တိမ်ယံလွှမ်းတဲ့တောင် / တိမ္ယံ...

By hinnthawethadar

46.4K 5.7K 39

Normal သိုင်းစာစဥ်လေးပါ Normal သိုင္းစာစဥ္ေလးပါ More

🦋Read🦋
🦋1🦋
🦋2🦋
🦋3🦋
🦋4🦋
🦋5🦋
🦋6🦋
🦋7🦋
🦋8🦋
🦋9🦋
🦋10🦋
🦋11🦋
🦋12🦋
🦋13🦋
🦋14🦋
🦋15🦋
🦋16🦋
🦋17🦋
🦋18🦋
🦋19🦋
🦋20🦋
🦋21🦋
🦋22🦋
🦋23🦋
🦋24🦋
🦋25🦋
🦋26🦋
🦋27🦋
🦋28🦋
🦋29🦋
🦋30🦋
🦋31🦋
🦋32🦋
🦋33🦋
🦋34🦋
🦋35🦋
🦋36🦋
🦋37🦋
🦋38🦋
🦋39🦋
🦋40🦋
🦋41🦋
🦋42🦋
🦋44🦋
🦋45🦋
🦋46🦋
🦋47🦋
🦋48🦋
🦋49🦋
🦋50🦋
🦋51🦋
🦋52🦋
🦋To read 🦋
🦋53🦋
🦋54🦋
🦋55🦋
🦋56🦋
🦋57🦋
🦋58🦋
🦋59🦋
🦋60🦋
🦋61🦋
🦋62🦋
🦋63🦋
🦋64🦋
🦋65🦋Final
🦋Continue🦋

🦋43🦋

457 76 0
By hinnthawethadar

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                       🦋43🦋

        အခန်းကြီးထဲက မီးပုံးများ မီးတုတ်များအားလုံး တစ်ပြိုင်တည်း လင်းထိန်လာသည့်အခါ လူတစ်ယောက်က လဲကျနေတဲ့ သူတို့ဆီကို ပျံသန်းလာသည်။ ထိုစဥ် ဟွမ်ကျင်းရွှေက ဇတ်ကနဲထ၍ ထိုသူအား တိုက်ခိုက်တော့သည်။

       တစ်ဖက်လူ၏အားက စတင်တိုက်ခိုက်စဥ်က သတိထားရမယ့် အနေအထားမျိုး ၊ မိမိကို ထိခိုက်အောင် လုပ်နိုင်မည့်သူဟု ထင်ထားသော်လည်း တစ်ဖက်လူမှာ သူ၏လက်ဝါးတစ်ချက်၌ပင် ဝေးဝေးသို့ လွင့်ထွက်သွား၏။

'ဝုန်း....'

       နံရံနှင့် အရှိန်ပြင်းပြင်း ဝင်စောင့်ပစ်သည်။ တစ်ဖက်လူသည် သူကဲ့သို့ခေါင်းစွပ်အမည်း ဝတ်ရုံအမည်းနှင့် ​ဖြစ်၏။ ဟွမ်ကျင်းရွှေ ဓားထုတ်မည်အပြုတွင် ရုတ်တရက် နံရံက တဝုန်းဝုန်းနဲ့ လှုပ်ရှားလာသည်။ နံရံထဲကနေ သံကြိုးများ ဖောက်ထွက်လာပြီး သူ့လက်နဲ့ခြေထောက်ကို ရစ်ပတ်ထားသည်။

       ပြီးနောက် အရှိန်နှင့် ပြန်ဆွဲလိုက်သောအခါ ဟွမ်ကျင်းရွှေ၏ကျောပြင်က ဂူနံရံနှင့် မိတ်ဆက်သွားတော့သည်။

'ဝုန်း....'

"ဖူး......"

        သွေးတစ်လုတ်ပင် အန်ကျလာ၏။

"မင်းဘယ်သူလဲ..."
"ငါမင်းကို မသတ်ပါဘူး.... ဘယ်သူ့ကိုမှ မသတ်ဘူး...."

"မင်းဘာကြောင့် မေ့ဆေးသုံးတာလဲ... ဘာကြောင့်ငါ့ကို ဖမ်းထားတာလဲ"

        ထိုစဥ် နောက်ထပ်ဝတ်ရုံနက်များ ထပ်ထွက်လာပြီး ရိယုံနဲ့ ယဲ့ရှားလုံတို့အား ခေါ်သွားလေ၏။ နောက်ဆုံးကျန်ခဲ့တဲ့ လော့လော်ကိုတော့ စောစောကတိုက်ခိုက်တဲ့ သူကိုယ်တိုင် ကောင်းမွန်စွာ ပွေ့ချီနေတာ မြင်ရတော့မှ ဟွမ်ကျင်းရွှေ နားလည်သွားသည်။

"ရှီချိုး......"

        တစ်ဖက်ကလူ ခြေလှမ်းများ ရပ်တန့်သွားသည်။

"မင်းမဟုတ်လား.... မင်းဘာလုပ်ချင်နေတာလဲ လော့လော်ကို ပြန်ချထားလိုက်"
"အဟက် ဟွမ်ရှန်းကျွင်းက တကယ်လိမ်ရခက်သားပဲ..."

"ရေကန်ဘေးမှာ ငါ့နှလုံးဖောက်တော့ မင်းငါ့ကို စွမ်းအင်နဲ့ကုသပေးတယ်.... ဒါပေမယ့် မင်းကုသပေးတာမဟုတ်ဘူး ငါ့နတ်ဆိုးသားရဲသွေးကို နှိုးဆွတဲ့ မန္တာန်တစ်ခုကပ်လိုက်တာ ဟုတ်တယ်မလား...."
"မင်းတကယ် ရင်ဆိုင်ရခက်တဲ့သူပဲ.... ဒါပေမယ့် စိတ်ချပါ လော့လော်ငါနဲ့နေရင် လုံခြုံတယ်"

"ရှီချိုး....."

       ရှီချိုးက ထွက်သွားလေပြီ။

"ပြန်လာခဲ့.... လော့လော်ကို လွှတ်လိုက်.... ရှီချိုး...."

       မလင်းမမှောင် အခန်းထဲတွင် ဟွမ်ကျင်းရွှေတစ်ယောက်တည်းသာ ကျန်ခဲ့သည်။ သူ့​ခြေထောက်နဲ့ လက်တို့သည် နံရံက ဖောက်ထွက်လာသော သံကြိုးများကြောင့် ရုန်းမရအောင် အချုပ်ခံထားရသည်။ ကျန်သောသူတွေ ဘယ်လိုဖြစ်နေသလဲတောင် သူမသိနိုင်တော့ချေ။

       ရှီချိုး ဘာကြောင့် ဒီလိုလုပ်သလဲ၊ ဘာလုပ်ချင်နေသလဲဆိုတာလည်း သူခန့်မှန်းရခက်နေသည်။

       တစ်ဖက်တွင်တော့။

"အား......"
"လော့လော်..... လော့လော်......"

       သတိလစ်နေရာမှ အထိတ်တလန့်ဖြင့် ထအော်တော့သည်။ သူမသည် အော်လည်းအော် ငုတ်တုတ်လည်း ထိုင်မိသွားပြီး သူမကိုစောင့်ပေးနေသော ရှီချိုးလည်း ထိတ်လန့်သွားပုံပင်။

"လော့လော်...."
"ရှီချိုး.... ရှင်လား... ရှင့်ကို မကောင်းဆိုးဝါးကောင် ဖမ်းသွားတာမဟုတ်ဘူးလား.... ရှင်ဘာမှမဖြစ်ပါဘူးနော်"

       ရှီချိုးသည် သူမအား ပြုံးလျက်ကြည့်နေကာ

"မင်းငါ့ကို စိတ်ပူတယ်ပေါ့...."
"စိတ်ပူလို့ လိုက်ရှာတာပေါ့.... ဒါပေမယ့် ရှင်ကဘာမှဖြစ်ပုံမရဘူး ဒါနဲ့ ကျွန်မဘယ်ရောက်နေတာလဲ ကျင်းကိုကိုကော...."

      ရှီချိုး၏ပြုံးကြည့်နေသော မျက်ဝန်းတွေ ချက်ချင်းအေးစက်သွားသည်။ သူဖွင့်ပြောတဲ့နေ့ကလည်း ဟွမ်ကျင်းရွှေရောက်လာတာကြောင့် လော့လော်က သူ့ကိုပစ်ထားခဲ့သည်။ အခုလည်း ဟွမ်ကျင်းရွှေအကြောင်းကိုပဲ မေးနေပြန်ပြီ။

"ကျင်းကိုကိုကောလို့...."

       ရှီချိုးက ဘာမှမပြော။ လော့လော်သည် သူရောက်နေသော နေရာကို မျက်လုံးနှင့် အကဲခတ်လိုက်သောအခါ သူမသည် လှပသေသပ်သော နန်းဆောင်ကြီးတစ်ခုထဲကို ရောက်နေတာဖြစ်ကာ သူမအိပ်ခဲ့တဲ့ ခုတင်ကလည်း ကောင်းမွန်သော ချည်ထည်ဖြင့် ရက်ထားသော အိပ်ရာခင်းဖြစ်နေသည်။

       ရှီချိုး၏အေးစက်နေသော မျက်နှာ၊ လှပသေသပ်တဲ့ နန်းဆောင်နဲ့ သူတို့အားလုံး ရုတ်တရက် သတိလစ်သွားရခြင်း။

"ရှီချိုး....."
"မင်းငါ့ရှေ့မှာ ဟွမ်ကျင်းရွှေအကြောင်း မပြောပါနဲ့"

"ဒါဆို ကျွန်မမေးမယ်.... ကျန်တဲ့သူတွေ ဘယ်မှာလဲ"
"သူတို့လုံခြုံတယ်"

"ဒါဘယ်နေရာလဲ... ရန်းမျိုးနွယ်ရဲ့ မြေအောက်မြို့လား"
"ဟုတ်တယ်...."

"ဒါဆိုရှင်က ရန်းမျိုးနွယ် အိမ်ရှေ့စံမင်းသားပေါ့... ရှင့်ကို မကောင်းဆိုးဝါးကောင် ဖမ်းသွားတယ်ဆိုပြီး ကျွန်မတို့ကို ဒီနေရာထိရောက်အောင် မျှားခေါ်ခဲ့တာပေါ့ ဟုတ်တယ်မလား ရန်းမင်းသား...."
"ဟုတ်တယ်.... တောင်းပန်ပါတယ် လော့လော်...."

"ဟူး....."

       လော့လော်က သက်ပျင်းချ၏။ ပြီးနောက် ခေါင်းခါသည်။

"တောင်းပန်စရာမလိုပါဘူး.... ဘာကြောင့်လုပ်တာလဲပဲ ပြောပြပါ..."
"ငါမင်းကို ထိခိုက်စေချင်တဲ့ ရည်ရွယ်ချက်မျိုး မရှိပါဘူး.... ငါကလက်စားချေချင်ရုံ သက်သက်ပဲ... ငါ့မျိုးနွယ်အတွက် သူတို့ကိုအပြစ်ပေးချင်ရုံလေးပါပဲ"

"ဟုန်ကျင်းချင်ဂိုဏ်းလား"
"အင်း...."

"အဲ့ဒါက ကျင်းကိုကိုနဲ့ မဆိုင်ဘူးလေ အခုသူဘယ်မှာလဲ... "
"သူနဲ့မဆိုင်ဘူးဟုတ်လား သူလည်း တစ်ချိန်က ဟုန်ကျင်းချင်ဂိုဏ်းကပဲလေ.... သူ့အဖေ... သူ့အဖိုး ဟုန်ကျင်းချင်ဂိုဏ်းက"

       လော့လော်သည် ရှီချိုးဘေးကနေ ခုန်ထွက်ကာ တံခါးရှိရာဘက်သို့ ပြေးသော် ရှီချိုးသည် သူမရှေ့ကို ဖျတ်ကနဲရောက်လာ၍ သူမကို တစ်ကိုယ်လုံး လှုပ်မရအောင် မန္တာန်တစ်ခုဖြင့် ချည်နှောင်ထား၏။ သူမမှာ ထိုမန္တာန်ကို ဖြေဖျောက်နိုင်တဲ့ အစွမ်းအစလည်း မရှိပေ။

       ရှီချိုးက သူမကို အသာလေးပွေ့မ၍ ခုတင်ပေါ် ပြန်တင်ပေးလေသည်။

"လိမ်လိမ်မာမာနေ.... ငါခဏနေ ပြန်လာခဲ့မယ်နော် "

       စောင်ခြုံပေးပြီး သူမနဖူးကို အနမ်းတစ်ပွင့် ချွေသွားလိုက်သေးသည်။ ပြီးနောက် အခန်းထဲကနေ ထွက်သွားလေ၏။ လော့လော်မှာ လှုပ်မရသော ခန္ဓာနဲ့အိပ်ရာထဲတွင် ကျန်ခဲ့ရသည်။ ကံကောင်းလှစွာ ရှီချိုးက သူမကိုတခြား ဘာမှလုပ်မသွားတာပင်။

      ရှီချိုးသည် အခန်းထဲကထွက်သွားပြီးနောက် နန်းဆောင်များ၏ အနောက်ဘက်ကို ဦးတည်ကာ ထွက်သွားသည်။ ဂူလမ်းဆုံးရောက်သောအခါ အပေါ်သို့ ပျံတက်သွား၏။ အပေါ်ဘက်သည် မြေအောက်မြို့ကို တည်ထားသောဂူကြီး၏ အမိုးမျက်နှာပြင်ဖြစ်ကာ ထိုပေါ်တွင် အဖမ်းခံထားရတာကတော့ ရွမ်နျန်းဖြစ်သည်။

       သူမဘေးတွင် ရှီချိုးမွေးထားသော မကောင်းဆိုးဝါးကောင်တွေ ဝန်းရံလျက်ရှိသည်။ မကောင်းဆိုးဝါးဖမ်းရန် လာခဲ့သော်လည်း တစ်စုံတစ်ယောက်က သစ္စာဖောက်သွားပြီး သူမကသာ ပြန်အဖမ်းခံလိုက်ရ၏။

       အဖမ်းခံထားရတာကတော့ သူမတစ်ယောက်တည်း မဟုတ်ပါ။ လိုင်မုန် ၊ ဟိုင်ယူတို့သာမက အခြားသော ကျောင်းသားများလည်း ပါသေးသည်။ အားလုံးက တိုင်တစ်လုံးတွင် တစ်ယောက်ဆီ အချည်ခံထားကြရသည်။ ရှီချိုးရောက်လာသော် အားလုံးက သူ့ကိုရွံရှာသော အကြည့်တွေဖြင့် ရန်ထောင်ကြ၏။

"ရှီချိုး.... မင်းဘာလုပ်တာလဲ ငါတို့ကိုအခုလွှတ်ပေး...."

"ပြောမနေနဲ့ သူကငါတို့ကို သစ္စာဖောက်သွားပြီ"

"ဟုတ်တယ်.... ငါတို့သူ့ကို ရန်းမင်းသားလို့ခေါ်ရမှာ...."

       ရှီချိုးက သူတို့ကိုလှည့်မကြည့်ဘဲ ရွမ်နျန်းဆီ တည့်တည့်လျှောက်သွားသည်။

"ရွမ်နျန်း... ငါ့ကိုအပြစ်မတင်ပါနဲ့ "
"ရှင်ခံစားခဲ့ရတာတွေကို ကျွန်မသိပါတယ်... ကျွန်မနားလည်တယ် ဒါပေမယ့်... "

"မင်းဘာပြောမလဲ ငါသိတယ်.... မင်းနဲ့ဂိုဏ်းချုပ်က ဆွေးမျိုးတော်စပ်တယ်လေ... ပြီးတော့ လိုင်မုန်နဲ့ ဟိုင်ယူကလည်း ဂိုဏ်းဝင်ဆိုတော့ အသုံးဝင်တယ်... သူတို့လာနေပြီ မကြာခင်ဒီကိုရောက်တော့မှာ.... တိုက်ပွဲကစတော့မှာ.... "
"ဟွမ်သခင်လေးကော သူဘယ်မှာလဲ"

"မင်းတို့ဂရုစိုက်နေတဲ့ အဲ့ဒီဟွမ်ကျင်းရွှေက မကြာခင်ငါ့ရဲ့လက်နက် ဖြစ်လာတော့မှာ..."
"ဘာ....နင်...."

       ရှီချိုးသည် အသက်မပါတဲ့ အပြုံးတုတစ်ခုကိုသာ လုပ်ပြလိုက်ပါတော့သည်။ သူ့ရဲ့သိဒ္ဓိစွမ်းအင်က သူ့ရဲ့ကိုယ်ပိုင်နေရာမှာသာ အကောင်းမလို့ ဒီနေရာကိုရောက်အောင် သူတို့အား ဆွဲခေါ်လာခဲ့သည်။

       ပြန်လည်မွေးဖွားလာပြီး နောက်ပိုင်း ဟုန်ကျင်းချင်ဂိုဏ်းက ပါဝင်ခဲ့သူ မှန်သမျှကို သူသေချာစုံစမ်း၍ ပါဝင်ခဲ့သူများ၏ မျိုးဆက်သစ်များကိုလည်း သေသေချာချာ လိုက်စုံစမ်းဖို့ ဟုန်ကျင်းကျောင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ ဝင်ခဲ့သည်။

       သူမွေးထားသော မကောင်းဆိုးဝါးများကိုလည်း ဟုန်ကျင်းချင်ဂိုဏ်းတွင် သောင်းကျန်းစေကာ ချင်းချုံးတောင်ပိုင်းက သူ့ပိုင်နက်ထဲကို ပြေးထွက်စေသည်။ ဒါမှသာ ဟုန်ကျင်းချင်ဂိုဏ်းက လိုက်လံဖမ်းဆီးမည် မဟုတ်ပါလား။

'ဝုန်း.....'

       တစ်ဖက်တွင်ရှိ မြေအောက်က အခန်းတစ်ခန်းထဲတွင် ပိတ်လှောင်ခံထားရသော ရိယုံသည် ဂူနံရံကိုဖြိုချပစ်ရန် ကြံရွယ်နေသလားမသိ လက်သီးတို့ဖြင့် အားပြင်းပြင်း ရိုက်နေသည်။

'ဝုန်း....'

"တော်တော့...."

       ယဲ့ရှားလုံက လှမ်းအော်ကာ တား၏။

"တော်လို့ရမလား... အဲ့ကောင် ဘာလုပ်ဖို့ စဥ်းစားနေတာလဲမသိတာကျလို့... သူမင်းသမီးကို တစ်နေရာရာမှာ ဖွက်ထားမှာ မင်းသမီးအတွက် စိတ်မပူဘူးလား "
"စိတ်ပူလည်း ထွက်လို့မှမရဘဲ..."

'ဝုန်း....'

"အား....."

       သူ့လက်ကျင်သွားသည်။ ယဲ့ရှားလုံ သူ့အနားလျှောက်လာကာ သူ့လက်ချောင်းများကို စစ်ဆေးပေးရင်း

"အားအရမ်းမသုံးသေးနဲ့အုံး... ထွက်ရမယ့် နည်းလမ်းကို ဖြည်းဖြည်းချင်း စဥ်းစားကြရအောင်.... ရှီချိုးစိတ်နဲ့ဆို မင်းသမီးကိုထိခိုက်အောင် လုပ်မှာတော့ မဟုတ်ဘူး...."
"အဲ့တာလည်း ဟုတ်ပါတယ် ဒါပေမယ့်..."

"ဘာလဲ...."

       ရိယုံက သူ့အားငုံ့ကြည့်ကာ တဖြည်းဖြည်း တိုးကပ်လာတော့ သူလည်းအနောက်ကိုဆုတ်ရင်း နံရံနဲ့ကျောကပ်မိသွားသည်။ ရိယုံက လက်နှစ်ဖက်ကို ယဲ့ရှားလုံမျက်နှာဘေး တစ်ဝိုက်တွင် ထောက်ထားလိုက်၏။

"ဘာလုပ်နေတာလဲ..."
"ငါစဥ်းစားနေတာ အထက်ပိုင်းကျင့်ကြံခြင်းလောကရဲ့ ထိပ်သီးဂိုဏ်းတစ်ခုက ဘယ်လိုလုပ် ရန်ငြိုးတွေ ပြည့်လျှံနေတာလဲ"

"ကောင်းတဲ့သူတွေမှမဟုတ်တာ.... "
"မင်း လိုင်ကုန်းကျိုကို သတ်တုန်းက အပျော်မယ်အနေနဲ့ သွားခဲ့တာ ဟုတ်တယ်မလား"

"အင်း...."
"ဒါဆို သူမင်းကိုနမ်းသေးတယ်ပေါ့... "

"ဘာတွေမေးနေတာလဲ... အသုံးမဝင်တဲ့ အရာတွေ..."
"နမ်းမှာပါ.... အင်း ဒါပေမယ့် မင်းကမင်းရဲ့နှုတ်ခမ်းကိုတော့ အနမ်းခံမှာမဟုတ်ဘူး.... ဟုတ်တယ်မလား"

       ယဲ့ရှားလုံက ပြုံး၍ လက်ပိုက်လိုက်သည်။ သူက ရိယုံကိုသေချာစိုက်ကြည့်ရင်း

"ရုတ်တရက်ကြီး ဘာလို့အဲ့တာတွေ လာမေးနေတာလဲ... မင်းငါ့ကို ကြိုက်နေတာလား "

       ရိယုံ မျက်မှောင်ကျုံ့လိုက်သည်။

"အဲ့လိုဖြစ်သွားလား"
"အဲ့လိုဖြစ်သွားတယ်..."

"ဒါဆိုရင်လည်း ငါမင်းကိုကြိုက်လိုက်မယ်လေ မင်းဒီလောက်ချောတာကိုး... တစ်နှစ်ကျော်ပြီးရင် အိမ်ရှေ့စံကမင်းကို ကွာရှင်းပေးမှာ မဟုတ်လား"
"အင်း...."

"အဲ့ဒီအချိန်ကျရင် မင်းငါနဲ့လိုက်ခဲ့မလား...."
"ခွီး.... ဟားဟားဟား ရိယုံ.... ဟာသတွေ အရမ်းမပြောနဲ့.... ဖယ်ပေး ထွက်လမ်းရှာရအောင်...."

       ရိယုံက သူ့ကိုထွက်သွားခွင့်မပေးဘဲ သူ့လက်နှစ်ဖက်ကို နံရံတွင် ပူးတွဲကပ်ထားလိုက်ပြီးနောက် တစ်ဆက်တည်းမှာပင် သူ့နှုတ်ခမ်းသည် နွေးထွေးသော အထိအတွေ့တစ်ခုကို ခံစားလိုက်ရတော့သည်။ ရိယုံ၏မျက်တောင်မွှေးတို့က သူနဲ့အနီးကပ်တွင် ရှိနေ၏။

       အံ့သြမင်သက်နေတုန်းမှာပင် ရိယုံက သူ့အနားကနေ ဆုတ်ခွာသွားသည်။

"ယဲ့ရှားလုံ.... ငါ....."

       ယဲ့ရှားလုံက ရိယုံလက်ထဲက ရုန်းထွက်ကာ နံရံနဲ့ မျက်နှာချင်းဆိုင်လိုက်၏။ ရုတ်တရက်မှာပင် မခံစားဖူးသော ခံစားချက်ကြောင့် နှလုံးက အဆမတန် ခုန်ပေါက်နေသည်။ ရိယုံက သူ့ကိုပြန်ဆွဲ၍ ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်သည်။

"တောင်းပန်ပါတယ် ငါစည်းကျော်မိသွားပြီ.... "
"လွှတ်စမ်း...."

'ဝုန်း....'

       ယဲ့ရှားလုံ သူ့အားကန်ထုတ် ပစ်လိုက်ခြင်းပင်။


Zawgyi
တိမ္ယံလႊမ္းတဲ့ေတာင္

                       🦋43🦋

        အခန္းႀကီးထဲက မီးပုံးမ်ား မီးတုတ္မ်ားအားလုံး တစ္ၿပိဳင္တည္း လင္းထိန္လာသည့္အခါ လူတစ္ေယာက္က လဲက်ေနတဲ့ သူတို႔ဆီကို ပ်ံသန္းလာသည္။ ထိုစဥ္ ဟြမ္က်င္းေ႐ႊက ဇတ္ကနဲထ၍ ထိုသူအား တိုက္ခိုက္ေတာ့သည္။

       တစ္ဖက္လူ၏အားက စတင္တိုက္ခိုက္စဥ္က သတိထားရမယ့္ အေနအထားမ်ိဳး ၊ မိမိကို ထိခိုက္ေအာင္ လုပ္နိုင္မည့္သူဟု ထင္ထားေသာ္လည္း တစ္ဖက္လူမွာ သူ၏လက္ဝါးတစ္ခ်က္၌ပင္ ေဝးေဝးသို႔ လြင့္ထြက္သြား၏။

'ဝုန္း....'

       နံရံႏွင့္ အရွိန္ျပင္းျပင္း ဝင္ေစာင့္ပစ္သည္။ တစ္ဖက္လူသည္ သူကဲ့သို႔ေခါင္းစြပ္အမည္း ဝတ္႐ုံအမည္းႏွင့္ ျဖစ္၏။ ဟြမ္က်င္းေ႐ႊ ဓားထုတ္မည္အျပဳတြင္ ႐ုတ္တရက္ နံရံက တဝုန္းဝုန္းနဲ႕ လႈပ္ရွားလာသည္။ နံရံထဲကေန သံႀကိဳးမ်ား ေဖာက္ထြက္လာၿပီး သူ႕လက္နဲ႕ေျခေထာက္ကို ရစ္ပတ္ထားသည္။

       ၿပီးေနာက္ အရွိန္ႏွင့္ ျပန္ဆြဲလိုက္ေသာအခါ ဟြမ္က်င္းေ႐ႊ၏ေက်ာျပင္က ဂူနံရံႏွင့္ မိတ္ဆက္သြားေတာ့သည္။

'ဝုန္း....'

"ဖူး......"

        ေသြးတစ္လုတ္ပင္ အန္က်လာ၏။

"မင္းဘယ္သူလဲ..."
"ငါမင္းကို မသတ္ပါဘူး.... ဘယ္သူ႕ကိုမွ မသတ္ဘူး...."

"မင္းဘာေၾကာင့္ ေမ့ေဆးသုံးတာလဲ... ဘာေၾကာင့္ငါ့ကို ဖမ္းထားတာလဲ"

        ထိုစဥ္ ေနာက္ထပ္ဝတ္႐ုံနက္မ်ား ထပ္ထြက္လာၿပီး ရိယုံနဲ႕ ယဲ့ရွားလုံတို႔အား ေခၚသြားေလ၏။ ေနာက္ဆုံးက်န္ခဲ့တဲ့ ေလာ့ေလာ္ကိုေတာ့ ေစာေစာကတိုက္ခိုက္တဲ့ သူကိုယ္တိုင္ ေကာင္းမြန္စြာ ေပြ႕ခ်ီေနတာ ျမင္ရေတာ့မွ ဟြမ္က်င္းေ႐ႊ နားလည္သြားသည္။

"ရွီခ်ိဳး......"

        တစ္ဖက္ကလူ ေျခလွမ္းမ်ား ရပ္တန့္သြားသည္။

"မင္းမဟုတ္လား.... မင္းဘာလုပ္ခ်င္ေနတာလဲ ေလာ့ေလာ္ကို ျပန္ခ်ထားလိုက္"
"အဟက္ ဟြမ္ရွန္းကြၽင္းက တကယ္လိမ္ရခက္သားပဲ..."

"ေရကန္ေဘးမွာ ငါ့ႏွလုံးေဖာက္ေတာ့ မင္းငါ့ကို စြမ္းအင္နဲ႕ကုသေပးတယ္.... ဒါေပမယ့္ မင္းကုသေပးတာမဟုတ္ဘူး ငါ့နတ္ဆိုးသားရဲေသြးကို ႏွိုးဆြတဲ့ မႏၱာန္တစ္ခုကပ္လိုက္တာ ဟုတ္တယ္မလား...."
"မင္းတကယ္ ရင္ဆိုင္ရခက္တဲ့သူပဲ.... ဒါေပမယ့္ စိတ္ခ်ပါ ေလာ့ေလာ္ငါနဲ႕ေနရင္ လုံၿခဳံတယ္"

"ရွီခ်ိဳး....."

       ရွီခ်ိဳးက ထြက္သြားေလၿပီ။

"ျပန္လာခဲ့.... ေလာ့ေလာ္ကို လႊတ္လိုက္.... ရွီခ်ိဳး...."

       မလင္းမေမွာင္ အခန္းထဲတြင္ ဟြမ္က်င္းေ႐ႊတစ္ေယာက္တည္းသာ က်န္ခဲ့သည္။ သူ႕ေျခေထာက္နဲ႕ လက္တို႔သည္ နံရံက ေဖာက္ထြက္လာေသာ သံႀကိဳးမ်ားေၾကာင့္ ႐ုန္းမရေအာင္ အခ်ဳပ္ခံထားရသည္။ က်န္ေသာသူေတြ ဘယ္လိုျဖစ္ေနသလဲေတာင္ သူမသိနိုင္ေတာ့ေခ်။

       ရွီခ်ိဳး ဘာေၾကာင့္ ဒီလိုလုပ္သလဲ၊ ဘာလုပ္ခ်င္ေနသလဲဆိုတာလည္း သူခန့္မွန္းရခက္ေနသည္။

       တစ္ဖက္တြင္ေတာ့။

"အား......"
"ေလာ့ေလာ္..... ေလာ့ေလာ္......"

       သတိလစ္ေနရာမွ အထိတ္တလန့္ျဖင့္ ထေအာ္ေတာ့သည္။ သူမသည္ ေအာ္လည္းေအာ္ ငုတ္တုတ္လည္း ထိုင္မိသြားၿပီး သူမကိုေစာင့္ေပးေနေသာ ရွီခ်ိဳးလည္း ထိတ္လန့္သြားပုံပင္။

"ေလာ့ေလာ္...."
"ရွီခ်ိဳး.... ရွင္လား... ရွင့္ကို မေကာင္းဆိုးဝါးေကာင္ ဖမ္းသြားတာမဟုတ္ဘူးလား.... ရွင္ဘာမွမျဖစ္ပါဘူးေနာ္"

       ရွီခ်ိဳးသည္ သူမအား ၿပဳံးလ်က္ၾကည့္ေနကာ

"မင္းငါ့ကို စိတ္ပူတယ္ေပါ့...."
"စိတ္ပူလို႔ လိုက္ရွာတာေပါ့.... ဒါေပမယ့္ ရွင္ကဘာမွျဖစ္ပုံမရဘူး ဒါနဲ႕ ကြၽန္မဘယ္ေရာက္ေနတာလဲ က်င္းကိုကိုေကာ...."

      ရွီခ်ိဳး၏ၿပဳံးၾကည့္ေနေသာ မ်က္ဝန္းေတြ ခ်က္ခ်င္းေအးစက္သြားသည္။ သူဖြင့္ေျပာတဲ့ေန႕ကလည္း ဟြမ္က်င္းေ႐ႊေရာက္လာတာေၾကာင့္ ေလာ့ေလာ္က သူ႕ကိုပစ္ထားခဲ့သည္။ အခုလည္း ဟြမ္က်င္းေ႐ႊအေၾကာင္းကိုပဲ ေမးေနျပန္ၿပီ။

"က်င္းကိုကိုေကာလို႔...."

       ရွီခ်ိဳးက ဘာမွမေျပာ။ ေလာ့ေလာ္သည္ သူေရာက္ေနေသာ ေနရာကို မ်က္လုံးႏွင့္ အကဲခတ္လိုက္ေသာအခါ သူမသည္ လွပေသသပ္ေသာ နန္းေဆာင္ႀကီးတစ္ခုထဲကို ေရာက္ေနတာျဖစ္ကာ သူမအိပ္ခဲ့တဲ့ ခုတင္ကလည္း ေကာင္းမြန္ေသာ ခ်ည္ထည္ျဖင့္ ရက္ထားေသာ အိပ္ရာခင္းျဖစ္ေနသည္။

       ရွီခ်ိဳး၏ေအးစက္ေနေသာ မ်က္ႏွာ၊ လွပေသသပ္တဲ့ နန္းေဆာင္နဲ႕ သူတို႔အားလုံး ႐ုတ္တရက္ သတိလစ္သြားရျခင္း။

"ရွီခ်ိဳး....."
"မင္းငါ့ေရွ႕မွာ ဟြမ္က်င္းေ႐ႊအေၾကာင္း မေျပာပါနဲ႕"

"ဒါဆို ကြၽန္မေမးမယ္.... က်န္တဲ့သူေတြ ဘယ္မွာလဲ"
"သူတို႔လုံၿခဳံတယ္"

"ဒါဘယ္ေနရာလဲ... ရန္းမ်ိဳးႏြယ္ရဲ႕ ေျမေအာက္ၿမိဳ႕လား"
"ဟုတ္တယ္...."

"ဒါဆိုရွင္က ရန္းမ်ိဳးႏြယ္ အိမ္ေရွ႕စံမင္းသားေပါ့... ရွင့္ကို မေကာင္းဆိုးဝါးေကာင္ ဖမ္းသြားတယ္ဆိုၿပီး ကြၽန္မတို႔ကို ဒီေနရာထိေရာက္ေအာင္ မွ်ားေခၚခဲ့တာေပါ့ ဟုတ္တယ္မလား ရန္းမင္းသား...."
"ဟုတ္တယ္.... ေတာင္းပန္ပါတယ္ ေလာ့ေလာ္...."

"ဟူး....."

       ေလာ့ေလာ္က သက္ပ်င္းခ်၏။ ၿပီးေနာက္ ေခါင္းခါသည္။

"ေတာင္းပန္စရာမလိုပါဘူး.... ဘာေၾကာင့္လုပ္တာလဲပဲ ေျပာျပပါ..."
"ငါမင္းကို ထိခိုက္ေစခ်င္တဲ့ ရည္႐ြယ္ခ်က္မ်ိဳး မရွိပါဘူး.... ငါကလက္စားေခ်ခ်င္႐ုံ သက္သက္ပဲ... ငါ့မ်ိဳးႏြယ္အတြက္ သူတို႔ကိုအျပစ္ေပးခ်င္႐ုံေလးပါပဲ"

"ဟုန္က်င္းခ်င္ဂိုဏ္းလား"
"အင္း...."

"အဲ့ဒါက က်င္းကိုကိုနဲ႕ မဆိုင္ဘူးေလ အခုသူဘယ္မွာလဲ... "
"သူနဲ႕မဆိုင္ဘူးဟုတ္လား သူလည္း တစ္ခ်ိန္က ဟုန္က်င္းခ်င္ဂိုဏ္းကပဲေလ.... သူ႕အေဖ... သူ႕အဖိုး ဟုန္က်င္းခ်င္ဂိုဏ္းက"

       ေလာ့ေလာ္သည္ ရွီခ်ိဳးေဘးကေန ခုန္ထြက္ကာ တံခါးရွိရာဘက္သို႔ ေျပးေသာ္ ရွီခ်ိဳးသည္ သူမေရွ႕ကို ဖ်တ္ကနဲေရာက္လာ၍ သူမကို တစ္ကိုယ္လုံး လႈပ္မရေအာင္ မႏၱာန္တစ္ခုျဖင့္ ခ်ည္ႏွောင္ထား၏။ သူမမွာ ထိုမႏၱာန္ကို ေျဖေဖ်ာက္နိုင္တဲ့ အစြမ္းအစလည္း မရွိေပ။

       ရွီခ်ိဳးက သူမကို အသာေလးေပြ႕မ၍ ခုတင္ေပၚ ျပန္တင္ေပးေလသည္။

"လိမ္လိမ္မာမာေန.... ငါခဏေန ျပန္လာခဲ့မယ္ေနာ္ "

       ေစာင္ၿခဳံေပးၿပီး သူမနဖူးကို အနမ္းတစ္ပြင့္ ေခြၽသြားလိုက္ေသးသည္။ ၿပီးေနာက္ အခန္းထဲကေန ထြက္သြားေလ၏။ ေလာ့ေလာ္မွာ လႈပ္မရေသာ ခႏၶာနဲ႕အိပ္ရာထဲတြင္ က်န္ခဲ့ရသည္။ ကံေကာင္းလွစြာ ရွီခ်ိဳးက သူမကိုတျခား ဘာမွလုပ္မသြားတာပင္။

      ရွီခ်ိဳးသည္ အခန္းထဲကထြက္သြားၿပီးေနာက္ နန္းေဆာင္မ်ား၏ အေနာက္ဘက္ကို ဦးတည္ကာ ထြက္သြားသည္။ ဂူလမ္းဆုံးေရာက္ေသာအခါ အေပၚသို႔ ပ်ံတက္သြား၏။ အေပၚဘက္သည္ ေျမေအာက္ၿမိဳ႕ကို တည္ထားေသာဂူႀကီး၏ အမိုးမ်က္ႏွာျပင္ျဖစ္ကာ ထိုေပၚတြင္ အဖမ္းခံထားရတာကေတာ့ ႐ြမ္န်န္းျဖစ္သည္။

       သူမေဘးတြင္ ရွီခ်ိဳးေမြးထားေသာ မေကာင္းဆိုးဝါးေကာင္ေတြ ဝန္းရံလ်က္ရွိသည္။ မေကာင္းဆိုးဝါးဖမ္းရန္ လာခဲ့ေသာ္လည္း တစ္စုံတစ္ေယာက္က သစၥာေဖာက္သြားၿပီး သူမကသာ ျပန္အဖမ္းခံလိုက္ရ၏။

       အဖမ္းခံထားရတာကေတာ့ သူမတစ္ေယာက္တည္း မဟုတ္ပါ။ လိုင္မုန္ ၊ ဟိုင္ယူတို႔သာမက အျခားေသာ ေက်ာင္းသားမ်ားလည္း ပါေသးသည္။ အားလုံးက တိုင္တစ္လုံးတြင္ တစ္ေယာက္ဆီ အခ်ည္ခံထားၾကရသည္။ ရွီခ်ိဳးေရာက္လာေသာ္ အားလုံးက သူ႕ကို႐ြံရွာေသာ အၾကည့္ေတြျဖင့္ ရန္ေထာင္ၾက၏။

"ရွီခ်ိဳး.... မင္းဘာလုပ္တာလဲ ငါတို႔ကိုအခုလႊတ္ေပး...."

"ေျပာမေနနဲ႕ သူကငါတို႔ကို သစၥာေဖာက္သြားၿပီ"

"ဟုတ္တယ္.... ငါတို႔သူ႕ကို ရန္းမင္းသားလို႔ေခၚရမွာ...."

       ရွီခ်ိဳးက သူတို႔ကိုလွည့္မၾကည့္ဘဲ ႐ြမ္န်န္းဆီ တည့္တည့္ေလွ်ာက္သြားသည္။

"႐ြမ္န်န္း... ငါ့ကိုအျပစ္မတင္ပါနဲ႕ "
"ရွင္ခံစားခဲ့ရတာေတြကို ကြၽန္မသိပါတယ္... ကြၽန္မနားလည္တယ္ ဒါေပမယ့္... "

"မင္းဘာေျပာမလဲ ငါသိတယ္.... မင္းနဲ႕ဂိုဏ္းခ်ဳပ္က ေဆြးမ်ိဳးေတာ္စပ္တယ္ေလ... ၿပီးေတာ့ လိုင္မုန္နဲ႕ ဟိုင္ယူကလည္း ဂိုဏ္းဝင္ဆိုေတာ့ အသုံးဝင္တယ္... သူတို႔လာေနၿပီ မၾကာခင္ဒီကိုေရာက္ေတာ့မွာ.... တိုက္ပြဲကစေတာ့မွာ.... "
"ဟြမ္သခင္ေလးေကာ သူဘယ္မွာလဲ"

"မင္းတို႔ဂ႐ုစိုက္ေနတဲ့ အဲ့ဒီဟြမ္က်င္းေ႐ႊက မၾကာခင္ငါ့ရဲ႕လက္နက္ ျဖစ္လာေတာ့မွာ..."
"ဘာ....နင္...."

       ရွီခ်ိဳးသည္ အသက္မပါတဲ့ အၿပဳံးတုတစ္ခုကိုသာ လုပ္ျပလိုက္ပါေတာ့သည္။ သူ႕ရဲ႕သိဒၶိစြမ္းအင္က သူ႕ရဲ႕ကိုယ္ပိုင္ေနရာမွာသာ အေကာင္းမလို႔ ဒီေနရာကိုေရာက္ေအာင္ သူတို႔အား ဆြဲေခၚလာခဲ့သည္။

       ျပန္လည္ေမြးဖြားလာၿပီး ေနာက္ပိုင္း ဟုန္က်င္းခ်င္ဂိုဏ္းက ပါဝင္ခဲ့သူ မွန္သမွ်ကို သူေသခ်ာစုံစမ္း၍ ပါဝင္ခဲ့သူမ်ား၏ မ်ိဳးဆက္သစ္မ်ားကိုလည္း ေသေသခ်ာခ်ာ လိုက္စုံစမ္းဖို႔ ဟုန္က်င္းေက်ာင္းကို ရည္႐ြယ္ခ်က္ရွိရွိနဲ႕ ဝင္ခဲ့သည္။

       သူေမြးထားေသာ မေကာင္းဆိုးဝါးမ်ားကိုလည္း ဟုန္က်င္းခ်င္ဂိုဏ္းတြင္ ေသာင္းက်န္းေစကာ ခ်င္းခ်ဳံးေတာင္ပိုင္းက သူ႕ပိုင္နက္ထဲကို ေျပးထြက္ေစသည္။ ဒါမွသာ ဟုန္က်င္းခ်င္ဂိုဏ္းက လိုက္လံဖမ္းဆီးမည္ မဟုတ္ပါလား။

'ဝုန္း.....'

       တစ္ဖက္တြင္ရွိ ေျမေအာက္က အခန္းတစ္ခန္းထဲတြင္ ပိတ္ေလွာင္ခံထားရေသာ ရိယုံသည္ ဂူနံရံကိုၿဖိဳခ်ပစ္ရန္ ႀကံ႐ြယ္ေနသလားမသိ လက္သီးတို႔ျဖင့္ အားျပင္းျပင္း ရိုက္ေနသည္။

'ဝုန္း....'

"ေတာ္ေတာ့...."

       ယဲ့ရွားလုံက လွမ္းေအာ္ကာ တား၏။

"ေတာ္လို႔ရမလား... အဲ့ေကာင္ ဘာလုပ္ဖို႔ စဥ္းစားေနတာလဲမသိတာက်လိဳ႕... သူမင္းသမီးကို တစ္ေနရာရာမွာ ဖြက္ထားမွာ မင္းသမီးအတြက္ စိတ္မပူဘူးလား "
"စိတ္ပူလည္း ထြက္လို႔မွမရဘဲ..."

'ဝုန္း....'

"အား....."

       သူ႕လက္က်င္သြားသည္။ ယဲ့ရွားလုံ သူ႕အနားေလွ်ာက္လာကာ သူ႕လက္ေခ်ာင္းမ်ားကို စစ္ေဆးေပးရင္း

"အားအရမ္းမသုံးေသးနဲ႕အုံး... ထြက္ရမယ့္ နည္းလမ္းကို ျဖည္းျဖည္းခ်င္း စဥ္းစားၾကရေအာင္.... ရွီခ်ိဳးစိတ္နဲ႕ဆို မင္းသမီးကိုထိခိုက္ေအာင္ လုပ္မွာေတာ့ မဟုတ္ဘူး...."
"အဲ့တာလည္း ဟုတ္ပါတယ္ ဒါေပမယ့္..."

"ဘာလဲ...."

       ရိယုံက သူ႕အားငုံ႕ၾကည့္ကာ တျဖည္းျဖည္း တိုးကပ္လာေတာ့ သူလည္းအေနာက္ကိုဆုတ္ရင္း နံရံနဲ႕ေက်ာကပ္မိသြားသည္။ ရိယုံက လက္ႏွစ္ဖက္ကို ယဲ့ရွားလုံမ်က္ႏွာေဘး တစ္ဝိုက္တြင္ ေထာက္ထားလိုက္၏။

"ဘာလုပ္ေနတာလဲ..."
"ငါစဥ္းစားေနတာ အထက္ပိုင္းက်င့္ႀကံျခင္းေလာကရဲ႕ ထိပ္သီးဂိုဏ္းတစ္ခုက ဘယ္လိုလုပ္ ရန္ၿငိဳးေတြ ျပည့္လွ်ံေနတာလဲ"

"ေကာင္းတဲ့သူေတြမွမဟုတ္တာ.... "
"မင္း လိုင္ကုန္းက်ိဳကို သတ္တုန္းက အေပ်ာ္မယ္အေနနဲ႕ သြားခဲ့တာ ဟုတ္တယ္မလား"

"အင္း...."
"ဒါဆို သူမင္းကိုနမ္းေသးတယ္ေပါ့... "

"ဘာေတြေမးေနတာလဲ... အသုံးမဝင္တဲ့ အရာေတြ..."
"နမ္းမွာပါ.... အင္း ဒါေပမယ့္ မင္းကမင္းရဲ႕ႏႈတ္ခမ္းကိုေတာ့ အနမ္းခံမွာမဟုတ္ဘူး.... ဟုတ္တယ္မလား"

       ယဲ့ရွားလုံက ၿပဳံး၍ လက္ပိုက္လိုက္သည္။ သူက ရိယုံကိုေသခ်ာစိုက္ၾကည့္ရင္း

"႐ုတ္တရက္ႀကီး ဘာလို႔အဲ့တာေတြ လာေမးေနတာလဲ... မင္းငါ့ကို ႀကိဳက္ေနတာလား "

       ရိယုံ မ်က္ေမွာင္က်ဳံ႕လိုက္သည္။

"အဲ့လိုျဖစ္သြားလား"
"အဲ့လိုျဖစ္သြားတယ္..."

"ဒါဆိုရင္လည္း ငါမင္းကိုႀကိဳက္လိုက္မယ္ေလ မင္းဒီေလာက္ေခ်ာတာကိုး... တစ္ႏွစ္ေက်ာ္ၿပီးရင္ အိမ္ေရွ႕စံကမင္းကို ကြာရွင္းေပးမွာ မဟုတ္လား"
"အင္း...."

"အဲ့ဒီအခ်ိန္က်ရင္ မင္းငါနဲ႕လိုက္ခဲ့မလား...."
"ခြီး.... ဟားဟားဟား ရိယုံ.... ဟာသေတြ အရမ္းမေျပာနဲ႕.... ဖယ္ေပး ထြက္လမ္းရွာရေအာင္...."

       ရိယုံက သူ႕ကိုထြက္သြားခြင့္မေပးဘဲ သူ႕လက္ႏွစ္ဖက္ကို နံရံတြင္ ပူးတြဲကပ္ထားလိုက္ၿပီးေနာက္ တစ္ဆက္တည္းမွာပင္ သူ႕ႏႈတ္ခမ္းသည္ ႏြေးေထြးေသာ အထိအေတြ႕တစ္ခုကို ခံစားလိုက္ရေတာ့သည္။ ရိယုံ၏မ်က္ေတာင္ေမႊးတို႔က သူနဲ႕အနီးကပ္တြင္ ရွိေန၏။

       အံ့ၾသမင္သက္ေနတုန္းမွာပင္ ရိယုံက သူ႕အနားကေန ဆုတ္ခြာသြားသည္။

"ယဲ့ရွားလုံ.... ငါ....."

       ယဲ့ရွားလုံက ရိယုံလက္ထဲက ႐ုန္းထြက္ကာ နံရံနဲ႕ မ်က္ႏွာခ်င္းဆိုင္လိုက္၏။ ႐ုတ္တရက္မွာပင္ မခံစားဖူးေသာ ခံစားခ်က္ေၾကာင့္ ႏွလုံးက အဆမတန္ ခုန္ေပါက္ေနသည္။ ရိယုံက သူ႕ကိုျပန္ဆြဲ၍ ရင္ခြင္ထဲ ထည့္ဖက္ထားလိုက္သည္။

"ေတာင္းပန္ပါတယ္ ငါစည္းေက်ာ္မိသြားၿပီ.... "
"လႊတ္စမ္း...."

'ဝုန္း....'

       ယဲ့ရွားလုံ သူ႕အားကန္ထုတ္ ပစ္လိုက္ျခင္းပင္။

Continue Reading

You'll Also Like

328K 43.4K 200
Book-6 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
142K 21.8K 104
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...
58.4K 6.2K 90
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...