တိမ်ယံလွှမ်းတဲ့တောင် / တိမ္ယံ...

By hinnthawethadar

46K 5.7K 39

Normal သိုင်းစာစဥ်လေးပါ Normal သိုင္းစာစဥ္ေလးပါ More

🦋Read🦋
🦋1🦋
🦋2🦋
🦋3🦋
🦋4🦋
🦋5🦋
🦋6🦋
🦋7🦋
🦋8🦋
🦋9🦋
🦋10🦋
🦋11🦋
🦋12🦋
🦋13🦋
🦋14🦋
🦋15🦋
🦋16🦋
🦋17🦋
🦋18🦋
🦋19🦋
🦋20🦋
🦋21🦋
🦋22🦋
🦋23🦋
🦋24🦋
🦋25🦋
🦋26🦋
🦋27🦋
🦋28🦋
🦋29🦋
🦋30🦋
🦋31🦋
🦋32🦋
🦋33🦋
🦋34🦋
🦋35🦋
🦋36🦋
🦋37🦋
🦋38🦋
🦋39🦋
🦋40🦋
🦋41🦋
🦋42🦋
🦋43🦋
🦋44🦋
🦋45🦋
🦋46🦋
🦋47🦋
🦋48🦋
🦋49🦋
🦋50🦋
🦋51🦋
🦋52🦋
🦋To read 🦋
🦋53🦋
🦋54🦋
🦋55🦋
🦋56🦋
🦋57🦋
🦋59🦋
🦋60🦋
🦋61🦋
🦋62🦋
🦋63🦋
🦋64🦋
🦋65🦋Final
🦋Continue🦋

🦋58🦋

483 65 0
By hinnthawethadar

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋58🦋

       ဟွမ်ကျင်းရွှေကို ကမ်းရန်လှမ်းထားတဲ့ လက်ချောင်းများက လက်သီးဆုပ်အဖြစ် ပြောင်းသွားသည်။ ဟွမ်ကျင်းရွှေသည် စွမ်းအင်ပြန်ကျင့်နေလို့ သူမအမူအရာကို မမြင်လိုက်ချေ။ ရှမ်မေ့သည် သိဒ္ဓိစွမ်းအင်ဖြင့် ဟွမ်ကျင်းရွှေကို ထောက်ပံ့ကုသပေးနေသည်။

       လော့လော် ဆန့်ထားသော မိမိ၏လက်ကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းလိုက်ပြီး ဆို၏။

"တောင်းပန်ပါတယ် ရှစ်ဇွင်း...."

       ဟွမ်ကျင်းရွှေသည် လက်ဝါးနှစ်ဖက်ကို ဖြည်းညှင်းစွာ ပြန်ချပြီးနောက် မျက်လုံးပွင့်လာသည်။ သူက လော့လော်လက်တစ်ဖက်ကို ဆွဲကိုင်လိုက်၏။ လက်ဖမိုးကို ခပ်ဖွဖွလေး ပွတ်ပေးလျက် ပြန်ပြောလာသည်။

"လော့လော် အမှားမဟုတ်ပါဘူး.... အဆိပ်ငွေ့တွေ ထိသွားသေးလား"
"ဟင့်အင်း...."

"ဒါနဲ့ ဘာလို့ရုတ်တရက်ကြီး အခေါ်အဝေါ် ပြောင်းသွားရတာလဲ"

       လော့လော်က စကားမဆိုဘဲ ခေါင်းကိုငုံ့မြဲငုံ့ထားသည်။ ထိုစဥ် ရှမ်မေ့ကပါ လော့လော်၏ကျန်ရှိနေသော လက်တစ်ဖက်ကို ဆုပ်ကိုင်ပေးလာ၏။

"မမတောင်းပန်ပါတယ်.... မမလည်း လောသွားလို့"
"ဘယ်ကသာ... မမပြောတာ မှန်တာပါ... လော့လော် မမသဘောထားကို နားလည်တယ်... "

       လော့လော်သည် ဟွမ်ကျင်းရွှေ နှင့် လော့လော်၏လက်ကို အသာဖြုတ်ချခဲ့ပြီး ယွိယွိထံသို့ လျှောက်သွားလေစဥ် လမ်းတစ်ဝက်တွင် သူ၏ခြေလှမ်းတို့က ရပ်တန့်သွားခဲ့သည်။ တစ်စုံတစ်ယောက်က သူမကိုသိုင်းဖက်လာတာကြောင့်ပင်။

       မျက်နှာချင်းဆိုင်ရှိ ယွိယွိသည် သူတို့နှစ်ယောက်၏ အဖြစ်အပျက်ကို မြင်သောအခါ အတောင်နှစ်ခုနဲ့ သူ့မျက်လုံးတွေကို ပြန်အုပ်ထားလေရဲ့။ ဟွမ်ကျင်းရွှေ သူမကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲ နစ်ဝင်သွားတော့မယ့်အလာ ဖက်ထား၏။

       သူက မေးလိုက်သည်။

"စောစောက လူကိုသွားဖမ်းမလို့လား"
"ဟုတ်တယ်...."

"ကောင်းပြီ... ကိုယ်လိုက်ခဲ့ပေးမယ် "
"မလိုပါဘူး... လော့လော် လုပ်နိုင်တယ် ရှစ်ဇွင်းကဒဏ်ရာရထားတော့ နားနေတာ ပိုကောင်းတယ်"

"ရှစ်ဇွင်း.... ရှစ်ဇွင်း.... ရှစ်ဇွင်းနဲ့ ကိုယ်ကတော့ အဲ့ဒီအခေါ်အဝေါ်ကို သဘောမကျပါဘူး.... ကျင်းကိုကိုလို့ ပြန်ခေါ်..."

       လော့လော်က မလှုပ်မယှက်။ ရှမ်မေ့သည် သူတို့နှစ်ယောက်ကို အသာလေး ရှောင်ထွက်သွားပေးသည်။ လော့လော်စိတ်က မသာယာဘူးဆိုတာ နားလည်လိုက်တဲ့ ဟွမ်ကျင်းရွှေသည် သူမပါးကို တစ်ချက်နမ်းလိုက်၏။

"စိတ်မဆိုးပါနဲ့ကွာ.... နော်..."
"မဆိုးပါဘူး... တကယ်တော့ လော့လော် မှားတာပဲလေ"

"မမှားပါဘူး... အဲ့ဒီကောင်က တိမ်ဖြိုဓားကို လိုချင်လို့ တိမ်လွှမ်းတောင်ထွတ်အထိ ကျူးကျော်လာတာ... ကြည့်ပါအုံး ကိုယ့်လက်ဝါးတွေတောင် ရဲကုန်တယ်"

      လော့လော်ရှေ့ကို လက်ဝါးဖြန့်ပြလိုက်သည်။ လော့လော်ကလည်း သူ့လက်ဝါးကို ငုံ့ကြည့်လာပြီး ဟွမ်ကျင်းရွှေကိုတစ်ဖန် မော့ကြည့်၍ ရင်ခွင်ထဲကို တိုးဝင်လေတော့၏။ ဟွမ်ကျင်းရွှေ လိုချင်တာ အဲ့တာပါပဲ။

       လော့လော် သူ့ကိုပြန်ဖက်လာရင် စိတ်နည်းနည်း ပြေသွားပြီဆိုတဲ့ သဘောပဲလေ။ ထို့နောက် ဓားကြီးထိုးစိုက်ခဲ့သော နေရာကို စစ်ဆေးကြည့်ပြီးနောက် လက်ကျန်အဆိပ်ငွေ့များကိုလည်း ရှင်းလင်းပစ်ရသည်။

        နံနက်ရောက်သော် ။

"ဒါဆိုငါတို့ သေချာစီစဥ်သွားမှရမယ်.... ဂိုဏ်းချုပ်က ပါးနပ်လွန်းတယ်"
"ဟုတ်တယ်.... မင်းတို့အိမ်မှာ ဘယ်သူ့အကူအညီ ရနိုင်သေးလဲ"

       ရှမ်မေ့က စိတ်ဆိုးဒေါသထွက်နေတဲ့ မျက်နှာနဲ့ တစ်ဖက်ကို အကြည့်လွှဲသွားသည်။

"ဟင့်.... ဘယ်သူမှရှိမှာမဟုတ်ဘူး.... အကုန်လုံး အဲ့ဒီဂိုဏ်းချုပ်ကိုပဲ ကြောက်နေကြတာ"

       ထိုစဥ်

"ရှစ်ဇွင်း....."
"အင်း....."

       လော့လော် နန်းဆောင်ဘက်ကနေ ပြေးလာလေ၏။ သူမက ဟွမ်ကျင်းရွှေကို ဦးစွာ ပြုံးပြနှုတ်ဆက်သော် ဟွမ်ကျင်းရွှေကလည်း အတောက်ပဆုံး အပြုံးတို့ဖြင့် သူမကိုပြန်ပြုံးပြလာသည်။

"ကျွန်မတို့ ရှီချိုးကို ခေါ်ကြည့်မလား"
"မင်း!"

"မဟုတ်ဘူး မဟုတ်ဘူး.... ရှစ်ဇွင်းက အထင်မလွဲပါနဲ့ ရှီချိုးက ဟုန်ကျင်းချင်ဂိုဏ်းနဲ့ ရန်ငြိုးရှိနေတာဆိုတော့ သူတိုက်ခိုက်နေတဲ့အချိန် ကျွန်မတို့ဝင်ကယ်လို့ ရတယ်လေ"

       ရှမ်မေ့က ထိုသို့လုပ်လျှင် ရာခိုင်နှုန်းတစ်ဝက်လောက်ကတော့ အောင်မြင်နိုင်ကြောင်း ပြောလေရာ နောက်ဆုံးမှာတော့ ဟွမ်ကျင်းရွှေ လက်ခံလိုက်ရတော့သည်။ မကြာသေးခင်က တိုက်ပွဲတစ်ခုမှာ ရှီချိုးက သူ့ကိုလက်နက်တစ်ခု အနေနဲ့ အသုံးချခဲ့တယ်လေ။

       ထိုကိစ္စကြောင့် ဟွမ်ကျင်းရွှေသည် ရှီချိုးကိုတွေ့သည်နှင့် အသေသတ်မည်ဟုသာ ကျိန်းဝါးခဲ့သည်။ သို့သော် မိမိသတ်ချင်သည့် သူနှင့် ပြန်ပူးပေါင်းရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ပူးပေါင်းနေသည့် ကာလအတွင်းမှာပင် ထသတ်မိမလားမသိ။

       လော့လော်က ရေငွေ့တို့ ရစ်ပတ်လွှမ်းခြုံထားသော လိပ်ပြာတစ်ကောင်ကို ရှီချိုးထံ လွှတ်လိုက်ပြီး ခဏကြာတော့ တိမ်လွှမ်းတောင်ထွတ်၏ တောင်ခြေသို့ ဆင်းသွားသည်။ ဟွမ်ကျင်းရွှေမှာ စိတ်မချတာကြောင့် အနောက်ကနေ လိုက်ချောင်းရ၏။

        တောင်ခြေက သစ်ပင်ကြီးတစ်ပင်အောက်တွင် လော့လော်က မတ်တပ်ရပ်လျက် ငြိမ်သက်နေသည်။ သိပ်မကြာပါ။ ရှီချိုးသည် လေဟုန်ဖြင့် ရောက်လာ၏။

"လော့လော်.... မင်း မင်းငါ့ကို.. "
"ကျွန်မတို့ ဟုန်ကျင်းချင်ဂိုဏ်းကို သွားတိုက်မလို့.... ကျွန်မတို့အင်အားနဲ့က အဆင်မပြေဘူးလေ အဲ့ဒါကြောင့် ရှင့်အကူအညီလိုလို့..."

"မင်းကငါ့ကို သတိရလို့ မဟုတ်ဘူးပေါ့"

       ရှီချိုး သူမအား မျက်နှာလွှဲသွားလေသည်။ သူက လော့လော်ထံမှ စာကိုရရချင်း အပြေးတစ်ပိုင်းနဲ့ လာခဲ့တာဖြစ်၏။ သစ်ပင်အောက်မှာ စောင့်နေတာကို လှမ်းတွေ့တော့ ပြေးပြီးပွေ့ဖက်ထားချင်မိသော်လည်း လော့လော်စိတ်ဆိုးသွားမှာကို ထပ်ကြောက်နေမိပြန်သည်။

       အနက်ရောင်ဝတ်စုံဖြင့် ရှီချိုးသည် မတွေ့ရသည့် ကာလအတွင်း နည်းနည်းတောင် ပိန်ကျသွားသလိုပင်။ မျက်နှာလွှဲသွားလေတော့ လော့လော်လည်း စိတ်မကောင်းဖြစ်မိသည်။

"ကျွန်.... ကျွန်မရှီချိုးကို အသုံးချသလို ဖြစ်သွားပြီလား"
"မင်းလိုက်သွားမှာလား"

"အင်း...."
"အန္တရာယ်များလွန်းတယ်... ငါကြားတာတော့ ဟုန်ကျင်းချင်ဂိုဏ်းက တိမ်ဖြိုဓားကို အရမ်းလိုချင်နေပြီ အခုတစ်ခေါက်မှာ သူတို့ဂိုဏ်းရဲ့ သိက္ခာကိုတောင် ထည့်တွက်မှာ မဟုတ်တော့ဘူး... "

"ဟုတ်တယ်.... မနေ့ညကလည်း အဆိပ်သုံးတဲ့ ဓားကျင့်ကြံသူတစ်ယောက် ရောက်လာပြီး...."

       ရှီချိုးက ချာခနဲ လှည့်လာသည်။

"မင်းဘာဖြစ်သွားသေးလဲ"
"ဘာမှမဖြစ်ပါဘူး.... ဘာမှမဖြစ်ဘူး "

       ရှီချိုး လှမ်းထိတွေ့ရန် ပြင်နေတဲ့ သူ့လက်တွေကို ဖြည်းညှင်းစွာ ပြန်ရုတ်သိမ်းလိုက်သည်။ သူ လော့လော်ရဲ့ လက်ကိုဆုပ်ကိုင်းပြီး အဆင်ပြေရဲ့လား သေသေချာချာ စစ်ဆေးချင်သော်လည်း သူ့မှာ ထိုကဲ့သို့သော အခွင့်အရေးမျိုး မရှိဘူးလေ။

       ထိုစဥ် လော့လော်က သူ့ကိုပြုံးပြလာသည်။ နံနက်ခင်းရဲ့ နေရောင်ခြည်ထက်တောင် တောက်ပနေတဲ့ အပြုံးတွေကိုမြင်တော့ ရှီချိုးလည်း လက်ရှိခံစားနေရတာတွေကို မေ့လျော့သွားသည်။ သူလည်း ပြန်ပြုံးပြရင်း

"ငါလိုက်ခဲ့ပါမယ်...."
"တကယ်လား...."

"အင်း.... လိုက်ခဲ့ပြီး မင်းကိုကာကွယ်ပေးမယ်"

       လော့လော် နားထင်ကို ကုတ်လျက်

"ကျွန်မကို ကာကွယ်ဖို့လား"
"မင်းငါ့ကို သဘောမကျဘူးဆိုတာ ငါသိပါတယ်... ဒါပေမယ့် ငါမင်းကိုဘေးကနေ ကာကွယ်ပေးရင်တော့ ရနိုင်တယ်မဟုတ်လား "

"ဟဲဟဲ.... ကျွန်မရှင့်ကို သဘောမကျတာ မဟုတ်ပါဘူး.... ရှင်သာ မဆိုင်တဲ့လူတွေကို ထပ်မသတ်ရင် အားလုံးအဆင်ပြေတယ်..."
"ကောင်းပြီ.... ငါမသတ်တော့ဘူး"

       ရှီချိုးက အားတက်စွာဖြင့် ချက်ချင်း ပြန်ဖြေလေ၏။ ထိုစဥ် မြှားတစ်စင်း၏အရှိန်ကဲ့သို့ စွမ်းအင်ဖြင့် ဟွမ်ကျင်းရွှေ ရောက်လာပြီး လော့လော်ခါးကိုဖက်ကာ သူ့အနား ကပ်ထားလိုက်သည်။

       ရုတ်တရက်မို့ လော့လော်လည်း အံ့သြမျက်လုံးတို့ ပြူးသွားသည်။ ရှီချိုးသည် ဟွမ်ကျင်းရွှေဖက်ထားသော လော့လော့်၏ခါးကို ကြည့်ပြီး လက်သီးဆုပ်ထားလေ၏။ သူတို့နှစ်ယောက် အကြည့်ချင်း စစ်ထိုးနေသည့်ကြားမှာ လော့လော်က ဟိုကြည့်သည်ကြည့်ဖြင့်။

"ရန်မဖြစ်ကြနဲ့နော်...."

       ဟွမ်ကျင်းရွှေက သူမခါးကိုပိုတိုးလို့ ဖက်လိုက်ကာ ရင်ခွင်ထဲရောက်သည်အထိ ဆွဲသွင်းထားသည်။

"သူက ငါ့အပိုင်.... မင်းသွားတော့ မင်းကာကွယ်ပေးဖို့လည်း မလိုဘူး"
"ငါ့ဘာသာ ငါစိတ်သဘောနဲ့ သူ့ကိုကာကွယ်ပေးမှာကို.... မင်းက ဘာဝင်ပါနေတာလဲ"

"ငါမင်းကိုဒီနေရာမှာ သတ်ပစ်လိုက်လို့ ရတယ်...."
"လာလေ...."

"ရန်မဖြစ်ကြနဲ့လို့....."

       လော့လော် ဝင်အော်ခါမှ နှစ်ယောက်လုံး တိတ်ဆိတ်သွားတော့သည်။ လော့လော် ဟွမ်ကျင်းရွှေရင်ခွင်ထဲမှ အသာလေး ရုန်းထွက်လိုက်ပြီး သူတို့နှစ်ယောက်ကြားထဲ ဝင်လိုက်၏။ လက်ပိုက်ကာ တစ်ယောက်တစ်ပြန် ကြည့်လိုက်သည်။

"ကောင်းပြီ.... ကျွန်မမလိုက်တော့ဘူး... ကိုယ်ဘာသာ့ကိုသွားကြ"

       လော့လော် ခြေစောင့်ကာ ထွက်သွားသည်။ ဟွမ်ကျင်းရွှေနှင့် ရှီချိုးသည် သူမထွက်သွားပြီးနောက် တိုက်ပွဲတစ်ခုဖြစ်ခဲ့သေး၏။ တိမ်လွှမ်းတောင်ထွတ်ကို လော့လော်ကအရင် ပြန်ရောက်ခဲ့သည်။

       နောက်ပိုင်းမှာ ဘာတွေဖြစ်နေသလဲ သူမ မသိ။ တိမ်လွှမ်းတောင်ထွတ်ကို ပြန်ရောက်သော် မနေ့က အားကျိုတို့သုံးယောက် ရှင်းလိုက်လို့ တစ်တောင်လုံးက အဆောင်တွေ ပြန်ပေါ်လာတာကို လိုက်ကြည့်နေ၏။

       လမ်းလျှောက်ရင်းနှင့် ချင်းချုံးကို သွားခါနီး ဟွမ်ကျင်းရွှေနဲ့အတူ မတ်တပ်ရပ်လျက် မနက်ခင်းဆည်းဆာကို ကြည့်ခဲ့သော နေရာသို့ ရောက်ခဲ့သည်။ တိမ်လွှမ်းတောင်ထွတ်၏ ချောက်ကမ်းပါး တစ်နေရာ။

      ဒီနေရာမှာ ကောင်းကင်ကငှက်တွေလို လွတ်လွတ်လပ်လပ် ပျံသန်းချင်တယ်လို့ ဟွမ်ကျင်းရွှေပြောခဲ့ဖူးတာကို သွားသတိရလိုက်သည်။ ထိုစဥ်အချိန်တုန်းက သူမက ငှက်မဖြစ်ချင်ကြောင်းတောင် ရယ်ရယ်မောမောနဲ့ ပြောလိုက်သေး၏။

       ယခုအခါ ပြန်တွေးမယ်ဆိုရင် သူမလည်း အပူအပင်ကင်းကင်းနဲ့ ကောင်းကင်ထက်မှာ ပျံသန်းနေတဲ့ ငှက်ကလေးတစ်ကောင် ဖြစ်ချင်သွားပြန်သည်။ အိပ်ချိန်တန်အိပ်လို့၊ ချစ်ရသူနှင့် ပျော်ပျော်ရွှင်ရွှင် ပျံသန်းနေနိုင်သည်လေ။

        နောက်တစ်နေ့ရောက်လို့ ဟွမ်ကျင်းရွှေ နှင့် ရှမ်မေ့ ဟုန်ကျင်းချင်ဂိုဏ်းကို သွားသောအခါတွင် သူမတကယ်ကြီး လိုက်မသွားခဲ့ပါ။ ဟွမ်ကျင်းရွှေနဲ့အတူ ယွိယွိကိုတော့ ထည့်ပေးလိုက်ပါ၏။ ထို့အပြင် ဟွမ်ကျင်းရွှေနဲ့ရှမ်မေ့ကို သေချာစောင့်ကြည့်ရန်လည်း ယွိယွိကို မှာလိုက်သေးသည်။

       ယွိယွိက လော့လော်သာမပြောရင် ရှမ်မေ့ကို ကျောပေါ်ကနေ ခါချတော့မည့်ပုံပင်။ လော့လော်ကခေါင်းခါ၍

"မဆိုးရဘူးလေ..."

       ရှည်လျားသော လည်တိုင်ကို တစ်ဖက်သို့လွှဲကာ လော့လော်နဲ့ မျက်နှာချင်းမဆိုင်တော့ချေ။

"လော့လော်.... လိမ်လိမ်မာမာနေခဲ့နော် "
"စိတ်ချပါ.... အန္တရာယ်ကင်းကင်းနဲ့ ပြန်လာခဲ့ပေး "

"အွန်း...."

       ဟွမ်ကျင်းရွှေ သူမနဖူးကို ထပ်နမ်းလိုက်ပြီးမှ ယွိယွိကျောပေါ်တက်ကာ ထွက်သွားလေတော့သည်။ ဟွမ်ကျင်းရွှေတို့ အရိပ်ကလေး မြူမှုန်လေးအဖြစ် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသောအခါမှသာ သူမလည်း နန်းဆောင်ထဲ ပြန်ဝင်လာခဲ့သည်။

       အားကျိုတို့ကတော့ တောင်တစ်ဖက်တွင် စွမ်းအင်လေ့ကျင့်နေကြ၏။ လော့လော် သိုလှောင်လက်စွပ်ထဲမှ နတ်ဆိုးသားရဲ မှတ်တမ်းစာအုပ်ကိုထုတ်၍ စားပွဲတွင် ထိုင်ဖတ်ရင်း အရေးကြီးသော အချက်များကိုလည်း ရွေးမှတ်ထားသည်။

       နတ်ဆိုးသားရဲစာအုပ်ကို ဖတ်ရင်း နှလုံးသွေးနဲ့ အသက်ဆက်ထားသူဟာ နှလုံးသွေးကို ထုတ်လိုက်လျှင် အသက်ဆက်မရှင်နိုင်ကြောင်း အတည်တလင်း ဖော်ပြထားတာ တွေ့ရလေ၏။ ဟွမ်ကျင်းရွှေက အသက်ဆက်ရှင်ဖို့ နတ်ဆိုးနှလုံးသွေး ရှိမှကိုဖြစ်မှာမှန်း သူမနားလည်သွားသည်။

       ထိုစဥ်

'ဒေါက်.... ဒေါက်...."

"လော့လော်...."

       နှစ်ရက်လောက် ပျောက်သွားတဲ့ ယဲ့ရှားလုံအသံပင်။

"ယဲ့ယဲ့.... ဝင်ခဲ့လေ"

       ယဲ့ရှားလုံက ဝင်လာပြီး တံခါးကိုပြန်ပိတ်လိုက်သည်။



Zawgyi
တိမ္ယံလႊမ္းတဲ့ေတာင္

                      🦋58🦋

       ဟြမ္က်င္းေ႐ႊကို ကမ္းရန္လွမ္းထားတဲ့ လက္ေခ်ာင္းမ်ားက လက္သီးဆုပ္အျဖစ္ ေျပာင္းသြားသည္။ ဟြမ္က်င္းေ႐ႊသည္ စြမ္းအင္ျပန္က်င့္ေနလို႔ သူမအမူအရာကို မျမင္လိုက္ေခ်။ ရွမ္ေမ့သည္ သိဒၶိစြမ္းအင္ျဖင့္ ဟြမ္က်င္းေ႐ႊကို ေထာက္ပံ့ကုသေပးေနသည္။

       ေလာ့ေလာ္ ဆန့္ထားေသာ မိမိ၏လက္ကို ျဖည္းျဖည္းခ်င္း ျပန္႐ုတ္သိမ္းလိုက္ၿပီး ဆို၏။

"ေတာင္းပန္ပါတယ္ ရွစ္ဇြင္း...."

       ဟြမ္က်င္းေ႐ႊသည္ လက္ဝါးႏွစ္ဖက္ကို ျဖည္းညွင္းစြာ ျပန္ခ်ၿပီးေနာက္ မ်က္လုံးပြင့္လာသည္။ သူက ေလာ့ေလာ္လက္တစ္ဖက္ကို ဆြဲကိုင္လိုက္၏။ လက္ဖမိုးကို ခပ္ဖြဖြေလး ပြတ္ေပးလ်က္ ျပန္ေျပာလာသည္။

"ေလာ့ေလာ္ အမွားမဟုတ္ပါဘူး.... အဆိပ္ေငြ႕ေတြ ထိသြားေသးလား"
"ဟင့္အင္း...."

"ဒါနဲ႕ ဘာလို႔႐ုတ္တရက္ႀကီး အေခၚအေဝၚ ေျပာင္းသြားရတာလဲ"

       ေလာ့ေလာ္က စကားမဆိုဘဲ ေခါင္းကိုငုံ႕ၿမဲငုံ႕ထားသည္။ ထိုစဥ္ ရွမ္ေမ့ကပါ ေလာ့ေလာ္၏က်န္ရွိေနေသာ လက္တစ္ဖက္ကို ဆုပ္ကိုင္ေပးလာ၏။

"မမေတာင္းပန္ပါတယ္.... မမလည္း ေလာသြားလို႔"
"ဘယ္ကသာ... မမေျပာတာ မွန္တာပါ... ေလာ့ေလာ္ မမသေဘာထားကို နားလည္တယ္... "

       ေလာ့ေလာ္သည္ ဟြမ္က်င္းေ႐ႊ ႏွင့္ ေလာ့ေလာ္၏လက္ကို အသာျဖဳတ္ခ်ခဲ့ၿပီး ယြိယြိထံသို႔ ေလွ်ာက္သြားေလစဥ္ လမ္းတစ္ဝက္တြင္ သူ၏ေျခလွမ္းတို႔က ရပ္တန့္သြားခဲ့သည္။ တစ္စုံတစ္ေယာက္က သူမကိုသိုင္းဖက္လာတာေၾကာင့္ပင္။

       မ်က္ႏွာခ်င္းဆိုင္ရွိ ယြိယြိသည္ သူတို႔ႏွစ္ေယာက္၏ အျဖစ္အပ်က္ကို ျမင္ေသာအခါ အေတာင္ႏွစ္ခုနဲ႕ သူ႕မ်က္လုံးေတြကို ျပန္အုပ္ထားေလရဲ႕။ ဟြမ္က်င္းေ႐ႊ သူမကိုယ္လုံးေလးကို သူ႕ရင္ခြင္ထဲ နစ္ဝင္သြားေတာ့မယ့္အလာ ဖက္ထား၏။

       သူက ေမးလိုက္သည္။

"ေစာေစာက လူကိုသြားဖမ္းမလို႔လား"
"ဟုတ္တယ္...."

"ေကာင္းၿပီ... ကိုယ္လိုက္ခဲ့ေပးမယ္ "
"မလိုပါဘူး... ေလာ့ေလာ္ လုပ္နိုင္တယ္ ရွစ္ဇြင္းကဒဏ္ရာရထားေတာ့ နားေနတာ ပိုေကာင္းတယ္"

"ရွစ္ဇြင္း.... ရွစ္ဇြင္း.... ရွစ္ဇြင္းနဲ႕ ကိုယ္ကေတာ့ အဲ့ဒီအေခၚအေဝၚကို သေဘာမက်ပါဘူး.... က်င္းကိုကိုလို႔ ျပန္ေခၚ..."

       ေလာ့ေလာ္က မလႈပ္မယွက္။ ရွမ္ေမ့သည္ သူတို႔ႏွစ္ေယာက္ကို အသာေလး ေရွာင္ထြက္သြားေပးသည္။ ေလာ့ေလာ္စိတ္က မသာယာဘူးဆိုတာ နားလည္လိုက္တဲ့ ဟြမ္က်င္းေ႐ႊသည္ သူမပါးကို တစ္ခ်က္နမ္းလိုက္၏။

"စိတ္မဆိုးပါနဲ႕ကြာ.... ေနာ္..."
"မဆိုးပါဘူး... တကယ္ေတာ့ ေလာ့ေလာ္ မွားတာပဲေလ"

"မမွားပါဘူး... အဲ့ဒီေကာင္က တိမ္ၿဖိဳဓားကို လိုခ်င္လို႔ တိမ္လႊမ္းေတာင္ထြတ္အထိ က်ဴးေက်ာ္လာတာ... ၾကည့္ပါအုံး ကိုယ့္လက္ဝါးေတြေတာင္ ရဲကုန္တယ္"

      ေလာ့ေလာ္ေရွ႕ကို လက္ဝါးျဖန့္ျပလိုက္သည္။ ေလာ့ေလာ္ကလည္း သူ႕လက္ဝါးကို ငုံ႕ၾကည့္လာၿပီး ဟြမ္က်င္းေ႐ႊကိုတစ္ဖန္ ေမာ့ၾကည့္၍ ရင္ခြင္ထဲကို တိုးဝင္ေလေတာ့၏။ ဟြမ္က်င္းေ႐ႊ လိုခ်င္တာ အဲ့တာပါပဲ။

       ေလာ့ေလာ္ သူ႕ကိုျပန္ဖက္လာရင္ စိတ္နည္းနည္း ေျပသြားၿပီဆိုတဲ့ သေဘာပဲေလ။ ထို႔ေနာက္ ဓားႀကီးထိုးစိုက္ခဲ့ေသာ ေနရာကို စစ္ေဆးၾကည့္ၿပီးေနာက္ လက္က်န္အဆိပ္ေငြ႕မ်ားကိုလည္း ရွင္းလင္းပစ္ရသည္။

        နံနက္ေရာက္ေသာ္ ။

"ဒါဆိုငါတို႔ ေသခ်ာစီစဥ္သြားမွရမယ္.... ဂိုဏ္းခ်ဳပ္က ပါးနပ္လြန္းတယ္"
"ဟုတ္တယ္.... မင္းတို႔အိမ္မွာ ဘယ္သူ႕အကူအညီ ရနိုင္ေသးလဲ"

       ရွမ္ေမ့က စိတ္ဆိုးေဒါသထြက္ေနတဲ့ မ်က္ႏွာနဲ႕ တစ္ဖက္ကို အၾကည့္လႊဲသြားသည္။

"ဟင့္.... ဘယ္သူမွရွိမွာမဟုတ္ဘူး.... အကုန္လုံး အဲ့ဒီဂိုဏ္းခ်ဳပ္ကိုပဲ ေၾကာက္ေနၾကတာ"

       ထိုစဥ္

"ရွစ္ဇြင္း....."
"အင္း....."

       ေလာ့ေလာ္ နန္းေဆာင္ဘက္ကေန ေျပးလာေလ၏။ သူမက ဟြမ္က်င္းေ႐ႊကို ဦးစြာ ၿပဳံးျပႏႈတ္ဆက္ေသာ္ ဟြမ္က်င္းေ႐ႊကလည္း အေတာက္ပဆုံး အၿပဳံးတို႔ျဖင့္ သူမကိုျပန္ၿပဳံးျပလာသည္။

"ကြၽန္မတို႔ ရွီခ်ိဳးကို ေခၚၾကည့္မလား"
"မင္း!"

"မဟုတ္ဘူး မဟုတ္ဘူး.... ရွစ္ဇြင္းက အထင္မလြဲပါနဲ႕ ရွီခ်ိဳးက ဟုန္က်င္းခ်င္ဂိုဏ္းနဲ႕ ရန္ၿငိဳးရွိေနတာဆိုေတာ့ သူတိုက္ခိုက္ေနတဲ့အခ်ိန္ ကြၽန္မတို႔ဝင္ကယ္လို႔ ရတယ္ေလ"

       ရွမ္ေမ့က ထိုသို႔လုပ္လွ်င္ ရာခိုင္ႏႈန္းတစ္ဝက္ေလာက္ကေတာ့ ေအာင္ျမင္နိုင္ေၾကာင္း ေျပာေလရာ ေနာက္ဆုံးမွာေတာ့ ဟြမ္က်င္းေ႐ႊ လက္ခံလိုက္ရေတာ့သည္။ မၾကာေသးခင္က တိုက္ပြဲတစ္ခုမွာ ရွီခ်ိဳးက သူ႕ကိုလက္နက္တစ္ခု အေနနဲ႕ အသုံးခ်ခဲ့တယ္ေလ။

       ထိုကိစၥေၾကာင့္ ဟြမ္က်င္းေ႐ႊသည္ ရွီခ်ိဳးကိုေတြ႕သည္ႏွင့္ အေသသတ္မည္ဟုသာ က်ိန္းဝါးခဲ့သည္။ သို႔ေသာ္ မိမိသတ္ခ်င္သည့္ သူႏွင့္ ျပန္ပူးေပါင္းရလိမ့္မည္ဟု မထင္ထားခဲ့ေပ။ ပူးေပါင္းေနသည့္ ကာလအတြင္းမွာပင္ ထသတ္မိမလားမသိ။

       ေလာ့ေလာ္က ေရေငြ႕တို႔ ရစ္ပတ္လႊမ္းၿခဳံထားေသာ လိပ္ျပာတစ္ေကာင္ကို ရွီခ်ိဳးထံ လႊတ္လိုက္ၿပီး ခဏၾကာေတာ့ တိမ္လႊမ္းေတာင္ထြတ္၏ ေတာင္ေျခသို႔ ဆင္းသြားသည္။ ဟြမ္က်င္းေ႐ႊမွာ စိတ္မခ်တာေၾကာင့္ အေနာက္ကေန လိုက္ေခ်ာင္းရ၏။

        ေတာင္ေျခက သစ္ပင္ႀကီးတစ္ပင္ေအာက္တြင္ ေလာ့ေလာ္က မတ္တပ္ရပ္လ်က္ ၿငိမ္သက္ေနသည္။ သိပ္မၾကာပါ။ ရွီခ်ိဳးသည္ ေလဟုန္ျဖင့္ ေရာက္လာ၏။

"ေလာ့ေလာ္.... မင္း မင္းငါ့ကို.. "
"ကြၽန္မတို႔ ဟုန္က်င္းခ်င္ဂိုဏ္းကို သြားတိုက္မလို႔.... ကြၽန္မတို႔အင္အားနဲ႕က အဆင္မေျပဘူးေလ အဲ့ဒါေၾကာင့္ ရွင့္အကူအညီလိုလို႔..."

"မင္းကငါ့ကို သတိရလို႔ မဟုတ္ဘူးေပါ့"

       ရွီခ်ိဳး သူမအား မ်က္ႏွာလႊဲသြားေလသည္။ သူက ေလာ့ေလာ္ထံမွ စာကိုရရခ်င္း အေျပးတစ္ပိုင္းနဲ႕ လာခဲ့တာျဖစ္၏။ သစ္ပင္ေအာက္မွာ ေစာင့္ေနတာကို လွမ္းေတြ႕ေတာ့ ေျပးၿပီးေပြ႕ဖက္ထားခ်င္မိေသာ္လည္း ေလာ့ေလာ္စိတ္ဆိုးသြားမွာကို ထပ္ေၾကာက္ေနမိျပန္သည္။

       အနက္ေရာင္ဝတ္စုံျဖင့္ ရွီခ်ိဳးသည္ မေတြ႕ရသည့္ ကာလအတြင္း နည္းနည္းေတာင္ ပိန္က်သြားသလိုပင္။ မ်က္ႏွာလႊဲသြားေလေတာ့ ေလာ့ေလာ္လည္း စိတ္မေကာင္းျဖစ္မိသည္။

"ကြၽန္.... ကြၽန္မရွီခ်ိဳးကို အသုံးခ်သလို ျဖစ္သြားၿပီလား"
"မင္းလိုက္သြားမွာလား"

"အင္း...."
"အႏၱရာယ္မ်ားလြန္းတယ္... ငါၾကားတာေတာ့ ဟုန္က်င္းခ်င္ဂိုဏ္းက တိမ္ၿဖိဳဓားကို အရမ္းလိုခ်င္ေနၿပီ အခုတစ္ေခါက္မွာ သူတို႔ဂိုဏ္းရဲ႕ သိကၡာကိုေတာင္ ထည့္တြက္မွာ မဟုတ္ေတာ့ဘူး... "

"ဟုတ္တယ္.... မေန႕ညကလည္း အဆိပ္သုံးတဲ့ ဓားက်င့္ႀကံသူတစ္ေယာက္ ေရာက္လာၿပီး...."

       ရွီခ်ိဳးက ခ်ာခနဲ လွည့္လာသည္။

"မင္းဘာျဖစ္သြားေသးလဲ"
"ဘာမွမျဖစ္ပါဘူး.... ဘာမွမျဖစ္ဘူး "

       ရွီခ်ိဳး လွမ္းထိေတြ႕ရန္ ျပင္ေနတဲ့ သူ႕လက္ေတြကို ျဖည္းညွင္းစြာ ျပန္႐ုတ္သိမ္းလိုက္သည္။ သူ ေလာ့ေလာ္ရဲ႕ လက္ကိုဆုပ္ကိုင္းၿပီး အဆင္ေျပရဲ႕လား ေသေသခ်ာခ်ာ စစ္ေဆးခ်င္ေသာ္လည္း သူ႕မွာ ထိုကဲ့သို႔ေသာ အခြင့္အေရးမ်ိဳး မရွိဘူးေလ။

       ထိုစဥ္ ေလာ့ေလာ္က သူ႕ကိုၿပဳံးျပလာသည္။ နံနက္ခင္းရဲ႕ ေနေရာင္ျခည္ထက္ေတာင္ ေတာက္ပေနတဲ့ အၿပဳံးေတြကိုျမင္ေတာ့ ရွီခ်ိဳးလည္း လက္ရွိခံစားေနရတာေတြကို ေမ့ေလ်ာ့သြားသည္။ သူလည္း ျပန္ၿပဳံးျပရင္း

"ငါလိုက္ခဲ့ပါမယ္...."
"တကယ္လား...."

"အင္း.... လိုက္ခဲ့ၿပီး မင္းကိုကာကြယ္ေပးမယ္"

       ေလာ့ေလာ္ နားထင္ကို ကုတ္လ်က္

"ကြၽန္မကို ကာကြယ္ဖို႔လား"
"မင္းငါ့ကို သေဘာမက်ဘဴးဆိုတာ ငါသိပါတယ္... ဒါေပမယ့္ ငါမင္းကိုေဘးကေန ကာကြယ္ေပးရင္ေတာ့ ရနိုင္တယ္မဟုတ္လား "

"ဟဲဟဲ.... ကြၽန္မရွင့္ကို သေဘာမက်တာ မဟုတ္ပါဘူး.... ရွင္သာ မဆိုင္တဲ့လူေတြကို ထပ္မသတ္ရင္ အားလုံးအဆင္ေျပတယ္..."
"ေကာင္းၿပီ.... ငါမသတ္ေတာ့ဘူး"

       ရွီခ်ိဳးက အားတက္စြာျဖင့္ ခ်က္ခ်င္း ျပန္ေျဖေလ၏။ ထိုစဥ္ ျမႇားတစ္စင္း၏အရွိန္ကဲ့သို႔ စြမ္းအင္ျဖင့္ ဟြမ္က်င္းေ႐ႊ ေရာက္လာၿပီး ေလာ့ေလာ္ခါးကိုဖက္ကာ သူ႕အနား ကပ္ထားလိုက္သည္။

       ႐ုတ္တရက္မို႔ ေလာ့ေလာ္လည္း အံ့ၾသမ်က္လုံးတို႔ ျပဴးသြားသည္။ ရွီခ်ိဳးသည္ ဟြမ္က်င္းေ႐ႊဖက္ထားေသာ ေလာ့ေလာ့္၏ခါးကို ၾကည့္ၿပီး လက္သီးဆုပ္ထားေလ၏။ သူတို႔ႏွစ္ေယာက္ အၾကည့္ခ်င္း စစ္ထိုးေနသည့္ၾကားမွာ ေလာ့ေလာ္က ဟိုၾကည့္သည္ၾကည့္ျဖင့္။

"ရန္မျဖစ္ၾကနဲ႕ေနာ္...."

       ဟြမ္က်င္းေ႐ႊက သူမခါးကိုပိုတိုးလို႔ ဖက္လိုက္ကာ ရင္ခြင္ထဲေရာက္သည္အထိ ဆြဲသြင္းထားသည္။

"သူက ငါ့အပိုင္.... မင္းသြားေတာ့ မင္းကာကြယ္ေပးဖို႔လည္း မလိုဘူး"
"ငါ့ဘာသာ ငါစိတ္သေဘာနဲ႕ သူ႕ကိုကာကြယ္ေပးမွာကို.... မင္းက ဘာဝင္ပါေနတာလဲ"

"ငါမင္းကိုဒီေနရာမွာ သတ္ပစ္လိုက္လို႔ ရတယ္...."
"လာေလ...."

"ရန္မျဖစ္ၾကနဲ႕လို႔....."

       ေလာ့ေလာ္ ဝင္ေအာ္ခါမွ ႏွစ္ေယာက္လုံး တိတ္ဆိတ္သြားေတာ့သည္။ ေလာ့ေလာ္ ဟြမ္က်င္းေ႐ႊရင္ခြင္ထဲမွ အသာေလး ႐ုန္းထြက္လိုက္ၿပီး သူတို႔ႏွစ္ေယာက္ၾကားထဲ ဝင္လိုက္၏။ လက္ပိုက္ကာ တစ္ေယာက္တစ္ျပန္ ၾကည့္လိုက္သည္။

"ေကာင္းၿပီ.... ကြၽန္မမလိုက္ေတာ့ဘူး... ကိုယ္ဘာသာ့ကိုသြားၾက"

       ေလာ့ေလာ္ ေျခေစာင့္ကာ ထြက္သြားသည္။ ဟြမ္က်င္းေ႐ႊႏွင့္ ရွီခ်ိဳးသည္ သူမထြက္သြားၿပီးေနာက္ တိုက္ပြဲတစ္ခုျဖစ္ခဲ့ေသး၏။ တိမ္လႊမ္းေတာင္ထြတ္ကို ေလာ့ေလာ္ကအရင္ ျပန္ေရာက္ခဲ့သည္။

       ေနာက္ပိုင္းမွာ ဘာေတြျဖစ္ေနသလဲ သူမ မသိ။ တိမ္လႊမ္းေတာင္ထြတ္ကို ျပန္ေရာက္ေသာ္ မေန႕က အားက်ိဳတို႔သုံးေယာက္ ရွင္းလိုက္လို႔ တစ္ေတာင္လုံးက အေဆာင္ေတြ ျပန္ေပၚလာတာကို လိုက္ၾကည့္ေန၏။

       လမ္းေလွ်ာက္ရင္းႏွင့္ ခ်င္းခ်ဳံးကို သြားခါနီး ဟြမ္က်င္းေ႐ႊနဲ႕အတူ မတ္တပ္ရပ္လ်က္ မနက္ခင္းဆည္းဆာကို ၾကည့္ခဲ့ေသာ ေနရာသို႔ ေရာက္ခဲ့သည္။ တိမ္လႊမ္းေတာင္ထြတ္၏ ေခ်ာက္ကမ္းပါး တစ္ေနရာ။

      ဒီေနရာမွာ ေကာင္းကင္ကငွက္ေတြလို လြတ္လြတ္လပ္လပ္ ပ်ံသန္းခ်င္တယ္လို႔ ဟြမ္က်င္းေ႐ႊေျပာခဲ့ဖူးတာကို သြားသတိရလိုက္သည္။ ထိုစဥ္အခ်ိန္တုန္းက သူမက ငွက္မျဖစ္ခ်င္ေၾကာင္းေတာင္ ရယ္ရယ္ေမာေမာနဲ႕ ေျပာလိုက္ေသး၏။

       ယခုအခါ ျပန္ေတြးမယ္ဆိုရင္ သူမလည္း အပူအပင္ကင္းကင္းနဲ႕ ေကာင္းကင္ထက္မွာ ပ်ံသန္းေနတဲ့ ငွက္ကေလးတစ္ေကာင္ ျဖစ္ခ်င္သြားျပန္သည္။ အိပ္ခ်ိန္တန္အိပ္လို႔၊ ခ်စ္ရသူႏွင့္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ပ်ံသန္းေနနိုင္သည္ေလ။

        ေနာက္တစ္ေန႕ေရာက္လို႔ ဟြမ္က်င္းေ႐ႊ ႏွင့္ ရွမ္ေမ့ ဟုန္က်င္းခ်င္ဂိုဏ္းကို သြားေသာအခါတြင္ သူမတကယ္ႀကီး လိုက္မသြားခဲ့ပါ။ ဟြမ္က်င္းေ႐ႊနဲ႕အတူ ယြိယြိကိုေတာ့ ထည့္ေပးလိုက္ပါ၏။ ထို႔အျပင္ ဟြမ္က်င္းေ႐ႊနဲ႕ရွမ္ေမ့ကို ေသခ်ာေစာင့္ၾကည့္ရန္လည္း ယြိယြိကို မွာလိုက္ေသးသည္။

       ယြိယြိက ေလာ့ေလာ္သာမေျပာရင္ ရွမ္ေမ့ကို ေက်ာေပၚကေန ခါခ်ေတာ့မည့္ပုံပင္။ ေလာ့ေလာ္ကေခါင္းခါ၍

"မဆိုးရဘူးေလ..."

       ရွည္လ်ားေသာ လည္တိုင္ကို တစ္ဖက္သို႔လႊဲကာ ေလာ့ေလာ္နဲ႕ မ်က္ႏွာခ်င္းမဆိုင္ေတာ့ေခ်။

"ေလာ့ေလာ္.... လိမ္လိမ္မာမာေနခဲ့ေနာ္ "
"စိတ္ခ်ပါ.... အႏၱရာယ္ကင္းကင္းနဲ႕ ျပန္လာခဲ့ေပး "

"အြန္း...."

       ဟြမ္က်င္းေ႐ႊ သူမနဖူးကို ထပ္နမ္းလိုက္ၿပီးမွ ယြိယြိေက်ာေပၚတက္ကာ ထြက္သြားေလေတာ့သည္။ ဟြမ္က်င္းေ႐ႊတို႔ အရိပ္ကေလး ျမဴမႈန္ေလးအျဖစ္ ျမင္ကြင္းထဲမွ ေပ်ာက္ကြယ္သြားေသာအခါမွသာ သူမလည္း နန္းေဆာင္ထဲ ျပန္ဝင္လာခဲ့သည္။

       အားက်ိဳတို႔ကေတာ့ ေတာင္တစ္ဖက္တြင္ စြမ္းအင္ေလ့က်င့္ေနၾက၏။ ေလာ့ေလာ္ သိုေလွာင္လက္စြပ္ထဲမွ နတ္ဆိုးသားရဲ မွတ္တမ္းစာအုပ္ကိုထုတ္၍ စားပြဲတြင္ ထိုင္ဖတ္ရင္း အေရးႀကီးေသာ အခ်က္မ်ားကိုလည္း ေ႐ြးမွတ္ထားသည္။

       နတ္ဆိုးသားရဲစာအုပ္ကို ဖတ္ရင္း ႏွလုံးေသြးနဲ႕ အသက္ဆက္ထားသူဟာ ႏွလုံးေသြးကို ထုတ္လိုက္လွ်င္ အသက္ဆက္မရွင္နိုင္ေၾကာင္း အတည္တလင္း ေဖာ္ျပထားတာ ေတြ႕ရေလ၏။ ဟြမ္က်င္းေ႐ႊက အသက္ဆက္ရွင္ဖို႔ နတ္ဆိုးႏွလုံးေသြး ရွိမွကိုျဖစ္မွာမွန္း သူမနားလည္သြားသည္။

       ထိုစဥ္

'ေဒါက္.... ေဒါက္...."

"ေလာ့ေလာ္...."

       ႏွစ္ရက္ေလာက္ ေပ်ာက္သြားတဲ့ ယဲ့ရွားလုံအသံပင္။

"ယဲ့ယဲ့.... ဝင္ခဲ့ေလ"

       ယဲ့ရွားလုံက ဝင္လာၿပီး တံခါးကိုျပန္ပိတ္လိုက္သည္။

Continue Reading

You'll Also Like

79.9K 7.1K 61
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
466K 78.8K 46
သူသည် မာနထောင်လွှားပြီး မောက်မာဝံ့ကြွားလှသည့် အန်းမိသားစု၏ သခင်လေး အန်းကျီယန် ကိုယ်ထဲသို့ ကူးပြောင်းလာခဲ့၏။ သူကြုံတွေ့လိုက်ရသည့် ပထမဆုံး ပြဿနာမှာကား...
34K 3.7K 44
ဘာသာပြန်သူ စွဲညို့အသင်း
COTAW(2) By Blueberry

Historical Fiction

137K 24.9K 121
Book1က wallထဲမှာရှိပါတယ်နော်