Unicode
တိမ်ယံလွှမ်းတဲ့တောင်
🦋41🦋
တကယ်ဆို အကာအကွယ်ကို ပြုလုပ်တာက ဟွမ်ကျင်းရွှေတစ်ယောက်တည်းနဲ့တင် လုံလောက်ပါသည်။ ရွမ်နျန်းက ကူညီချင်တော့လည်း သူမတားလိုက်ပါ။ စက်ဝိုင်းသဏ္ဍာန် အကာအကွယ်အပေါ်သို့ ယဲ့ရှားလုံက တက်သွားသည်။
အကာအကွယ် အပြင်ဘက်တွင် ယဲ့ရှားလုံတစ်ယောက်တည်း ရပ်နေ၏။ သွေးကိုစားသုံးသော ငှက်များသည်လည်း သူမဘေးပတ်ပတ်လည်တွင် ဝန်းရံတိုက်ခိုက်လျက်ရှိသည်။ ယွိယွိက အမြင့်သို့ ပျံသန်းလိုက်တာကြောင့် အသားစား ဘောလုံးလိုအကောင်များ မြေပြင်တွင် ကျန်ခဲ့သည်။
ရိယုံက အပေါ်မော့ကြည့်ကာ
"ယဲ့ရှားလုံ မင်းဖြေရှင်းနိုင်လို့လား..."
"နိုင်တယ်..."
ယဲ့ရှားလုံသည် လက်အစီအရင် တည်၍ စတင်လှုပ်ရှားလိုက်သည်နှင့် သူမခန္ဓာကိုယ်မှ အနီရောင်အခိုးအငွေ့ စွမ်းအင်များသည် အရှိန်အဟုန်နဲ့ ထွက်ပေါ်လာ၏။ ယဲ့ရှားလုံက လက်နှစ်ဖက်ကို ဘေးသို့ဆန့်ထုတ်လိုက်သည်။
စွမ်းအင်အငွေ့များ ငှက်များကြားတွင် ပျံ့နှံ့သွားသည်။ သူမဝတ်ရုံစများက လေပြင်းပြင်းတိုက်ခတ်ရာနောက် လွင့်လူးလျက် သူမကတော့ တစ်ချက်ကလေးတောင် ယိမ်းယိုင်မသွားချေ။ ငှက်တွေကလည်း အလွန်အမင်း ဆာလောင်နေသည့်နှယ် အသည်းအသန်ကို လိုက်နေကြသည်။
ယဲ့ရှားလုံ၏ စွမ်းအင်ငွေ့များသည် ပို၍ပို၍ အားကောင်းလာတဲ့ အခါမှာတော့ ငှက်များသည် စူးစူးဝါဝါး အော်ဟစ်လာတော့သည်။ ယဲ့ရှားလုံသည် စွမ်းအင်များကို ရေလှိုင်းသဏ္ဍာန် ပစ်လွှတ်လိုက်ပြီး လက်နှစ်ဖက်ကို တစ်ပြိုင်နက် လက်သီးဆုပ်အဖြစ် ပြောင်းလိုက်သောအခါ ငှက်တွေအားလုံး ကြက်ဥကွဲကျသကဲ့သို့ တစ်စစီ ပေါက်ကွက်ထွက်ကုန်လေ၏။
ငှက်များ သုံးပုံနှစ်ပုံလောက် ပျက်စီးသွားသော် အခြေအနေမကောင်းတာကို မြင်ကြသော ကျန်ငှက်များလည်း ပြန်ပြေးကုန်တော့သည်။ ယဲ့ရှားလုံ အကာအကွယ်အတွင်း ပြန်ကျလာ၏။
"ယဲ့ရှားလုံ...."
ရိယုံက အမိအရဖမ်းထားပေးသည်။
"အဆင်ပြေရဲ့လား"
"အင်း...."
"ယဲ့ယဲ့ အဆင်ပြေလား"
"ရတယ်.... ဘာမှမဖြစ်ဘူး...."
ရိယုံသည် ယဲ့ရှားလုံအား ပြုံးကာကြည့်လျက်
"ယဲ့ရှားလုံ..... မင်းရဲ့သွေးစုပ်တဲ့ စွမ်းအင်ကတော့ စွမ်းတယ်ကွာ တကယ်ပြောတာ... အဲ အဲ့ဒီကျင့်စဥ်က သွေးစုပ်ငှက်တွေဆီကနေ အခြေတည်ပြီး ဖန်တီးခဲ့တဲ့ ကျင့်စဥ်မဟုတ်လား..."
"မင်းက သိတာတအားများတာပဲ..."
"ဒီအတိုင်း ဟိုနည်းနည်း ဒီနည်းနည်းဖတ်ဖူးတာပါ.... သွေးစုပ်တဲ့ငှက်ကို သွေးစုပ်တဲ့သူက ပြန်တိုက်တာ.... ဟားဟား အရမ်းမိုက်တယ်ကွာ ဟားဟားဟား... "
"နောက်မှရီ ငါ့ကိုအရင်လွှတ်...."
"အော် အင်း...."
ရိယုံ သူဖက်ထားမိတဲ့ ခါးကိုပြန်လွှတ်ပေးလိုက်သည်။ အန္တရာယ်လည်း ကင်းပြီဖြစ်တဲ့အတွက် ဟွမ်ကျင်းရွှေတို့သည် အကာအကွယ်ကို ပြန်ဖြေထား၏။ ခဏကြာသော် မြေပြင်တွင် ဧရာမလိုဏ်ဂူပေါက်ကြီးအား လှမ်းတွေ့လိုက်ရလေသည်။
သူတို့အားလုံး ထိုလိုဏ်ဂူကြီးအနား ဆင်းလိုက်၏။
"လော့လော် ဝေးဝေးမသွားနဲ့..."
"ဟုတ်ကဲ့..."
လော့လော်သည် လိုဏ်ဂူဘေးရှိ ချောင်းသေးသေးလေးတွင် ရေသောက်နေသော ယွိယွိထံသွား၍ နတ်ဆိုးမွေ့လျော်သီး ငါးလုံးလောက်ကို ကျွေးသည်။ အသီးစားရသော် ယွိယွိသည် အလွန်ပျော်ရွှင်စွာ ခုန်ပေါက်ကာ အကောင်သေးသေးလေး အဖြစ် ပြောင်းသွား၏။
သူသည် လော့လော်ကို လှည့်ပတ်နေသည်။
"ယွိယွိ.... "
ယွိယွိ ရပ်သွားသည်။
"ယွိယွိ.... ဒီဓားထဲ ဝင်နေလိုက်"
လော့လော်က သူမ၏ဓားကို ဆင့်ခေါ်၍ ယွိယွိကိုဓားထဲတွင် ဖွက်ထားလိုက်၏။ ယွိယွိ ဝင်သွားပြီးနောက် ဓားကိုပြန်သိမ်းကာ ဟွမ်ကျင်းရွှေတို့ဆီ ပြန်လာခဲ့သည်။ ဟွမ်ကျင်းရွှေ နှင့် ရွမ်နျန်းက လိုဏ်ဂူအဝတွင် ရပ်၍ လိုဏ်ဂူကြီးကို အကဲခတ်နေကြ၏။
ယဲ့ရှားလုံ နဲ့ ရိယုံက ချောင်းစပ်တွင် ကိုယ်လက်သန့်စင်လျက်ရှိသည်။
"ရိယုံ.... မင်းရဲ့ကျင့်စဥ်ကော ဘယ်လိုနေလဲ...."
လက်ဆေးနေတဲ့ ရိယုံလက်ချောင်းတို့ ရပ်တန့်သွားသည်။ သူကပြုံး၍ လက်နှစ်ဖက်ကို ရေခါရင်း
"မဆိုးပါဘူး...."
"မင်းဘာကြောင့် မိစ္ဆာလမ်းစဥ် လိုက်ခဲ့တာလဲ.... လက်စားချေဖို့လား"
"ဘယ်ကသာ ငါလက်စားချေရမယ့်သူ မရှိပါဘူး... ငါက ကျင့်ကြံခြင်းလောကမှာ နာမည်ရှိတဲ့ ရှန်းကျွင်းတစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ချက် ရှိခဲ့တာ.... ကံကြမ္မာအစုတ်ပလုတ်က ငါ့ကိုကျင့်စဥ် ဖောက်ပြန်ခိုင်းလိုက်တယ်လေ... အဲ့တော့ မိစ္ဆာလမ်းစဥ်မှာ ဆရာတစ်ပါးဖြစ်အောင် ကျင့်ရုံပေါ့ ဟားဟားဟား... "
စကားပြောရင် အရီလေးက ပါလိုက်မှ။
"ငါနဲ့တစ်ပွဲလောက် စမ်းကြည့်မလား "
"ကောင်းပြီလေ..."
နှစ်ယောက်လုံးက တစ်ပြိုင်တည်းထကာ လက်ဝါးချင်းရိုက်ပစ်လိုက်သည်။
'ဝုန်း....'
နှစ်ဦးလုံးက အားကုန်သုံးလိုက်တာကြောင့် ဘေးပတ်ဝန်းကျင်က သစ်ပင်များပင် ယိမ်းယိုင်သွားကာ မြေကြီးသားများလည်း လှုပ်ခတ်သွား၏။ ချင်းယန်က အထိတ်တလန့်ဖြင့် လှည့်ကြည့်သည်။ သူမကဓားကို တစ်ဝတ်လောက်အထိ ဆွဲထုတ်ပြီးသား။
နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် အံ့သြစွာကြည့်နေကြ၏။ နှစ်ယောက်လုံး၏အားက ညီတူညီမျှပင်။ ဟိုတစ်လောက တိုက်ခိုက်ပွဲမှာသာ ဟွမ်ကျင်းရွှေ ပါမလာခဲ့ရင် သူတို့နှစ်ယောက် သရေပွဲကျလောက်သည်။
သူတို့နှစ်ယောက် လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်း ဆုတ်ပြီးနောက် နှစ်ယောက်လုံးက ကျင်တတ်သွားသော လက်ဖဝါးကို ခါနေကြသည်။ ရိယုံက ဆိုလေသည်။
"မင်းက အားကောင်းသားပဲ"
"မင်းလည်းကောင်းပါတယ်"
"မင်းသာ ယောကျ်ားဘဝကနေ ပြန်မွေးဖွားလာမှန်း မသိခဲ့ရင် မိန်းကလေးတစ်ယောက် ဒီလောက်အားကောင်းလှချည်းလားဆိုပြီး တစ်ချို့ကျင့်ကြံသူတွေ မင်းကိုမျက်စိကျလာအုံးမှာ.... ဒါပေမယ့်လည်း ကိစ္စမရှိဘူး ငါမင်းကိုစိတ်ဝင်စားတယ်"
"ဘာစိတ်ဝင်စားတာလဲ..."
"စိတ်ဝင်စားပါတယ်ဆိုမှ သဘောကျတာကို ပြောတာပေါ့"
"ငါ့မှာယောကျ်ားရှိတယ်"
ရိယုံ - "? ?"
လော့လော် - "ဟီးဟီး...."
ယဲ့ရှားလုံက ထွက်သွားသည်။ ယောကျ်ားရှိတယ်လို့ ပြောတာက သူ့ကိုယ်သူ မိန်းကလေးအဖြစ် သတ်မှတ်လိုက်ကြောင်း ရိယုံကို သွယ်ဝိုက်ကာ ပြောလိုက်သလိုပင်။ ရိယုံက နားလည်စွာ ခေါင်းညိတ်ပြီး ပြောင်ပျက်ပျက်လုပ်ကာ ပြေးလိုက်သွား၏။
သူတို့နှစ်ယောက်လုံး လိုဏ်ဂူအဝင်ဝတွင် ရပ်နေသည့် သူများဆီရောက်သွားသည်။ ရွမ်နျန်းက လက်ဝါးဖြန့်ကာ မီးအိမ်ကို ထုတ်ယူသည်။ လိုဏ်ဂူအဝင်ဝရှေ့ ဖြည်းဖြည်းချင်း ချဥ်းကပ်သွားပြီး သိဒ္ဓိစွမ်းအင်သုံးလျက် မီးအိမ်ကို စစ်ဆေးနေသည်။
မီးအိမ်လင်းလာရာ သူမချက်ချင်း ဟွမ်ကျင်းရွှေကို လှည့်ကြည့်လာလေ၏။ ဟွမ်ကျင်းရွှေက ခေါင်းညိတ်ပြသည်။
"သူအထဲမှာ...."
"ဒါက...."
ရိယုံသည် ဓားတစ်လတ်ထုတ်ကာ လိုဏ်ဂူဘေးကချုံကို ရှင်းထုတ်ပစ်သည်။ ထွက်ပေါ်လာသည့်အရာကတော့ ထောင်လျက်ရှိသော ကျောက်ပြားကြီးတစ်ချပ်ဖြစ်ကာ စာလုံးတစ်ချို့ကိုလည်း ရေးထား၏။ လော့လော်က ထိုကျောက်ပြားကြီးနား အမြန်ပြေးသွား၍
"မြေအောက်မြို့လား..."
"ဟုတ်တယ်.... ဒီနေရာမှာ အရင်ကမြို့သေးသေးလေးတစ်ခု ရှိခဲ့ဖူးတယ် မြို့သားတွေက သဘာဝဘေးအန္တရာယ်နဲ့ သားရဲတွေရန်က ကာကွယ်ဖို့ သဘာဝလိုဏ်ဂူကိုဖောက်ပြီး မြို့တော်တစ်ခုတည်ခဲ့တာ... "
"အဲ့တာ လွန်ခဲ့တဲ့နှစ်၁၀၀၀လောက်က မဟုတ်လား"
"မှန်တယ်...."
"မြေအောက်မြို့တော်က ပျက်သုဥ်းသွားပေမယ့် သူတို့ရဲ့တည်နေရာကတော့ ရှိနေတုန်းပဲ..."
ဟွမ်ကျင်းရွှေ သိဒ္ဓိစွမ်းအင်ကို လက်ဝါးအပြည့်စုစည်း၍ လိုဏ်ဂူထဲ ပစ်သွင်းလိုက်၏။ အမှောင်ကို အမှီသဟဲပြုသော လင်းနို့များ ဟိုဟိုဒီဒီ ပျံသန်းပြေးထွက်ကုန်သည်။ ဟွမ်ကျင်းရွှေက တစ်ယောက်ကို မီးတုတ်တစ်ချောင်းစီ ပေးလိုက်သည်။
မီးညှိပြီးနောက် သူတို့အားလုံး လိုဏ်ဂူထဲ စဝင်ခဲ့သည်။ လှေခါးအဆင်းအတိုင်း တဖြည်းဖြည်း မြေအောက်ထဲသို့ လျှိုဝင်လာခဲ့၏။ အေးစိမ့်မှုက ဖြည်းဖြည်းချင်း အစားထိုးဝင်လာသောအခါ တိတ်ဆိတ်ခြင်းကလည်း ကပ်ပါလာသည်။
ဟွမ်ကျင်းရွှေသည် သူ့ဘေးက လော့လော်၏လက်ကို ဖမ်းဆုပ်ထားလိုက်၏။
"ကိုယ့်အနားမှာပဲနေ...."
"အွန်း...."
ရိယုံက နောက်ဆုံးမှလိုက်သည်။ သူ့ဘေးတွင်တော့ ယဲ့ရှားလုံဖြစ်ကာ သူတို့အလယ်တွင် ချင်းယန်နဲ့ရွမ်နျန်းက တိတ်ဆိတ်စွာ ကပ်လိုက်နေ၏။ ဂူလမ်းက လှေခါးအဆင်းတွေ အဆုံးသတ်တော့ ဖြောင့်ဖြူးသော လမ်းပေါ်ကို ရောက်လာသည်။
လမ်းတွင် တိုက်ခိုက်ထားသော အရာများမတွေ့ရသလို မကောင်းဆိုးဝါး အငွေ့အသက်တွေလည်း မခံစားမိကြချေ။ ဖြောင့်ဖြူးသော လမ်းအဆုံးတွင် လင်းထိန်နေတဲ့ မီးပုံငယ်လေးများကို စတင်တွေ့ရတော့ ဟွမ်ကျင်းရွှေက အားလုံးကိုသတိထားရန် ပြောလိုက်သည်။
သူက မီးပုံတွေကို သေချာစစ်ဆေးကြည့်နေသည်။
ရွမ်နျန်းက
"ဟွမ်သခင်လေး.... ဘယ်လိုလဲ..."
"တစ်ယောက်ယောက်က ဒီမီးပုံတွေကို အမြဲထွန်းလင်းနေအောင် အတက်ပညာတစ်ခုနဲ့ မန်းမှုတ်ခဲ့တာ..."
"အဲ့လိုကိုး...."
"ဟင်.... အဲ့လိုမျိုးရှိလား..."
လော့လော်က သိချင်စိတ်ဖြင့် ဝင်မေးလာ၏။ ဟွမ်ကျင်းရွှေက မီးပုံးပေါ်ကသူ့လက်ကို ပြန်ချကာ လော့လော်ဘက်သို့ လှည့်လာလေသည်။
"ရှိတယ်.... ကျိန်စာအမှတ်အသားလိုပဲ အရာဝတ္ထုပစ္စည်းတွေအပေါ် အသုံးပြုနိုင်တယ် ဒါကိုသုံးသွားတဲ့သူက စိတ်စွမ်းအင်ကျင့်စဥ် တော်တော်ကောင်းပုံပဲ...."
"စိတ်စွမ်းအင်ကျင့်စဥ်ပဲလား"
"အင်း...."
သူက ရိယုံကိုလှည့်မေးလိုက်သည်။
"ရိယုံ မင်းကောဘယ်လိုထင်လဲ"
"ရှန်းကျွင်း ပြောသလိုပါပဲ... "
သူတို့နှစ်ယောက် အကြည့်ချင်းဖလှယ်ပြီးနောက် ရိယုံက ခေါင်းတဆက်ဆက် ညိတ်ပြလာသည်။ ရိယုံက ပြုံးစိစိနဲ့ သဘောကျနေဟန် ဟွမ်ကျင်းရွှေကို မျက်စောင်းထိုး၏။
"ရှန်းကျွင်းက တကယ်တော်တယ်ဗျာ.... မိစ္ဆာလမ်းစဥ်ကိုတောင် ကောင်းကောင်းသိတယ်ဆိုတော့ ကျွန်တော်ရှန်းကျွင်းကိုမှီဖို့ ကြိုးစားရအုံးမယ်ထင်တယ်..."
"မြှောက်ပင့်လွန်းနေပြီ... ငါအဲ့လောက်မသိဘူး"
ကျန်လေးယောက်က အူလည်လည်ဖြစ်နေသည်။ လော့လော်သည် မျက်စိရှေ့က ရွမ်နျန်းကို မျက်ရိပ်ပြသော် ရွမ်နျန်းက သူမ မသိကြောင်း ခေါင်းခါပြလေ၏။ ထို့ကြောင့် ဟွမ်ကျင်းရွှေကိုသာ မေးရတော့သည်။
"ဘာတွေပြောနေကြတာလဲ"
"မီးပုံးကို မန်းမှုတ်သွားတဲ့သူက ခွန်အားကိုဝါးမျိုတဲ့ ကျင့်ကြံသူပဲ..."
"ဟင်..."
"ဘယ်လို.... ကျားဝါအဖိုးကြီးလား"
ယဲ့ရှားလုံက ချက်ချင်းရှေ့တက်လာကာ မေးသည်။ ဟွမ်ကျင်းရွှေခေါင်းခါပြသည်။
"မဟုတ်လောက်ဘူး... သုံးထားတာ နှစ်တော်တော်ကြာနေပြီ မင်းပြောနေတဲ့သူ မဖြစ်နိုင်ဘူး "
ရိယုံသည် ယဲ့ရှားလုံကိုပြန်ဆွဲပြီး သူနဲ့အတူ ယှဥ်ရပ်စေသည်။ ဟွမ်ကျင်းရွှေပါးစပ်ကနေ ခွန်အားကိုဝါးမျိုတဲ့သူ ဟူသော အသံကြားသော် ဂူကိုလေ့လာနေတဲ့ ယဲ့ရှားလုံ ချက်ချင်းလှည့်ကြည့်လာတာကို သူသိလိုက်သည်လေ။
သူမသိသေးတာက ယဲ့ရှားလုံက ကျားဝါအဖိုးကြီးကို ဘာကိစ္စ အသည်းအသန် ရှာနေတာလဲ။
"ငါမင်းကိုမေးမယ်... မင်းဘာလို့ အဲ့အဖိုးကြီးကို ရှာချင်နေတာလဲ"
"ငါသတ်ရမယ့်သူထဲမှာ သူပါတယ် "
"အာ...."
"ငါတို့ဆက်သွားရအောင်...."
ဟွမ်ကျင်းရွှေကဆို၍ အရှေ့မှဦးဆောင် ထွက်သွားသည်။ မြေအောက်မြို့တော်သည် အပြင်လောကရှိ မြို့ကြီးကဲ့သို့သော အဆောက်အအုံ အများအပြား ရှိပြီး သဲတွေဖုန်တွေ တင်နေတာကလွဲရင် အားလုံးက အကောင်းအတိုင်း ရှိနေသည်။
မီးပုံးများက အိမ်တိုင်းတွင်ရှိနေသည်။ လူနေသည့် အိမ်ကဲ့သို့ ထွန်းလင်းနေကာ လမ်းတစ်လျှောက်တွင်လည်း မီးပုံးများကြောင့် ထင်ထင်ရှားရှား မြင်နေရ၏။ မြေအောက်တွင် ဤကဲ့သို့သော နေရာမျိုးကို ဆောက်နိုင်သူတွေအား စိတ်ထဲတွင် အကြိမ်ကြိမ် ချီးကျူးနေမိသည်။
"တကယ်လှတယ်...."
"ကျွန်တော်လား...."
ရိယုံက ရုပ်ပြောင်ကာဝင်မေး၏။ ရလဒ်ကတော့ လော့လော်ဆီက ခေါင်းခေါက်ခံလိုက်ရခြင်းပင်။
"ဘယ်သူက နင့်ကိုပြောလို့လဲ"
"အား.... မင်းသမီးက တကယ်လက်သံပြောင်တာပဲဗျာ...."
"မီးပုံးတွေကို မီးမငြိမ်းအောင် မန်းမှုတ်ခဲ့တဲ့သူက ဒီနေရာကို တန်ဖိုးထား နှစ်သက်လို့ပဲဖြစ်မှာ.... ဒီနေရာက အခုခြောက်ကပ်နေပေမယ့် အရင်ကတော်တော် စည်းကားခဲ့မှာပဲ...."
Zawgyi
တိမ္ယံလႊမ္းတဲ့ေတာင္
🦋41🦋
တကယ္ဆို အကာအကြယ္ကို ျပဳလုပ္တာက ဟြမ္က်င္းေ႐ႊတစ္ေယာက္တည္းနဲ႕တင္ လုံေလာက္ပါသည္။ ႐ြမ္န်န္းက ကူညီခ်င္ေတာ့လည္း သူမတားလိုက္ပါ။ စက္ဝိုင္းသ႑ာန္ အကာအကြယ္အေပၚသို႔ ယဲ့ရွားလုံက တက္သြားသည္။
အကာအကြယ္ အျပင္ဘက္တြင္ ယဲ့ရွားလုံတစ္ေယာက္တည္း ရပ္ေန၏။ ေသြးကိုစားသုံးေသာ ငွက္မ်ားသည္လည္း သူမေဘးပတ္ပတ္လည္တြင္ ဝန္းရံတိုက္ခိုက္လ်က္ရွိသည္။ ယြိယြိက အျမင့္သို႔ ပ်ံသန္းလိုက္တာေၾကာင့္ အသားစား ေဘာလုံးလိုအေကာင္မ်ား ေျမျပင္တြင္ က်န္ခဲ့သည္။
ရိယုံက အေပၚေမာ့ၾကည့္ကာ
"ယဲ့ရွားလုံ မင္းေျဖရွင္းနိုင္လို႔လား..."
"နိုင္တယ္..."
ယဲ့ရွားလုံသည္ လက္အစီအရင္ တည္၍ စတင္လႈပ္ရွားလိုက္သည္ႏွင့္ သူမခႏၶာကိုယ္မွ အနီေရာင္အခိုးအေငြ႕ စြမ္းအင္မ်ားသည္ အရွိန္အဟုန္နဲ႕ ထြက္ေပၚလာ၏။ ယဲ့ရွားလုံက လက္ႏွစ္ဖက္ကို ေဘးသို႔ဆန့္ထုတ္လိုက္သည္။
စြမ္းအင္အေငြ႕မ်ား ငွက္မ်ားၾကားတြင္ ပ်ံ့ႏွံ႕သြားသည္။ သူမဝတ္႐ုံစမ်ားက ေလျပင္းျပင္းတိုက္ခတ္ရာေနာက္ လြင့္လူးလ်က္ သူမကေတာ့ တစ္ခ်က္ကေလးေတာင္ ယိမ္းယိုင္မသြားေခ်။ ငွက္ေတြကလည္း အလြန္အမင္း ဆာေလာင္ေနသည့္ႏွယ္ အသည္းအသန္ကို လိုက္ေနၾကသည္။
ယဲ့ရွားလုံ၏ စြမ္းအင္ေငြ႕မ်ားသည္ ပို၍ပို၍ အားေကာင္းလာတဲ့ အခါမွာေတာ့ ငွက္မ်ားသည္ စူးစူးဝါဝါး ေအာ္ဟစ္လာေတာ့သည္။ ယဲ့ရွားလုံသည္ စြမ္းအင္မ်ားကို ေရလွိုင္းသ႑ာန္ ပစ္လႊတ္လိုက္ၿပီး လက္ႏွစ္ဖက္ကို တစ္ၿပိဳင္နက္ လက္သီးဆုပ္အျဖစ္ ေျပာင္းလိုက္ေသာအခါ ငွက္ေတြအားလုံး ၾကက္ဥကြဲက်သကဲ့သို႔ တစ္စစီ ေပါက္ကြက္ထြက္ကုန္ေလ၏။
ငွက္မ်ား သုံးပုံႏွစ္ပုံေလာက္ ပ်က္စီးသြားေသာ္ အေျခအေနမေကာင္းတာကို ျမင္ၾကေသာ က်န္ငွက္မ်ားလည္း ျပန္ေျပးကုန္ေတာ့သည္။ ယဲ့ရွားလုံ အကာအကြယ္အတြင္း ျပန္က်လာ၏။
"ယဲ့ရွားလုံ...."
ရိယုံက အမိအရဖမ္းထားေပးသည္။
"အဆင္ေျပရဲ႕လား"
"အင္း...."
"ယဲ့ယဲ့ အဆင္ေျပလား"
"ရတယ္.... ဘာမွမျဖစ္ဘူး...."
ရိယုံသည္ ယဲ့ရွားလုံအား ၿပဳံးကာၾကည့္လ်က္
"ယဲ့ရွားလုံ..... မင္းရဲ႕ေသြးစုပ္တဲ့ စြမ္းအင္ကေတာ့ စြမ္းတယ္ကြာ တကယ္ေျပာတာ... အဲ အဲ့ဒီက်င့္စဥ္က ေသြးစုပ္ငွက္ေတြဆီကေန အေျခတည္ၿပီး ဖန္တီးခဲ့တဲ့ က်င့္စဥ္မဟုတ္လား..."
"မင္းက သိတာတအားမ်ားတာပဲ..."
"ဒီအတိုင္း ဟိုနည္းနည္း ဒီနည္းနည္းဖတ္ဖူးတာပါ.... ေသြးစုပ္တဲ့ငွက္ကို ေသြးစုပ္တဲ့သူက ျပန္တိုက္တာ.... ဟားဟား အရမ္းမိုက္တယ္ကြာ ဟားဟားဟား... "
"ေနာက္မွရီ ငါ့ကိုအရင္လႊတ္...."
"ေအာ္ အင္း...."
ရိယုံ သူဖက္ထားမိတဲ့ ခါးကိုျပန္လႊတ္ေပးလိုက္သည္။ အႏၱရာယ္လည္း ကင္းၿပီျဖစ္တဲ့အတြက္ ဟြမ္က်င္းေ႐ႊတို႔သည္ အကာအကြယ္ကို ျပန္ေျဖထား၏။ ခဏၾကာေသာ္ ေျမျပင္တြင္ ဧရာမလိုဏ္ဂူေပါက္ႀကီးအား လွမ္းေတြ႕လိုက္ရေလသည္။
သူတို႔အားလုံး ထိုလိုဏ္ဂူႀကီးအနား ဆင္းလိုက္၏။
"ေလာ့ေလာ္ ေဝးေဝးမသြားနဲ႕..."
"ဟုတ္ကဲ့..."
ေလာ့ေလာ္သည္ လိုဏ္ဂူေဘးရွိ ေခ်ာင္းေသးေသးေလးတြင္ ေရေသာက္ေနေသာ ယြိယြိထံသြား၍ နတ္ဆိုးေမြ႕ေလ်ာ္သီး ငါးလုံးေလာက္ကို ေကြၽးသည္။ အသီးစားရေသာ္ ယြိယြိသည္ အလြန္ေပ်ာ္႐ႊင္စြာ ခုန္ေပါက္ကာ အေကာင္ေသးေသးေလး အျဖစ္ ေျပာင္းသြား၏။
သူသည္ ေလာ့ေလာ္ကို လွည့္ပတ္ေနသည္။
"ယြိယြိ.... "
ယြိယြိ ရပ္သြားသည္။
"ယြိယြိ.... ဒီဓားထဲ ဝင္ေနလိုက္"
ေလာ့ေလာ္က သူမ၏ဓားကို ဆင့္ေခၚ၍ ယြိယြိကိုဓားထဲတြင္ ဖြက္ထားလိုက္၏။ ယြိယြိ ဝင္သြားၿပီးေနာက္ ဓားကိုျပန္သိမ္းကာ ဟြမ္က်င္းေ႐ႊတို႔ဆီ ျပန္လာခဲ့သည္။ ဟြမ္က်င္းေ႐ႊ ႏွင့္ ႐ြမ္န်န္းက လိုဏ္ဂူအဝတြင္ ရပ္၍ လိုဏ္ဂူႀကီးကို အကဲခတ္ေနၾက၏။
ယဲ့ရွားလုံ နဲ႕ ရိယုံက ေခ်ာင္းစပ္တြင္ ကိုယ္လက္သန့္စင္လ်က္ရွိသည္။
"ရိယုံ.... မင္းရဲ႕က်င့္စဥ္ေကာ ဘယ္လိုေနလဲ...."
လက္ေဆးေနတဲ့ ရိယုံလက္ေခ်ာင္းတို႔ ရပ္တန့္သြားသည္။ သူကၿပဳံး၍ လက္ႏွစ္ဖက္ကို ေရခါရင္း
"မဆိုးပါဘူး...."
"မင္းဘာေၾကာင့္ မိစ္ဆာလမ္းစဥ္ လိုက္ခဲ့တာလဲ.... လက္စားေခ်ဖိဳ႕လား"
"ဘယ္ကသာ ငါလက္စားေခ်ရမယ့္သူ မရွိပါဘူး... ငါက က်င့္ႀကံျခင္းေလာကမွာ နာမည္ရွိတဲ့ ရွန္းကြၽင္းတစ္ေယာက္ျဖစ္ဖို႔ ရည္႐ြယ္ခ်က္ ရွိခဲ့တာ.... ကံၾကမၼာအစုတ္ပလုတ္က ငါ့ကိုက်င့္စဥ္ ေဖာက္ျပန္ခိုင္းလိုက္တယ္ေလ... အဲ့ေတာ့ မိစ္ဆာလမ္းစဥ္မွာ ဆရာတစ္ပါးျဖစ္ေအာင္ က်င့္႐ုံေပါ့ ဟားဟားဟား... "
စကားေျပာရင္ အရီေလးက ပါလိုက္မွ။
"ငါနဲ႕တစ္ပြဲေလာက္ စမ္းၾကည့္မလား "
"ေကာင္းၿပီေလ..."
ႏွစ္ေယာက္လုံးက တစ္ၿပိဳင္တည္းထကာ လက္ဝါးခ်င္းရိုက္ပစ္လိုက္သည္။
'ဝုန္း....'
ႏွစ္ဦးလုံးက အားကုန္သုံးလိုက္တာေၾကာင့္ ေဘးပတ္ဝန္းက်င္က သစ္ပင္မ်ားပင္ ယိမ္းယိုင္သြားကာ ေျမႀကီးသားမ်ားလည္း လႈပ္ခတ္သြား၏။ ခ်င္းယန္က အထိတ္တလန့္ျဖင့္ လွည့္ၾကည့္သည္။ သူမကဓားကို တစ္ဝတ္ေလာက္အထိ ဆြဲထုတ္ၿပီးသား။
ႏွစ္ဦးသား တစ္ေယာက္ကိုတစ္ေယာက္ အံ့ၾသစြာၾကည့္ေနၾက၏။ ႏွစ္ေယာက္လုံး၏အားက ညီတူညီမွ်ပင္။ ဟိုတစ္ေလာက တိုက္ခိုက္ပြဲမွာသာ ဟြမ္က်င္းေ႐ႊ ပါမလာခဲ့ရင္ သူတို႔ႏွစ္ေယာက္ သေရပြဲက်ေလာက္သည္။
သူတို႔ႏွစ္ေယာက္ လက္ႏွစ္ဖက္ကို ျဖည္းျဖည္းခ်င္း ဆုတ္ၿပီးေနာက္ ႏွစ္ေယာက္လုံးက က်င္တတ္သြားေသာ လက္ဖဝါးကို ခါေနၾကသည္။ ရိယုံက ဆိုေလသည္။
"မင္းက အားေကာင္းသားပဲ"
"မင္းလည္းေကာင္းပါတယ္"
"မင္းသာ ေယာက်္ားဘဝကေန ျပန္ေမြးဖြားလာမွန္း မသိခဲ့ရင္ မိန္းကေလးတစ္ေယာက္ ဒီေလာက္အားေကာင္းလွခ်ည္းလားဆိုၿပီး တစ္ခ်ိဳ႕က်င့္ႀကံသူေတြ မင္းကိုမ်က္စိက်လာအုံးမွာ.... ဒါေပမယ့္လည္း ကိစၥမရွိဘူး ငါမင္းကိုစိတ္ဝင္စားတယ္"
"ဘာစိတ္ဝင္စားတာလဲ..."
"စိတ္ဝင္စားပါတယ္ဆိုမွ သေဘာက်တာကို ေျပာတာေပါ့"
"ငါ့မွာေယာက်္ားရွိတယ္"
ရိယုံ - "? ?"
ေလာ့ေလာ္ - "ဟီးဟီး...."
ယဲ့ရွားလုံက ထြက္သြားသည္။ ေယာက်္ားရွိတယ္လို႔ ေျပာတာက သူ႕ကိုယ္သူ မိန္းကေလးအျဖစ္ သတ္မွတ္လိုက္ေၾကာင္း ရိယုံကို သြယ္ဝိုက္ကာ ေျပာလိုက္သလိုပင္။ ရိယုံက နားလည္စြာ ေခါင္းညိတ္ၿပီး ေျပာင္ပ်က္ပ်က္လုပ္ကာ ေျပးလိုက္သြား၏။
သူတို႔ႏွစ္ေယာက္လုံး လိုဏ္ဂူအဝင္ဝတြင္ ရပ္ေနသည့္ သူမ်ားဆီေရာက္သြားသည္။ ႐ြမ္န်န္းက လက္ဝါးျဖန့္ကာ မီးအိမ္ကို ထုတ္ယူသည္။ လိုဏ္ဂူအဝင္ဝေရွ႕ ျဖည္းျဖည္းခ်င္း ခ်ဥ္းကပ္သြားၿပီး သိဒၶိစြမ္းအင္သုံးလ်က္ မီးအိမ္ကို စစ္ေဆးေနသည္။
မီးအိမ္လင္းလာရာ သူမခ်က္ခ်င္း ဟြမ္က်င္းေ႐ႊကို လွည့္ၾကည့္လာေလ၏။ ဟြမ္က်င္းေ႐ႊက ေခါင္းညိတ္ျပသည္။
"သူအထဲမွာ...."
"ဒါက...."
ရိယုံသည္ ဓားတစ္လတ္ထုတ္ကာ လိုဏ္ဂူေဘးကခ်ဳံကို ရွင္းထုတ္ပစ္သည္။ ထြက္ေပၚလာသည့္အရာကေတာ့ ေထာင္လ်က္ရွိေသာ ေက်ာက္ျပားႀကီးတစ္ခ်ပ္ျဖစ္ကာ စာလုံးတစ္ခ်ိဳ႕ကိုလည္း ေရးထား၏။ ေလာ့ေလာ္က ထိုေက်ာက္ျပားႀကီးနား အျမန္ေျပးသြား၍
"ေျမေအာက္ၿမိဳ႕လား..."
"ဟုတ္တယ္.... ဒီေနရာမွာ အရင္ကၿမိဳ႕ေသးေသးေလးတစ္ခု ရွိခဲ့ဖူးတယ္ ၿမိဳ႕သားေတြက သဘာဝေဘးအႏၱရာယ္နဲ႕ သားရဲေတြရန္က ကာကြယ္ဖို႔ သဘာဝလိုဏ္ဂူကိုေဖာက္ၿပီး ၿမိဳ႕ေတာ္တစ္ခုတည္ခဲ့တာ... "
"အဲ့တာ လြန္ခဲ့တဲ့ႏွစ္၁၀၀၀ေလာက္က မဟုတ္လား"
"မွန္တယ္...."
"ေျမေအာက္ၿမိဳ႕ေတာ္က ပ်က္သုဥ္းသြားေပမယ့္ သူတို႔ရဲ႕တည္ေနရာကေတာ့ ရွိေနတုန္းပဲ..."
ဟြမ္က်င္းေ႐ႊ သိဒၶိစြမ္းအင္ကို လက္ဝါးအျပည့္စုစည္း၍ လိုဏ္ဂူထဲ ပစ္သြင္းလိုက္၏။ အေမွာင္ကို အမွီသဟဲျပဳေသာ လင္းနို႔မ်ား ဟိုဟိုဒီဒီ ပ်ံသန္းေျပးထြက္ကုန္သည္။ ဟြမ္က်င္းေ႐ႊက တစ္ေယာက္ကို မီးတုတ္တစ္ေခ်ာင္းစီ ေပးလိုက္သည္။
မီးညွိၿပီးေနာက္ သူတို႔အားလုံး လိုဏ္ဂူထဲ စဝင္ခဲ့သည္။ ေလွခါးအဆင္းအတိုင္း တျဖည္းျဖည္း ေျမေအာက္ထဲသို႔ လွ်ိုဝင္လာခဲ့၏။ ေအးစိမ့္မႈက ျဖည္းျဖည္းခ်င္း အစားထိုးဝင္လာေသာအခါ တိတ္ဆိတ္ျခင္းကလည္း ကပ္ပါလာသည္။
ဟြမ္က်င္းေ႐ႊသည္ သူ႕ေဘးက ေလာ့ေလာ္၏လက္ကို ဖမ္းဆုပ္ထားလိုက္၏။
"ကိုယ့္အနားမွာပဲေန...."
"အြန္း...."
ရိယုံက ေနာက္ဆုံးမွလိုက္သည္။ သူ႕ေဘးတြင္ေတာ့ ယဲ့ရွားလုံျဖစ္ကာ သူတို႔အလယ္တြင္ ခ်င္းယန္နဲ႕႐ြမ္န်န္းက တိတ္ဆိတ္စြာ ကပ္လိုက္ေန၏။ ဂူလမ္းက ေလွခါးအဆင္းေတြ အဆုံးသတ္ေတာ့ ေျဖာင့္ျဖဴးေသာ လမ္းေပၚကို ေရာက္လာသည္။
လမ္းတြင္ တိုက္ခိုက္ထားေသာ အရာမ်ားမေတြ႕ရသလို မေကာင္းဆိုးဝါး အေငြ႕အသက္ေတြလည္း မခံစားမိၾကေခ်။ ေျဖာင့္ျဖဴးေသာ လမ္းအဆုံးတြင္ လင္းထိန္ေနတဲ့ မီးပုံငယ္ေလးမ်ားကို စတင္ေတြ႕ရေတာ့ ဟြမ္က်င္းေ႐ႊက အားလုံးကိုသတိထားရန္ ေျပာလိုက္သည္။
သူက မီးပုံေတြကို ေသခ်ာစစ္ေဆးၾကည့္ေနသည္။
႐ြမ္န်န္းက
"ဟြမ္သခင္ေလး.... ဘယ္လိုလဲ..."
"တစ္ေယာက္ေယာက္က ဒီမီးပုံေတြကို အၿမဲထြန္းလင္းေနေအာင္ အတက္ပညာတစ္ခုနဲ႕ မန္းမႈတ္ခဲ့တာ..."
"အဲ့လိုကိုး...."
"ဟင္.... အဲ့လိုမ်ိဳးရွိလား..."
ေလာ့ေလာ္က သိခ်င္စိတ္ျဖင့္ ဝင္ေမးလာ၏။ ဟြမ္က်င္းေ႐ႊက မီးပုံးေပၚကသူ႕လက္ကို ျပန္ခ်ကာ ေလာ့ေလာ္ဘက္သို႔ လွည့္လာေလသည္။
"ရွိတယ္.... က်ိန္စာအမွတ္အသားလိုပဲ အရာဝတၳဳပစၥည္းေတြအေပၚ အသုံးျပဳနိုင္တယ္ ဒါကိုသုံးသြားတဲ့သူက စိတ္စြမ္းအင္က်င့္စဥ္ ေတာ္ေတာ္ေကာင္းပုံပဲ...."
"စိတ္စြမ္းအင္က်င့္စဥ္ပဲလား"
"အင္း...."
သူက ရိယုံကိုလွည့္ေမးလိုက္သည္။
"ရိယုံ မင္းေကာဘယ္လိုထင္လဲ"
"ရွန္းကြၽင္း ေျပာသလိုပါပဲ... "
သူတို႔ႏွစ္ေယာက္ အၾကည့္ခ်င္းဖလွယ္ၿပီးေနာက္ ရိယုံက ေခါင္းတဆက္ဆက္ ညိတ္ျပလာသည္။ ရိယုံက ၿပဳံးစိစိနဲ႕ သေဘာက်ေနဟန္ ဟြမ္က်င္းေ႐ႊကို မ်က္ေစာင္းထိုး၏။
"ရွန္းကြၽင္းက တကယ္ေတာ္တယ္ဗ်ာ.... မိစ္ဆာလမ္းစဥ္ကိုေတာင္ ေကာင္းေကာင္းသိတယ္ဆိုေတာ့ ကြၽန္ေတာ္ရွန္းကြၽင္းကိုမွီဖို႔ ႀကိဳးစားရအုံးမယ္ထင္တယ္..."
"ျမႇောက္ပင့္လြန္းေနၿပီ... ငါအဲ့ေလာက္မသိဘူး"
က်န္ေလးေယာက္က အူလည္လည္ျဖစ္ေနသည္။ ေလာ့ေလာ္သည္ မ်က္စိေရွ႕က ႐ြမ္န်န္းကို မ်က္ရိပ္ျပေသာ္ ႐ြမ္န်န္းက သူမ မသိေၾကာင္း ေခါင္းခါျပေလ၏။ ထို႔ေၾကာင့္ ဟြမ္က်င္းေ႐ႊကိုသာ ေမးရေတာ့သည္။
"ဘာေတြေျပာေနၾကတာလဲ"
"မီးပုံးကို မန္းမႈတ္သြားတဲ့သူက ခြန္အားကိုဝါးမ်ိဳတဲ့ က်င့္ႀကံသူပဲ..."
"ဟင္..."
"ဘယ္လို.... က်ားဝါအဖိုးႀကီးလား"
ယဲ့ရွားလုံက ခ်က္ခ်င္းေရွ႕တက္လာကာ ေမးသည္။ ဟြမ္က်င္းေ႐ႊေခါင္းခါျပသည္။
"မဟုတ္ေလာက္ဘူး... သုံးထားတာ ႏွစ္ေတာ္ေတာ္ၾကာေနၿပီ မင္းေျပာေနတဲ့သူ မျဖစ္နိုင္ဘူး "
ရိယုံသည္ ယဲ့ရွားလုံကိုျပန္ဆြဲၿပီး သူနဲ႕အတူ ယွဥ္ရပ္ေစသည္။ ဟြမ္က်င္းေ႐ႊပါးစပ္ကေန ခြန္အားကိုဝါးမ်ိဳတဲ့သူ ဟူေသာ အသံၾကားေသာ္ ဂူကိုေလ့လာေနတဲ့ ယဲ့ရွားလုံ ခ်က္ခ်င္းလွည့္ၾကည့္လာတာကို သူသိလိုက္သည္ေလ။
သူမသိေသးတာက ယဲ့ရွားလုံက က်ားဝါအဖိုးႀကီးကို ဘာကိစၥ အသည္းအသန္ ရွာေနတာလဲ။
"ငါမင္းကိုေမးမယ္... မင္းဘာလို႔ အဲ့အဖိုးႀကီးကို ရွာခ်င္ေနတာလဲ"
"ငါသတ္ရမယ့္သူထဲမွာ သူပါတယ္ "
"အာ...."
"ငါတို႔ဆက္သြားရေအာင္...."
ဟြမ္က်င္းေ႐ႊကဆို၍ အေရွ႕မွဦးေဆာင္ ထြက္သြားသည္။ ေျမေအာက္ၿမိဳ႕ေတာ္သည္ အျပင္ေလာကရွိ ၿမိဳ႕ႀကီးကဲ့သို႔ေသာ အေဆာက္အအုံ အမ်ားအျပား ရွိၿပီး သဲေတြဖုန္ေတြ တင္ေနတာကလြဲရင္ အားလုံးက အေကာင္းအတိုင္း ရွိေနသည္။
မီးပုံးမ်ားက အိမ္တိုင္းတြင္ရွိေနသည္။ လူေနသည့္ အိမ္ကဲ့သို႔ ထြန္းလင္းေနကာ လမ္းတစ္ေလွ်ာက္တြင္လည္း မီးပုံးမ်ားေၾကာင့္ ထင္ထင္ရွားရွား ျမင္ေနရ၏။ ေျမေအာက္တြင္ ဤကဲ့သို႔ေသာ ေနရာမ်ိဳးကို ေဆာက္နိုင္သူေတြအား စိတ္ထဲတြင္ အႀကိမ္ႀကိမ္ ခ်ီးက်ဴးေနမိသည္။
"တကယ္လွတယ္...."
"ကြၽန္ေတာ္လား...."
ရိယုံက ႐ုပ္ေျပာင္ကာဝင္ေမး၏။ ရလဒ္ကေတာ့ ေလာ့ေလာ္ဆီက ေခါင္းေခါက္ခံလိုက္ရျခင္းပင္။
"ဘယ္သူက နင့္ကိုေျပာလို႔လဲ"
"အား.... မင္းသမီးက တကယ္လက္သံေျပာင္တာပဲဗ်ာ...."
"မီးပုံးေတြကို မီးမၿငိမ္းေအာင္ မန္းမႈတ္ခဲ့တဲ့သူက ဒီေနရာကို တန္ဖိုးထား ႏွစ္သက္လို႔ပဲျဖစ္မွာ.... ဒီေနရာက အခုေျခာက္ကပ္ေနေပမယ့္ အရင္ကေတာ္ေတာ္ စည္းကားခဲ့မွာပဲ...."