Unicode
တိမ်ယံလွှမ်းတဲ့တောင်
🦋50🦋
နောက်ဆုံးတော့ ချင်းချုံးဘုရင်ကြီးမှာ လော့ယွင်ကို နန်းတော်ထဲက ထွက်သွားနိုင်ပြီဖြစ်ကြောင်း လက်ခါပြရတော့သည်။ လော့ယွင်က လက်သီးလက်ဝါးဆုပ်ကာ ဂါဝရပြုနေစဥ် တံခါးဝကနေ တစ်စုံတစ်ယောက်သည် အော်ဟစ်ပြေးဝင်လာလေ၏။
"ကိုကိုကြီး.... "
"လော့လော်...."
နန်းတော်ထဲကို အာပေါင်ကျယ်ကြီးနဲ့ ပြေးဝင်ချလာပြီး လော့ယွင်ကို ပြေးဖက်လိုက်တော့သည်။ အစ်ကိုတွေထဲမှာ သူမအပေါ် အလိုလိုက်ဆုံးက လော့ယွင်လေ။ ဘုရင်ကြီးတောင် လော့ယွင်လောက် သူမကိုအလိုမလိုက်ချေ။
လော့လော်က ဘုရင်ကြီးရဲ့ပုလ္လင်ကို တုတ်နဲ့ တက်ရိုက်မယ်ဆိုရင်တောင် သူကထိုင်ကြည့်ပြီး ပြုံးနေမယ့်သူမျိုး ။ အနောက်ကလိုက်လာသော ဟွမ်ကျင်းရွှေက ဘုရင်ကြီးအား ဂါဝရပြုကာ နှုတ်ဆက်လိုက်သည်။ ဘုရင်ကြီးကလည်း ပြန်၍ခေါင်းညိတ်ပြ၏။
"ဟွမ်သခင်လေး..... လမ်းခရီး အဆင်ပြေရဲ့လား"
"အားလုံး အဆင်ပြေပါတယ် ဘုရင်ကြီး...."
"အင်း...."
လော့လော်က အရှေ့ကိုထွက်လာ၍ ဘုရင်ကြီးအား ဦးညွတ်လိုက်သည်။
"ခမည်းတော်....."
"အဟမ့်.... ငါ့ကိုသတိရသေးတယ်ပေါ့နော်"
"ခမည်းတော်ကလည်း သတိရလို့ပဲဲ ပြန်ရောက်ရောက်ချင်း ခမည်းတော်ဆီလာတာပေါ့လို့... ဟဲဟဲ အစ်ကိုကြီးကို ဘာလို့ငေါက်နေတာလဲ ဟင်... "
"ဟင့် ဒီကိစ္စမှာ နင်ကကြံရာပါဆိုတာ ငါမသိဘူးထင်နေလား "
"အယ်.... အဲ့ဒါက....."
"ဟင့်.... မောင်နှမနှစ်ယောက်လုံး အရမ်းပြောရခက်တယ် ထားတော့.... ပြန်လာပြီဆိုတော့ သွားနားလိုက်ကြအုံး "
"ဟုတ်....."
"ဟွမ်သခင်လေး.... စကားခဏပြောချင်တယ်"
"ရပါတယ်"
ဟွမ်ကျင်းရွှေက ရသော်လည်း လော့လော်ကတော့ မရပါ။
"စောစောကပဲ သွားနားတော့လို့ ပြောလိုက်တာ မဟုတ်ဘူးလား"
"နင့်ကိုပြောတာ သွား...."
"ဟင့်...."
ဘုရင်ကြီးအား ဆူပုတ်စောင့်အောင့်ပြီးမှ လော့ယွင်နဲ့အတူ ပြန်ထွက်သွား၏။ ဘုရင်ကြီးသည် ပုလ္လင်ထက်ကနေ ဖြည်းဖြည်းချင်း ဆင်းလာပြီးမှ ဟွမ်ကျင်းရွှေကို သေချာကြည့်လိုက်သည်။
"အင်း....."
ဘုရင်ကြီးက သက်ပျင်းချလိုက်တာကြောင့် ဟွမ်ကျင်းရွှေလည်း စကားစပြောရန် ပါးစပ်ဟနေရာမှ ရပ်သွားခဲ့၏။ ဘုရင်ကြီးသည် သူ့ရှေ့ကိုရောက်လာပြီးမှ သူ့ကို ခေါင်းအစခြေအဆုံး အကဲခတ်လေသည်။
"ပင်ပန်းသွားပြီ..."
"အဲ့လောက်လည်း မဟုတ်ပါဘူး"
"လော့လော်လမ်းမှာ ပြဿနာရှာသေးလား.... သူကော ထိခိုက်တာတွေ ရှိလား"
"မရှိပါဘူး.... အားလုံးကောင်းပါတယ် "
"အွန်း.... ဟွမ်သခင်လေး သတိထားမိမလားတော့ မသိပေမယ့် ကျုပ်သမီးက သခင်လေးကို သဘောကျနေတယ်...."
ဟွမ်ကျင်းရွှေ ပြုံးတုံးတုံးကြီးလုပ်ကာ ပြန်ပြောလိုက်ပါသည်။
"ကျွန်တော်ကလည်း သဘောကျပါတယ်..."
"ဟေ.... မင်းတို့က တစ်ယောက်ခံစားချက်ကို တစ်ယောက် သိနေကြပြီလား"
"အဲ့လိုပြောလို့ရပါတယ်...."
"အဟား မင်းတို့လူငယ်တွေကတော့ မြန်ဆန်တယ်ကွာ .... အခုငါပြောချင်တာကတော့ သူ့အကြောင်းပါပဲ ... စစ်ရှုံးတောင်ရဲ့ရာဇဝင်ကို သခင်လေး ကြားပြီးပြီလား"
"နည်းနည်းပါးပါး ကြားထားပြီးပါပြီ..."
သူတို့နှစ်ယောက် လမ်းလျှောက်လာကြရင်း နန်းတော်၏အပေါ်ထပ်ကို တက်လာခဲ့သည်။ ထို့နောက် နန်းတော်အစွန်းထွက်က ဝရံတာရောက်တော့ သူတို့ခြေလှမ်းများကို အဆုံးသတ်လိုက်သည်။ ဝရံတာကနေ နန်းတော်ခြံဝန်းကို ရှင်းရှင်းလင်းလင်း မြင်ရသည်လေ။
လော့ယွင်နဲ့ လော့လော်က အတူတူထွက်သွားနေကြသည်။ ထိုစဥ် လော့လော်က လှည့်ကြည့်လာကာ ဟွမ်ကျင်းရွှေကို လက်လှမ်းပြ၏။ ဟွမ်ကျင်းရွှေလည်း ပြုံး၍ လက်ပြန်ပြလိုက်သည်။
အဝေးကနေတောင် တောက်ပတဲ့ သူမအပြုံးတွေက သူ့မျက်လုံးတွေကို စူးရှစေသည်။ ဘုရင်ကြီးသည် လက်နှစ်ဖက်နောက်ပစ်ကာ ထိုလူငယ်နှစ်ယောက်ကို တစ်လှည့်စီကြည့်ပြီးမှ စောစောကပြောနေတဲ့ အကြောင်းအရာကို စကားပြန်စလိုက်၏။
"လော့လော်က ဒြပ်စင်နှစ်ခုပါလာတာ.... အမှန်ဆို သူကချင်းချုံးမှာ စွမ်းအားနှစ်ခုကို တစ်ပြိုင်နက် အသုံးပြုနိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်ရမှာ....ဒါပေမယ့် ကံကြမ္မာက သူ့အပေါ်တကယ် ရက်စက်နိုင်လွန်းတယ်...."
ဟွမ်ကျင်းရွှေ တည်ငြိမ်မှု မရှိတော့တဲ့ မျက်ဝန်းတစ်စုံဖြင့် ချာခနဲ လှည့်ကြည့်မိသွားသည်။
"ဘာသဘောလဲ...."
"ဒြပ်စင်နှစ်ခုနဲ့ မွေးလာတဲ့ ချင်းချုံးမျိုးနွယ်မှာ နိမိတ်တစ်ခုရှိတယ်.... အဲ့ဒါက အသက်၂၂နှစ်ကို မကျော်နိုင်ဘူး ဆိုတာပဲ"
ဟွမ်ကျင်းရွှေ၏လေထု ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ ချင်းချုံးဘုရင်ကြီး ဘာတွေပြောနေလဲလို့တောင် သူမသိစိတ်က ပြန်မေးမိ၏။ သို့သော် ဘုရင်ကြီးကတော့ ဟန်ဆောင်နေခြင်း မဟုတ်ပါပေ။ သူ့မျက်ဝန်းတွေက အမှန်တရားကို လက်ကိုင်ထားကြောင်း ဖော်ပြနေသည်။
သို့သော်ငြားလည်း ဟွမ်ကျင်းရွှေကတော့ လက်မခံနိုင်ပါ။ ဘုရင်ကြီး၏စကားကို ကြားပြီးနောက် သူခေါင်းတရမ်းရမ်းနဲ့သာ ဆွံအသွားရှာ၏။ ဒါဆို သူတို့နှစ်ဦးလုံးက အသက်အတွက် တိုက်ပွဲဝင်နေရတဲ့သူပေါ့။ ကံကြမ္မာနဲ့ ပြိုင်ပြီးတော့လေ။
ဟွမ်ကျင်းရွှေ အကြာကြီး ငြိမ်သွားပြီးမှ တုန်ယင်နေတဲ့ အသံတစ်သံ ထွက်ပေါ်လာသည်။
"အဲ့ဒီကိစ္စ သူသိလား..."
"သိတယ်..."
"သိနေတယ်?.... အဟက် လော့လော်က ဟန်ဆောင်ကောင်းလိုက်တာ သူကျွန်တော့်ကို လုံးဝမပြောပြဖူးဘူး..."
"ဘယ်ပြောမလဲ သူကသေရင်တောင် မင်းအနားမှာပဲ တိတ်တိတ်ကလေး အိပ်စက်သွားချင်တဲ့သူလေ"
"ကယ်ဖို့နည်းလမ်းမရှိဘူးလား..."
"သမားတော်တွေအားလုံးကတော့ လက်လျှော့ကုန်ပြီ... ဟွမ်သခင်လေး နည်းလမ်းရှာချင်ရင်တော့ ချင်းချုံးမြေအောက်တိုက်မှာ ဒြပ်စင်နဲ့ပတ်သက်တဲ့ စာအုပ်တွေရှိတယ်..."
"ဘယ်မှာလဲ...."
"မနက်ဖြန် မင်းကိုငါခေါ်သွားပေးမယ်.... အဲ့ဒီစာအုပ်တွေကလည်း ငါ့လက်ရာတွေနဲ့ ပြည့်နေခဲ့ပြီးပါပြီ... "
"ကျွန်တော် ထပ်ရှာမယ်"
"ကောင်းပါပြီ...."
တစ်ဖက်တွင်တော့။
'ဝွီ.....'
ရိယုံသည် သူ့ထံလွင့်လာသော စာလိပ်တစ်ခုကို အမိအရ ဖမ်းထားလိုက်၏။ စာလိပ်ပစ်သူကို သစ်ပင်ထက်ကနေ ငုံ့ကြည့်လိုက်တော့ ယဲ့ရှားလုံကို လက်ပိုက်လျက်တွေ့ရသည်။ ရိယုံ စာလိပ်ကို မြန်မြန်ဖွင့်ဖတ်လိုက်သော်
"ကွာရှင်းစာချုပ်?"
"အင်း...."
"တကယ်ကြီးလား.... မင်းကို နန်းတော်ထဲမှာ ကြာကြာမထားချင်တော့တဲ့ပုံပဲ ဘယ်လိုလဲ မင်းသွားနေတုန်း ဟုန်ကျင်းချင်ဂိုဏ်းက လာရှာသေးတယ်တဲ့လား"
"လာရှာလို့ ဘုရင်ကြီးသိသွားတာပေါ့... "
"အဟား.... ဟုန်ကျင်းချင်ဂိုဏ်းက တကယ်မလွယ်ဘူးပဲ...."
"နင်လည်း မလွယ်ပါဘူး...."
အသံသည် ဥယျာဥ်ထဲဝင်လာသော လော့လော်ထံမှ ဖြစ်လေသည်။ သူတို့နှစ်ယောက်လုံး လော့လော်၏ အိမ်တော်ခြံဝန်းထဲက ဥယျာဥ်ထဲကို ရောက်နေကြတာဖြစ်၏။ ရိယုံ လွှားခနဲ ပြေးဆင်းလာ၍ ယဲ့ရှားလုံနဲ့အတူ လော့လော်အား ဂါဝရပြုလိုက်သည်။
"ယဲ့ယဲ့.... ငါတို့ငါးဖမ်းရအောင်လေ"
"အာ.... စောသေးတယ်လေ မင်းသမီး "
"အစောကြီးသွားတော့ အများကြီး ရတာပေါ့... မဟုတ်ဘူးလား.... ကျင်းကိုကို...."
သူတို့ထံလျှောက်လာနေပြီဖြစ်သော ဟွမ်ကျင်းရွှေကိုပါ လှမ်းမေးလိုက်တော့သည်။ ဟွမ်ကျင်းရွှေက ခေါင်းကိုသာညိတ်ပြပြီး သူတို့အနား ရောက်တော့မှ စကားပြော၏။
"မင်းတို့အပြင်မှာ စောင့်နေ... ငါလော့လော်နဲ့ ပြောစရာရှိတယ် "
ယဲ့ရှားလုံတို့နှစ်ယောက်က အရင်ဆုံးထွက်သွားပေးလေသည်။ မက်မွန်ပင်များ ပတ်လည်ဝိုင်းလျက် အောက်ခြေတွင် မြက်နုနုလေးများလည်း ပေါက်နေ၏။
"ကျင်းကိုကို ဘာပြောမလို့လဲ"
ချစ်ဖို့ကောင်းလွန်းတဲ့ မျက်လုံးလေးများကို သူအချိန်ကြာကြာ စူးစိုက်ကြည့်မိနေသည်။ လော့လော်ပြုံး၍ သူ့ကိုလာဖက်ထားတော့မှ မျက်ဝန်းလေးတွေက သူ့မြင်ကွင်းထဲမှ ကွယ်ပျောက်သွားသည်။
"ဘာဖြစ်နေတာလဲ... ပြောစရာရှိတယ်ဆိုပြီး ဒီအတိုင်းပဲ ရပ်နေတာ"
"မင်းတို့နှစ်ယောက်တည်း နေချင်လို့... "
"ဟင်...."
"မင်းနဲ့နေချင်လို့...."
"ကျင်းကိုကို.... လော့လော်တို့ဒီနေ့ ငါးသွားဖမ်းကြမယ် ပြီးရင် ယဲ့ယဲ့ကို ကောင်းကောင်းကင်ခိုင်းမယ်... "
"အင်း...."
"ပြီးတော့ မနက်ဖြန် လော့လော်ရဲ့မွေးနေ့"
ဟွမ်ကျင်းရွှေသည် အမြင့်မှ ပစ်ချခံလိုက်ရသူလို အကြီးအကျယ် တုန်လှုပ်ထိတ်လန့်သွားတော့သည်။
("၂၀ပြည့်ပြီ....")
"မနက်ဖြန်ကျရင် လော့လော်တို့ ချင်းချုံးတစ်မြို့လုံးကို ပတ်လည်မယ်... ဘယ်လိုလဲ"
"အင်း.... ကိုယ်မင်းနဲ့အတူ လိုက်ခဲ့ပေးမယ် "
"ကျင်းကိုကိုက အဓိကပဲလေ.... အခုငါးသွားဖမ်းရမယ်"
"ကိုယ်...."
လော့လော် ရင်ခွင်ထဲက ထွက်ရန်ကြိုးစားသောအခါ တစ်ဖက်က သူမအား တင်းတင်းဖက်ထားကြောင်း တွေ့ရ၏။ ဟွမ်ကျင်းရွှေအား မော့ကြည့်ကာ
"ကျင်းကိုကို.... ဘာဖြစ်လို့လဲ"
"ကိုယ် မင်းကိုမွေးနေ့လက်ဆောင် ကြိုပေးမယ်..."
"တကယ်လား ဘာပေးမှာလဲ"
ဟွမ်ကျင်းရွှေက သူမကိုခါးကနေ ချီမလိုက်ပြီး သစ်ကိုင်းကြီးတစ်ခုပေါ် တင်လိုက်သည်။ ထိုအခါ သူတို့နှစ်ယောက်သည် တစ်တန်းတည်း ဖြစ်သွား၏။
"ကျင်း..... အင့်...."
နွေးထွေးသော၊ နူးညံ့သော နှုတ်ခမ်းတစ်ခုက သူမကိုနမ်းရှိုက်လာသည်။ ဟွမ်ကျင်းရွှေ၏မျက်တောင်မွှေးတို့က သူနဲ့အနီးကပ်ဆုံးမှာ ရှိနေသည်။ နှုတ်ခမ်းအတွင်းထိ ကျူးကျော်လာသည့် တစ်စုံတစ်ခုကြောင့် သူမမျက်လုံးတို့လည်း ပိတ်သွားခဲ့သည်။
အပြင်ဘက်တွင်တော့။
"ငါတို့အရင် သွားနှင့်ကြမလား"
"မင်းသမီးနဲ့မှ အတူသွားရအောင်"
"ငါ.... ယဲ့ရှားလုံ ငါမင်းတို့နဲ့အတူ တိမ်လွှမ်းတောင်ထွတ်ကို ပြန်လိုက်နိုင်မှာ မဟုတ်တော့ဘူး"
"ဘာလို့လဲ..."
"ငါ့ကျင့်စဥ်ကို အောင်မြင်အောင် ဂူပိတ်သိုင်းကျင့်မလို့လေ"
"အော်...."
"အော်?.... အဟား အော်ပဲလား ဂူပိတ်သိုင်းကျင့်တာ ဘယ်လောက်ကြာသလဲ မင်းသိရဲ့သားနဲ့.... ငါနဲ့ခွဲရမှာကို သေးသေးလေးတောင် မခံစားရဘူးလား"
"ငါကဘာကို ခံစားနေရမှာလဲ... နင်ကသွားသေမှာမှ မဟုတ်တာကို "
"ဟူး..... အဲ့တာလည်း ဟုတ်ပါတယ်လေ"
သိပ်မကြာလိုက်ဘဲ ဟွမ်ကျင်းရွှေ နဲ့ လော့လော်တို့ ဥယျာဥ်ထဲကနေ ထွက်လာသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နဲ့တစ်ယောက် လက်တွဲထားကြပြီး ခဏခဏလည်း ပြုံးနေကြသည်။ တစ်ခုခုတော့ မူမမှန်ဘူးဆိုတာ သိသော်လည်း ရိယုံ မမေးရဲချေ။
တစ်ခုခုဆို စိတ်မြန်တဲ့ လော့လော်က သူ့ခေါင်းကို လှမ်းလှမ်းခေါက်သည်လေ။ ချင်းချုံးနိုင်ငံထဲက ရေကန်ကြီးတစ်ကန်နားတွင် သူတို့လေးယောက် ငါးမြှားတံကိုယ်စီဖြင့် ရောက်သွားသည်။
ငါးစမြှားသည်နှင့် မကြာခင်မှာပဲ ယဲ့ရှားလုံက တစ်ကောင်ရကာ ဟွမ်ကျင်းရွှေကလည်း တစ်ကောင်ထပ်ရသည်။ အားလုံးက သိဒ္ဓိစွမ်းအင်ပါသည့် ငါးတွေပဲမို့ အဆင်ပြေလှသည်။ နောက်ပြီး ငါးတွေက လက်တံတောင်မက ရှည်လျားကာ ဝဝကစ်ကစ်ကြီးတွေချည်းပင်။
သိပ်တောင် မစောင့်လိုက်ရဘဲ ထိုငါးနှစ်ကောင်နှင့် နန်းတော်ပြန်ရောက်လာခဲ့သည်။ တစ်ကောင်ကိုကင်ပြီး တစ်ကောင်ကို ငါးချဥ်စပ်ချက်လိုက်ကာ သူတို့လေးယောက် အားရပါးရ ဝိုင်းစားကြသည်။
ဟွမ်ကျင်းရွှေ၏ ငါးချဥ်စပ် အရသာက စားပြီးရင်း စားချင်ဖြစ်နေရာ ငါးထပ်သွားဖမ်းရန် လုပ်နေတဲ့ လော့လော်ကို ချော့မော့ကာ တားလိုက်ရ၏။
နောက်တစ်နေ့ နံနက်တွင်။ နန်းတော်ထဲ၌ မွေးနေ့ပွဲကြီးတစ်ခု ပြုလုပ်ကြသည်။ ပြည်သူတွေပါ ပါဝင်ဆင်နွှဲကြသည့် မွေးနေ့ပွဲသည် ညရောက်သောအခါတွင်လည်း မွေးနေ့ဆုတောင်းစာများကို မီးပုံးနဲ့အတူ ချည်နှောင်ကာ ကောင်းကင်ထက်သို့ လွှတ်တင်ကြသေးသည်။
လော့လော်သည် တစ်နေကုန် ပြေးလွှားပြီး ဧည့်သည်များကို ဧည့်ခံနေရတာကြောင့် ညနေစောင်းတော့ လှုပ်တောင်မလှုပ်တော့ပေ။ ဟွမ်ကျင်းရွှေမှ သူမအားပွေ့ချီကာ နန်းဆောင်ကို ပြန်ပို့ပေးရသည်။
"ပင်ပန်းလိုက်တာ......"
"စောစောအိပ်...."
"ကျင်းကိုကို.... ဘယ်နေ့လောက် တိမ်လွှမ်းတောင်ထွတ်ကို ပြန်ကြမလဲ"
"ပြန်ချင်နေပြီလား..."
"အင်း...."
"လော့လော်ပြန်ချင်တဲ့နေ့ ပြန်ကြမယ်လေ"
"ဒါဆို မနက်ဖြန်ပြန်မယ်..... "
စကားတစ်ခွန်းကို ပြောပြီးနောက် စောင်ခြုံပြီးအိပ်ပျော်သွားလေသည်။
Zawgyi
တိမ္ယံလႊမ္းတဲ့ေတာင္
🦋50🦋
ေနာက္ဆုံးေတာ့ ခ်င္းခ်ဳံးဘုရင္ႀကီးမွာ ေလာ့ယြင္ကို နန္းေတာ္ထဲက ထြက္သြားနိုင္ၿပီျဖစ္ေၾကာင္း လက္ခါျပရေတာ့သည္။ ေလာ့ယြင္က လက္သီးလက္ဝါးဆုပ္ကာ ဂါဝရျပဳေနစဥ္ တံခါးဝကေန တစ္စုံတစ္ေယာက္သည္ ေအာ္ဟစ္ေျပးဝင္လာေလ၏။
"ကိုကိုႀကီး.... "
"ေလာ့ေလာ္...."
နန္းေတာ္ထဲကို အာေပါင္က်ယ္ႀကီးနဲ႕ ေျပးဝင္ခ်လာၿပီး ေလာ့ယြင္ကို ေျပးဖက္လိုက္ေတာ့သည္။ အစ္ကိုေတြထဲမွာ သူမအေပၚ အလိုလိုက္ဆုံးက ေလာ့ယြင္ေလ။ ဘုရင္ႀကီးေတာင္ ေလာ့ယြင္ေလာက္ သူမကိုအလိုမလိုက္ေခ်။
ေလာ့ေလာ္က ဘုရင္ႀကီးရဲ႕ပုလႅင္ကို တုတ္နဲ႕ တက္ရိုက္မယ္ဆိုရင္ေတာင္ သူကထိုင္ၾကည့္ၿပီး ၿပဳံးေနမယ့္သူမ်ိဳး ။ အေနာက္ကလိုက္လာေသာ ဟြမ္က်င္းေ႐ႊက ဘုရင္ႀကီးအား ဂါဝရျပဳကာ ႏႈတ္ဆက္လိုက္သည္။ ဘုရင္ႀကီးကလည္း ျပန္၍ေခါင္းညိတ္ျပ၏။
"ဟြမ္သခင္ေလး..... လမ္းခရီး အဆင္ေျပရဲ႕လား"
"အားလုံး အဆင္ေျပပါတယ္ ဘုရင္ႀကီး...."
"အင္း...."
ေလာ့ေလာ္က အေရွ႕ကိုထြက္လာ၍ ဘုရင္ႀကီးအား ဦးၫြတ္လိုက္သည္။
"ခမည္းေတာ္....."
"အဟမ့္.... ငါ့ကိုသတိရေသးတယ္ေပါ့ေနာ္"
"ခမည္းေတာ္ကလည္း သတိရလို႔ပဲဲ ျပန္ေရာက္ေရာက္ခ်င္း ခမည္းေတာ္ဆီလာတာေပါ့လို႔... ဟဲဟဲ အစ္ကိုႀကီးကို ဘာလို႔ေငါက္ေနတာလဲ ဟင္... "
"ဟင့္ ဒီကိစၥမွာ နင္ကႀကံရာပါဆိုတာ ငါမသိဘူးထင္ေနလား "
"အယ္.... အဲ့ဒါက....."
"ဟင့္.... ေမာင္ႏွမႏွစ္ေယာက္လုံး အရမ္းေျပာရခက္တယ္ ထားေတာ့.... ျပန္လာၿပီဆိုေတာ့ သြားနားလိုက္ၾကအုံး "
"ဟုတ္....."
"ဟြမ္သခင္ေလး.... စကားခဏေျပာခ်င္တယ္"
"ရပါတယ္"
ဟြမ္က်င္းေ႐ႊက ရေသာ္လည္း ေလာ့ေလာ္ကေတာ့ မရပါ။
"ေစာေစာကပဲ သြားနားေတာ့လို႔ ေျပာလိုက္တာ မဟုတ္ဘူးလား"
"နင့္ကိုေျပာတာ သြား...."
"ဟင့္...."
ဘုရင္ႀကီးအား ဆူပုတ္ေစာင့္ေအာင့္ၿပီးမွ ေလာ့ယြင္နဲ႕အတူ ျပန္ထြက္သြား၏။ ဘုရင္ႀကီးသည္ ပုလႅင္ထက္ကေန ျဖည္းျဖည္းခ်င္း ဆင္းလာၿပီးမွ ဟြမ္က်င္းေ႐ႊကို ေသခ်ာၾကည့္လိုက္သည္။
"အင္း....."
ဘုရင္ႀကီးက သက္ပ်င္းခ်လိဳက္တာေၾကာင့္ ဟြမ္က်င္းေ႐ႊလည္း စကားစေျပာရန္ ပါးစပ္ဟေနရာမွ ရပ္သြားခဲ့၏။ ဘုရင္ႀကီးသည္ သူ႕ေရွ႕ကိုေရာက္လာၿပီးမွ သူ႕ကို ေခါင္းအစေျခအဆုံး အကဲခတ္ေလသည္။
"ပင္ပန္းသြားၿပီ..."
"အဲ့ေလာက္လည္း မဟုတ္ပါဘူး"
"ေလာ့ေလာ္လမ္းမွာ ျပႆနာရွာေသးလား.... သူေကာ ထိခိုက္တာေတြ ရွိလား"
"မရွိပါဘူး.... အားလုံးေကာင္းပါတယ္ "
"အြန္း.... ဟြမ္သခင္ေလး သတိထားမိမလားေတာ့ မသိေပမယ့္ က်ဳပ္သမီးက သခင္ေလးကို သေဘာက်ေနတယ္...."
ဟြမ္က်င္းေ႐ႊ ၿပဳံးတုံးတုံးႀကီးလုပ္ကာ ျပန္ေျပာလိုက္ပါသည္။
"ကြၽန္ေတာ္ကလည္း သေဘာက်ပါတယ္..."
"ေဟ.... မင္းတို႔က တစ္ေယာက္ခံစားခ်က္ကို တစ္ေယာက္ သိေနၾကၿပီလား"
"အဲ့လိုေျပာလို႔ရပါတယ္...."
"အဟား မင္းတို႔လူငယ္ေတြကေတာ့ ျမန္ဆန္တယ္ကြာ .... အခုငါေျပာခ်င္တာကေတာ့ သူ႕အေၾကာင္းပါပဲ ... စစ္ရႈံးေတာင္ရဲ႕ရာဇဝင္ကို သခင္ေလး ၾကားၿပီးၿပီလား"
"နည္းနည္းပါးပါး ၾကားထားၿပီးပါၿပီ..."
သူတို႔ႏွစ္ေယာက္ လမ္းေလွ်ာက္လာၾကရင္း နန္းေတာ္၏အေပၚထပ္ကို တက္လာခဲ့သည္။ ထို႔ေနာက္ နန္းေတာ္အစြန္းထြက္က ဝရံတာေရာက္ေတာ့ သူတို႔ေျခလွမ္းမ်ားကို အဆုံးသတ္လိုက္သည္။ ဝရံတာကေန နန္းေတာ္ၿခံဝန္းကို ရွင္းရွင္းလင္းလင္း ျမင္ရသည္ေလ။
ေလာ့ယြင္နဲ႕ ေလာ့ေလာ္က အတူတူထြက္သြားေနၾကသည္။ ထိုစဥ္ ေလာ့ေလာ္က လွည့္ၾကည့္လာကာ ဟြမ္က်င္းေ႐ႊကို လက္လွမ္းျပ၏။ ဟြမ္က်င္းေ႐ႊလည္း ၿပဳံး၍ လက္ျပန္ျပလိုက္သည္။
အေဝးကေနေတာင္ ေတာက္ပတဲ့ သူမအၿပဳံးေတြက သူ႕မ်က္လုံးေတြကို စူးရွေစသည္။ ဘုရင္ႀကီးသည္ လက္ႏွစ္ဖက္ေနာက္ပစ္ကာ ထိုလူငယ္ႏွစ္ေယာက္ကို တစ္လွည့္စီၾကည့္ၿပီးမွ ေစာေစာကေျပာေနတဲ့ အေၾကာင္းအရာကို စကားျပန္စလိုက္၏။
"ေလာ့ေလာ္က ျဒပ္စင္ႏွစ္ခုပါလာတာ.... အမွန္ဆို သူကခ်င္းခ်ဳံးမွာ စြမ္းအားႏွစ္ခုကို တစ္ၿပိဳင္နက္ အသုံးျပဳနိုင္တဲ့ တစ္ဦးတည္းေသာသူ ျဖစ္ရမွာ....ဒါေပမယ့္ ကံၾကမၼာက သူ႕အေပၚတကယ္ ရက္စက္နိုင္လြန္းတယ္...."
ဟြမ္က်င္းေ႐ႊ တည္ၿငိမ္မႈ မရွိေတာ့တဲ့ မ်က္ဝန္းတစ္စုံျဖင့္ ခ်ာခနဲ လွည့္ၾကည့္မိသြားသည္။
"ဘာသေဘာလဲ...."
"ျဒပ္စင္ႏွစ္ခုနဲ႕ ေမြးလာတဲ့ ခ်င္းခ်ဳံးမ်ိဳးႏြယ္မွာ နိမိတ္တစ္ခုရွိတယ္.... အဲ့ဒါက အသက္၂၂ႏွစ္ကို မေက်ာ္နိုင္ဘူး ဆိုတာပဲ"
ဟြမ္က်င္းေ႐ႊ၏ေလထု ျပင္းျပင္းထန္ထန္ တုန္ခါသြားသည္။ ခ်င္းခ်ဳံးဘုရင္ႀကီး ဘာေတြေျပာေနလဲလို႔ေတာင္ သူမသိစိတ္က ျပန္ေမးမိ၏။ သို႔ေသာ္ ဘုရင္ႀကီးကေတာ့ ဟန္ေဆာင္ေနျခင္း မဟုတ္ပါေပ။ သူ႕မ်က္ဝန္းေတြက အမွန္တရားကို လက္ကိုင္ထားေၾကာင္း ေဖာ္ျပေနသည္။
သို႔ေသာ္ျငားလည္း ဟြမ္က်င္းေ႐ႊကေတာ့ လက္မခံနိုင္ပါ။ ဘုရင္ႀကီး၏စကားကို ၾကားၿပီးေနာက္ သူေခါင္းတရမ္းရမ္းနဲ႕သာ ဆြံအသြားရွာ၏။ ဒါဆို သူတို႔ႏွစ္ဦးလုံးက အသက္အတြက္ တိုက္ပြဲဝင္ေနရတဲ့သူေပါ့။ ကံၾကမၼာနဲ႕ ၿပိဳင္ၿပီးေတာ့ေလ။
ဟြမ္က်င္းေ႐ႊ အၾကာႀကီး ၿငိမ္သြားၿပီးမွ တုန္ယင္ေနတဲ့ အသံတစ္သံ ထြက္ေပၚလာသည္။
"အဲ့ဒီကိစၥ သူသိလား..."
"သိတယ္..."
"သိေနတယ္?.... အဟက္ ေလာ့ေလာ္က ဟန္ေဆာင္ေကာင္းလိုက္တာ သူကြၽန္ေတာ့္ကို လုံးဝမေျပာျပဖူးဘူး..."
"ဘယ္ေျပာမလဲ သူကေသရင္ေတာင္ မင္းအနားမွာပဲ တိတ္တိတ္ကေလး အိပ္စက္သြားခ်င္တဲ့သူေလ"
"ကယ္ဖို႔နည္းလမ္းမရွိဘူးလား..."
"သမားေတာ္ေတြအားလုံးကေတာ့ လက္ေလွ်ာ့ကုန္ၿပီ... ဟြမ္သခင္ေလး နည္းလမ္းရွာခ်င္ရင္ေတာ့ ခ်င္းခ်ဳံးေျမေအာက္တိုက္မွာ ျဒပ္စင္နဲ႕ပတ္သက္တဲ့ စာအုပ္ေတြရွိတယ္..."
"ဘယ္မွာလဲ...."
"မနက္ျဖန္ မင္းကိုငါေခၚသြားေပးမယ္.... အဲ့ဒီစာအုပ္ေတြကလည္း ငါ့လက္ရာေတြနဲ႕ ျပည့္ေနခဲ့ၿပီးပါၿပီ... "
"ကြၽန္ေတာ္ ထပ္ရွာမယ္"
"ေကာင္းပါၿပီ...."
တစ္ဖက္တြင္ေတာ့။
'ဝြီ.....'
ရိယုံသည္ သူ႕ထံလြင့္လာေသာ စာလိပ္တစ္ခုကို အမိအရ ဖမ္းထားလိုက္၏။ စာလိပ္ပစ္သူကို သစ္ပင္ထက္ကေန ငုံ႕ၾကည့္လိုက္ေတာ့ ယဲ့ရွားလုံကို လက္ပိုက္လ်က္ေတြ႕ရသည္။ ရိယုံ စာလိပ္ကို ျမန္ျမန္ဖြင့္ဖတ္လိုက္ေသာ္
"ကြာရွင္းစာခ်ဳပ္?"
"အင္း...."
"တကယ္ႀကီးလား.... မင္းကို နန္းေတာ္ထဲမွာ ၾကာၾကာမထားခ်င္ေတာ့တဲ့ပုံပဲ ဘယ္လိုလဲ မင္းသြားေနတုန္း ဟုန္က်င္းခ်င္ဂိုဏ္းက လာရွာေသးတယ္တဲ့လား"
"လာရွာလို႔ ဘုရင္ႀကီးသိသြားတာေပါ့... "
"အဟား.... ဟုန္က်င္းခ်င္ဂိုဏ္းက တကယ္မလြယ္ဘူးပဲ...."
"နင္လည္း မလြယ္ပါဘူး...."
အသံသည္ ဥယ်ာဥ္ထဲဝင္လာေသာ ေလာ့ေလာ္ထံမွ ျဖစ္ေလသည္။ သူတို႔ႏွစ္ေယာက္လုံး ေလာ့ေလာ္၏ အိမ္ေတာ္ၿခံဝန္းထဲက ဥယ်ာဥ္ထဲကို ေရာက္ေနၾကတာျဖစ္၏။ ရိယုံ လႊားခနဲ ေျပးဆင္းလာ၍ ယဲ့ရွားလုံနဲ႕အတူ ေလာ့ေလာ္အား ဂါဝရျပဳလိုက္သည္။
"ယဲ့ယဲ့.... ငါတို႔ငါးဖမ္းရေအာင္ေလ"
"အာ.... ေစာေသးတယ္ေလ မင္းသမီး "
"အေစာႀကီးသြားေတာ့ အမ်ားႀကီး ရတာေပါ့... မဟုတ္ဘူးလား.... က်င္းကိုကို...."
သူတို႔ထံေလွ်ာက္လာေနၿပီျဖစ္ေသာ ဟြမ္က်င္းေ႐ႊကိုပါ လွမ္းေမးလိုက္ေတာ့သည္။ ဟြမ္က်င္းေ႐ႊက ေခါင္းကိုသာညိတ္ျပၿပီး သူတို႔အနား ေရာက္ေတာ့မွ စကားေျပာ၏။
"မင္းတို႔အျပင္မွာ ေစာင့္ေန... ငါေလာ့ေလာ္နဲ႕ ေျပာစရာရွိတယ္ "
ယဲ့ရွားလုံတို႔ႏွစ္ေယာက္က အရင္ဆုံးထြက္သြားေပးေလသည္။ မက္မြန္ပင္မ်ား ပတ္လည္ဝိုင္းလ်က္ ေအာက္ေျခတြင္ ျမက္ႏုႏုေလးမ်ားလည္း ေပါက္ေန၏။
"က်င္းကိုကို ဘာေျပာမလို႔လဲ"
ခ်စ္ဖို႔ေကာင္းလြန္းတဲ့ မ်က္လုံးေလးမ်ားကို သူအခ်ိန္ၾကာၾကာ စူးစိုက္ၾကည့္မိေနသည္။ ေလာ့ေလာ္ၿပဳံး၍ သူ႕ကိုလာဖက္ထားေတာ့မွ မ်က္ဝန္းေလးေတြက သူ႕ျမင္ကြင္းထဲမွ ကြယ္ေပ်ာက္သြားသည္။
"ဘာျဖစ္ေနတာလဲ... ေျပာစရာရွိတယ္ဆိုၿပီး ဒီအတိုင္းပဲ ရပ္ေနတာ"
"မင္းတို႔ႏွစ္ေယာက္တည္း ေနခ်င္လို႔... "
"ဟင္...."
"မင္းနဲ႕ေနခ်င္လို႔...."
"က်င္းကိုကို.... ေလာ့ေလာ္တို႔ဒီေန႕ ငါးသြားဖမ္းၾကမယ္ ၿပီးရင္ ယဲ့ယဲ့ကို ေကာင္းေကာင္းကင္ခိုင္းမယ္... "
"အင္း...."
"ၿပီးေတာ့ မနက္ျဖန္ ေလာ့ေလာ္ရဲ႕ေမြးေန႕"
ဟြမ္က်င္းေ႐ႊသည္ အျမင့္မွ ပစ္ခ်ခံလိုက္ရသူလို အႀကီးအက်ယ္ တုန္လႈပ္ထိတ္လန့္သြားေတာ့သည္။
("၂၀ျပည့္ၿပီ....")
"မနက္ျဖန္က်ရင္ ေလာ့ေလာ္တို႔ ခ်င္းခ်ဳံးတစ္ၿမိဳ႕လုံးကို ပတ္လည္မယ္... ဘယ္လိုလဲ"
"အင္း.... ကိုယ္မင္းနဲ႕အတူ လိုက္ခဲ့ေပးမယ္ "
"က်င္းကိုကိုက အဓိကပဲေလ.... အခုငါးသြားဖမ္းရမယ္"
"ကိုယ္...."
ေလာ့ေလာ္ ရင္ခြင္ထဲက ထြက္ရန္ႀကိဳးစားေသာအခါ တစ္ဖက္က သူမအား တင္းတင္းဖက္ထားေၾကာင္း ေတြ႕ရ၏။ ဟြမ္က်င္းေ႐ႊအား ေမာ့ၾကည့္ကာ
"က်င္းကိုကို.... ဘာျဖစ္လို႔လဲ"
"ကိုယ္ မင္းကိုေမြးေန႕လက္ေဆာင္ ႀကိဳေပးမယ္..."
"တကယ္လား ဘာေပးမွာလဲ"
ဟြမ္က်င္းေ႐ႊက သူမကိုခါးကေန ခ်ီမလိုက္ၿပီး သစ္ကိုင္းႀကီးတစ္ခုေပၚ တင္လိုက္သည္။ ထိုအခါ သူတို႔ႏွစ္ေယာက္သည္ တစ္တန္းတည္း ျဖစ္သြား၏။
"က်င္း..... အင့္...."
ႏြေးေထြးေသာ၊ ႏူးညံ့ေသာ ႏႈတ္ခမ္းတစ္ခုက သူမကိုနမ္းရွိုက္လာသည္။ ဟြမ္က်င္းေ႐ႊ၏မ်က္ေတာင္ေမႊးတို႔က သူနဲ႕အနီးကပ္ဆုံးမွာ ရွိေနသည္။ ႏႈတ္ခမ္းအတြင္းထိ က်ဴးေက်ာ္လာသည့္ တစ္စုံတစ္ခုေၾကာင့္ သူမမ်က္လုံးတို႔လည္း ပိတ္သြားခဲ့သည္။
အျပင္ဘက္တြင္ေတာ့။
"ငါတို႔အရင္ သြားႏွင့္ၾကမလား"
"မင္းသမီးနဲ႕မွ အတူသြားရေအာင္"
"ငါ.... ယဲ့ရွားလုံ ငါမင္းတို႔နဲ႕အတူ တိမ္လႊမ္းေတာင္ထြတ္ကို ျပန္လိုက္နိုင္မွာ မဟုတ္ေတာ့ဘူး"
"ဘာလို႔လဲ..."
"ငါ့က်င့္စဥ္ကို ေအာင္ျမင္ေအာင္ ဂူပိတ္သိုင္းက်င့္မလို႔ေလ"
"ေအာ္...."
"ေအာ္?.... အဟား ေအာ္ပဲလား ဂူပိတ္သိုင္းက်င့္တာ ဘယ္ေလာက္ၾကာသလဲ မင္းသိရဲ႕သားနဲ႕.... ငါနဲ႕ခြဲရမွာကို ေသးေသးေလးေတာင္ မခံစားရဘူးလား"
"ငါကဘာကို ခံစားေနရမွာလဲ... နင္ကသြားေသမွာမွ မဟုတ္တာကို "
"ဟူး..... အဲ့တာလည္း ဟုတ္ပါတယ္ေလ"
သိပ္မၾကာလိုက္ဘဲ ဟြမ္က်င္းေ႐ႊ နဲ႕ ေလာ့ေလာ္တို႔ ဥယ်ာဥ္ထဲကေန ထြက္လာသည္။ သူတို႔ႏွစ္ေယာက္သည္ တစ္ေယာက္နဲ႕တစ္ေယာက္ လက္တြဲထားၾကၿပီး ခဏခဏလည္း ၿပဳံးေနၾကသည္။ တစ္ခုခုေတာ့ မူမမွန္ဘူးဆိုတာ သိေသာ္လည္း ရိယုံ မေမးရဲေခ်။
တစ္ခုခုဆို စိတ္ျမန္တဲ့ ေလာ့ေလာ္က သူ႕ေခါင္းကို လွမ္းလွမ္းေခါက္သည္ေလ။ ခ်င္းခ်ဳံးနိုင္ငံထဲက ေရကန္ႀကီးတစ္ကန္နားတြင္ သူတို႔ေလးေယာက္ ငါးျမႇားတံကိုယ္စီျဖင့္ ေရာက္သြားသည္။
ငါးစျမႇားသည္ႏွင့္ မၾကာခင္မွာပဲ ယဲ့ရွားလုံက တစ္ေကာင္ရကာ ဟြမ္က်င္းေ႐ႊကလည္း တစ္ေကာင္ထပ္ရသည္။ အားလုံးက သိဒၶိစြမ္းအင္ပါသည့္ ငါးေတြပဲမို႔ အဆင္ေျပလွသည္။ ေနာက္ၿပီး ငါးေတြက လက္တံေတာင္မက ရွည္လ်ားကာ ဝဝကစ္ကစ္ႀကီးေတြခ်ည္းပင္။
သိပ္ေတာင္ မေစာင့္လိုက္ရဘဲ ထိုငါးႏွစ္ေကာင္ႏွင့္ နန္းေတာ္ျပန္ေရာက္လာခဲ့သည္။ တစ္ေကာင္ကိုကင္ၿပီး တစ္ေကာင္ကို ငါးခ်ဥ္စပ္ခ်က္လိုက္ကာ သူတို႔ေလးေယာက္ အားရပါးရ ဝိုင္းစားၾကသည္။
ဟြမ္က်င္းေ႐ႊ၏ ငါးခ်ဥ္စပ္ အရသာက စားၿပီးရင္း စားခ်င္ျဖစ္ေနရာ ငါးထပ္သြားဖမ္းရန္ လုပ္ေနတဲ့ ေလာ့ေလာ္ကို ေခ်ာ့ေမာ့ကာ တားလိုက္ရ၏။
ေနာက္တစ္ေန႕ နံနက္တြင္။ နန္းေတာ္ထဲ၌ ေမြးေန႕ပြဲႀကီးတစ္ခု ျပဳလုပ္ၾကသည္။ ျပည္သူေတြပါ ပါဝင္ဆင္ႏႊဲၾကသည့္ ေမြးေန႕ပြဲသည္ ညေရာက္ေသာအခါတြင္လည္း ေမြးေန႕ဆုေတာင္းစာမ်ားကို မီးပုံးနဲ႕အတူ ခ်ည္ႏွောင္ကာ ေကာင္းကင္ထက္သို႔ လႊတ္တင္ၾကေသးသည္။
ေလာ့ေလာ္သည္ တစ္ေနကုန္ ေျပးလႊားၿပီး ဧည့္သည္မ်ားကို ဧည့္ခံေနရတာေၾကာင့္ ညေနေစာင္းေတာ့ လႈပ္ေတာင္မလႈပ္ေတာ့ေပ။ ဟြမ္က်င္းေ႐ႊမွ သူမအားေပြ႕ခ်ီကာ နန္းေဆာင္ကို ျပန္ပို႔ေပးရသည္။
"ပင္ပန္းလိုက္တာ......"
"ေစာေစာအိပ္...."
"က်င္းကိုကို.... ဘယ္ေန႕ေလာက္ တိမ္လႊမ္းေတာင္ထြတ္ကို ျပန္ၾကမလဲ"
"ျပန္ခ်င္ေနၿပီလား..."
"အင္း...."
"ေလာ့ေလာ္ျပန္ခ်င္တဲ့ေန႕ ျပန္ၾကမယ္ေလ"
"ဒါဆို မနက္ျဖန္ျပန္မယ္..... "
စကားတစ္ခြန္းကို ေျပာၿပီးေနာက္ ေစာင္ၿခဳံၿပီးအိပ္ေပ်ာ္သြားေလသည္။