တိမ်ယံလွှမ်းတဲ့တောင် / တိမ္ယံ...
By hinnthawethadar
45.9K 5.7K 39
Normal သိုင်းစာစဥ်လေးပါ Normal သိုင္းစာစဥ္ေလးပါ More
🦋Read🦋
🦋1🦋
🦋2🦋
🦋3🦋
🦋4🦋
🦋5🦋
🦋6🦋
🦋7🦋
🦋8🦋
🦋9🦋
🦋10🦋
🦋11🦋
🦋12🦋
🦋13🦋
🦋14🦋
🦋15🦋
🦋16🦋
🦋17🦋
🦋18🦋
🦋19🦋
🦋20🦋
🦋21🦋
🦋22🦋
🦋23🦋
🦋24🦋
🦋25🦋
🦋26🦋
🦋27🦋
🦋28🦋
🦋29🦋
🦋30🦋
🦋31🦋
🦋32🦋
🦋33🦋
🦋34🦋
🦋35🦋
🦋36🦋
🦋37🦋
🦋38🦋
🦋39🦋
🦋40🦋
🦋41🦋
🦋42🦋
🦋43🦋
🦋44🦋
🦋45🦋
🦋46🦋
🦋47🦋
🦋48🦋
🦋49🦋
🦋50🦋
🦋51🦋
🦋52🦋
🦋To read 🦋
🦋53🦋
🦋55🦋
🦋56🦋
🦋57🦋
🦋58🦋
🦋59🦋
🦋60🦋
🦋61🦋
🦋62🦋
🦋63🦋
🦋64🦋
🦋65🦋Final
🦋Continue🦋
🦋54🦋
479 70 0
By hinnthawethadar
Unicode
တိမ်ယံလွှမ်းတဲ့တောင်
                      🦋54🦋
"ဘာကိုပြောချင်တာလဲ"
"တကယ်တော့ ကျားဝါအဖိုးကြီးက အဖိုးလက်ထက်ကတည်းက ရှိခဲ့တာ.... သူကလုံးဝအသက်မကြီးသွားဘူး"
"ကြည့်ရတာ သူက နတ်ဘုရားအဆင့် ရောက်သွားပြီထင်တယ်"
"အဲ့တာတော့ လော့လော်လည်း မပြောတတ်ဘူး.... သူကရိယုံကို ခွန်အားကိုဝါးမျိုသူ ကျင့်စဥ်ကို ထုတ်ပေးခဲ့တယ်ဆိုရင် သူကလည်းအဲ့ဒီကျင့်စဥ်ကို တက်ကျွမ်းနေသူပေါ့ အဲ့တာဆို ပုဖောင်ရဲ့ကျိန်စာအမှတ်က သေချာပေါက် သူ့လက်ချက်ပဲဖြစ်မှာ"
"အင်း....."
"ပြီးတော့.... ကျင်းကိုကိုပြောမှ သတိရသွား​တာရှိတယ် အဲ့တာက ကျားဝါအဖိုးကြီးနဲ့ မယ်တော်ရဲ့ဆက်ဆံရေး...."
"သူတို့က ဘယ်လိုဆက်ဆံရေးရှိတာလဲ"
"သူ.... သူတို့က ဟဲဟဲ.... သူတို့က"
"ငယ်ချစ်ဦးတွေလား...."
"အဲ....."
       လော့လော် ဟွမ်ကျင်းရွှေပါးစပ်ကို လက်ဝါးသုံးကာ ပြေးပိတ်ရသည်။
"တိုးတိုးပြောပါ..."
"ဒီနားမှာ ဘယ်သူမှမရှိဘူး"
"ဟုတ်တယ်....ကျင်းကိုကို ပြောသလိုပဲ... အကယ်၍ ကျားဝါအဖိုးကြီးက ကိုယ်ရေးကိုယ်တာ အငြိုးကြောင့် ခမည်းတော်ကို တိုက်ခိုက်ချင်တယ်ဆိုရင် ထိပ်တိုက်ရင်ဆိုင်မှာ မဟုတ်ဘူး... သူကခမည်းတော်ကို မနိုင်ဘူးလေ.... အဲ့တာကြောင့် သူအစ်ကိုကြီးအနားကို ချဥ်းကပ်ခဲ့တာဖြစ်မယ်"
"အင်း.... ကိုယ်ရေးကိုယ်တာ အငြိုး?"
"မကြာသေးခင်က ယွိယွိသတင်းပို့တယ်.... ကျားဝါအဖိုးကြီးရဲ့ လှုပ်ရှားမှုတွေ တွေ့တယ်တဲ့... "
"ဘယ်မှာလဲ"
"ဒီနေရာမှာပဲ...."
"ဘာလို့စောစောစီးစီး မပြောတာလဲ"
       ဟွမ်ကျင်းရွှေက ထွက်သွားနေပြီ ။ လော့လော်သည် ဟွမ်ကျင်းရွှေလက်ကို အမြန်ပြေးဆွဲရင်း အနောက်ကို ပြန်လာခိုင်းရသည်။
"မသွားနဲ့အုံး.... ကျားဝါအဖိုးကြီး.... ရှီချိုး ပြန်မွေးဖွားလာတာ.... နောက်ပြီး ဦးလေးဟွမ် မြေပုံကိုဆက်ခဲ့ပြီး ဒေါ်လေးနဲ့ကျင်းကိုကိုအတွက် ချန်ထားခဲ့တာတွေ.... အသက်စွမ်းအင် စတေးခံရတာတွေ အဲ့တာတွေအားလုံးကို တွေးကြည့်လိုက်ရင် ဆက်စပ်နေမယ်လို့ မထင်ဘူးလား"
       ဟွမ်ကျင်းရွှေ ချက်ချင်းသဘောပေါက်သွားသည်။ သူသည် ပြုံးလျက် လော့လော်ကို အကြာကြီး စိုက်ကြည့်နေမိ၏။ မထင်ထားဘဲ လော့လော်က အဲ့တာတွေအားလုံးကို ဆက်တွေးပစ်တာပင်။
       သူသည်ရှေ့တိုး၍ လော့လော်နဖူးကို နမ်းလိုက်သည်။
"တော်လိုက်တာ....."
"ဟွန်း.... ချီးကျူးတာက နမ်းဖို့မှမလိုဘဲကို"
"နမ်းချင်လို့ပေါ့.... မင်းပြောသလိုဆို ကျားဝါအဖိုးကြီးက သေချာပေါက် သိုင်းနတ်ဘုရားအဆင့် ရောက်နေပြီပေါ့ ရန်းမျိုးနွယ်ရဲ့ သိဒ္ဓိစွမ်းအင်ကို ပြန်ကြည့်မယ်ဆိုရင် ပြန်မွေးဖွားနိုင်အောင် မလုပ်နိုင်ဘူး.... "
"ဘာလို့လဲ"
"သူက အသက်စွမ်းအင် စတေးခံထားရတဲ့သူလေ သူ့ဝိညာဥ်က တစ်ကွဲတပြားစီဖြစ်နေမှာ.... တစ်စုံတစ်ယောက်က သူ့ကိုပြန်ဆင့်ခေါ်လိုက်လို့ သူပြန်လာနိုင်တာ"
"ကျားဝါအဖိုးကြီးများလား"
       သူတို့နှစ်ယောက် လမ်းကြားထဲမှ ပြန်ထွက်လာခဲ့သည်။
"လော့လော်.... အဲ့ဒီအဖိုးကြီးက ဘယ်လိုနေရာတွေ သွားတတ်လဲ"
"သေရည်ဆိုင်...."
"ဟင်...."
       လော့လော်သည် လှမ်းတွေ့နေရသော သေရည်ဆိုင်ကို မျက်ရိပ်ပြလိုက်သည်။
"သူအသွားများတာကတော့ သေရည်ဆိုင်ပဲ"
       ဟွမ်ကျင်းရွှေသည် ပဝါခမောက်တစ်ခုကို ထုတ်၍ လော့လော်ခေါင်းပေါ် အုပ်ပေးလိုက်၏။ ပြီးနောက် ကြိုးချည်ပေးပြီး ပဝါဖြူတို့ကို သေသေချာချာ ချပေးလေသည်။ ကျားဝါအဖိုးကြီးက သူမကိုထိန်းပေးခဲ့ဖူးလို့ သူမကိုတွေ့ရင် သေချာပေါက် မှတ်မိလောက်ပေသည်။
"မျက်နှာကိုဖုံးထား...."
"အင်း...."
        လော့လော်လှမ်းပြသော သေရည်ဆိုင်သည် ကျင့်ကြံသူတို့စျေးကွက်တွင် တစ်ဆိုင်တည်းသာရှိသော နာမည်ကြီး သေရည်ဆိုင်ကြီးဖြစ်ကာ ပန်းခုနှစ်မျိုးသေရည် ၊ သစ်တော်ပွင့်သေရည် ၊ မက်မွန်သေရည် နဲ့ အခြားသော သေရည်များစွာကို တစ်နေရာတည်းမှာ ရနိုင်သော ဆိုင်ကြီးဖြစ်၏။
        သေရည်ကြိုက်နှစ်သက်သော သူများအတွက်ကတော့ ထိုနေရာက ရတနာသိုက်ကြီးပင်။ သူတို့ဆိုင်ထဲ ဝင်လာသည်နှင့် လှပသော မိန်းကလေးနှစ်ယောက်က ကြိုဆိုလေသည်။ သူမတို့သည် ခန္ဓာကိုယ်များကို နွဲ့နှောင်းကာဖြင့် သူတို့အား ဆွဲမည်အပြင်။
"သူ့ကိုမထိနဲ့"
"သူ့ကိုမထိနဲ့"
       နှစ်ယောက်လုံး တစ်ပြိုင်တည်း ပြောလိုက်သောအခါ မိန်းကလေးနှစ်ယောက်က ပြုံးစိစိနဲ့ နောက်ဆုတ်သွား၏။ သို့နှင့် သူတို့သည် စားပွဲအလွတ်တွင် နေရာယူလိုက်ပြီးနောက် ဟွမ်ကျင်းရွှေက သေရည်အိုးသုံးအိုး မှာလိုက်လေသည်။
       အပြင်မှာ အနည်းငယ် မှောင်ရီစပျိုးနေသော်လည်း ဆိုင်ထဲမှာတော့ လင်းထိန်နေသည်။ မီးပုံးများကို နေရာအနှံ့မှာ ချိတ်ဆွဲထားပြီး သေရည်နှစ်သက်တဲ့ ကျင့်ကြံသူတွေက အမူးသောက်ကြသည်။ သေရည်အိုးလာချသော ဟွမ်ကျင်းရွှေက သုံးအိုးလုံးကို သူ့ဘက်ယူလိုက်သည်။
"မင်းမထိနဲ့..."
"အင်းပါ...."
       ထိုစဥ် ဘေးဝိုင်းမှ ကျင့်ကြံသူတစ်ယောက်က သူ့အဖော် ဝတ်ရုံနီကို ပြောလေ၏။
"ငါမကြာသေးခင်က ကြားခဲ့တာ ရန်းမျိုးနွယ်က ရန်းမင်းသားက ဟုန်ကျင်းချင်ဂိုဏ်းကို လက်စားချေဖို့ ပြန်မွေးဖွားလာတယ်ဆိုပဲကွ.... ရန်းမျိုးနွယ်က နတ်ဆိုးလိုလို လူလိုလိုကောင်ကြောင့် အသက်စွမ်းအင်တွေ စတေးခံလိုက်ရတာ.... မင်းကြားဖူးတယ်မလား"
"ကြားဖူးသားပဲ...."
"သူပြန်လာတာ အရမ်းကြောက်ဖို့ကောင်းတယ်ပြောတယ်.... ဟုန်ကျင်းချင်ဂိုဏ်း ဒုဂိုဏ်းချုပ်ခေါ်သွားတဲ့ လူတစ်ဝက်သာသာလောက် သေကုန်ကြတယ်လေ.... "
"သူလက်စားချေတာက ထားပါ.... သူသတ်လိုက်တာက ရန်းမျိုးနွယ်ကို သိတောင်မသိတဲ့သူတွေ ပါတယ်လေ ဒါကြီးကတော့ ရက်စက်လွန်းပါတယ်ကွာ"
'ဒုန်း.....'
        ရုတ်တရက် လူတစ်ယောက်သည် ထိုစားပွဲကိုအားနဲ့ ခြေထောက်ထောက်လိုက်တာမို့ အသံကျယ်ကြီး မြည်သွားသည်။ ပတ်ဝန်းကျင်ကို တိုးတိုးတိတ်တိတ် အကဲခတ်နေသော လော့လော်ပင် တုန်တတ်သွား၏။ သူမအပါအဝင် အားလုံးသည် ထိုဝိုင်းသို့ အကြည့်ရောက်သွားကြသည်။
       စားပွဲပေါ် ​ခြေထောက်တင်ထားသူသည် စုတ်ပြဲနေသည့် အဝတ်အစားများကို မသေမသပ်ဝတ်ဆင်ထားပြီး ဆံပင်တွေကလည်း ဖွာကျဲနေသည်။ အမှတ်တမဲ့ဆို သူတောင်းစားနဲ့တောင် သွားတူနေသေး၏။
        ထိုသူက အရက်ကိုမော့သောက်လိုက်ပြီး စောစောက စကားပြောသော ဝတ်ရုံနီနဲ့ကောင်လေးကို ငုံ့ကြည့်လာသည်။
"မင်း..... မင်းကရန်းမင်းသား လက်စားချေတာကို လွန်တယ်လို့ ထင်တယ်ပေါ့...."
"မဟုတ်လို့လား"
"ဟား..... ဟားဟား.... တကယ်တော့ သူကမလွန်ဘူးကွ ဟုန်ကျင်းချင်ဂိုဏ်းကို သဲသဲလှုပ်ဝင်ချင်နေတဲ့ ကျင့်ကြံသူတွေကသာ လွန်တာ..... ဟားဟား...."
"ဒီလူရူးနေတာလား...."
"အရူးပါကွာ....."
       စားပွဲဝိုင်းမှ လူငယ်နှစ်ယောက်သည် ထိုသူတောင်းစား၏ ခြေထောက်ကို ခြေထောက်ကို ရိုက်ချပစ်လေသည်။ သူတောင်းစားသည် သူ့ခြေထောက် အရိုက်ခံလိုက်ရတာကို စိတ်မဆိုးဘဲ အရက်တစ်ငုံ့ထပ်မော့လိုက်၏။
       ထိုအချိန် ဟွမ်ကျင်းရွှေသည် သေရည်ခွက်ထဲ လက်ညှိုးထည့်လိုက်ကာ သူတောင်းစားပုံပေါက်နေသော သူထံ မြှားတစ်စင်းနှယ် ပစ်ခွင်းစဥ် သေရည်စက်က ထိုသူ၏ခန္ဓာကိုယ်ထဲ စွမ်းအင်တစ်ခုအသွင် ဝင်သွားလေတော့သည်။
        ဟွမ်ကျင်းရွှေက ခေါင်းကိုရှေ့တိုး၍
"လော့လော် သူလား...."
"မတူဘူး.... အသံကမတူဘူး...."
"အော်...."
       သူတောင်းစားပုံနဲ့ လူသည် အရက်တစ်ငုံ ထပ်မော့သောက်ပြီးနောက်
"ငါပြောမယ်.... မင်းတို့မသေချင်ရင် ရန်ငြိုးများတဲ့ အဲ့ဂိုဏ်းကိုမရွေးနဲ့....."
"ခင်ဗျားဘာသိလို့လဲ"
"ဟား..... သောက်ကလေး မင်းဘာသိလို့လဲ အဲ့ဒီဟုန်ကျင်းချင်ဂိုဏ်းချုပ်ရဲ့ ဘိုးဘေးက ရန်းမျိုးနွယ် တစ်ခုလုံးကို အသက်စွမ်းအင်စတေးပြီး သူတို့ရဲ့သိဒ္ဓိစွမ်းအင်တွေအားလုံးကို စုပ်ယူပစ် ပစ်လိုက်တာ.... အေ့....."
        သေရည်ဆိုင် တစ်ဆိုင်လုံး အပ်ကျသံပင် မကြားတော့လောက်အောင် တိတ်ဆိတ်သွားသည်။ ဟွမ်ကျင်းရွှေ နဲ့ လော့လော်သည်လည်း တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်မိသည်။
       သေရည်ဆိုင်ထဲရှိ ကျင့်ကြံသူတို့သည် ထိုသူတောင်းစားလေးဆီ အာရုံရောက်သွားကြပြီး သူဘာဆက်ပြောမလဲ ဆိုတာကိုပင် စိတ်ဝင်စားနေကြသည်။ သူတောင်းစားသည် အရက်ကိုထပ်မော့ပြီး နှုတ်ခမ်းတို့ကို သူ၏ဝတ်ရုံလက်ဖြင့် အကြမ်းပတမ်း သုတ်ပစ်တော့၏။
       ထို့နောက် သူကဆက်လာသည်။
"သူက သူကသိဒ္ဓိစွမ်းအင်တွေကို စုပ်ယူပြီးတော့... သူ့ဆရာကို ပြန်သတ်လိုက်တာ.... အယ်... ပြီးတော် သူကဂိုဏ်းချုပ်နေရာကို ယူလိုက်တယ်လေ မင်းတို့သိလား သူကမကောင်းဘူး.... သူ့ရဲ့မျိုးဆက်ကလည်း မကောင်းဘူး.... "
"အဲ့ဒီကိစ္စက ဟိုအရင်က ရာဇဝင်မှာပဲရှိခဲ့တာလေ"
"ဟုတ်တယ် အခုမှလာပြောတော့ ဘယ်သူကဘာလုပ်နိုင်မှာ မလို့လဲ.... မဟုတ်ဘူးလား"
       သူတောင်းစားက ထိုစကားကိုပြောလာသည့် လူငယ်ဘက်သို့လှည့်၍ လက်ညှိုးထောင်ပြသည်။ ထိုလက်ညှိုးကို ဘယ်ညာယိမ်းကာပြရင်း
"မင်းမှားနေပြီ.... မင်းတို့ပဲ စောစောကပြောတယ်လေ ရန်းမင်းသားက ဂိုဏ်းသားတွေကို သတ်ပစ်တယ်ဆိုတာ... မဟုတ်ဘူးလား သူလုပ်နိုင်တယ်.... အိုက်ယား..... "
       သူတောင်းစားသည် ခုံတစ်လုံးပေါ်ကို ပလက်လှန်ထိုင်ချလိုက်ပြီး အရက်တစ်ငုံ ထပ်မော့ပြန်သည်။ ရီဝေဝေနဲ့ သူ့မျက်လုံးတွေက ဟိုကြည့်သည်ကြည့် လိုက်ကြည့်ပြီးနောက် တစ်ယောက်ချင်းကို လက်ညှိုးလိုက်ထိုးလေ၏။
"မင်း.... မင်း.... မင်း..... ငါ့ကိုရူးထင်လို့ ထင်မနေနဲ့ ငါအသက်ရှင်လာတာ နှစ်ပေါင်း၆၀ ကျော်နေပြီကွ...."
"အရူးပါကွာ...."
"ဘယ်အရပ်ကလွင့်လာတဲ့ လေရူးတုန်း.... အရေးမပါတာတွေ လာပြောနေတယ်.... "
"ဟုတ်ပရှင်...."
       ဧည့်ကြိုမိန်းကလေးကလည်း ဧည့်သည်တစ်ယောက်ကို သေရည်ငှဲ့ပေးရင်း ဘေးကနေ ထောက်ခံပေးလေသည်။ လော့လော်သည် ဒူးပေါ်တံတောင်တင်လျက် ဟွမ်ကျင်းရွှေကို ငေးကြည့်လိုက်၏။
"ကျင်းကိုကို...."
"ဟင်...."
"ကျင်းကိုကိုရဲ့ဆေးစွမ်း မပြသေးဘူးလား"
"ပြတော့မယ်"
'ဒုန်း.....'
       သူတောင်းစားက ရုတ်တရက်ထ၍ စားပွဲကိုလက်ဝါးနဲ့ရိုက်ကာ သေရည်အိုးကိုလည်း ခွဲပစ်သည်။
'ခွမ်း!'
"မင်းတို့ ဘာသိချင်လဲ"
       လော့လော် မျက်လုံးအရောင်တို့ တောက်ပသွားသည်။ ဟွမ်ကျင်းရွှေသည် မတိုင်ခင်က သေရည်တစ်စက်နဲ့ အစီအရင်လုပ်ကာ ထိုသူ၏ခန္ဓာကိုယ်ထဲ ပစ်သွင်းခဲ့၏။ ထိုအစီအရင်က အရည်အလွန်အကျွံသောက်ထားသူကို အမူးလွန်ပြီး အမှန်အတိုင်း ပြောလာအောင် လုပ်ခြင်းပင်။
       သူတောင်းစားက ခုံပေါ်ကို ဝုန်းခနဲ ပြန်ထိုင်သွားစဥ် ကျင့်ကြံသူ လူငယ်လေးတစ်ဦးက သူရှေ့ကို လာထိုင်၏။ အလွန်အမင်း တောက်ပသော မျက်လုံးတို့ဖြင့် သူတောင်းစားကို ကြည့်လိုက်သည်။
"ကျွန်တော်သိချင်တာလေးရှိတယ်..."
"ဘာလဲ"
"အဲ့ဒီရန်းမျိုးနွယ်က ပျောက်ကွယ်သွားတာ ကြာပြီမဟုတ်ဘူးလား.... "
       တကယ်တော့ ထိုလူငယ်လေးသည် မိမိဆန္ဒသဘောဖြင့် ထိုသူရှေ့ကို ရောက်သွားခြင်းမဟုတ်ပေ။ သူသည် ဟွမ်ကျင်းရွှေ၏ စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်ခြင်းကို ခံလိုက်ရတာဖြစ်သည်။
       သူပြောနေတဲ့ စကားတွေကလည်း ဟွမ်ကျင်းရွှေပါးစပ်ကနေ ခပ်တိုးတိုးလေး ထွက်လာသော စကားလုံးများသာ ဖြစ်၏။
"ဟုတ်တယ်...."
"ဒါဆိုရန်းမင်းသားက ဘယ်လိုပြန်ရောက်လာတာလဲ.... သူ့ရဲ့အသက်စွမ်းအင်ကလည်း စတေးခံရတဲ့အထဲ ပါသွားတယ်မဟုတ်လား"
"ဟုတ်တယ်...."
"ဒါဆို.... သူဘယ်လိုပြန်လာတာလဲ"
"ဝိညာဥ်ဆင့်ခေါ်ခြင်း အစီအရင်ကြောင့်ပေါ့.... "
"ဟင်....."
"ဝိညာဥ်ဆင့်ခေါ်ခြင်း အစီအရင်?"
"ဒါက...."
"အဲ့ဒါသေတဲ့သူကိုတောင် ပြန်ရှင်အောင် လုပ်နိုင်တဲ့ အစီအရင်မဟုတ်လား.... အဲ့ဒါကိုဘယ်သူက တတ်မြောက်သွားတာလဲ...."
"ကောင်လေး ပြောစမ်း..... အဲ့ဒီအကြောင်း မင်းဘယ်ကနေ ကြားလာတာလဲ"
       အခြေအနေမဟန်တော့တာကြောင့် ဟွမ်ကျင်းရွှေ နှင့် လော့လော်သည် ထိုသူတောင်းစားထံ ကိုယ်ဖော့ပညာဖြင့် ပျံသန်းသွားပြီး လက်မောင်းကို တစ်ယောက်တစ်ဖက်ဆွဲကာ သေရည်ဆိုင်ထဲမှ ခေါ်ထုတ်လာခဲ့လေ၏။ အခြားသူတွေ လိုက်လာသေးလို့ စျေးကွက်ထဲ သုံးယောက်သား ပတ်ပြေးပြီးမှ တောထဲကို ရောက်ခဲ့သည်။
Zawgyi
                     🦋 54🦋
"ဘာကိုပြောချင်တာလဲ"
"အင်း....."
"ငယ်ချစ်ဦးတွေလား...."
"အဲ....."
"တိုးတိုးပြောပါ..."
"ဘယ်မှာလဲ"
"ဒီနေရာမှာပဲ...."
"တော်လိုက်တာ....."
"ဘာလို့လဲ"
"သေရည်ဆိုင်...."
"ဟင်...."
"မျက်နှာကိုဖုံးထား...."
"အင်း...."
        လော့လော်လှမ်းပြသော သေရည်ဆိုင်သည် ကျင့်ကြံသူတို့ဈေးကွက်တွင် တစ်ဆိုင်တည်းသာရှိသော နာမည်ကြီး သေရည်ဆိုင်ကြီးဖြစ်ကာ ပန်းခုနှစ်မျိုးသေရည် ၊ သစ်တော်ပွင့်သေရည် ၊ မက်မွန်သေရည် နဲ့ အခြားသော သေရည်များစွာကို တစ်နေရာတည်းမှာ ရနိုင်သော ဆိုင်ကြီးဖြစ်၏။
"သူ့ကိုမထိနဲ့"
"သူ့ကိုမထိနဲ့"
"မင်းမထိနဲ့..."
"အင်းပါ...."
"ကြားဖူးသားပဲ...."
'ဒုန်း.....'
"မဟုတ်လို့လား"
"ဒီလူရူးနေတာလား...."
"အရူးပါကွာ....."
"လော့လော် သူလား...."
"မတူဘူး.... အသံကမတူဘူး...."
"အော်...."
"ခင်ဗျားဘာသိလို့လဲ"
"အရူးပါကွာ...."
"ဟုတ်ပရှင်...."
"ကျင်းကိုကို...."
"ဟင်...."
"ပြတော့မယ်"
'ဒုန်း.....'
'ခွမ်း!'
"မင်းတို့ ဘာသိချင်လဲ"
"ဘာလဲ"
"ဟုတ်တယ်...."
"ဟုတ်တယ်...."
"ဟင်....."
"ဒါက...."
Continue Reading
You'll Also Like
41.9K 4.9K 79
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
75.2K 6.8K 60
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
618K 73.4K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
1.5M 183K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...