" ကိုကို့ ရဲ့ ငယ် - 28 "
ပြတင်းတံခါးဆီက ဖြာကျလာတဲ့ နေခြည်နွေးနွေးကြောင့် မျက်ဝန်းအိမ်တို့မှတစ်ဆင့် နွေးထွေးမှုကိုခံစားလို့ရနေတယ်
Yeol ဒီမနက် တော်တော်အိပ်ပျော်သွားတာဖြစ်မယ် မျက်လုံးဖြည်းဖြည်းဖွင့်ပြီး ဘေးဘက်ကိုလှည့်ကြည့်မိတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ Kyung Soo
ဖိအိပ်ခံရတဲ့ ပါးဖောင်းဖောင်းလေးတစ်ဖက်က ရှေ့ကိုလွဲကျနေရော ကျန်တဲ့တစ်ဖက်က နေခြည်နွေးနွေးအောက်မှာ
တစ်ခါတလေ ကလေးတွေ အိပ်မက်ယောင်ပြီး မုန့်ဝါးသလိုမျိုးလည်း လုပ်တတ်သေးတာ
နဖူးထက်ကဆံပင်တစ်ချို့ အပေါ်ကိုလန်နေတာကြောင့် မြင်နေရတဲ့ နဖူးပြေကျဥ်းကျဥ်းလေး
မျက်ခုံးနက်နက်လေးတွေ မျက်ခွံပါးပါးလေးတွေ အရိပ်စောင်းစောင်းကျနေတဲ့ မျက်တောင်တိုစိပ်စိပ်လေးတွေ ထိုမှတစ်ဆင့် နှုတ်ခေါင်းလုံးလုံးလေး ပါးဖောင်းဖောင်းလေး ထင်းနေတဲ့ အသည်းပုံနှူတ်ခမ်းလေးနဲ့ နောက်ဆုံး ဝိုင်းစက်နေတဲ့ မျက်နှာကျလေး
^အစိတ်အပိုင်းတစ်ခုချင်းစီက မြတ်နိုးဖွယ်အတိပဲ ငယ်^
Yeol ခေါင်းကိုလက်နဲ့ထောက်ပြီး Kyung Soo မျက်နှာဖွေးဥဥလေးကို ငေးနေရင်း မနေ့ညကအကြောင်း ပြန်တွေးမိတယ်
><><><><><><><><><><
အနားတိုးကပ်လာတဲ့ကောင်လေးကို နွေးထွေးစေအောင် ပိုတိုးပြီးထွေးပွေ့ပေးထားပေမယ့် ညလယ်လောက်ရောက်တော့ သိသိသာသာတုန်လာတဲ့ ကိုယ်လေး
"ကိုကို ငယ် ချမ်းတယ်"
"ငယ် နေလို့ရသေးလား"
"ဟင့်အင်း အရမ်းချမ်းတယ်"
သာမန်လူဆို နေလို့ရပေမယ့် Kyung Soo အတွက် တော်တော်အေးတယ် ဒီတိုင်းနေရင်တောင် လက်ဖျားလေးတွေ အေးနေတတ်တဲ့ ကောင်လေး မဟုတ်လား
အင့်~ "ကိုကို ဘယ်လိုလုပ်..."
Kyung Soo စွေ့ကနဲပွေ့ချီခံလိုက်ရတော့ Yeol ကိုတင်းနေအောင် ဖက်ထားမိတယ်
"ငြိမ်ငြိမ်နေလေ နှစ်ယောက်လုံးလျော်လဲသွားမယ် ငယ် ရဲ့"
"ဟုတ်"
ငြိမ်သာလိုက်လာရတာ Min Seok ရှေ့မလို့ တကယ်မျက်နှာပူတယ် ဟိုကသူ့ဘာသာနေလို့သာ မဟုတ်ရင် Kyung Soo မျက်နှာထားစရာနေရာ ရှိမှာမဟုတ်ဘူး
^နေအုန်း ဒီအခြေအနေကြီး အဘွားသာတွေ့သွားရင်...^
"ကိုကို အောက်ချပေး"
Kyung Soo တွန်းကန်ရင်းပြောလာတာမို့
"ဘာဖြစ်လို့လဲ"
"အဘွား တွေ့သွားရင်..."
"အဘွား အိပ်နေပြီလေ"
"ဒါပေမယ့်..."
ပြွတ်~
"စကားများတယ်"
စကားပြောနေရင်းက နှုတ်ခမ်းကို ဖြတ်ခနဲလာနမ်းတော့ ကြောင်တောင်တောင်လေး ပြန်ကြည့်နေတယ် ချမ်းတာတောင် ဘယ်ရောက်သွားမှန်းမသိ
စကားများရင် အဲ့လိုလုပ်ပြီးရပ်ခိုင်းရတာလား🤭
နောက်တော့ Yeol. Kyung Soo အတွက် အိပ်ရာခင်းပေး စောင်ခြုံပေးပြီးတဲ့ထိ ခိုက်ခိုက်တုန်အောင်ချမ်းနေတုန်း
Yeol ခြုံနေကျစောင်ကို အပေါ်ကထပ်လိုက်ပြီး Kyung Soo ဘေးနားဝင်အိပ်လိုက်တော့ တရွေ့ရွေ့တိုးလာတဲ့ ကိုယ်သေးသေးလေး
ကြောင်လေးတွေလို ရင်ခွင်ထဲ ခေါင်းဝင်တိုးရင်း ခါးကို တင်းတင်းကျပ်ကျပ်ဖက်တွယ်လာတယ်
^နွေးလိုက်တာ ကိုကို^
နီးကပ်လာတာနဲ့ ပိုကျယ်လောင်လာတဲ့ ရင်ခုန်သံတစ်ချို့ ရထား ၃ စီးလောက်ဖြတ်မောင်းသွားသလိုပဲ
^တတ်နိုင်သမျှ ကိုကို ငယ့် ကိုနွေးထွေးမှုပေးမှာမလို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ပါ ငယ်^
ရင်ခွင်ထဲကကောင်လေးရဲ့ ဆံနွယ်နုနုလေးတွေကြား နှာခေါင်းနှစ်ပြီး နမ်းရှိုက်လိုက်တဲ့ Yeol နဲ့ တဒုတ်ဒုတ်ခုန်နေတဲ့ ရင်ခုန်သံစည်းချက်ကြားမှာ အသက်ရှူမှန်မှန်နဲ့ အိပ်ပျော်သွားတဲ့ Kyung Soo
><><><><><><><><><><
အင်း~ ဝှါး.....
"ကိုကို နိုးနေတာကြာပြီလား"
".........."
ငေးနေမိတာ ဘယ်လောက်ကြာသွားလဲမသိ
Kyung Soo တလှုပ်လှုပ်နဲ့နိုးလာတာ မသိတဲ့အပြင် ခေါ်တာတောင် မကြား
"ကိုကို!"
"ဟင်"
"မမြင်ဖူးတာကျနေတာပဲ ကြည့်နေတာ"
"အာ~ မဟုတ် ငယ့် ကို မဟုတ်ဘူး ကိုကို မျက်နှာသွားသစ်တော့မယ်"
စကားတွေ အလွဲလွဲအချော်ချော်နဲ့ ကဗျာကယာ ထထွက်သွားတဲ့ Yeol ရယ်
"ကြည့် တည့်တည့်ပြောတော့ ရှက်သွားလိုက်တာ ခုနကြည့်နေတာ သူမဟုတ်တာကျနေရောပဲ
ကိုကို ရှက်တဲ့အချိန်ကျ ဘယ်လိုလေးလဲမသိဘူး ချစ်စရာလေး ㅋㅋ"
တစ်ခါတလေ Yeol ကိုရှက်အောင်စ.ရတာ Kyung Soo သဘောကျတယ် ဘာလို့မှန်းမသိပေမယ့် ဒီတိုင်းသဘောကျတာ
*************************
"မား..."
Kyung Soo ပြန်လာမယ်မှန်းသိလို့ Suho ခြံထဲမှာရှိနေတဲ့အချိန် ပြေးဖက်ခံလိုက်ရတယ်
"Aigoo~ မား သားလေး ပြန်လာပြီပေါ့"
"မား ကိုလွမ်းနေတာ"
လိုချင်တာရှိလို့ ချွဲသလိုမျိုး Kyung Soo မျက်လုံးလေးတွေမှိတ်တဲ့ထိ ရယ်ပြပြီးပြောနေတာ
"ငချွဲလေး"
"မား ကလည်း"
"သား နည်းနည်းပိန်သွားတယ်နော်"
"နေရာပြောင်းနေမိလို့ထင်တယ် မား"
"အင်း ဒါနဲ့ Yeolလေး "
"ကိုကို ပြန်သွားပြီ မား
အိမ်ကိုမဝင်တော့ဘူး လို့ပြောတယ်"
"ပင်ပန်းနေလို့ဖြစ်မှာပေါ့"
"ဟုတ် တီလေးရော မား"
"ထမင်းစားခန်းမှာ သား"
"ဟုတ်"
Kyung Soo အိမ်ထဲဝင်လာခဲ့တယ်
ပြန်လာတာတောင် မသိသေးတဲ့ Lulu ကိုသွားရစ်ရမယ်လေ
"တီလေး"
ထမင်းစားခန်းအဝမှာရပ်ပြီး စူပုပ်ပုပ်နဲ့ခေါ်နေတဲ့ Kyung Soo ကိုကြည့်ပြီး အံ့သြသွားတယ်
"ဟော~ သားပြန်ရောက်ပြီပဲ"
"အွန်း ခုနလေးက"
"ခနလေးစောင့်နော် တီလေး ဒါအရင်ပြီးအောင်လုပ်လိုက်မယ်"
"တီလေး"
Kyung Soo ထပ်ခေါ်လိုက်တော့ အနားရောက်လာတဲ့ Lulu
"လာပါပြီ သားရဲ့"
"တီလေးက မတွေ့တာကြာတော့ သားကို သတိမရချင်တော့ဘူးပေါ့"
"မဟုတ်ပါဘူး"
"ဟုတ်ပါတယ် ရောက်လာတာတောင်မသိဘဲ ဘာတွေလုပ်နေတယ်မသိဘူး ဟွန့်"
"သားအတွက် ခေါက်ဆွဲအေး လုပ်နေတာ"
'ခေါက်ဆွဲအေး' လို့ကြားတာနဲ့ Kyung Soo မျက်လုံးတွေတလက်လက်ဖြစ်သွားတယ်
Lulu လုပ်ပေးတဲ့ ခေါက်ဆွဲအေးက Kyung Soo အကြိုက်ဆုံးပဲ တခြားနဲ့တူကိုမတူတာ
"တကယ်ပြောတာမဟုတ်လား"
"မဟုတ်ဘူး"
"တီလေး"
"ရုပ်လေးက ဘာမှန်းမသိဘူး တီလေးက စ.စရာလား"
မျက်စောင်းသေးသေးလေးထိုးနေတဲ့ Kyung Soo ခုမှပဲ ရယ်သွားတော့တယ်
"Aigoo~ တီလေးက အကောင်းဆုံးပဲ
သား ခနနားဦးမယ် တီလေးလက်ရာ ပြီးမှစားမယ် ဟီး😁"
"ဟုတ်ပါပြီ သား သဘောပါ"
Kyung Soo. Lulu ကိုကျောခိုင်းပြီး အပေါ်ထပ်မှ အခန်းဆီသို့
^ကိုကို ကောင်းကောင်းအနားယူနေမှာပါ^
*************************
Yeol အလုပ်အတွက် ကြိုပြီးပြင်ဆင်ဖို့ Kris နဲ့တိုင်ပင်နေတဲ့အချိန် ကြားလိုက်ရတဲ့ အသံစူးစူးလေး
"ကိုကို😁"
အခန်းတံခါးကနေ ခေါင်းလေးပြူပြီး လှမ်းခေါ်နေတာ ဘယ်လိုချစ်ဖို့ကောင်းနေပါလိမ့်
"ငယ် အောက်ထပ်မှာရှိမယ်နော်"
Yeol ကြားရုံ လေသံတိုးတိုးလေးနဲ့ပြောလိုက်တယ်
"အန်ကယ် သွားလိုက်ပါဦးမယ်😁"
Kris ခေါင်းငြိမ့်ပြတာနဲ့ Kyung Soo အောက်ထပ်ကို ပြန်ဆင်းလာခဲ့တယ်
အိမ်ရောက်လာတာသိအောင် Yeol ကို ကိုယ်ထင်ပြပြီးပြီ Tao ကို သွားရှုပ် မဟုတ်ပါဘူး သွားစပ်စုဖို့ပဲကျန်တော့တယ်
"အန်တီ ဘာလုပ်နေတာလဲဟင်"
"ဟိုတစ်ပတ်က လက်ဆောင်ရတဲ့ အလှပန်းပင်လေ အိုးနဲ့ဆသချာပြန်လုပ်နေတာ"
"သား ကူလုပ်ပေးမယ်လေ"
"လက်တွေညစ်ပတ်ကုန်မှာပေါ့"
"ရပါတယ် အန်တီ"
Tao ပန်းအိုးထဲကို မွှပြီးသားမြေဆွေး နည်းနည်းထည့်ပေးလိုက် Kyung Soo မြေဆွေးကို ခက်ရင်းခွလေးနဲ့ ဆွပေးလိုက်နဲ့
"အယ်~ သွားပြီ"
အမြစ်အပြတ်လေး တန်းလန်းဆွဲပြပြီး မျက်လုံးဝိုင်းလေးတွေနဲ့ပြောနေတဲ့ Kyung Soo
"ဘာမဖြစ်ဘူး သားငယ်
အမြစ်အဖျားပိုင်းလေးပဲ ပြတ်သွားတာမလို့"
"တော်သေးတာပေါ့ မဟုတ်ရင် အပင်သေသွားမှာစိုးလို့ ဟီး😁"
Kyung Soo ပန်းအိုးထဲက မြေဆွေးတွေ ဆက်ပြီးမွှနေလိုက်တယ်
"အင်း အပင်ကသေမှာပါ အမြစ်တောင်ပြတ်သွားတာဆိုတော့"
နောက်ကနေ တရွေ့ရွေ့လျှောက်လာရင်း ပြောတဲ့ Yeol ကြောင့် Kyung Soo မျက်လုံးထောင့်ကနေ လှမ်းကြည့်လိုက်တယ်
"အန်တီ ပြောတာတ မ သေ ဘူး တဲ့"
"အာ~ အပင်လေး သနားပါတယ် သေရတော့မှာ ကျွတ်~ ကျွတ်~ "
အပင်ကိုကိုင်ပြီး မျက်နှာငယ်နဲ့ နှမျောတဿပြောနေတော့ Kyung Soo တင်းလာပြီ မရတော့ဘူး
"ငယ့် ကြောင့် အပင်သေမှာမဟုတ်ဘဲနဲ့ ကိုကို ကိုင်နေလို့သေမှာသိလား ဟွန့်~"
ခြေဆောင့်ပြီးထွက်သွားတဲ့ Kyung Soo ကိုကြည့်ပြီး Yeol ရယ်နေမိတယ်
"သား ဘာလို့သွားစတာလဲ"
"မေမေကလည်း ငယ် စိတ်ကောက်ရင် အရမ်းချစ်ဖို့ကောင်းတာ"
"ဟိုမှာ နင့်ကလေး ကောက်သွားပြီလေ"
"ကလေး?"
Tao ဘာရယ်မဟုတ် ပြောလိုက်ပေမယ့် Yeol အကျအနလိုက်ကောက်တော့တယ်
"သားထက်ငယ်လို့ ကလေး လို့ပြောတာလေ"
"ဟုတ်သားပဲ ဟဲဟဲ
သား သွားချော့လိုက်ဦးမယ်"
*************************
Yeol အိမ်ထဲကထွက်လာတော့ ဖြူဖြူလုံးလုံး ကွေးကွေးလေးထိုင်နေတဲ့ Kyung Soo
အနက်မှာ အဖြူဖောက် ကြောင်ရုပ်လေးတွေပါတဲ့ အင်္ကျီနဲ့ဘောင်းဘီတို ဝတ်ထားတာမို့ ဖြူဝင်းနေတဲ့ အသားအရေက ပိုပြီးဖွေးနှစ်နေသလို အင်္ကျီလက်တိုအောက်က လက်မောင်းသားလေးတွေက ဝါဂွမ်းလေးတွေအတိုင်း ဖြူမွှတ်နေရော
^ကောက်ပွေ့ထားချင်စရာလေး ငယ် ရယ် တကယ်အသည်းယားစရာလေး^
စိတ်ကောက်ရင် ပိုပြီးချစ်ဖို့ကောင်းလို့ မနေနိုင်မထိုင်နိုင် သွားစမိပေမယ့် ကောက်သွားပြန်တော့လည်း မနေတတ်လို့ လိုက်ချော့ရပြန်တော့တယ်
ခုလည်း မြေဆွေးနည်းနည်းပေနေတဲ့ လက်နုနုလေးတွေနဲ့ သူ့သူပေါက်နေတဲ့ မြက်ပင်တွေကို လိုက်နှူတ်နေတာ
^ငယ့် လက်နုနုလေးတွေ နာကုန်တော့မယ်^
"ငယ်"
"လာမခေါ်နဲ့"
ခေါ်လိုက်ရုံပဲရှိသေး ဇတ်ခနဲပြန်ပြောတဲ့ Kyung Soo ကလေ
"ငယ်"
"မခေါ်နဲ့ လို့"
"အင်း မခေါ်တော့ဘူး"
ဘေးတိုက်အနေအထားမလို့ Yeol ထွက်သွားတာ Kyung Soo မြင်လိုက်ရတယ်
"အဲ့ ကိုကို ကလေ
ပြန်ချော့ရမှာမသိတာလား နည်းနည်းပဲပြောရသေးတယ် ချက်ချင်းကို ပျောက်သွားတော့တာ
Yarrr! ဘယ်လိုလူကြီးလဲ အလိုက်ကန်းဆိုးမသိတဲ့ လူကြီး မကောင်း... အင့်~"
ပွစိပွစိပြောနေတုန်း နောက်ကနေ သိုင်းဖက်ခံလိုက်ရတာ အင့် ခနဲဖြစ်သွားတယ်
"ငယ် စိတ်မကောက်နဲ့တော့နော်
ငယ် စိတ်ကောက်ရင် အရမ်းချစ်ဖို့ကောင်းလို့ ချစ်လို့စတာ စိတ်မကောက်နဲ့နော် ငယ်
ပြီးတော့ ကိုကို ကအလိုက်မသိတာ မဟုတ်ပါဘူး သိလို့ပဲ ငယ့် ကိုလာချော့တာလေ ကိုကို့ကလေးလေး စိတ်ကောက်ရင် မနေတတ်တာသိသားနဲ့"
"စိတ်ကောက်မပြေတော့ဘူး"
"ဘာလို့လဲ ငယ်"
"ငယ် စိတ်ကောက်ရင် အရမ်းချစ်ဖို့ကောင်းတာဆို"
"ဒါပေမယ့်..."
"အဲဒါကြောင့်မလို့ ငယ် စိတ်ကောက်မပြေတော့ဘူး"
"ငယ် ကလည်း အဲ့လိုပြောတာမဟုတ်ဘူးလေ"
"ဟုတ်ပါတယ်"
ခက်ပြန်ရော ချော့ရင်းပြန်ကောက် ရှင်းရင်းပြန်ရှုပ်နဲ့😆
"ငယ် ကိုကို့ ကိုစိတ်ဆိုးနေရင် မနေတတ်လို့ပါဆို"
Yeol. Kyung Soo လည်ဂုတ်နား ခေါင်းနဲ့တိုးဝှေ့ရင်း ပြောလိုက်တော့ ခိုးရယ်နေတဲ့ ကောင်လေးကိုမိသွားတယ်
"ငယ် ခိုးရယ်နေတယ်ပေါ့"
"အွန်း ㅋㅋ"
"မချော့တော့ဘူး"
"ဟော~ ငယ် လည်းစတာပေါ့ လူကြီးရဲ့"
Yeol သဘောတကျရယ်မိတယ်
ခုနောက်ပိုင်း သူ့ကလေး ပိုချွဲတတ်လာတယ် ပိုပြီးကျီစယ်တတ်လာတယ်
လက်မှာပေနေတဲ့ မြေမှုန့်တွေကို အင်္ကျီစနဲ့သုတ်ပေးတော့ မျက်လုံးဝိုင်းလေးတွေနဲ့ ပြန်ကြည့်နေပြန်တယ်
"ခုလိုဝတ်တော့လည်း ငယ် က ကလေးလေး လိုပဲ ကိုကို အမြင်ရှိတယ်ဟုတ်"
wink လုပ်ပြပြီးမေးနေတဲ့ Yeol ကွန်ဖီးဒန့်လယ်ဗယ် ဆိုးဟိုက်ပဲ တစ်ပြားမှမလျှော့ဘူး
"ငယ် နဲ့နည်းနည်းသေးနေသလားလို့"
"မသေးပါဘူး ကိုကို ရွေးလိုက်ရင်ကွက်တိပဲ"
သူဝယ်ပေးတဲ့ အင်္ကျီကို ကြံဖန်ဂုဏ်ယူနေတဲ့ Yeol ရယ်ပါ (မှတ်မိလားဟင် ဟိုတစ်ခါပါတယ်လေ🙁)
"ကိုကို"
"ပြောလေ ငယ်"
"ခုန အန်ကယ်နဲ့ဘာပြောနေတာလဲဟင်"
"အလုပ်အကြောင်းလေ"
"အလုပ်?"
"အင်း ကိုကို အလုပ်အကြောင်း လေ့လာနေတာ"
"ဘာလို့လဲ ကိုကို နောက်လဆို ဘွဲ့ရတော့မှာလေ ပြီးတော့ လက်မှတ်ပါရရင် ဆရာဝန် လုပ်ရတော့မှာကို"
"ကိုကို ဆရာဝန် မလုပ်တော့ဘူး ငယ်"
တအံ့တသြကြည့်လာတဲ့ အကြည့်တွေနဲ့
"နောက်နှစ် ကိုကို ကုမ္ပဏီမှာအလုပ်ဝင်ရမှာ အဲဒါကြောင့် ခုတည်းက ကြိုပြီးလေ့လာထားရမယ်"
"ဒါပေမယ့် ကိုကို ငယ်ငယ်တည်းက ဆရာဝန် ဖြစ်ချင်ခဲ့တာမဟုတ်လား"
"အဓိကအကြောင်းရင်းကို ငယ် သိလား"
"ဟင့်အင်း"
"ကိုကို ပြောဖူးတယ်လေ ငယ့် ကိုစောင့်ရှောက်ပေးချင်လို့ လို့"
".........."
"ငယ့် ကို စောင့်ရှောက်ဖို့အတွက် ပညာတွေသင်ပြီးပြီ ပြီးရင် ငယ့် အတွက် ပိုက်ဆံရှာရမှာပေါ့"
"ငယ့် အတွက်"
မျက်လုံးဝိုင်းလေးတွေနဲ့ နားမလည်သလိုမေးလာတဲ့ Kyung Soo ကအူယားစရာလေးမို့ Yeol ပါးဖောင်းဖောင်းလေးကို ထိရုံထိလိုက်တယ်
"ငယ် သိသင့်တဲ့အချိန် ကိုကို ကိုယ်တိုင်ပြောပြမယ်"
"ဟုတ် ကိုကို"
^နူးညံ့လွန်းတယ် ငယ့် အပြုံးတွေက တကယ်ကိုနူးညံ့တာ^
*************************
အထွေအထူးမပြောတော့ဘူးနော် Sunflower လေးတွေ မြင်ဖူးကြတယ်ဟုတ်
နေမင်းကြီးကိုပဲ မျက်နှာမူတဲ့ Sunflower လေးတွေနဲ့ အဓိပါယ်က " ပျော်ရွှင်မှု " တဲ့
'ငယ် အတွက်ပဲ အမြဲတွေးတတ်တဲ့ ကိုကို က ငယ့် အတွက် တန်ဖိုးဖြတ်လို့မရတဲ့ ပျော်ရွှင်မှုတွေပေးတဲ့ သူပဲ♥´
*************************
" ကိုကို႔ ရဲ႕ ငယ္ - 28 "
ျပတင္းတံခါးဆီက ျဖာက်လာတဲ့ ေနျခည္ႏြေးႏြေးေၾကာင့္ မ်က္ဝန္းအိမ္တို႔မွတစ္ဆင့္ ႏြေးေထြးမႈကိုခံစားလို႔ရေနတယ္
Yeol ဒီမနက္ ေတာ္ေတာ္အိပ္ေပ်ာ္သြားတာျဖစ္မယ္ မ်က္လုံးျဖည္းျဖည္းဖြင့္ၿပီး ေဘးဘက္ကိုလွည့္ၾကည့္မိေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတဲ့ Kyung Soo
ဖိအိပ္ခံရတဲ့ ပါးေဖာင္းေဖာင္းေလးတစ္ဖက္က ေရွ႕ကိုလြဲက်ေနေရာ က်န္တဲ့တစ္ဖက္က ေနျခည္ႏြေးႏြေးေအာက္မွာ
တစ္ခါတေလ ကေလးေတြ အိပ္မက္ေယာင္ၿပီး မုန့္ဝါးသလိုမ်ိဳးလည္း လုပ္တတ္ေသးတာ
နဖူးထက္ကဆံပင္တစ္ခ်ိဳ႕ အေပၚကိုလန္ေနတာေၾကာင့္ ျမင္ေနရတဲ့ နဖူးေျပက်ဥ္းက်ဥ္းေလး
မ်က္ခုံးနက္နက္ေလးေတြ မ်က္ခြံပါးပါးေလးေတြ အရိပ္ေစာင္းေစာင္းက်ေနတဲ့ မ်က္ေတာင္တိုစိပ္စိပ္ေလးေတြ ထိုမွတစ္ဆင့္ ႏႈတ္ေခါင္းလုံးလုံးေလး ပါးေဖာင္းေဖာင္းေလး ထင္းေနတဲ့ အသည္းပုံႏႉတ္ခမ္းေလးနဲ႕ ေနာက္ဆုံး ဝိုင္းစက္ေနတဲ့ မ်က္ႏွာက်ေလး
^အစိတ္အပိုင္းတစ္ခုခ်င္းစီက ျမတ္နိုးဖြယ္အတိပဲ ငယ္^
Yeol ေခါင္းကိုလက္နဲ႕ေထာက္ၿပီး Kyung Soo မ်က္ႏွာေဖြးဥဥေလးကို ေငးေနရင္း မေန႕ညကအေၾကာင္း ျပန္ေတြးမိတယ္
><><><><><><><><><><
အနားတိုးကပ္လာတဲ့ေကာင္ေလးကို ႏြေးေထြးေစေအာင္ ပိုတိုးၿပီးေထြးေပြ႕ေပးထားေပမယ့္ ညလယ္ေလာက္ေရာက္ေတာ့ သိသိသာသာတုန္လာတဲ့ ကိုယ္ေလး
"ကိုကို ငယ္ ခ်မ္းတယ္"
"ငယ္ ေနလို႔ရေသးလား"
"ဟင့္အင္း အရမ္းခ်မ္းတယ္"
သာမန္လူဆို ေနလို႔ရေပမယ့္ Kyung Soo အတြက္ ေတာ္ေတာ္ေအးတယ္ ဒီတိုင္းေနရင္ေတာင္ လက္ဖ်ားေလးေတြ ေအးေနတတ္တဲ့ ေကာင္ေလး မဟုတ္လား
အင့္~ "ကိုကို ဘယ္လိုလုပ္..."
Kyung Soo ေစြ႕ကနဲေပြ႕ခ်ီခံလိုက္ရေတာ့ Yeol ကိုတင္းေနေအာင္ ဖက္ထားမိတယ္
"ၿငိမ္ၿငိမ္ေနေလ ႏွစ္ေယာက္လုံးေလ်ာ္လဲသြားမယ္ ငယ္ ရဲ႕"
"ဟုတ္"
ၿငိမ္သာလိုက္လာရတာ Min Seok ေရွ႕မလို႔ တကယ္မ်က္ႏွာပူတယ္ ဟိုကသူ႕ဘာသာေနလို႔သာ မဟုတ္ရင္ Kyung Soo မ်က္ႏွာထားစရာေနရာ ရွိမွာမဟုတ္ဘူး
^ေနအုန္း ဒီအေျခအေနႀကီး အဘြားသာေတြ႕သြားရင္...^
"ကိုကို ေအာက္ခ်ေပး"
Kyung Soo တြန္းကန္ရင္းေျပာလာတာမို႔
"ဘာျဖစ္လို႔လဲ"
"အဘြား ေတြ႕သြားရင္..."
"အဘြား အိပ္ေနၿပီေလ"
"ဒါေပမယ့္..."
ႁပြတ္~
"စကားမ်ားတယ္"
စကားေျပာေနရင္းက ႏႈတ္ခမ္းကို ျဖတ္ခနဲလာနမ္းေတာ့ ေၾကာင္ေတာင္ေတာင္ေလး ျပန္ၾကည့္ေနတယ္ ခ်မ္းတာေတာင္ ဘယ္ေရာက္သြားမွန္းမသိ
စကားမ်ားရင္ အဲ့လိုလုပ္ၿပီးရပ္ခိုင္းရတာလား
ေနာက္ေတာ့ Yeol. Kyung Soo အတြက္ အိပ္ရာခင္းေပး ေစာင္ၿခဳံေပးၿပီးတဲ့ထိ ခိုက္ခိုက္တုန္ေအာင္ခ်မ္းေနတုန္း
Yeol ၿခဳံေနက်ေစာင္ကို အေပၚကထပ္လိုက္ၿပီး Kyung Soo ေဘးနားဝင္အိပ္လိုက္ေတာ့ တေ႐ြ႕ေ႐ြ႕တိုးလာတဲ့ ကိုယ္ေသးေသးေလး
ေၾကာင္ေလးေတြလို ရင္ခြင္ထဲ ေခါင္းဝင္တိုးရင္း ခါးကို တင္းတင္းက်ပ္က်ပ္ဖက္တြယ္လာတယ္
^ႏြေးလိုက္တာ ကိုကို^
နီးကပ္လာတာနဲ႕ ပိုက်ယ္ေလာင္လာတဲ့ ရင္ခုန္သံတစ္ခ်ိဳ႕ ရထား ၃ စီးေလာက္ျဖတ္ေမာင္းသြားသလိုပဲ
^တတ္နိုင္သမွ် ကိုကို ငယ့္ ကိုႏြေးေထြးမႈေပးမွာမလို႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္စက္ပါ ငယ္^
ရင္ခြင္ထဲကေကာင္ေလးရဲ႕ ဆံႏြယ္ႏုႏုေလးေတြၾကား ႏွာေခါင္းႏွစ္ၿပီး နမ္းရွိုက္လိုက္တဲ့ Yeol နဲ႕ တဒုတ္ဒုတ္ခုန္ေနတဲ့ ရင္ခုန္သံစည္းခ်က္ၾကားမွာ အသက္ရႉမွန္မွန္နဲ႕ အိပ္ေပ်ာ္သြားတဲ့ Kyung Soo
><><><><><><><><><><
အင္း~ ဝွါး.....
"ကိုကို နိုးေနတာၾကာၿပီလား"
".........."
ေငးေနမိတာ ဘယ္ေလာက္ၾကာသြားလဲမသိ
Kyung Soo တလႈပ္လႈပ္နဲ႕နိုးလာတာ မသိတဲ့အျပင္ ေခၚတာေတာင္ မၾကား
"ကိုကို!"
"ဟင္"
"မျမင္ဖူးတာက်ေနတာပဲ ၾကည့္ေနတာ"
"အာ~ မဟုတ္ ငယ့္ ကို မဟုတ္ဘူး ကိုကို မ်က္ႏွာသြားသစ္ေတာ့မယ္"
စကားေတြ အလြဲလြဲအေခ်ာ္ေခ်ာ္နဲ႕ ကဗ်ာကယာ ထထြက္သြားတဲ့ Yeol ရယ္
"ၾကည့္ တည့္တည့္ေျပာေတာ့ ရွက္သြားလိုက္တာ ခုနၾကည့္ေနတာ သူမဟုတ္တာက်ေနေရာပဲ
ကိုကို ရွက္တဲ့အခ်ိန္က် ဘယ္လိုေလးလဲမသိဘူး ခ်စ္စရာေလး "
တစ္ခါတေလ Yeol ကိုရွက္ေအာင္စ.ရတာ Kyung Soo သေဘာက်တယ္ ဘာလို႔မွန္းမသိေပမယ့္ ဒီတိုင္းသေဘာက်တာ
*************************
"မား..."
Kyung Soo ျပန္လာမယ္မွန္းသိလို႔ Suho ၿခံထဲမွာရွိေနတဲ့အခ်ိန္ ေျပးဖက္ခံလိုက္ရတယ္
"Aigoo~ မား သားေလး ျပန္လာၿပီေပါ့"
"မား ကိုလြမ္းေနတာ"
လိုခ်င္တာရွိလို႔ ခြၽဲသလိုမ်ိဳး Kyung Soo မ်က္လုံးေလးေတြမွိတ္တဲ့ထိ ရယ္ျပၿပီးေျပာေနတာ
"ငခြၽဲေလး"
"မား ကလည္း"
"သား နည္းနည္းပိန္သြားတယ္ေနာ္"
"ေနရာေျပာင္းေနမိလို႔ထင္တယ္ မား"
"အင္း ဒါနဲ႕ Yeolေလး "
"ကိုကို ျပန္သြားၿပီ မား
အိမ္ကိုမဝင္ေတာ့ဘူး လို႔ေျပာတယ္"
"ပင္ပန္းေနလို႔ျဖစ္မွာေပါ့"
"ဟုတ္ တီေလးေရာ မား"
"ထမင္းစားခန္းမွာ သား"
"ဟုတ္"
Kyung Soo အိမ္ထဲဝင္လာခဲ့တယ္
ျပန္လာတာေတာင္ မသိေသးတဲ့ Lulu ကိုသြားရစ္ရမယ္ေလ
"တီေလး"
ထမင္းစားခန္းအဝမွာရပ္ၿပီး စူပုပ္ပုပ္နဲ႕ေခၚေနတဲ့ Kyung Soo ကိုၾကည့္ၿပီး အံ့ၾသသြားတယ္
"ေဟာ~ သားျပန္ေရာက္ၿပီပဲ"
"အြန္း ခုနေလးက"
"ခနေလးေစာင့္ေနာ္ တီေလး ဒါအရင္ၿပီးေအာင္လုပ္လိုက္မယ္"
"တီေလး"
Kyung Soo ထပ္ေခၚလိုက္ေတာ့ အနားေရာက္လာတဲ့ Lulu
"လာပါၿပီ သားရဲ႕"
"တီေလးက မေတြ႕တာၾကာေတာ့ သားကို သတိမရခ်င္ေတာ့ဘူးေပါ့"
"မဟုတ္ပါဘူး"
"ဟုတ္ပါတယ္ ေရာက္လာတာေတာင္မသိဘဲ ဘာေတြလုပ္ေနတယ္မသိဘူး ဟြန့္"
"သားအတြက္ ေခါက္ဆြဲေအး လုပ္ေနတာ"
'ေခါက္ဆြဲေအး' လို႔ၾကားတာနဲ႕ Kyung Soo မ်က္လုံးေတြတလက္လက္ျဖစ္သြားတယ္
Lulu လုပ္ေပးတဲ့ ေခါက္ဆြဲေအးက Kyung Soo အႀကိဳက္ဆုံးပဲ တျခားနဲ႕တူကိုမတူတာ
"တကယ္ေျပာတာမဟုတ္လား"
"မဟုတ္ဘူး"
"တီေလး"
"႐ုပ္ေလးက ဘာမွန္းမသိဘူး တီေလးက စ.စရာလား"
မ်က္ေစာင္းေသးေသးေလးထိုးေနတဲ့ Kyung Soo ခုမွပဲ ရယ္သြားေတာ့တယ္
"Aigoo~ တီေလးက အေကာင္းဆုံးပဲ
သား ခနနားဦးမယ္ တီေလးလက္ရာ ၿပီးမွစားမယ္ ဟီး😁"
"ဟုတ္ပါၿပီ သား သေဘာပါ"
Kyung Soo. Lulu ကိုေက်ာခိုင္းၿပီး အေပၚထပ္မွ အခန္းဆီသို႔
^ကိုကို ေကာင္းေကာင္းအနားယူေနမွာပါ^
*************************
Yeol အလုပ္အတြက္ ႀကိဳၿပီးျပင္ဆင္ဖို႔ Kris နဲ႕တိုင္ပင္ေနတဲ့အခ်ိန္ ၾကားလိုက္ရတဲ့ အသံစူးစူးေလး
"ကိုကို😁"
အခန္းတံခါးကေန ေခါင္းေလးျပဴၿပီး လွမ္းေခၚေနတာ ဘယ္လိုခ်စ္ဖို႔ေကာင္းေနပါလိမ့္
"ငယ္ ေအာက္ထပ္မွာရွိမယ္ေနာ္"
Yeol ၾကား႐ုံ ေလသံတိုးတိုးေလးနဲ႕ေျပာလိုက္တယ္
"အန္ကယ္ သြားလိုက္ပါဦးမယ္😁"
Kris ေခါင္းၿငိမ့္ျပတာနဲ႕ Kyung Soo ေအာက္ထပ္ကို ျပန္ဆင္းလာခဲ့တယ္
အိမ္ေရာက္လာတာသိေအာင္ Yeol ကို ကိုယ္ထင္ျပၿပီးၿပီ Tao ကို သြားရႈပ္ မဟုတ္ပါဘူး သြားစပ္စုဖို႔ပဲက်န္ေတာ့တယ္
"အန္တီ ဘာလုပ္ေနတာလဲဟင္"
"ဟိုတစ္ပတ္က လက္ေဆာင္ရတဲ့ အလွပန္းပင္ေလ အိုးနဲ႕ဆသခ်ာျပန္လုပ္ေနတာ"
"သား ကူလုပ္ေပးမယ္ေလ"
"လက္ေတြညစ္ပတ္ကုန္မွာေပါ့"
"ရပါတယ္ အန္တီ"
Tao ပန္းအိုးထဲကို မႊၿပီးသားေျမေဆြး နည္းနည္းထည့္ေပးလိုက္ Kyung Soo ေျမေဆြးကို ခက္ရင္းခြေလးနဲ႕ ဆြေပးလိုက္နဲ႕
"အယ္~ သြားၿပီ"
အျမစ္အျပတ္ေလး တန္းလန္းဆြဲျပၿပီး မ်က္လုံးဝိုင္းေလးေတြနဲ႕ေျပာေနတဲ့ Kyung Soo
"ဘာမျဖစ္ဘူး သားငယ္
အျမစ္အဖ်ားပိုင္းေလးပဲ ျပတ္သြားတာမလို႔"
"ေတာ္ေသးတာေပါ့ မဟုတ္ရင္ အပင္ေသသြားမွာစိုးလို႔ ဟီး😁"
Kyung Soo ပန္းအိုးထဲက ေျမေဆြးေတြ ဆက္ၿပီးမႊေနလိုက္တယ္
"အင္း အပင္ကေသမွာပါ အျမစ္ေတာင္ျပတ္သြားတာဆိုေတာ့"
ေနာက္ကေန တေ႐ြ႕ေ႐ြ႕ေလွ်ာက္လာရင္း ေျပာတဲ့ Yeol ေၾကာင့္ Kyung Soo မ်က္လုံးေထာင့္ကေန လွမ္းၾကည့္လိုက္တယ္
"အန္တီ ေျပာတာတ မ ေသ ဘူး တဲ့"
"အာ~ အပင္ေလး သနားပါတယ္ ေသရေတာ့မွာ ကြၽတ္~ ကြၽတ္~ "
အပင္ကိုကိုင္ၿပီး မ်က္ႏွာငယ္နဲ႕ ႏွေမ်ာတႆေျပာေနေတာ့ Kyung Soo တင္းလာၿပီ မရေတာ့ဘူး
"ငယ့္ ေၾကာင့္ အပင္ေသမွာမဟုတ္ဘဲနဲ႕ ကိုကို ကိုင္ေနလို႔ေသမွာသိလား ဟြန့္~"
ေျခေဆာင့္ၿပီးထြက္သြားတဲ့ Kyung Soo ကိုၾကည့္ၿပီး Yeol ရယ္ေနမိတယ္
"သား ဘာလို႔သြားစတာလဲ"
"ေမေမကလည္း ငယ္ စိတ္ေကာက္ရင္ အရမ္းခ်စ္ဖို႔ေကာင္းတာ"
"ဟိုမွာ နင့္ကေလး ေကာက္သြားၿပီေလ"
"ကေလး?"
Tao ဘာရယ္မဟုတ္ ေျပာလိုက္ေပမယ့္ Yeol အက်အနလိုက္ေကာက္ေတာ့တယ္
"သားထက္ငယ္လို႔ ကေလး လို႔ေျပာတာေလ"
"ဟုတ္သားပဲ ဟဲဟဲ
သား သြားေခ်ာ့လိုက္ဦးမယ္"
*************************
Yeol အိမ္ထဲကထြက္လာေတာ့ ျဖဴျဖဴလုံးလုံး ေကြးေကြးေလးထိုင္ေနတဲ့ Kyung Soo
အနက္မွာ အျဖဴေဖာက္ ေၾကာင္႐ုပ္ေလးေတြပါတဲ့ အကၤ်ီနဲ႕ေဘာင္းဘီတို ဝတ္ထားတာမို႔ ျဖဴဝင္းေနတဲ့ အသားအေရက ပိုၿပီးေဖြးႏွစ္ေနသလို အကၤ်ီလက္တိုေအာက္က လက္ေမာင္းသားေလးေတြက ဝါဂြမ္းေလးေတြအတိုင္း ျဖဴမႊတ္ေနေရာ
^ေကာက္ေပြ႕ထားခ်င္စရာေလး ငယ္ ရယ္ တကယ္အသည္းယားစရာေလး^
စိတ္ေကာက္ရင္ ပိုၿပီးခ်စ္ဖို႔ေကာင္းလို႔ မေနနိုင္မထိုင္နိုင္ သြားစမိေပမယ့္ ေကာက္သြားျပန္ေတာ့လည္း မေနတတ္လို႔ လိုက္ေခ်ာ့ရျပန္ေတာ့တယ္
ခုလည္း ေျမေဆြးနည္းနည္းေပေနတဲ့ လက္ႏုႏုေလးေတြနဲ႕ သူ႕သူေပါက္ေနတဲ့ ျမက္ပင္ေတြကို လိုက္ႏႉတ္ေနတာ
^ငယ့္ လက္ႏုႏုေလးေတြ နာကုန္ေတာ့မယ္^
"ငယ္"
"လာမေခၚနဲ႕"
ေခၚလိုက္႐ုံပဲရွိေသး ဇတ္ခနဲျပန္ေျပာတဲ့ Kyung Soo ကေလ
"ငယ္"
"မေခၚနဲ႕ လို႔"
"အင္း မေခၚေတာ့ဘူး"
ေဘးတိုက္အေနအထားမလို႔ Yeol ထြက္သြားတာ Kyung Soo ျမင္လိုက္ရတယ္
"အဲ့ ကိုကို ကေလ
ျပန္ေခ်ာ့ရမွာမသိတာလား နည္းနည္းပဲေျပာရေသးတယ္ ခ်က္ခ်င္းကို ေပ်ာက္သြားေတာ့တာ
Yarrr! ဘယ္လိုလူႀကီးလဲ အလိုက္ကန္းဆိုးမသိတဲ့ လူႀကီး မေကာင္း... အင့္~"
ပြစိပြစိေျပာေနတုန္း ေနာက္ကေန သိုင္းဖက္ခံလိုက္ရတာ အင့္ ခနဲျဖစ္သြားတယ္
"ငယ္ စိတ္မေကာက္နဲ႕ေတာ့ေနာ္
ငယ္ စိတ္ေကာက္ရင္ အရမ္းခ်စ္ဖို႔ေကာင္းလို႔ ခ်စ္လို႔စတာ စိတ္မေကာက္နဲ႕ေနာ္ ငယ္
ၿပီးေတာ့ ကိုကို ကအလိုက္မသိတာ မဟုတ္ပါဘူး သိလို႔ပဲ ငယ့္ ကိုလာေခ်ာ့တာေလ ကိုကို႔ကေလးေလး စိတ္ေကာက္ရင္ မေနတတ္တာသိသားနဲ႕"
"စိတ္ေကာက္မေျပေတာ့ဘူး"
"ဘာလို႔လဲ ငယ္"
"ငယ္ စိတ္ေကာက္ရင္ အရမ္းခ်စ္ဖို႔ေကာင္းတာဆို"
"ဒါေပမယ့္..."
"အဲဒါေၾကာင့္မလို႔ ငယ္ စိတ္ေကာက္မေျပေတာ့ဘူး"
"ငယ္ ကလည္း အဲ့လိုေျပာတာမဟုတ္ဘူးေလ"
"ဟုတ္ပါတယ္"
ခက္ျပန္ေရာ ေခ်ာ့ရင္းျပန္ေကာက္ ရွင္းရင္းျပန္ရႈပ္နဲ႕😆
"ငယ္ ကိုကို႔ ကိုစိတ္ဆိုးေနရင္ မေနတတ္လို႔ပါဆို"
Yeol. Kyung Soo လည္ဂုတ္နား ေခါင္းနဲ႕တိုးေဝွ႕ရင္း ေျပာလိုက္ေတာ့ ခိုးရယ္ေနတဲ့ ေကာင္ေလးကိုမိသြားတယ္
"ငယ္ ခိုးရယ္ေနတယ္ေပါ့"
"အြန္း "
"မေခ်ာ့ေတာ့ဘူး"
"ေဟာ~ ငယ္ လည္းစတာေပါ့ လူႀကီးရဲ႕"
Yeol သေဘာတက်ရယ္မိတယ္
ခုေနာက္ပိုင္း သူ႕ကေလး ပိုခြၽဲတတ္လာတယ္ ပိုၿပီးက်ီစယ္တတ္လာတယ္
လက္မွာေပေနတဲ့ ေျမမႈန့္ေတြကို အကၤ်ီစနဲ႕သုတ္ေပးေတာ့ မ်က္လုံးဝိုင္းေလးေတြနဲ႕ ျပန္ၾကည့္ေနျပန္တယ္
"ခုလိုဝတ္ေတာ့လည္း ငယ္ က ကေလးေလး လိုပဲ ကိုကို အျမင္ရွိတယ္ဟုတ္"
wink လုပ္ျပၿပီးေမးေနတဲ့ Yeol ကြန္ဖီးဒန့္လယ္ဗယ္ ဆိုးဟိုက္ပဲ တစ္ျပားမွမေလွ်ာ့ဘူး
"ငယ္ နဲ႕နည္းနည္းေသးေနသလားလို႔"
"မေသးပါဘူး ကိုကို ေ႐ြးလိုက္ရင္ကြက္တိပဲ"
သူဝယ္ေပးတဲ့ အကၤ်ီကို ႀကံဖန္ဂုဏ္ယူေနတဲ့ Yeol ရယ္ပါ (မွတ္မိလားဟင္ ဟိုတစ္ခါပါတယ္ေလ🙁)
"ကိုကို"
"ေျပာေလ ငယ္"
"ခုန အန္ကယ္နဲ႕ဘာေျပာေနတာလဲဟင္"
"အလုပ္အေၾကာင္းေလ"
"အလုပ္?"
"အင္း ကိုကို အလုပ္အေၾကာင္း ေလ့လာေနတာ"
"ဘာလို႔လဲ ကိုကို ေနာက္လဆို ဘြဲ႕ရေတာ့မွာေလ ၿပီးေတာ့ လက္မွတ္ပါရရင္ ဆရာဝန္ လုပ္ရေတာ့မွာကို"
"ကိုကို ဆရာဝန္ မလုပ္ေတာ့ဘူး ငယ္"
တအံ့တၾသၾကည့္လာတဲ့ အၾကည့္ေတြနဲ႕
"ေနာက္ႏွစ္ ကိုကို ကုမၸဏီမွာအလုပ္ဝင္ရမွာ အဲဒါေၾကာင့္ ခုတည္းက ႀကိဳၿပီးေလ့လာထားရမယ္"
"ဒါေပမယ့္ ကိုကို ငယ္ငယ္တည္းက ဆရာဝန္ ျဖစ္ခ်င္ခဲ့တာမဟုတ္လား"
"အဓိကအေၾကာင္းရင္းကို ငယ္ သိလား"
"ဟင့္အင္း"
"ကိုကို ေျပာဖူးတယ္ေလ ငယ့္ ကိုေစာင့္ေရွာက္ေပးခ်င္လို႔ လို႔"
".........."
"ငယ့္ ကို ေစာင့္ေရွာက္ဖို႔အတြက္ ပညာေတြသင္ၿပီးၿပီ ၿပီးရင္ ငယ့္ အတြက္ ပိုက္ဆံရွာရမွာေပါ့"
"ငယ့္ အတြက္"
မ်က္လုံးဝိုင္းေလးေတြနဲ႕ နားမလည္သလိုေမးလာတဲ့ Kyung Soo ကအူယားစရာေလးမို႔ Yeol ပါးေဖာင္းေဖာင္းေလးကို ထိ႐ုံထိလိုက္တယ္
"ငယ္ သိသင့္တဲ့အခ်ိန္ ကိုကို ကိုယ္တိုင္ေျပာျပမယ္"
"ဟုတ္ ကိုကို"
^ႏူးညံ့လြန္းတယ္ ငယ့္ အၿပဳံးေတြက တကယ္ကိုႏူးညံ့တာ^
*************************
အေထြအထူးမေျပာေတာ့ဘူးေနာ္ Sunflower ေလးေတြ ျမင္ဖူးၾကတယ္ဟုတ္
ေနမင္းႀကီးကိုပဲ မ်က္ႏွာမူတဲ့ Sunflower ေလးေတြနဲ႕ အဓိပါယ္က " ေပ်ာ္႐ႊင္မႈ " တဲ့
'ငယ္ အတြက္ပဲ အၿမဲေတြးတတ္တဲ့ ကိုကို က ငယ့္ အတြက္ တန္ဖိုးျဖတ္လို႔မရတဲ့ ေပ်ာ္႐ႊင္မႈေတြေပးတဲ့ သူပဲ♥´
*************************