Unicode
တိမ်ယံလွှမ်းတဲ့တောင်
🦋49🦋
နတ်ဆိုးမွေးဖွားခြင်းတောင်ကနေ ပြန်ထွက်လာပြီးနောက် လော့လော်သည် နတ်ဆိုးသားရဲပြောလိုက်သော အကြောင်းအရာကို မကြာခဏဆိုသလို စဥ်းစားခန်းဖွင့်နေရသည်။ ဘယ်သူက ဟွမ်ကျင်းရွှေကို မွေးကတည်းက သတ်ချင်နေတာလဲ။
ဘယ်လို ဓားစွမ်းအင်မလို့ ဆံပင်အရောင်တွေပြောင်းပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးကြောတွေ ပွင့်ထွက်လာအောင် ဖြစ်သွားရတာလဲ။ သူတို့၏ အပြန်လမ်းက ချောမွေ့ခဲ့သည်။ သဲသောင်ပြင်ကို ဖြတ်ပြီး တောအုပ်ထဲဲ ရောက်တဲ့အထိ အဆင်ပြေ၏။
တစ်ရက်ကြာတော့ ယခင်က ဟွမ်ကျင်းရွှေ နဲ့ လော့လော်တို့ ပြန်ဆုံတွေ့သော တောအုပ်ထဲကို ပြန်ရောက်လာခဲ့သည်။ တစ်ညတာ အိပ်စက်ရန်ပြင်တော့ ကျီဟန့်က လော့လော်ကိုခေါ်၍ သီးသန့်စကားပြောလာ၏။
"မင်းသမီး.... အဆင်ပြေပါ့မလား"
"အဆင်ပြေပါတယ်... ယဲ့ယဲ့နဲ့ ရိယုံလည်း ပါတယ်လေ အရင်ပြန်နှင့်ပြီး ပုဖောင်အရိုးပြာအိုးကို သေချာမြှုပ်ပေးလိုက်နော် မှတ်ထား.... ကိုယ်ရံတော် မှတ်တမ်းကျောက်တိုင်လည်း ရှိရမယ်"
"ဟုတ်ကဲ့"
"သူ့မောင်လေးကို စောင့်ရှောက်ပေးဖို့အတွက် သေသေချာချာ ပြင်ဆင်ပေးလိုက်...."
လော့လော်က သူမ၏ကိုယ်ပိုင် တံဆိပ်ပြားကို ပေးလိုက်သည်။
"ယူသွား.... အစ်ကိုတော်ကို ပြလိုက် "
"ဟုတ်ကဲ့...."
သို့နှင့် ကျီဟန့်၊ ကျီစုနဲ့ ချင်းယန်တို့သည် ခဏနားကြပြီးနောက် ညတွင်းချင်းပင် ချင်းချုံးတောင်ပိုင်းသို့ ပြန်ထွက်ခွာသွားလေသည်။ တောအုပ်ထဲတွင် ဟွမ်ကျင်းရွှေ ၊ လော့လော် ၊ ယဲ့ရှားလုံနဲ့ရိယုံတို့သာ ကျန်ရစ်ခဲ့၏။
ဟွမ်ကျင်းရွှေ သူ၏သိုလှောင်လက်စွပ်ထဲကနေ မြေပုံကို ထုတ်ယူလိုက်သည်။ ပြီးနောက် သူဒူးပေါ်တွင် ဖြန့်ချကာ သေချာကြည့်ရှုနေသည်။ သူလာတဲ့ နောက်ရည်ရွယ်ချက်တစ်ခုက သူ့အမေကို ရှာဖို့လေ။
ရိယုံကလည်း မြေပုံကိုလှမ်းချောင်းကြည့်လေသည်။ သူသည် ဤမျှ သပ်ရပ်လှပသော မြေပုံကို မတွေ့မမြင်ဖူးသော သူတစ်ယောက်လို မျက်လုံးအရောင်တို့က တောက်ပသွား၏။
"ဝါး..... ပန်းချီပညာရှင်လား...."
ဟွမ်ကျင်းရွှေက ဟက်ခနဲသာ ပြုံး၏။ မြေပုံကို စူးစိုက်ကြည့်ရင်း ဟွမ်ကျင်းရွှေ မျက်နှာက တဖြည်းဖြည်း တည်ငြိမ်လာသလို အေးစက်သည့် အရိပ်အငွေ့များလည်း ကပ်ပါလာသည်။ ရိယုံသည် လော့လော်အား တုတ်သေးသေးလေးနဲ့ လှမ်းတို့သည်။
လော့လော်သည် ကန်စွန်းဥကို မီးပုံထဲ ထည့်ဖုတ်နေတာကြောင့် ဟွမ်ကျင်းရွှေကို သတိမထားမိချေ။ ရိယုံလှမ်းတို့ကာ မေးငေါ့ပြတော့မှ အေးစက်နေတဲ့မျက်နှာကို မြင်လိုက်ရသည်။ သူမသည် ရိယုံကို ကန်စွန်းဥဆီ မျက်ရိပ်ပြပြီး ထသွားသည်။
ကန်စွန်းဥဖုတ်တဲ့ တာဝန်က ရိယုံဆီရောက်သွား၏။ ရိယုံအမုန်းဆုံးက အာလူးဖုတ်၊ ကန်စွန်းဥဖုတ် စသော မြေအောက်တွင် ကိန်းအောင်းနေတတ်သော အသီးအပင်များကို စားရမှာပင်။ သူကြည့်လည်းမကြည့်ချင်။
ထို့ကြောင့်
"ယဲ့ရှားလုံ...."
"ဘာလဲ"
"ဒါကြီး ငါမကြည့်တတ်ဘူးကွာ.... ပြီးတော့ စားရတာလည်း မကြိုက်ဘူး....မင်းလာကြည့်ပေးပါလား"
သိပ်တောင် မခေါ်လိုက်ရဘဲ ယဲ့ရှားလုံက သူ့အနားရောက်လာသည်။ သူကတဖြည်းဖြည်း မိန်းကလေးနဲ့ ပိုပိုတူလာသည်။ လမ်းလျှောက်ပုံနဲ့ အမူအရာတွေကအစ နူးညံ့လာတာကို ရိယုံတစ်ယောက်တည်းကသာ သတိထားမိသည်။
သူက အချိန်နည်းနည်း ရလိုက်တာနဲ့ ယဲ့ရှားလုံအနား ပြေးကပ်သွားရတာကို အကျင့်တစ်ခုလို မွေးထုတ်နေတာလေ။ ယဲ့ရှားလုံ ကန်စွန်းဥကို ခါးကိုင်ကာ ကြည့်လိုက်တိုင်း ဆံနွယ်တို့က လျှောလျှောကျသွားသည်။ ထိုအရာက ရိယုံကို တစ်ခုခုလုပ်ရန် သတိပေးနေသလိုပင်။
ရိယုံသည် သူ့ခေါင်းက စည်းကြိုးတစ်ခုကိုဖြုတ်၍ ယဲ့ရှားလုံဆံနွယ်များကို အတူတကွ စည်းနှောင်ပေးလိုက်သည်။
"ဘာလုပ်တာလဲ...."
"မင်းဆံပင်တွေ ကျနေလို့လေ... အခုကစပြီး မင်းဆံပင်ကို သေချာဂရုစိုက်ပြီး တန်ဖိုးထားရမယ်နော်.... သိလား"
"နင်နဲ့ဘာဆိုင်လဲ"
"အဟား..... မင်းမသိဘူးလား ချစ်သူကောင်လေးတွေက ချစ်သူမိန်းကလေးရဲ့ ဆံပင်ကို အမြတ်တနိုးတန်ဖိုးထားတယ်ဆိုတာကို..."
ရိယုံ ပြောလိုက်တဲ့စကားက ယဲ့ရှားလုံကို အတွေးထဲနစ်မျောသွားစေသည်။ ချစ်သူကောင်လေးက ဆိုတာကကော ဘယ်လို စကားမျိုးလဲ။ သူ့ကိုယ်သူ ရည်ညွှန်းနေတာလား။ ရိယုံ တကယ်ရူးနေပြီ ထင်ပါရဲ့။
ယဲ့ရှားလုံက ရိယုံ၏ထပ်လှမ်းလာသော လက်ကို အသာပုတ်ထုတ်ပစ်လိုက်သည်။ ပြီးနောက် မီးပုံထဲက ကန်စွန်းဥကို ဆက်ကြည့်နေ၏။
"ငါကအမြဲ မိန်းကလေးဖြစ်နေမှာ မဟုတ်ဘူး...."
"ဟွန်း.... မင်းကကျင့်စဥ်တောင် အောင်နေပြီကို ယောကျ်ားလေး ပြန်ဖြစ်ချင်နေသေးတာလား"
"တစ်စုံတစ်ယောက်က ငါ့ကျင့်စဥ်ကို ဖျက်စီးလိုက်ရင် ငါကမူလခန္ဓာကိုယ် ပြန်ဖြစ်သွားမှာပဲ.... မင်းတစ်ခြားတစ်ယောက်ကို ရွေးသင့်တယ်..."
ရိယုံ ပြုံးသာပြုံးနေလိုက်၏။ တစ်ဖက်တွင်တော့ ဟွမ်ကျင်းရွှေသည် လက်ထဲက မြေပုံကို စူးစူးရဲရဲ စိုက်ကြည့်နေဆဲ။ နဖူးသွေးကြောများပင် ထောင်တက်ကာ ချွေးစများပင် စီးကျလာသည်။
လော့လော်က အဝတ်သန့်တစ်ခုဖြင့် ဟွမ်ကျင်းရွှေနဖူးကို သုတ်ပေးရင်း
"ကျင်းကိုကို.... ဘာဖြစ်လို့လဲ"
"ချွေးတွေထွက်နေပြီ... နှလုံးက အောင့်လို့လား.... "
"မဟုတ်ဘူး လော့လော်....ဒီမှာကြည့်လိုက် "
ဟွမ်ကျင်းရွှေက မြေပုံကိုပြလိုက်သည်။ လော့လော် မြေပုံကို သေချာအကဲခတ်ကြည့်တော့လည်း ဘာမှမထူးခြားပါ။ ဟွမ်ကျင်းရွှေ ဘာကိုထိတ်လန့်နေသလဲဆိုတာ သူမ မသိနိုင် ဖြစ်နေသည်။
"တွေ့လား...."
သူမခေါင်းခါပြလိုက်သည်။
"လော့လော် နားမလည်ဘူး ဘာဖြစ်လို့လဲဟင်"
"မြေပုံက နှစ်ခုဆက်ထားတာ..."
"အာ....."
ယဲ့ရှားလုံနဲ့ရိယုံကပါ လှည့်ကြည့်လာကြသည်။
"သေချာကြည့်လိုက် ...တစ်ခုက ချင်းချုံးတောင်ပိုင်းကို ဆွဲထားတာ... ဒါပေမယ့် နောက်တစ်ပိုင်းက ကျင့်ကြံသူတို့စျေးကွက်နဲ့ အဲ့ဒီနားတစ်ဝိုက်ကို အသေးစိပ်ဆွဲထားတာ"
"ဘာလို့လဲ... ဘာလို့နှစ်ခုဆက်ထားတာလဲ"
"ကြည့်ရတာ ဒီစာရွက်အသားက အဖေ့ရဲ့သိဒ္ဓိစွမ်းအင်တွေနဲ့ လုပ်ခဲ့တာဖြစ်မယ်.... ကိုယ်မြေပုံကို ဖွင့်တုန်းက ဖွင့်မရခဲ့ဘူး.... အမျိုးမျိုး ကြိုးစားကြည့်ဖူးတယ် နောက်ဆုံး တိမ်လွှမ်းတောင်ထွတ်ရဲ့ လျိုဝှက်ကျင့်စဥ်စွမ်းအင်နဲ့မှ ဖွင့်နိုင်ခဲ့တာ"
"ဒါဆို ဦးလေးက ကျင်းကိုကိုတစ်ယောက်တည်း ဖွင့်နိုင်အောင် လုပ်ခဲ့တာပေါ့"
ဟွမ်ကျင်းရွှေက တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။ ရိယုံက သူတို့အနား လျှောက်လာ၍
"ရှန်းကျွင်း.... ကျွန်တော်တစ်ချက်လောက် ကြည့်လို့ရမလား"
"အင်း...."
"ရှန်းကျွင်းပြောတာမှန်တယ်.... ဒါက သိဒ္ဓိစွမ်းအင်နဲ့ ဖန်တီးခဲ့တာပဲ မလွယ်ကူဘူး....နောက်ထပ် ထပ်ဖန်တီးဖို့က သုံးနှစ်လောက် ဂူပိတ်သိုင်းကျင့်မှ ရမှာ.... သူအချိန်မရတော့လို့ နေရာနှစ်ခုကို ဆက်ထားလိုက်တာ ဖြစ်ရမယ် "
ဟွမ်ကျင်းရွှေက ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံသည်။ မြေပုံထဲက တစ်ဝက်က ဟွမ်ကျင်းရွှေရဲ့ နတ်ဆိုးသားရဲသွေးနဲ့ ပတ်သက်နေကာ နောက်တစ်ခြမ်းက သူ့မိခင်နဲ့ သေချာပေါက် သက်ဆိုင်နေလိမ့်မည်။
ဟွမ်ကျင်းရွှေက မြေပုံကို ပြန်သိမ်းလိုက်သည်။ ရိယုံသည်လည်း ယဲ့ရှားလုံဘေး ပြန်ရောက်သွား၏။ လော့လော်သည် ဖုတ်ပြီးသား ကန်စွန်းဥတစ်ခုကို လှမ်းယူရင်း
"ဦးလေးက အရေးမကြီးဘဲနဲ့တော့ နတ်ဆိုးမွေးဖွားခြင်းတောင်ကို ရှာမှာမဟုတ်ဘူး... "
"မှန်တယ်.... မင်းတို့ နတ်ဆိုးမွေးဖွားခြင်းတောင်ရောက်တော့ ထင်ထင်ရှားရှား ရေပြာကန်ကို မှတ်မိတယ်မလား"
"အင်း...."
"သိတယ်လေ... ရှန်းကျွင်း အဲ့တာက ဘာဖြစ်လို့လဲ"
"အဲ့ဒီရေပြာကန်က သန့်စင်တဲ့သိဒ္ဓိစွမ်းအင်တွေ ပြည့်နေတယ်.... ဒီလောက်ဆိုးဝါးတဲ့ နတ်ဆိုးတောင်က ဘာလို့သိဒ္ဓိစွမ်းအင် အားကောင်းတဲ့ ရေပြာကန်တစ်ခုက ရှိနေတာလဲ"
ထိုအခါ လော့လော်က
"လော့လော် စာကြည့်ဆောင်ထဲက စာအုပ်တွေထဲမှာ အဲ့လိုသိဒ္ဓိရေပြာကန်နဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ်ကို တွေ့ဖူးတယ် "
"ဘယ်မှာလဲ"
"တောင်ပိုင်းစာကြည့်တိုက်ထဲမှာပဲ... ပြန်ရောက်ရင် ရှာကြတာပေါ့... အခုက ကျင့်ကြံသူတို့စျေးကွက်ကို ပြန်ရတော့မယ် မဟုတ်လား"
"အင်း...."
"ကန်စွန်းဥစား...."
ယခုမှ မီးခဲများကြားကနေ ထုတ်ယူထားတဲ့ ကန်စွန်းဥကို သူမကောက်ကိုင်လိုက်သည်။
"အား.....ပူလိုက်တာ...."
ကန်စွန်းဥကို ပြန်လွှတ်ချလိုက်ရ၏။ ဟွမ်ကျင်းရွှေမှာ သူမလက်ကိုဆွဲယူ၍ လက်ဝါးနှစ်ဖက်ဖြင့် အုပ်ကိုင်ကာ ကုသပေးလေသည်။ အေးစိမ့်စိမ့် သိဒ္ဓိစွမ်းအင်တို့ သူမလက်ချောင်းများကို လာရောက်ထိတွေ့၏။
ဤသည်က သိဒ္ဓိစွမ်းအင်ဖြင့် ဒဏ်ရာကို ကုသခြင်းဖြစ်လေသည်။ အပူလောင်ထားသော နေရာက ချက်ချင်းပဲ ပျောက်ကင်းသွားသည်။
"ဝါး...... လော့လော်တို့ ချင်းချုံးက ကုသတဲ့ကျင့်စဥ်တောင် ဒီလောက်မမြန်ဘူး"
ဟွမ်ကျင်းရွှေက သူ့အား အမွှန်းတင် ချီးကျူးချင်နေသော လော့လော်အား ပြုံးပြ၍ခေါင်းခါလိုက်သည်။
"မမြန်တာ မဟုတ်ပါဘူး.... မင်းကကျွမ်းကျင်အောင် မသင်တာမလား"
"ဟဲဟဲ...."
လော့လော်က ကျင့်စဥ်တွေနဲ့ပတ်သက်ပြီး သိပ်စိတ်ဝင်စားတာ မဟုတ်ပေ။ ထို့ကြောင့် ချင်းချုံးက မိသားစုကျင့်စဥ်ဆိုလည်း ကောင်းကောင်းမွန်မွန် မတတ်မြောက်ပေ။ ကိုးရောင်ချုပ်အစီအရင်ကလွဲလို့ ကျန်တာ သူမသိပ်မသိ။
တစ်ညတာ အနားယူပြီးနောက် ချင်းချုံးသို့ပြန်ရန် ပြင်ဆင်ထားလိုက်သည်။
တစ်လခန့် ကြာပြီးနောက်
"လော့ယွင်.... ငါကဘာလို့ အဲ့ဒီကိစ္စကို မသိရတာလဲဟင်.... မင်းရဲ့မိန်းမက အခုဘယ်မှာလဲ ပြော..."
"သူအခုမရှိဘူး...."
အလယ်ပိုင်းနန်းတော်ကြီးထဲတွင် သားအဖနှစ်ယောက်၏ စကားသံတို့က ရှေ့ဆင့်နောက်ဆင့်ပင် ထွက်ပေါ်လာသည်။ လော့ယွင် ယဲ့ရှားလုံကို ကြင်ယာတော်အဖြစ် တင်မြှောက်လိုက်တဲ့ အကြောင်းကို ဘုရင်ကြီးခမျာ ယခုမှသာ သိရလေ၏။
ဖုံးဖိထားနိုင်လွန်းသော သားဖြစ်သူကို ချင်းချုံးဘုရင်ကြီးမှာ ဒေါသလည်း ထွက်ရခက်နေပြန်သည်။ လော့ယွင်က မိန်းမကိစ္စတွေကို သိပ်စိတ်မဝင်စားပေ။ ကောလဟာလအရသာ သူသည် မိန်းမလှလေးများကို စိတ်ဝင်စားသလို ဖြစ်နေသည်။
အမှန်တကယ်တော့ ထိုသို့ မဟုတ်ပေ။ ချင်းချုံး၏ မိဖုရားခေါင်ဟောင်းက သားသုံးယောက်နဲ့ သမီးငယ်လေးတစ်ယောက်ကို မွေးဖွားပေးခဲ့သည်။ ထိုထဲတွင် အကြီးဆုံးသော လော့ယွင် နဲ့ အငယ်ဆုံး လော့လော်က ပြောရအခက်ဆုံး ဖြစ်သည်။
လော့ယွင်က စဥ်းစားဆင်ခြင်တတ်သည်။ တိုင်းပြည်ရေးရာကို ဂရုတစိုက်နဲ့ လုပ်ဆောင်ပေမယ့် ခေါင်းကတော့ အလွန်မာသည်။ လော့လော်က တစ်ခုခုကို စိတ်မြန်လက်မြန်နဲ့ ပွင့်လင်းသည်။ သို့ပေမယ့် သူမကလည်း ခေါင်းမာတာပင်။
ဘုရင်ကြီးသည် လော့ယွင်ကို အတင်းအကျပ် အိမ်ထောင်ချပေးရန် ကြိုးစားနေတာကြောင့် လော့ယွင်က ယဲ့ရှားလုံနဲ့ အပေးအယူလုပ်ကာ သူ့အား ကြင်ယာတော် မြှောက်လိုက်ခြင်း ဖြစ်လေသည်။ ချင်းချုံးတွင် အခြားသော နိုင်ငံများကဲ့သို့ နန်းတွင်းရေးရာ မရှုပ်ထွေးချေ။
ကြင်ယာတော်များကိုလည်း စည်းကမ်းတွေနဲ့ ချုပ်နှောင်ထားခြင်း မရှိပေ။ ထို့ကြောင့်ပင် ယဲ့ရှားလုံက ဟွမ်ကျင်းရွှေတို့နှင့်အတူ လိုက်သွားခဲ့၏။
ဘုရင်ကြီးသည် မျက်ခုံးစပ်ကြားကို နှိပ်နယ်ရင်း
"လော့ယွင်.... မင်းသူ့ကိုတကယ်ချစ်လား"
"မချစ်ဘူး.... သူပြန်လာရင် ကျွန်တော်သူ့ကို ကွာရှင်းပေးမှာ"
"မင်း...."
ချင်းချုံးဘုရင်ကြီးမှာ ရယ်ရခက်ငိုရခက် ဖြစ်သွားရသည်။ ချင်းချုံး၏ဓလေ့ကလည်း ကွာရှင်းပြီးသား လူတစ်ယောက်ကို အတင်းအကျပ် ထပ်မံလက်ထပ်ပေးလို့ မရပေဘူး။
"ဟူး..... ငါမင်းကို တကယ်မနိုင်တော့ဘူး.... "
ဘုရင်ကြီးက ပုလ္လင်ထက်တွင် ထိုင်လျက်ရှိကာ လော့ယွင်က နန်းတော်ကြီး၏ တောက်ပြောင်လှသော ကြမ်းပြင်ထက်တွင် ကျောက်ရုပ်တစ်ရုပ်လို ရပ်နေသည်။
Zawgyi
တိမ္ယံလႊမ္းတဲ့ေတာင္
🦋49🦋
နတ္ဆိုးေမြးဖြားျခင္းေတာင္ကေန ျပန္ထြက္လာၿပီးေနာက္ ေလာ့ေလာ္သည္ နတ္ဆိုးသားရဲေျပာလိုက္ေသာ အေၾကာင္းအရာကို မၾကာခဏဆိုသလို စဥ္းစားခန္းဖြင့္ေနရသည္။ ဘယ္သူက ဟြမ္က်င္းေ႐ႊကို ေမြးကတည္းက သတ္ခ်င္ေနတာလဲ။
ဘယ္လို ဓားစြမ္းအင္မလို႔ ဆံပင္အေရာင္ေတြေျပာင္းၿပီး ငယ္ငယ္႐ြယ္႐ြယ္နဲ႕ ေသြးေၾကာေတြ ပြင့္ထြက္လာေအာင္ ျဖစ္သြားရတာလဲ။ သူတို႔၏ အျပန္လမ္းက ေခ်ာေမြ႕ခဲ့သည္။ သဲေသာင္ျပင္ကို ျဖတ္ၿပီး ေတာအုပ္ထဲဲ ေရာက္တဲ့အထိ အဆင္ေျပ၏။
တစ္ရက္ၾကာေတာ့ ယခင္က ဟြမ္က်င္းေ႐ႊ နဲ႕ ေလာ့ေလာ္တို႔ ျပန္ဆုံေတြ႕ေသာ ေတာအုပ္ထဲကို ျပန္ေရာက္လာခဲ့သည္။ တစ္ညတာ အိပ္စက္ရန္ျပင္ေတာ့ က်ီဟန့္က ေလာ့ေလာ္ကိုေခၚ၍ သီးသန့္စကားေျပာလာ၏။
"မင္းသမီး.... အဆင္ေျပပါ့မလား"
"အဆင္ေျပပါတယ္... ယဲ့ယဲ့နဲ႕ ရိယုံလည္း ပါတယ္ေလ အရင္ျပန္ႏွင့္ၿပီး ပုေဖာင္အရိုးျပာအိုးကို ေသခ်ာျမႇုပ္ေပးလိုက္ေနာ္ မွတ္ထား.... ကိုယ္ရံေတာ္ မွတ္တမ္းေက်ာက္တိုင္လည္း ရွိရမယ္"
"ဟုတ္ကဲ့"
"သူ႕ေမာင္ေလးကို ေစာင့္ေရွာက္ေပးဖို႔အတြက္ ေသေသခ်ာခ်ာ ျပင္ဆင္ေပးလိုက္...."
ေလာ့ေလာ္က သူမ၏ကိုယ္ပိုင္ တံဆိပ္ျပားကို ေပးလိုက္သည္။
"ယူသြား.... အစ္ကိုေတာ္ကို ျပလိုက္ "
"ဟုတ္ကဲ့...."
သို႔ႏွင့္ က်ီဟန့္၊ က်ီစုနဲ႕ ခ်င္းယန္တို႔သည္ ခဏနားၾကၿပီးေနာက္ ညတြင္းခ်င္းပင္ ခ်င္းခ်ဳံးေတာင္ပိုင္းသို႔ ျပန္ထြက္ခြာသြားေလသည္။ ေတာအုပ္ထဲတြင္ ဟြမ္က်င္းေ႐ႊ ၊ ေလာ့ေလာ္ ၊ ယဲ့ရွားလုံနဲ႕ရိယုံတို႔သာ က်န္ရစ္ခဲ့၏။
ဟြမ္က်င္းေ႐ႊ သူ၏သိုေလွာင္လက္စြပ္ထဲကေန ေျမပုံကို ထုတ္ယူလိုက္သည္။ ၿပီးေနာက္ သူဒူးေပၚတြင္ ျဖန့္ခ်ကာ ေသခ်ာၾကည့္ရႈေနသည္။ သူလာတဲ့ ေနာက္ရည္႐ြယ္ခ်က္တစ္ခုက သူ႕အေမကို ရွာဖို႔ေလ။
ရိယုံကလည္း ေျမပုံကိုလွမ္းေခ်ာင္းၾကည့္ေလသည္။ သူသည္ ဤမွ် သပ္ရပ္လွပေသာ ေျမပုံကို မေတြ႕မျမင္ဖူးေသာ သူတစ္ေယာက္လို မ်က္လုံးအေရာင္တို႔က ေတာက္ပသြား၏။
"ဝါး..... ပန္းခ်ီပညာရွင္လား...."
ဟြမ္က်င္းေ႐ႊက ဟက္ခနဲသာ ၿပဳံး၏။ ေျမပုံကို စူးစိုက္ၾကည့္ရင္း ဟြမ္က်င္းေ႐ႊ မ်က္ႏွာက တျဖည္းျဖည္း တည္ၿငိမ္လာသလို ေအးစက္သည့္ အရိပ္အေငြ႕မ်ားလည္း ကပ္ပါလာသည္။ ရိယုံသည္ ေလာ့ေလာ္အား တုတ္ေသးေသးေလးနဲ႕ လွမ္းတို႔သည္။
ေလာ့ေလာ္သည္ ကန္စြန္းဥကို မီးပုံထဲ ထည့္ဖုတ္ေနတာေၾကာင့္ ဟြမ္က်င္းေ႐ႊကို သတိမထားမိေခ်။ ရိယုံလွမ္းတို႔ကာ ေမးေငါ့ျပေတာ့မွ ေအးစက္ေနတဲ့မ်က္ႏွာကို ျမင္လိုက္ရသည္။ သူမသည္ ရိယုံကို ကန္စြန္းဥဆီ မ်က္ရိပ္ျပၿပီး ထသြားသည္။
ကန္စြန္းဥဖုတ္တဲ့ တာဝန္က ရိယုံဆီေရာက္သြား၏။ ရိယုံအမုန္းဆုံးက အာလူးဖုတ္၊ ကန္စြန္းဥဖုတ္ စေသာ ေျမေအာက္တြင္ ကိန္းေအာင္းေနတတ္ေသာ အသီးအပင္မ်ားကို စားရမွာပင္။ သူၾကည့္လည္းမၾကည့္ခ်င္။
ထို႔ေၾကာင့္
"ယဲ့ရွားလုံ...."
"ဘာလဲ"
"ဒါႀကီး ငါမၾကည့္တတ္ဘူးကြာ.... ၿပီးေတာ့ စားရတာလည္း မႀကိဳက္ဘူး....မင္းလာၾကည့္ေပးပါလား"
သိပ္ေတာင္ မေခၚလိုက္ရဘဲ ယဲ့ရွားလုံက သူ႕အနားေရာက္လာသည္။ သူကတျဖည္းျဖည္း မိန္းကေလးနဲ႕ ပိုပိုတူလာသည္။ လမ္းေလွ်ာက္ပုံနဲ႕ အမူအရာေတြကအစ ႏူးညံ့လာတာကို ရိယုံတစ္ေယာက္တည္းကသာ သတိထားမိသည္။
သူက အခ်ိန္နည္းနည္း ရလိုက္တာနဲ႕ ယဲ့ရွားလုံအနား ေျပးကပ္သြားရတာကို အက်င့္တစ္ခုလို ေမြးထုတ္ေနတာေလ။ ယဲ့ရွားလုံ ကန္စြန္းဥကို ခါးကိုင္ကာ ၾကည့္လိုက္တိုင္း ဆံႏြယ္တို႔က ေလွ်ာေလွ်ာက်သြားသည္။ ထိုအရာက ရိယုံကို တစ္ခုခုလုပ္ရန္ သတိေပးေနသလိုပင္။
ရိယုံသည္ သူ႕ေခါင္းက စည္းႀကိဳးတစ္ခုကိုျဖဳတ္၍ ယဲ့ရွားလုံဆံႏြယ္မ်ားကို အတူတကြ စည္းႏွောင္ေပးလိုက္သည္။
"ဘာလုပ္တာလဲ...."
"မင္းဆံပင္ေတြ က်ေနလို႔ေလ... အခုကစၿပီး မင္းဆံပင္ကို ေသခ်ာဂ႐ုစိုက္ၿပီး တန္ဖိုးထားရမယ္ေနာ္.... သိလား"
"နင္နဲ႕ဘာဆိုင္လဲ"
"အဟား..... မင္းမသိဘူးလား ခ်စ္သူေကာင္ေလးေတြက ခ်စ္သူမိန္းကေလးရဲ႕ ဆံပင္ကို အျမတ္တနိုးတန္ဖိုးထားတယ္ဆိုတာကို..."
ရိယုံ ေျပာလိုက္တဲ့စကားက ယဲ့ရွားလုံကို အေတြးထဲနစ္ေမ်ာသြားေစသည္။ ခ်စ္သူေကာင္ေလးက ဆိုတာကေကာ ဘယ္လို စကားမ်ိဳးလဲ။ သူ႕ကိုယ္သူ ရည္ၫႊန္းေနတာလား။ ရိယုံ တကယ္႐ူးေနၿပီ ထင္ပါရဲ႕။
ယဲ့ရွားလုံက ရိယုံ၏ထပ္လွမ္းလာေသာ လက္ကို အသာပုတ္ထုတ္ပစ္လိုက္သည္။ ၿပီးေနာက္ မီးပုံထဲက ကန္စြန္းဥကို ဆက္ၾကည့္ေန၏။
"ငါကအၿမဲ မိန္းကေလးျဖစ္ေနမွာ မဟုတ္ဘူး...."
"ဟြန္း.... မင္းကက်င့္စဥ္ေတာင္ ေအာင္ေနၿပီကို ေယာက်္ားေလး ျပန္ျဖစ္ခ်င္ေနေသးတာလား"
"တစ္စုံတစ္ေယာက္က ငါ့က်င့္စဥ္ကို ဖ်က္စီးလိုက္ရင္ ငါကမူလခႏၶာကိုယ္ ျပန္ျဖစ္သြားမွာပဲ.... မင္းတစ္ျခားတစ္ေယာက္ကို ေ႐ြးသင့္တယ္..."
ရိယုံ ၿပဳံးသာၿပဳံးေနလိုက္၏။ တစ္ဖက္တြင္ေတာ့ ဟြမ္က်င္းေ႐ႊသည္ လက္ထဲက ေျမပုံကို စူးစူးရဲရဲ စိုက္ၾကည့္ေနဆဲ။ နဖူးေသြးေၾကာမ်ားပင္ ေထာင္တက္ကာ ေခြၽးစမ်ားပင္ စီးက်လာသည္။
ေလာ့ေလာ္က အဝတ္သန့္တစ္ခုျဖင့္ ဟြမ္က်င္းေ႐ႊနဖူးကို သုတ္ေပးရင္း
"က်င္းကိုကို.... ဘာျဖစ္လို႔လဲ"
"ေခြၽးေတြထြက္ေနၿပီ... ႏွလုံးက ေအာင့္လို႔လား.... "
"မဟုတ္ဘူး ေလာ့ေလာ္....ဒီမွာၾကည့္လိုက္ "
ဟြမ္က်င္းေ႐ႊက ေျမပုံကိုျပလိုက္သည္။ ေလာ့ေလာ္ ေျမပုံကို ေသခ်ာအကဲခတ္ၾကည့္ေတာ့လည္း ဘာမွမထူးျခားပါ။ ဟြမ္က်င္းေ႐ႊ ဘာကိုထိတ္လန့္ေနသလဲဆိုတာ သူမ မသိနိုင္ ျဖစ္ေနသည္။
"ေတြ႕လား...."
သူမေခါင္းခါျပလိုက္သည္။
"ေလာ့ေလာ္ နားမလည္ဘူး ဘာျဖစ္လို႔လဲဟင္"
"ေျမပုံက ႏွစ္ခုဆက္ထားတာ..."
"အာ....."
ယဲ့ရွားလုံနဲ႕ရိယုံကပါ လွည့္ၾကည့္လာၾကသည္။
"ေသခ်ာၾကည့္လိုက္ ...တစ္ခုက ခ်င္းခ်ဳံးေတာင္ပိုင္းကို ဆြဲထားတာ... ဒါေပမယ့္ ေနာက္တစ္ပိုင္းက က်င့္ႀကံသူတို႔ေစ်းကြက္နဲ႕ အဲ့ဒီနားတစ္ဝိုက္ကို အေသးစိပ္ဆြဲထားတာ"
"ဘာလို႔လဲ... ဘာလို႔ႏွစ္ခုဆက္ထားတာလဲ"
"ၾကည့္ရတာ ဒီစာ႐ြက္အသားက အေဖ့ရဲ႕သိဒၶိစြမ္းအင္ေတြနဲ႕ လုပ္ခဲ့တာျဖစ္မယ္.... ကိုယ္ေျမပုံကို ဖြင့္တုန္းက ဖြင့္မရခဲ့ဘူး.... အမ်ိဳးမ်ိဳး ႀကိဳးစားၾကည့္ဖူးတယ္ ေနာက္ဆုံး တိမ္လႊမ္းေတာင္ထြတ္ရဲ႕ လ်ိဳဝွက္က်င့္စဥ္စြမ္းအင္နဲ႕မွ ဖြင့္နိုင္ခဲ့တာ"
"ဒါဆို ဦးေလးက က်င္းကိုကိုတစ္ေယာက္တည္း ဖြင့္နိုင္ေအာင္ လုပ္ခဲ့တာေပါ့"
ဟြမ္က်င္းေ႐ႊက တည္ၿငိမ္စြာျဖင့္ ေခါင္းညိတ္ျပလိုက္၏။ ရိယုံက သူတို႔အနား ေလွ်ာက္လာ၍
"ရွန္းကြၽင္း.... ကြၽန္ေတာ္တစ္ခ်က္ေလာက္ ၾကည့္လို႔ရမလား"
"အင္း...."
"ရွန္းကြၽင္းေျပာတာမွန္တယ္.... ဒါက သိဒၶိစြမ္းအင္နဲ႕ ဖန္တီးခဲ့တာပဲ မလြယ္ကူဘူး....ေနာက္ထပ္ ထပ္ဖန္တီးဖို႔က သုံးႏွစ္ေလာက္ ဂူပိတ္သိုင္းက်င့္မွ ရမွာ.... သူအခ်ိန္မရေတာ့လို႔ ေနရာႏွစ္ခုကို ဆက္ထားလိုက္တာ ျဖစ္ရမယ္ "
ဟြမ္က်င္းေ႐ႊက ေခါင္းတညိတ္ညိတ္နဲ႕ ေထာက္ခံသည္။ ေျမပုံထဲက တစ္ဝက္က ဟြမ္က်င္းေ႐ႊရဲ႕ နတ္ဆိုးသားရဲေသြးနဲ႕ ပတ္သက္ေနကာ ေနာက္တစ္ျခမ္းက သူ႕မိခင္နဲ႕ ေသခ်ာေပါက္ သက္ဆိုင္ေနလိမ့္မည္။
ဟြမ္က်င္းေ႐ႊက ေျမပုံကို ျပန္သိမ္းလိုက္သည္။ ရိယုံသည္လည္း ယဲ့ရွားလုံေဘး ျပန္ေရာက္သြား၏။ ေလာ့ေလာ္သည္ ဖုတ္ၿပီးသား ကန္စြန္းဥတစ္ခုကို လွမ္းယူရင္း
"ဦးေလးက အေရးမႀကီးဘဲနဲ႕ေတာ့ နတ္ဆိုးေမြးဖြားျခင္းေတာင္ကို ရွာမွာမဟုတ္ဘူး... "
"မွန္တယ္.... မင္းတို႔ နတ္ဆိုးေမြးဖြားျခင္းေတာင္ေရာက္ေတာ့ ထင္ထင္ရွားရွား ေရျပာကန္ကို မွတ္မိတယ္မလား"
"အင္း...."
"သိတယ္ေလ... ရွန္းကြၽင္း အဲ့တာက ဘာျဖစ္လို႔လဲ"
"အဲ့ဒီေရျပာကန္က သန့္စင္တဲ့သိဒၶိစြမ္းအင္ေတြ ျပည့္ေနတယ္.... ဒီေလာက္ဆိုးဝါးတဲ့ နတ္ဆိုးေတာင္က ဘာလို႔သိဒၶိစြမ္းအင္ အားေကာင္းတဲ့ ေရျပာကန္တစ္ခုက ရွိေနတာလဲ"
ထိုအခါ ေလာ့ေလာ္က
"ေလာ့ေလာ္ စာၾကည့္ေဆာင္ထဲက စာအုပ္ေတြထဲမွာ အဲ့လိုသိဒၶိေရျပာကန္နဲ႕ ပတ္သက္တဲ့ စာအုပ္တစ္အုပ္ကို ေတြ႕ဖူးတယ္ "
"ဘယ္မွာလဲ"
"ေတာင္ပိုင္းစာၾကည့္တိုက္ထဲမွာပဲ... ျပန္ေရာက္ရင္ ရွာၾကတာေပါ့... အခုက က်င့္ႀကံသူတို႔ေစ်းကြက္ကို ျပန္ရေတာ့မယ္ မဟုတ္လား"
"အင္း...."
"ကန္စြန္းဥစား...."
ယခုမွ မီးခဲမ်ားၾကားကေန ထုတ္ယူထားတဲ့ ကန္စြန္းဥကို သူမေကာက္ကိုင္လိုက္သည္။
"အား.....ပူလိုက္တာ...."
ကန္စြန္းဥကို ျပန္လႊတ္ခ်လိဳက္ရ၏။ ဟြမ္က်င္းေ႐ႊမွာ သူမလက္ကိုဆြဲယူ၍ လက္ဝါးႏွစ္ဖက္ျဖင့္ အုပ္ကိုင္ကာ ကုသေပးေလသည္။ ေအးစိမ့္စိမ့္ သိဒၶိစြမ္းအင္တို႔ သူမလက္ေခ်ာင္းမ်ားကို လာေရာက္ထိေတြ႕၏။
ဤသည္က သိဒၶိစြမ္းအင္ျဖင့္ ဒဏ္ရာကို ကုသျခင္းျဖစ္ေလသည္။ အပူေလာင္ထားေသာ ေနရာက ခ်က္ခ်င္းပဲ ေပ်ာက္ကင္းသြားသည္။
"ဝါး...... ေလာ့ေလာ္တို႔ ခ်င္းခ်ဳံးက ကုသတဲ့က်င့္စဥ္ေတာင္ ဒီေလာက္မျမန္ဘူး"
ဟြမ္က်င္းေ႐ႊက သူ႕အား အမႊန္းတင္ ခ်ီးက်ဴးခ်င္ေနေသာ ေလာ့ေလာ္အား ၿပဳံးျပ၍ေခါင္းခါလိုက္သည္။
"မျမန္တာ မဟုတ္ပါဘူး.... မင္းကကြၽမ္းက်င္ေအာင္ မသင္တာမလား"
"ဟဲဟဲ...."
ေလာ့ေလာ္က က်င့္စဥ္ေတြနဲ႕ပတ္သက္ၿပီး သိပ္စိတ္ဝင္စားတာ မဟုတ္ေပ။ ထို႔ေၾကာင့္ ခ်င္းခ်ဳံးက မိသားစုက်င့္စဥ္ဆိုလည္း ေကာင္းေကာင္းမြန္မြန္ မတတ္ေျမာက္ေပ။ ကိုးေရာင္ခ်ဳပ္အစီအရင္ကလြဲလို႔ က်န္တာ သူမသိပ္မသိ။
တစ္ညတာ အနားယူၿပီးေနာက္ ခ်င္းခ်ဳံးသို႔ျပန္ရန္ ျပင္ဆင္ထားလိုက္သည္။
တစ္လခန့္ ၾကာၿပီးေနာက္
"ေလာ့ယြင္.... ငါကဘာလို႔ အဲ့ဒီကိစၥကို မသိရတာလဲဟင္.... မင္းရဲ႕မိန္းမက အခုဘယ္မွာလဲ ေျပာ..."
"သူအခုမရွိဘူး...."
အလယ္ပိုင္းနန္းေတာ္ႀကီးထဲတြင္ သားအဖႏွစ္ေယာက္၏ စကားသံတို႔က ေရွ႕ဆင့္ေနာက္ဆင့္ပင္ ထြက္ေပၚလာသည္။ ေလာ့ယြင္ ယဲ့ရွားလုံကို ၾကင္ယာေတာ္အျဖစ္ တင္ျမႇောက္လိုက္တဲ့ အေၾကာင္းကို ဘုရင္ႀကီးခမ်ာ ယခုမွသာ သိရေလ၏။
ဖုံးဖိထားနိုင္လြန္းေသာ သားျဖစ္သူကို ခ်င္းခ်ဳံးဘုရင္ႀကီးမွာ ေဒါသလည္း ထြက္ရခက္ေနျပန္သည္။ ေလာ့ယြင္က မိန္းမကိစၥေတြကို သိပ္စိတ္မဝင္စားေပ။ ေကာလဟာလအရသာ သူသည္ မိန္းမလွေလးမ်ားကို စိတ္ဝင္စားသလို ျဖစ္ေနသည္။
အမွန္တကယ္ေတာ့ ထိုသို႔ မဟုတ္ေပ။ ခ်င္းခ်ဳံး၏ မိဖုရားေခါင္ေဟာင္းက သားသုံးေယာက္နဲ႕ သမီးငယ္ေလးတစ္ေယာက္ကို ေမြးဖြားေပးခဲ့သည္။ ထိုထဲတြင္ အႀကီးဆုံးေသာ ေလာ့ယြင္ နဲ႕ အငယ္ဆုံး ေလာ့ေလာ္က ေျပာရအခက္ဆုံး ျဖစ္သည္။
ေလာ့ယြင္က စဥ္းစားဆင္ျခင္တတ္သည္။ တိုင္းျပည္ေရးရာကို ဂ႐ုတစိုက္နဲ႕ လုပ္ေဆာင္ေပမယ့္ ေခါင္းကေတာ့ အလြန္မာသည္။ ေလာ့ေလာ္က တစ္ခုခုကို စိတ္ျမန္လက္ျမန္နဲ႕ ပြင့္လင္းသည္။ သို႔ေပမယ့္ သူမကလည္း ေခါင္းမာတာပင္။
ဘုရင္ႀကီးသည္ ေလာ့ယြင္ကို အတင္းအက်ပ္ အိမ္ေထာင္ခ်ေပးရန္ ႀကိဳးစားေနတာေၾကာင့္ ေလာ့ယြင္က ယဲ့ရွားလုံနဲ႕ အေပးအယူလုပ္ကာ သူ႕အား ၾကင္ယာေတာ္ ျမႇောက္လိုက္ျခင္း ျဖစ္ေလသည္။ ခ်င္းခ်ဳံးတြင္ အျခားေသာ နိုင္ငံမ်ားကဲ့သို႔ နန္းတြင္းေရးရာ မရႈပ္ေထြးေခ်။
ၾကင္ယာေတာ္မ်ားကိုလည္း စည္းကမ္းေတြနဲ႕ ခ်ဳပ္ႏွောင္ထားျခင္း မရွိေပ။ ထို႔ေၾကာင့္ပင္ ယဲ့ရွားလုံက ဟြမ္က်င္းေ႐ႊတို႔ႏွင့္အတူ လိုက္သြားခဲ့၏။
ဘုရင္ႀကီးသည္ မ်က္ခုံးစပ္ၾကားကို ႏွိပ္နယ္ရင္း
"ေလာ့ယြင္.... မင္းသူ႕ကိုတကယ္ခ်စ္လား"
"မခ်စ္ဘူး.... သူျပန္လာရင္ ကြၽန္ေတာ္သူ႕ကို ကြာရွင္းေပးမွာ"
"မင္း...."
ခ်င္းခ်ဳံးဘုရင္ႀကီးမွာ ရယ္ရခက္ငိုရခက္ ျဖစ္သြားရသည္။ ခ်င္းခ်ဳံး၏ဓေလ့ကလည္း ကြာရွင္းၿပီးသား လူတစ္ေယာက္ကို အတင္းအက်ပ္ ထပ္မံလက္ထပ္ေပးလို႔ မရေပဘူး။
"ဟူး..... ငါမင္းကို တကယ္မနိုင္ေတာ့ဘူး.... "
ဘုရင္ႀကီးက ပုလႅင္ထက္တြင္ ထိုင္လ်က္ရွိကာ ေလာ့ယြင္က နန္းေတာ္ႀကီး၏ ေတာက္ေျပာင္လွေသာ ၾကမ္းျပင္ထက္တြင္ ေက်ာက္႐ုပ္တစ္႐ုပ္လို ရပ္ေနသည္။