The Stranger I love (System)
By khunsin
402K 43.4K 1.3K
လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအေ... More
မိတ်ဆက်
Arc 1.1 Modern World (Hong Lei)
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18 🔞
End of Arc 1 - (1.19) Back to System Space
Arc 2.1 (Ting Bai Ling ) Gér
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Musical Instruments
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 3.1 Game World - Hikari Shou
Arc 3.2
Arc 3.2 Extension
Arc 3.3
Arc3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1 (Nathan Clark - Apocalypse)
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14
Arc 3.8
4.2K 565 37
By khunsin
"လေးယောက်စီ သုံးRound ပေါ့ ဒါမှ Light က Event မှာ Damage အများဆုံး ဘယ်လို ရလဲဆိုတာ အတည်ပြုပေးနိုင်မယ် မဟုတ်လား"
"အိုကေ .. သဘောတူတယ်"
Hanzo ရဲ့ Guild က ဝါအရင့်ဆုံး Guild ဖြစ်သည်နှင့် အညီ Top Rank Player များစွာ ရှိသည်။ Hanzo က Top 50အတွင်း ဝင်သောသူ ဆယ့်နှစ်ယောက်ကို ရွေးချယ်၍ ယှဉ်ပြိုင်စေသည်။ ထိုသူတို့ကို Standard Party Group ပုံစံအရ ဖွဲ့စည်းထားခြင်းဖြစ်ပြီး တဖွဲ့မှာ Knight-2/Archer/Healer ပါဝင်သည်။
Kou ကတော့ ကိုယ့် အဖွဲ့ ဘက်ကို လှည့်၍
"ဘယ်သူ ပြိုင်ချင်လဲ" ဟု ပွင့်ပွင့် လင်းလင်း မေးလိုက်သည်။
ထိုသို့ မေးလိုက်ခြင်းကြောင့် အခြားအဖွဲ့သားများ၏ စိတ်ထဲတွင် Kou ဘက်မှ Hanzo ၏ Top Player များနှင့် ယှဉ်ပြီး ပြိုင်နိုင်မည့်သူ မရှိသောကြောင့် Volunteer ခေါ်သည်ဟု ထင်မြင်ကြသည်။ 
သို့သော် အထင်နှင့် အမြင် ကွာခြားလှစွာ Light အဖွဲ့သားများက လေးပုံတစ်ပုံလောက် လက်ထောင်ကြသည်။ Kou က တည်ငြိမ်စွာဖြင့် 3 ယောက် ရွေးလိုက်သည်။
သုံးယောက်ထဲ ရွေးလိုက်ပေမယ့် ထိုသုံးယောက်မှ မိမိ၏အုပ်စုထဲ ခဏတီးတိုးတိုင်ပင်၍ နောက်တစ်ယောက်ကို ခေါ်ကာ လေးယောက် တစ်ဖွဲ့ စင်ပေါ်တက်လာသောကြောင့် Hanzoက မျက်ခုံးတဖက် မြင့်တက်သွားသလို စိတ်ထဲတွင်လည်း Light ရဲ့ Teamwork ကို အနည်းငယ် အထင်ကြီးသွားမိသည်။
Round 1 တွင် Kou ဘက်မှ Knight-2/Archer-2ပါဝင်သည်။ ခံစစ်ထက် တိုက်စစ်ကို ဦးစားပေးသည်။ Healer မပါဝင်တာမို့ တိုက်ခိုက်မှု ကြမ်းသည်။ ပြင်းထန်သည်။ ညီညွတ်သည်။ သို့သော် အငယ်ဆုံး Archer ရဲ့ စိတ်လောတဲ့ အမှားလေး တစ်ခုကြောင့် Knight တစ်ယောက် ထိသွားပြီး လေးယောက် သုံးယောက်မို့ Top Rank Player များကို မယှဉ်နိုင်ပဲ ရှုံးသွားသည်။
Kou က မျက်နှာအမူအရာ တချက်တောင် မပြောင်း ပဲ တည်ငြိမ်စွာ ရှိနေသည်။ Archer လေးက တောင်းပန်သည်။ Sono က ပြုံး၍ ထပ်လေ့ကျင့်တာပေါ့ဟု ပုခုံပုတ်၍ အားပေးသည်။ တဖွဲ့လုံး ဦးညွတ်၍ အေးအေးဆေးဆေး ထွက်ခွါသွားသည်။
"ငါတို့Guild မှာ အဲ့လို အားပေးမယ့် idol သာရှိရင် ဘယ်နှခါရှုံးရှုံး ပြန်ထ တိုက်ခိုက်မိမှာပဲ"လို့ မိန်းကလေး player များက တွတ်ထိုးနေသည်။ 
Light ဘက်က ရှုံးသွားတယ် ဆိုပေမယ့် Top100 တောင်မဝင်သော player များက Top Rank player များနှင့် သူတင်ကိုယ်တင် တိုက်ခိုက်နိုင်ပြီး တစ်ယောက်ရဲ့ Skillကို တစ်ယောက် ကောင်းစွာ နားလည်နေ၍ အလိုက်သင့် အချိန်ကိုက် သုံးနိုင်ခြင်းက ကြည့်နေတဲ့သူများကို အံအားသင့်စေသည်။ ထို့ပြင် Guild ရဲ့ နာမည်ကို ဂရုမစိုက်ပဲ သာမာန် player များကို ယုံကြည်ပြီး ပွဲထုတ်ရဲတဲ့ Kouရဲ့ သတ္တိကို တိတ်တဆိတ် လေးစားနေကြသည်။
Round 2 မှာ Light ရဲ့ ဖွဲ့စည်းပုံက Knight 2/ Archer/ Healer ဖြစ်တဲ့ Standard Party ပုံစံ အတိုင်းပင်။ Knight နှစ်ယောက်က Strong ဖြစ်သလို Hanzo ရဲ့ Top Rank Knight များနဲ့ ကောင်းကောင်းယှဉ်နိုင်သည်။ Archer က Supporting နဲ့ မကစားပဲ Attacking နဲ့ ကစားတာကြောင့် ကြည့်ရတဲ့သူများအတွက် တမျိုးဆန်းစေသည်။
"Light က Event မှာ Damage အများဆုံးရတာ မဆန်းတော့ဘူး။ Support Class တွေကတောင် Main Class အဖြစ်နဲ့ ကစားနိုင်တယ်"
ပွဲကြည့် ပရိတ်သတ်ထဲမှ lvl မြင့် player တစ်ယောက်က မှတ်ချက်ချသည်။ ဘေးပတ်ဝန်းကျင်မှသူများကလည်း ထောက်ခံသည်။
Archer ရဲ့ Damage က Knight တစ်ယောက်ရဲ့ Damage ထက်ပင် များသေးသည်။ ထို့ပြင်Light ရဲ့ Healer ကလည်း Heal အပြင် Archer လပ်နေတဲ့ Supporting ကိုပါ cover ဖြစ်အောင် spell မျိုးစုံ သုံး၍ ထိန်းပေးနိုင်​သေးသည်။
ထိုHealer ရဲ့ Spell များကြောင့် Team တစ်ခုလုံးက အမြဲ Boost mode မှာ ရှိနေပြီး Critical Damage မှာ နှစ်ဆ သုံးဆနှင့် တချက်ထိလိုက်တိုင်း HP ကို သိသိသာသာလျော့စေပြီး တဖက်ပြိုင်ဘက်မှ Healer မှာ အလျှင်မှီအောင် မHeal ပေးနိုင်တော့ချေ။ ဒုတိယ Round က Light ဘက်က အသာစီးနှင့် နိုင်သွားသည်။ Hanzo ရဲ့ 2nd Group မှာ ပါဝင်နေသူများက တစ်ယောက်ကို တစ်ယောက် အပြစ်တင်နေကြချိန် Light ဘက်မှ Group ကတော့ ခေါင်းဆောင်တို့ဘက် ဦးညွတ်၍ တိတ်တဆိတ် ထွက်ခွါသွားသည်။
Round 3 စ သည်နှင့် ပရိသတ်များ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ Light ရဲ့ Assassin 2/ Archer/ Healer အတွဲအစပ်က Hanzo အပါအဝင် အခြား အဖွဲ့အားလုံးရဲ့ အာရုံကို ဆွဲဆောင်လိုက်သည်။
သူတို့နားလည်ထားသည်က Assassin ဆိုသည််မှာ အရေးမပါသော၊ အသုံးမကျသော class ဖြစ်သည်။ ဒီလို ထိပ်တိုက်ရင်ဆိုင်တဲ့ Combat တွေမှာ Knight နဲ့ ဘယ်လိုမှ ယှဉ်မရဘူးဆိုတာ သိလျှက်နှင့် Assassin နှစ်ယောက် ပူးပေါင်းတဲ့ ကိစ္စက ကပျက်ကချော် လုပ်တာလား .. ရန်သူကို အထင်သေးတာလားလို့ မေးစရာ ဖြစ်နေသည်။ Kou ကို ကြည့်လိုက်တော့လည်း တည်တည်ငြိမ်ငြိမ်ပင်။
Shou လက်အောက်မှာ တင်းကြပ်စွာ လေ့ကျင့်ခြင်း ခံထားရသော Assassin နှစ်ယောက်က ပြောင်မြောက်စွာ လက်စွမ်းပြကြသည်။ တစ်ယောက်က ချိန်းကြိုးအရှည်ပါသော လွှဓားကို အသုံးပြုလျှက် တစ်ယောက်က လှံကဲ့သို့သော ရှည်လျှား၍ ထိပ်တွင် ဓားသွားပါသည့် လက်နက်ကို အသုံးပြုသည်။ လက်နက်အဆန်းများနှင့် တိုက်ကွက် အဆန်းများက Hanzo အဖွဲ့သားများကို ကောင်းကောင်း ခြိမ်းခြောက်နိုင်သည်။ တချက်ဆိုတချက် တရိပ်ရိပ် တိုးလာသော Damage ထွက်နှုန်းက  Assassin တွင် unstable ဖြစ်သည်ဟူသော Damage မှာ ဟုတ်ရောဟုတ်ရဲ့လားဟုပင် မေးခွန်းထုတ်ချင်စရာ ဖြစ်စရာ ဖြစ်လာသည်။
Assassin ဆိုတာလည်း ဒီလို သန်မာနိုင်တာပဲလား။
Knight 2 ယောက် နဲ့ ယှဉ်ချနေပေမယ့် အားနည်းချက် မရှိသည့်အတိုင်းပင်။ လျှင်မြန်သည်။ ပေါ့ပါးသည်။ သွက်လက်သည်။ တိကျသည်။ ရှုပ်ယှက်ခက်တဲ့ တိုက်ခိုက်မှုကြားမှာပင် ထို Assassin နှစ်ယောက်က ပူးပေါင်း၍ ချိန်းကြိုး၏ အားသာချက်ကို ထပ်ယူသေးသည်။
တဖက်ကဓားကို ချိန်းကြိုးနဲ့ ပက်ထုတ်ခြင်း၊ ကျွံထွက်သွားလို့ ဓားထိတော့မည့် ကိုယ့်လူကို ပြန်ဆွဲခေါ်နိုင်ခြင်း၊ ရန်သူကို ချည်နှောင်ထားခြင်း စသည့် အကွက်များအပြင် Archer ရဲ့ လာဘ်မြင်တဲ့ Supporting၊ Healer ရဲ့ ကွက်တိကျတဲ့ Spell တွေရဲ့ ပူပေါင်းမှုအောက်မှာ တဖက်က ရန်သူများ တွန်းကန်နေသည့်ကြားကပင် ဖိနှိပ်ခံလိုက်ရသည်။
ပွဲပြီးတာနဲ့ အနိုင်ရသည့် အဖွဲ့က Arena စင် ပေါ်ကအဆင်းတွင် ခေါင်းဆောင်များ ရှိသော Kou နှင် Sono တို့ ဘက်သာမက Aki နှင့် သွားနေနေသောShou ဘက်ကိုပါ လှည့်၍ ဦးညွတ်သွားသည်။ Shou က ခေါင်းလေး တချက်ဆတ်ပြီး အသိအမှတ်ပြုသည်။ Shou ရပ်နေတာ နောက်ဆုံးတန်းမှာမို့ အခြားအဖွဲ့သားများက ဘယ်သူ့ကို ဦးညွတ်မှန်း မသိပေမယ့် Light မှာ Assassin နည်းပြတစ်ဦး ရှိနေပြီဆိုတာ နားလည်လိုက်ကြသည်။
ခဏအတွင်းမှာ အားလုံးသော Assassin class မှ ကစားသမားများက သက်ဆိုင်ရာ Guild အသီးသီးမှ နှုတ်ထွက်လိုက်ကြပြီး Light Guild ကို Join ချင်ကြောင်း Request များ ပို့လာတော့သည်။ Sono က Request များ တက်လာကြောင်း Kou ကို ရယ်၍ တိုးတိုးပြောပြသည်။ Kou က မချိပြုံးလေးနဲ့ ခေါင်းခါ၍သာ ကူကယ်ရာမဲ့စွာ တုံ့ပြန်သည်။
Hanzo က ဒေါသထွက်နေပေမယ့် မျိုသိပ်လိုက်ပြီး အရှုံးကို လက်ခံလိုက်သည်။ သူ့ဘက်က လူတွေကိုလည်း ပြန်ရောက်ရင် ကောင်းကောင်းကြပ်မတ်ဖို့ ဆုံးဖြတ်လိုက်သည်။
Kou က
"ကျနော်တို့ မျှတတဲ့စိန်ခေါ်မှုတိုင်းကို ကြိုဆိုပေမယ့် အားလုံးပိတ်မိနေတဲ့အချိန်မှာ ကြီးငယ် နိုင်ညှင်း challenge အမည်တပ်ပြီး အနိုင်ကျင့်တာကိုတော့ အားမပေးပါဘူး။ ကျနော့်ရဲ့ Guild က အဖွဲ့သားအားလုံးက ကျနော့ Protection အောက်မှ ရှိနေမှာ ဖြစ်လို့ နောင်များ အနိုင်ကျင့်မယ်ဆိုရင် နှစ်ခါစဉ်းစားစေချင်ပါတယ်"
"Arena ပိတ်မယ် ဆိုနို"
"နေပါဦး"
"ဘာရှိသေးလဲ bro Hanzo"
"Healer 5ယောက်နဲ့တောင် မလဲနိုင်တဲ့ Shou နဲ့ တိုရူရဲ့ အရည်အချင်းလေး သိချင်လို့ Personally ထပ်စိန်ခေါ်လို့ ရဦးမလား"
"Sorry bro .. Shou က ရှေ့ထွက် တိုက်တဲ့ ပုံစံမျိုး မဟုတ်လို့ bro နဲ့ ပြိုင်ဘက် မဟုတ်ပါဘူး"
"ဒီ Hanzo က personally တောင်းဆိုတာတောင်မှပဲ နှစ်ယောက် တစ်ယောက်ကို ခေါင်းဆောင်က ယှဉ်ပြိုင်ခွင့် မပေးချင်တာလား။ ဒါမှ မဟုတ် မပေးရဲတာလား"
Hanzo က သူ့ရဲ့ အာဏာပါဝါကို အသုံးချလိုက်သည်။ သို့ပေမယ့် Kou က ဒီလို တင်စီးတာမျိုးကို လက်ခံမည်မဟုတ်။ ဂရုမစိုက်ပဲ လှည့်ထွက်မည်အပြု လက်တဖက်က ပုခုံးပေါ်ရောက်လာပြီးအသံက နောက်ကျောမှ ထွက်လာသည်။
"သိပ်ရတာပေါ့" ဝင်ပြောလိုက်သူက Shou ..
________
Hanzo စပြီး စိန်ခေါ်လာသည်နှင့် Shou က စိတ်ထဲက ထင့်နေပြီး ရှင်းကို ခေါ်လိုက်သည်။
'ရှင်း Hanzo နဲ့ Chiyo Iku နောက်ကြောင်း တချက် ကြည့်ပေး'
'အေး ငါလည်း ပြောတော့မလို့ပဲ
Hanzo က အရင်က SL ရဲ့ ပြိုင်ဘက် ဂိမ်းကုမ္ပဏီက CEO။ အစပိုင်းမှာ Hanzoရဲ့ ဂိမ်းရော SL ရောက အတူတူပဲ စျေးကွက်ကို ဝေမျှယူကြတယ်။
ဒါပေမယ့် SL က Game Controller စနစ်ကနေ Virtual Reality ကို မြှင့်လိုက်တဲ့အခါ လူတိုင်းက SL ကို ရောက်လာတယ်။ ဒါပေမယ့် Hanzo မှာ VR နည်းပညာမရှိဘူး။ အဲ့ဒီအခါမှာ နောက်ကောက်ကျပြီး သူ့ရဲ့ Game Company က ဒေဝါလီ ခံလိုက်ရတယ်။ သူက VR နည်းပညာကို လေ့လာချင်တာကြောင့် SL ကို စပြီး ဆော့လာတယ်။
ဆော့လာရင်းနဲ့ SLက တကယ်ရှေ့ပြီး သူ့ထက် အများကြီးသာကြောင်း သိလာရတယ်။ ပိုဆိုးတာက သူဒီဂိမ်းကို အရူးအမူးစွဲလာတယ်။ ဒါပေမယ့် သူဘယ်လောက်ပဲ ကြိုးစား ကြိုးစား Kou ကို မကျော်နိုင်သလို SL ကိုလည်း မယှဉ်နိုင်ပြန်ဘူး။ အဲ့ဒီအချိန်မှာ ဥက္ကာခဲကျပြီး SL နဲ့ NG က နာမည်ပျက်ဖို့ ဖြစ်လာတယ်။ သူမယှဉ်နိုင်တဲ့ SLနဲ့ Kou ပေါ် မကျေနပ်ချက်တွေကို သူနိုင်တဲ့ Shou ပေါ်မှာ ပုံချလိုက်တယ်။
တိုးရူက အရင်ဘဝမှာ Shou က အမြဲ ကပ်နေတာမို့ Blade နဲ့ Party ဖွဲ့ဖို့ အခွင့်အရေး မရှိခဲ့ဘူး။ Shou က အရမ်းညံ့တော့ တိုးရူက ကူပေးမယ့်သူရှာတဲ့အခါ Hanzo က တော်တော်လေး skill ကောင်းတာ တွေ့ရတယ်။ Rank 2 မှန်း မသိပဲ Party ဖွဲ့ခဲ့တယ်။ အနည်းဆုံးတော့ သူမကို ကယ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်လို့။
အစကတည်းက စုံစမ်းထားသူမို့ Hanzo က Shouရော Toru ရောကို SL နဲ့ NG ရဲ့ မျိုးဆက်တွေ ဆိုတာ သိတယ်။ Toru က Shouကို မကြည်ဖြူပဲ Shou က ဇွတ်လိုက်ကပ်နေမှန်းလည်းသိတယ်။
သူက Toru ကိုတော့ ကယ်တင်ပေးချင်ယောင်ဆောင်ပြီး Shou ကို အမြဲ အထင်လွဲအောင် သွေးထိုးပေးတယ်။ အစကတည်းက မကြည်တဲ့ Toru က Shou ကို စိတ်ပျက်ဖို့ဖြစ်လာတယ်။ ပြီးတော့ ပိုပြီးအထင်လွဲစေမယ့် အဖြစ်အပျက်လေးတွေ ခဏခဏ ဖန်တီးပေးလိုက်တယ်။ တိုးရူက Shou ကို လုံးဝ မုန်းသွားတယ်။
Hanzo က နောက်ကွယ်မှာလည်း SL နဲ့ NG ရဲ့ မကောင်းကြောင်းတွေ လျှောက် ဖွခဲ့တယ်။ နောက်ဆုံး Shou သေသွားတဲ့အခါ Toru ကိုပါ အဆုံးသတ်ဖို့ လုပ်ပေမယ့် Kou က Toruကို ကာကွယ်ပေးလိုက်တယ်'
'ဪ...' ပြောစရာစကားတောင် ရှာမတွေ့တော့သလို ဖြစ်သွားသည်။
'ဒါဖြင့် Chiyo Iku ကရော'
'Chiyo က စာရေးဆရာ ။ သူက အကြောင်းအရာတခုကို ခွဲခြမ်းစိတ်ဖြာတဲ့ နေရာမှာ အရမ်းတော်တယ်။ သာမာန်ဖြတ်လျှောက်လေးပဲ
ဒါပေမယ့် မူလဇာတ်ကြောင်းနဲ့ ခါတိုင်းထက်ပိုပြီး သွေဖယ်သွားပြီမို့ မင်းသတိထားတော့တာ ကောင်းမယ်'
'Okay'
'ဒါနဲ့ hidden mission တစ်ခု ပွင့်ထားတယ်။ Rank 2 Player နဲ့ marriage quest လုပ်ရမယ်တဲ့'
'ဘာ‼️ Hanzo ကြီးနဲ့လား ..
ဟာ  ... စိတ်လေပါတယ်ကွာ'
________
Kou အံဩသွားသည်။ Shou ရဲ့ မျက်ဝန်းတွေ အရောင်တောက်နေပြန်ပြီ။ Shou ဘာလုပ်မလို့လဲ။
Shou က ဘာမှထွေထူး ပြောမနေပဲ Arena ထဲကို ဝင်လိုက်သည်။
"2ယောက် 1ယောက်ကြီးက ရှုပ်ပါတယ်။ ခင်ဗျားအတွက်လည်း ဘယ်တရားမလဲ။ by one ပဲ ချတာပေါ့။ ခင်ဗျားလိုချင်တာလည်း အဲ့တာပဲ မဟုတ်လား"
Toru က စိတ်ပူစွာ "Shou ရရဲ့လား။ တူတူ Fight မယ်လေ"
"ရတယ်။ နင်လက်ရှောင်လိုက်တော့။ သူက ငါ့ဆီပဲ ဦးတည်တာ"
Shou ရဲ့ ပွင့်လင်းပြီး တည့်တိုးဆန်တဲ့ အပြုအမူတွေက Hanzo ကို တခဏ တုံ့ဆိုင်းသွားစေသည်။
"ကြိုက်ပြီ။ Guild Arena မဟုတ်ပဲ PK Arena မှာ Fight လို့ရလား"
Shou > "ရတယ်"
Kou > "မရဘူး"
စကားသံနှစ်ခုက တပြိုင်တည်း ထွက်လာသည်။
Hanzo က ဆက်၍
"တမျိုး မထင်ပါနဲ့ Shou ရဲ့ Rank ကို သိချင်ရုံပါ။ HP100 ရောက်ရင် ကျနော် ဆက်မတိုက်ပါဘူး။ Shou ဘက်က အရှုံးပေးတဲ့ ခလုတ် နှိပ်လိုက်ရင် Rank ဝင်ပြီဆိုတော့ သိရပြီပဲလေ"
PK Arena က Guild Arena လို Setting ချိန်ထားလို့ ရတာမဟုတ်ပေ။ အရှုံးပေးလျှင်ပေး၊ မပေးလျှင် HP zero ဖြစ်တဲ့ထိ ချရတာကြောင့် Hanzo ရဲ့ ဘယ်လိုပဲ အာမခံပါစေ .. လွဲချော်သွားလို့ Shou များ တခုခု ဖြစ်ခဲ့ရင် ဆိုသည့် အသိဖြင့် Kou က အသည်းအသန် ငြင်းဆန်သည်။
သို့ပေမယ့် Shou က Kou ရဲ့ ပုခုံးကို ဖျစ်ညှစ်ကာ Hanzo ကို ထပ်ပြောသည်။
"ရတယ်"
တဖန် Kou ဘက်ကို လှည့်ကာ
"ငါ့ကို ယုံ"
Kou က မသက်မသာ ခေါင်းညိတ်လိုက်ပေမယ့် စိတ်ပူဟန်က မျက်နှာမှာ အထင်းသားပေါ်နေသည်။
Aki က "အကိုShou .. ကျနော် အဲ့အဖိုးကြီးကို ကြည့်လို့မရဘူး။ အနိုင်တိုက်ခဲ့။ ကျနော်က Kou လိုမဟုတ်ဖူး .. အကို့ကို ယုံတယ်"
Shou က Aki ဆံပင်တွေကို ဖွလိုက်ကာ
"မင်း Kou ကို ခနဲ့ဖို့များ မွေးလာသလားမှတ်ရတယ်"
ဆိုနိုက Guild Arena ကို PK Arena ပြောင်းပေးသည်။ "Fighting!"
Shou လက်ဖြန့်လိုက်သည်နှင့် ကြိုးသုံးချောင်းပါသော မြှားအပြာလေး ရောက်လာသည်။ PK Arena မှာ player ရဲ့ Stats တွေကို ဖော်ပြသည်။
Shou NoClass lvl90
Hanzo Knight lvl93
ပွဲစသည်နှင့် Hanzo က မညှာပဲ ကြမ်းကြမ်းတမ်းတမ်းပင် အစချီသည်။ Shou က မြှားနဲ့မို့ ရှောင်ရင်း တိမ်းရင်း အဝေးက ပစ်သည်။ Shou ရဲ့မြှားချက်များကိုလည်း Hanzo က အေးအေးဆေးဆေး ရှောင်နိုင်နေသည်။
"Hanzo Hanzo Hanzo Hanzo"
Hanzo အဖွဲ့သားများက Hanzo ကို အပိုင်နိုင်ရမည်ဟု ယုံကြည်လျှက် ပျော်ရွှင်စွာ အော်ဟစ် အားပေးနေကြသည်။
တိုက်ကွက် ငါးဆယ် ကျော်ပြီးနောက် Shou က  မြှားပစ်ခြင်းကို ရပ်လိုက်သည်။ အားလုံးလည်း ကြောင်အသွားသည်။ ဘာဖြစ်သွားတာလဲ။ Hanzo က ဓားဖြင့် Shou ဆီ ဝင်လာသည်။
Light အဖွဲ့သားများအားလုံး စိတ်ပူသွားသည်။ Hanzo ရဲ့ Damage ထိနှုန်းက ပြင်းတာမို့ ထိလိုက်ရင် မစားသာမှန်း သိသည်။ သို့သော် အခုထိ Shou က ရှောင်မယ့် အရိပ်အခြည် မရှိ။ Hanzoရဲ့ ဓားကလည်း တိုးဝင်လာနေသည်။ သို့သော် Shou နားအရောက်မှာ ရပ်သွားသည်။
"ခင်ဗျားရှုံးပြီ။ အရှုံးပေးလိုက်တော့"
အားလုံးက ထူးဆန်းသွားသည်။ ဘာဖြစ်သွားတာလဲ။
Shou ရဲ့ မြှားချက်တိုင်းက ရေခဲမြှားဖြစ်ပြီး AOE effect ပါဝင်သည်။ (AOE = area of effect ပစ်မှတ်တစ်နေရာတည်းမဟုတ်ပဲ ပစ်မှတ်တဝိုက် အကုန်ထိသည်) Shou ရဲ့ မြှားက Shiro လို ချက်ချင်းခဲတာမျိုး မလုပ်ပေးနိုင်ပေမယ့် ထိလျှင် တုံ့ဆိုင်းသွားစေသည်။ တချက်ထက် တချက် ပိုပိုထိလာလေ Damage ထိများလေ ပိုပြီး တောင့်ခဲလာလေ ဖြစ်သည်။ Hanzo က မြှားကို ကောင်းကောင်းရှောင်နိုင်၍ တုံ့ဆိုင်မှု မရှိသော်လည်း AOE effect ကို သတိမထားမိချေ။
Shou က ပထမတစ်ချက် ပစ်လိုက်တဲ့အချိန်ကတည်းက Cryo (ရေခဲ) Effect က ဝင်နေပြီ ဖြစ်ပြီး အချက်50 ကျော်ပစ်ပြီးတဲ့နောက်မှာ 100% Cryo Damage နှင့် ခဲကာ တချက်လေး တောက်လိုက်ရုံနဲ့ အပိုင်းအစတွေ အဖြစ် ကွဲကြေသွားတော့မှာ ဖြစ်သည်။
အားလုံး ခဏအကြာမှာ နားလည်သွားပေမယ့် Hanzo က လက်မခံနိုင်ပဲ နောက်တပွဲ ချရန်ပြောလာပြန်သည်။ အရှက်မရှိစွာ Healer တစ်ယောက်လည်း ခေါ်Heal လိုက်သေးသည်။ Shou စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ ဘာလဲဟ ။
သို့ပေမယ့် နောက်တပွဲ ထပ်Fight ရန် လိုက်လျောပေးလိုက်သည်။ Hanzo ကဂိမ်းမှာ ဩဇာရှိတာကြောင့် လောလောဆယ် ရန်သူမဖြစ်ချင်သေးပေမယ့် စိတ်မရှည်တော့ပေ။ သူသည် ဝေ့ဝိုက်နေတတ်တဲ့ သူမျိုး မဟုတ်ပေ။ စိတ်ရှိလက်ရှိ ချပစ်လိုက်ရင် ချက်ချင်း ပွဲပြီးသွားမှာမို့ မျက်နှာသားပေးသည့် အနေဖြင့် အကွက်ငါးဆယ်ထိ တိုက်ခိုက်ပေးသော်လည်း Hanzo က သူရဲ့ မျက်နှာသာပေးမှုနဲ့ မထိုက်တန်မှန်း နားလည်သွားသည်။
Shou လက်ထဲက မြှားက ချက်ချင်းပျောက်သွားပြီး အနီရောင် ဓားတစ်လက်ပေါ်လာသည်။
"စ"
တလုံးတည်း ပြောပေမယ့် ထိုအသံသည် အေးစက်သည်။ သွေးဆာသည်။ ကြောက်စရာကောင်းသည်ဟု ချက်ချင်း ခံစားလိုက်ရသည်။ Light အဖွဲ့သားများက Hanzo အတွက် အမွှေးတိုင် ကြိုထွန်းပေးလိုက်သည်။
Shou က ပြောပြီးသည်နှင့် Assassin ဓားကိုင်ဟန် ချက်ချင်းပြောင်းသွားပြီး ဆယ်ချက် ခုတ်သည်။ Hanzo ရဲ့ HP100 ပဲ ကျန်တော့သည်။
Hanzo ကြောင်အနေသည်။ သူတင်မဟုတ် တကွင်းလုံး ကြောင်အနေသည်။ Light အဖွဲ့သားများလည်း ကိုယ့်မျက်စိကိုယ် မယုံနိုင်သလို ပွတ်သပ်ပြီး ပြန်ကြည့်နေသည်။
တကယ်ပဲ HP100 သာ ကျန်တော့သည်။
Hanzo က မကျေနပ်သေးပဲ
"နောက်တခေါက်"
"ရတယ်" 
သွေဖြည့်ပြီးတာနဲ့ ထပ်ယှဉ်ပြိုင်ပြန်သည်။ Shou က ဓားနှစ်ချောင်းကို ဓားနှောင့်ချင်း လှံကဲ့သို့ ဆက်လိုက်ပြီး အပေါ်တချက် ပင့်ရိုက်ကာ ဆက်တိုက် ခုတ်ချသည်။ လက်ပေါ်မှာ လှံက လှပစွာလည်နေပြီး ရပ်လိုက်တာနှင့် Hanzo မှာ HP100 သာ ကျန်တော့သည်။
"နောက်တခေါက်"
Hanzo မကျေနပ်လေ ။ သူအရှက်ကွဲလေ။ Shou ကို ကိုးကွယ်သူ များလာလေဖြစ်သည်။ Kou အပါအဝင် ဆိုနို တိုးရူ Blade shiro kuro Aki တို့လည်း မျက်လုံးတွေ ပြူးနေသည်။ ခါတိုင်း မြင်နေကျ ဒါ သူတို့ Shou ရော ဟုတ်ရဲ့လား။
Shou က နောက်ဆုံး စိတ်မရှည်တော့တာကြောင့် တချက်ပဲ ချတော့သည်။ Shou ဓားချက် တချက်နဲ့တင် Hanzo ရှုံးသွားသည်။
တကွင်းလုံး တိတ်ဆိတ်နေသည်။ Hanzo လည်း နောက်တခေါက် မပြောနိုင်တော့။ Hanzo အရှုံးပေးတဲ့ ခလုတ်ကို နှိပ်လိုက်သည်။ Shou ဘေးမှာ Rank 1 ဟု အထင်းသား ပေါ်လာသည်။ အားလုံးဆီမှာ noti တစ်ခု တက်လာသည်။ အဲ့တာက သူတို့ Rankတွေ တဆင့် နိမ့်သွားကြောင်းကို အသိပေးသော noti ဖြစ်သည်။
Kuro Aki Sono Shiro Kou (Game Character)
Kou (Game Character)
Shou (Game character)
Sono and Toru (Game Character)
Hikari Shou
Photo Credits
🟥🟥🟥🟥🟥
"အိုကေ .. သဘောတူတယ်"
Kou က
"Arena ပိတ်မယ် ဆိုနို"
"နေပါဦး"
"ဘာရှိသေးလဲ bro Hanzo"
________
'ဒါဖြင့် Chiyo Iku ကရော'
'Okay'
'ဘာ‼️ Hanzo ကြီးနဲ့လား ..
ဟာ  ... စိတ်လေပါတယ်ကွာ'
________
Shou > "ရတယ်"
Kou > "မရဘူး"
Hanzo က ဆက်၍
"ရတယ်"
"ငါ့ကို ယုံ"
Shou NoClass lvl90
Hanzo Knight lvl93
"ခင်ဗျားရှုံးပြီ။ အရှုံးပေးလိုက်တော့"
"စ"
Hanzo က မကျေနပ်သေးပဲ
"နောက်တခေါက်"
"ရတယ်" 
"နောက်တခေါက်"
Continue Reading
You'll Also Like
201K 3.4K 24
"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"
79.6K 7.2K 114
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...
71.5K 7.8K 84
translation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊
304K 23.7K 156
Title - Strict Wife of the '70s Manages the Household 💥Description လင်းလန် နိုးလာချိန်တွင် သူမသည် ပိုးသတ်ဆေးသောက်ထားသည့် အိမ်ထောင်ရှင်မတစ်ဦး၏ ကိုယ်...