The Stranger I love (System)

By khunsin

402K 43.4K 1.3K

လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအေ... More

မိတ်ဆက်
Arc 1.1 Modern World (Hong Lei)
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18 🔞
End of Arc 1 - (1.19) Back to System Space
Arc 2.1 (Ting Bai Ling ) Gér
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Musical Instruments
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 3.1 Game World - Hikari Shou
Arc 3.2
Arc 3.2 Extension
Arc 3.3
Arc3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1 (Nathan Clark - Apocalypse)
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14

Arc 3.9

4.3K 618 36
By khunsin

Shou နဲ့ Hanzo တို့ရဲ့ တိုက်ပွဲကြောင့် တော်သော ကျွမ်းကျင်သော လိမ္မာပါးနပ်သောထိပ်တန်း ကစားသမားအချို့ Light ကို ဝင်ရောက်လာသည်။ အဖွဲ့ငယ် နှင့် Guild အတော်များများလည်း Light ကို ပူးပေါင်းလာသည်။ Guild အကြီးထဲမှာ Chiyo Iku အပါအဝင် တောင်ဘက် တခြမ်းလုံးက Guildများနှင့် အရှေ့ဘက်အခြမ်းကိုကာကွယ်ပေးသော အဖွဲ့နှစ်ဖွဲ့လည်း ပူးပေါင်းလာသည်။ ထို့ပြင် Light က ထုတ်ပြန်ပေးသမျှ သတင်းတိုင်းက မှန်ကန်တိကျပြီး အကျိုးရှိသည်မို့ ဗဟိုသတင်းဌာနတစ်ခုလို ဖြစ်လာသည်။

Boss lvl က မြင့်သည်ထက် ပိုပိုမြင့်လာပြီး အကောင်းဆုံး player များ ပူးပေါင်း တိုက်ခိုက်နေတာကိုပင် တနေ့ထက် တနေ့ ပိုပို ခက်ခဲလာသည်။ အချို့ lvl နိမ့် player များမှာ မတိုက်ခိုက်ရဲတော့ပေ။

Kou က skill မြင့်ပြီး အချင်းချင်းနားလည်မှုအရှိဆုံးသော player များကို Shou လက်အောက်မှာ Special Force အဖြစ် စုစည်းပေးသည်။ စုစည်းရာတွင် ဘယ်Guild မှ လာသည်ကို မကြည့်ပဲ ထိုသူရဲ့ အရည်အချင်းနဲ့ စိတ်ဓာတ်ကိုသာကြည့်၍ ဆုံးဖြတ်သည်။ ၄င်းအုပ်စုက အားလုံးအတွက် စွန့်လွှတ်တိုက်ခိုက်ပေးရပြီး ကျန်သူများက လိုအပ်သော ပစ္စည်းများ ထောက်ပံ့ကူညီရသည်။

"Shou နေ့ခင်းစာရပြီ"
"အွန်း လာပြီ။ ခဏ"
အဖွဲ့သားအားလုံးက ယခင်က Kou ကိုကြောက်စရာအကောင်းဆုံး လူသားဟု ထင်ခဲ့သော်လည်း ယခုမူ Kou ကိုပဲ မျှော်နေမိတော့သည်။ အဘယ့်ကြောင့်ဆိုသော် Shou က အလုပ်လုပ်လျှင် ထမင်းမေ့ ဟင်းမေ့ဖြစ်တတ်ပြီး Shou ရဲ့ ဂိမ်း Stamina (သက်လုံ)က ခံနိုင်ပေမယ့် သူတို့ရဲ့ Staminaက နည်းနေတဲ့အတွက် ပင်ပန်းသည်ဟု ခံစားရသည်။ Kou က လာလျှင် Shou က နားချိန် ပေးတတ်သည်လေ။ 

Shou က အရည်အချင်းစစ်ထားတဲ့ Notes တွေ ကြည့်နေသည်မို့ Kou က
"Shou .. ထမင်း အရင်စားကွာ"
"အွန် ပြီးပြီ ခဏပဲ"
"Shou မင်းအဲ့လို လုပ်နေရင် ငါဆိုနိုကိုပဲ ပြန်လွှဲပေးလိုက်တော့မှာနော်"

Shou က Notes တွေ ချပြီး Kou ရဲ့ ပါးကို ဆွဲလျှက်
"ချစ်စရာကောင်းတယ်" ဟုဆိုကာ နေ့လည်စာ စားတော့သည်။  Kou လက်ထဲမှ တူတစုံ လွတ်ကျသွားသည်။ အခု သူ Flirt ခံလိုက်ရတာလား။ ဒါကြီးက မဟုတ်သေးဘူးနော်။ Shou က သူ့ထက် တော်တယ် ဆိုပေမယ့်လည်း ... ။

Event ဒုတိယအကြိမ်ကို ရောက်လာသည်။ Shou ပြင်ဆင်ထားသည့်ကြားမှ ကစားသမား 7 ယောက် HP zero ထိ ကျသွားသည်။ သတင်းကြားကြားချင်း Shou က ချက်ချင်း ထိုကစားသမားများဆီ အပြေးသွားသည်။ သက်ဆိုင်ရာ Guild များကို request လုပ်၍ Body ကို သယ်လာပြီး Light ရဲ့ မြေအောက်ခန်းမှာ ထားသည်။

ထို Event အပြီးမှာ Shou က အားနည်းသွားသည့် ပုံစံမျိုး ဖြစ်လာပြီး အဲ့လို အားနည်းမှုမျိုးက Game Character နဲ့ မဆိုင်ပဲ အပြင် ခန္ဓာကိုယ်က တစ်ခုခု ဖြစ်နေလို့ဆိုတာ အဖွဲ့သားများက ရိပ်မိကြသည်။ Shou စိတ်များ အရမ်းထိခိုက်သွားတာလား။ နဂိုထဲကမှ တာဝန်ယူတတ်တဲ့ Shou ... SLထဲမှာ လူခုနစ်ယောက် သေသွာပြီဆိုတဲ့ သတင်းကသူ့ကိုများ အလဲထိုးလိုက်မိစေသလား။ အားလုံးက စိတ်ပူနေကြသည်။ Shou ကလည်း တပတ်လောက် လေ့ကျင့်ကွင်းထဲ ပေါ်မလာတော့ပဲ Kou ကို အစားထိုးခိုင်းပြီး တစ်ယောက်ထဲ အခန်းထဲတွင်သာနေသည်။

Shou ရဲ့ ပြောင်းလဲသွားတဲ့ အခြေအနေကြောင့် Kou တစ်ယောက်လည်း ကမ္ဘာပျက်နေသည်။ ရုတ်တရက်ကြီး Shou က အခန်းပြောင်းနေပြီး သူ့ကိုလည်း အဝင်မခံတဲ့အပြင် Aki ကို အကူအညီတောင်း၍ စကားသွားပြောခိုင်းသော်လည်း နားချင်တယ်ဟုသာ ပြောပြီး ပြန်လွှတ်လိုက်သည်။

Game ထဲမှ အရသာအရှိဆုံးဟု ထင်ရသည့် အားအင်းပြည့်စေသည့် စွပ်ပြုတ်အစားအစာများ ပို့ပေးသော်လည်း မစားပေ။ Kou ရဲ့ စိုးရိမ်ရေမှတ်က အမြင့်ဆုံး ရောက်လာလေသည်။ Shou ဘာဖြစ်နေတာလဲ။ ဘာဖြစ်လို့ ရုတ်တရက်ကြီး သူစိမ်းဆန်သွားတာလဲ။ သူနောက်ဆုံး တင်းမခံနိုင်၍ အခန်းထဲကို ဇွတ်ဝင်သွားသည်။ သို့သော် အခန်းထဲမှာ Shou ရှိမနေချေ။ တနေကုန် လိုက်ရှာသော်လည်း မတွေ့ရပေ။ marriage requestကို ထပ်လက်ခံဖို့ အတင်းအကြပ် မလုပ်ခဲ့မိတဲ့ သူ့ကိုယ်သူ အပြစ်တင်မိသည်။ အခုလို အချိန်မှာ Shou ကို trace လိုက်လို့ မရတော့ပေ။

"Shou .. မင်း ဘယ်ရောက်နေတာလဲကွာ။  ငါစိတ်ပူလှပြီ"

တဖြည်းဖြည်းနဲ့ ညဉ့်ဦးယံ ရောက်လာသည်။ Light ရဲ့ အမြင့်ဆုံး မျှော်စင်ခေါင်မိုးပေါ်မှ သံစဉ်တခု ပြန့်နှံလာသည်။ ထိုသံစဉ်က မကြာခင် နောက်ဆုံးတိုက်ပွဲ ဆင်နွှဲရမည့်သူတွေရဲ့ စိတ်လှုပ်ရှားမှုကို အနည်းနဲ့ အများ သက်သာစေသည်။

တခါမျှ မကြားဖူးသော သံစဉ် ဖြစ်တာမို့ တိုးရူ စိတ်ဝင်စားပြီး မျှော်စင်ခေါင်မိုးပေါ် ခုန်တက်သွားမိသည်။ တီးခတ်နေသူက Shou ဖြစ်ပြီး တိုးရူရောက်လာသည်နှင့် တီးခတ်နေမှုကို ရပ်လိုက်သည်။

"Shou .. အဆင်ပြေရဲ့လား။ နေလို့ရော ကောင်းရဲ့လား" တိုးရူက စိတ်ပူစွာမေးသည်။

ဒီရက်ပိုင်းတွေမှာ Shou နဲ့ တိုးရူတို့က အတော်ဆုံးကစားသမားနှင့် အတော်ဆုံး Healer ဖြစ်သည်မို့ အပေးအယူမျှစွာ လက်တွဲ တိုက်ခိုက်ခဲ့ရသည်မှာ တိုက်ပွဲပေါင်း မရေတွက်နိုင်တော့ပေ။

တိုးရူက မလေ့လာပဲအမြန်ဆုံးဖြတ်တတ်သော၊ နှုတ်မစောင့်ထိန်းပဲ စွတ်တရွတ်ပြောဆိုတတ်သော အကျင့်လေး ရှိပေမယ့် တကယ်ရင်းနှီးသွားတော့ Shou အပေါ်မှာ အမကြီး တစ်ယောက်ကဲ့သို့၊ သူငယ်ချင်းတစ်ယောက်ကဲ့သို့ နွေးထွေးစွာ ဆက်ဆံပေးသည်။ သူမရဲ့ ဇွတ်တရွတ် နိုင်မှုကြောင့် အခက်အခဲ အနည်းငယ် ရှိပေမယ့် ဆိုနိုရဲ့ဂရုတစိုက်နှင့် အားပေးဖေးမမှုများကြောင့် တဖြည်းဖြည်း အဆင်ပြေလာသည်။ တနည်း -  အချိုးပြေလာသည်။

"Shou ပြီးခဲ့တဲ့ Event က ကိစ္စတွေကို စဉ်းစားပြီး စိတ်ညစ်မခံပါနဲ့တော့။ ငါတို့သာ အသက်ရှင်လျှက် ပြန်ထွက်နိုင်ရင် ဖြေရှင်းလို့ ရမှာပါ"
"အွန်း တိုးရူ ကျေးဇူးပဲ" Shou က ပြုံး၍ ပြောလိုက်သည်။ ထို့နောက် Shou မျက်နှာမှာ အမူအရာ တခု ချက်ချင်း ဖြတ်ပြေးသွားသည်။ ထိုင်နေရာမှ ထရပ်ကာ တိုးရူဘက်ကို မျက်နှာချင်းဆိုင် ကြည့်လိုက်သည်။ ရုတ်တရက် Shou က ..

"ငါ မင်းကို ချစ်တယ်"
"ဟမ် .. "
တိုးရူ လက်တွေ အေးစက်လာသည်။ စိတ်ထဲလည်း အနည်းငယ်တော့ လှုပ်ရှားသွားသည်။

Shou ရဲ့ မျက်လုံးများက ပြုံးယောင် သန်းသွားသည်။ တိုးရူဘက်ကို ကြည့်နေလျှက်က အနည်းငယ် ပို၍ နူးညံ့စွာ တခါထပ်ပြောသည်။
"ငါ .. မင်းကို ... ချစ်တယ်"
"Sorry ..Shou .. ငါ.. "

တိုးရူ ဒူးများပင် ညွတ်ချင်လာသည်။ သူမ Shou ကို အရင်ကလိုမဟုတ်ပဲ သဘောကျသည်။ လေးစားသည်။ Shou က လည်း အရင်ကလိုမဟုတ်ပဲ ချောသည်။ တည်ကြည်သည်။ မိုက်သည်။

သို့ပေမယ့် သူမက ဆိုနိုကို လျစ်လျူရှု မထားနိုင်ပါပေ။ ဒီရက်ပိုင်းတွေမှာ ဆိုနိုဆီက စစ်မှန်ပြီး နွေးထွေးတဲ့ ရင့်ကျက်တဲ့ အတွေးအခေါ်နဲ့ ဂရုစိုက်ပေးမှုတွေကြားမှာ သူမကိုယ် သူမ ရှာတွေ့ခဲ့သည်။ ပြီးတော့ ဆိုနိုက သူမ အကြိုက်ဆုံး idol လည်း ဖြစ်နေသေးသည်။

ရှင်းဆီမှ mission အောင်ပြီ ဖြစ်ကြောင်း အချက် ပေးသံ ထွက်လာသည်။ Shou နှုတ်ခမ်းလေးတွန့်ရုံ ပြုံးလိုက်သည်။  နောက်ဆုံး တစ်ခေါက် အဖြစ် သူထပ်ပြောသည်။
"ငါ
မင်းကို
......."

Kou ခေါင်မိုးပေါ် ရောက်နေတာ ကြာပြီဖြစ်သည်။ Shou ကို မနှောင့်ယှက် ချင်တာကြောင့် အမှောင်ထဲမှာပဲ တိတ်ဆိတ်စွာ စောင့်နေမိသည်။ Toru ရောက်လာပြီးနောက် Shou လည်း ရပ်သွားသည်မို့ သူလည်းထွက်လာခဲ့သည်။ ထိုစဉ် Shou က Toru ကို ကြည့်ပြီး ပြောလိုက်တဲ့ စကားကြောင့် သူ့နှလုံးသွေးများ အေးခဲသွားသလို ခံစားလိုက်ရသည်။

Kou မယုံနိုင်သေးဘူး။ ပြီးခဲ့တဲ့ရက်တွေမှာ သူလည်း Shou ကို ဂရုစိုက်သလို Shou ကလည်း သူ့ကို မငြင်းခဲ့ဘူး။ နှစ်ယောက်ထဲ အတူရှိနေချိန်တွေမှာလည်း ဖက်တာတို့ နမ်းတာတို့ သူ့ဘက်က တခါတရံလုပ်ခဲ့ပေမယ့် ပြန်လည်းမတုံ့ပြန်သလို ငြင်းဆန်ခဲ့ခြင်းလည်းမရှိခဲ့ဘူး။ နောက်ဆုံး တခေါက်က သူ့ပါးကိုတောင် ဖိသွားသေးတယ်လေ။  Devilish အဖွဲ့သားအားလုံးတောင် Shou က သူ့ကို လက်ခံပေးနေပြီလို့ ယုံကြည်ပြီး ဝမ်းသာပေးနေကြတာ။

'Shou ဘာလို့လဲ။ ဒီရက်တွေထဲ ငါ့အနားမှာ နေပေးနေတာ မင်းလွတ်လပ်ဖို့ ငါ့ကို အယုံသွင်းရုံ သက်သက်ပဲလား'  

'မင်း ငါနဲ့ ရုတ်တရက် စိမ်းသွားတာကရော ဘာကြောင့်လဲ .. မင်းကြိုက်နေတာ တကယ်ပဲ တိုးရူလား'

"ငါမင်းကို ချစ်တယ်" ဆိုတဲ့ ဒုတိယ အကြိမ် Shou နှုတ်က ထွက်လာတဲ့အခါမှာတော့ သူ့ကမ္ဘာကြီး ပြိုလဲသွားသည်။ ဘာလို့လဲ။ ဘာလို့ တိုးရူလဲ။ ဘာလို့ Shou ရွေးလိုက်တဲ့သူက သူမဟုတ်ရတာလဲ။

Shou ရက်စက်လိုက်တာ။ ဒီလို ဖြစ်မယ်မှန်းသိရင် ငါ မင်းကို လွတ်လပ်ခွင့်မပေးခဲ့ပါဘူး။ လိုချင်တာဆိုရအောင်ယူတတ်တဲ့ ငါ စောစောကတည်းက အပိုင်သိမ်းခဲ့ရမှာ။ အနေအထိုင်အေးဆေးပြီး တည်ကြည်လွန်းတော့ .  ငါ ယုံပြီး လွှတ်ပေးလိုက်မိတာ။

'Shou .. မင်းဆန္ဒမပါပဲ မင်းကို ချုပ်နှောင်ထားရင် ငါ့ကို မုန်းသွားမှာလား'

လက်များကို တင်းတင်းဆုပ်၍ အံကြိတ်မိသည်။ ခံစားချက်များက လှိုက်၍ တက်လာသည်။ မျက်ဝန်းက စိုစွတ်ပြီးလာပြီး တိုးရူကို အဆုံးသတ်ပစ်လိုက်ရမလားလို့ စဉ်းစားလိုက်သည်။  ဟုတ်ပြီ အခုလည်း နောက်မကျသေးဘူး။

Shou က တိုးရူဆီကို တလှမ်းချင်း ဖြည်းဖြည်းလျှောက်သွားသည်။ တိုးရူက မယုံကြည်နိုင်စွာ တစ်လှမ်းချင်း ဆုတ်လျှက် ရှိသည်။

'Shou က သူမကို ချစ်ခွင့်ပန်နေတယ်လို့ မခံစားရပဲ သေမိန့်ချနေတယ်လို့ ဘာလို့ ခံစားနေရတာလဲ'

Shou က မျက်လုံးများ တောက်ပလျှက် တလုံးချင်း ထပ်၍ ပြောသည်။

"ငါ ..
မင်းကို ..
ချစ်တယ် ..
....
Kazekaya Kou "

မျက်လုံးတွေက တိုးရူရဲ့ ခေါင်းပေါ်မှ ကျော်၍ တိုးရူနောက်မှ တောင့်တောင့်ကြီး ရပ်နေသူကို စူးစိုက်ကြည့်၍ ပြောလိုက်သည်။

ရှင်းက ခေါင်းခါလိုက်ကာ
'မင်းကွာ မိန်းကလေး တစ်ယောက်ကို ရှက်သွားအောင်'
'သူလည်း Shou ကို ဒုက္ခပေးထားတာပဲ ဒီလောက်က ဘာမှ မဟုတ်ပါဘူး။ တိုးရူရှေ့မှာ ပြောတော့ Kou သံသယကို တခါတည်း ဖျောက်ပေးသလို ဖြစ်သွားတာပေါ့ haha'
'မင်းတောင် ညစ်တီးညစ်ပတ်နည်းတွေ သုံးတတ်လာပြီပဲ'
'မင်း ကျေးဇူးတွေလေ'
'Wtf .. ငါနဲ့ ဘာဆိုင်လဲ'

တိုးရူ သူမကို ပြောတာ မဟုတ်မှန်း သဘောပေါက်သွားသည်။ ရှက်သွားမိပေမယ့် စိတ်ထဲမှာ လေးလံတဲ့ ဝန်ကြီးတစ်ခု ပေါ့ပါးသွားသလို ခံစားရသည်။ နောက်လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ Kou ကို တခါမှ မမြင်ဖူးတဲ့ ထူးဆန်းတဲ့ မျက်နှာအမူအရာနဲ့ တွေ့ရသည်။

ဒေါသထွက်သော၊ အံဩသော၊ မယုံနိုင်သော၊ ပျော်ရွှင်သော စသည့် ခံစားချက် ပေါင်းစုံနှင့် ကြောင်အလျှက်ရှိတယ်။ Shou က Kou လက်မောင်းကို ဖြန်းခနဲရိုက်လိုက်ပြီး
"မင်း ငါ့ကို ဒီလိုပဲ ထားတော့မှာလား .  စကားလေး ဘာလေးတော့ ပြန်ပြောသင့်ပါတယ်"
"ငါ.. "

Toru က ရယ်လိုက်ကာ
"Congratulations Shou , Kou "
"အွန်း ကျေးဇူး"
"နင့်ကျေးဇူးနဲ့ ငါ ကမ္ဘာ အရယ်ရဆုံး မျက်နှာကို တွေ့ခဲ့တယ်။ haha ငါ .. လုပ်စရာရှိသေးတယ် .. သွားတော့မယ်"
"အွန်း"
"လူဆိုးလေး"
Shou ကို သူမ ကိုင်နေတဲ့ လက်နက်ဖြစ်တဲ့ တောင်ဝှေးထိပ်နဲ့ မနာအောင် တချက်ခေါက်လျှက် ဆင်းသွားသည်။

Kou က Shou ကို ဖက်လိုက်သည်။ Shou က ပြုံးလျှက် ကျောကို ဖွဖွ ပုတ်ပေးသည်။

"Shou .. တကယ်ပဲလား"
"တကယ်"
"မင်း မလိမ်နဲ့နော်"
"ဘာလို့လိမ်ရမှာလဲ"
"မင်း .. မင်းအရမ်းဆိုးတာပဲ"
"....." Shou ပြုံးလျှက်သာ

"မင်းသာ ငါ့နာမည်ကို စောစော မခေါ်ခဲ့ရင် ငါတိုးရူကို သတ်မိတော့မယ်"
"မဆိုးရဘူး"
"ဒါဆို ဘာလို့ ဒီရက်ပိုင်း ငါ့ကို ရှောင်နေတာလဲ"
"ငါ အားနည်းနေလို့ မင်းစိတ်ပူမှာစိုးလို့"

Kou က ကြောက်လန့်တကြား လူချင်းခွါလိုက်ပြီး ပုခုံးကို ကိုင်လျှက် မျက်လုံးကို တည့်တည့်ကြည့်ကာ

"မဟုတ်မှ လွဲရော .. မင်း .. "
"ဟုတ်တယ်"
"မင်းကွာ ငါ့ကိုတော့ ပြောပြသင့်ပါတယ်။ ငါ့ကိုအဲ့လောက်တောင် မယုံဘူးလား"
"မဟုတ်ဖူး .. မင်းသဘောမတူမှာစိုးလို့ .. ခုပြောပြနေပြီပဲလေ။ လာပါ ပြန်စို့ ... နော် "
"အွန်း .. အဲ့ဒီကိစ္စ ငါပဲ ဆက်လုပ်လိုက်မယ်။ ဒီရက်ပိုင်း မင်း အေးအေးဆေးဆေးပဲ နားနေလိုက်"
"အွန်း .. မင်းအကောင်းဆုံးပဲ"

"ဪ မေ့တော့မလို့ "
"Kou ဘယ်ကိုလဲ.." ပြောပြောဆိုဆို လက်ဆွဲပြီး ပြေးသွားတာကြောင့် နောက်က တရွတ်တိုက်လိုက်ရသော Shou က မေးလိုက်သည်။
"လက်ထပ်မလို့"
"ဟင်"
"ငြင်းလို့ မရဘူးနော် .. မင်း များနေပြီ။ ဒီနေ့လည်း ငါဘယ်လောက် စိတ်ပူလိုက်ရလဲ မင်းမသိဘူး။ မင်းပျောက်သွားရင် ငါငရဲကျသလိုပဲ"
ထပ်၍ စိတ်မချရသည့်အလား Shou ရဲ့ လက်တွေကို ချုပ်ကာ ကြိုးနဲ့ချည်ပြီး ပုခုံးပေါ်တင်လိုက်သည်။ ထို့နောက် လက်ထပ်လျှင် တိုင်တည်ရသည့် နေရာသို့ အမြန်ပြေးလေသည်။

"Kou ငါ့ကို လွှတ်စမ်း။ ငါလက်ထပ်မယ်လို့"
"မယုံဘူး။ လက်ထပ်ပြီးမှ လွှတ်မယ်"
"ငါလက်ခံပါတယ်ဆိုကွာ၊ ငါ့ဘာသာလမ်းလျှောက်လိုက်မယ်လို့"
"ဟင့်အင်း .. ငါလွှတ်လိုက်ရင် မင်းကို ငါမနိုင်ဘူး။ မင်းထွက်ပြေးသွားရင် ငါလိုက်မဖမ်းတတ်ဘူး"
"ထွက်မပြေးပါဘူးဆိုကွာ"

Kou နည်းနည်း တွေဝေသွားပေမယ့်
'Toru ကို ချစ်တယ်လို့ ပြောရဦးမှာ ဆိုသော Shou ရဲ့ နှုတ်ထွက်စကား' ၊ 'ငါက မိန်းကလေးပဲ ကြိုက်တာလေ' လို့ ပြောခဲ့ဖူးတဲ့ Shou ၊ 'သူ့ရှေ့မှာတင် ရုပ်တည်နဲ့ ဖွင့်ပြောနေသော ချစ်ခွင့်ပန်ခြင်း' ဒီလိုစကားတွေကြားမှာ သူဘယ်လိုလုပ် စိတ်ချနိုင်မှာလဲ။

အဆိုးဆုံးက 'သူ့ကို Shou က ချစ်ခွင့်ပန်တယ်' တဲ့ .. အဲ့တာကြီးက ဘယ်လိုမှ ဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ဖူး။ မရဘူး လက်ထပ်ထားမှ ရမယ်။ နောက်တခေါက် ဆုံးရှုံးဖို့ဆိုတာ မရှိစေရဘူး။

Shou မသက်မသာ သက်ပြင်းသာချမိသည်။ သူ စနောက်တာ လွန်သွားပြီး သူ့ချစ်သူက သူ့ကို မယုံတော့ပေ။ လမ်းတစ်လျှောက် မြင်တဲ့သူတွေက World channel မှာ Kou က Shou ကို ကြိုးတုပ်၍ ခေါ်သွားသည် ဟု ပြောနေကြပြီး Devilish အဖွဲ့သားများက ချက်ချင်းလိုက်လာသည်။

Shou တွင် Kou ရဲ့ Marriage Request တက်လာသည်။ Kou က Accept မြန်မြန်လုပ်လိုက်လေဆိုတဲ့ ပုံစံနဲ့ မေးငေါ့ပြသည်။ သို့သော် Aki က ချက်ချင်းရောက်လာပြီး Shou ကို ကြိုးတွေ ဖြည်ပေးကာ

"Kou နော် .. အကိုShou ဆန္ဒမပါပဲ မလုပ်နဲ့ အကိုနဲ့ ကျနော် ရန်သူမဖြစ်ချင်ဘူးနော်"
"အာ .. ဟေ့ကောင် လွှတ်မပေးနဲ့  မင်းအကိုကို ငါခက်ခက်ခဲခဲ ဖမ်းလာရတာလို့" 

Kou နဲ့ Aki ရုန့်ရင်းဆန်ခတ် ဖြစ်နေသည်။
Shou က လွတ်သွားပြီမို့ ခဏကြည့်ကာ ရယ်နေပြီးမှ Accept ကို ရွေးလိုက်သည်။ Game System မှ Marriage Announcement ထွက်လာသည်။

Kou အခုထိ မယုံနိုင်သေး။ ထွက်ပြေးသွားလိမ့်မယ်လို့ ထင်ထားသော Shou က လွတ်သွားတာတောင် Accept လိုက်တယ်။ တကယ်လား ။ တကယ်ကြီးလား။ မျက်လုံးကြီး ပြူးပြီး ကြောင်အနေသော Kou ကို ဆိုနိုက Congratulations ပြောရင်း Shou ဘက်ကို လှည့်၍
"ဒီကောင် အပျော်လွန်ပြီး ဂေါက်သွားတာများလား" ဟု မေးလေသည်။ Shou ကလည်း ရယ်၍ "ဖြစ်နိုင်တယ်" ဟု ဖြေလေသည်။

Aki က နှမြောစွာ "အကိုShou က ကောင်မလေး ချောချောလေးနဲ့ ရရမှာကိုကွာ။ ဒီဘဲကြီးက သူများကို ချောက်ချဖို့လောက်သိတာ"လို့ ရေရွတ်နေသည်။ Shou က Aki ခေါင်းကို ဖွလိုက်ပြီး
"ဒါပေမယ့် ဘယ်လိုလုပ်မလဲ မင်းအကိုက ဒီဘဲကြီးကိုပဲ ကြွေသွားတော့ မတတ်နိုင်ဘူးလေ"
"အကို ကြိုက်ရင် ပြီးတာပါပဲ။ Kou ကို စိတ်ကုန်သွားရင် ကျနော့ဆီလာခဲ့ ကျနော် အကို့ကို ပျော်အောင်ထားမယ်"
Kou က Aki ကို ရိုက်လိုက်ပြီး
"စိတ်ကုန်စရာလား .. အသက်ရှင်ချင်သေးရင် အပြောအဆို ဆင်ခြင်စမ်း.. ကလေး ကလေးလို မနေဘူး"
"ဟွန့်" x 2

Shiro နဲ့ Kuro က ထိုနှစ်ယောက်ကို ကြည့်လျှက် ခေါင်းခါရမ်းလိုက်ကာ " Shou congratulations.."
"အွန်း ကျေးဇူး"
"Kou ကို အနိုင်ကျင့်ဖို့ လူလိုရင် ကျနော်တို့ကို ခေါ်လိုက်"
"Haha okie"

"Kou ဘာကြောင်နေတာလဲ .. marrige quest လုပ်စို့လေ။ "
"မင်း .. မင်း ငါ့ကို Marriage Quest ကြောင့် လက်ထပ်တာလား"
အခုထိ မယုံနိုင်သေးတာကြောင့် မေးလိုက်သည်။ Marriage လုပ်ပြီးလျှင် Function တော်တော်များများက အားသာချက် ရှိတာမို့ Shou က Kou ကို ထို Function များကြောင့် လက်ခံလိုက်သည်ဟု ထင်သွားပြန်သည်။

"မင်း ငါ့ကို ဘယ်နှခါ အထင်လွဲနေဦးမှာလဲ။ မင်းလက်ထပ်ချင်တယ်ဆိုလို့ ငါလက်ခံပေးပြီးပြီလေ"
"ငါ .. ငါ .. မယုံရဲသေးလို့"
Shou က Kou ရဲ့ ကော်လံကို ဆွဲလျှက် နှုတ်ခမ်းကို နမ်းလိုက်သည်။

"ဝိုး"
"ရွှီး"
အာမေဍိတ် မျိုးစုံ ကြားရပြီးနောက်မှာ လေချွန်သူ ချွန် လက်ခုပ်တီးသူ တီး ဖြစ်ကုန်သည်။

"ယုံပြီလား"
"မယုံသေးဘူး နောက်တစ်ခေါက်လောက်"
ပါးစပ်နားရွက် တက်ချိတ်မတက် ပြောလာသော Kou ကို Shou က ညို့သကျည်းကိုသာ ကန်လိုက်တော့သည်။

"အား .. ကိုယ့်ဇနီးလေးက ရက်စက်လိုက်တာ"
"မင်း .. ဘာဇနီးလည်း ယောကျာ်းလို့ ပြင်ခေါ်စမ်း"
"အား ယောကျာ်း ယောကျာ်း .. နာတယ်လို့ "

🟥🟥🟥🟥🟥

Shou နဲ႔ Hanzo တို႔ရဲ႕ တိုက္ပြဲေၾကာင့္ ေတာ္ေသာ ကြၽမ္းက်င္ေသာ လိမၼာပါးနပ္ေသာထိပ္တန္း ကစားသမားအခ်ိဳ႕ Light ကို ဝင္ေရာက္လာသည္။ အဖြဲ႕ငယ္ ႏွင့္ Guild အေတာ္မ်ားမ်ားလည္း Light ကို ပူးေပါင္းလာသည္။ Guild အႀကီးထဲမွာ Chiyo Iku အပါအဝင္ ေတာင္ဘက္ တျခမ္းလုံးက Guildမ်ားႏွင့္ အေရွ႕ဘက္အျခမ္းကိုကာကြယ္ေပးေသာ အဖြဲ႕ႏွစ္ဖြဲ႕လည္း ပူးေပါင္းလာသည္။ ထို႔ျပင္ Light က ထုတ္ျပန္ေပးသမွ် သတင္းတိုင္းက မွန္ကန္တိက်ၿပီး အက်ိဳးရွိသည္မို႔ ဗဟိုသတင္းဌာနတစ္ခုလို ျဖစ္လာသည္။

Boss lvl က ျမင့္သည္ထက္ ပိုပိုျမင့္လာၿပီး အေကာင္းဆုံး player မ်ား ပူးေပါင္း တိုက္ခိုက္ေနတာကိုပင္ တေန႔ထက္ တေန႔ ပိုပို ခက္ခဲလာသည္။ အခ်ိဳ႕ lvl နိမ့္ player မ်ားမွာ မတိုက္ခိုက္ရဲေတာ့ေပ။

Kou က skill ျမင့္ၿပီး အခ်င္းခ်င္းနားလည္မႈအရွိဆုံးေသာ player မ်ားကို Shou လက္ေအာက္မွာ Special Force အျဖစ္ စုစည္းေပးသည္။ စုစည္းရာတြင္ ဘယ္Guild မွ လာသည္ကို မၾကည့္ပဲ ထိုသူရဲ႕ အရည္အခ်င္းနဲ႔ စိတ္ဓာတ္ကိုသာၾကည့္၍ ဆုံးျဖတ္သည္။ ၄င္းအုပ္စုက အားလုံးအတြက္ စြန္႔လႊတ္တိုက္ခိုက္ေပးရၿပီး က်န္သူမ်ားက လိုအပ္ေသာ ပစၥည္းမ်ား ေထာက္ပံ့ကူညီရသည္။

"Shou ေန႔ခင္းစာရၿပီ"
"အြန္း လာၿပီ။ ခဏ"
အဖြဲ႕သားအားလုံးက ယခင္က Kou ကိုေၾကာက္စရာအေကာင္းဆုံး လူသားဟု ထင္ခဲ့ေသာ္လည္း ယခုမူ Kou ကိုပဲ ေမွ်ာ္ေနမိေတာ့သည္။ အဘယ့္ေၾကာင့္ဆိုေသာ္ Shou က အလုပ္လုပ္လွ်င္ ထမင္းေမ့ ဟင္းေမ့ျဖစ္တတ္ၿပီး Shou ရဲ႕ ဂိမ္း Stamina (သက္လုံ)က ခံႏိုင္ေပမယ့္ သူတို႔ရဲ႕ Staminaက နည္းေနတဲ့အတြက္ ပင္ပန္းသည္ဟု ခံစားရသည္။ Kou က လာလွ်င္ Shou က နားခ်ိန္ ေပးတတ္သည္ေလ။ 

Shou က အရည္အခ်င္းစစ္ထားတဲ့ Notes ေတြ ၾကည့္ေနသည္မို႔ Kou က
"Shou .. ထမင္း အရင္စားကြာ"
"အြန္ ၿပီးၿပီ ခဏပဲ"
"Shou မင္းအဲ့လို လုပ္ေနရင္ ငါဆိုႏိုကိုပဲ ျပန္လႊဲေပးလိုက္ေတာ့မွာေနာ္"

Shou က Notes ေတြ ခ်ၿပီး Kou ရဲ႕ ပါးကို ဆြဲလွ်က္
"ခ်စ္စရာေကာင္းတယ္" ဟုဆိုကာ ေန႔လည္စာ စားေတာ့သည္။  Kou လက္ထဲမွ တူတစုံ လြတ္က်သြားသည္။ အခု သူ Flirt ခံလိုက္ရတာလား။ ဒါႀကီးက မဟုတ္ေသးဘူးေနာ္။ Shou က သူ႔ထက္ ေတာ္တယ္ ဆိုေပမယ့္လည္း ... ။

Event ဒုတိယအႀကိမ္ကို ေရာက္လာသည္။ Shou ျပင္ဆင္ထားသည့္ၾကားမွ ကစားသမား 7 ေယာက္ HP zero ထိ က်သြားသည္။ သတင္းၾကားၾကားခ်င္း Shou က ခ်က္ခ်င္း ထိုကစားသမားမ်ားဆီ အေျပးသြားသည္။ သက္ဆိုင္ရာ Guild မ်ားကို request လုပ္၍ Body ကို သယ္လာၿပီး Light ရဲ႕ ေျမေအာက္ခန္းမွာ ထားသည္။

ထို Event အၿပီးမွာ Shou က အားနည္းသြားသည့္ ပုံစံမ်ိဳး ျဖစ္လာၿပီး အဲ့လို အားနည္းမႈမ်ိဳးက Game Character နဲ႔ မဆိုင္ပဲ အျပင္ ခႏၶာကိုယ္က တစ္ခုခု ျဖစ္ေနလို႔ဆိုတာ အဖြဲ႕သားမ်ားက ရိပ္မိၾကသည္။ Shou စိတ္မ်ား အရမ္းထိခိုက္သြားတာလား။ နဂိုထဲကမွ တာဝန္ယူတတ္တဲ့ Shou ... SLထဲမွာ လူခုနစ္ေယာက္ ေသသြာၿပီဆိုတဲ့ သတင္းကသူ႔ကိုမ်ား အလဲထိုးလိုက္မိေစသလား။ အားလုံးက စိတ္ပူေနၾကသည္။ Shou ကလည္း တပတ္ေလာက္ ေလ့က်င့္ကြင္းထဲ ေပၚမလာေတာ့ပဲ Kou ကို အစားထိုးခိုင္းၿပီး တစ္ေယာက္ထဲ အခန္းထဲတြင္သာေနသည္။

Shou ရဲ႕ ေျပာင္းလဲသြားတဲ့ အေျခအေနေၾကာင့္ Kou တစ္ေယာက္လည္း ကမာၻပ်က္ေနသည္။ ႐ုတ္တရက္ႀကီး Shou က အခန္းေျပာင္းေနၿပီး သူ႔ကိုလည္း အဝင္မခံတဲ့အျပင္ Aki ကို အကူအညီေတာင္း၍ စကားသြားေျပာခိုင္းေသာ္လည္း နားခ်င္တယ္ဟုသာ ေျပာၿပီး ျပန္လႊတ္လိုက္သည္။

Game ထဲမွ အရသာအရွိဆုံးဟု ထင္ရသည့္ အားအင္းျပည့္ေစသည့္ စြပ္ျပဳတ္အစားအစာမ်ား ပို႔ေပးေသာ္လည္း မစားေပ။ Kou ရဲ႕ စိုးရိမ္ေရမွတ္က အျမင့္ဆုံး ေရာက္လာေလသည္။ Shou ဘာျဖစ္ေနတာလဲ။ ဘာျဖစ္လို႔ ႐ုတ္တရက္ႀကီး သူစိမ္းဆန္သြားတာလဲ။ သူေနာက္ဆုံး တင္မခံႏိုင္၍ အခန္းထဲကို ဇြတ္ဝင္သြားသည္။ သို႔ေသာ္ အခန္းထဲမွာ Shou ရွိမေနေခ်။ တေနကုန္ လိုက္ရွာေသာ္လည္း မေတြ႕ရေပ။ marriage requestကို ထပ္လက္ခံဖို႔ အတင္းအၾကပ္ မလုပ္ခဲ့မိတဲ့ သူ႔ကိုယ္သူ အျပစ္တင္မိသည္။ အခုလို အခ်ိန္မွာ Shou ကို trace လိုက္လို႔ မရေတာ့ေပ။

"Shou .. မင္း ဘယ္ေရာက္ေနတာလဲကြာ။  ငါစိတ္ပူလွၿပီ"

တျဖည္းျဖည္းနဲ႔ ညဥ့္ဦးယံ ေရာက္လာသည္။ Light ရဲ႕ အျမင့္ဆုံး ေမွ်ာ္စင္ေခါင္မိုးေပၚမွ သံစဥ္တခု ျပန္႔ႏွံလာသည္။ ထိုသံစဥ္က မၾကာခင္ ေနာက္ဆုံးတိုက္ပြဲ ဆင္ႏႊဲရမည့္သူေတြရဲ႕ စိတ္လႈပ္ရွားမႈကို အနည္းနဲ႔ အမ်ား သက္သာေစသည္။

တခါမွ် မၾကားဖူးေသာ သံစဥ္ ျဖစ္တာမို႔ တိုး႐ူ စိတ္ဝင္စားၿပီး ေမွ်ာ္စင္ေခါင္မိုးေပၚ ခုန္တက္သြားမိသည္။ တီးခတ္ေနသူက Shou ျဖစ္ၿပီး တိုး႐ူေရာက္လာသည္ႏွင့္ တီးခတ္ေနမႈကို ရပ္လိုက္သည္။

"Shou .. အဆင္ေျပရဲ႕လား။ ေနလို႔ေရာ ေကာင္းရဲ႕လား" တိုး႐ူက စိတ္ပူစြာေမးသည္။

ဒီရက္ပိုင္းေတြမွာ Shou နဲ႔ တိုး႐ူတို႔က အေတာ္ဆုံးကစားသမားႏွင့္ အေတာ္ဆုံး Healer ျဖစ္သည္မို႔ အေပးအယူမွ်စြာ လက္တြဲ တိုက္ခိုက္ခဲ့ရသည္မွာ တိုက္ပြဲေပါင္း မေရတြက္ႏိုင္ေတာ့ေပ။

တိုး႐ူက မေလ့လာပဲအျမန္ဆုံးျဖတ္တတ္ေသာ၊ ႏႈတ္မေစာင့္ထိန္းပဲ စြတ္တ႐ြတ္ေျပာဆိုတတ္ေသာ အက်င့္ေလး ရွိေပမယ့္ တကယ္ရင္းႏွီးသြားေတာ့ Shou အေပၚမွာ အမႀကီး တစ္ေယာက္ကဲ့သို႔၊ သူငယ္ခ်င္းတစ္ေယာက္ကဲ့သို႔ ေႏြးေထြးစြာ ဆက္ဆံေပးသည္။ သူမရဲ႕ ဇြတ္တ႐ြတ္ ႏိုင္မႈေၾကာင့္ အခက္အခဲ အနည္းငယ္ ရွိေပမယ့္ ဆိုႏိုရဲ႕ဂ႐ုတစိုက္ႏွင့္ အားေပးေဖးမမႈမ်ားေၾကာင့္ တျဖည္းျဖည္း အဆင္ေျပလာသည္။ တနည္း -  အခ်ိဳးေျပလာသည္။

"Shou ၿပီးခဲ့တဲ့ Event က ကိစၥေတြကို စဥ္းစားၿပီး စိတ္ညစ္မခံပါနဲ႔ေတာ့။ ငါတို႔သာ အသက္ရွင္လွ်က္ ျပန္ထြက္ႏိုင္ရင္ ေျဖရွင္းလို႔ ရမွာပါ"
"အြန္း တိုး႐ူ ေက်းဇူးပဲ" Shou က ၿပဳံး၍ ေျပာလိုက္သည္။ ထို႔ေနာက္ Shou မ်က္ႏွာမွာ အမူအရာ တခု ခ်က္ခ်င္း ျဖတ္ေျပးသြားသည္။ ထိုင္ေနရာမွ ထရပ္ကာ တိုး႐ူဘက္ကို မ်က္ႏွာခ်င္းဆိုင္ ၾကည့္လိုက္သည္။ ႐ုတ္တရက္ Shou က ..

"ငါ မင္းကို ခ်စ္တယ္"
"ဟမ္ .. "
တိုး႐ူ လက္ေတြ ေအးစက္လာသည္။ စိတ္ထဲလည္း အနည္းငယ္ေတာ့ လႈပ္ရွားသြားသည္။

Shou ရဲ႕ မ်က္လုံးမ်ားက ၿပဳံးေယာင္ သန္းသြားသည္။ တိုး႐ူဘက္ကို ၾကည့္ေနလွ်က္က အနည္းငယ္ ပို၍ ႏူးညံ့စြာ တခါထပ္ေျပာသည္။
"ငါ .. မင္းကို ... ခ်စ္တယ္"
"Sorry ..Shou .. ငါ.. "

တိုး႐ူ ဒူးမ်ားပင္ ၫြတ္ခ်င္လာသည္။ သူမ Shou ကို အရင္ကလိုမဟုတ္ပဲ သေဘာက်သည္။ ေလးစားသည္။ Shou က လည္း အရင္ကလိုမဟုတ္ပဲ ေခ်ာသည္။ တည္ၾကည္သည္။ မိုက္သည္။

သို႔ေပမယ့္ သူမက ဆိုႏိုကို လ်စ္လ်ဴရႈ မထားႏိုင္ပါေပ။ ဒီရက္ပိုင္းေတြမွာ ဆိုႏိုဆီက စစ္မွန္ၿပီး ေႏြးေထြးတဲ့ ရင့္က်က္တဲ့ အေတြးအေခၚနဲ႔ ဂ႐ုစိုက္ေပးမႈေတြၾကားမွာ သူမကိုယ္ သူမ ရွာေတြ႕ခဲ့သည္။ ၿပီးေတာ့ ဆိုႏိုက သူမ အႀကိဳက္ဆုံး idol လည္း ျဖစ္ေနေသးသည္။

ရွင္းဆီမွ mission ေအာင္ၿပီ ျဖစ္ေၾကာင္း အခ်က္ ေပးသံ ထြက္လာသည္။ Shou ႏႈတ္ခမ္းေလးတြန္႔႐ုံ ၿပဳံးလိုက္သည္။ ေနာက္ဆုံး တစ္ေခါက္ အျဖစ္ သူထပ္ေျပာသည္။
"ငါ
မင္းကို
......."

Kou ေခါင္မိုးေပၚ ေရာက္ေနတာ ၾကာၿပီျဖစ္သည္။ Shou ကို မေႏွာင့္ယွက္ ခ်င္တာေၾကာင့္ အေမွာင္ထဲမွာပဲ တိတ္ဆိတ္စြာ ေစာင့္ေနမိသည္။ Toru ေရာက္လာၿပီးေနာက္ Shou လည္း ရပ္သြားသည္မို႔ သူလည္းထြက္လာခဲ့သည္။ ထိုစဥ္ Shou က Toru ကို ၾကည့္ၿပီး ေျပာလိုက္တဲ့ စကားေၾကာင့္ သူ႔ႏွလုံးေသြးမ်ား ေအးခဲသြားသလို ခံစားလိုက္ရသည္။

Kou မယုံႏိုင္ေသးဘူး။ ၿပီးခဲ့တဲ့ရက္ေတြမွာ သူလည္း Shou ကို ဂ႐ုစိုက္သလို Shou ကလည္း သူ႔ကို မျငင္းခဲ့ဘူး။ ႏွစ္ေယာက္ထဲ အတူရွိေနခ်ိန္ေတြမွာလည္း ဖက္တာတို႔ နမ္းတာတို႔ သူ႔ဘက္က တခါတရံလုပ္ခဲ့ေပမယ့္ ျပန္လည္းမတုံ႔ျပန္သလို ျငင္းဆန္ခဲ့ျခင္းလည္းမရွိခဲ့ဘူး။ ေနာက္ဆုံး တေခါက္က သူ႔ပါးကိုေတာင္ ဖိသြားေသးတယ္ေလ။  Devilish အဖြဲ႕သားအားလုံးက Shou က သူ႔ကို လက္ခံေပးေနၿပီလို႔ေတာင္ ယုံၾကည္ၿပီး ဝမ္းသာေပးေနတာ။

'Shou ဘာလို႔လဲ။ ဒီရက္ေတြထဲ ငါ့အနားမွာ ေနေပးေနတာ မင္းလြတ္လပ္ဖို႔ ငါ့ကို အယုံသြင္း႐ုံ သက္သက္ပဲလား'  

'မင္း ငါနဲ႔ ႐ုတ္တရက္ စိမ္းသြားတာကေရာ ဘာေၾကာင့္လဲ .. မင္းႀကိဳက္ေနတာ တကယ္ပဲ တိုး႐ူလား'

"ငါမင္းကို ခ်စ္တယ္" ဆိုတဲ့ ဒုတိယ အႀကိမ္ Shou ႏႈတ္က ထြက္လာတဲ့အခါမွာေတာ့ သူ႔ကမာၻႀကီး ၿပိဳလဲသြားသည္။ ဘာလို႔လဲ။ ဘာလို႔ တိုး႐ူလဲ။ ဘာလို႔ Shou ေ႐ြးလိုက္တဲ့သူက သူမဟုတ္ရတာလဲ။

Shou ရက္စက္လိုက္တာ။ ဒီလို ျဖစ္မယ္မွန္းသိရင္ ငါ မင္းကို လြတ္လပ္ခြင့္မေပးခဲ့ပါဘူး။ လိုခ်င္တာဆိုရေအာင္ယူတတ္တဲ့ ငါ ေစာေစာကတည္းက အပိုင္သိမ္းခဲ့ရမွာ။ အေနအထိုင္ေအးေဆးၿပီး တည္ၾကည္လြန္းေတာ့ .  ငါ ယုံၿပီး လႊတ္ေပးလိုက္မိတာ။

'Shou .. မင္းဆႏၵမပါပဲ မင္းကို ခ်ဳပ္ေႏွာင္ထားရင္ ငါ့ကို မုန္းသြားမွာလား'

လက္မ်ားကို တင္းတင္းဆုပ္၍ အံႀကိတ္မိသည္။ ခံစားခ်က္မ်ားက လႈိက္၍ တက္လာသည္။ မ်က္ဝန္းက စိုစြတ္ၿပီးလာၿပီး တိုး႐ူကို အဆုံးသတ္ပစ္လိုက္ရမလားလို႔ စဥ္းစားလိုက္သည္။  ဟုတ္ၿပီ အခုလည္း ေနာက္မက်ေသးဘူး။

Shou က တိုး႐ူဆီကို တလွမ္းခ်င္း ျဖည္းျဖည္းေလွ်ာက္သြားသည္။ တိုး႐ူက မယုံၾကည္ႏိုင္စြာ တစ္လွမ္းခ်င္း ဆုတ္လွ်က္ ရွိသည္။

'Shou က သူမကို ခ်စ္ခြင့္ပန္ေနတယ္လို႔ မခံစားရပဲ ေသမိန္႔ခ်ေနတယ္လို႔ ဘာလို႔ ခံစားေနရတာလဲ'

Shou က မ်က္လုံးမ်ား ေတာက္ပလွ်က္ တလုံးခ်င္း ထပ္၍ ေျပာသည္။

"ငါ ..
မင္းကို ..
ခ်စ္တယ္ ..
....
Kazekaya Kou "

မ်က္လုံးေတြက တိုး႐ူရဲ႕ ေခါင္းေပၚမွ ေက်ာ္၍ တိုး႐ူေနာက္မွ ေတာင့္ေတာင့္ႀကီး ရပ္ေနသူကို စူးစိုက္ၾကည့္၍ ေျပာလိုက္သည္။

ရွင္းက ေခါင္းခါလိုက္ကာ
'မင္းကြာ မိန္းကေလး တစ္ေယာက္ကို ရွက္သြားေအာင္'
'သူလည္း Shou ကို ဒုကၡေပးထားတာပဲ ဒီေလာက္က ဘာမွ မဟုတ္ပါဘူး။ တိုး႐ူေရွ႕မွာ ေျပာေတာ့ Kou သံသယကို တခါတည္း ေဖ်ာက္ေပးသလို ျဖစ္သြားတာေပါ့ haha'
'မင္းေတာင္ ညစ္တီးညစ္ပတ္နည္းေတြ သုံးတတ္လာၿပီပဲ'
'မင္း ေက်းဇူးေတြေလ'
'Wtf .. ငါနဲ႔ ဘာဆိုင္လဲ'

တိုး႐ူ သူမကို ေျပာတာ မဟုတ္မွန္း သေဘာေပါက္သြားသည္။ ရွက္သြားမိေပမယ့္ စိတ္ထဲမွာ ေလးလံတဲ့ ဝန္ႀကီးတစ္ခု ေပါ့ပါးသြားသလို ခံစားရသည္။ ေနာက္လွည့္ၾကည့္လိုက္တဲ့ အခ်ိန္မွာေတာ့ Kou ကို တခါမွ မျမင္ဖူးတဲ့ ထူးဆန္းတဲ့ မ်က္ႏွာအမူအရာနဲ႔ ေတြ႕ရသည္။

ေဒါသထြက္ေသာ၊ အံဩေသာ၊ မယုံႏိုင္ေသာ၊ ေပ်ာ္႐ႊင္ေသာ စသည့္ ခံစားခ်က္ ေပါင္းစုံႏွင့္ ေၾကာင္အလွ်က္ရွိတယ္။ Shou က Kou လက္ေမာင္းကို ျဖန္းခနဲ႐ိုက္လိုက္ၿပီး
"မင္း ငါ့ကို ဒီလိုပဲ ထားေတာ့မွာလား .  စကားေလး ဘာေလးေတာ့ ျပန္ေျပာသင့္ပါတယ္"
"ငါ.. "

Toru က ရယ္လိုက္ကာ
"Congratulations Shou , Kou "
"အြန္း ေက်းဇူး"
"နင့္ေက်းဇူးနဲ႔ ငါ ကမာၻ အရယ္ရဆုံး မ်က္ႏွာကို ေတြ႕ခဲ့တယ္။ haha ငါ .. လုပ္စရာရွိေသးတယ္ .. သြားေတာ့မယ္"
"အြန္း"
"လူဆိုးေလး"
Shou ကို သူမ ကိုင္ေနတဲ့ လက္နက္ျဖစ္တဲ့ ေတာင္ေဝွးထိပ္နဲ႔ မနာေအာင္ တခ်က္ေခါက္လွ်က္ ဆင္းသြားသည္။

Kou က Shou ကို ဖက္လိုက္သည္။ Shou က ၿပဳံးလွ်က္ ေက်ာကို ဖြဖြ ပုတ္ေပးသည္။

"Shou .. တကယ္ပဲလား"
"တကယ္"
"မင္း မလိမ္နဲ႔ေနာ္"
"ဘာလို႔လိမ္ရမွာလဲ"
"မင္း .. မင္းအရမ္းဆိုးတာပဲ"
"....." Shou ၿပဳံးလွ်က္သာ

"မင္းသာ ငါ့နာမည္ကို ေစာေစာ မေခၚခဲ့ရင္ ငါတိုး႐ူကို သတ္မိေတာ့မယ္"
"မဆိုးနဲ႔"
"ဒါဆို ဘာလို႔ ဒီရက္ပိုင္း ငါ့ကို ေရွာင္ေနတာလဲ"
"ငါ အားနည္းေနလို႔ မင္းစိတ္ပူမွာစိုးလို႔"

Kou က ေၾကာက္လန္႔တၾကား လူခ်င္းခြါလိုက္ၿပီး ပုခုံးကို ကိုင္လွ်က္ မ်က္လုံးကို တည့္တည့္ၾကည့္ကာ

"မဟုတ္မွ လြဲေရာ .. မင္း .. "
"ဟုတ္တယ္"
"မင္းကြာ ငါ့ကိုေတာ့ ေျပာျပသင့္ပါတယ္။ ငါ့ကိုအဲ့ေလာက္ေတာင္ မယုံဘူးလား"
"မဟုတ္ဖူး .. မင္းသေဘာမတူမွာစိုးလို႔ .. ခုေျပာျပေနၿပီပဲေလ။ လာပါ ျပန္စို႔ ... ေနာ္ "
"အြန္း .. အဲ့ဒီကိစၥ ငါပဲ ဆက္လုပ္လိုက္မယ္။ ဒီရက္ပိုင္း မင္း ေအးေအးေဆးေဆးပဲ နားေနလိုက္"
"အြန္း .. မင္းအေကာင္းဆုံးပဲ"

"ဪ ေမ့ေတာ့မလို႔ "
"Kou ဘယ္ကိုလဲ.." ေျပာေျပာဆိုဆို လက္ဆြဲၿပီး ေျပးသြားတာေၾကာင့္ ေနာက္က တ႐ြတ္တိုက္လိုက္ရေသာ Shou က ေမးလိုက္သည္။
"လက္ထပ္မလို႔"
"ဟင္"
"ျငင္းလို႔ မရဘူးေနာ္ .. မင္း မ်ားေနၿပီ။ ဒီေန႔လည္း င္ဘယ္ေလာက္ စိတ္ပူလိုက္ရလဲ မင္းမသိဘူး။ မင္းေပ်ာက္သြားရင္ ငါငရဲက်သလိုပဲ"
ထပ္၍ စိတ္မခ်ရသည့္အလား Shou ရဲ႕ လက္ေတြကို ခ်ဳပ္ကာ ႀကိဳးနဲ႔ခ်ည္ၿပီး ပုခုံးေပၚတင္လိုက္သည္။ ထို႔ေနာက္ လက္ထပ္လွ်င္ တိုင္တည္ရသည့္ ေနရာသို႔ အျမန္ေျပးေလသည္။

"Kou ငါ့ကို လႊတ္စမ္း။ ငါလက္ထပ္မယ္လို႔"
"မယုံဘူး။ လက္ထပ္ၿပီးမွ လႊတ္မယ္"
"ငါလက္ခံပါတယ္ဆိုကြာ၊ ငါ့ဘာသာလမ္းေလွ်ာက္လိုက္မယ္လို႔"
"ဟင့္အင္း .. ငါလႊတ္လိုက္ရင္ မင္းကို ငါမႏိုင္ဘူး။ မင္းထြက္ေျပးသြားရင္ ငါလိုက္မဖမ္းတတ္ဘူး"
"ထြက္မေျပးပါဘူးဆိုကြာ"

Kou နည္းနည္း ေတြေဝသြားေပမယ့္
'Toru ကို ခ်စ္တယ္လို႔ ေျပာရဦးမွာ ဆိုေသာ Shou ရဲ႕ ႏႈတ္ထြက္စကား' ၊ 'ငါက မိန္းကေလးပဲ ႀကိဳက္တာေလ' လို႔ ေျပာခဲ့ဖူးတဲ့ Shou ၊ 'သူ႔ေရွ႕မွာတင္ ႐ုပ္တည္နဲ႔ ဖြင့္ေျပာေနေသာ ခ်စ္ခြင့္ပန္ျခင္း' ဒီလိုစကားေတြၾကားမွာ သူဘယ္လိုလုပ္ စိတ္ခ်ႏိုင္မွာလဲ။

အဆိုးဆုံးက 'သူ႔ကို Shou က ခ်စ္ခြင့္ပန္တယ္' တဲ့ .. အဲ့တာႀကီးက ဘယ္လိုမွ ျဖစ္ႏိုင္တဲ့ ကိစၥမဟုတ္ဖူး။ မရဘူး လက္ထပ္ထားမွ ရမယ္။ ေနာက္တေခါက္ ဆုံးရႈံးဖို႔ဆိုတာ မရွိေစရဘူး။

Shou မသက္မသာ သက္ျပင္းသာခ်မိသည္။ သူ စေနာက္တာ လြန္သြားၿပီး သူ႔ခ်စ္သူက သူ႔ကို မယုံေတာ့ေပ။ လမ္းတစ္ေလွ်ာက္ ျမင္တဲ့သူေတြက World channel မွာ Kou က Shou ကို ႀကိဳးတုပ္၍ ေခၚသြားသည္ ဟု ေျပာေနၾကၿပီး Devilish အဖြဲ႕သားမ်ားက ခ်က္ခ်င္းလိုက္လာသည္။

Shou တြင္ Kou ရဲ႕ Marriage Request တက္လာသည္။ Kou က Accept ျမန္ျမန္လုပ္လိုက္ေလဆိုတဲ့ ပုံစံနဲ႔ ေမးေငါ့ျပသည္။ သို႔ေသာ္ Aki က ခ်က္ခ်င္းေရာက္လာၿပီး Shou ကို ႀကိဳးေတြ ျဖည္ေပးကာ

"Kou ေနာ္ .. အကိုShou ဆႏၵမပါပဲ မလုပ္နဲ႔ အကိုနဲ႔ က်ေနာ္ ရန္သူမျဖစ္ခ်င္ဘူးေနာ္"
"အာ .. ေဟ့ေကာင္ လႊတ္မေပးနဲ႔  မင္းအကိုကို ငါခက္ခက္ခဲခဲ ဖမ္းလာရတာလို႔" 

Kou နဲ႔ Aki ႐ုန္႔ရင္းဆန္ခတ္ ျဖစ္ေနသည္။
Shou က လြတ္သြားၿပီမို႔ ခဏၾကည့္ကာ ရယ္ေနၿပီးမွ Accept ကို ေ႐ြးလိုက္သည္။ Game System မွ Marriage Announcement ထြက္လာသည္။

Kou အခုထိ မယုံႏိုင္ေသး။ ထြက္ေျပးသြားလိမ့္မယ္လို႔ ထင္ထားေသာ Shou က လြတ္သြားတာေတာင္ Accept လိုက္တယ္။ တကယ္လား ။ တကယ္ႀကီးလား။ မ်က္လုံးႀကီး ျပဴးၿပီး ေၾကာင္အေနေသာ Kou ကို ဆိုႏိုက Congratulations ေျပာရင္း Shou ဘက္ကို လွည့္၍
"ဒီေကာင္ အေပ်ာ္လြန္ၿပီး ေဂါက္သြားတာမ်ားလား"
Shou ကလည္း ရယ္၍ "ျဖစ္ႏိုင္တယ္" ဟု ေျဖေလသည္။

Aki က ႏွေျမာစြာ "အကိုShou က ေကာင္မေလး ေခ်ာေခ်ာေလးနဲ႔ ရရမွာကိုကြာ။ ဒီဘဲႀကီးက သူမ်ားကို ေခ်ာက္ခ်ဖို႔ေလာက္သိတာ"လို႔ ေရ႐ြတ္ေနသည္။ Shou က Aki ေခါင္းကို ဖြလိုက္ၿပီး
"ဒါေပမယ့္ ဘယ္လိုလုပ္မလဲ မင္းအကိုက ဒီဘဲႀကီးကိုပဲ ေႂကြသြားေတာ့ မတတ္ႏိုင္ဘူးေလ"
"အကို ႀကိဳက္ရင္ ၿပီးတာပါပဲ။ Kou ကို စိတ္ကုန္သြားရင္ က်ေနာ့ဆီလာခဲ့ က်ေနာ္ အကို႔ကို ေပ်ာ္ေအာင္ထားမယ္"
Kou က Aki ကို ႐ိုက္လိုက္ၿပီး
"စိတ္ကုန္စရာလား .. အသက္ရွင္ခ်င္ေသးရင္ အေျပာအဆို ဆင္ျခင္စမ္း.. ကေလး ကေလးလို မေနဘူး"
"ဟြန္႔" x 2

Shiro နဲ႔ Kuro က ထိုႏွစ္ေယာက္ကို ၾကည့္လွ်က္ ေခါင္းခါရမ္းလိုက္ကာ " Shou congratulations.."
"အြန္း ေက်းဇူး"
"Kou ကို အႏိုင္က်င့္ဖို႔ လူလိုရင္ က်ေနာ္တို႔ကို ေခၚလိုက္"
"Haha okie"

"Kou ဘာေၾကာင္ေနတာလဲ .. marrige quest လုပ္စို႔ေလ။ "
"မင္း .. မင္း ငါ့ကို Marriage Quest ေၾကာင့္ လက္ထပ္တာလား"
အခုထိ မယုံႏိုင္ေသးတာေၾကာင့္ ေမးလိုက္သည္။ Marriage လုပ္ၿပီးလွ်င္ Function ေတာ္ေတာ္မ်ားမ်ားက အားသာခ်က္ ရွိတာမို႔ Shou က Kou ကို ထို Function မ်ားေၾကာင့္ လက္ခံလိုက္သည္ဟု ထင္သြားျပန္သည္။

"မင္း ငါ့ကို ဘယ္ႏွခါ အထင္လြဲေနဦးမွာလဲ။ မင္းလက္ထပ္ခ်င္တယ္ဆိုလို႔ ငါလက္ခံေပးၿပီးၿပီေလ"
"ငါ .. ငါ .. မယုံရဲေသးလို႔"
Shou က Kou ရဲ႕ ေကာ္လံကို ဆြဲလွ်က္ ႏႈတ္ခမ္းကို နမ္းလိုက္သည္။

"ဝိုး"
"႐ႊီး"
အာေမဍိတ္ မ်ိဳးစုံ ၾကားရၿပီးေနာက္မွာ ေလခြၽန္သူ ခြၽန္ လက္ခုပ္တီးသူ တီး ျဖစ္ကုန္သည္။

"ယုံၿပီလား"
"မယုံေသးဘူး ေနာက္တစ္ေခါက္ေလာက္"
ပါးစပ္နား႐ြက္ တက္ခ်ိတ္မတက္ ေျပာလာေသာ Kou ကို Shou က ညိဳ႕သက်ည္းကိုသာ ကန္လိုက္ေတာ့သည္။

"အား .. ကိုယ့္ဇနီးေလးက ရက္စက္လိုက္တာ"
"မင္း .. ဘာဇနီးလည္း ေယာက်ာ္းလို႔ ျပင္ေခၚစမ္း"
"အား ေယာက်ာ္း ေယာက်ာ္း .. နာတယ္လို႔ "

Continue Reading

You'll Also Like

71.8K 7.8K 84
translation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊
625K 21.7K 52
Story ကလောင်ရမယ် toxic family case ပါတာကြောင့် အရင်ဆုံးကြိုသတိပေးတာပါ၊ဒါကိုလက်ခံနိုင်မှ ဖတ်ပါနော် ,mature on ထားသေးပါတယ်ရှငိ့၊ female lead က strong ဖ...
878K 15.9K 56
" ဒယ်ဒီဘာပြောပြောဖြူဖြူတို့လက်ထပ်စရာမလိုပါဘူးကိုကို.." " ဒါပေါ့.. မင်းကမိဘကိုလည်းဂရုမစိုက်၊ပတ်၀န်း ကျင်ကိုလည်းဂရုမစိုက်ပဲနေနိုင်ပေမယ့်.. ငါကတော့ဆရာသ...
615K 48.9K 52
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}