ာင္လန္က အခုတေလာ အသည္းအသန္ကို physics လုပ္ေနခဲ့ေလ။ ၿပီးေတာ့ ဆရာေတြ႐ုံးခန္းကိုလဲ သြားၿပီး physics ဆရာကို ေမးခြန္းေတြမၾကာခဏသြားေမးေနခဲ့တာ။

Physics ဆရာက အစကေတာ့ ေခ်ာင္လန္႔အေပၚမွာ သိပ္ impression မရွိဘူး။ ဘာလို႔လဲဆိုေတာ့ သူမက ပထမလပတ္စာေမးပြဲတုန္းကရလဒ္ေတြက ေတာ္ေတာ္ဆိုးဝါးခဲ့တာကိုး။ ၿပီးေတာ့ သူမက အတန္းထဲမွာလဲ စာလိုက္နားမေထာင္တာ အသိသာႀကီးပဲကို။ သူက အဲ့လိုေက်ာင္းသားေတြကို တစက္ ကေလးမွ ၾကည့္မရဘူး။

ဒါေပမဲ့ လပတ္စာေမးပြဲျပတာနဲ႔ ေခ်ာင္လန္က လုံးဝတစ္ျခားတစ္ေယာက္လိုႀကီး ေျပာင္းလဲသြားခဲ့တယ္။ ၿပီးေတာ့ သူအားတဲ့အခ်ိန္တိုင္းလာၿပီး နားမလည္တာေတြကို ေမးေလ့ရွိတယ္။ သူ ေခ်ာင္လန္ရဲ႕ physics ေလ့က်င့္ခန္းစာအုပ္ကိုလဲ ေသေသခ်ာခ်ာၾကည့္ၿပီးသြားၿပီ။ ေလ့က်င့္ခန္းစားအုပ္ထူထူထဲမွာ ေရးမွတ္ထားတဲ့အရာေတြက သူမစာဘယ္ေလာက္လုပ္ခဲ့လဲဆိုတာရဲ႕ သက္ေသေတြျဖစ္ေနတယ္။ ၿပီးေတာ့ ေခ်ာင္လန္ ေမးခြန္းေတြေမးရတဲ့ရည္႐ြယ္ခ်က္ေတြကို အတိုင္းသားျမင္ေနရတယ္။

အရင္တုန္းက ေသေသခ်ာခ်ာ အေလးထားမလုပ္ခဲ့တာ ကိစၥမရွိပါဘူး။ အေရးႀကီးတာက အခု ေသခ်ာႀကိဳးစားခ်င္စိတ္ ရွိလာၿပီပဲ။

အခုမွ ပထမႏွစ္ပဲရွိေသးတာမလား။

အခုတေလာ ေခ်ာင္လန္႔ကို အထင္ႀကီးလာတာ ေလာင္လွ်ိဳတစ္ေယာက္ထဲမဟုတ္ဘူး။

အမွတ္ေတြထြက္လာေတာ့ Physics ဆရာက ပိုၿပီးေတာ့ေတာင္ ေက်နပ္အားရလာတယ္။

ႏွစ္ဝက္စာေမးပြဲမွာ စုစုေပါင္း၈ဘာသာရွိတယ္။ တစ္ဘာသာစီမွာ အမွတ္ျပည့္က ၁၅၀ရွိတယ္။ အဲ့ေတာ့ စုစုေပါင္းေပးမွတ္က ၁၂၀၀ရွိတယ္။ ဒီတစ္ေခါက္ physics ေမးခြန္းက သူကိုယ္တိုင္ထုတ္ထားတာ။ ဒါက တစ္ကယ္ခက္တဲ့ေမးခြန္းပါ။ ဒီတစ္ေခါက္အမွတ္အမ်ားဆုံးရတဲ့ ေက်ာင္းသား ခ်န္ေယာင္းရန္က ၁၃၃မွတ္ရတယ္။ သူကလြဲလို႔ တစ္ျခားဘယ္ေက်ာင္းသားမွ ၁၃၀မေက်ာ္ဘူး။

၁၃၀နားကပ္တာဆိုလို႔ ၁၂၉မွတ္ရတဲ့ ေခ်ာင္လန္တစ္ေယာက္ပဲ ရွိတယ္။

အတန္းထဲက စင္ေပၚမွာရပ္ၿပီး Physics ဆရာက သူကိုယ္တိုင္ ေက်ာင္းသားေတြကို အေျဖလႊာေတြေဝေပးတယ္။ ၁၃၃မွတ္ရတဲ့ ခ်န္ေယာင္းရန္ရဲ႕အေျဖလႊာကို ေပးၿပီးတဲ့ေနာက္ physics ဆရာက ႐ုတ္တရက္ စိတ္လႈပ္ရွားလာတယ္။

" ဆရာမင္းတို႔ကို ေျပာပါတယ္။ မင္းတို႔သာ ေကာင္းေကာင္းႀကိဳးစားလို႔။ ႀကိဳးစားရင္ မျဖစ္ႏိုင္တဲ့အရာဆိုတာ မရွိပါဘူးကြာ။ ကမာၻေပၚမွာ တုံးအတဲ့ေက်ာင္းသားဆိုတာ မရွိဘူး။ အပ်င္းႀကီးတဲ့ေက်ာင္းသားပဲရွိတယ္။ မင္းတို႔သာ ေကာင္းေကာင္းမြန္မြန္နဲ႔စာႀကိဳးစားမယ္ဆိုရင္ မင္းတို႔ စိတ္ေက်နပ္ေလာက္ မဲ့ အမွတ္ေတြရလာမွပါ။ "

ဒါကို ၾကားလိုက္ရေတာ့ ေက်ာင္းထုန္ရဲ႕စိတ္ထဲမွာ တစ္ခုခု မေကာင္းတာျဖစ္ေတာ့မယ္မွန္းႀကိဳသိေနတယ္။

သူမ ေခ်ာင္လန္႔ကို စိတ္မသက္ မသာစြာနဲ႔ လွည့္ၾကည့္လိုက္ၿပီး စိတ္ထဲမွာလဲ မျဖစ္ႏိုင္ေလာက္ပါဘူးလို႔ ေျပာေနတယ္။

မျဖစ္ႏိုင္ဘူး.......

ဒါေပမဲ့ ေနာက္တစ္စကၠန္႔မွာပဲ အရမ္းကို စိတ္အားထက္သန္ေနတဲ့ Physics ဆရာရဲ႕အသံက သူမနားထဲကို ေရာက္လာတယ္။

" ေက်ာင္းသူ ေခ်ာင္လန္ ၁၂၉ မွတ္။ လာပါ အေျဖလႊာလာယူလဲ့။ "

အေရွ႕တန္းမွာထိုင္ေနတဲ့ ခ်င္းယန္ ၊ စုန္႔ေယာင္နဲ႔ တစ္ျခားသူေတြက ခ်က္ခ်င္းေခါင္းေတြကို လွည့္လာၿပီး ၾကည့္ၾကတယ္။ အခုအခ်ိန္မွာ သူတို႔ရဲ႕ မ်က္ႏွာအမူအရာေတြက ေက်ာင္းထုန္နဲ႔ တစ္ပုံစံထဲပဲ။

အဲ့တာၿပီးေတာ့ physics ဆရာက ေမးခြန္းနဲ႔ပတ္သက္တာေတြကို ေျပာတယ္။ ေက်ာင္းထုန္က အခု အဲ့တာေတြကို နားေထာင္ခ်င္စိတ္ရွိမေနဘူး။ သူမ စာသင္ခ်ိန္အတြင္းမွာ စိတ္ေတြေယာက္ယက္ခတ္ေနတယ္။ သူမ ဒီတိုင္း ထိုင္မေနႏိုင္ေတာ့ဘူး။ ေနာက္ဆုံး အတန္းၿပီးသြားေတာ့ သူမ ေခ်ာင္လန္႔ဘက္ လွည့္လိုက္ၿပီး ေခ်ာင္လန္႔ကို စိုက္ၾကည့္ေနလိုက္တယ္။

" နင္ကူးခ်ထားတာ!!!! "

ေခ်ာင္လန္က ေခါင္းေမာ့ၿပီး ေက်ာင္းထုန္ကို ၾကည့္လိုက္တယ္။

ခ်ီးပဲ ကူးခ်!!!

" ငါက ဘယ္သူ႔ထဲက ကူးခ်တာလဲ "

ဒီပထမႏွစ္ တစ္ႏွစ္လုံးမွာ သူမထက္ အမွတ္မ်ားတာဆိုလို႔ ခ်န္ေယာင္းရန္ တစ္ေယာက္ပဲရွိတယ္။ ဒါဆို သူမက ခ်န္ေယာင္းရန္႔ဟာကို ကူးခ်ခဲ့တာလား။

ေခ်ာင္လန္က ေက်ာင္းထုန္ရဲ႕အေျဖလႊာကို ၾကည့္လိုက္ၿပီး ေလွာင္တဲ့မ်က္ႏွာထားနဲ႔ေျပာလိုက္တယ္။ " ငါ နင့္ဆီက ကူးခဲ့တာလား "
အဲ့လိုေလွာင္တဲ့စကားလုံးေတြကို ၾကားလိုက္ရေတာ့ ေက်ာင္းထုန္ရဲ႕ မ်က္ႏွာက႐ုတ္တရက္ႀကီးျဖဴေဖ်ာ့သြားၿပီး သူမအေျဖလႊာကို ဖုံးလိုက္တယ္။ သူမေခါင္းကိုေမာ့လိုက္ေတာ့ သူမအတန္းေဖာ္ေတြက သူမကို ၾကည့္ေနတာကို ေတြ႕လိုက္ရတယ္။ သူတို႔ရဲ႕မ်က္လုံးေတြက နည္းနည္းထူးဆန္းေနတယ္။

အဲ့က်ေတာ့မွ သူမ သတိရသြားတယ္။ အခုသူမရဲ႕စြပ္စြဲခ်က္ေတြက လုံးဝယုတၱိမရွိဘူးဆိုတာကိုေပါ့။

ဒီတစ္ေခါက္ physics စာေမးပြဲက ေက်ာင္းကဆရာေတြကိုယ္တိုင္ထုတ္ထားတာ။ အရင္ကစာေမးပြဲေတြလို online ေပၚက ေမးခြန္းေတြကို ထုတ္တာမဟုတ္ဘူး။ ဒီတစ္ေခါက္ physics ေမးခြန္းကို online ေပၚမွာ အစအနေတာင္ရွာမရဘူး။ တစ္ခု ႏွစ္ခုေလာက္ေတာ့ question type ဆင္တာရွိတာေပါ့။ ဒါေပမဲ့ အဲ့လိုဆိုရင္ေတာင္ data ေတြကိုေျပာင္းထားတယ္။

အဲ့တာေၾကာင့္မလို႔ ဒီလိုစာေမးပြဲမ်ိဳးကို internet ေပၚကေနရွာ႐ုံနဲ႔ ကူးခ်လို႔ လုံးဝမရႏိုင္ဘူး။

ေက်ာင္းထုန္ရဲ႕မ်က္ႏွာ ပူထူလာတယ္။ သူမေၾကာက္လန္႔လန္႔နဲ႔ ခ်န္ေယာင္းရန္ရွိတဲ့ ေနရာကို ၾကည့္လိုက္တယ္။

ခ်န္ေယာင္းရန္က မ်က္ ေမွာင္က်ဳံ႕ၿပီး သူတို႔ဘက္ကို ၾကည့္ေနတယ္။ ဒါေပမဲ့ ေခ်ာင္လန္နဲ႔ေက်ာင္းထုန္နဲ႔က အတူတူထိုင္ေနတာဆိုေတာ့ ခ်န္ေယာင္းရန္က သူမကိုၾကည့္ေနတာလား ေခ်ာင္လန္႔ကိုၾကည့္ေနတာလားဆိုတာ
ေက်ာင္းထုန္မေျပာတက္ဘူး။

Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...