" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို...

By lynnlaekabyar

17.9K 1.4K 337

ငယ် က သံယောဇဥ်တွေကို အချစ် လို့သတ်မှတ်လိုက်တာ ငယ် ကိုကို့ ကိုချစ်နေရင်ပဲရပြီမို့ ငယ် ကိုကို့ ကိုဒီတိုင်းလေးပဲ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 30 - Final
To my vitamins 💛

Part 29

433 36 7
By lynnlaekabyar

" ကိုကို့ ရဲ့ ငယ် - 29 "


ဆောင်းဦးရာသီ မြန်မြန်ရောက်လာသလိုပဲ
Maple ရွက်ရဲရဲလေးတွေ တစ်ခါတစ်လေ ကြွေကျလာတတ်သလို လေတွေလည်း တိုက်နေတတ်တယ်
မနက်ခင်းဆိုလည်း ပြတင်းတံခါးဝမှာ နှင်းမှုန်လေးတွေ ကပ်နေတတ်တယ်လေ

Kyung Soo ဘွဲ့ယူပြီးနောက်နေ့ Yeol ကုမ္ပဏီမှာအလုပ်စလုပ်နေပြီ business ပိုင်းစလုပ်ခါကမို့ အခက်အခဲတစ်ချို့ရှိတော့ Kris ဆီက အကူအညီယူခဲ့ရသေးတယ်
Sehun မိဘတွေက လုပ်ငန်းအတွေ့အကြုံရအောင်ဆိုပြီး Yeol ဆီမှာ အတွင်းရေးမှူးရာထူးနဲ့ အလုပ်ဝင်ခိုင်းတယ် Sehun ဆီကလည်း Yeol ပြန်သင်ရတာတွေရှိတာပေါ့
အချိန်တိုအတွင်းမှာ ရှယ်ယာရှင်တွေရဲ့ ယုံကြည်မှုရခဲ့တာ တော်ရုံထက်မြက်မှုမျိုးနဲ့မရဘူး

Yeol ခနခနားချိန်ရလို့နားနေတုန်း အပြင်ကတံခါးခေါက်သံ
ဒေါက် ဒေါက်~

"ဝင်ခဲ့"

"Yeol ၁၅ မိနစ်နေရင် client နဲ့ နောက်လုပ်မယ့် Project meeting ရှိတယ်"

"အဲဒါပြီးရင် meeting ရှိတယ်လို့ ဝန်ထမ်းတွေကိုပြောထားလိုက်"

"အေး"

"မင်း တော်တော်ယဥ်ကျေးမှုမရှိတာပဲ"

"ဘာလဲ"

"CEO ဖြစ်ဖြစ်ခေါ် 'Yeol မင်း ငါ' နဲ့"

"ဝန်ထမ်းတွေရှေ့ပဲခေါ်မယ် တခြားအချိန်မရဘူး"

"ငါမှားပါတယ်"

"အင်္ကျီနဲ့ necktile ပြန်ပြင်ထားဦး"

"ဟုတ်ကဲ့ အတွင်းရေးမှူး"

"ရွဲ့မနေနဲ့ မင်းအဘ client တွေရောက်နေလောက်ပြီ"

"ငါ သိပါတယ် သွားပါတော့"

Sehun ထွက်သွားတော့မှ Yeol ခေါင်းကို လက်နဲ့ထောက်ပြီး ငြိမ်နေလိုက်တယ်

"ခေါင်းမူးနေသလိုပဲ ဒီညစောစောအိပ်မှ မနေ့ညက နောက်ကျသွားတာနဲ့ အား... အဆင်မပြေတော့ဘူး"

ခေါင်းကိုဘယ်ညာစောင်း အကြောအချင်ဆန့်လိုက်တယ် လန်းဆန်းသွားမလားလို့
စားပွဲပေါ်ကဖုန်းကိုကြည့်ပြီး ပုံပျက်နေတဲ့ ဆံပင်တစ်ချို့သပ်တင်ကာ Meeting room ကိုထွက်လာခဲ့တယ်

*************************

Yeol အိမ်ထဲဝင်လာလာချင်း မြင်လိုက်ရတာက ဧည့်ခန်းဘက်ကို တရွေ့ရွေ့လာနေတဲ့ Kyung Soo

"ကိုကို ပြန်လာပြီလား"

"အင်း ကိုကို ခေါင်းမူးလို့စောစောပြန်လာလိုက်တာ"

အနည်းငယ်ဖျော့တော့နေတဲ့ မျက်နှာအနေအထားကြောင့် Yeol တော်တော်ပင်ပန်းနေမယ်မှန်း Kyung Soo သိပါတယ်

"ငယ် နှိပ်ပေးရမလား"

"ရပါတယ်"

"မရပါဘူး လာ ငယ် နှိပ်ပေးမယ်"

လက်ကိုလာဆွဲတဲ့ လက်ဖဝါးသေးသေးလေး
ခုရက်ပိုင်း Kyung Soo အပေါ် ပျက်ကွက်ခဲ့တာ များနေပြီ  အရင်တိုင်း နွေးနွေးထွေးထွေးပြုမူတတ်တဲ့ ကောင်လေးက အားလုံးနားလည်ပေးတယ်

"ကိုကို သက်သာလားဟင်"
နားထင်ကို ဖြည်းဖြည်းစီနှိပ်ပေးရင်း မေးလိုက်တယ်

"သက်သာတယ် ငယ်
ငယ့် လက်လေးတွေက ပေါက်သားပဲ"

"တစ်ခါတလေ မားကိုနှိပ်ပေးတယ်လေ အဲဒါကြောင့်နေမှာ"

"ငယ်"

"ဟုတ်"

"ဒီတစ်ပတ်ရုံးပိတ်ရက် Wondaeri သွားရအောင်"

"ကိုကို နားရမယ့်ရက်လေ"

နားထင်တစ်ဝိုက်မှာ ရွေ့လျားနေတဲ့ Kyung Soo လက်တစ်ဖက်ကို ဆုပ်ကိုင်ပြီး မျက်ဝန်းချင်းဆုံလိုက်ရင်း

"ငယ့် အပေါ်ပျက်ကွက်ခဲ့တာမလို့ ကိုကို အချိန်ရရင်ရသလောက် ငယ့် ကိုပေးချင်တယ် မဟုတ်ဘူး ငယ့် အနားမှာနေချင်တာ"

"ငယ့် အပေါ်ပျက်ကွက်ခဲ့တာမှမဟုတ်တာ
ဒါပေမယ့် သွားကြမယ်လေ ကိုကို စိတ်ပြေလက်ပျောက်ဖြစ်တာပေါ့"

"အင်း Wondaeri မှာအေးတာမလို့ ငယ် နွေးနွေးထွေးထွေးဝတ်ပြီး စောင့်နေနော် ကိုကိုလာခေါ်မယ်"

"ဟုတ်  ကိုကို ဒီည စောစောနားလိုက်နော် စိတ်ကိုပေါ့ပေါ့ပါးပါးထားပြီး ဘာမှမတွေးဘဲနဲ့"

"ငယ် ကလူကြီးကျနေတာပဲ မှာနေတာ"

"ကိုကို ပင်ပန်းနေမှန်းသိလို့"

"ငယ့် မျက်နှာလေး အရင်မြင်လိုက်ရလို့ ပျောက်သွားပါပြီဗျာ"

"အာ~ ကိုကို စိတ်ထဲနည်းနည်းလန်းသွားအောင် ရေအရင်ချိုးလိုက်နော် ငယ် လည်းပြန်တော့မှာ အန်တီ့ဆီခနလာတာမလို့"

"မပြန်ခင်အားဖြည့်ပေးခဲ့ပါလား ဟင် "

မျက်နှာကို မန်ကျည်းရွက်လောက်ငယ်ပြီး ပြောနေတဲ့ Yeol ကြောင့်

"mwa~ အိမ်မှာမို့ဒီလောက် အင့်~"

စိတ်ကျေနပ်အောင် ၃ စက္ကန့်လောက် ထိကပ်ပြီးနမ်းလိုက်ပေမယ့် ခါးကိုဆတ်ခနဲဆွဲယူခံလိုက်ရတာကြောင့် လက်နှစ်ဖက်က မြှောက်လျက်သားလေးပါသွားတယ်

"နောက်မှ အတိုးနဲ့ပေါင်းပြီးတော့..."

"ငယ်... ငယ် ပြန်ပြီနော်"

မျက်နှာရဲတဲတဲလေးနဲ့ ထွက်သွားတဲ့ကောင်လေးက တစ်ခါတလေ လူကြီးဆန်တတ်ပေမယ့် တစ်ခါတလေကျတော့လည်း နားရွက်လေးတွေရဲတက်တဲ့ထိ ရှက်နေတတ်ပါသေးတယ်

*************************

Wondaeri က ဂန်းဝန်းဒို မှာရှိတာမို့ အချိန်တော်တော်ကြာ ကားမောင်းလိုက်ရတယ်
Yeol ကုမ္ပဏီမှာ အလုပ်ဝင်တည်းက ကားတစ်စီးပေးထားတော့ Kyung Soo ကိုဝင်ခေါ်ပြီးလာခဲ့ရုံပဲ

တစ်လမ်းလုံး အနားကနေ စကားတွေ တတွတ်တွတ်ပြောရင်းလိုက်လာတဲ့ Kyung Soo က အမွှေးပွအနွေးထည်အဖြူလေးနဲ့ နှင်းလုံးလေးအတိုင်း

အအေးပိုတာမို့ လက်အိတ်နဲ့ leatherဖိနပ်ရှည် ဝတ်ခိုင်းလို့ စူပုပ်ပုပ်လေးပြန်ကြည့်နေတော့ 'ငယ် အအေးမိမှာစိတ်ပူလို့ပါ' ဆိုပြီး မနည်းပြောလိုက်ရတယ်

အမြင့်ကြီးရှိတဲ့ birch(ဘုဇပတ်ပင်) တွေက ဆောင်းဦးရာသီမို့ အဝါနဲ့အနီရောင်အရွက်တွေ ဝေနေအောင်ရှိကြတယ်
အောက်ခြေမှာ နှင်းတွေဖုံးမနေတာ ကံကောင်းတယ်လို့ ပြောရမလားပဲ ဖိနပ်ကို နှင်းတွေမပေတော့ဘူးပေါ့

"ငယ်"

ခေါ်သံကြားလို့ Kyung Soo လှည့်ကြည့်လိုက်တော့ ဘယ်ချိန်ကယူလာလဲမသိတဲ့ cameraနဲ့ ဓာတ်ပုံရိုက်နေတဲ့ Yeol ရယ်

"ကိုကို့ကလေးလေးက snap shot လည်းချစ်ဖို့ကောင်းတာပဲ"

"ခုမှသိတာလား"

"အရင်တည်းကသိတာပါ"

"ဟား... ဟုတ်ပါပြီ"

'မနိုင်ပါဘူး' ဆိုတဲ့အကြည့်နဲ့ သဘောတကျရယ်နေတော့ Yeol သတိမထားမိခင်မှာပဲ ဆံနွယ်နုနုလေးတွေကို ဆွဲဖွပြီးသား

ဘုဇပတ်ပင်ရဲ့ အရွက်ဝါဝါလေးတွေကို လက်နဲ့ထိကြည့်ရင်း မျက်လုံးဝိုင်းလေးတွေနဲ့ တအံ့တသြဖြစ်နေတဲ့ ကောင်လေး
တဲအိမ်တွေနားဝေ့ဝိုက်ကြည့်ရင်း တောင်ကုန်းပေါ်ထိ အထပ်ထပ်ရှိနေတဲ့ တံတားဆင့်လေးတွေမှာ ပျော်ပျော်ရွှင်ရွှင်ပြေးဆော့နေတဲ့ ချစ်ရတဲ့ကောင်လေးရဲ့ လှုပ်ရှားမှုတွေကို တစ်ခုမှအလွတ်မခံဘဲ camera နဲ့မှတ်တမ်းတင်နေတဲ့ Yeol ပတ်ဝန်းကျင်ကိုတောင် သတိထားမိမယ့်ပုံမပေါ်ပါဘူး

Kyung Soo ဘုဇပတ်ပင်တွေကြား မြေကွက်လပ်လေးမှာ ငြိမ်ငြိမ်လေးရပ်နေရင်း ရင်ခွင်ကျယ်ကြီးထဲ ဆွဲသွင်းခံလိုက်ရတယ်

"ကိုကို"

"အင်း ငယ်"

"စိတ်ပင်ပန်းနေသေးလားဟင်"

"ဟင့်အင်း"

"ငယ့် ကိုဘာလို့ဖက်ထားတာလဲ"

"ငယ် အေးနေမှာစိုးလို့"

"ကိုကို ကလေ ဒီလောက်နွေးနေတာကို"

"..............."

ပြန်ဖြေသံမကြားတဲ့အပြင် သိုင်းဖက်ထားတဲ့လက်တွေပါ ပြေလျော့သွားတော့ ကလေးဆိုးကြီး စိတ်ကောက်သွားပြီအထင်နဲ့ လှည့်ကြည့်လိုက်ပေမယ့်

"ကိုကို့ ကိုလက်ထပ်ပါ ငယ်"

မြေပြင်မှာဒူးထောက်ပြီး အသနားခံတဲ့ မျက်ဝန်းတွေနဲ့ တောင်းဆိုနေတာ

"ကိုကို"

တိုးဖျဖျလေး ပြန်ခေါ်မိတော့ အေးနေတဲ့ကြားက ဆုပ်ကိုင်လာတဲ့ လက်တစ်စုံကြောင့် နွေးထွေးမှုကို ခံစားလို့ရနေတဲ့ထိ

"ကိုကို ငယ့် ကိုခုထက်အများကြီး ကာကွယ်ပေးချင်တာမလို့ ငယ့် ကိုလက်ထပ်ချင်တယ်
ကိုကို့အမျိုးသားလေးကို တစ်ခြားသူတွေ အပြစ်ပြောကြရင်တောင် ငယ် ကိုကို့ရင်ခွင်ထဲမှာ အပူအပင်မရှိ အိပ်စက်စေချင်တယ်
မနက်ခင်းတိုင်းမှာ ငယ် နဲ့အတူနိုးထပြီး တစ်နေ့တာလုံးလည်း ငယ် နဲ့ပဲအတူကုန်ဆုံးချင်တယ်
အလုပ်ကြောင့် အချိန်မပေးနိုင်တဲ့ အချိန်ရှိမယ်ဆိုရင်တောင် ငယ့် ကိုအမြဲဦးစားပေးမယ်
ချစ်တာထက်ပိုပြီး မြတ်နိုးရတဲ့ ငယ့် ကို ထပ်ပြီးမနာကျင်စေရဘူး ထပ်ပြီးလည်းမထိခိုက်စေရဘူး ငယ့် အတွက် ကိုကို့ အချစ်တွေနဲ့ ပျော်ရွှင်ခြင်းတွေပဲ ယူဆောင်လာပေးမှာမလို့ ငယ် ကိုကို့ ကိုလက်ထပ်နိုင်မလား"

"ဟင့်~"

"ငယ် ဘာလို့လဲ ကိုကို အမှားလုပ်မိလို့လားဟင်"

မျက်ရည်အဝိုင်းသားလေးနဲ့ ကြည့်နေတဲ့ Kyung Soo ကြောင့် Yeol ပြာပြာသလဲမေးမိတယ်

"ငယ် တို့... ငယ် တို့ လက်ထပ်လို့ရလို့လားဟင်"

"အင်း ရတယ်"

"ဒါပေမယ့်..."

"ငယ် ကိုကို့ ကိုကြည့်"

".........."

"ငယ် အများကြီးတွေးဖို့မလိုဘူး
ငယ် နဲ့ ကိုကို နဲ့နှစ်ယောက်တည်းအတွက် စဥ်းစားရင်ပဲရပြီ ငယ့် နှလုံးသားရဲ့ စကားသံကိုနားထောင်ကြည့်လေ"

အချိန်အတိုင်းအတာတစ်ခုထိ တွေဝေနေရင်း

"လက်ထပ်မယ် ကိုကို နဲ့ ဟင့်~ ငယ် ကိုကို နဲ့ပဲလက်ထပ်မှာ"

"အာ~ ဖြည်းဖြည်း ငယ်"

အားနဲ့ဖက်လို့ နောက်ရောက်သွားတဲ့ ကိုယ်နေဟန်ထားကို ပြန်ပြင်လိုက်တော့ အရည်လဲ့နေတဲ့ မျက်ဝန်းလေးတွေနဲ့ ပြန်ကြည့်လာတယ်

"မငိုနဲ့လေ ငယ်"

"ငယ် ငိုနေမိတာလား"
ပါးပြင်က မျက်ရည်စတစ်ချို့ကို လက်နဲ့ဖိသုတ်ရင်း တိုးတိုးရေရွတ်မိတယ်

ခုအနေအထားက ချစ်ခွင့်ပန်ခံရလို့ ရှက်နေတဲ့ မိန်းမငယ်လေးတစ်ယောက်လိုပဲ
Kyung Soo တွေးနေမိရင်း မျက်နှာပူပြီး နားရွက်လေးတွေ ရဲတက်လာတယ်

"ကိုကို့အမျိုးသားလေး ရှက်နေတာပဲ"

"ကိုကို!"

"မဟုတ်လို့လား ငယ်"

"ဟွန့်~ မသိဘူး"

Yeol ခပ်ဟဟရယ်တော့ Kyung Soo မျက်စောင်းပိစိနဲ့တန်းတိုးတော့တာ

"အာ~ "

"ငယ် ပြောစရာရှိလို့လား"

"လက်ထပ်ခွင့်တောင်းရင် လက်စွပ်ပါရတယ် မဟုတ်ဘူးလား"

"အင်း"

"ဘယ်မှာလဲ လက်စွပ်"

ခုနရှက်နေတဲ့ ကောင်လေးက ခေါင်းစွပ်အောက်ကနေ မျက်မှောင်ကျုတ်နေတဲ့ ရုပ်လေးနဲ့ကြည့်နေတာ ဘယ်လောက်အသည်းယားစရာကောင်းလဲ လက်ဝါးလေးဖြန့်ပြီး ပူဆာနေသေးတယ်

"လက်စွပ်?"

မျက်လုံးလေးကလယ်ကလယ်နဲ့ ပြန်မေးနေတဲ့ Yeol ကို Kyung Soo စိတ်တိုချင်လာတယ်
^မသိတာမရှိတဲ့လူကြီးက ဒါမျိုးကျပိန်းနေရလား တကယ်ပဲ^

Kyung Soo လက်ပြန်ရုတ်မယ်လုပ်တော့ ဆတ်ခနဲအဆွဲခံလိုက်ရပြီး လက်သန်းကြွယ်ကို ဖွဖွလေးငုံ့နမ်းလာတဲ့ Yeol

"mwa~ လက်ထပ်လက်စွပ်က လက်ထပ်တဲ့အချိန်မှပေးရင် ပိုပြီးအဓိပါယ်ရှိတယ် ငယ် ရဲ့
ခု ငယ့် လက်မှာ ကိုကို အမှတ်အသားလုပ်ပေးထားတယ် ငယ် က ကိုကို နဲ့ပဲသက်ဆိုင်တဲ့သူပါ ကိုကို နဲ့ပဲ လက်ထပ်ရမယ့်သူပါ ငယ့် အချစ်တွေအားလုံး ကိုကို ပဲပိုင်ဆိုင်ခွင့်ရှိတာပါ ဆိုပြီးတော့
တခြားဘယ်သူမှမသိပေမယ့် ငယ် နဲ့ ကိုကို ပဲသိရင်ရပြီမဟုတ်လား"

"အင်း"
Kyung Soo ပျော်လွန်းလို့ ဘယ်နှစ်ကြိမ်မှန်းမသိ ခေါင်းငြိမ့်မိတယ်

"ကိုကို ကတကယ်..."

"တကယ်ဘာဖြစ်လဲ ငယ် ရဲ့"

"တကယ် ငယ့် အချစ်တွေနဲ့ထိုက်တန်တယ်
ငယ် ကိုကို့ ကိုပိုပြီးချစ်လာတယ် ပိုချစ်လာတယ်ဆိုလို့ အရင်အချစ်တွေက ပျောက်သွားတာမဟုတ်ဘူး အရင်အချစ်တွေရော ခုအချစ်တွေပါ အများကြီးပိုတိုးလာတာ"

ပထမဆုံးအကြိမ် Kyung Soo ဆီက နုနုရွရွစကားတွေ ကြားရတာကြောင့် Yeol ဟန်ဆောင်လို့မရအောင် ပြုံးနေမိတော့တယ်

Kyung Soo ကအဲ့လိုကောင်လေးပါ
ဆုံးရှုံးရမှာစိုးလို့ အရင်ဖွင့်ပြောခဲ့ပေမယ့် အချစ်အကြောင်း စမပြောတတ်တဲ့ကောင်လေး

ခုတော့ပြောမိပြီးမှ ရှက်သွားတယ်ထင်ပါရဲ့ မျက်နှာကို Yeol ရင်ခွင်ထဲသွားဖွက်ထားပြန်ပြီ
(ကျမ မြင်မှာစိုးလို့တဲ့🙄)

"လာမယ့် နွေဦးကျရင် ကိုကို တို့လက်ထပ်ကြမယ်နော်"

"အွန်း"

ကြောင်လေးလိုတိုးဝှေ့နေတဲ့ ကောင်လေးရဲ့ ဆံပင်နုနုလေးတွေကို လက်နဲ့ဖွဖွထိပြီးပြောလိုက်တော့ အသံတိုးတိုးလေးနဲ့ပြန်ဖြေတယ်

*************************

အစေ့လေးတွေက ထီးပုံစံပြန့်ကားနေပြီး အဖြူရောင်ဖျော့ဖျော့လေးနဲ့ အစုလိုက်ပွင့်တတ်တဲ့ Dandelion ပန်းလေးတွေရဲ့ နောက်အဓိပါယ်တစ်ခုက " ယုံကြည်မှု " တဲ့

'ကိုကို့ ကိုယုံကြည်ပြီး အချိန်အတိုင်းအတာတစ်ခုထိ စောင့်ပေးပါ ငယ် ♥´

*************************

" ကိုကို႔ ရဲ႕ ငယ္ - 29 "


ေဆာင္းဦးရာသီ ျမန္ျမန္ေရာက္လာသလိုပဲ
Maple ႐ြက္ရဲရဲေလးေတြ တစ္ခါတစ္ေလ ေႂကြက်လာတတ္သလို ​ေလ​ေတြလည္း တိုက္ေနတတ္တယ္
မနက္ခင္းဆိုလည္း ျပတင္းတံခါးဝမွာ ႏွင္းမႈန္ေလးေတြ ကပ္ေနတတ္တယ္ေလ

Kyung Soo ဘြဲ႕ယူၿပီးေနာက္ေန႕ Yeol ကုမၸဏီမွာအလုပ္စလုပ္ေနၿပီ business ပိုင္းစလုပ္ခါကမို႔ အခက္အခဲတစ္ခ်ိဳ႕ရွိေတာ့ Kris ဆီက အကူအညီယူခဲ့ရေသးတယ္
Sehun မိဘေတြက လုပ္ငန္းအေတြ႕အႀကဳံရေအာင္ဆိုၿပီး Yeol ဆီမွာ အတြင္းေရးမႉးရာထူးနဲ႕ အလုပ္ဝင္ခိုင္းတယ္ Sehun ဆီကလည္း Yeol ျပန္သင္ရတာေတြရွိတာေပါ့
အခ်ိန္တိုအတြင္းမွာ ရွယ္ယာရွင္ေတြရဲ႕ ယုံၾကည္မႈရခဲ့တာ ေတာ္႐ုံထက္ျမက္မႈမ်ိဳးနဲ႕မရဘူး

Yeol ခနခနားခ်ိန္ရလို႔နားေနတုန္း အျပင္ကတံခါးေခါက္သံ
ေဒါက္ ေဒါက္~

"ဝင္ခဲ့"

"Yeol ၁၅ မိနစ္ေနရင္ client နဲ႕ ေနာက္လုပ္မယ့္ Project meeting ရွိတယ္"

"အဲဒါၿပီးရင္ meeting ရွိတယ္လို႔ ဝန္ထမ္းေတြကိုေျပာထားလိုက္"

"ေအး"

"မင္း ေတာ္ေတာ္ယဥ္ေက်းမႈမရွိတာပဲ"

"ဘာလဲ"

"CEO ျဖစ္ျဖစ္ေခၚ 'Yeol မင္း ငါ' နဲ႕"

"ဝန္ထမ္းေတြေရွ႕ပဲေခၚမယ္ တျခားအခ်ိန္မရဘူး"

"ငါမွားပါတယ္"

"အကၤ်ီနဲ႕ necktile ျပန္ျပင္ထားဦး"

"ဟုတ္ကဲ့ အတြင္းေရးမႉး"

"႐ြဲ႕မေနနဲ႕ မင္းအဘ client ေတြေရာက္ေနေလာက္ၿပီ"

"ငါ သိပါတယ္ သြားပါေတာ့"

Sehun ထြက္သြားေတာ့မွ Yeol ေခါင္းကို လက္နဲ႕ေထာက္ၿပီး ၿငိမ္ေနလိုက္တယ္

"ေခါင္းမူးေနသလိုပဲ ဒီညေစာေစာအိပ္မွ မေန႕ညက ေနာက္က်သြားတာနဲ႕ အား... အဆင္မေျပေတာ့ဘူး"

ေခါင္းကိုဘယ္ညာေစာင္း အေၾကာအခ်င္ဆန့္လိုက္တယ္ လန္းဆန္းသြားမလားလို႔
စားပြဲေပၚကဖုန္းကိုၾကည့္ၿပီး ပုံပ်က္ေနတဲ့ ဆံပင္တစ္ခ်ိဳ႕သပ္တင္ကာ Meeting room ကိုထြက္လာခဲ့တယ္

*************************

Yeol အိမ္ထဲဝင္လာလာခ်င္း ျမင္လိုက္ရတာက ဧည့္ခန္းဘက္ကို တေ႐ြ႕ေ႐ြ႕လာေနတဲ့ Kyung Soo

"ကိုကို ျပန္လာၿပီလား"

"အင္း ကိုကို ေခါင္းမူးလို႔ေစာေစာျပန္လာလိုက္တာ"

အနည္းငယ္ေဖ်ာ့ေတာ့ေနတဲ့ မ်က္ႏွာအေနအထားေၾကာင့္ Yeol ေတာ္ေတာ္ပင္ပန္းေနမယ္မွန္း Kyung Soo သိပါတယ္

"ငယ္ ႏွိပ္ေပးရမလား"

"ရပါတယ္"

"မရပါဘူး လာ ငယ္ ႏွိပ္ေပးမယ္"

လက္ကိုလာဆြဲတဲ့ လက္ဖဝါးေသးေသးေလး
ခုရက္ပိုင္း Kyung Soo အေပၚ ပ်က္ကြက္ခဲ့တာ မ်ားေနၿပီ အရင္တိုင္း ႏြေးႏြေးေထြးေထြးျပဳမူတတ္တဲ့ ေကာင္ေလးက အားလုံးနားလည္ေပးတယ္

"ကိုကို သက္သာလားဟင္"
နားထင္ကို ျဖည္းျဖည္းစီႏွိပ္ေပးရင္း ေမးလိုက္တယ္

"သက္သာတယ္ ငယ္
ငယ့္ လက္ေလးေတြက ေပါက္သားပဲ"

"တစ္ခါတေလ မားကိုႏွိပ္ေပးတယ္ေလ အဲဒါေၾကာင့္ေနမွာ"

"ငယ္"

"ဟုတ္"

"ဒီတစ္ပတ္႐ုံးပိတ္ရက္ Wondaeri သြားရေအာင္"

"ကိုကို နားရမယ့္ရက္ေလ"

နားထင္တစ္ဝိုက္မွာ ေ႐ြ႕လ်ားေနတဲ့ Kyung Soo လက္တစ္ဖက္ကို ဆုပ္ကိုင္ၿပီး မ်က္ဝန္းခ်င္းဆုံလိုက္ရင္း

"ငယ့္ အေပၚပ်က္ကြက္ခဲ့တာမလို႔ ကိုကို အခ်ိန္ရရင္ရသေလာက္ ငယ့္ ကိုေပးခ်င္တယ္ မဟုတ္ဘူး ငယ့္ အနားမွာေနခ်င္တာ"

"ငယ့္ အေပၚပ်က္ကြက္ခဲ့တာမွမဟုတ္တာ
ဒါေပမယ့္ သြားၾကမယ္ေလ ကိုကို စိတ္ေျပလက္ေပ်ာက္ျဖစ္တာေပါ့"

"အင္း Wondaeri မွာေအးတာမလို႔ ငယ္ ႏြေးႏြေးေထြးေထြးဝတ္ၿပီး ေစာင့္ေနေနာ္ ကိုကိုလာေခၚမယ္"

"ဟုတ္ ကိုကို ဒီည ေစာေစာနားလိုက္ေနာ္ စိတ္ကိုေပါ့ေပါ့ပါးပါးထားၿပီး ဘာမွမေတြးဘဲနဲ႕"

"ငယ္ ကလူႀကီးက်ေနတာပဲ မွာေနတာ"

"ကိုကို ပင္ပန္းေနမွန္းသိလို႔"

"ငယ့္ မ်က္ႏွာေလး အရင္ျမင္လိုက္ရလို႔ ေပ်ာက္သြားပါၿပီဗ်ာ"

"အာ~ ကိုကို စိတ္ထဲနည္းနည္းလန္းသြားေအာင္ ေရအရင္ခ်ိဳးလိုက္ေနာ္ ငယ္ လည္းျပန္ေတာ့မွာ အန္တီ့ဆီခနလာတာမလို႔"

"မျပန္ခင္အားျဖည့္ေပးခဲ့ပါလား ဟင္ "

မ်က္ႏွာကို မန္က်ည္း႐ြက္ေလာက္ငယ္ၿပီး ေျပာေနတဲ့ Yeol ေၾကာင့္

"mwa~ အိမ္မွာမို႔ဒီေလာက္ အင့္~"

စိတ္ေက်နပ္ေအာင္ ၃ စကၠန့္ေလာက္ ထိကပ္ၿပီးနမ္းလိုက္ေပမယ့္ ခါးကိုဆတ္ခနဲဆြဲယူခံလိုက္ရတာေၾကာင့္ လက္ႏွစ္ဖက္က ျမႇောက္လ်က္သားေလးပါသြားတယ္

"ေနာက္မွ အတိုးနဲ႕ေပါင္းၿပီးေတာ့..."

"ငယ္... ငယ္ ျပန္ၿပီေနာ္"

မ်က္ႏွာရဲတဲတဲေလးနဲ႕ ထြက္သြားတဲ့ေကာင္ေလးက တစ္ခါတေလ လူႀကီးဆန္တတ္ေပမယ့္ တစ္ခါတေလက်ေတာ့လည္း နား႐ြက္ေလးေတြရဲတက္တဲ့ထိ ရွက္ေနတတ္ပါေသးတယ္

*************************

Wondaeri က ဂန္းဝန္းဒို မွာရွိတာမို႔ အခ်ိန္ေတာ္ေတာ္ၾကာ ကားေမာင္းလိုက္ရတယ္
Yeol ကုမၸဏီမွာ အလုပ္ဝင္တည္းက ကားတစ္စီးေပးထားေတာ့ Kyung Soo ကိုဝင္ေခၚၿပီးလာခဲ့႐ုံပဲ

တစ္လမ္းလုံး အနားကေန စကားေတြ တတြတ္တြတ္ေျပာရင္းလိုက္လာတဲ့ Kyung Soo က အေမႊးပြအႏြေးထည္အျဖဴေလးနဲ႕ ႏွင္းလုံးေလးအတိုင္း

အေအးပိုတာမို႔ လက္အိတ္နဲ႕ leatherဖိနပ္ရွည္ ဝတ္ခိုင္းလို႔ စူပုပ္ပုပ္ေလးျပန္ၾကည့္ေနေတာ့ 'ငယ္ အေအးမိမွာစိတ္ပူလို႔ပါ' ဆိုၿပီး မနည္းေျပာလိုက္ရတယ္

အျမင့္ႀကီးရွိတဲ့ birch(ဘုဇပတ္ပင္) ေတြက ေဆာင္းဦးရာသီမို႔ အဝါနဲ႕အနီေရာင္အ႐ြက္ေတြ ေဝေနေအာင္ရွိၾကတယ္
ေအာက္ေျခမွာ ႏွင္းေတြဖုံးမေနတာ ကံေကာင္းတယ္လို႔ ေျပာရမလားပဲ ဖိနပ္ကို ႏွင္းေတြမေပေတာ့ဘူးေပါ့

"ငယ္"

ေခၚသံၾကားလို႔ Kyung Soo လွည့္ၾကည့္လိုက္ေတာ့ ဘယ္ခ်ိန္ကယူလာလဲမသိတဲ့ cameraနဲ႕ ဓာတ္ပုံရိုက္ေနတဲ့ Yeol ရယ္

"ကိုကို႔ကေလးေလးက snap shot လည္းခ်စ္ဖို႔ေကာင္းတာပဲ"

"ခုမွသိတာလား"

"အရင္တည္းကသိတာပါ"

"ဟား... ဟုတ္ပါၿပီ"

'မနိုင္ပါဘူး' ဆိုတဲ့အၾကည့္နဲ႕ သေဘာတက်ရယ္ေနေတာ့ Yeol သတိမထားမိခင္မွာပဲ ဆံႏြယ္ႏုႏုေလးေတြကို ဆြဲဖြၿပီးသား

ဘုဇပတ္ပင္ရဲ႕ အ႐ြက္ဝါဝါေလးေတြကို လက္နဲ႕ထိၾကည့္ရင္း မ်က္လုံးဝိုင္းေလးေတြနဲ႕ တအံ့တၾသျဖစ္ေနတဲ့ ေကာင္ေလး
တဲအိမ္ေတြနားေဝ့ဝိုက္ၾကည့္ရင္း ေတာင္ကုန္းေပၚထိ အထပ္ထပ္ရွိေနတဲ့ တံတားဆင့္ေလးေတြမွာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေျပးေဆာ့ေနတဲ့ ခ်စ္ရတဲ့ေကာင္ေလးရဲ႕ လႈပ္ရွားမႈေတြကို တစ္ခုမွအလြတ္မခံဘဲ camera နဲ႕မွတ္တမ္းတင္ေနတဲ့ Yeol ပတ္ဝန္းက်င္ကိုေတာင္ သတိထားမိမယ့္ပုံမေပၚပါဘူး

Kyung Soo ဘုဇပတ္ပင္ေတြၾကား ေျမကြက္လပ္ေလးမွာ ၿငိမ္ၿငိမ္ေလးရပ္ေနရင္း ရင္ခြင္က်ယ္ႀကီးထဲ ဆြဲသြင္းခံလိုက္ရတယ္

"ကိုကို"

"အင္း ငယ္"

"စိတ္ပင္ပန္းေနေသးလားဟင္"

"ဟင့္အင္း"

"ငယ့္ ကိုဘာလို႔ဖက္ထားတာလဲ"

"ငယ္ ေအးေနမွာစိုးလို႔"

"ကိုကို ကေလ ဒီေလာက္ႏြေးေနတာကို"

"..............."

ျပန္ေျဖသံမၾကားတဲ့အျပင္ သိုင္းဖက္ထားတဲ့လက္ေတြပါ ေျပေလ်ာ့သြားေတာ့ ကေလးဆိုးႀကီး စိတ္ေကာက္သြားၿပီအထင္နဲ႕ လွည့္ၾကည့္လိုက္ေပမယ့္

"ကိုကို႔ ကိုလက္ထပ္ပါ ငယ္"

ေျမျပင္မွာဒူးေထာက္ၿပီး အသနားခံတဲ့ မ်က္ဝန္းေတြနဲ႕ ေတာင္းဆိုေနတာ

"ကိုကို"

တိုးဖ်ဖ်ေလး ျပန္ေခၚမိေတာ့ ေအးေနတဲ့ၾကားက ဆုပ္ကိုင္လာတဲ့ လက္တစ္စုံေၾကာင့္ ႏြေးေထြးမႈကို ခံစားလို႔ရေနတဲ့ထိ

"ကိုကို ငယ့္ ကိုခုထက္အမ်ားႀကီး ကာကြယ္ေပးခ်င္တာမလို႔ ငယ့္ ကိုလက္ထပ္ခ်င္တယ္
ကိုကို႔အမ်ိဳးသားေလးကို တစ္ျခားသူေတြ အျပစ္ေျပာၾကရင္ေတာင္ ငယ္ ကိုကို႔ရင္ခြင္ထဲမွာ အပူအပင္မရွိ အိပ္စက္ေစခ်င္တယ္
မနက္ခင္းတိုင္းမွာ ငယ္ နဲ႕အတူနိုးထၿပီး တစ္ေန႕တာလုံးလည္း ငယ္ နဲ႕ပဲအတူကုန္ဆုံးခ်င္တယ္
အလုပ္ေၾကာင့္ အခ်ိန္မေပးနိုင္တဲ့ အခ်ိန္ရွိမယ္ဆိုရင္ေတာင္ ငယ့္ ကိုအၿမဲဦးစားေပးမယ္
ခ်စ္တာထက္ပိုၿပီး ျမတ္နိုးရတဲ့ ငယ့္ ကို ထပ္ၿပီးမနာက်င္ေစရဘူး ထပ္ၿပီးလည္းမထိခိုက္ေစရဘူး ငယ့္ အတြက္ ကိုကို႔ အခ်စ္ေတြနဲ႕ ေပ်ာ္႐ႊင္ျခင္းေတြပဲ ယူေဆာင္လာေပးမွာမလို႔ ငယ္ ကိုကို႔ ကိုလက္ထပ္နိုင္မလား"

"ဟင့္~"

"ငယ္ ဘာလို႔လဲ ကိုကို အမွားလုပ္မိလို႔လားဟင္"

မ်က္ရည္အဝိုင္းသားေလးနဲ႕ ၾကည့္ေနတဲ့ Kyung Soo ေၾကာင့္ Yeol ျပာျပာသလဲေမးမိတယ္

"ငယ္ တို႔... ငယ္ တို႔ လက္ထပ္လို႔ရလို႔လားဟင္"

"အင္း ရတယ္"

"ဒါေပမယ့္..."

"ငယ္ ကိုကို႔ ကိုၾကည့္"

".........."

"ငယ္ အမ်ားႀကီးေတြးဖို႔မလိုဘူး
ငယ္ နဲ႕ ကိုကို နဲ႕ႏွစ္ေယာက္တည္းအတြက္ စဥ္းစားရင္ပဲရၿပီ ငယ့္ ႏွလုံးသားရဲ႕ စကားသံကိုနားေထာင္ၾကည့္ေလ"

အခ်ိန္အတိုင္းအတာတစ္ခုထိ ေတြေဝေနရင္း

"လက္ထပ္မယ္ ကိုကို နဲ႕ ဟင့္~ ငယ္ ကိုကို နဲ႕ပဲလက္ထပ္မွာ"

"အာ~ ျဖည္းျဖည္း ငယ္"

အားနဲ႕ဖက္လို႔ ေနာက္ေရာက္သြားတဲ့ ကိုယ္ေနဟန္ထားကို ျပန္ျပင္လိုက္ေတာ့ အရည္လဲ့ေနတဲ့ မ်က္ဝန္းေလးေတြနဲ႕ ျပန္ၾကည့္လာတယ္

"မငိုနဲ႕ေလ ငယ္"

"ငယ္ ငိုေနမိတာလား"
ပါးျပင္က မ်က္ရည္စတစ္ခ်ိဳ႕ကို လက္နဲ႕ဖိသုတ္ရင္း တိုးတိုးေရ႐ြတ္မိတယ္

ခုအေနအထားက ခ်စ္ခြင့္ပန္ခံရလို႔ ရွက္ေနတဲ့ မိန္းမငယ္ေလးတစ္ေယာက္လိုပဲ
Kyung Soo ေတြးေနမိရင္း မ်က္ႏွာပူၿပီး နား႐ြက္ေလးေတြ ရဲတက္လာတယ္

"ကိုကို႔အမ်ိဳးသားေလး ရွက္ေနတာပဲ"

"ကိုကို!"

"မဟုတ္လို႔လား ငယ္"

"ဟြန့္~ မသိဘူး"

Yeol ခပ္ဟဟရယ္ေတာ့ Kyung Soo မ်က္ေစာင္းပိစိနဲ႕တန္းတိုးေတာ့တာ

"အာ~ "

"ငယ္ ေျပာစရာရွိလို႔လား"

"လက္ထပ္ခြင့္ေတာင္းရင္ လက္စြပ္ပါရတယ္ မဟုတ္ဘူးလား"

"အင္း"

"ဘယ္မွာလဲ လက္စြပ္"

ခုနရွက္ေနတဲ့ ေကာင္ေလးက ေခါင္းစြပ္ေအာက္ကေန မ်က္ေမွာင္က်ဳတ္ေနတဲ့ ႐ုပ္ေလးနဲ႕ၾကည့္ေနတာ ဘယ္ေလာက္အသည္းယားစရာေကာင္းလဲ လက္ဝါးေလးျဖန့္ၿပီး ပူဆာေနေသးတယ္

"လက္စြပ္?"

မ်က္လုံးေလးကလယ္ကလယ္နဲ႕ ျပန္ေမးေနတဲ့ Yeol ကို Kyung Soo စိတ္တိုခ်င္လာတယ္
^မသိတာမရွိတဲ့လူႀကီးက ဒါမ်ိဳးက်ပိန္းေနရလား တကယ္ပဲ^

Kyung Soo လက္ျပန္႐ုတ္မယ္လုပ္ေတာ့ ဆတ္ခနဲအဆြဲခံလိုက္ရၿပီး လက္သန္းႂကြယ္ကို ဖြဖြေလးငုံ႕နမ္းလာတဲ့ Yeol

"mwa~ လက္ထပ္လက္စြပ္က လက္ထပ္တဲ့အခ်ိန္မွေပးရင္ ပိုၿပီးအဓိပါယ္ရွိတယ္ ငယ္ ရဲ႕
ခု ငယ့္ လက္မွာ ကိုကို အမွတ္အသားလုပ္ေပးထားတယ္ ငယ္ က ကိုကို နဲ႕ပဲသက္ဆိုင္တဲ့သူပါ ကိုကို နဲ႕ပဲ လက္ထပ္ရမယ့္သူပါ ငယ့္ အခ်စ္ေတြအားလုံး ကိုကို ပဲပိုင္ဆိုင္ခြင့္ရွိတာပါ ဆိုၿပီးေတာ့
တျခားဘယ္သူမွမသိေပမယ့္ ငယ္ နဲ႕ ကိုကို ပဲသိရင္ရၿပီမဟုတ္လား"

"အင္း"
Kyung Soo ေပ်ာ္လြန္းလို႔ ဘယ္ႏွစ္ႀကိမ္မွန္းမသိ ေခါင္းၿငိမ့္မိတယ္

"ကိုကို ကတကယ္..."

"တကယ္ဘာျဖစ္လဲ ငယ္ ရဲ႕"

"တကယ္ ငယ့္ အခ်စ္ေတြနဲ႕ထိုက္တန္တယ္
ငယ္ ကိုကို႔ ကိုပိုၿပီးခ်စ္လာတယ္ ပိုခ်စ္လာတယ္ဆိုလို႔ အရင္အခ်စ္ေတြက ေပ်ာက္သြားတာမဟုတ္ဘူး အရင္အခ်စ္ေတြေရာ ခုအခ်စ္ေတြပါ အမ်ားႀကီးပိုတိုးလာတာ"

ပထမဆုံးအႀကိမ္ Kyung Soo ဆီက ႏုႏု႐ြ႐ြစကားေတြ ၾကားရတာေၾကာင့္ Yeol ဟန္ေဆာင္လို႔မရေအာင္ ၿပဳံးေနမိေတာ့တယ္

Kyung Soo ကအဲ့လိုေကာင္ေလးပါ
ဆုံးရႈံးရမွာစိုးလို႔ အရင္ဖြင့္ေျပာခဲ့ေပမယ့္ အခ်စ္အေၾကာင္း စမေျပာတတ္တဲ့ေကာင္ေလး

ခုေတာ့ေျပာမိၿပီးမွ ရွက္သြားတယ္ထင္ပါရဲ႕ မ်က္ႏွာကို Yeol ရင္ခြင္ထဲသြားဖြက္ထားျပန္ၿပီ
(က်မ ျမင္မွာစိုးလို႔တဲ့🙄)

"လာမယ့္ ႏြေဦးက်ရင္ ကိုကို တို႔လက္ထပ္ၾကမယ္ေနာ္"

"အြန္း"

ေၾကာင္ေလးလိုတိုးေဝွ႕ေနတဲ့ ေကာင္ေလးရဲ႕ ဆံပင္ႏုႏုေလးေတြကို လက္နဲ႕ဖြဖြထိၿပီးေျပာလိုက္ေတာ့ အသံတိုးတိုးေလးနဲ႕ျပန္ေျဖတယ္

*************************

အေစ့ေလးေတြက ထီးပုံစံျပန့္ကားေနၿပီး အျဖဴေရာင္ေဖ်ာ့ေဖ်ာ့ေလးနဲ႕ အစုလိုက္ပြင့္တတ္တဲ့ Dandelion ပန္းေလးေတြရဲ႕ ေနာက္အဓိပါယ္တစ္ခုက " ယုံၾကည္မႈ " တဲ့

'ကိုကို႔ ကိုယုံၾကည္ၿပီး အခ်ိန္အတိုင္းအတာတစ္ခုထိ ေစာင့္ေပးပါ ငယ္ ♥´

*************************

Continue Reading

You'll Also Like

243K 32.4K 31
Cuma dalam waktu satu bulan. Waktu yang dibutuhkan untuk Nadhi dan Junio mengutak-atik perasaan satu sama lain. Dalam waktu satu bulan di kamar rumah...
63.4K 8.6K 34
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
177K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
289K 49.8K 62
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)