The Stranger I love (System)

By khunsin

402K 43.4K 1.3K

လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအေ... More

မိတ်ဆက်
Arc 1.1 Modern World (Hong Lei)
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18 🔞
End of Arc 1 - (1.19) Back to System Space
Arc 2.1 (Ting Bai Ling ) Gér
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Musical Instruments
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 3.1 Game World - Hikari Shou
Arc 3.2
Arc 3.2 Extension
Arc 3.3
Arc3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1 (Nathan Clark - Apocalypse)
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14

Arc 3.10

4.3K 537 20
By khunsin

ရှင်း အကူအညီနှင့် Hidden ဖြစ်နေသော  Marriage Quest များပါမကျန် အားလုံး လုပ်အပြီးမှာ Skill အနည်းငယ်နှင့် Couple Skin (Character ဝတ်စုံ ) တစ်စုံ ရရှိသည်။ ထိုဝတ်စုံမှာ HP/Def/နှင့် Crit Dmg ကို 20% တက်စေပြီး ရှိရှိသမျှသော SL မှာ ရှိတဲ့ skin တွေထဲမှာ  အကောင်းဆုံးနှင့် အရှားပါးဆုံး ဖြစ်သည်။

ဒီလိုနဲ့ တဖြည်းဖြည်းချင်း တိုက်ခိုက်ကာ နောက်ဆုံး Boss ကို တိုက်ခိုက်ရမည့် အချိန်သို့ ရောက်လာလေပြီ။ ဆယ့်လေး ငါးယောက် အဖိတ်အစင် ရှိခဲ့ပေမယ့် Shou က သူတို့ဆီ ချက်ချင်း သွားရောက်ပြီး body များကို Light ၏ မြေအောက်ခန်းထဲတွင် ထိန်းသိမ်းထားသည်။

နောက်ဆုံး Boss က Crying Maiden ငိုနေသောမိန်းကလေးဟု ခေါ်ပြီး Difficulty level ဆယ်ဆပိုခက်တယ်လို့  Leak သတင်းထွက်ထားတာမို့ အားလုံးက အတူတူတိုက်ရန် သဘောတူထားသည်။ ထို့ပြင် ထိုBoss ရဲ့ Damage ထွက်နှုန်းက အရမ်းများတာမို့ တချက်ထိလိုက်တာနှင့် သေသွားနိုင်သော Level နိမ့်သည့် playerများ၊ HP နည်းသည့် player များနှင့် မသင့်တော်ချေ။ ထို့ကြောင့် တိုက်ခိုက်ည့်သူများမှာ အနိမ့်ဆုံး lvl90 နှင့် HP 25000 ရှိရမည်ဟု သတ်မှတ်လိုက်သည်။

weapon lvl နိမ့်နေလျှင်လည်း ဘာမှ အကျိုး သက်ရောက်မှု မရှိပေ။ Healer တွေရဲ့စွမ်းအားကို အပိုဖြုန်တီးရာပဲ ရောက်နေမည် ဖြစ်တာကြောင့် အမြင့်ဆုံးထိ refine လုပ်ထားသော weapon ပိုင်ဆိုင်သောသူများသာဟု တိုက်ခိုက်ရန် ကန့်သတ်လိုက်သည်။

ထိုကန့်သတ်ချက်များက Hanzo နှင့် အခြားGuild များ တိုင်ပင်၍ ထုတ်သော စည်းကမ်းဖြစ်ပေမယ့် တကယ်တန်းအဆင့်မှီသောသူများမှာ Light က အများဆုံး ဖြစ်နေသည်။

Sono ၏ မဖြစ်မနေလုပ်ရမည့် mission များတွင်level တင်သည့် mission များ ပါဝင်ပြီး Shou နှင့် Blade ၏ ကုန်ကြမ်းထောက်ပံ့မှုကြောင့် Light မှ Player များက အခြေအနေတစ်ခု ရောက်သည်နှင့် lvl90 weapon အနည်းဆုံး တစ်ခုတော့ ပိုင်ဆိုင်သည်။

Level 90 ထိ မြှင့်ဖို့ဆိုတာ သတ်မှတ်သည့်ရက်တွင်ပေးသော ကုန်ကြမ်းကို သတ်မှတ်သည့်နေရာမှာ တိုက်ခိုက်ရယူရသည့်အပြင် အကန့်အသတ်နှင့်သာ ရသည် ဖြစ်သောကြောင့် စိတ်ရှည်လက်ရှည် ခဏခဏ သွားတိုက်ယူရသည်။ ထို့ပြင် Refine လုပ်လျှင် ကျွမ်းကျင်ပါက လက်နက် upgrade ဖြစ်သွား၍ မကျွမ်းကျင်ပါက fail ဖြစ်သွားပြီး လွှင့်ပစ်ရတတ်သည်။ ထိုကိစ္စအတွက် Light ကို ခွဲခြမ်းစိတ်ဖြာမှုကောင်းသော Chiyo Iku က ကူညီပေးသည်။

Shou ၏ လက်နက်များတွင်မူ Shinki မြှား နှင့် Reiki ဓားကို ကို lvl70မှ 90ထိ ထပ်မြှင့်ရပြီး Sekki နှင့် Tsuki မှာ မြှင့်စရာမလိုပဲ upgrade ရတာနဲ့ lvl90 ချက်ချင်းတက်သွားသည်။
________

တိုက်ခိုက်ဖို့ ချိန်းထား​သော အချိန်နီးပြီ ဖြစ်၍ လူအင်အားအများဆုံးပါသော Light ရှေ့တွင် အားပေးသူ နှုတ်ဆက်သူများနှင့် စည်ကားနေသည်။ ဟန်ဆောင်ကာ ပြုံးပြနေကြပေမယ့် အားလုံးစိတ်ထဲမှု စိုးရိမ်မှု ကိုယ်စီရှိသည်။

Shiro Kuro နှင့် Aki ကတော့ ပျော်ပျော်နေတတ်သူမို့ စနောက်လျှက်သာ ပြေးလွှားဆေ့ာကစားနေသည်။

Sono နှင့် တိုးရူက လက်ချင်းချိတ်၍ ရောက်လာသည်မို့ အားလုံးက ဩဘာပေးနေသည်။ Fan မိန်းကလေးအချို့က ဝမ်းနည်းသွားပေမယ့် လိုက်ဖက်ညီမှုရော၊ တိုးရူရဲ့ ကြိုးစားမှု အရည်အချင်းနဲ့ ပေးဆပ်ပြီး ရှေ့တန်းထွက်မည့်အကြောင်း သိထားတာရောကြောင့် တားဆီးပိတ်ပင်ခြင်းမရှိပဲ လက်ခုပ်တီးပေးကြသည်။

Shou နှင့် Kou ရဲ့ marriage announcement က sever တစ်ခုလုံး သိနေတာဖြစ်ပေမယ့် Devilish နှင့် Blade, Toru တို့ကသာ အမှန်တကယ် ချစ်ကြိုက်နေမှန်း သိကြပြီး အများစုက marriage quest ရဲ့ ရတဲ့ ဆုလာဒ်ကြောင့် လက်ထပ်ထားခြင်းဟုသာ ထင်မြင်ကြတာမို့ အနည်းငယ် ဝေဖန်မှုများ ထွက်ပေါ်ပြီး အေးအေးဆေးဆေး ဖြစ်သွားကြသည်။ Kou က Shou ကို ထမ်းခေါ်သွားသည်ကို မြင်လိုက်သော သူအချို့ကမူ ယခုထိ ငြင်းနေဆဲပင်။

Shou နဲ့ Kou က လက်ချင်းချိတ်မထားပေမယ့် ပုခုံးချင်းယှဉ်လျှက် စကားပြောလာသည်။ Kou က Shou ကို ဟာသတစ်ခု ပြောပြနေပုံရပြီး Shou က ချစ်စဖွယ် ခပ်ဟဟ ရယ်နေသည်။ နှစ်ယောက်လုံးက ယခု တိုက်မည့် တိုက်ပွဲအတွက် ဖိစီးမှု စိုးစင်းမျှ ရှိဟန်မတူပေ။ သူတို့နှစ်ယောက်ကို ကြည့်ရတာ ညအမှောင်မှ ထွက်လာသော ပြည့်ဝန်းတဲ့ လမင်းကဲ့သို့ မျှော်လင်းခြင်းအလင်းရောင်ကို ပေးသည်။ စိုးရိမ်ပူလောင်ခြင်းများကို အေးမြသက်သာစေသည်။

"လူစုံပြီမလား သွားစို" Kou ရဲ့ ဆော်ဩမှု နောက်မှာ တိုက်ခိုက်မည့်သူများ တိတ်တဆိတ် လိုက်ပါလာသည်။ ယခုတိုက်ရမည့် တိုက်ပွဲက ဘဝမှာ အကြီးမားဆုံး အလောင်းအစားပင်။ ကံကောင်းတာက သူတို့ဘက်မှာ Kou နှင့် Shou ဟူသော ခေါင်းဆောင် နှစ်ယောက် ရှိသည်။

Boss ရှိရာ တောထဲကို player များ တဖြည်းဖြည်း ဝင်ရောက်လာသည်။ Boss ကို မတွေ့ရခင်ကို တလျှောက်လုံး အတိုက်ခိုက် ခံလာရပြီး အဆိုးဆုံးက ပင့်ကူဥများနှင့် သွေးစုပ်လင်းနို့များဖြစ်သည်။ လင်းနို့များကြောင့် မြှားသမားများ အလုပ်ရှုပ်သွားပြီး ပင့်ကူအကောင်ပေါက်များကလည်း အဆိပ်ရည်များနှင့် တိုက်ခိုက်သည့်အပြင် ကိုက်လျှင်လည်း Damage လျှော့သေးသည်။ ထိပ်တန်း player များမို့ အေးအေးဆေးဆေး ခုခံတိုက်ခိုက်နိုင်ပေမယ့် Shou က ဒုက္ခရောက်နေသည်။

ပင့်ကူကြောက်တဲ့သော Akiမှာ သူအားကိုးရဆုံးသူဟု ယူဆထားသော Shou ပေါ် ဇွတ်ခုန်တက်နေပြီး တင်းနေအောင် ဖက်ထားတာမို့ Shou က လှုပ်မရပဲ ဖြစ်နေကာ Kou နှင့် Kuro က ကာကွယ်ပေးထားရသည်။

Kou က အနီးဆုံးပင့်ကူများကို ရှင်းပြီးနောက် Shou ပေါ်မှ Akiကို ဆွဲခေါ်ကာ ကုန်းပိုးလိုက်သည်။
"မျက်စိမှိတ်ထား။ ငါဓားလွှဲတာကို အနှောင့်အယှက် မဖြစ်စေနဲ့။ ပင့်ကူမရှိတော့ရင် ပြောမယ်" Kou ရဲ့ ဒေါသထွက်နေတဲ့ အသံက The Akiကို အနည်းနှင့်အများ ငြိမ်သက်သွားစေသည်။ ပင့်ကူထက် Kou က ပိုကြောက်စရာကောင်းသည်။

ထို့နောက် မိန်းကလေးတစ်ယောက်၏ ငိုသံလိုလို ညည်းသံလိုလို ခြောက်ခြားစရာ အသံနှင့် အတူ Fox Demon များ၏ မာန်ဖီသံများ ကြားလာရသည်။ Fox demon သုံးကောင်ဟု ကြိုသိထားပေမယ့် အကောင်လိုက် မြင်လိုက်ရတော့ ထိတ်လန့်သွားကြသည်။ Fox demon များက player များနှင့် ယှဉ်လျှင် အဆမတန်ကြီးမားနေပြီး နီရဲနေသည့် မျက်လုံးများက ရန်လိုနေကြောင်း ဖော်ပြနေသည်။

Fox တကောင်ထဲတောင် မနည်း တိုက်ခိုက်ရသည့် အခြေအနေမှာ သုံးကောင်တိုက်ခိုက်ရမည်မို့ လူများပေမယ့် ခွဲ၍ ကိုယ်စီ တိုက်ခိုက်နေရသည်။

Aki နှင့် Shou က Blade တွဲ၍ နှစ်ဖက်လွှဓားကို သုံပြီး Fox တစ်ကောင်ကို  ရှေ့ဆုံးမှ ချနေသည်။ Kuro က Sniper သုံး၍ Head Shot ချည်း ပစ်နေပြီး အမြန်သွေးလျော့အောင် ကူညီသည်။ Fox ၏ အမြှီးရိုက်ချက်နှင့် ကုတ်ဆွဲချက်တွေကို အလွန်လျှင်မြန်သော Aki နှင့် Shou သာရှောင်နိုင်ပြီး အခြား Knight များမှာ ထိမိတိုင်းလွင့်လွင့် ထွက်လာသည်။ Healer များမှာ မနားရပဲ ဆက်တိုက် အလှည့်ကျ Healer ပေးနေပြီး အကာအကွယ်များနှင့် စွမ်းရည်မြှင့်တင်ပေးသော မန္တန်များ သုံးပေးနေသည်။

ဆိုနိုက ကျွမ်းကျင်ရာဖြစ်သောဓားကြီးကို ပြန်ကိုင်ထားပြီး Kou နှင့် အတူ ရှေ့ဆုံးမှ တိုက်ခိုက်နေသည်။ ဓားကြီးကိုင်သူမို့ ခုတ်တာနှေးတာကြောင့် Fox တိုက်ခိုက်မှုကို မရှောင်နိုင်ပေ။ သို့သော် ဆိုနိုကို တိုးရူက အားဖြည့်ပေးထားပြီး Kou ကတော့ ရှောင်တိမ်းကာ တိုက်ခိုက်လျှက်ရှိသည်။ Shiro က Kuro နည်းတူ Headshot ပစ်ပြီး မြန်မြန်သေစေရန် ကူညီပေးသည်။

နောက်တစ်ကောင်ကို Iku ခေါင်းဆောင်သော အဖွဲ့က တိုက်ခိုက်နေပြီး Hanzoခေါင်းဆောင်သော အဖွဲ့က Maiden ကို တိုက်ခိုက်နေသည်။

'ဖေးရဲ့ .. Hanzo က Maiden ကို တိုက်နေပြီ။ Fox တွေ မသေခင် Maidenက သွေး50% လျော့သွားလို့ ကောင်မလေးငိုရင် Fox တွေ စိတ်တိုပြီး အရမ်းကြမ်းလာလိမ့်မယ်'
'ဟာ .. မင်း စောစောက မပြောဘူး'
'Story Line မှာ မပါဘူးကွ။ ငါအခုမှ ဆိုနိုသေရတဲ့ အကြောင်း ရှာရင်း တွေ့လို့။ မင်းငါ့ကို ကျေးဇူးတောင် တင်သင့်သေးတယ်'
'အေးပါကွာ'

"Bro Hanzo , Maiden ကို မတိုက်နဲ့။ Fox တွေ သေမှ တိုက်" ဟု တိုက်ခိုက်ရင်းကပင် လှမ်းအော်လိုက်သည်။ သို့သော် Hanzo က Shou နှင့် Kou ကို အခဲမကျေနေသူမို့ စကားနားမထောင်သည့်မပြင် ပို၍ပင် ကြမ်းကြမ်း တိုက်ခိုက်လာသည်။

'ဟာ သွားပြီ' သတိလက်လွတ်နှင့် မဆင်မခြင်အသိပေးလိုက်မိတဲ့ ကိုယ့်ကိုယ်ကို ဆယ်ခါပြန် ရိုက်ချင်သွားသည်။Hanzo ကို တားမရလျှင် Fox demon တွေကို မြန်မြန်သတ်မှ ရတော့မည်။ 

Shou အံတင်းတင်းကြိတ်ကာ မိမိဆီပြေးဝင်၍ ကိုက်ဖို့ ဟန်ပြင်နေသော Fox ကို မရှောင်တော့ပဲ Shinki ကို ထုတ်၍ အသံနှစ်မျိုးနှင့် ရေခဲမြှား 9ချောင်းထုတ်ကာ တုံ့ဆိုင်းစေသည်။ ထို့နောက် လေထဲ၍ တပတ်ကျွမ်းထိုးပြီး
"Aki"
Aki က အလိုက်သိစွာ ဓားနှစ်ချောင်းကို ယှက်၍ လခြမ်းဓား ပစ်သကဲ့သို့ လှည့်၍ပစ်ပေးသည်။ ထိုသို့လှည့်၍ ပစ်ပေးခြင်းက ပစ်ပေးလိုက်သူဆီကို ဓားပြန်ရောက်စေသည်။  ထို့နောက် စင်္ကြာအနည်းငယ်ဖြင့် Fox ကို မလှုပ်အောင် ထိန်းထားပေးသည်။ Aki ၏ ဓားကို အားပြုလျှက် Shou က ခုန်တက်သွားပြီး ငယ်ထိပ်ကို Reiki ဓားနှစ်ချောင်းဖြင့် ထိုးချလိုက်သည်။ ထို့နောက် Foxကိုယ်တလျှောက် ပြေး၍ ခုတ်ဖြတ်လိုက်ပြီး လှလှပပလေး တစ်ပတ်ကျွမ်းထိုးကာ ပြန်ကျလာသည်။ Aki ကလည်း ပြန်လာနေသော ဓားပျံကို ပြန်ဖမ်းလိုက်သည်။ 

အဖြစ်အပျက်က လျှပ်ပြက်သလို မြန်ဆန်လှသည်။ ဒီလို ပူးပေါင်းမှုမျိုးကို တစ်ယောက်ကို တစ်ယောက် နားလည်သော ယုံကြည်သော Devilish အဖွဲ့သားများသာ လုပ်နိုင်သည်။ Fox demon တစ်ကောင် ကျသွားသည်နှင့် Shouတို့  Kou ဘက်သို့ ချက်ချင်းခုန်ဝင်သွားသည်။ Kou ကလည်း Shou ခုန်ဝင်လာတဲ့အချိန်မှာ နောက်ဆုံးဓားချက်ထုတ်ပြီး လက်စသိမ်းပေးလိုက်ပြီ ဖြစ်သည်။

Shou တို့ အချိန်မဆွဲပဲ Iku ဆီ ပြေးသွားပေမယ့် အနည်းငယ် နောက်ကျသွားပြီး Maiden က ငိုနေပြီ ဖြစ်သည်။ Fox demon က အဝါရောင် မီးတောက်များ ထွက်လာကာ အူလိုက်ပြီး စောစောကထက် ဆယ်ဆပိုသန်မာသောအားဖြင့် တိုက်ခိုက်လိုက်လာသည်။ ဝိုက်၍ ခုန်အုပ်ချက်တစ်ချက်မှာ တိုက်ခိုက်နေတဲ့သူ အားလုံးနီးပါး ထိသွားပြီး အတော်များများ သွေးအနည်းငယ်သာ ကျန်တော့သည်။

Shou က အားလုံး သွေးလျော့သွားတာကြောင့် သူ့ရဲ့ Healing skill ကို သုံးလိုက်ရပြီး နောက်ချန် နေခဲ့ရသည်။ ပြန်ထပြီးဝင်သွားတဲ့ Kou Sono နဲ့ Iku ကို Shinki မြှားကို သုံးလျှက် မန္တန်တီး၍ Damage Sheild ကာပေးလိုက်သည်။ ထို့နောက် အကူမန္တန်အများအပြား ထပ်တီးခတ်လိုက်ပြီး ရှိရှိသမျှသော Stats များကို နှစ်ဆတိုးစေသည်။

ထို့ပြင် အားလုံးကို Shield တစ်မျိုး ကာပေးထားပြီး ထိုShield က ဘယ်လောက်ပဲ Damage ထိပါစေ မနည်းဆုံး HP 5 ကျန်အောင် ကူညီပေးသည်။ ထိုကဲ့သို့သော ပုံမှန်မဟုတ်သည့် မန္တန်များက ဖေးရဲ့၏ Sonic Martial Art skill ကြောင့်သာ ဖြစ်ပြီး တကယ့် SL Game ထဲမှာ ထိုကဲ့သို့ ပေါက်ကရ မန္တန်မျိုး မရှိပါချေ။

Hanzo က အခုမှ Shou ဘာကြောင့် တားရသလဲဆိုတာ နားလည်သွားသည်။ သို့သော် နောက်လည်း ကျသွားပြီ ဖြစ်တဲ့အပြင် သူသာ Maiden ကို သတ်နိုင်ရင် Fox လည်း ပျောက်သွားမှာမို့ ခေါင်းမာလျှက် ဆက်ခုတ်နေသည်။

သူ့အတွေးထဲတွင်မူ Kou နဲ့ Shou သေသွားလည်း အေးတာပဲ .. Maiden သာ သေသွားရင် သူ့နာမည်သာ ကျန်မှာမို့ ဘယ်လို တွေးတွေး အမြတ်ချည်းပဲဟု စဉ်းစားပြီး ပို၍ပင် အားအကုန်သုံး၍ တိုက်ခိုက်လာသည်။ သို့သော် လင်းနို့အများကြီးနှင့် ခုခံနေသော Maiden ကို မြှားရော AOE သမားရော မရှိတဲ့ Hanzo အဖွဲ့က လွယ်လွယ်နှင့် မသတ်နိုင်ချေ။

Fox ကို Iku နှင့် Kou က သတ်ဖြတ်လိုက်သည်။ Fox သေသွားသည်နှင့် Maiden က စူးစူးဝါးဝါးအော်ဟစ်ငိုယိုကာ သူမကိုယ်တိုင် Monster အသွင်ကို ပြောင်းသွားသည်။
လက်သည်းများက ကြောက်စရာကောင်းအောင် ချွန်ထက်နေပြီး မျက်လုံးများက ရက်စက်သော အသွင်ကို ဆောင်သည်။ ထိုစဉ် လက်နှစ်ဖက်က ရှည်ထွက်လာတာကြောင့်

"သတိထား"
Shou ရဲ့ သတိပေးမှုကြောင့် Kuro နဲ့ Toru က နောက်ဆုတ်လိုက်ပေမယ့် ကျန်သူများက မိမိလက်နက်ကိုထုတ်၍ ကာလိုက်ကြသည်။ အံ့ဩစရာကောင်းတာက ထိုလက်သည်းဖြင့် ကုတ်ခံရသော lvl 90 ထိ မြှင့်ထားသော လက်နက်များမှာ ကျိုးပဲ့ကုန်လေသည်။ 

Lvl 90ထိ မြှင့်ထားတဲ့ လက်နက်တောင် ကျိုးတယ်ဆိုတော့ သူတို့ကိုများ တိုက်ရိုက် ထိခဲ့လျှင် HP မှ ကျန်ပါတော့မလားဟု တွေးရင်း ကြောက်ကုန်သည်။

Maiden က  player များအားလုံးကို သူမရဲ့ လက်ရှည်ကြီးများနှင့် လိုက်ရိုက်ချနေသည်။ Damage အရမ်းများတာကြောင့် လက်နက်နှင့် ကာလို့မရသည့်အပြင် သူမက လက်ကို အရှည်လိုသလို ဆွဲထုတ်နိုင်တာမို့ ရှောင်ဖို့ရာလည်း ခက်ပြီး ဘာမှ ပြန်လုပ်မရပဲ အသားလွတ် အချခံရသလို ဖြစ်နေသည်။

တိုက်ခိုက်ရင်း အတော်များများ လက်နက်မဲ့ ဖြစ်သွားကာ အချိန်တိုအတွင်း လျော့လျော့လာသောသွေးများက ပြန်ဖြည့်ပေးဖို့ရာပင် အလျှင်မမှီတော့မို့ player အတော်များများ ထွက်ပြေး ပုန်းရှောင်နေရသည်။

ယခင်ဘဝတွင် ရော ယခုဘဝတွင်ပါ ဒီလိုအချိန်တွင် နောက်ဆုံးထိ တိုက်ခိုက်သူများက Devilish များသာ ဖြစ်ပြီး ယခင်ဘဝတုန်းက Kou က အနိုင်တိုက်ခိုက်နိုင်ပေမယ့် ဆိုနိုကတော့ တိုးရူကို ကယ်ဖို့အတွက် အသက်ပေးခဲ့ရသည်။

ထိုစဉ် maiden က Kou ဆီဦးတည်တာ တွေ့ရသည်မို့ လက်နက် ကျိုးသွားသော Kou အတွက် Shou က Sekki ကို ပစ်ပေးလိုက်သည်။ ခရမ်းရောင်လျှပ်စီးဓားတစ်ချောင်း Kou ဆီသို့ အလင်းတန်းအလျင်နှုန်းနဲ့ ပြေးဝင်လာသည်။ Kou က လှလှပပလေး ဖမ်းယူကာ ခုတ်ပိုင်းပစ်လိုက်သည်။ maiden နောက်သုံးလှမ်းဆုတ်သွားသည်။

Shou က "Tsuki"

"Tsuki" ဆိုသည့် အသံကြားသည်နှင့် မသိတဲ့သူများက Shou တခါမျှ ထုတ်မသုံးသော လက်နက်ဟုသာ နားလည်ပေမယ့် Kou က ထိတ်လန့်သွားသည်။  ဆံထိုးမှ အသွင်ပြောင်းထားသော Mage ၏ အဆောင် Tsuki ။ Mage Class ကို တိုက်ခိုက်ရေးမှာ တခါမျှ ထုတ် မသုံးဖူးသော Shou။

"Shou မင်း"
"ရတယ် ငါ ဘာမှ မဖြစ်ဖူး"

Shou က ပြုံးကာ လက်ကိုဆန့်ထုတ်လိုက်သည်နှင့် Hydro စွမ်းအင်နှင့်လုပ်ထားသော ငှက်သဏ္ဍာန်တစ်ခု ပြေးသွားပြီး maiden ကို သွားထိသည်။ Maiden လဲသွားပြီး တော်တော်နဲ့ မထနိုင်ချေ။ Damage 150k ဟုသည့် စာပေါ်လာသည်။ ဆိုနိုက 

"Oh My God .. ငါ့ရဲ့ဓားကြီးတောင် တချက်ခုတ်မှ 100k ပဲ ထွက်တာ"

"Shou lvl 100 Black Mage" ဆိုသော Badge က Shou ရဲ့ player character ဘေးမှာ ထင်းခနဲပေါ်လာသည်။

Shiro က မယုံနိုင်စွာဖြင့်
"Black Mage? ... Shou က Black Mage လား"

Aki
"အကို Shou ... တကယ်ကြီးလား"

Sono > Kou
"Kou သူ .. တကယ်ပဲလား။ ဒါဆို သူ ..."
"ဟုတ်တယ် .. သူပဲ .. ဟိုနေ့က 7ယောက် မသေဘူး။ သူ Revive လုပ်ပေးထားတယ်။ ဒီကြားထဲက သေတဲ့ သူတွေလည်း မြေအောက်ခန်းမှာ နားနေကြတယ်။ အဲ့တာကြောင့် သူ အားနည်း နည်းနေတာ"
"Shou.. မင်း .. တကယ်ပဲ ..."

Shou >
"ဟုတ်တယ် .. တကယ်တော့ ကျနော်က Black Mage ပဲ"

(A/N Black Mage အကြောင်း မေ့နေလျှင် 3.2 extension ကို ပြန်ဖတ်နိုင်ပါတယ်)

🟥🟥🟥🟥🟥🟥

ရွင္း အကူအညီႏွင့္ Hidden ျဖစ္ေနေသာ  Marriage Quest မ်ားပါမက်န္ အားလုံး လုပ္အၿပီးမွာ Skill အနည္းငယ္ႏွင့္ Couple Skin (Character ဝတ္စုံ ) တစ္စုံ ရရွိသည္။ ထိုဝတ္စုံမွာ HP/Def/ႏွင့္ Crit Dmg ကို 20% တက္ေစၿပီး ရွိရွိသမွ်ေသာ SL မွာ ရွိတဲ့ skin ေတြထဲမွာ  အေကာင္းဆုံးႏွင့္ အရွားပါးဆုံး ျဖစ္သည္။

ဒီလိုနဲ႔ တျဖည္းျဖည္းခ်င္း တိုက္ခိုက္ကာ ေနာက္ဆုံး Boss ကို တိုက္ခိုက္ရမည့္ အခ်ိန္သို႔ ေရာက္လာေလၿပီ။ ဆယ့္ေလး ငါးေယာက္ အဖိတ္အစင္ ရွိခဲ့ေပမယ့္ Shou က သူတို႔ဆီ ခ်က္ခ်င္း သြားေရာက္ၿပီး body မ်ားကို Light ၏ ေျမေအာက္ခန္းထဲတြင္ ထိန္းသိမ္းထားသည္။

ေနာက္ဆုံး Boss က Crying Maiden ငိုေနေသာမိန္းကေလးဟု ေခၚၿပီး Difficulty level ဆယ္ဆပိုခက္တယ္လို႔  Leak သတင္းထြက္ထားတာမို႔ အားလုံးက အတူတူတိုက္ရန္ သေဘာတူထားသည္။ ထို႔ျပင္ ထိုBoss ရဲ႕ Damage ထြက္ႏႈန္းက အရမ္းမ်ားတာမို႔ တခ်က္ထိလိုက္တာႏွင့္ ေသသြားႏိုင္ေသာ Level နိမ့္သည့္ playerမ်ား၊ HP နည္းသည့္ player မ်ားႏွင့္ မသင့္ေတာ္ေခ်။ ထို႔ေၾကာင့္ တိုက္ခိုက္ည့္သူမ်ားမွာ အနိမ့္ဆုံး lvl90 ႏွင့္ HP 25000 ရွိရမည္ဟု သတ္မွတ္လိုက္သည္။

weapon lvl နိမ့္ေနလွ်င္လည္း ဘာမွ အက်ိဳး သက္ေရာက္မႈ မရွိေပ။ Healer ေတြရဲ႕စြမ္းအားကို အပိုျဖဳန္တီးရာပဲ ေရာက္ေနမည္ ျဖစ္တာေၾကာင့္ အျမင့္ဆုံးထိ refine လုပ္ထားေသာ weapon ပိုင္ဆိုင္ေသာသူမ်ားသာဟု တိုက္ခိုက္ရန္ ကန္႔သတ္လိုက္သည္။

ထိုကန္႔သတ္ခ်က္မ်ားက Hanzo ႏွင့္ အျခားGuild မ်ား တိုင္ပင္၍ ထုတ္ေသာ စည္းကမ္းျဖစ္ေပမယ့္ တကယ္တန္းအဆင့္မွီေသာသူမ်ားမွာ Light က အမ်ားဆုံး ျဖစ္ေနသည္။

Sono ၏ မျဖစ္မေနလုပ္ရမည့္ mission မ်ားတြင္level တင္သည့္ mission မ်ား ပါဝင္ၿပီး Shou ႏွင့္ Blade ၏ ကုန္ၾကမ္းေထာက္ပံ့မႈေၾကာင့္ Light မွ Player မ်ားက အေျခအေနတစ္ခု ေရာက္သည္ႏွင့္ lvl90 weapon အနည္းဆုံး တစ္ခုေတာ့ ပိုင္ဆိုင္သည္။

Level 90 ထိ ျမႇင့္ဖို႔ဆိုတာ သတ္မွတ္သည့္ရက္တြင္ေပးေသာ ကုန္ၾကမ္းကို သတ္မွတ္သည့္ေနရာမွာ တိုက္ခိုက္ရယူရသည့္အျပင္ အကန္႔အသတ္ႏွင့္သာ ရသည္ ျဖစ္ေသာေၾကာင့္ စိတ္ရွည္လက္ရွည္ ခဏခဏ သြားတိုက္ယူရသည္။ ထို႔ျပင္ Refine လုပ္လွ်င္ ကြၽမ္းက်င္ပါက လက္နက္ upgrade ျဖစ္သြား၍ မကြၽမ္းက်င္ပါက fail ျဖစ္သြားၿပီး လႊင့္ပစ္ရတတ္သည္။ ထိုကိစၥအတြက္ Light ကို ခြဲျခမ္းစိတ္ျဖာမႈေကာင္းေသာ Chiyo Iku က ကူညီေပးသည္။

Shou ၏ လက္နက္မ်ားတြင္မူ Shinki ျမႇား ႏွင့္ Reiki ဓားကို ကို lvl70မွ 90ထိ ထပ္ျမႇင့္ရၿပီး Sekki ႏွင့္ Tsuki မွာ ျမႇင့္စရာမလိုပဲ upgrade ရတာနဲ႔ lvl90 ခ်က္ခ်င္းတက္သြားသည္။
________

တိုက္ခိုက္ဖို႔ ခ်ိန္းထား​ေသာ အခ်ိန္နီးၿပီ ျဖစ္၍ လူအင္အားအမ်ားဆုံးပါေသာ Light ေရွ႕တြင္ အားေပးသူ ႏႈတ္ဆက္သူမ်ားႏွင့္ စည္ကားေနသည္။ ဟန္ေဆာင္ကာ ၿပဳံးျပေနၾကေပမယ့္ အားလုံးစိတ္ထဲမႈ စိုးရိမ္မႈ ကိုယ္စီရွိသည္။

Shiro Kuro ႏွင့္ Aki ကေတာ့ ေပ်ာ္ေပ်ာ္ေနတတ္သူမို႔ စေနာက္လွ်က္သာ ေျပးလႊားေဆ့ာကစားေနသည္။

Sono ႏွင့္ တိုး႐ူက လက္ခ်င္းခ်ိတ္၍ ေရာက္လာသည္မို႔ အားလုံးက ဩဘာေပးေနသည္။ Fan မိန္းကေလးအခ်ိဳ႕က ဝမ္းနည္းသြားေပမယ့္ လိုက္ဖက္ညီမႈေရာ၊ တိုး႐ူရဲ႕ ႀကိဳးစားမႈ အရည္အခ်င္းနဲ႔ ေပးဆပ္ၿပီး ေရွ႕တန္းထြက္မည့္အေၾကာင္း သိထားတာေရာေၾကာင့္ တားဆီးပိတ္ပင္ျခင္းမရွိပဲ လက္ခုပ္တီးေပးၾကသည္။

Shou ႏွင့္ Kou ရဲ႕ marriage announcement က sever တစ္ခုလုံး သိေနတာျဖစ္ေပမယ့္ Devilish ႏွင့္ Blade, Toru တို႔ကသာ အမွန္တကယ္ ခ်စ္ႀကိဳက္ေနမွန္း သိၾကၿပီး အမ်ားစုက marriage quest ရဲ႕ ရတဲ့ ဆုလာဒ္ေၾကာင့္ လက္ထပ္ထားျခင္းဟုသာ ထင္ျမင္ၾကတာမို႔ အနည္းငယ္ ေဝဖန္မႈမ်ား ထြက္ေပၚၿပီး ေအးေအးေဆးေဆး ျဖစ္သြားၾကသည္။ Kou က Shou ကို ထမ္းေခၚသြားသည္ကို ျမင္လိုက္ေသာ သူအခ်ိဳ႕ကမူ ယခုထိ ျငင္းေနဆဲပင္။

Shou နဲ႔ Kou က လက္ခ်င္းခ်ိတ္မထားေပမယ့္ ပုခုံးခ်င္းယွဥ္လွ်က္ စကားေျပာလာသည္။ Kou က Shou ကို ဟာသတစ္ခု ေျပာျပေနပုံရၿပီး Shou က ခ်စ္စဖြယ္ ခပ္ဟဟ ရယ္ေနသည္။ ႏွစ္ေယာက္လုံးက ယခု တိုက္မည့္ တိုက္ပြဲအတြက္ ဖိစီးမႈ စိုးစင္းမွ် ရွိဟန္မတူေပ။ သူတို႔ႏွစ္ေယာက္ကို ၾကည့္ရတာ ညအေမွာင္မွ ထြက္လာေသာ ျပည့္ဝန္းတဲ့ လမင္းကဲ့သို႔ ေမွ်ာ္လင္းျခင္းအလင္းေရာင္ကို ေပးသည္။ စိုးရိမ္ပူေလာင္ျခင္းမ်ားကို ေအးျမသက္သာေစသည္။

"လူစုံၿပီမလား သြားစို" Kou ရဲ႕ ေဆာ္ဩမႈ ေနာက္မွာ တိုက္ခိုက္မည့္သူမ်ား တိတ္တဆိတ္ လိုက္ပါလာသည္။ ယခုတိုက္ရမည့္ တိုက္ပြဲက ဘဝမွာ အႀကီးမားဆုံး အေလာင္းအစားပင္။ ကံေကာင္းတာက သူတို႔ဘက္မွာ Kou ႏွင့္ Shou ဟူေသာ ေခါင္းေဆာင္ ႏွစ္ေယာက္ ရွိသည္။

Boss ရွိရာ ေတာထဲကို player မ်ား တျဖည္းျဖည္း ဝင္ေရာက္လာသည္။ Boss ကို မေတြ႕ရခင္ကို တေလွ်ာက္လုံး အတိုက္ခိုက္ ခံလာရၿပီး အဆိုးဆုံးက ပင့္ကူဥမ်ားႏွင့္ ေသြးစုပ္လင္းႏို႔မ်ားျဖစ္သည္။ လင္းႏို႔မ်ားေၾကာင့္ ျမႇားသမားမ်ား အလုပ္ရႈပ္သြားၿပီး ပင့္ကူအေကာင္ေပါက္မ်ားကလည္း အဆိပ္ရည္မ်ားႏွင့္ တိုက္ခိုက္သည့္အျပင္ ကိုက္လွ်င္လည္း Damage ေလွ်ာ့ေသးသည္။ ထိပ္တန္း player မ်ားမို႔ ေအးေအးေဆးေဆး ခုခံတိုက္ခိုက္ႏိုင္ေပမယ့္ Shou က ဒုကၡေရာက္ေနသည္။

ပင့္ကူေၾကာက္တဲ့ေသာ Akiမွာ သူအားကိုးရဆုံးသူဟု ယူဆထားေသာ Shou ေပၚ ဇြတ္ခုန္တက္ေနၿပီး တင္းေနေအာင္ ဖက္ထားတာမို႔ Shou က လႈပ္မရပဲ ျဖစ္ေနကာ Kou ႏွင့္ Kuro က ကာကြယ္ေပးထားရသည္။

Kou က အနီးဆုံးပင့္ကူမ်ားကို ရွင္းၿပီးေနာက္ Shou ေပၚမွ Akiကို ဆြဲေခၚကာ ကုန္းပိုးလိုက္သည္။
"မ်က္စိမွိတ္ထား။ ငါဓားလႊဲတာကို အေႏွာင့္အယွက္ မျဖစ္ေစနဲ႔။ ပင့္ကူမရွိေတာ့ရင္ ေျပာမယ္" Kou ရဲ႕ ေဒါသထြက္ေနတဲ့ အသံက The Akiကို အနည္းႏွင့္အမ်ား ၿငိမ္သက္သြားေစသည္။ ပင့္ကူထက္ Kou က ပိုေၾကာက္စရာေကာင္းသည္။

ထို႔ေနာက္ မိန္းကေလးတစ္ေယာက္၏ ငိုသံလိုလို ညည္းသံလိုလို ေျခာက္ျခားစရာ အသံႏွင့္ အတူ Fox Demon မ်ား၏ မာန္ဖီသံမ်ား ၾကားလာရသည္။ Fox demon သုံးေကာင္ဟု ႀကိဳသိထားေပမယ့္ အေကာင္လိုက္ ျမင္လိုက္ရေတာ့ ထိတ္လန္႔သြားၾကသည္။ Fox demon မ်ားက player မ်ားႏွင့္ ယွဥ္လွ်င္ အဆမတန္ႀကီးမားေနၿပီး နီရဲေနသည့္ မ်က္လုံးမ်ားက ရန္လိုေနေၾကာင္း ေဖာ္ျပေနသည္။

Fox တေကာင္ထဲေတာင္ မနည္း တိုက္ခိုက္ရသည့္ အေျခအေနမွာ သုံးေကာင္တိုက္ခိုက္ရမည္မို႔ လူမ်ားေပမယ့္ ခြဲ၍ ကိုယ္စီ တိုက္ခိုက္ေနရသည္။

Aki ႏွင့္ Shou က Blade တြဲ၍ ႏွစ္ဖက္လႊဓားကို သုံၿပီး Fox တစ္ေကာင္ကို ေရွ႕ဆုံးမွ ခ်ေနသည္။ Kuro က Sniper သုံး၍ Head Shot ခ်ည္း ပစ္ေနၿပီး အျမန္ေသြးေလ်ာ့ေအာင္ ကူညီသည္။ Fox ၏ အျမႇီး႐ိုက္ခ်က္ႏွင့္ ကုတ္ဆြဲခ်က္ေတြကို အလြန္လွ်င္ျမန္ေသာ Aki ႏွင့္ Shou သာေရွာင္ႏိုင္ၿပီး အျခား Knight မ်ားမွာ ထိမိတိုင္းလြင့္လြင့္ ထြက္လာသည္။ Healer မ်ားမွာ မနားရပဲ ဆက္တိုက္ အလွည့္က် Healer ေပးေနၿပီး အကာအကြယ္မ်ားႏွင့္ စြမ္းရည္ျမႇင့္တင္ေပးေသာ မႏၲန္မ်ား သုံးေပးေနသည္။

ဆိုႏိုက ကြၽမ္းက်င္ရာျဖစ္ေသာဓားႀကီးကို ျပန္ကိုင္ထားၿပီး Kou ႏွင့္ အတူ ေရွ႕ဆုံးမွ တိုက္ခိုက္ေနသည္။ ဓားႀကီးကိုင္သူမို႔ ခုတ္တာေႏွးတာေၾကာင့္ Fox တိုက္ခိုက္မႈကို မေရွာင္ႏိုင္ေပ။ သို႔ေသာ္ ဆိုႏိုကို တိုး႐ူက အားျဖည့္ေပးထားၿပီး Kou ကေတာ့ ေရွာင္တိမ္းကာ တိုက္ခိုက္လွ်က္ရွိသည္။ Shiro က Kuro နည္းတူ Headshot ပစ္ၿပီး ျမန္ျမန္ေသေစရန္ ကူညီေပးသည္။

ေနာက္တစ္ေကာင္ကို Iku ေခါင္းေဆာင္ေသာ အဖြဲ႕က တိုက္ခိုက္ေနၿပီး Hanzoေခါင္းေဆာင္ေသာ အဖြဲ႕က Maiden ကို တိုက္ခိုက္ေနသည္။

'ေဖးရဲ႕ .. Hanzo က Maiden ကို တိုက္ေနၿပီ။ Fox ေတြ မေသခင္ Maidenက ေသြး50% ေလ်ာ့သြားလို႔ ေကာင္မေလးငိုရင္ Fox ေတြ စိတ္တိုၿပီး အရမ္းၾကမ္းလာလိမ့္မယ္'
'ဟာ .. မင္း ေစာေစာက မေျပာဘူး'
'Story Line မွာ မပါဘူးကြ။ ငါအခုမွ ဆိုႏိုေသရတဲ့ အေၾကာင္း ရွာရင္း ေတြ႕လို႔။ မင္းငါ့ကို ေက်းဇူးေတာင္ တင္သင့္ေသးတယ္'
'ေအးပါကြာ'

"Bro Hanzo , Maiden ကို မတိုက္နဲ႔။ Fox ေတြ ေသမွ တိုက္" ဟု တိုက္ခိုက္ရင္းကပင္ လွမ္းေအာ္လိုက္သည္။ သို႔ေသာ္ Hanzo က Shou ႏွင့္ Kou ကို အခဲမေက်ေနသူမို႔ စကားနားမေထာင္သည့္မျပင္ ပို၍ပင္ ၾကမ္းၾကမ္း တိုက္ခိုက္လာသည္။

'ဟာ သြားၿပီ' သတိလက္လြတ္ႏွင့္ မဆင္မျခင္အသိေပးလိုက္မိတဲ့ ကိုယ့္ကိုယ္ကို ဆယ္ခါျပန္ ႐ိုက္ခ်င္သြားသည္။Hanzo ကို တားမရလွ်င္ Fox demon ေတြကို ျမန္ျမန္သတ္မွ ရေတာ့မည္။ 

Shou အံတင္းတင္းႀကိတ္ကာ မိမိဆီေျပးဝင္၍ ကိုက္ဖို႔ ဟန္ျပင္ေနေသာ Fox ကို မေရွာင္ေတာ့ပဲ Shinki ကို ထုတ္၍ အသံႏွစ္မ်ိဳးႏွင့္ ေရခဲျမႇား 9ေခ်ာင္းထုတ္ကာ တုံ႔ဆိုင္းေစသည္။ ထို႔ေနာက္ ေလထဲ၍ တပတ္ကြၽမ္းထိုးၿပီး
"Aki"
Aki က အလိုက္သိစြာ ဓားႏွစ္ေခ်ာင္းကို ယွက္၍ လျခမ္းဓား ပစ္သကဲ့သို႔ လွည့္၍ပစ္ေပးသည္။ ထိုသို႔လွည့္၍ ပစ္ေပးျခင္းက ပစ္ေပးလိုက္သူဆီကို ဓားျပန္ေရာက္ေစသည္။  ထို႔ေနာက္ စၾကၤာအနည္းငယ္ျဖင့္ Fox ကို မလႈပ္ေအာင္ ထိန္းထားေပးသည္။ Aki ၏ ဓားကို အားျပဳလွ်က္ Shou က ခုန္တက္သြားၿပီး ငယ္ထိပ္ကို Reiki ဓားႏွစ္ေခ်ာင္းျဖင့္ ထိုးခ်လိုက္သည္။ ထို႔ေနာက္ Foxကိုယ္တေလွ်ာက္ ေျပး၍ ခုတ္ျဖတ္လိုက္ၿပီး လွလွပပေလး တစ္ပတ္ကြၽမ္းထိုးကာ ျပန္က်လာသည္။ Aki ကလည္း ျပန္လာေနေသာ ဓားပ်ံကို ျပန္ဖမ္းလိုက္သည္။ 

အျဖစ္အပ်က္က လွ်ပ္ျပက္သလို ျမန္ဆန္လွသည္။ ဒီလို ပူးေပါင္းမႈမ်ိဳးကို တစ္ေယာက္ကို တစ္ေယာက္ နားလည္ေသာ ယုံၾကည္ေသာ Devilish အဖြဲ႕သားမ်ားသာ လုပ္ႏိုင္သည္။ Fox demon တစ္ေကာင္ က်သြားသည္ႏွင့္ Shouတို႔  Kou ဘက္သို႔ ခ်က္ခ်င္းခုန္ဝင္သြားသည္။ Kou ကလည္း Shou ခုန္ဝင္လာတဲ့အခ်ိန္မွာ ေနာက္ဆုံးဓားခ်က္ထုတ္ၿပီး လက္စသိမ္းေပးလိုက္ၿပီ ျဖစ္သည္။

Shou တို႔ အခ်ိန္မဆြဲပဲ Iku ဆီ ေျပးသြားေပမယ့္ အနည္းငယ္ ေနာက္က်သြားၿပီး Maiden က ငိုေနၿပီ ျဖစ္သည္။ Fox demon က အဝါေရာင္ မီးေတာက္မ်ား ထြက္လာကာ အူလိုက္ၿပီး ေစာေစာကထက္ ဆယ္ဆပိုသန္မာေသာအားျဖင့္ တိုက္ခိုက္လိုက္လာသည္။ ဝိုက္၍ ခုန္အုပ္ခ်က္တစ္ခ်က္မွာ တိုက္ခိုက္ေနတဲ့သူ အားလုံးနီးပါး ထိသြားၿပီး အေတာ္မ်ားမ်ား ေသြးအနည္းငယ္သာ က်န္ေတာ့သည္။

Shou က အားလုံး ေသြးေလ်ာ့သြားတာေၾကာင့္ သူ႔ရဲ႕ Healing skill ကို သုံးလိုက္ရၿပီး ေနာက္ခ်န္ ေနခဲ့ရသည္။ ျပန္ထၿပီးဝင္သြားတဲ့ Kou Sono နဲ႔ Iku ကို Shinki ျမႇားကို သုံးလွ်က္ မႏၲန္တီး၍ Damage Sheild ကာေပးလိုက္သည္။ ထို႔ေနာက္ အကူမႏၲန္အမ်ားအျပား ထပ္တီးခတ္လိုက္ၿပီး ရွိရွိသမွ်ေသာ Stats မ်ားကို ႏွစ္ဆတိုးေစသည္။

ထို႔ျပင္ အားလုံးကို Shield တစ္မ်ိဳး ကာေပးထားၿပီး ထိုShield က ဘယ္ေလာက္ပဲ Damage ထိပါေစ မနည္းဆုံး HP 5 က်န္ေအာင္ ကူညီေပးသည္။ ထိုကဲ့သို႔ေသာ ပုံမွန္မဟုတ္သည့္ မႏၲန္မ်ားက ေဖးရဲ႕၏ Sonic Martial Art skill ေၾကာင့္သာ ျဖစ္ၿပီး တကယ့္ SL Game ထဲမွာ ထိုကဲ့သို႔ ေပါက္ကရ မႏၲန္မ်ိဳး မရွိပါေခ်။

Hanzo က အခုမွ Shou ဘာေၾကာင့္ တားရသလဲဆိုတာ နားလည္သြားသည္။ သို႔ေသာ္ ေနာက္လည္း က်သြားၿပီ ျဖစ္တဲ့အျပင္ သူသာ Maiden ကို သတ္ႏိုင္ရင္ Fox လည္း ေပ်ာက္သြားမွာမို႔ ေခါင္းမာလွ်က္ ဆက္ခုတ္ေနသည္။

သူ႔အေတြးထဲတြင္မူ Kou နဲ႔ Shou ေသသြားလည္း ေအးတာပဲ .. Maiden သာ ေသသြားရင္ သူ႔နာမည္သာ က်န္မွာမို႔ ဘယ္လို ေတြးေတြး အျမတ္ခ်ည္းပဲဟု စဥ္းစားၿပီး ပို၍ပင္ အားအကုန္သုံး၍ တိုက္ခိုက္လာသည္။ သို႔ေသာ္ လင္းႏို႔အမ်ားႀကီးႏွင့္ ခုခံေနေသာ Maiden ကို ျမႇားေရာ AOE သမားေရာ မရွိတဲ့ Hanzo အဖြဲ႕က လြယ္လြယ္ႏွင့္ မသတ္ႏိုင္ေခ်။

Fox ကို Iku ႏွင့္ Kou က သတ္ျဖတ္လိုက္သည္။ Fox ေသသြားသည္ႏွင့္ Maiden က စူးစူးဝါးဝါးေအာ္ဟစ္ငိုယိုကာ သူမကိုယ္တိုင္ Monster အသြင္ကို ေျပာင္းသြားသည္။
လက္သည္းမ်ားက ေၾကာက္စရာေကာင္းေအာင္ ခြၽန္ထက္ေနၿပီး မ်က္လုံးမ်ားက ရက္စက္ေသာ အသြင္ကို ေဆာင္သည္။ ထိုစဥ္ လက္ႏွစ္ဖက္က ရွည္ထြက္လာတာေၾကာင့္

"သတိထား"
Shou ရဲ႕ သတိေပးမႈေၾကာင့္ Kuro နဲ႔ Toru က ေနာက္ဆုတ္လိုက္ေပမယ့္ က်န္သူမ်ားက မိမိလက္နက္ကိုထုတ္၍ ကာလိုက္ၾကသည္။ အံ့ဩစရာေကာင္းတာက ထိုလက္သည္းျဖင့္ ကုတ္ခံရေသာ lvl 90 ထိ ျမႇင့္ထားေသာ လက္နက္မ်ားမွာ က်ိဳးပဲ့ကုန္ေလသည္။ 

Lvl 90ထိ ျမႇင့္ထားတဲ့ လက္နက္ေတာင္ က်ိဳးတယ္ဆိုေတာ့ သူတို႔ကိုမ်ား တိုက္႐ိုက္ ထိခဲ့လွ်င္ HP မွ က်န္ပါေတာ့မလားဟု ေတြးရင္း ေၾကာက္ကုန္သည္။

Maiden က  player မ်ားအားလုံးကို သူမရဲ႕ လက္ရွည္ႀကီးမ်ားႏွင့္ လိုက္႐ိုက္ခ်ေနသည္။ Damage အရမ္းမ်ားတာေၾကာင့္ လက္နက္ႏွင့္ ကာလို႔မရသည့္အျပင္ သူမက လက္ကို အရွည္လိုသလို ဆြဲထုတ္ႏိုင္တာမို႔ ေရွာင္ဖို႔ရာလည္း ခက္ၿပီး ဘာမွ ျပန္လုပ္မရပဲ အသားလြတ္ အခ်ခံရသလို ျဖစ္ေနသည္။

တိုက္ခိုက္ရင္း အေတာ္မ်ားမ်ား လက္နက္မဲ့ ျဖစ္သြားကာ အခ်ိန္တိုအတြင္း ေလ်ာ့ေလ်ာ့လာေသာေသြးမ်ားက ျပန္ျဖည့္ေပးဖို႔ရာပင္ အလွ်င္မမွီေတာ့မို႔ player အေတာ္မ်ားမ်ား ထြက္ေျပး ပုန္းေရွာင္ေနရသည္။

ယခင္ဘဝတြင္ ေရာ ယခုဘဝတြင္ပါ ဒီလိုအခ်ိန္တြင္ ေနာက္ဆုံးထိ တိုက္ခိုက္သူမ်ားက Devilish မ်ားသာ ျဖစ္ၿပီး ယခင္ဘဝတုန္းက Kou က အႏိုင္တိုက္ခိုက္ႏိုင္ေပမယ့္ ဆိုႏိုကေတာ့ တိုး႐ူကို ကယ္ဖို႔အတြက္ အသက္ေပးခဲ့ရသည္။

ထိုစဥ္ maiden က Kou ဆီဦးတည္တာ ေတြ႕ရသည္မို႔ လက္နက္ က်ိဳးသြားေသာ Kou အတြက္ Shou က Sekki ကို ပစ္ေပးလိုက္သည္။ ခရမ္းေရာင္လွ်ပ္စီးဓားတစ္ေခ်ာင္း Kou ဆီသို႔ အလင္းတန္းအလ်င္ႏႈန္းနဲ႔ ေျပးဝင္လာသည္။ Kou က လွလွပပေလး ဖမ္းယူကာ ခုတ္ပိုင္းပစ္လိုက္သည္။ maiden ေနာက္သုံးလွမ္းဆုတ္သြားသည္။

Shou က "Tsuki"

"Tsuki" ဆိုသည့္ အသံၾကားသည္ႏွင့္ မသိတဲ့သူမ်ားက Shou တခါမွ် ထုတ္မသုံးေသာ လက္နက္ဟုသာ နားလည္ေပမယ့္ Kou က ထိတ္လန္႔သြားသည္။  ဆံထိုးမွ အသြင္ေျပာင္းထားေသာ Mage ၏ အေဆာင္ Tsuki ။ Mage Class ကို တိုက္ခိုက္ေရးမွာ တခါမွ် ထုတ္ မသုံးဖူးေသာ Shou။

"Shou မင္း"
"ရတယ္ ငါ ဘာမွ မျဖစ္ဖူး"

Shou က ၿပဳံးကာ လက္ကိုဆန္႔ထုတ္လိုက္သည္ႏွင့္ Hydro စြမ္းအင္ႏွင့္လုပ္ထားေသာ ငွက္သ႑ာန္တစ္ခု ေျပးသြားၿပီး maiden ကို သြားထိသည္။ Maiden လဲသြားၿပီး ေတာ္ေတာ္နဲ႔ မထႏိုင္ေခ်။ Damage 150k ဟုသည့္ စာေပၚလာသည္။ ဆိုႏိုက 

"Oh My God .. ငါ့ရဲ႕ဓားႀကီးေတာင္ တခ်က္ခုတ္မွ 100k ပဲ ထြက္တာ"

"Shou lvl 100  Black Mage" ဆိုေသာ Badge က Shou ရဲ႕ player character ေဘးမွာ ထင္းခနဲေပၚလာသည္။

Shiro က မယုံႏိုင္စြာျဖင့္
"Black Mage? ... Shou က Black Mage လား"

Aki
"အကို Shou ... တကယ္ႀကီးလား"

Sono > Kou
"Kou သူ .. တကယ္ပဲလား။ ဒါဆို သူ ..."
"ဟုတ္တယ္ .. သူပဲ .. ဟိုေန႔က 7ေယာက္ မေသဘူး။ သူ Revive လုပ္ေပးထားတယ္။ ဒီၾကားထဲက ေသတဲ့ သူေတြလည္း ေျမေအာက္ခန္းမွာ နားေနၾကတယ္။ အဲ့တာေၾကာင့္ သူ အားနည္း နည္းေနတာ"
"Shou.. မင္း .. တကယ္ပဲ ..."

Shou >
"ဟုတ္တယ္ .. တကယ္ေတာ့ က်ေနာ္က Black Mage ပဲ"

(A/N Black Mage အေၾကာင္း ေမ့ေနလွ်င္ 3.2 extension ကို ျပန္ဖတ္ႏိုင္ပါတယ္)

Continue Reading

You'll Also Like

330K 15.1K 39
ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲလို့ မေးရင် ​​​​မြတ်နိုးရသူရဲ့ လက်လေးကို ဆုပ်ကိုင်ထားခြင်းလို့ ကျွန်တော် ဖြေမယ် ဒါပေမယ့် ထိုလူသားရဲ့ လက်ထဲမှာ ဓားတစ်လက်ရှိန...
12K 2.4K 69
ලස්සනම මූර්ති මැවෙනවද, ගල්කුළු කඩතොළු නොවුනොතින්?
273K 21.1K 186
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...
87.4K 14.3K 148
💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သ...