แ€€แ€ญแ€ฏแ€€แ€ญแ€ฏแ€›แ€ฒแ€ทแ€€แ€œแ€ฑแ€ธแ€„แ€šแ€บ S3 [ Complet...
By moewathane
4.9M 403K 46.2K
#July - 17 - 2020 #Moewathan #Art by Maythitsar๐ŸŒน แ€šแ€แ€ฏแ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€แ€ฝแ€„แ€บแ€•แ€ซแ€แ€„แ€บแ€žแ€ฑแ€ฌ แ€กแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€กแ€›แ€ฌแ€™แ€ปแ€ฌแ€ธแ€”แ€พแ€„แ€บแ€ท แ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธ แ€‡แ€ฌแ€แ€บ... More
๐Ÿ’œ แ€‡แ€ฌแ€แ€นแ€ฑแ€€แ€ฌแ€„แ€นแ€™แ€ญแ€แ€นแ€†แ€€แ€น ๐Ÿ’œ
๐Ÿ’œ S3 EP - 1 ๐Ÿ’œ
๐Ÿ’œ S3 EP - 2 ๐Ÿ’œ
๐Ÿ’œ S3 EP - 3 ๐Ÿ’œ
๐Ÿ’œ S3 EP - 4 ๐Ÿ’œ
๐Ÿ’œ S3 EP - 5 ๐Ÿ’œ ๐ŸŒš
๐Ÿ’œ S3 EP - 6 ๐Ÿ’œ
๐Ÿ’œ S3 EP - 7 ๐Ÿ’œ
๐Ÿ’œ S3 EP - 8 ๐Ÿ’œ
๐Ÿ’œ S3 EP - 9 ๐Ÿ’œ
๐Ÿ’œ S3 EP - 10 ๐Ÿ’œ
๐Ÿ’œ S3 EP - 11 ๐Ÿ’œ
๐Ÿ’œ S3 EP - 12 ๐Ÿ’œ
๐Ÿ’œ S3 EP - 13 ๐Ÿ’œ
๐Ÿ’œ S3 EP - 14 ๐Ÿ’œ
๐Ÿ’œ S3 EP - 15 ๐Ÿ’œ
๐Ÿ’œ S3 EP - 16 ๐Ÿ’œ
๐Ÿ’œ S3 EP - 17 ๐Ÿ’œ๐Ÿ”ž
๐Ÿ’œ S3 EP - 18 ๐Ÿ’œ๐ŸŒš
๐Ÿ’œ S3 EP - 19 ๐Ÿ’œ
๐Ÿ’œ S3 EP - 20 ๐Ÿ’œ
๐Ÿ’œ S3 EP - 21 ๐Ÿ’œ
๐Ÿ’œ S3 EP - 22 ๐Ÿ’œ ๐Ÿ”ž
๐Ÿ’œ S3 EP - 23 ๐Ÿ’œ
๐Ÿ’œ S3 EP - 24 ๐Ÿ’œ
๐Ÿ’œ S3 EP - 25 ๐Ÿ’œ
๐Ÿ’œ S3 EP - 26 ๐Ÿ’œ๐Ÿ”ž
๐Ÿ’œ S3 EP - 27 ๐Ÿ’œ
๐Ÿ’œ S3 EP - 28 ๐Ÿ’œ
๐Ÿ’œ S3 EP - 29 ๐Ÿ’œ๐Ÿ”ž
๐Ÿ’œ S3 EP - 30 ๐Ÿ’œ
๐Ÿ’œ S3 EP - 31 ๐Ÿ’œ
๐Ÿ’œ S3 EP - 32 ๐Ÿ’œ
๐Ÿ’œ S3 EP - 33 ๐Ÿ’œ๐Ÿ”ž
๐Ÿ’œ S3 EP - 34 ๐Ÿ’œ
๐Ÿ’œ S3 EP - 35 ๐Ÿ’œ
๐Ÿ’œ S3 EP - 36 ๐Ÿ’œ
๐Ÿ’œ S3 EP - 37 ๐Ÿ’œ
๐Ÿ’œ S3 EP - 38 ๐Ÿ’œ ๐Ÿ”ž
๐Ÿ’œ S3 EP - 39 ๐Ÿ’œ๐ŸŒš
๐Ÿ’œ S3 EP - 40 ๐Ÿ’œ END
๐Ÿ’œ แ€€แ€ปแ€ฑแ€ธแ€‡แ€ฐแ€ธแ€แ€„แ€บแ€œแ€ฝแ€พแ€ฌ ๐Ÿ’œ
๐Ÿ’œ Extra - 1 ๐Ÿ’œ
๐Ÿ’œ Extra - 2 ๐Ÿ’œ๐Ÿ”ž
๐Ÿ’œ Extra - 3 ๐Ÿ’œ
๐Ÿ’œ Extra - 4 ๐Ÿ’œ
๐Ÿ’œ Extra - 5 ๐Ÿ’œ
๐Ÿ’œ Extra - 6 ๐Ÿ’œ
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 7 ๐Ÿ’œ
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 8 ๐Ÿ’œ
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 10 ๐Ÿ’œ
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 11 ๐Ÿ’œ
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 12 ๐Ÿ’œ ๐Ÿ”ž
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 13 ๐Ÿ’œEND
แ€œแ€€แ€บแ€†แ€ฑแ€ฌแ€„แ€บแ€™แ€ฝแ€”แ€บ ๐Ÿฅ๐ŸŒฑ
แ€™แ€พแ€ฐแ€ธแ€กแ€œแ€€แ€บแ€ฌ ( One Day )
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 9 ๐Ÿ’œ
51.5K 4.7K 742
By moewathane
Unicode...
နောက်တစ်နေ့မနက် နှိုင်း အိပ်ရာနိုးလာသည့်တိုင် Demon ကတော့အပျော်တွေလွန်ပြီး တစ်ရေးမှမအိပ်ခဲ့ရပေ။အဲ့အစားသူ့နံဘေးမှာအိပ်ပျော်နေတဲ့ နှိုင်းကို လက်တစ်ဖက်ထောက်ကာကြည့်ပြီးနှဖူးစပ်နားကဆံပင်လေးကိုသပ်တင်ပေးကာ မျက်လုံးထဲမှာချစ်ခြင်းအပြည့်ရှိလို့နေသည်။
ကလေးလေး တဲ့။ Demonဘဝမှာဘယ်တုန်းကမှမတွေးခဲ့ဖူးတဲ့အဖိုးတန်ရတနာလေးတစ်ခုကို သူ့အချစ်ကလေးက လက်ဆောင်ပေးတယ်..အဲ့တာက Demonအတွက်ပြောမပြနိုင်တဲ့ပျော်ရွင်ခြင်းတစ်ခုပဲ။ သို့သော် ဘာကြောင့်မှန်းမသိ Demon စိတ်တွေကစဥ်ကလျှားဖြစ်နေသလိုခံစားနေရတယ်။ Demonငယ်စဥ်ကခံစားခဲ့ရတဲ့မိသားစုစိတ်ဒဏ်ရာတွေနဲ့စွန့်ပြစ်ခံရတဲ့ခံစားချက်တွေ အဲ့အရာတွေကိုမေ့ပျောက်ချင်ပေမယ့် Demonအခုထိအတွေးထဲကထုတ်လို့မရခဲ့ဘူး။
အခုချိန်မှာ Demonကိုယ်တိုင်ကမိဘနေရာရောက်လာခဲ့တဲ့အချိန်မှာ 'မိသားစု'ဆိုတဲ့အသိုက်အမြုံလေးကိုဘယ်လိုတည်ဆောက်ရမလဲမသိဘူး။နောက်ပြီး Demonကိုယ်တိုင်ရောလုပ်နိုင်ပါ့မလား? ဆိုတဲ့မေးခွန်းပေါင်းများစွာက.. တစ်နေ့မှာ Demonရဲ့ကလေးလေးအပေါ်မှာ တစ်ခုခုမှားယွင်းခဲ့ရင် ကိုကိုကခွင့်လွတ်ပါ့မလား?ဆိုပြီးတွေးပူနေမိသည်။ အဲ့အချိန်မှဆိုရင် Demon ဆုံးရှုံးရမှာ ကိုကိုတစ်ယောက်တည်းမဟုတ်တော့ပဲ Demonတို့ရဲ့ကလေးလေးကပါ စွန့်ပြစ်မှာလား? ။
* ကျစ်! တွေးမိယုံနဲ့တင်! *
ကိုယ်ဝန်ရှိတဲ့လူက ကိုကိုဖြစ်ရဲ့နဲ့ ဘာလို့ငါ့ခံစားချက်တွေကစန်းစန်းတင့်နေရတာလဲကွာ။
ဝမ်းနည်းစိတ်နဲ့အတူ Demon တကယ်ကြီးစိတ်ပူနေမိသည်။ သူစိုးရိမ်တာက သူဖခင်ကောင်းတစ်ယောက်အနေနဲ့ နှိုင်း နဲ့ ကလေးလေးအပေါ်တာဝန်ကျေပါ့မလားဆိုတာပဲ..အနာဂတ်မှာသူအမှားတစ်ခုခုလုပ်မိရင် အတိတ်တုန်းကလို မိသားစုရဲ့စွန့်ပြစ်ခြင်းကိုခံရမှာကိုတွေးကြောက်ပြီး သူ့ကိုယ်သူယုံကြည်ချက်မရှိဖြစ်နေတော့သည်။
* ကျွန်တော်ကြောက်နေမိတယ်ကိုကို *
ထိုအချိန်မှာ လှုပ်ယဲ့စွာနှင့် နှိုင်း နိုးလာပြီး သူ့အားစိုက်ကြည့်ကာအပြုံးတွေဝေနေတဲ့ Demon ကိုတွေ့လိုက်ရတာကြောင့် ကိုယ်တိုင်လည်းအပြုံးနုနုတို့ဖြင့်ပေးလေ၏။
" မောနင်း မောင် "
ထိုအခါ Demon က နှိုင်း နှဖူးလေးအားနမ်းကာ။
" မောနင်း ကိုကို "
နှိုင်း ဟာ Demon မျက်လုံးအောက်နားကအနည်းငယ်ညိုနေတဲ့မျက်တွင်းတို့ကြောင့် ဒီကောင်ဆိုးလေးမနေ့ညကအိပ်မပျော်ဘူးမှန်းသိလိုက်သည်။ထို့ကြောင့် Demon မျက်နှာပါးပြင်ကိုလက်တစ်ဖက်နဲ့လှမ်းကိုင်၍မျက်လုံးအောက်နားကိုဖွဖွပွတ်ကာ။
" မနေ့ညကမအိပ်ဘူးမလား "
"အင်း..မောင်အိပ်မပျော်နိုင်လောက်အောင်အရမ်းပျော်နေမိလို့ "
" အရူးလေး "
" ကိုကို.."
" ဟင် "
Demon ဟာ နှိုင်း လက်လေးကိုသူ့ပါးပြင်ပေါ်ကယူကာလက်ခုံလေးအားနမ်းရှိုက်ရင်း သူ့ခန္ဓာကိုယ်ကိုကြီးမှအားမနာ နှိုင်း ရင်ခွင်ထဲတိုးဝင်ရင်း ရင်ဘတ်ပေါ်ခေါင်းတင်ကာ ခါးကိုတင်းတင်ဖက်ထားသည်။
" ကိုကိုပေးတဲ့ဒီလက်ဆောင်လေးနဲ့အခုလက်ရှိမောင်ခံစားနေရတဲ့ပျော်ရွင်မှု့က အိမ်မက်တော့မဟုတ်ဘူးမလားဟင်?"
"မောင်ရယ် "
"ကိုကိုသိတယ်မလား။မောင့်ဘဝမှာမိသားစုဆိုတဲ့နွေးထွေးတဲ့အသိုက်အမြုံလေးကိုကိုယ်တိုင်မခံစားခဲ့ဖူးသလို ဘယ်လိုတည်ဆောက်ရမလဲဆိုတာလဲမောင်မသိဘူး​လေ။တစ်ချို့အကြောင်းအရာတွေကြောင့် မောင်ကြောက်​နေတယ် ကိုကို"
Demon ရဲ့ တိုးညင်းတဲ့လေသံထဲမှာ ဝမ်းသာတဲ့အရိပ်ယောင်တွေရှိနေပေမယ့် ကြောက်ရွံ့မှု့နဲ့ ဝမ်းနည်းမှု့တစ်ချို့ရှိနေတာကို နှိုင်း ခံစားနေရသည်။ ဘာကြောင့်လဲ? မောင်ဘာကိုတွေးပြီး ဝမ်းနည်းကြောက်ရွံ့နေရတာလဲ မောင်ရယ်။
နှိုင်းထပ်တောင်မှစိုးရိမ်စိတ်တွေများနေရတဲ့ လူဆိုးလေးကိုနှစ်သိမ့်တဲ့အနေနဲ့ သူ့ခေါင်းလေးကိုပွေ့ဖက်ကာ ဆံပင်ရှည်တွေကိုအနမ်းပေးလိုက်သည်။
"မောင်ဘာကိုကြောက်နေတာလဲ ကိုယ့်ကိုပြောပြလေ"
"မောင်ကြောက်တာက..မောင့်ရဲ့မလုံလောက်တဲ့အရည်အချင်းကြောင့် ကိုကိုနဲ့ကလေးလေးအပေါ်လုံလောက်အောင်မ​ကောင်းပေးနိုင်မှာကို"
*ပြီးတော့မောင်တစ်ယောက်တည်းထပ်ပြီးကျန်ခဲ့မှာမျိုးကိုကြောက်တယ်။မောင်က ကိုယ်ပိုင်မိသားစုတစ်ခုထောင်ဖို့အတွက်အရည်အချင်းမရှိဘူးလို့ခံစားနေရတယ်ကိုကို*
ထိုစကားတွေကိုရင်ထဲမှာမြိုသိပ်၍ပြောရင်း ဝမ်းမည်းမှု့ကြောင့်ဝေ့တတ်လာတဲ့မျက်ရည်တွေကို နှိုင်းလေးမမြင်စေရန် ရက်ခွင်ထဲပိုတိုးလို့ဝင်ကာ ပွေ့ဖက်ရင်း တိတ်ဆိတ်နေမိသည်။
Demonခံစားနေရတာကိုအတိအကျသိနေတဲ့ နှိုင်း ဟာ လက်ရှိမှာ မိသားစုနဲ့ပက်သတ်ပြီးငယ်စဥ်ကကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာနဲ့ချန်ထား​ခြင်းခံခဲ့ရတဲ့ Demonရဲ့အထီးကျန်မှု့တွေအပြင်၊ ရှိနေဆဲ ဖခင်ဆီကထိုးနှက်ခဲ့တဲ့စကားတွေက Demonရင်ထဲသံမှိုကဲ့သို့စွဲနေတဲ့အချက်တွေကြောင့်မို့ သိမ်ငယ်မှု့..အားငယ်မှု့နဲ့..နောက်တစ်ကြိမ်သူထားရစ်ခံရမှာကြောက်လန့်နေပုံပင်။ထိုအရာတွေကိုခံစားနေရတဲ့ နှိုင်းချစ်ရတဲ့လူဆိုးလေးရဲ့စိတ်ကို ပျော့ညံ့လိုက်တာဟူ၍ နှိုင်းမထင်ရက်သလို နည်းနည်းလေးမှစိတ်အနှောက်ယှက်မဖြစ်ခဲ့ဖူးပေ။ လူတိုင်းရဲ့ငယ်စဥ်ဘဝတွေက သာယာဖြောင့်ဖြူးပြီးအေးချမ်းခဲ့တယ်ရယ်မှမရှိခဲ့တာ။ အဲ့တာကြောင့် ဒီလူဆိုးလေးရဲ့မကောင်းတဲ့အတွေးတွေကို နှိုင်း ဖြေဖျောက်ပေးရမည်။
Demonဖက်ထားရာက နှိုင်း အနည်းငယ်ခွာ၍ထထိုင်လိုက်တော့ Demon လည်း နှိုင်းကိုကြည့်ကာထိုင်လိုက်ပြီး နှိုင်းလက်လေးနှစ်ဖက်ကိုကိုင်ကာခေါင်းငုံ့ထားသည်။
"ဘာများလဲလို့မောင်ရယ်..မောင်စိုးရိမ်နေတာအဲ့လား "
" ကိုကို.."
" ကိုယ့်ကိုကြည့်.."
ထိုသို့ပြောတော့ စကားနားထောင်စွာနဲ့ကြည့်လာတဲ့ နှိုင်းချစ်ရတဲ့လူဆိုးလေးပုံစံက အဝါရောင်ခွေးစုတ်ဖွားကြီးနဲ့တောင်ဆင်နေသည်။ ချစ်ဖို့ကောင်းချက်ပဲ။
"မိသားစုဆိုတဲ့အရာနဲ့ပက်သတ်ပြီးမောင်ခံစားခဲ့ရတာတွေကို ကိုယ်နားလည်တယ်။ကိုယ်သိတယ် ဒါပေမယ့် မောင်..လူတိုင်းကမပြည့်စုံကြပါဘူးကွာ။မောင့်အလှည့်တုန်းက မိဘတွေရဲ့ချစ်ခြင်း အထူးသဖြင့် မောင့်အဖေ ရဲ့ချစ်ခြင်းမခံခဲ့ရပေမယ့် အခုကိုယ်တို့က​လေး​လေးအတွက် အဖေတစ်ယောက်အနေနဲ့ကိုယ်ပိုင်မိသားစုလေးပျိုးထောင်ပြီး ကိုယ်တို့အတူတူစည်းစည်းလုံးလုံးနေကြမယ်လေ"
"မောင်ကြောက်တယ်.......မောင်အမှားလုပ်မိရင် ကိုကိုနဲ့က​လေး​လေးက​မောင့်ကိုစွန့်​ပြစ်ခဲ့မှာကို "
" ..........."
နောက်ဆုံးပြောထွက်လာတဲ့စကားတွေက သတ္တိမရှိသလိုတိုးညှင်းနေပြီး စကားအဆုံးခေါင်းငုံ့သွားတဲ့မောင့်ကြောင့် နှိုင်း ပြောစရာစကားစွန့်အသွားသလို..မျက်ရည်တွေဝဲလျှက် တကယ်ကြီးဝမ်းနည်းနေတဲ့ မောင့်ကြောင့် နှိုင်းရင်တွေနာမိသည်။
" ဘာလို့အဲ့လိုတွေးရတာလဲမောင်ရယ်..ကိုယ့်အချစ်တွေကမောင့်အပေါ်လုံခြုံမှု့မရှိစေခဲ့ဖူးလား။မလုံလောက်ဘူးလားဟင်?"
အဲ့အဖြေကို နှိုင်း တကယ်သိချင်သည်။ နှိုင်းချစ်တဲ့သူ့ကိုထပ်ပြီး အခုလိုတွေမခံစားစေချင်တော့ဘူး။
Demonတစ်ယောက် နှိုင်းရဲ့မေးခွန်းကြောင့်ချက်ချင်းခေါင်းမော့ကြည့်လိုက်တော့ မျက်ရည်တွေစီးကျလျှက် Demonကိုကြည့်ပြီးဝမ်းနည်းနေတာကိုတွေ့လိုက်ရတာကြောင့် တဒင်္ဂအတွင်း သူ့အတွေးများပြီးကြောက်ရွံ့တဲ့စိတ်တွေနဲ့ဝမ်းနည်းနေတဲ့စိတ်တွေအစား စိုးရိမ်မှု့ကြောင့်ပြာယာခတ်သွားရသည်။
"ကို ..ကိုကို..မငိုပါနဲ့။ မောင့်အမှားပါ..တောင်းပန်ပါတယ်​နော်။ကိုကိုပေးတဲ့လက်ဆောင်က မောင့်အတွက်အရမ်းကြီးမားနေတော့ မောင်အရမ်းပျော်သွားပြီးအရင်ကအကြောင်းတွေမလိုအပ်ပဲလျှောက်တွေးမိသွားလို့ပါ။ လုံလောက်တယ်..ကိုကို့အချစ်တွေကမောင့်အတွက်လုံလောက်တာထပ်ကိုပိုပါတယ်အချစ်ရယ်"
ပြာယာခတ်ရင်းစကားတွေလုံးထွေးပြီးရှင်းပြနေတဲ့ မောင်ဆိုတဲ့လူသားလေးဟာလေ ဘယ်အချိန် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သူ့အတွက်နှိုင်းကဦးစားပေးဖြစ်နေတော့တာပဲ။အခု သူ့စိတ်ထဲမှာအရမ်းဝမ်းနည်းနေပေမယ့် နှိုင်း မျက်ရည်တွေနဲ့ယှဥ်ရင်သူ့ရင်ထဲကဝမ်းနည်းမှု့နဲ့တခြားအရာတွေက မြူမှုန်မျှလောက်တောင်အရေးမပါတော့ဘူး။
ထိုင်နေလျှက်နဲ့ နှိုင်း အား မျက်ရည်သုတ်ပေးနေတဲ့ Demonမျက်နှာလေးကအခုချိန်မှာစောနကလိုအတွေးတွေမများတော့ပဲ နှိုင်းမျက်နှာသာကမ္ဘာတည်၏။ တစ်နေ့တစ်ခြားပို၍ချစ်လာရတဲ့ ဒီလူဆိုးလေးကို နှိုင်း ချက်ချင်းပင် လည်ပင်းဆီသို့သိုင်းဖက်လိုက်တော့ လူဆိုးလေးကပြန်ဖက်ထားပေး၏။
" အဲ့လိုတွေထပ်မတွေးပါနဲ့တော့ ကိုယ်နဲ့ပဲပင်ပေါက်လေးက မောင့်ကိုဘယ်တော့မှမစွန့်ပြစ်သွားဘူး။တစ်သက်လုံး ကိုယ်တို့မိသားစုလေးပျော်ပျော်ရွင်ရွင်နေကြမယ်လေနော်။မောင်ဝမ်းနည်းရင် ကိုယ်ရင်တွေနာတယ်..အဲ့တာကြောက့် ကျေးဇူးပြုပြီး... "
"တောင်းပန်ပါတယ်..မောင့်အမှားပါ။ ကိုကိုမကြိုက်ရင် မောင်အဲ့လိုတွေထပ်မတွေးတော့ပါဘူး။တောင်းပန်ပါတယ် ကိုကိုဝမ်းမနည်းနဲ့တော့နော် "
"မောင့်ကိုချစ်တယ် "
"အင်း မောင်လည်းကိုကို့ ကိုအရမ်းချစ်တယ်၊ ပြီးတော့ ဗိုက်ထဲက မောင်တို့နှစ်ယောက်ရဲ့ပဲပင်ပေါက်လေးကိုရောချစ်တယ် "
ထိုအခါ နှိုင်းသဘောကျစွာနဲ့ Demonမျက်နှာကိုကြည့်ကာတစ်ယောက်နဲ့တစ်ယောက်ပြုံးရယ်မိပြီးနောက် ပြန်ဖက်ထားလိုက်သည်။
" အရင်က ကိုကိုကမောင့်ကမ္ဘာကြီး မောင့်ရဲ့ဖြစ်တည်ရာဦးစားပေးပေါ့...အခုတော့ ကိုကိုနဲ့အတူဗိုက်ထဲက ပဲပင်ပေါက်လေးပါထပ်တိုးလာခဲ့ပြီ။ မနေ့က ပြောပြီးခဲ့ပေမယ့်..."
ထိုသို့ပြောပြီး Demonက နှိုင်း ကိုဖက်ထားရာက ခွာကာ မျက်နှာလေးကိုကြည့်ရင်း နှိုင်းပါးပြင်ပေါ်မှာရှိနေဆဲမျက်ရည်လေးတွေကိုပြုံး၍သုတ်ပေးရင်း။
"ထပ်ပြော​ပြချင်တယ်၊ ကျေးဇူးတင်ပါတယ်ကိုကို။ပြီးတော့ အဖေတစ်ယောက်အနေနဲ့လိုအပ်ချက်အများကြီးရှိတဲ့မောင့်ကို ကိုကိုကပဲလမ်းပြသင်ကြားပေးပါဦးနော် "
အဲ့တော့မှ Demonရဲ့စိုးရိမ်စိတ်တွေလျှော့နည်းသွားတာကိုသတိပြုမိတဲ့ နှိုင်းဟာ မျက်နှာမှာအပြုံးတွေနှင့်။
"မောင်လုပ်နိုင်ပါတယ်။ ဘာလို့ဆို ကိုယ်တို့အပေါ်မှာထားတဲ့မောင့်အချစ်က ကြီးမားတယ်လေ..ဒါကို ပဲပင်ပေါက်လေးလဲ ခံစားမိမှာပါမောင်ရယ် "
နှိုင်းရဲ့အဖြေစကားကိုကြားလိုက်ရတဲ့အချိန်မှာ Demon ခံစားချက်တွေကပိုပြီးစိတ်သက်သာရာရသည်။
*ဟုတ်တယ် ငါလုပ်နိုင်တယ်။ ကိုကိုနဲ့ကလေးလေးကို အကောင်းဆုံးအရာတွေပေးပြီး တစ်သက်လုံးပျော်ရွင်အောင်ထားနိုင်ရမယ်။ ဘယ်တော့မှ... ဘယ်သူမှ ငါ့မိသားစုကို မထိရဲစေအောင် ငါကာကွယ်နိုင်တယ်!*
တဖန်ပြန်ရှင်သန်လာတဲ့ စိတ်ကလေးကြောင့် Demon နှစ်လိုဖွယ်ကောင်းစွာ ဟက်ဟက်ပက်ပက်ရယ်လိုက်ချိန်မှသာ နှစ်ဦးသားပိုပြီးပျော်ရွင်မှု့ခံစားလိုက်ရသည်။
' အဲ့လိုပဲ အမြဲတမ်းပျော်ရွင်နေပါမောင်။ အတိတ်မှာခံစားခဲ့ရတဲ့ မောင့်ရဲ့စိတ်ဒဏ်ရာတွေကို ကိုယ်ကတဖြည်းဖြည်းချင်းနဲ့ ပျော်ရွင်မှု့ကိုအစားထိုးပေးသွားမယ်။ ချစ်တယ် မောင် '
♥>>>>>>>>>>>>>>>>>>>♥
" ကိုကိုတကယ်ကြီးအလုပ်သွားမလို့လား"
ဆူပုတ်တဲ့မျက်နှာဘေးနဲ့ ရုံးသွားဖို့ပြင်ဆင်နေတဲ့ နှိုင်း ကို ဂျီကျနေတဲ့ လူဆိုးလေး။
" သွားရမှာပေါ့မောင်ရဲ့ ဒီနေ့ကရုံးပိတ်ရက်မှမဟုတ်တာ "
" ဒါပေမယ့် ကိုကိုကအရင်လိုတစ်ယောက်တည်းမှမဟုတ်တော့တာ..အခုဆိုဗိုက်ထဲမှာမောင်တို့ပဲပင်ပေါက် ရှိနေပြီလေ ဘာလို့အလုပ်လုပ်နေဦးမှာလဲဟင်? "
ဒီနေ့မနက်​လေးတင်မနည်းချော့ထားရတဲ့ လူဆိုးလေးကအခုထက်ပြီးချော့ရမယ့်အခြေအနေပဲ။ လူက ဗိုက်နှစ်ပတ်ပဲရှိသေးတယ် ကိုယ်တော်ချောက သဲသဲလှုပ်ပြီး အရင်ကထက်ပိုပြီးမျက်စိအောက်ကတောင်အပျောက်မခံဖြစ်နေပြီ။
အဝတ်စားလဲတာပြင်ဆင်ပြီးတဲ့နောက် နှိုင်းသည် Demon ထိုင်နေရာသ်ု့လျှောက်သွားပြီး အနည်းငယ်မှုန်ကုတ်နေတဲ့ မျက်နှာလေးကိုသဘောကျ၍ပြုံးကာ သူထိုင်နေရာပေါင်ပေါ်သိုဘေးတစ်စောင်းထိုင်ပြီးလည်ပင်းကိုသိုင်းဖက်ထားလိုက်သည်။
"စိတ်မပူပါနဲ့မောင်ရယ် ကိုယ့်ဗိုက်ကအခုမှ ၂ ပတ်ပဲရှိသေးတာလေ အဆင်ပြေပါတယ်။နောက်ပြီး အခုနေအလုပ်တွေကိုအပြီးမသတ်ထားရင် အနားနီးမှပိုရှုတ်ကုန်လိမ့်မယ်လေ"
" ဒါပေမယ့် မောင်စိတ်ပူတယ်"
Demonက နှိုင်း ဗိုက်လေးပေါ်လက်တင်ပြီး။
"အလုပ်တွေကြောင့် ကိုကိုနဲ့ပဲပင်ပေါက်လေးဖိအားတွေများပြီး ပင်ပန်းမှာမောင်မလိုချင်ဘူးလေ"
" ကိုယ်ဂတိပေးတယ် ရုံးပဲထိုင်မှာပါ ၊တခြားချိန်းဆိုမှု့တွေနဲ့ အပြင်ဘက်အလုပ်ကိစ္စတွေကိုလုံးဝမလုပ်ဘူး ဟုတ်ပြီလား။ နော် နော်..ခွင့်ပြုပေးပါကွာ.."
ချစ်စရာကောင်းလောက်အောင်ပင် Demon လည်ပင်းကြားထဲခေါင်းတိုးဝင်ကာကြောင်ပေါက်လေးလိုချွဲနေတဲ့ နှိုင်းကြောင့် ရယ်ချင်မိတာကိုအောင့်သက်ထားရသည်။ ဒါကိုရိပ်မိတဲ့ နှိုင်း သည် ပို၍ပင် Demon လည်ပင်းကိုသွားလေးနဲ့ဖွဖွကိုက်ကာ အသည်းယားဖွယ်လုပ်နေပြန်သည်။
"နော် နော် လို့.... မောင်ရေ "
မနေနိုင်တဲ့အဆုံး Demon ရယ်ကာ အလိုလိုက်ဟန်အပြည့်မျက်ဝန်းတို့နဲ့ ပြုံးကာပင် နှိုင်း ကိုကြည့်တော့..လူကြီးလေးလို့မထင်ရလောက်အောင် စိတ်ပျော်မြူးစွာနှင့် မျက်လုံးလေးတဖျတ်ဖျတ်ခပ်ပြီး လုပ်ပြနေပြန်သည်။
"ကောင်းပြီ..ကောင်းပြီ "
"မောင်ကချစ်ဖို့ကောင်းတယ် "
Demonလို လူကြမ်းကြီးကိုချစ်ဖို့ကောင်းတယ်လို့မြင်တာ ဒီကလေးလူကြီးတစ်ယောက်ပဲရှိမယ်ထင်တယ်။ သို့သော် အခုအခြေအနေမှာ ဘယ်သူက ချစ်ဖို့ကောင်းလဲဆိုတာတော့ ဒီကလေးလူကြီးလေးမသိပေ။
" ဒါပေမယ့်တစ်ခုတော့ရှိတယ်။ကိုကိုဂတိကိုသတိရပါ..ရုံးမှာပဲနေရမယ် အပြင်ဘက်ကကိစ္စတွေနဲ့ပက်သတ်ပြီးလုပ်ခွင့်မပြုဘူးနော်၊ မဟုတ်ရင် မောင့်အလုပ်တွေပြစ်ပြီး ကိုကို့ရုံးမှာ လာထိုင်နေမှာ "
" အာ ကိုယ်သိပါပြီဗျာ..အဲ့လောက်ဆို အဆင်ပြေပြီမလားဗျ "
" မပြေသေးဘူး "
"ဘာလို့? "
" ကိုကိုဒီမနက်အိပ်ရာနိုးတည်းက မောင့်ကိုအနမ်းမပေးရသေးဘူး"
ကလေးဆန်ဆန်နဲ့ ပြုံးတုံ့တုံ့လုပ်ကာ အနမ်းတောင်းနေတဲ့ Demonကြောင့် နှိုင်းရင်ထဲအချစ်တွေပိုလို့တိုးကာ မျက်နှာတပြင်လုံးကိုအနမ်းတွေစိတ်ကြိုက်ခြွေပြီးနောက် နှုတ်ခမ်းလေးဆီအရောက်မှာ တစ်ချက် မွ ယုံလောက်နဲ့မလုံလောက်တဲ့ လူဆိုးလေးက နှိုင်း ကိုပြန်ဆွဲယူကာ သူစိတ်ကျေနပ်တဲ့အထိ အနမ်းတွေပေးလေသည်။ ဒီအခြေအနေမှာ နှိုင်းလူဆိုးလေးစိတ်တိုင်းကျမှဖြစ်မှာမို့ အနမ်းတွေကိုနှစ်သက်တဲ့ နှိုင်းကိုယ်တိုင်က ရုန်းထွက်ဖို့အစီစဥ်မရှိပေ။ တစ်ချက်ခုတ် နှစ်ချက်​ပြတ်ပေါ့ ။
ထိုနောက် Demon သည် နှိုင်း ကို သူ့ Company ရှေ့ထိလိုက်ပို့ပြီး မှာတမ်းခြွေလို့ပြီးမှ သူ့ရဲ့ပဲပင်ပေါက်လေးအားကြွားဖို့အတွက် Eric တို့ဆီထွက်လာခဲ့တော့သည်။ဘယ်လောက်တောင်ကြွားဖို့စိတ်အားထက်သန်နေလဲဆိုလျှင် မနေ့ညက နှိုင်း ပေးတဲ့လက်ဆောင်ဗူးလေးကိုပါ အဆစ်ယူလာလိုက်သေးသည်။ ဒါလေးက မပါမဖြစ်ပေါ့ကွာ ။
♥ ___________________________♥
Demon သည် Eric တို့ရှိရာအိမ်ဆီရောက်တော့ သူ့ဆိုင်ကယ်ကိုထိုးရပ်ကာ ယူလာတဲ့ လက်ဆောင်ဗူးလေးကိုတယုတယနဲ့ကိုင်၍ ပြုံးပျော်ရွင်စွာ ဝင်လာခဲ့သည်။ Demon လာတဲ့အချိန်က Eric နဲ့ Logan တို့အတွက်တော့ အရမ်းစောသေးတဲ့အချိန်မို့ အိပ်ကောင်းနေဆဲပင် ။ သို့သော် တစ်ယောက်ချင်းစီနှိုးဖို့အစီစဥ်မရှိတဲ့ Demon ဟာ အရေးပေါ်အချက်ပေးမီးခလုပ်ကိုအားနဲ့ ထု ချလိုက်တာမို့ သုံးယောက်သား ပြာယာခတ်စွာလန့်နိုးလာကြသည်။
" ဘာ ဘာဖြစ်တာလဲ!.. ဟေ့ကောင် Logan မီးလောင်နေပြီထင်တယ်!"
အိပ်ချင်မူးတူးနဲ့ Eric ရဲ့စကားကြောင့်တဖက်အခန်းထဲကထွက်လာတဲ့ Logan မှာမူ အောက်ပိုင်းဝတ်ဘောင်းဘီတိုတစ်ထည်နှင့်အကျီ​တောင်မဝတ်ထား.. အိပ်မှုန်စုံဖွားနဲ့အလန့်တကြားဖြစ်လို့နေသည်။ ထိုအခါ တစ်ဖက်အခန်းကထွက်လာတဲ့ Calvin က ရှူးရှူးရှဲရှဲနှင့် ဒေါပွကာ..။
" Fuck မီးလောင်တာလား! ဒီအိမ်မှာ ဘာများချက်စားဖူးလို့မီးလောင်တာလဲ!ချီးပဲ Demon ရေ..!!! "
အရေးအကြောင်းအခြေအနေတွေမှာ ချက်ချင်းဦးနှောက်အလုပ်လုပ်နိုင်တဲ့ Calvin ဟာ ဒီအချက်ပေးမီးလက်ချက်ဟာဘယ်သူ့ကြောင့်လဲဆိုတာ ချက်ချင်းသိပြီးနောက် လူစုနေကြ ဧည့်လန်းဘက်ကိုလှမ်းအော်ဆဲလိုက်သည်။
ထိုအခါမှ ကျန်နှစ်ယောက်လဲ စိတ်ပေါက်ပေါက်နဲ့Demonအား ကျိန်ဆဲကာ ဧည့်ခန်းဘက်ဆီထွက်လာတော့ Demon ကိုယ်တော်ချောက လက်ဆောင်ဗူးတစ်ခုကိုဖွင့်ပြီး ကမ္ဘာပေါ်မှာအဖိုးတန်ရတနာတစ်ခုကိုကိုင်နေသလိုမျိုး တယုတယနဲ့ အထဲက ပစ္စည်းသေးသေးလေးနှစ်ခုကိုကိုင်ကာ မျက်နှာနားကပ်ထားပုံကြောင့် Calvin မှာ ဆဲမယ်လို့အားခဲတာတွေတောင်ပျောက်ရှရသည်။
ဒါသူတို့ရဲ့ Demon ကြီးမှ ဟုတ်ရဲ့လား?။ Demon ဆိုတဲ့ကောင်က သူငယ်ချင်းတွေရှေ့မှာဆိုရင်တောင် သူစိတ်ပါတဲ့အချိန်မှ ပြုံးတာ အခုလို တစ်ယောက်တည်းလဲ အပြုံးတွေပေါသီနေတယ်ဆိုရင် တစ်ခုခုတော့ တစ်ခုခုပဲ ။ ထိုသို့အတွေးတူတဲ့ Calvin နဲ့ Logan Eric တို့ဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဘုတ်သုတ်နေတဲ့အိပ်ချင်မူးပုံစံတွေနဲ့ Demon အနားရောက်လာကြသည်။
" ဝါးးး ငါတို့ Demon ကြီး ကြည့်ရတာပျော်နေသလိုပဲ "
Calvin ပြောတော့ Demon က သူတို့သုံးယောက်ကိုမော့ကြည့်လာ​ပြီးရယ်သည်။
" အဟွန်း .."
စိတ်လိုလက်ရရယ်ပြီး ဘာမှမပြောပြသေးတဲ့ Demonကြောင့် Logan သည် ဗူးထဲမှာ ရှိတဲ့ အချောင်းလေးကိုစိတ်ဝင်တစ်စားနဲ့အာရုံစိုက်မိသွားသည်။ Logan စိတ်ထဲမှာ အဲ့ဒီ့အချောင်းလေးကို ပစ္စည်းအသစ်ထင်တာကြောင့် လှမ်းယူဖို့လက်ရွယ်လိုက်ချိန်မှာ Demon က ချက်ချင်းပဲ Logan လက်ကိုပုတ်ချပြစ်လိုက်ပြီး ဗူးကို သူ့နံဘေးကိုဆွဲယူလိုက်သည်။
" အဲ့ဒါကို မထိနဲ့ ! "
ကျန်လူများ " ........??? "
" ဟေ့ကောင် မင်းပစ္စည်းအသစ်ကိုငါတို့မသုံးပါဘူးကွာ..အဖြစ်သည်းနေလိုက်တာ "
" အေးလေ ဟုတ်သားပဲ.. ဒါနဲ့ မင်းပစ္စည်းသစ်က ထူးဆန်းလှချည်းလား..ငါတို့ဆီတောင်မဝင်သေးဘူး..မင်းဆီဘယ်လိုရောက်လာတာလဲ တိုက်ရိုက်ပို့ခိုင်းလိုက်တာလား "
Logan အမေးကိုကျန်သူများကလဲ စိတ်ဝင်တစားနားထောင်နေသည်။
" အဲ့ဒါ ပစ္စည်းအသစ်မဟုတ်ဘူး..ငါ့ရတနာလေးတွေ "
" ဟမ် ??? "
Demon က ထိုသို့ပြန်ဖြေပြီး သူ့လက်ထဲက ဖိနပ်အသေးလေးကို စားပွဲမှာချပြီး ဗူးထဲက ထိုဆီးစစ်တံလေးကိုပြန်ယူကြည့်ပြီး ပြုံးနေတာကြောင့် Calvin မှာ ဘာပြောရမှန်းတောင်မသိပေ။ Demon မှာ Calvin တို့မသိတဲ့ ရတနာရှိလို့လား??? အဲ့အချိန်မှာ အိပ်ချင်မူးတူးလေးဖြစ်နေဆဲ Eric က ခုနက Demon မျက်နှာနဲ့ကပ်ထားတဲ့ အသေးလေးနှစ်ခုကို တစ်ဖက်ဆီကိုင်ပြီး သူ့မျက်နှာနဲ့ပွတ်ကြည့်ကာ..
" Demon ဒါလေးက ဘာလေးလဲ.."
Calvin " ငါ့စိတ်ထင် စကီတွေလက်ညှိုးလေးနှစ်ချောင်းနဲ့ပါးသုတ်​တဲ့ဗူးနဲ့တူတယ်နော် "
Eric " ဟုတ်လောက်တယ်..ဒီလိုလုပ်ရတာများလား "
နှစ်ယောက်သာ ပြောချင်တာပြောပြီး တစ်ယောက်တစ်ဖက်မျက်နှာကိုယူပွတ်နေတဲ့ Eric နဲ့ Calvin ကို Demon အမြင်ကတ်ကတ်နဲ့ ခေါင်းကိုတစ်ယောက်တစ်ချက်ဖြတ်ရိုက်ပြီးကျွေးကာ သူ့အဖိုးတန်လေးတွေကိုပြန်ယူလိုက်သည်။
" ဟ ဘာလို့ရိုက်တာလဲကွ နဂိုတည်းက ငါ့ဦးနှောက်က မင်းအမှိုက်တွေလိုက်ရှင်းနေရလို့ကြောင်ချင်နေတာနော် "
" Calvin မင်းကောင်ကြည့်ပြောဦး ရောက်တည်းကပုံမှန်မဟုတ်ဘူး.. အရူးလိုပြုံးပြီး မေးတော့လဲ မဖြေဘူး "
ထိုအခါ Demon သည် သူ့ပဲပင်ပေါက်လေးရဲ့ဖိနပ် နဲ့ ဆီးစစ်တံလေးကို ဗူးလေးထဲမှာ နေရာတကျပြန်ထားပြီး အဲ့ဗူးကို Calvin တို့ သုံးယောက်ရှေ့မှာ ချပေး၍ ။
" ငါမင်းတို့ကိုပြောစရာရှိတယ်.."
ခုနက ပြုံးနေတဲ့မျက်နှာနဲ့မတူပဲ အတည်ပေါက်ကြီးပြောလာတဲ့ Demon စကားကြောင့် Logan နဲ့ ကျန်နှစ်ယောက်လဲ ကပျက်ကချော်မလုပ်ရဲတော့ပဲ ငြိမ်ပြီးနားထောင်နေလိုက်သည်။
" မင်းတို့သုံးယောက်လုံး...."
စကားစကိုဖြတ်ချပြီး Demon က Calvin တို့သုံးယောပ်လုံးကိုကြည့်လိုက်ချိန်မှာ အားလုံးက လေးနက်ပြီးဘာမဆိုလက်ခံတဲ့အနေအထားတွေနဲ့အသင့်ရှိနေတဲ့ပုံစံကြောင့် Demon ရင်ထဲအတိုင်းမသိဖြစ်ရသည့။ သူ့သူငယ်ချင်းတွေက ဘယ်အချိန်မျိုးမဆို သူ့အနားမှာရှိနေတယ်ဆိုတဲ့ အတွေး ။ မိသားစုဆိုတဲ့ထောက်ပံ့မှု့မရှိခဲ့ရင်တောင် ဒီသုံးယောက်ကတော့ Demon အတွက်ဆိုရင် အသက်စွန့်နိုင်လောက်တဲ့ မိသားစုပါ ။
တဖက်မှာ Demon စကားကိုဆက်စောင့်နေတဲ့ Calvin.. logan.. Eric တို့ဟာလဲ ' မင်းတို့သုံးယောက် ' ဆိုတဲ့စကားနောက်မှာ အမိန့်ပေးလာတာရှိသော်..တောင်းဆိုလာတာရှိသော် အသက်စွန့်ရမယ်ဆိုရင်တောင် အသင့်ပဲမို့ စောင့်နေသည်။
" မင်းတို့သုံးယောက်လုံး နောက်လအနည်းငယ်မှာ...ဦးလေးတွေဖြစ်ကြတော့မယ် "
ကျန်လူများ " ........... "
အားလုံးရဲ့ခေါင်းပေါ်မှာ ??? ပေါ်နေသလိုမျက်လုံးပြူးပြီး အံအားသင့်စွာနဲ့ပါးစပ်ဟောင်းလောင်းဖြစ်လျှက် ။
ထိုအခါမှ Calvin က သက်ပြင်းချလျှက် Demon ဘက်ကို ဂျိုကြည့်ကြည့်ကာ..။
" ဒီကောင်ငစား ပဲ "
ပြောပြီး နံဘေးက ခေါင်းဦးကိုပိုက်ပြီး ဆိုဖာလက်ရမ်းပေါ်ပြန်မှိန်းနေတော့သည်။ ကျန်တဲ့နှစ်ယောက်ကလဲ သူတို့ကိုတမင်အိပ်ရေးပျက်အောင်လုပ်တဲ့ Demon ကို နံဘေးမှာရှိတာနဲ့သာကောက်ပေါက်ချင်စိတ်ဖြစ်နေတော့သည်။
" Demon ငါတို့ဒီမနက်အိပ်တာ နှစ်နာရီတောင်မပြည့်သေးဘူး.. မင်းအားနေရင့လဲ မင်းယောက်ကျားဆီလိုက်သွားပြီးချွဲနေစမ်းပါကွာ..ငါတို့ကို လာမစားစမ်းပါနဲ့ "
" ဟုတ်တယ်.. ငါတို့ ဝါးးး..အခုထိ အိပ်ချင်နေတုန်းပဲ၊ ဦးလေး? ချီး လာပြောင်နေတယ်.. "
Demon ဟာ သူ့သူငယ်ချင်းသူယောက်ရဲ့တုန့်ပြန်မှု့ကိုသဘောကျနေတော့သည် ။ ဘဝတူတွေဖြစ်တဲ့ သူ့သူငယ်ချင်းတွေက ဒီပစ္စည်းနှစ်ခုကိုမသိဘူး ။ မဟုတ်ဘူး မသိတာထက် ကလေးတွေနဲ့နီးစပ်မှု့မရှိတဲ့သူတို့အတွက်အမှတ်တမဲ့​မေ့နေခဲ့တာမို့ Demon နားလည်သည်။ ပြီးတော့ ဂုဏ်သရေရှိလုပ်ငန်းရှင်ကြီးဖြစ်တဲ့ ကိုကိုကသူရွေးချယ်ခဲ့တဲ့ ဒီရတနာလေးမျိုးကို ဘယ်လိုယောက်ကျားလေးမျိုးကရွေးချယ်မှာလဲလေ ။
အဲ့ဒါကြောင့် သူ့သူငယ်ချင်းတွေမယုံတာ အံသြစရာမရှိပါဘူး ။
" ငါမင်းတို့ကိုအတည်ပြောနေတာ "
Demon ထပ်ပြောလိုက်တော့ Calvin တို့ပြန်တည်တန့်သွားရပြန်သည်။ ဘာလို့ဆို Demon ပုံစံကနောက်နေတဲ့ပုံမှမပေါ်ပဲ ။
" ကောင်းပြီ..မင်း ပြော.. ငါတို့သုံးယောက်က ဦးလေးဖြစ်တော့မယ်ဆိုတော့ ကလေးကဘယ်သူမွေးမှာလဲ၊ Eric ကြီး မိန်းမယူပြီးမွေးရင်တောင် ကလေးက နောက်လအနည်းငယ်ဆိုထွက်မလာလောက်ဘူး.."
ထိုသို့ဥပမာထားပြောတော့ နံဘေးက Eric က Calvin ကို လက်ခလယ်ထောင်ပြသည်။ တစ်ခုခုကိုတွေးမိသွားတဲ့ Logan က ရုတ်တရက် ။
" ငါသိပြီ ! "
" ဘာလဲ ....
အားလုံးက စိတ်ဝင်တစားနဲ့ ကြည့်နေတုန်းမှာ Logan က မျက်မှောင်ကျုံ့ပြီး Demon ကိုကြည့်ပြီး ။
" Demon မင်းကွာ အဲ့လိုတော့မလုပ်သင့်ပါဘူး"
" ......ဟမ်? "
" မင်း .. မင်း အကို Lucas အပေါ်ဖောက်ပြန်ထားတာမလား..ဟုတ်တယ်မလား "
Logan ပြောလိုက်တော့မှ အားလုံးရဲ့ စူးရဲတဲ့အကြည့်တွေက Demon အပေါ်သက်ရောက်လို့လာသည်။ Demon မှာ ငတုံးသူငယ်ချင်းသုံးယောက်ရဲ့အကြည့်တွေကြောင့် ရယ်ရခက် ငိုရခက်နဲ့ဖြစ်ရသည် ။
"မင်းတို့ မဟုတ်တာတော့ချည်း လျှောက်တွေးမနေကြနဲ့ "
" အဲ့ဒါဆိုမင်းပြောလေ "
" အဟမ်း.. ဟမ်း ! "
ပြောခါနီး ဂုဏ်ဆာနေပြန်တဲ့ Demon ကို သိချင်စိတ်ပြင်းပြနေတဲ့ Calvin တို့သုံးယောက်က ကြည့်မရတော့ပေ ။
" ကိုကို့ မှာ ကိုယ်ဝန် ၂ လ ရှိနေပြီ ..အဲ့ဒါကြောင့် မင်းတို့အားလုံး ဦးလေး ဖြစ်တော့မယ် "
Demon စကားကြောင့် Calvin နောက်တစ်ကြိမ်သူ့နားကိုသူမယုံနိုင်လောက်အောင်အံသြသွားရပြီး...Eric ကတော့ ထိုင်နေရာကနေ ကျောက်ရုပ်ကြီးအတိုင်းဖြစ်နေသည်။ Logan ကတော့ သူ့ရှေ့မှာချထားတဲ့ ဗူးထဲကသေးသေးလေးတွေကိုကြည့်ပြီး တဖြည်းဖြည်းနဲ့ သုံးယောက်သား ဘာစကားမှမပြောပဲတိတ်ဆိတ်ကာ တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး ။
" ဟားး တကယ်ကြီးလား!!! ..Demon.. မင်း မင်းငါတို့ကိုနောက်နေတာတော့မဟုတ်ပါဘူးနော် "
" ဟုတ်တယ် Demon ဒါမျိုးကနောက်စရာမဟုတ်ဘူးနော်..အကို.. အကို Lucas မှာ တကယ်ကြီး Demonအသေးစားလေးရှိနေတာလားဟမ်"
" Demon မင်းပြောတာငါတို့နားတောင်မယုံနိုင်သေးဘူး ၊ ငါ ငါတို့ဦးလေးဖြစ်တော့မယ်ဟုတ်လား? ပြောစမ်းပါကွာ သေချာရှင်းပြစမ်းပါ"
အပြိုင်အဆိုင်နဲ့ Demon အနားသို့ သုံးယောက်သားရောက်လာပြီး အံသြဝမ်းသာတဲ့ပျော်ရွင်မှု့တွေနဲ့ မေးခွန်းပေါင်းများစွာမေးလာတော့သည်။
" ငါမလိမ်ဘူး..ကိုကို့မှာကလေးလေးရှိနေပြီ။ ငါတောင်မနေ့ညကမှသိတာ။ ငါ့ကိုယုံ အတည်ပြောတာ...ပြီးတော့ "
ထိုသို့ပြောကာ.. Demon က သူတို့ရှေ့မှာရှိနေတဲ့ လက်ဆောင်ဗူးလေးထဲကဖိနပ်အသေးလေးကိုယုယစွာကိုင်ပြီး။
" ဒါလေးက ငါ့ရင်သွေးလေးရဲ့ဖိနပ်လေးလေ ဘယ်လိုလဲ? ချစ်ဖို့ကောင်းတယ်မလား "
ထိုသို့ပြောလိုက်တဲ့အချိန်မှာ Calvin တို့အားလုံး Demon လက်ထဲက ဖိနပ်လေးဆီကြည့်ကာ..မျက်ရည်တွေဝဲလျှက် မျက်နှာမှာကြည်နူးတဲ့အပြုံးတွေအပြည့်ပင် ။ Demon သည် သူ့သူငယ်ချင်းသုံးယောက်ရဲ့ အပျော်လွန်ပြီးမျက်ရည်ဝဲနေတဲ့ ပုံစံတွေကိုကြည့်ပြီး ။
" Calvin..Logan..Eric မင်းတို့သုံးယောက်လုံးက ငါ့မိသားစု..ငါ့ညီအကိုတွေမို့လို့ ငါ့ရဲ့ပထမဦးဆုံးရင်သွေးလေးကိုမင်းတို့ကို အရင်ဆုံးသိစေချင်တယ်။ နောက်ဆုံးတော့ ငါချစ်တဲ့ကိုကို့ကြောင့်... ငါ...ငါ့မှာ ငါ့သွေးသားနဲ့တည်ဆောက်ရမယ့်မိသားစုဆိုတဲ့အသိုက်အမြုံလေးရှိလာခဲ့ပြီ ။ မင်းတို့ရဲ့ တူလေး ဒါမှမဟုတ် တူမလေးပေါ့ကွာ "
ထိုသို့ပြောတဲ့အချိန်မှာ Demon ကိုယ်တိုင်လဲ ဝမ်းသာမျက်ရည်တွေကျဆင်းနေသည်။
Calvin တို့သုံးယောက်လုံးသည်လည်း သူတို့သူငယ်ချင်းကြီး Demon အတွက် ရင်ထဲမှာပြောမပြတတ်လောက်အောင်ပျော်ရွင်မှု့ကြောင့် သူတို့ဘဝမှာ ဘယ်လ်ုများတဲ့ဒုက္ခတွေခံစားခဲ့ရတုန်းကတောင် မကျခဲ့ဖူးတဲ့မျက်ရည်တွေက ဒီအချိန်မှာ အပျော်ရွင်ဆုံး အထိန်းအမှတ်နဲ့ အားလုံးဝမ်းသာစွာငိုကြတော့သည်။ သို့သော် မျက်နှာမှာတော့ အပြုံးတို့ရွင်တွဲလျှက် ။
" Demon ရာ...."
ပြုံးကာ မျက်ရည်တွေအတူတူကျဆင်းရင်းနဲ့ ညီအကိုလေးယောက်သား တစ်ယောက်နဲ့တစ်ယောက်ပွေ့ဖက်ကာ ခဏမျှအတူမျှဝေခံစားသည်။ ဒီအချိန်မှာ Demon အတွက် Calvin တို့ရင်ထဲမှာ ဘယ်လောက်ထိ ပျော်ရွင်နေလဲဆိုတာ ဘုရားသာသိမည်။ လေးယောက်လုံးထဲမှာမှ ဘဝရဲ့ဒုက္ခတွေကိုခံစားရဆုံး Demon ၊ နောက်ဆုံးတော့ မိသားစုဆိုတဲ့အသိုက်အမြုံလေးရှိခဲ့ပြီလေ ။ သူတို့အရမ်းပျော်သည်။
အချိန်ခဏမျှတစ်ယောက်နဲ့တစ်ယောက်ပွေ့ဖက်ကာနှစ်သိမ့်ပြီးတာနဲ့ အရင်ဆုံး Eric သည် ပဲပင်ပေါက်လေးရဲ့ဖိနပ်ကိုယူပြီး Demon အတိုင်းပင် ယုယမြတ်နိုးမှု့နဲ့တန်ဖိုးထားမှု့အပြည့် ဖိနပ်ထိပ်လေးကိုနမ်းပြီး ပါးမှာအပ်ထားလိုက်သည်။
" ဦးဦး က ကလေးလေးကိုကာကွယ်ပေးသွားမယ်နော် " တဲ့
Eric အဲ့လိုပြောတော့ Calvin နဲ့ Logan ကလဲ Eric ပုခုံးကိုဖက်ကာ သုံးယောက်သားပြုံး၍ ဖိနပ်လေးကိုကိုင်ပြီး...။
" ဦးဦး တို့အားလုံးက ဘာထိခိုက်မှု့မှမရှိအောင် ကာကွယ်ပေးသွားမှာမို့ ကလေးလေးက ကောင်းကောင်းမွေးဖွားလာရမယ်နော် " တဲ့
Demon သည် သူ့သူငယ်ချင်းတွေရဲ့ ထိုစကားလေးကြောင့် သူ့ရင်ထဲမှာ အတိုင်းမသိ တုန်လှုပ်မှု့ခံစားလိုက်ရသည်။ ဒီအခြေအနေလေးကို ကိုကို သာ မြင်ရင်အရမ်းပျော်ရွင်နေတော့မှာအမှန်ပဲ ။
* ကိုကိုမွေးဖွားပေးမယ့် ပဲပင်ပေါက်လေးကို မောင် တို့အားလုံးထိခိုက်မှု့မရှိ ကာကွယ်ပေးမှာမို့ ကိုကိုသာ အကောင်းဆုံးဖြစ်အောင်နေရမယ်နော်*
ဒီစကားလေးကိုသက်ဆိုင်သူသိအောင်တော့ ထုတ်ပြောဦးမှပါလေ ။
____________________________________
ဒီအပိုင်းလေးကိုဖတ်ရတာ Calvin တို့ရဲ့မေတ္တာတရားကိုတွေ့လိုက်ရလို့ ရင်ထဲမှာကိုယ်တိုင်ကြည်နူးမိတဲ့အထိပဲ၊🤧
ပဲပင်ပေါက်လေးရေ ရှင်လေးမွေးလာရင်တော့ တကယ်ကိုအချစ်ခံလေးဖြစ်မှာနော်..မားမားအရမ်းမားကျနေပြီကွယ်💛
နောက်အပိုင်းကို ရေးပြီးတဲ့အချိန်အပ်တဲ့အခါကြာရင်ကြာမှာမို့ ကိုယ်ကမ္ဘာလေးတွေကနားလည်ပေးပါနော် 🙇‍♀️💛
# Vote & Cm Please ☘
# Moewathan 📚
____________________________________
( Zawgyi )
* ကျစ်! တွေးမိယုံနဲ့တင်! *
" မောနင်း မောင် "
" မောနင်း ကိုကို "
" မနေ့ညကမအိပ်ဘူးမလား "
" အရူးလေး "
" ကိုကို.."
" ဟင် "
"မောင်ရယ် "
" ကိုကို.."
" ကိုယ့်ကိုကြည့်.."
" ..........."
"မောင့်ကိုချစ်တယ် "
♥>>>>>>>>>>>>>>>>>>>♥
"နော် နော် လို့.... မောင်ရေ "
"ကောင်းပြီ..ကောင်းပြီ "
" မပြေသေးဘူး "
"ဘာလို့? "
♥ ___________________________♥
" အဟွန်း .."
" အဲ့ဒါကို မထိနဲ့ ! "
ကျန်လူများ " ........??? "
" ဟမ် ??? "
" Demon ဒါလေးက ဘာလေးလဲ.."
ကျန်လူများ " ........... "
" ဒီကောင်ငစား ပဲ "
" ငါသိပြီ ! "
" ဘာလဲ ....
" ......ဟမ်? "
" အဲ့ဒါဆိုမင်းပြောလေ "
" အဟမ်း.. ဟမ်း ! "
" Demon ရာ...."
____________________________________
# Vote & Cm Please ☘
# Moewathan 📚
____________________________________
Continue Reading
You'll Also Like
5.3K 478 8
แ€€แ€ญแ€ฏแ€šแ€บแ€ทแ€›แ€ฒแ€ท One shot แ€œแ€ฑแ€ธแ€แ€ฝแ€ฑแ€€แ€ญแ€ฏ แ€’แ€ฎแ€™แ€พแ€ฌ แ€…แ€ฏแ€…แ€Šแ€บแ€ธแ€•แ€ผแ€ฎแ€ธ แ€แ€„แ€บแ€•แ€ฑแ€ธแ€žแ€ฝแ€ฌแ€ธแ€™แ€พแ€ฌแ€•แ€ซแ‹
1.9M 153K 88
แ€…แ€แ€บแ€แ€ฝแ€”แ€บแ€žแ€ฌแ€™แ€พแ€ญแ€ฏแ€„แ€บแ€ธ๐Ÿ–ค แ€…แ€ญแ€ฏแ€„แ€บแ€ธแ€แ€ฝแ€”แ€บแ€ธแ€žแ€”แ€บแ€ทแ€”แ€ฑแ€ฌแ€„แ€บ Start Date[19.5.2023] End Date [16.11.2023] 1 to 80 (Completed)
308K 24.8K 29
Mini Story Uni Life Style Sweet Romance
454K 35.7K 50
แ€‡แ€ญแ€ฏแ€„แ€บแ€ธแ€™แ€ผแ€แ€บแ€™แ€Ÿแ€ฌแ€™แ€ฑแ€ฌแ€„แ€บโค๏ธแ€‘แ€ญแ€”แ€บแ€šแ€ถแ€œแ€„แ€บแ€ธ - แ€‡แ€ญแ€ฏแ€„แ€บแ€ธแ€™แ€ผแ€แ€บแ€™แ€Ÿแ€ฌแ€™แ€ฑแ€ฌแ€„แ€บ...แ€™แ€„แ€บแ€ธแ€”แ€ฌแ€™แ€Šแ€บแ€€แ€œแ€Šแ€บแ€ธ แ€›แ€พแ€Šแ€บแ€œแ€ปแ€ฌแ€ธแ€‘แ€ฝแ€ฑแ€•แ€ผแ€ฌแ€ธแ€œแ€ญแ€ฏแ€€แ€บแ€แ€ฌแ‹ - แ€กแ€„แ€บแ€ธ แ€›แ€พแ€Šแ€บแ€แ€šแ€บแ€‘แ€„แ€บแ€›แ€„แ€บ แ€™แ€ฑแ€ฌแ€„แ€บแ€œแ€ญแ€ฏแ€ทแ€แ€…แ€บแ€œแ€ฏแ€ถแ€ธแ€‘แ€ฒแ€แ€ฑแ€ซแ€บแ‹แ€แ€…แ€บแ€แ€ผแ€ฌแ€ธแ€˜แ€šแ€บแ€žแ€ฐ...