တိမ်ယံလွှမ်းတဲ့တောင် / တိမ္ယံ...

By hinnthawethadar

46.5K 5.7K 39

Normal သိုင်းစာစဥ်လေးပါ Normal သိုင္းစာစဥ္ေလးပါ More

🦋Read🦋
🦋1🦋
🦋2🦋
🦋3🦋
🦋4🦋
🦋5🦋
🦋6🦋
🦋7🦋
🦋8🦋
🦋9🦋
🦋10🦋
🦋11🦋
🦋12🦋
🦋13🦋
🦋14🦋
🦋15🦋
🦋16🦋
🦋17🦋
🦋18🦋
🦋19🦋
🦋20🦋
🦋21🦋
🦋22🦋
🦋23🦋
🦋24🦋
🦋25🦋
🦋26🦋
🦋27🦋
🦋28🦋
🦋29🦋
🦋30🦋
🦋31🦋
🦋32🦋
🦋33🦋
🦋34🦋
🦋35🦋
🦋36🦋
🦋37🦋
🦋38🦋
🦋39🦋
🦋40🦋
🦋41🦋
🦋42🦋
🦋43🦋
🦋44🦋
🦋45🦋
🦋46🦋
🦋47🦋
🦋48🦋
🦋49🦋
🦋50🦋
🦋51🦋
🦋52🦋
🦋To read 🦋
🦋54🦋
🦋55🦋
🦋56🦋
🦋57🦋
🦋58🦋
🦋59🦋
🦋60🦋
🦋61🦋
🦋62🦋
🦋63🦋
🦋64🦋
🦋65🦋Final
🦋Continue🦋

🦋53🦋

491 67 0
By hinnthawethadar

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋53🦋

       ယဲ့ရှားလုံက လက်ပိုက်လျက်ပင် လော့လော်ရှေ့ကို ဖြည်းဖြည်းချင်း လျှောက်လာသည်။ အခြားသူ၏ အတွင်းရေးကိစ္စကို ဝင်မစွပ်ဖက်ချင်ပေမယ့် လော့လော်ကတော့ ပထမဆုံးအနေဖြင့် သူစိတ်ရင်းနဲ့ ခင်မင်ခဲ့သူမို့ လော့လော်၏ကံကြမ္မာ နိမိတ်အကြောင်းကို သူတိတိကျကျ သိချင်မိသည်။

"လော့လော်.... ငါကနင့်ရဲ့သူငယ်ချင်း ဖြစ်နေပြီ... သေရေးရှင်ရေးကိစ္စတွေလည်း အတူတူ ကျော်ဖြတ်ဖူးတယ် နင်ပြောကြည့်.... ငါမသိထားသင့်ဘူးလား နင်ရုတ်တရက်ကြီး တစ်ခုခုဖြစ်သွားရင် ငါတို့ဘယ်လိုလုပ်ရမလဲ"
"ငါတောင်းပန်ပါတယ်...."

"အင်း..... ထားပါတော့ အခုဘာလုပ်ချင်လဲ"

      လော့လော် ခေါင်းပြန်မော့လာကာ

"နင် နောက်ဆုံးအဆင့် ကျင့်ရမယ်မဟုတ်လား... ငါနင့်အတွက် နေရာရှာပေးရမလား"
"မလိုဘူး.... အဲ့ဒီအဆင့်က ငါ့အတွက် တော်တော်လေး အန္တရာယ်များလို့ ငါမကျင့်တော့ဘူး"

"ဟင်...."
"သူများကိစ္စကို စိတ်ဝင်စားမနေပါနဲ့.... ပြော အခုဘာလုပ်ဖို့ စီစဥ်ထားလဲ"

"ငါ လိုင်မုန်နဲ့တွေ့ကြည့်ရင် ကောင်းမလားလို့"
"ဘာ!"

"ဖြည်းဖြည်းအော်ပါ လန့်လိုက်တာကြီးကို.... သူကလည်း ဒြပ်စင်နှစ်ခုပါတဲ့ သူပဲလေ... အဲ့ဒါကြောင့် သူများတစ်ခုခု သိထားမလားလို့ပါ ဘာပဲဖြစ်ဖြစ် ကျင်းကိုကိုက ငါ့အတွက် အသဲအသန်ကြိုးစားနေတော့ ငါလည်း ဒီအတိုင်းကြီး မနေချင်ဘူး"
"ကောင်းပြီ...."

"အယ်.... နေအုံး နင်လိုက်လို့မရဘူး... "
"သိပါတယ်...."

       ခဏနေတော့ ရွာကလူငယ်လေး သုံးယောက်ရောက်လာသည်။ ဟွမ်ကျင်းရွှေက ထိုအခါ အပြင်ထွက်လာ၍ သူတို့သုံးယောက်ကို လော့လော်ယခင်က နေခဲ့သော အခန်းတွင်နေစေကာ လော့လော်ကိုတော့ သူ့အခန်းထဲတွင် နေစေလိုက်သည်။

       အများ၏အမြင်မှာတော့ တိမ်လွှမ်းတောင်ထွတ်က တပည့်အိပ်ဆောင်တောင် မရှိသော ဆင်းရဲသည့် တောင်ထွတ်ဟု ထင်လိမ့်မည် ။ ထိုသို့မဟုတ်ပေ။ တိမ်လွှမ်းတောင်ထွတ်တွင် အဆောင်များစွာရှိသည်။ တောင်ထွတ်၏ဧရိယာကလည်း ကျယ်ဝန်းသည်။

       နေရာတိုင်းမှာ ချုံတွေသာ ရှိနေပြီး ဟိုးယခင်ကတည်းက တည်ခဲ့သော နန်းဆောင်တွေကို ချုံနွယ်များက ဖုံးလွှမ်းသွားလေတော့သည်။ ဟွမ်ကျင်းရွှေသည် တပည့်သုံးယောက် ထပ်ရလိုက်သောအခါ ထိုနေရာများကို ရှင်းလင်းပစ်ရန် ဆုံးဖြတ်လိုက်၏။

       သူက တပည့်သုံးယောက်ကို ရိုးရိုးဓားရှည် တစ်လတ်ဆီထုတ်ပေးလိုက်ပြီး အဆောင်ဟောင်းများဘက်သို့ ခေါ်ဆောင်သွားသည်။ သိုင်းပညာ၏ အခြေခံအဆင့်များကို သေချာရှင်းပြပြီး ဓားကိုင်နည်းကို သေသေချာချာ ပြသ၏။

       တပည့်သုံးယောက်ကို ဓားလွှဲရမ်းကာ သိုင်းကျင့်စေရင်း အဆောင်ဟောင်းပတ်ပတ်လည်က ချုံများကို ရှင်းစေသည်။ အဆောင်ဟောင်းများရှိရာ နေရာက သိဒ္ဓိစွမ်းအင် ပိုလို့တောင် ပြည့်ဝနေသေးသည်။ သူတို့သိုင်းကျင့်တာကို လှုပ်ရှားလိုက်တိုင်း သိဒ္ဓိစွမ်းအင်တွေက သူတို့ရဲ့ခန္ဓာကိုယ်ထဲကို စီးဝင်သွားသည်။

       တစ်ချက်ခုတ် နှစ်ချက်ပြတ်သဘောမျိုး ဖြစ်သွားသည်။ တပည့်သုံးယောက်သည် အစကတည်းက ဟုန်ကျင်းကျောင်းလို စာသင်ကြီးထဲမှာ မိန့်မိန့်ကြီးထိုင်ပြီး သင်ကြားရမယ်လို့ တွေးထားခြင်း မရှိတာပေ။ သူတို့သည် ယခင်ကလည်း သာမန်ဘဝတွင် လုပ်စားရသည့် သူများဖြစ်လို့ ချုံရှင်းသိုင်းကျင့်တာကပင် သူတို့အတွက် ဂုဏ်ယူစရာဖြစ်နေ၏။

        လော့လော်နဲ့ ယဲ့ရှားလုံ တောင်ခြေတွင် စိုက်ထားခဲ့သော အသီးအရွက်များကိုခူးကာ ညစာအတွက် ပြင်ဆင်ရန် လုပ်နေသည်။ ခက်တာက လော့လော်က ဟင်းမချက်တတ်ပေ။ ယဲ့ရှားလုံကိုသာ အားကိုးရတော့မည့်ပုံ။

        ဟွမ်ကျင်းရွှေ တစ်နေကုန် အခန်းထဲ ငြိမ်နေ၏။ နေ့လည်စာတောင် ထွက်မစားတာမို့ လော့လော်သည် သူမလုပ်ထားတဲ့ သစ်ကြားသီးမုန့် ပန်းကန်တစ်ချပ်ကိုကိုင်လျက် နန်းဆောင်ထဲ ဝင်လာခဲ့သည်။ စာအုပ်ပုံများကြား ဟွမ်ကျင်းရွှေမှာ ပုဝင်နေ၏။

"ကျင်းကိုကို...."
"ဒီမှာ...."

"စာအုပ်ထဲဝင်သွားပြီ ထင်နေတာ.... မုန့်ယူလာတယ် "

        စာအုပ်အနည်းငယ်ကို ဘေးဖယ်လိုက်ကာ ဟွမ်ကျင်းရွှေဘေးတွင် တင်ပျဥ်ခွေ ထိုင်လိုက်သည်။

"ပင်ပန်းနေပြီလား..."
"မပင်ပန်းဘူး"

"ဗိုက်မဆာဘူးလား"
"မဆာဘူး...."

       ဟွမ်ကျင်းရွှေက စာအုပ်ဆီကနေတောင် အကြည့်မခွာပေ။ လော့လော်သည် မုန့်ဝိုင်းတစ်ခုကို ယူကာ ဟွမ်ကျင်းရွှေပါးစပ်ထဲ ထိုးထည့်ပေးလိုက်သည်။ ပြီးနောက် စာအုပ်ကိုယူ၍ မျက်နှာဖုံးကိုကြည့်လိုက်သော် သူမဆီက ဒြပ်စင်အကြောင်း ဖြစ်နေ၏။

"ကျင်းကိုကို...."
"ဘာလို့လဲ"

"ဒီစာအုပ်က အပြီးထိမပါဘူးလေ..."
"ဟင်...."

       ဟွမ်ကျင်းရွှေ သောက်လတ်စ ရေနွေးခွက်ကို ဘေးကိုအသာချ၍ စာအုပ်ကိုပြန်ယူသည်။ နောက်ဆုံးစာရွက်များကို လှန်ကြည့်သော် အားလုံကဗလာနတ္တိ။ ဘာစာမှမရှိချေ။ သူဖတ်နေတာပင် တစ်ဝတ်ရောက်တော့မည်။

       ဒါက စာအုပ်များစွာထဲကနေ သူရှာတွေ့ထားတဲ့ မျှော်လင့်ချက်ကလေးတစ်ခုပင်။ အခုတော့ စာအုပ်က အဆုံးသတ်မရှိဘူးတဲ့လား။ ဟွမ်ကျင်းရွှေ ဒေါသကြောင့် သွေးကြောများပင် ထောင်တက်လာသည်။

"ဘယ်လိုဖြစ်တာလဲ "
"ခမည်းတော် ပြောတာတော့ စာအုပ်ကိုရေးတဲ့ ဆရာကြီးက ရုတ်တရက်နှလုံးဖောက်ပြီး သေသွားတာကြောင့် ဆက်မရေးဖြစ်ခဲ့ဘူးတဲ့...."

"ဆီလျော်မှုမရှိလိုက်တာ.... ဒါ မရေးခဲ့တာမှ မဟုတ်တာ"

       ဟွမ်ကျင်းရွှေသည် စာအုပ်ချုပ်ထားသည့် နေရာကို သေချာကြည့်လေ ဒေါသထွက်လာလေပင်။

"ဒီစာအုပ်က စာရွက်တွေကို တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ ဖြုတ်သွားတာ.... ကြည့်လိုက် စာရွက်တွေကွာနေတာတွေ့လား...."
"မသိသာပါလား...."

"ဘယ်သိသာမလဲ... အဲ့ကောင်က တော်နေလို့နေမှာပေါ့... ကြည့်ရတာ မင်းရဲ့မွေးရာပါ ဒြပ်စင်နှစ်ခုက လုပ်ကြံထားတာပဲဲ ဖြစ်မယ်"
"လုပ်ကြံတယ်?"

"လော့လော်... မင်းအမေမှာ ရန်သူရှိခဲ့လား ဒါမှမဟုတ် မင်းအဖေပေါ့"
"အဲ့လိုတော့ မကြားဖူးဘူး"

"မဟုတ်သေးဘူး.... မင်းကသိမှာမဟုတ်ဘူး ငါပဲဘုရင်ကြီးကို စာရေးပြီမေးလိုက်ပါမယ်"

       လော့လော်ကလည်း ထောက်ခံကြောင်းသာ ခေါင်းတဆက်ဆက် ညိတ်ပြလိုက်တော့သည်။ ဟွမ်ကျင်းရွှေက ရွှေဝါရောင်လိပ်ပြာတစ်ကောင် ဖန်တီး၍ ချင်းချုံးဘုရင်ကြီးထံ အသံပို့လွှတ်လိုက်လေသည်။ လိပ်ပြာလေး ပျံထွက်သွားတဲ့အထိ ဟွမ်ကျင်းရွှေမှာ အသက်ရှူမြန်နေဆဲ။

       စာပို့လိပ်ပြာက သိဒ္ဓိစွမ်းအင် ကြွယ်ဝတာမို့ နေရာဒေသ ဘယ်လောက်ဝေးဝေး သူကတော့ မရပ်မနား ပျံသန်းနိုင်သည်။ လော့လော်လက်ထဲက ပန်းကန်ကိုချ၍ ဟွမ်ကျင်းရွှေလက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

"ကျင်းကိုကို...."
"ငါနည်းလမ်းထပ်ရှာကြည့်မယ်.... ဒါပေမယ့် ဒီစာအုပ်ရဲ့ နောက်တစ်ပိုင်းက ဘယ်သူယူသွားတာလဲ.... ဘာကြောင့်ယူသွားတာလဲ အရင်သိအောင်လုပ်ရမယ်.... စာရေးခဲ့တဲ့ ဆရာကြီးကချင်းချုံးကလား"

"ချင်းချုံးကမဟုတ်ဘူး.... သူက ဖိုးဖိုးကြီးရဲ့အသိမိတ်ဆွေ အဲ့ဒီနှစ်တုန်းက လော့လော်လိုလူတစ်ယောက်က သေမလိုဖြစ်ခဲ့တာကြောင့် သူကနည်းလမ်းရှာခဲ့တာ ဒါပေမယ့် သူသေသွားပြီးမှ ဆရာကြီးက ဒီစာအုပ်ကို ရေးခဲ့တာ.... ဘာဖြစ်လို့လဲ"
"သူသေသွားတာ သေချာလား"

"ခမည်းတော်က အဲ့လိုပြောတယ်.... အလောင်းကိုတောင် ဖိုးဖိုးကြီးက သေချာမြှုပ်ပေးခဲ့တာတဲ့..."

       ဟွမ်ကျင်းရွှေ နေရာတွင် ပြန်ထိုင်ရင်း အလွန်အမင်း ခုန်မြန်နေတဲ့ နှလုံးကို ပြန်တည်ငြိမ်သွားအောင် အရင်ပြုလုပ်လိုက်သည်။ လော့လော်က ရေတစ်ခွက်ခပ်ပေး၏။

"ကျင်းကိုကို.... တစ်နေကုန် ထိုင်နေရတာ ပင်ပန်းနေပြီ"
"ဟင့်အင်း....."

"လော့လော်တို့ စျေးထဲခဏသွားရအောင်လေ... အဆောင်ကချုံတွေကို အားကျိုတို့ရှင်းနေတာ ပြီးသလောက်ဖြစ်နေပြီ လိုအပ်တာတွေ သွားဝယ်ရအောင်"
"ငါစာဖတ်ရအုံးမယ်...."

       လော့လော်သည် ခေါင်းလေးငုံ့သွားကာ လက်ချောင်းလေးများကို အချင်းချင်း ပွတ်သပ်နေသည်။ သူမသည် အားငယ်နေသော လေသံဖြင့် ဆိုလာလေသည်။

"ဒါဆိုလည်း လော့လော်တစ်ယောက်တည်း သွားရတော့မှာပေါ့"
"ယဲ့ရှားလုံကကော"

"သူက ညစာချက်ပေးနေတယ်လေ... ရပါတယ် လော့လော်တစ်ယောက်တည်းပဲ သွားလိုက်မယ် လမ်းမှာ မကောင်းတဲ့သူတွေနဲ့တွေ့တော့လည်း အပြိုင်အဆိုင် သတ်ကြရုံပေါ့... ပြောလို့မရဘူး ရှီချိုးက လာကယ်ချင်ကယ်မှာ..."

'ဒုန်း....'

       ဟွမ်ကျင်းရွှေ စာအုပ်ကိုစားပွဲပေါ် ပြန်ပစ်ချလိုက်သည်။

"ငါလိုက်မယ်...."

        မတ်တပ်ထရပ်သည်နှင့် လော့လော်က သူ့လက်ကိုလှမ်းချိတ်လာ၏။ သို့နှင့် သူတို့နှစ်ယောက်သည် တိမ်လွှမ်းတောင်ထွတ်မှထွက်၍ ကျင့်ကြံသူတို့စျေးကွက်သို့ ရောက်လာခဲ့သည်။ အရင်အတိုင်း ဟွမ်ကျင်းရွှေကိုမြင်တာနဲ့ ရှောင်ကွင်းကာသွားကြမြဲပင်။

       ဟွမ်ကျင်းရွှေသည် ပဝါခမောက်ကိုထုတ်၍ ခေါင်းကိုပေါ်တင်လိုက်သည်။ သူကနှာတစ်ချက်မှုတ်ပြီး

"စိတ်ရှုပ်ဖို့ကောင်းတယ်...."

       စျေးကွက်ရောက်သော် ယခင်အတိုင်း လော့လော်က စျေးထဲပတ်ပြေးကာ သူမလိုချင်သည့်အရာများကို ဝယ်နေသည်။ စာရွက်နဲ့ စုတ်တံများသာမက စားပွဲပုပုလေးတွေတောင် ပါသေးသည်။ နောက်ဆုံး ကျောက်စိမ်းဆွဲပြားများ ရောင်းသော ဆိုင်ရောက်သော်

"ဘယ်ဟာက လှလဲ.... ကျင်းကိုကို "
"မင်းသဘောကျတာယူလိုက်"

"အားကျိုတို့သုံးယောက်အတွက် တပည့်ပိုင် တံဆိပ်ပြားလိုတယ်လေ.... ကျင်းကိုကို လာရွေးလိုက်"
"ဒါ....."

       ဟွမ်ကျင်းရွှေက စိတ်မပါလက်မပါဖြင့် တွေ့ကရာ တံဆိပ်ပြားကို လက်ညှိုးထိုးပြလိုက်၏။ ထိုတံဆိပ်ပြားသည် ကျောက်စိမ်းဖြူပေါ်တွင်မှ ကျောက်စိမ်းဖြင့် ထပ်မံသွန်းလုပ်ထားလေသည်။ အလေးချိန်ကလည်း လော့လော်မှာရှိတာထက် ပို၏။

        လော့လော်သည် ထိုကျောက်စိမ်းပြားကိုယူ၍ ဆိုင်ရှင်ထံ ပေးလိုက်သည်။

"ဒီလိုပုံစံ ကျောက်စိမ်းပြား..... မဟုတ်သေးဘူး ဒီလိုကျောက်စိမ်းပြား ဘယ်နှခုရှိလဲ"
"မိန်းကလေး.... အဲ့တာက အဲ့ဒီတစ်ခုပဲရှိတာပါ ပုံစံတူမရှိပါဘူး...."

"ကောင်းတယ်.... နောက်ထပ်အခု၂၀လောက် ထပ်လုပ်ပေး.... ကျွန်မအတွက်ပဲနော် ဒီလိုပုံစံကို ထပ်ပြီးတင်မရောင်းတော့နဲ့ စျေးနှစ်ဆပေးခဲ့မယ်"
"ကောင်းပါပြီဗျာ.... ကောင်းပါပြီ"

       ဆိုင်ရှင်သည် လော့လော်ဆီမှ ငွေကိုလက်ခံပြီး ကျောက်စိမ်းပြားကိုလည်း သိမ်းလိုက်၏။

"နောက်အပတ်လောက်ဆို ရပါမယ် မိန်းကလေး "
"ဟုတ်ကဲ့... ကျွန်မနောက်အပတ် လာယူပါ့မယ်"

"ဟုတ်ကဲ့...."

       ဟွမ်ကျင်းရွှေသည် လော့လော်ထွက်လျှင် လိုက်ထွက်သည်။ လော့လော်ရပ်လျှင် လိုက်ရပ်သည်။ စကားလည်းမပြော၊ ဘာမှလည်း မလှုပ်ရှားပေ။ တံဆိပ်ပြားဆိုင်ကြီးထဲကနေ ထွက်ပြီး လမ်းတစ်ဝက်ရောက်တော့ လော့လော် အနောက်ကို ပြန်လှည့်လိုက်သည်။

       ဟွမ်ကျင်းရွှေ ခေါင်းပေါ်ကနေ ဖြာကျနေသော ပဝါကိုလှန်၍ ပဝါအထဲသို့ ဝင်သွားလေ၏။

"ကျင်းကိုကို.... တစ်လမ်းလုံး ငြိမ်ကုတ်နေတာပဲ အသက်ကောရှိသေးရဲ့လား"
"အသက်ရှိလို့ မင်းကိုကြည့်နေတာကော"

"ဟွန်း..... အသက်ရှိတာကလည်း တစ်လမ်းလုံး အသက်မရှိတဲ့ အတိုင်းပဲ.... ငြိမ်နေတာချည်းက... "
"လော့လော် ဘာဝယ်စရာရှိသေးလဲ"

"လော့လော် စုံစမ်းစရာလေးရှိသေးတယ်"

       သူမသည် ဟွမ်ကျင်းရွှေ၏ ပဝါခမောက်ထဲသို့ ဝင်နေတာဖြစ်ကာ လမ်းသွားလမ်းလာ အချို့ကပင် ကြည့်သွားကြသေးသည်။ ကြာလာတော့ ကျင့်ကြံသူတွေက သူတို့ကို အရေးမစိုက်ကြတော့ချေ။

       ဟွမ်ကျင်းရွှေက လက်ပိုက်ထားတဲ့ ပုံစံအဖြစ်ပြောင်းလိုက်ကာ

"ဘာကိစ္စလဲ..."
"တွေးကြည့်.... ရိယုံလို့ အထုံပါရမီရှိတဲ့သူက ဘယ်လိုလုပ်များ ကျင့်စဥ်ဖောက်ပြန်မှာလဲ တစ်ယောက်ယောက်က သူ့ကိုကျင့်စဥ်စာအုပ်ကို အမှားကြီးပေးလိုက်တာပဲဲ ဖြစ်မယ်... အဲ့ဒါဘယ်သူလဲ "
"ကျားဝါအဖိုးကြီး...."

"ဟုတ်တယ်.... သူကဘာကြောင့် အဲ့လိုလုပ်တယ်လို့ထင်လဲ"
"လာ.... ဟိုဘက်မှာသွားပြောမယ်"

       ဟွမ်ကျင်းရွှေ သူမလက်ကိုဆွဲ၍ လူသူကင်းသော အိမ်တွေကြားက လမ်းကြားတစ်ခုထောင့်က သစ်ပင်နားကို ခေါ်သွားလေသည်။


Zawgyi
တိမ္ယံလႊမ္းတဲ့ေတာင္

                      🦋53🦋

       ယဲ့ရွားလုံက လက္ပိုက္လ်က္ပင္ ေလာ့ေလာ္ေရွ႕ကို ျဖည္းျဖည္းခ်င္း ေလွ်ာက္လာသည္။ အျခားသူ၏ အတြင္းေရးကိစၥကို ဝင္မစြပ္ဖက္ခ်င္ေပမယ့္ ေလာ့ေလာ္ကေတာ့ ပထမဆုံးအေနျဖင့္ သူစိတ္ရင္းနဲ႕ ခင္မင္ခဲ့သူမို႔ ေလာ့ေလာ္၏ကံၾကမၼာ နိမိတ္အေၾကာင္းကို သူတိတိက်က် သိခ်င္မိသည္။

"ေလာ့ေလာ္.... ငါကနင့္ရဲ႕သူငယ္ခ်င္း ျဖစ္ေနၿပီ... ေသေရးရွင္ေရးကိစၥေတြလည္း အတူတူ ေက်ာ္ျဖတ္ဖူးတယ္ နင္ေျပာၾကည့္.... ငါမသိထားသင့္ဘူးလား နင္႐ုတ္တရက္ႀကီး တစ္ခုခုျဖစ္သြားရင္ ငါတို႔ဘယ္လိုလုပ္ရမလဲ"
"ငါေတာင္းပန္ပါတယ္...."

"အင္း..... ထားပါေတာ့ အခုဘာလုပ္ခ်င္လဲ"

      ေလာ့ေလာ္ ေခါင္းျပန္ေမာ့လာကာ

"နင္ ေနာက္ဆုံးအဆင့္ က်င့္ရမယ္မဟုတ္လား... ငါနင့္အတြက္ ေနရာရွာေပးရမလား"
"မလိုဘူး.... အဲ့ဒီအဆင့္က ငါ့အတြက္ ေတာ္ေတာ္ေလး အႏၱရာယ္မ်ားလို႔ ငါမက်င့္ေတာ့ဘူး"

"ဟင္...."
"သူမ်ားကိစၥကို စိတ္ဝင္စားမေနပါနဲ႕.... ေျပာ အခုဘာလုပ္ဖို႔ စီစဥ္ထားလဲ"

"ငါ လိုင္မုန္နဲ႕ေတြ႕ၾကည့္ရင္ ေကာင္းမလားလို႔"
"ဘာ!"

"ျဖည္းျဖည္းေအာ္ပါ လန့္လိုက္တာႀကီးကို.... သူကလည္း ျဒပ္စင္ႏွစ္ခုပါတဲ့ သူပဲေလ... အဲ့ဒါေၾကာင့္ သူမ်ားတစ္ခုခု သိထားမလားလို႔ပါ ဘာပဲျဖစ္ျဖစ္ က်င္းကိုကိုက ငါ့အတြက္ အသဲအသန္ႀကိဳးစားေနေတာ့ ငါလည္း ဒီအတိုင္းႀကီး မေနခ်င္ဘူး"
"ေကာင္းၿပီ...."

"အယ္.... ေနအုံး နင္လိုက္လို႔မရဘူး... "
"သိပါတယ္...."

       ခဏေနေတာ့ ႐ြာကလူငယ္ေလး သုံးေယာက္ေရာက္လာသည္။ ဟြမ္က်င္းေ႐ႊက ထိုအခါ အျပင္ထြက္လာ၍ သူတို႔သုံးေယာက္ကို ေလာ့ေလာ္ယခင္က ေနခဲ့ေသာ အခန္းတြင္ေနေစကာ ေလာ့ေလာ္ကိုေတာ့ သူ႕အခန္းထဲတြင္ ေနေစလိုက္သည္။

       အမ်ား၏အျမင္မွာေတာ့ တိမ္လႊမ္းေတာင္ထြတ္က တပည့္အိပ္ေဆာင္ေတာင္ မရွိေသာ ဆင္းရဲသည့္ ေတာင္ထြတ္ဟု ထင္လိမ့္မည္ ။ ထိုသို႔မဟုတ္ေပ။ တိမ္လႊမ္းေတာင္ထြတ္တြင္ အေဆာင္မ်ားစြာရွိသည္။ ေတာင္ထြတ္၏ဧရိယာကလည္း က်ယ္ဝန္းသည္။

       ေနရာတိုင္းမွာ ခ်ဳံေတြသာ ရွိေနၿပီး ဟိုးယခင္ကတည္းက တည္ခဲ့ေသာ နန္းေဆာင္ေတြကို ခ်ဳံႏြယ္မ်ားက ဖုံးလႊမ္းသြားေလေတာ့သည္။ ဟြမ္က်င္းေ႐ႊသည္ တပည့္သုံးေယာက္ ထပ္ရလိုက္ေသာအခါ ထိုေနရာမ်ားကို ရွင္းလင္းပစ္ရန္ ဆုံးျဖတ္လိုက္၏။

       သူက တပည့္သုံးေယာက္ကို ရိုးရိုးဓားရွည္ တစ္လတ္ဆီထုတ္ေပးလိုက္ၿပီး အေဆာင္ေဟာင္းမ်ားဘက္သို႔ ေခၚေဆာင္သြားသည္။ သိုင္းပညာ၏ အေျခခံအဆင့္မ်ားကို ေသခ်ာရွင္းျပၿပီး ဓားကိုင္နည္းကို ေသေသခ်ာခ်ာ ျပသ၏။

       တပည့္သုံးေယာက္ကို ဓားလႊဲရမ္းကာ သိုင္းက်င့္ေစရင္း အေဆာင္ေဟာင္းပတ္ပတ္လည္က ခ်ဳံမ်ားကို ရွင္းေစသည္။ အေဆာင္ေဟာင္းမ်ားရွိရာ ေနရာက သိဒၶိစြမ္းအင္ ပိုလို႔ေတာင္ ျပည့္ဝေနေသးသည္။ သူတို႔သိုင္းက်င့္တာကို လႈပ္ရွားလိုက္တိုင္း သိဒၶိစြမ္းအင္ေတြက သူတို႔ရဲ႕ခႏၶာကိုယ္ထဲကို စီးဝင္သြားသည္။

       တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္သေဘာမ်ိဳး ျဖစ္သြားသည္။ တပည့္သုံးေယာက္သည္ အစကတည္းက ဟုန္က်င္းေက်ာင္းလို စာသင္ႀကီးထဲမွာ မိန့္မိန့္ႀကီးထိုင္ၿပီး သင္ၾကားရမယ္လို႔ ေတြးထားျခင္း မရွိတာေပ။ သူတို႔သည္ ယခင္ကလည္း သာမန္ဘဝတြင္ လုပ္စားရသည့္ သူမ်ားျဖစ္လို႔ ခ်ဳံရွင္းသိုင္းက်င့္တာကပင္ သူတို႔အတြက္ ဂုဏ္ယူစရာျဖစ္ေန၏။

        ေလာ့ေလာ္နဲ႕ ယဲ့ရွားလုံ ေတာင္ေျခတြင္ စိုက္ထားခဲ့ေသာ အသီးအ႐ြက္မ်ားကိုခူးကာ ညစာအတြက္ ျပင္ဆင္ရန္ လုပ္ေနသည္။ ခက္တာက ေလာ့ေလာ္က ဟင္းမခ်က္တတ္ေပ။ ယဲ့ရွားလုံကိုသာ အားကိုးရေတာ့မည့္ပုံ။

        ဟြမ္က်င္းေ႐ႊ တစ္ေနကုန္ အခန္းထဲ ၿငိမ္ေန၏။ ေန႕လည္စာေတာင္ ထြက္မစားတာမို႔ ေလာ့ေလာ္သည္ သူမလုပ္ထားတဲ့ သစ္ၾကားသီးမုန့္ ပန္းကန္တစ္ခ်ပ္ကိုကိုင္လ်က္ နန္းေဆာင္ထဲ ဝင္လာခဲ့သည္။ စာအုပ္ပုံမ်ားၾကား ဟြမ္က်င္းေ႐ႊမွာ ပုဝင္ေန၏။

"က်င္းကိုကို...."
"ဒီမွာ...."

"စာအုပ္ထဲဝင္သြားၿပီ ထင္ေနတာ.... မုန့္ယူလာတယ္ "

        စာအုပ္အနည္းငယ္ကို ေဘးဖယ္လိုက္ကာ ဟြမ္က်င္းေ႐ႊေဘးတြင္ တင္ပ်ဥ္ေခြ ထိုင္လိုက္သည္။

"ပင္ပန္းေနၿပီလား..."
"မပင္ပန္းဘူး"

"ဗိုက္မဆာဘူးလား"
"မဆာဘူး...."

       ဟြမ္က်င္းေ႐ႊက စာအုပ္ဆီကေနေတာင္ အၾကည့္မခြာေပ။ ေလာ့ေလာ္သည္ မုန့္ဝိုင္းတစ္ခုကို ယူကာ ဟြမ္က်င္းေ႐ႊပါးစပ္ထဲ ထိုးထည့္ေပးလိုက္သည္။ ၿပီးေနာက္ စာအုပ္ကိုယူ၍ မ်က္ႏွာဖုံးကိုၾကည့္လိုက္ေသာ္ သူမဆီက ျဒပ္စင္အေၾကာင္း ျဖစ္ေန၏။

"က်င္းကိုကို...."
"ဘာလို႔လဲ"

"ဒီစာအုပ္က အၿပီးထိမပါဘူးေလ..."
"ဟင္...."

       ဟြမ္က်င္းေ႐ႊ ေသာက္လတ္စ ေရႏြေးခြက္ကို ေဘးကိုအသာခ်၍ စာအုပ္ကိုျပန္ယူသည္။ ေနာက္ဆုံးစာ႐ြက္မ်ားကို လွန္ၾကည့္ေသာ္ အားလုံကဗလာနတၱိ။ ဘာစာမွမရွိေခ်။ သူဖတ္ေနတာပင္ တစ္ဝတ္ေရာက္ေတာ့မည္။

       ဒါက စာအုပ္မ်ားစြာထဲကေန သူရွာေတြ႕ထားတဲ့ ေမွ်ာ္လင့္ခ်က္ကေလးတစ္ခုပင္။ အခုေတာ့ စာအုပ္က အဆုံးသတ္မရွိဘူးတဲ့လား။ ဟြမ္က်င္းေ႐ႊ ေဒါသေၾကာင့္ ေသြးေၾကာမ်ားပင္ ေထာင္တက္လာသည္။

"ဘယ္လိုျဖစ္တာလဲ "
"ခမည္းေတာ္ ေျပာတာေတာ့ စာအုပ္ကိုေရးတဲ့ ဆရာႀကီးက ႐ုတ္တရက္ႏွလုံးေဖာက္ၿပီး ေသသြားတာေၾကာင့္ ဆက္မေရးျဖစ္ခဲ့ဘူးတဲ့...."

"ဆီေလ်ာ္မႈမရွိလိုက္တာ.... ဒါ မေရးခဲ့တာမွ မဟုတ္တာ"

       ဟြမ္က်င္းေ႐ႊသည္ စာအုပ္ခ်ဳပ္ထားသည့္ ေနရာကို ေသခ်ာၾကည့္ေလ ေဒါသထြက္လာေလပင္။

"ဒီစာအုပ္က စာ႐ြက္ေတြကို တစ္ေယာက္ေယာက္က ရည္႐ြယ္ခ်က္ရွိရွိနဲ႕ ျဖဳတ္သြားတာ.... ၾကည့္လိုက္ စာ႐ြက္ေတြကြာေနတာေတြ႕လား...."
"မသိသာပါလား...."

"ဘယ္သိသာမလဲ... အဲ့ေကာင္က ေတာ္ေနလို႔ေနမွာေပါ့... ၾကည့္ရတာ မင္းရဲ႕ေမြးရာပါ ျဒပ္စင္ႏွစ္ခုက လုပ္ႀကံထားတာပဲဲ ျဖစ္မယ္"
"လုပ္ႀကံတယ္?"

"ေလာ့ေလာ္... မင္းအေမမွာ ရန္သူရွိခဲ့လား ဒါမွမဟုတ္ မင္းအေဖေပါ့"
"အဲ့လိုေတာ့ မၾကားဖူးဘူး"

"မဟုတ္ေသးဘူး.... မင္းကသိမွာမဟုတ္ဘူး ငါပဲဘုရင္ႀကီးကို စာေရးၿပီေမးလိုက္ပါမယ္"

       ေလာ့ေလာ္ကလည္း ေထာက္ခံေၾကာင္းသာ ေခါင္းတဆက္ဆက္ ညိတ္ျပလိုက္ေတာ့သည္။ ဟြမ္က်င္းေ႐ႊက ေ႐ႊဝါေရာင္လိပ္ျပာတစ္ေကာင္ ဖန္တီး၍ ခ်င္းခ်ဳံးဘုရင္ႀကီးထံ အသံပို႔လႊတ္လိုက္ေလသည္။ လိပ္ျပာေလး ပ်ံထြက္သြားတဲ့အထိ ဟြမ္က်င္းေ႐ႊမွာ အသက္ရႉျမန္ေနဆဲ။

       စာပို႔လိပ္ျပာက သိဒၶိစြမ္းအင္ ႂကြယ္ဝတာမို႔ ေနရာေဒသ ဘယ္ေလာက္ေဝးေဝး သူကေတာ့ မရပ္မနား ပ်ံသန္းနိုင္သည္။ ေလာ့ေလာ္လက္ထဲက ပန္းကန္ကိုခ်၍ ဟြမ္က်င္းေ႐ႊလက္တစ္ဖက္ကို ဆုပ္ကိုင္လိုက္သည္။

"က်င္းကိုကို...."
"ငါနည္းလမ္းထပ္ရွာၾကည့္မယ္.... ဒါေပမယ့္ ဒီစာအုပ္ရဲ႕ ေနာက္တစ္ပိုင္းက ဘယ္သူယူသြားတာလဲ.... ဘာေၾကာင့္ယူသြားတာလဲ အရင္သိေအာင္လုပ္ရမယ္.... စာေရးခဲ့တဲ့ ဆရာႀကီးကခ်င္းခ်ဳံးကလား"

"ခ်င္းခ်ဳံးကမဟုတ္ဘူး.... သူက ဖိုးဖိုးႀကီးရဲ႕အသိမိတ္ေဆြ အဲ့ဒီႏွစ္တုန္းက ေလာ့ေလာ္လိုလူတစ္ေယာက္က ေသမလိုျဖစ္ခဲ့တာေၾကာင့္ သူကနည္းလမ္းရွာခဲ့တာ ဒါေပမယ့္ သူေသသြားၿပီးမွ ဆရာႀကီးက ဒီစာအုပ္ကို ေရးခဲ့တာ.... ဘာျဖစ္လို႔လဲ"
"သူေသသြားတာ ေသခ်ာလား"

"ခမည္းေတာ္က အဲ့လိုေျပာတယ္.... အေလာင္းကိုေတာင္ ဖိုးဖိုးႀကီးက ေသခ်ာျမႇုပ္ေပးခဲ့တာတဲ့..."

       ဟြမ္က်င္းေ႐ႊ ေနရာတြင္ ျပန္ထိုင္ရင္း အလြန္အမင္း ခုန္ျမန္ေနတဲ့ ႏွလုံးကို ျပန္တည္ၿငိမ္သြားေအာင္ အရင္ျပဳလုပ္လိုက္သည္။ ေလာ့ေလာ္က ေရတစ္ခြက္ခပ္ေပး၏။

"က်င္းကိုကို.... တစ္ေနကုန္ ထိုင္ေနရတာ ပင္ပန္းေနၿပီ"
"ဟင့္အင္း....."

"ေလာ့ေလာ္တို႔ ေစ်းထဲခဏသြားရေအာင္ေလ... အေဆာင္ကခ်ဳံေတြကို အားက်ိဳတို႔ရွင္းေနတာ ၿပီးသေလာက္ျဖစ္ေနၿပီ လိုအပ္တာေတြ သြားဝယ္ရေအာင္"
"ငါစာဖတ္ရအုံးမယ္...."

       ေလာ့ေလာ္သည္ ေခါင္းေလးငုံ႕သြားကာ လက္ေခ်ာင္းေလးမ်ားကို အခ်င္းခ်င္း ပြတ္သပ္ေနသည္။ သူမသည္ အားငယ္ေနေသာ ေလသံျဖင့္ ဆိုလာေလသည္။

"ဒါဆိုလည္း ေလာ့ေလာ္တစ္ေယာက္တည္း သြားရေတာ့မွာေပါ့"
"ယဲ့ရွားလုံကေကာ"

"သူက ညစာခ်က္ေပးေနတယ္ေလ... ရပါတယ္ ေလာ့ေလာ္တစ္ေယာက္တည္းပဲ သြားလိုက္မယ္ လမ္းမွာ မေကာင္းတဲ့သူေတြနဲ႕ေတြ႕ေတာ့လည္း အၿပိဳင္အဆိုင္ သတ္ၾက႐ုံေပါ့... ေျပာလို႔မရဘူး ရွီခ်ိဳးက လာကယ္ခ်င္ကယ္မွာ..."

'ဒုန္း....'

       ဟြမ္က်င္းေ႐ႊ စာအုပ္ကိုစားပြဲေပၚ ျပန္ပစ္ခ်လိဳက္သည္။

"ငါလိုက္မယ္...."

        မတ္တပ္ထရပ္သည္ႏွင့္ ေလာ့ေလာ္က သူ႕လက္ကိုလွမ္းခ်ိတ္လာ၏။ သို႔ႏွင့္ သူတို႔ႏွစ္ေယာက္သည္ တိမ္လႊမ္းေတာင္ထြတ္မွထြက္၍ က်င့္ႀကံသူတို႔ေစ်းကြက္သို႔ ေရာက္လာခဲ့သည္။ အရင္အတိုင္း ဟြမ္က်င္းေ႐ႊကိုျမင္တာနဲ႕ ေရွာင္ကြင္းကာသြားၾကၿမဲပင္။

       ဟြမ္က်င္းေ႐ႊသည္ ပဝါခေမာက္ကိုထုတ္၍ ေခါင္းကိုေပၚတင္လိုက္သည္။ သူကႏွာတစ္ခ်က္မႈတ္ၿပီး

"စိတ္ရႈပ္ဖို႔ေကာင္းတယ္...."

       ေစ်းကြက္ေရာက္ေသာ္ ယခင္အတိုင္း ေလာ့ေလာ္က ေစ်းထဲပတ္ေျပးကာ သူမလိုခ်င္သည့္အရာမ်ားကို ဝယ္ေနသည္။ စာ႐ြက္နဲ႕ စုတ္တံမ်ားသာမက စားပြဲပုပုေလးေတြေတာင္ ပါေသးသည္။ ေနာက္ဆုံး ေက်ာက္စိမ္းဆြဲျပားမ်ား ေရာင္းေသာ ဆိုင္ေရာက္ေသာ္

"ဘယ္ဟာက လွလဲ.... က်င္းကိုကို "
"မင္းသေဘာက်တာယူလိုက္"

"အားက်ိဳတို႔သုံးေယာက္အတြက္ တပည့္ပိုင္ တံဆိပ္ျပားလိုတယ္ေလ.... က်င္းကိုကို လာေ႐ြးလိုက္"
"ဒါ....."

       ဟြမ္က်င္းေ႐ႊက စိတ္မပါလက္မပါျဖင့္ ေတြ႕ကရာ တံဆိပ္ျပားကို လက္ညွိုးထိုးျပလိုက္၏။ ထိုတံဆိပ္ျပားသည္ ေက်ာက္စိမ္းျဖဴေပၚတြင္မွ ေက်ာက္စိမ္းျဖင့္ ထပ္မံသြန္းလုပ္ထားေလသည္။ အေလးခ်ိန္ကလည္း ေလာ့ေလာ္မွာရွိတာထက္ ပို၏။

        ေလာ့ေလာ္သည္ ထိုေက်ာက္စိမ္းျပားကိုယူ၍ ဆိုင္ရွင္ထံ ေပးလိုက္သည္။

"ဒီလိုပုံစံ ေက်ာက္စိမ္းျပား..... မဟုတ္ေသးဘူး ဒီလိုေက်ာက္စိမ္းျပား ဘယ္ႏွခုရွိလဲ"
"မိန္းကေလး.... အဲ့တာက အဲ့ဒီတစ္ခုပဲရွိတာပါ ပုံစံတူမရွိပါဘူး...."

"ေကာင္းတယ္.... ေနာက္ထပ္အခု၂၀ေလာက္ ထပ္လုပ္ေပး.... ကြၽန္မအတြက္ပဲေနာ္ ဒီလိုပုံစံကို ထပ္ၿပီးတင္မေရာင္းေတာ့နဲ႕ ေစ်းႏွစ္ဆေပးခဲ့မယ္"
"ေကာင္းပါၿပီဗ်ာ.... ေကာင္းပါၿပီ"

       ဆိုင္ရွင္သည္ ေလာ့ေလာ္ဆီမွ ေငြကိုလက္ခံၿပီး ေက်ာက္စိမ္းျပားကိုလည္း သိမ္းလိုက္၏။

"ေနာက္အပတ္ေလာက္ဆို ရပါမယ္ မိန္းကေလး "
"ဟုတ္ကဲ့... ကြၽန္မေနာက္အပတ္ လာယူပါ့မယ္"

"ဟုတ္ကဲ့...."

       ဟြမ္က်င္းေ႐ႊသည္ ေလာ့ေလာ္ထြက္လွ်င္ လိုက္ထြက္သည္။ ေလာ့ေလာ္ရပ္လွ်င္ လိုက္ရပ္သည္။ စကားလည္းမေျပာ၊ ဘာမွလည္း မလႈပ္ရွားေပ။ တံဆိပ္ျပားဆိုင္ႀကီးထဲကေန ထြက္ၿပီး လမ္းတစ္ဝက္ေရာက္ေတာ့ ေလာ့ေလာ္ အေနာက္ကို ျပန္လွည့္လိုက္သည္။

       ဟြမ္က်င္းေ႐ႊ ေခါင္းေပၚကေန ျဖာက်ေနေသာ ပဝါကိုလွန္၍ ပဝါအထဲသို႔ ဝင္သြားေလ၏။

"က်င္းကိုကို.... တစ္လမ္းလုံး ၿငိမ္ကုတ္ေနတာပဲ အသက္ေကာရွိေသးရဲ႕လား"
"အသက္ရွိလို႔ မင္းကိုၾကည့္ေနတာေကာ"

"ဟြန္း..... အသက္ရွိတာကလည္း တစ္လမ္းလုံး အသက္မရွိတဲ့ အတိုင္းပဲ.... ၿငိမ္ေနတာခ်ည္းက... "
"ေလာ့ေလာ္ ဘာဝယ္စရာရွိေသးလဲ"

"ေလာ့ေလာ္ စုံစမ္းစရာေလးရွိေသးတယ္"

       သူမသည္ ဟြမ္က်င္းေ႐ႊ၏ ပဝါခေမာက္ထဲသို႔ ဝင္ေနတာျဖစ္ကာ လမ္းသြားလမ္းလာ အခ်ိဳ႕ကပင္ ၾကည့္သြားၾကေသးသည္။ ၾကာလာေတာ့ က်င့္ႀကံသူေတြက သူတို႔ကို အေရးမစိုက္ၾကေတာ့ေခ်။

       ဟြမ္က်င္းေ႐ႊက လက္ပိုက္ထားတဲ့ ပုံစံအျဖစ္ေျပာင္းလိုက္ကာ

"ဘာကိစၥလဲ..."
"ေတြးၾကည့္.... ရိယုံလို႔ အထုံပါရမီရွိတဲ့သူက ဘယ္လိုလုပ္မ်ား က်င့္စဥ္ေဖာက္ျပန္မွာလဲ တစ္ေယာက္ေယာက္က သူ႕ကိုက်င့္စဥ္စာအုပ္ကို အမွားႀကီးေပးလိုက္တာပဲဲ ျဖစ္မယ္... အဲ့ဒါဘယ္သူလဲ "
"က်ားဝါအဖိုးႀကီး...."

"ဟုတ္တယ္.... သူကဘာေၾကာင့္ အဲ့လိုလုပ္တယ္လို႔ထင္လဲ"
"လာ.... ဟိုဘက္မွာသြားေျပာမယ္"

       ဟြမ္က်င္းေ႐ႊ သူမလက္ကိုဆြဲ၍ လူသူကင္းေသာ အိမ္ေတြၾကားက လမ္းၾကားတစ္ခုေထာင့္က သစ္ပင္နားကို ေခၚသြားေလသည္။

Continue Reading

You'll Also Like

82.3K 5.4K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
122K 14.7K 95
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
334K 19.9K 53
အင္း၀ေခတ္ (ရတနာပူရမင္းေနျပည္ေတာ္)ကို အေျခခံ၍ ေရးသားထားေသာ စိတ္ကူးယဥ္ ဇာတ္လမ္းေလးတစ္ပုဒ္သာျဖစ္သည္ ။ အင်းဝခေတ် (ရတနာပူရမင်းနေပြည်တော်)ကို အခြေခံ၍ ရေးသ...
726K 63.9K 59
မောင်က မင်းကမ္ဘာတစ်ခုထဲကိုပဲ ဦးခိုက်နေမယ့်ကောင်ပါ စဝ်မင်းကမ္ဘာဦးခိုက် time travel (My Universe i...