တိမ်ယံလွှမ်းတဲ့တောင် / တိမ္ယံ...

By hinnthawethadar

46K 5.7K 39

Normal သိုင်းစာစဥ်လေးပါ Normal သိုင္းစာစဥ္ေလးပါ More

🦋Read🦋
🦋1🦋
🦋2🦋
🦋3🦋
🦋4🦋
🦋5🦋
🦋6🦋
🦋7🦋
🦋8🦋
🦋9🦋
🦋10🦋
🦋11🦋
🦋12🦋
🦋13🦋
🦋14🦋
🦋15🦋
🦋16🦋
🦋17🦋
🦋18🦋
🦋19🦋
🦋20🦋
🦋21🦋
🦋22🦋
🦋23🦋
🦋24🦋
🦋25🦋
🦋26🦋
🦋27🦋
🦋28🦋
🦋29🦋
🦋30🦋
🦋31🦋
🦋33🦋
🦋34🦋
🦋35🦋
🦋36🦋
🦋37🦋
🦋38🦋
🦋39🦋
🦋40🦋
🦋41🦋
🦋42🦋
🦋43🦋
🦋44🦋
🦋45🦋
🦋46🦋
🦋47🦋
🦋48🦋
🦋49🦋
🦋50🦋
🦋51🦋
🦋52🦋
🦋To read 🦋
🦋53🦋
🦋54🦋
🦋55🦋
🦋56🦋
🦋57🦋
🦋58🦋
🦋59🦋
🦋60🦋
🦋61🦋
🦋62🦋
🦋63🦋
🦋64🦋
🦋65🦋Final
🦋Continue🦋

🦋32🦋

512 81 0
By hinnthawethadar

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋32🦋

        ဥယျာဉ်ထဲတွင်တော့ တောင်ပိုင်း အိမ်ရှေ့စံမင်းသား လော့ယွင်က ဟွမ်ကျင်းရွှေကို ချင်းချုံး၏အစားအသောက်များကို သေရည်ကောင်းတစ်ခွက်နှင့် တည်ခင်းဧည့်ခံနေတာ ဖြစ်သည်။ နွီအော်က ချင်းချုံးမိသားစုအပေါ် ကျေးဇူးရှိခဲ့ဖူးသည့်အပြင် ဟွမ်ကျင်းရွှေအကြောင်းကိုလည်း ပြောပြထားခဲ့ဖူးသည်။

        ထို့ကြောင့် လော့ယွင်သည် ဟွမ်ကျင်းရွှေ၏ နတ်ဆိုးသားရဲသွေးကြောများကို မြင်တာတောင် တုန်လှုပ်မသွားသည့်အပြင် ပျောက်ကင်းအောင် ကုသပေးဖို့အထိ ဆွေးနွေးခဲ့သည်။

        လော့လော်သည် ယဲ့ရှားလုံကင်ပေးတဲ့ ငါးကင်ကို အားရပါးရ စားရင်းလျှောက်လာလေသည်။

"ငါတို့ချင်းချုံးက ငါးကဒီလောက်တောင် အရသာရှိတာလား..."
"ဘယ်လိုလဲ ငါကင်ပေးတာ ကောင်းတယ်မဟုတ်လား"

"အင်း... နောက်နေ့ကျရင် ကျင်းကိုကို နဲ့ ရိယုံကိုပါ ခေါ်ပြီး ငါးသွားမျှားကြမယ်... ပြီးရင် ယဲ့ယဲ့က ကင်ပေးရမယ်နော်..."
"အင်း...."

        သူတို့နှစ်ယောက် ဥယျာဉ်စားပွဲဝိုင်းက ဟွမ်ကျင်းရွှေတို့အနား ရောက်ခဲ့သည်။ လော့ယွင်သည် ဟွမ်ကျင်းရွှေထက် အသက်ကြီးသော်လည်း ရုပ်ရည်အရာမှာတော့ ငယ်ရွယ်နုပျိုနေဆဲပင်။

"အစ်ကိုကြီး...."
"လာပြီလား.... အရူးမလေး...."

"စားကြည့်...."

        ငါးကင်တစ်ဖဲ့ကို လော့ယွင်ပါးစပ်ထဲ ထိုးထည့်ပေးပြီးနောက် ဟွမ်ကျင်းရွှေဘေးတွင် ဝင်ထိုင်လိုက်သည်။

"အွန်း.... စားကောင်းသားပဲ ဒါနဲ့သူက...."
"ညီမလေးရဲ့သူငယ်ချင်းပါ ယဲ့ရှားလုံတဲ့.... "

"တောင်ပိုင်းအိမ်ရှေ့စံမင်းသားကို ဂါဝရပြုပါတယ် "
"ထပါ.... မင်းလည်း ဝင်ထိုင်လေ"

"မထိုင်ဝံ့ပါဘူး... ကျွန်တော်မျိုးမ အလုပ်ကိစ္စလေးရှိသေးလို့..."
"ဘာမှမရှိဘူး...."

       လော့လော်သည် ယဲ့ရှားလုံစကားကို ဖြတ်ပြောပြီး ယဲ့ရှားလုံအဝတ်စကို စောင့်ဆွဲကာ သူတို့နဲ့အတူ ထိုင်စေ၏။ ထို့အပြင် လော့လော်သည် ယဲ့ရှားလုံဘက်သို့ ပိုပိုတိုးသွားသေးသည်။ ယဲ့ရှားလုံမှာ ဘေးသို့ဆက်တိုးသည်။

       တိုးရင်းတိုးရင်း အိမ်ရှေ့စံမင်းသားနားပင် ရောက်တော့မလို ဖြစ်သွားသည်။ ထိုအခါမှ လော့လော်သည် ပြုံးစိစိလုပ်ပြီး ဟွမ်ကျင်းရွှေအနားပြန်ရောက်သွားတော့သည်။ လော့လော်သည် သိသိသာသာကို သူ့အစ်ကိုဆီ ထိုးပေးနေပြီ။

       အိမ်ရှေ့စံမင်းသားက ပြုံးရုံကလေးသာပြုံးရင်း ဟွမ်ကျင်းရွှေကို အရက်တစ်ခွက် ငှဲ့ပေးသည်။ ထိုအခိုက် လော့လော်က သူ့ခွက်ကိုပါ ရှေ့တိုးပေးလာ၏။

"ဟဲဟဲ....."
"မသောက်နိုင်ဘဲနဲ့...."

"တစ်ခွက်ပါပဲ.... ယဲ့ရှားလုံကိုလည်း ငှဲ့ပေးလိုက်.... ညီမသူငယ်ချင်းဆိုတော့ အစ်ကိုကြီးရဲ့မိတ်ဆွေပဲပေါ့... နော်"
"မလုပ်...."

"ကောင်းပါပြီ...."

       ယဲ့ရှားလုံ လက်ကာတုန်းရှိသေး လော့ယွင်က သူ့အတွက် သေရည်ငှဲ့ပေးပြီးနေပြီ။ သေရည်ကို တစ်ခွက်သောက်ပြီး ဆက်တိုက်သောက်ချင်နေတဲ့ သူ့အကျင့်ကို သိတာကြောင့် ယဲ့ရှားလုံက ထသွားရန် ပြင်သော်လည်း အိမ်ရှေ့စံမင်းသားက အရက်ခွက်ကိုမြှောက်ပြလာသော် သူလည်းအတူသောက်ရတော့သည်။

        တစ်ခွက်သောက်ပြီးသော်

"အေ့...."

       လော့ယွင်က ညီမဖြစ်သူကို တစ်ချက်ကြည့်ကာ

"စပြီ စပြီ....."
"ဟဲဟဲ...."

       လော့လော် သူ့အစ်ကိုအား ပြုံးပြပြီးနောက်တွင် ဟွမ်ကျင်းရွှေ၏ပုခုံးပေါ် ပြိုလဲကျသွားတော့သည်။ လော့လော်၏ အရက်သောက်နိုင်စွမ်းက ကယ်ရခက်လွန်းလို့ အစ်ကိုတွေစုပြီး အရက်သောက်တဲ့အခါ သူမကိုဘေးဖယ်ထားရသည်။

        ဘေးဖယ်ထားလို့မရတဲ့အခါ ခိုးသောက်ရသေး၏။ နှစ်ခွက်လောက်သောက်ပြီး မူးပြီဆိုရင် စကားအရမ်းများတာကြောင့် သူမမူးရင် မည်သူမှမနေနိုင်ဘဲ ထွက်ပြေးရသည်။ ဟွမ်ကျင်းရွှေ လော့လော်အား ပြန်ပွေ့ခေါ်သွားပြီးနောက် ယဲ့ရှားလုံကလည်း ထွက်သွားရန် ပြင်၏။

"အိမ်ရှေ့စံမင်းသား.... ကျွန်မ...."
"မင်းမသွားသေးနဲ.... "

"ဟင်...."
"ငါမင်းကိုမေးမယ်.... ဟုန်ကျင်းချင်ဂိုဏ်းက လိုင်ကုန်းကျိုကိုသတ်တာ မင်းမဟုတ်လား "

        ယဲ့ရှားလုံ ထိတ်လန့်နေတဲ့ ပုံသဏ္ဍာန်ကို ဖုံးကွယ်မထားနိုင်သောကြောင့် ချက်ချင်းထကာ ဒူးထောက်လိုက်ပါ၏။

"သူက...."
"ငါကြားပြီးပြီ...."

"ဟင်... အိမ်ရှေ့စံမင်းသားက ဘာကြားထားတာလဲတော့ မသိပေမယ့် ကျွန်မသူ့ကိုသတ်ရတဲ့ အကြောင်းအရင်းက သူကျွန်မအစ်မအပေါ် စော်ကားခဲ့လို့ပါ...."
"ငါလည်း အဲ့လိုကြားထားတာပါပဲ..."

"ဟုတ် ဟုတ်ကဲ့...."
"ဒါပေမယ့် ဟုန်ကျင်းချင်ဂိုဏ်းက မင်းကိုအသဲအသန် လိုက်ရှာနေပြီ.... အဲ့ဒါက အခုချင်းချုံးကိုတောင် ရောက်လာပြီ..."

"ကျွန်မရဲ့ရန်ငြိုးကို ကျွန်မပဲ အဆုံးသတ်ပါ့မယ်.... "
"မင်းအဆုံးသတ်ချင်တာက ထားပါတော့ မင်းကအခုထိ ချင်းချုံးပြည်သား ဖြစ်နေသေးတယ်.... ငါမင်းကို ကူညီပေးနိုင်တယ်...."

"တကယ်လား..."
"တကယ်?"

"အိမ်ရှေ့စံမင်းသားကို ကျေးဇူးတင်ပါတယ်.... ကျွန်မဘက်က ဘာများပြန်ကူညီပေးရမလဲ..."
"ငါ့ကြင်ယာတော်အဖြစ် နှစ်နှစ်နေပေးရမယ်..."

"အာ....."

       ယဲ့ရှားလုံ ဆွံအသွားပြီး မျက်တောင်နှစ်ချက်လောက် ပုတ်ခတ်မိသွားသည်။ လော့လော် တကယ်သူ့ကို ထိုးကျွေးသွားလေပြီ။ အိမ်ရှေ့စံမင်းသား၏ မျက်လုံးတွေထဲမှာတော့ သူ့အပေါ် ချစ်မြတ်နိုးနေတဲ့ အရိပ်အယောင်တွေ မတွေ့ရပေ။

        အနည်းငယ် စိတ်ချနိုင်သောကိစ္စက သူတို့နှစ်ယောက် ပြန်လည်ကွာရှင်းလို့ ရနိုင်သည်။ ကွာရှင်းပြီးသား လူတစ်ယောက်ကိုဆို နောက်ထပ်မည်သူကမှ လက်ထပ်တော့မည်မဟုတ်။ ဤသည်ကလည်း ချင်းချုံး၏ဓလေ့တစ်ခု ဖြစ်လေသည်။

        လော့ယွင်က ယဲ့ရှားလုံ၏လက်ကို ပင့်မ၍ ထစေသည်။

"အဲ့ဒီအချိန်ကာလ ကျော်သွားရင် ငါမင်းကိုလွှတ်ပေးမှာပါ.. "
"ကျွန်မတစ်ခုလောက်များ မေးလို့ရမလား"

"ပြောပါ...."
"ဘာကြောင့်ကျွန်မကို ရွေးရတာလဲ"

       လော့ယွင်က ပြုံးသည်။

"တခြားလူဆို ငါလွယ်လွယ်နဲ့ ကွာရှင်းပေးလို့ရမှာ မဟုတ်ဘူး.... သူတို့ကငါ့ကို တွယ်ကပ်နေနိုင်တယ်.... မင်းက ယောကျ်ားလေးဘဝကနေ ပြန်မွေးဖွားလာတာဆိုတော့ သေချာပေါက် ငါ့ကိုစိတ်ဝင်စားမှာ မဟုတ်ဘူးလေ... ဟုတ်တယ်မဟုတ်လား "
"ဟုတ်ပါတယ်...."

"မင်းသဘောတူလား.... ကြည့်ရတာ မင်းကမင်းလေ့ကျင်နေတဲ့ ကျင့်စဥ်ရဲ့နောက်ဆုံးအဆင့်ကို ရောက်နေပြီပဲ... ငါနဲ့နေတဲ့ အချိန်အတွင်းမှာ မင်းဆက်လေ့ကျင့်လို့ရတယ်..."
"တကယ်လား.... အိမ်ရှေ့စံမင်းသားက တကယ်ခွင့်ပြုတာလား"

"ခွင့်ပြုတယ်.... "
"ဒါဆိုရင်တော့ ယဲ့ရှားလုံက ကျေးဇူးတင်ပါတယ် "

"သဘောတူတယ်ဟုတ်..."
"သဘောတူပါတယ်...."

"ကောင်းပြီ... "

       သူ့ရဲ့နောက်ဆုံးအဆင့်သာ အောင်မြင်ပါက ဟုန်ကျင်းချင်ဂိုဏ်းကို ကြောက်နေစရာမလိုတော့ချေ။ ဘယ်သူလာလာ သွေးအားလုံးကို စုပ်ထုတ်ကာ အရေခွံသာကျန်ခဲ့အောင် သတ်ပစ်လိုက်မည်။ မကောင်းဆိုးဝါးကျင့်စဥ် ကျင့်ထားသူကို အိမ်ရှေ့စံက လက်ခံလာလိမ့်မယ်လို့ ထင်မထားခဲ့။

        အိမ်ရှေ့စံမင်းသားကလည်း သူ့အကြောင်းကြောင့်ဆိုတာ နားလည်မိသည်။ ချင်းချုံးတွင် မကောင်းဆိုးဝါးကျင့်စဥ် ကျင့်သူဖြစ်ပါစေ ၊ ဖြောင့်မတ်သော ကျင့်စဥ်ကို လေ့ကျင့်သူဖြစ်ပါစေ မိမိပြည်သားကို ပြန်မသတ်သရွေ့ အပြစ်မဖွဲ့တတ်ပေ။

       သို့နှင့် သူတို့နှစ်ယောက် သဘောတူညီမှု ပြုပြီးနောက် လမ်းခွဲခဲ့သည်။ ယဲ့ရှားလုံသည် ချင်းချုံးတောင်ပိုင်းကပဲ ဖြစ်တာမို့ သူ့အကြောင်းကို လော့ယွင်သိနေတာ မဆန်းချေ။ နေရာအနှံ့မှာ လော့ယွင်၏တပ်သားတွေ ရှိနေသည်လေ။

       ဟွမ်ကျင်းရွှေသည် တစ်လမ်းလုံး စကားတွေပြောလာသော လော့လော်ကြောင့် နားတွေပင် အူနေလေပြီ။ လော့လော်သည် အလည်အပတ်သွားရတာကို သဘောကျတာကြောင့် ငယ်ငယ်ကဆို ချင်းချုံးကို တစ်ရက်တစ်ခါလောက်ကတော့ ပတ်သွားဖြစ်သည်။

       ထို့ကြောင့် နယ်မြေတိုင်းတွင် သူမအတွက် နန်းဆောင်တစ်ခုကို ဆောက်ပေးထားရသည်။ အဘယ်ကြောင့်ဆိုသော် အအိပ်မတ်ကာ တွေ့ကရနေရာတွင် ဝင်အိပ်တတ်တာကြောင့်ပင်။ သူမသည် မိန်းကလေးတစ်ယောက်ပေမယ့် အပြုအမူတွေက ယောကျ်ားလေးတစ်ယောက်လား ထင်မှတ်ရသည်။

"ကျင်းကိုကို.... "
"နန်းဆောင်ရောက်ပြီ..."

"ဟင် နန်းဆောင်.... ဘယ်နန်းဆောင်မှာလဲ လော့ လော်တို့ တိမ်လွှမ်း တိမ်လွှမ်းတောင်ထွတ်ကို ပြန်ရောက်နေတာလား... ဘယ်မှာလဲ...."
"ပါးစပ်ပိတ်ထားကွာ..."

"ဟင့်.... ပိတ်ဘူး ပိတ်ဘူး.... သစ်တော်သီး သစ်တော်သီး.... ပန်းသီးစားမယ် ပန်းသီး..."

'ဒုန်း....'

        ဟွမ်ကျင်းရွှေတံခါးကို ကန်ဖွင့်လိုက်၏။ တံခါးက အလိုလို ပြန်ပိတ်သွားသည်။ လော့လော်ကို ခုတင်ပေါ်ချပေးပြီး စောင်ပါခြုံပေးလိုက်ရာ သူမခေါင်းအထိ လွှမ်းသွား၏။

"အား......."

       အကျယ်ကြီးအော်ကာ ထလာသည်။

"ကျင်းကိုကို...."
"နောက်ဘယ်တော့မှ အရက်မသောက်နဲ့"

"ဟားဟား...."

       မပွင့်တပွင့်မျက်လုံးဖြင့် ဟွမ်ကျင်းရွှေကို မော့ကြည့်သည်။

"မကြာခင်...."
"အင်း ဘာဖြစ်လဲ"

"အစ်ကိုကြီးနဲ့ ယဲ့ရှားလုံ လက်ထပ်တော့မှာ.... "
"ဟင်...."

"တကယ်ပြော တာ .... အေ့..... လော့လော်ပြောတာ ယုံ... ကျင်းကိုကို... "

       ဟွမ်ကျင်းရွှေအား လက်လှမ်းဆွဲသည်။ သို့နှင့် ဟွမ်ကျင်းရွှေလည်း သူမဘေးတွင် ဝင်ထိုင်လိုက်၏။

"ဘာပြောချင်တာလဲ..."
"ခဏ ခဏလေး.... ကျင်းကိုကို ဘာလို့ကိုယ်ခွဲတွေ ထွက်နေတာလဲ"

       ဟွမ်ကျင်းရွှေ သူ့ကိုယ်သူသာ ပြန်ပိတ်ရိုက်လိုက်ချင်ပါတော့သည်။ လက်ဝါးထဲသို့ သိဒ္ဓိစွမ်းအင်များ စုယူ၍ လော့လော်နဖူးကို အသာလေးရိုက်ပေးလိုက်၏။ အမူးပြေသော အစီအရင် ။

       သိဒ္ဓိစွမ်းအင်များ သူမခန္ဓာကိုယ်ထဲ စီးဝင်သွားပြီးနောက် လော့လော် ခေါင်းကိုခါရမ်းပစ်သည်။ အမူးပြေအစီအရင်ကြောင့် တဖြည်းဖြည်း ခေါင်းကကြည်လာသည်။ သူမသည် ဟွမ်ကျင်းရွှေကို ကြည်ကြည်လင်လင် မြင်ရသောအခါ ချစ်စရာကောင်းစွာ ပြုံးပြလာ၏။

"နည်းနည်း အမူးပြေသွားပြီ.... ကျင်းကိုကို ချင်းချုံးမှာ ဓလေ့တစ်ခုရှိသေးတယ် သိချင်လား "
"ဘာလဲ ပြောကြည့်"

"လူတစ်ယောက်က တစ်ခါပဲ လက်ထပ်ခွင့်ရှိတယ်.... ကြင်ဖက်တစ်ယောက်ပဲ ရှိရမယ်.... အဲ့ဒီကြင်ဖက်က သေသွားမှသာ နောက်တစ်ယောက် ထပ်ယူခွင့်ရှိမယ်... ကွာရှင်းပြီးသားသူဆိုရင်လည်း လက်ထပ်ပိုင်ခွင့် မရှိတော့ဘူး.... မထူးဆန်းဘူးလားဟင်..."
"အဟား.... ဘာထူးဆန်းလို့လဲ ဟိုကတည်းကရှိခဲ့တဲ့ ဓလေ့ပဲလေ..."

"ဒါပေမယ့်.... "

       လော့လော်သည် သူ့အနားကို တရွေ့ရွေ့တိုးကပ်လာပြီး သူ့ရင်ခွင်ထဲ တိုးဝင်လေသည်။ သူ့ခါးကို လက်သေးသေးလေးနှစ်ဖက်က တင်းနေအောင် ဖက်ထား၏။ ဟွမ်ကျင်းရွှေ သူ့လက်များဖြင့် ခန္ဓာကိုယ်ငယ်လေးအား ပြန်ဖက်ရင်း မေးလိုက်သည်။

"ဒါပေမယ့် ဘာဖြစ်လဲ"
"လော့လော် အဲ့ဓလေ့ကို သဘောကျတယ်.... လော့လော် ကျင်းကိုကိုကို လက်ထပ်ပြီးရင် ကျန်တဲ့သူကို လက်ထပ်စရာမလိုတော့ဘူးလေ..."

"ဟားဟား.... အရူးမလေး မင်းငါလက်ထပ်မယ်ပေါ့"
"မရဘူးလား...."

       ခေါင်းမော့ကြည့်ကာ မေးလာ၏။ မျက်လုံးတွေက အမူးမပြေသေး။

"မရဘူးလားလို့...."
"လော့လော် မင်းမူးနေပြီ.... အိပ်လိုက်တော့ "

"ဘယ်သူကမူးတာလဲ... ကြည့်ထား...."

       လော့လော်သည် သိဒ္ဓိစွမ်းအင်ဖြင့် ဓားတစ်လတ်ဖန်ဆင်း၍ အဝေးတွင်ထွန်းထားသော ဖယောင်းတိုင်ကို လှမ်းပစ်လိုက်သည်။ ဖယောင်းတိုင်သည် ထပ်ပိုင်းကျိုးသွားပြီး သက်ညှာမှုမရှိစွာနဲ့ ကြမ်းပြင်ပေါ် သက်ဆင်းသွားသည်။

"တွေ့လား.... တွေ့လားလို့"
"တွေ့ပါတယ် တွေ့တယ်.... အိပ်ချင်နေပြီလား.... "

"စကားလမ်းကြောင်း မလွှဲနဲ့..."

       ဟွမ်ကျင်းရွှေရင်ခွင်ထဲ တစ်ဖန်ပြိုဆင်းသွားသည်။

"လော့လော် ငါက... ငါကနတ်ဆိုးတစ်ပိုင်းဖြစ်နေပြီ မင်းက အိမ်ရှေ့စံမင်းသမီး... ငါတို့က မဖြစ်နိုင်တော့ဘူးထင်တယ်... လက်ထပ်မယ့်ကိစ္စ ငါ့ကိုကုသပြီးမှပဲ ဆက်ပြောကြရအောင် အကယ်၍ မကုသနိုင်ခဲ့ရင်.... "

       သူအောက်ကို ငုံ့ကြည့်လိုက်တော့ လော့လော်က အိပ်ပျော်သွားလေပြီ။ ထို့ကြောင့် သူ့စကားတို့ကို ထိုနေရာတွင်သာရပ်ကာ လော့လော်ကို အိပ်ရာပေါ် လဲစေခဲ့သည်။ တံခါးကိုအသာပိတ်ပြီးမှ ထွက်သွားလေသည်။


Zawgyi
တိမ္ယံလႊမ္းတဲ့ေတာင္

                      🦋32🦋

        ဥယ်ာဥ္ထဲတြင္ေတာ့ ေတာင္ပိုင္း အိမ္ေရွ႕စံမင္းသား ေလာ့ယြင္က ဟြမ္က်င္းေ႐ႊကို ခ်င္းခ်ဳံး၏အစားအေသာက္မ်ားကို ေသရည္ေကာင္းတစ္ခြက္ႏွင့္ တည္ခင္းဧည့္ခံေနတာ ျဖစ္သည္။ ႏြီေအာ္က ခ်င္းခ်ဳံးမိသားစုအေပၚ ေက်းဇူးရွိခဲ့ဖူးသည့္အျပင္ ဟြမ္က်င္းေ႐ႊအေၾကာင္းကိုလည္း ေျပာျပထားခဲ့ဖူးသည္။

        ထို႔ေၾကာင့္ ေလာ့ယြင္သည္ ဟြမ္က်င္းေ႐ႊ၏ နတ္ဆိုးသားရဲေသြးေၾကာမ်ားကို ျမင္တာေတာင္ တုန္လႈပ္မသြားသည့္အျပင္ ေပ်ာက္ကင္းေအာင္ ကုသေပးဖို႔အထိ ေဆြးႏြေးခဲ့သည္။

        ေလာ့ေလာ္သည္ ယဲ့ရွားလုံကင္ေပးတဲ့ ငါးကင္ကို အားရပါးရ စားရင္းေလွ်ာက္လာေလသည္။

"ငါတို႔ခ်င္းခ်ဳံးက ငါးကဒီေလာက္ေတာင္ အရသာရွိတာလား..."
"ဘယ္လိုလဲ ငါကင္ေပးတာ ေကာင္းတယ္မဟုတ္လား"

"အင္း... ေနာက္ေန႕က်ရင္ က်င္းကိုကို နဲ႕ ရိယုံကိုပါ ေခၚၿပီး ငါးသြားမွ်ားၾကမယ္... ၿပီးရင္ ယဲ့ယဲ့က ကင္ေပးရမယ္ေနာ္..."
"အင္း...."

        သူတို႔ႏွစ္ေယာက္ ဥယ်ာဥ္စားပြဲဝိုင္းက ဟြမ္က်င္းေ႐ႊတို႔အနား ေရာက္ခဲ့သည္။ ေလာ့ယြင္သည္ ဟြမ္က်င္းေ႐ႊထက္ အသက္ႀကီးေသာ္လည္း ႐ုပ္ရည္အရာမွာေတာ့ ငယ္႐ြယ္ႏုပ်ိဳေနဆဲပင္။

"အစ္ကိုႀကီး...."
"လာၿပီလား.... အ႐ူးမေလး...."

"စားၾကည့္...."

        ငါးကင္တစ္ဖဲ့ကို ေလာ့ယြင္ပါးစပ္ထဲ ထိုးထည့္ေပးၿပီးေနာက္ ဟြမ္က်င္းေ႐ႊေဘးတြင္ ဝင္ထိုင္လိုက္သည္။

"အြန္း.... စားေကာင္းသားပဲ ဒါနဲ႕သူက...."
"ညီမေလးရဲ႕သူငယ္ခ်င္းပါ ယဲ့ရွားလုံတဲ့.... "

"ေတာင္ပိုင္းအိမ္ေရွ႕စံမင္းသားကို ဂါဝရျပဳပါတယ္ "
"ထပါ.... မင္းလည္း ဝင္ထိုင္ေလ"

"မထိုင္ဝံ့ပါဘူး... ကြၽန္ေတာ္မ်ိဳးမ အလုပ္ကိစၥေလးရွိေသးလို႔..."
"ဘာမွမရွိဘူး...."

       ေလာ့ေလာ္သည္ ယဲ့ရွားလုံစကားကို ျဖတ္ေျပာၿပီး ယဲ့ရွားလုံအဝတ္စကို ေစာင့္ဆြဲကာ သူတို႔နဲ႕အတူ ထိုင္ေစ၏။ ထို႔အျပင္ ေလာ့ေလာ္သည္ ယဲ့ရွားလုံဘက္သို႔ ပိုပိုတိုးသြားေသးသည္။ ယဲ့ရွားလုံမွာ ေဘးသို႔ဆက္တိုးသည္။

       တိုးရင္းတိုးရင္း အိမ္ေရွ႕စံမင္းသားနားပင္ ေရာက္ေတာ့မလို ျဖစ္သြားသည္။ ထိုအခါမွ ေလာ့ေလာ္သည္ ၿပဳံးစိစိလုပ္ၿပီး ဟြမ္က်င္းေ႐ႊအနားျပန္ေရာက္သြားေတာ့သည္။ ေလာ့ေလာ္သည္ သိသိသာသာကို သူ႕အစ္ကိုဆီ ထိုးေပးေနၿပီ။

       အိမ္ေရွ႕စံမင္းသားက ၿပဳံး႐ုံကေလးသာၿပဳံးရင္း ဟြမ္က်င္းေ႐ႊကို အရက္တစ္ခြက္ ငွဲ႕ေပးသည္။ ထိုအခိုက္ ေလာ့ေလာ္က သူ႕ခြက္ကိုပါ ေရွ႕တိုးေပးလာ၏။

"ဟဲဟဲ....."
"မေသာက္နိုင္ဘဲနဲ႕...."

"တစ္ခြက္ပါပဲ.... ယဲ့ရွားလုံကိုလည္း ငွဲ႕ေပးလိုက္.... ညီမသူငယ္ခ်င္းဆိုေတာ့ အစ္ကိုႀကီးရဲ႕မိတ္ေဆြပဲေပါ့... ေနာ္"
"မလုပ္...."

"ေကာင္းပါၿပီ...."

       ယဲ့ရွားလုံ လက္ကာတုန္းရွိေသး ေလာ့ယြင္က သူ႕အတြက္ ေသရည္ငွဲ႕ေပးၿပီးေနၿပီ။ ေသရည္ကို တစ္ခြက္ေသာက္ၿပီး ဆက္တိုက္ေသာက္ခ်င္ေနတဲ့ သူ႕အက်င့္ကို သိတာေၾကာင့္ ယဲ့ရွားလုံက ထသြားရန္ ျပင္ေသာ္လည္း အိမ္ေရွ႕စံမင္းသားက အရက္ခြက္ကိုျမႇောက္ျပလာေသာ္ သူလည္းအတူေသာက္ရေတာ့သည္။

        တစ္ခြက္ေသာက္ၿပီးေသာ္

"ေအ့...."

       ေလာ့ယြင္က ညီမျဖစ္သူကို တစ္ခ်က္ၾကည့္ကာ

"စၿပီ စၿပီ....."
"ဟဲဟဲ...."

       ေလာ့ေလာ္ သူ႕အစ္ကိုအား ၿပဳံးျပၿပီးေနာက္တြင္ ဟြမ္က်င္းေ႐ႊ၏ပုခုံးေပၚ ၿပိဳလဲက်သြားေတာ့သည္။ ေလာ့ေလာ္၏ အရက္ေသာက္နိုင္စြမ္းက ကယ္ရခက္လြန္းလို႔ အစ္ကိုေတြစုၿပီး အရက္ေသာက္တဲ့အခါ သူမကိုေဘးဖယ္ထားရသည္။

        ေဘးဖယ္ထားလို႔မရတဲ့အခါ ခိုးေသာက္ရေသး၏။ ႏွစ္ခြက္ေလာက္ေသာက္ၿပီး မူးၿပီဆိုရင္ စကားအရမ္းမ်ားတာေၾကာင့္ သူမမူးရင္ မည္သူမွမေနနိုင္ဘဲ ထြက္ေျပးရသည္။ ဟြမ္က်င္းေ႐ႊ ေလာ့ေလာ္အား ျပန္ေပြ႕ေခၚသြားၿပီးေနာက္ ယဲ့ရွားလုံကလည္း ထြက္သြားရန္ ျပင္၏။

"အိမ္ေရွ႕စံမင္းသား.... ကြၽန္မ...."
"မင္းမသြားေသးနဲ.... "

"ဟင္...."
"ငါမင္းကိုေမးမယ္.... ဟုန္က်င္းခ်င္ဂိုဏ္းက လိုင္ကုန္းက်ိဳကိုသတ္တာ မင္းမဟုတ္လား "

        ယဲ့ရွားလုံ ထိတ္လန့္ေနတဲ့ ပုံသ႑ာန္ကို ဖုံးကြယ္မထားနိုင္ေသာေၾကာင့္ ခ်က္ခ်င္းထကာ ဒူးေထာက္လိုက္ပါ၏။

"သူက...."
"ငါၾကားၿပီးၿပီ...."

"ဟင္... အိမ္ေရွ႕စံမင္းသားက ဘာၾကားထားတာလဲေတာ့ မသိေပမယ့္ ကြၽန္မသူ႕ကိုသတ္ရတဲ့ အေၾကာင္းအရင္းက သူကြၽန္မအစ္မအေပၚ ေစာ္ကားခဲ့လို႔ပါ...."
"ငါလည္း အဲ့လိုၾကားထားတာပါပဲ..."

"ဟုတ္ ဟုတ္ကဲ့...."
"ဒါေပမယ့္ ဟုန္က်င္းခ်င္ဂိုဏ္းက မင္းကိုအသဲအသန္ လိုက္ရွာေနၿပီ.... အဲ့ဒါက အခုခ်င္းခ်ဳံးကိုေတာင္ ေရာက္လာၿပီ..."

"ကြၽန္မရဲ႕ရန္ၿငိဳးကို ကြၽန္မပဲ အဆုံးသတ္ပါ့မယ္.... "
"မင္းအဆုံးသတ္ခ်င္တာက ထားပါေတာ့ မင္းကအခုထိ ခ်င္းခ်ဳံးျပည္သား ျဖစ္ေနေသးတယ္.... ငါမင္းကို ကူညီေပးနိုင္တယ္...."

"တကယ္လား..."
"တကယ္?"

"အိမ္ေရွ႕စံမင္းသားကို ေက်းဇူးတင္ပါတယ္.... ကြၽန္မဘက္က ဘာမ်ားျပန္ကူညီေပးရမလဲ..."
"ငါ့ၾကင္ယာေတာ္အျဖစ္ ႏွစ္ႏွစ္ေနေပးရမယ္..."

"အာ....."

       ယဲ့ရွားလုံ ဆြံအသြားၿပီး မ်က္ေတာင္ႏွစ္ခ်က္ေလာက္ ပုတ္ခတ္မိသြားသည္။ ေလာ့ေလာ္ တကယ္သူ႕ကို ထိုးေကြၽးသြားေလၿပီ။ အိမ္ေရွ႕စံမင္းသား၏ မ်က္လုံးေတြထဲမွာေတာ့ သူ႕အေပၚ ခ်စ္ျမတ္နိုးေနတဲ့ အရိပ္အေယာင္ေတြ မေတြ႕ရေပ။

        အနည္းငယ္ စိတ္ခ်နိဳင္ေသာကိစၥက သူတို႔ႏွစ္ေယာက္ ျပန္လည္ကြာရွင္းလို႔ ရနိုင္သည္။ ကြာရွင္းၿပီးသား လူတစ္ေယာက္ကိုဆို ေနာက္ထပ္မည္သူကမွ လက္ထပ္ေတာ့မည္မဟုတ္။ ဤသည္ကလည္း ခ်င္းခ်ဳံး၏ဓေလ့တစ္ခု ျဖစ္ေလသည္။

        ေလာ့ယြင္က ယဲ့ရွားလုံ၏လက္ကို ပင့္မ၍ ထေစသည္။

"အဲ့ဒီအခ်ိန္ကာလ ေက်ာ္သြားရင္ ငါမင္းကိုလႊတ္ေပးမွာပါ.. "
"ကြၽန္မတစ္ခုေလာက္မ်ား ေမးလို႔ရမလား"

"ေျပာပါ...."
"ဘာေၾကာင့္ကြၽန္မကို ေ႐ြးရတာလဲ"

       ေလာ့ယြင္က ၿပဳံးသည္။

"တျခားလူဆို ငါလြယ္လြယ္နဲ႕ ကြာရွင္းေပးလို႔ရမွာ မဟုတ္ဘူး.... သူတို႔ကငါ့ကို တြယ္ကပ္ေနနိုင္တယ္.... မင္းက ေယာက်္ားေလးဘဝကေန ျပန္ေမြးဖြားလာတာဆိုေတာ့ ေသခ်ာေပါက္ ငါ့ကိုစိတ္ဝင္စားမွာ မဟုတ္ဘူးေလ... ဟုတ္တယ္မဟုတ္လား "
"ဟုတ္ပါတယ္...."

"မင္းသေဘာတူလား.... ၾကည့္ရတာ မင္းကမင္းေလ့က်င္ေနတဲ့ က်င့္စဥ္ရဲ႕ေနာက္ဆုံးအဆင့္ကို ေရာက္ေနၿပီပဲ... ငါနဲ႕ေနတဲ့ အခ်ိန္အတြင္းမွာ မင္းဆက္ေလ့က်င့္လို႔ရတယ္..."
"တကယ္လား.... အိမ္ေရွ႕စံမင္းသားက တကယ္ခြင့္ျပဳတာလား"

"ခြင့္ျပဳတယ္.... "
"ဒါဆိုရင္ေတာ့ ယဲ့ရွားလုံက ေက်းဇူးတင္ပါတယ္ "

"သေဘာတူတယ္ဟုတ္..."
"သေဘာတူပါတယ္...."

"ေကာင္းၿပီ... "

       သူ႕ရဲ႕ေနာက္ဆုံးအဆင့္သာ ေအာင္ျမင္ပါက ဟုန္က်င္းခ်င္ဂိုဏ္းကို ေၾကာက္ေနစရာမလိုေတာ့ေခ်။ ဘယ္သူလာလာ ေသြးအားလုံးကို စုပ္ထုတ္ကာ အေရခြံသာက်န္ခဲ့ေအာင္ သတ္ပစ္လိုက္မည္။ မေကာင္းဆိုးဝါးက်င့္စဥ္ က်င့္ထားသူကို အိမ္ေရွ႕စံက လက္ခံလာလိမ့္မယ္လို႔ ထင္မထားခဲ့။

        အိမ္ေရွ႕စံမင္းသားကလည္း သူ႕အေၾကာင္းေၾကာင့္ဆိုတာ နားလည္မိသည္။ ခ်င္းခ်ဳံးတြင္ မေကာင္းဆိုးဝါးက်င့္စဥ္ က်င့္သူျဖစ္ပါေစ ၊ ေျဖာင့္မတ္ေသာ က်င့္စဥ္ကို ေလ့က်င့္သူျဖစ္ပါေစ မိမိျပည္သားကို ျပန္မသတ္သေ႐ြ႕ အျပစ္မဖြဲ႕တတ္ေပ။

       သို႔ႏွင့္ သူတို႔ႏွစ္ေယာက္ သေဘာတူညီမႈ ျပဳၿပီးေနာက္ လမ္းခြဲခဲ့သည္။ ယဲ့ရွားလုံသည္ ခ်င္းခ်ဳံးေတာင္ပိုင္းကပဲ ျဖစ္တာမို႔ သူ႕အေၾကာင္းကို ေလာ့ယြင္သိေနတာ မဆန္းေခ်။ ေနရာအႏွံ႕မွာ ေလာ့ယြင္၏တပ္သားေတြ ရွိေနသည္ေလ။

       ဟြမ္က်င္းေ႐ႊသည္ တစ္လမ္းလုံး စကားေတြေျပာလာေသာ ေလာ့ေလာ္ေၾကာင့္ နားေတြပင္ အူေနေလၿပီ။ ေလာ့ေလာ္သည္ အလည္အပတ္သြားရတာကို သေဘာက်တာေၾကာင့္ ငယ္ငယ္ကဆို ခ်င္းခ်ဳံးကို တစ္ရက္တစ္ခါေလာက္ကေတာ့ ပတ္သြားျဖစ္သည္။

       ထို႔ေၾကာင့္ နယ္ေျမတိုင္းတြင္ သူမအတြက္ နန္းေဆာင္တစ္ခုကို ေဆာက္ေပးထားရသည္။ အဘယ္ေၾကာင့္ဆိုေသာ္ အအိပ္မတ္ကာ ေတြ႕ကရေနရာတြင္ ဝင္အိပ္တတ္တာေၾကာင့္ပင္။ သူမသည္ မိန္းကေလးတစ္ေယာက္ေပမယ့္ အျပဳအမူေတြက ေယာက်္ားေလးတစ္ေယာက္လား ထင္မွတ္ရသည္။

"က်င္းကိုကို.... "
"နန္းေဆာင္ေရာက္ၿပီ..."

"ဟင္ နန္းေဆာင္.... ဘယ္နန္းေဆာင္မွာလဲ ေလာ့ ေလာ္တို႔ တိမ္လႊမ္း တိမ္လႊမ္းေတာင္ထြတ္ကို ျပန္ေရာက္ေနတာလား... ဘယ္မွာလဲ...."
"ပါးစပ္ပိတ္ထားကြာ..."

"ဟင့္.... ပိတ္ဘူး ပိတ္ဘူး.... သစ္ေတာ္သီး သစ္ေတာ္သီး.... ပန္းသီးစားမယ္ ပန္းသီး..."

'ဒုန္း....'

        ဟြမ္က်င္းေ႐ႊတံခါးကို ကန္ဖြင့္လိုက္၏။ တံခါးက အလိုလို ျပန္ပိတ္သြားသည္။ ေလာ့ေလာ္ကို ခုတင္ေပၚခ်ေပးၿပီး ေစာင္ပါၿခဳံေပးလိုက္ရာ သူမေခါင္းအထိ လႊမ္းသြား၏။

"အား......."

       အက်ယ္ႀကီးေအာ္ကာ ထလာသည္။

"က်င္းကိုကို...."
"ေနာက္ဘယ္ေတာ့မွ အရက္မေသာက္နဲ႕"

"ဟားဟား...."

       မပြင့္တပြင့္မ်က္လုံးျဖင့္ ဟြမ္က်င္းေ႐ႊကို ေမာ့ၾကည့္သည္။

"မၾကာခင္...."
"အင္း ဘာျဖစ္လဲ"

"အစ္ကိုႀကီးနဲ႕ ယဲ့ရွားလုံ လက္ထပ္ေတာ့မွာ.... "
"ဟင္...."

"တကယ္ေျပာ တာ .... ေအ့..... ေလာ့ေလာ္ေျပာတာ ယုံ... က်င္းကိုကို... "

       ဟြမ္က်င္းေ႐ႊအား လက္လွမ္းဆြဲသည္။ သို႔ႏွင့္ ဟြမ္က်င္းေ႐ႊလည္း သူမေဘးတြင္ ဝင္ထိုင္လိုက္၏။

"ဘာေျပာခ်င္တာလဲ..."
"ခဏ ခဏေလး.... က်င္းကိုကို ဘာလို႔ကိုယ္ခြဲေတြ ထြက္ေနတာလဲ"

       ဟြမ္က်င္းေ႐ႊ သူ႕ကိုယ္သူသာ ျပန္ပိတ္ရိုက္လိုက္ခ်င္ပါေတာ့သည္။ လက္ဝါးထဲသို႔ သိဒၶိစြမ္းအင္မ်ား စုယူ၍ ေလာ့ေလာ္နဖူးကို အသာေလးရိုက္ေပးလိုက္၏။ အမူးေျပေသာ အစီအရင္ ။

       သိဒၶိစြမ္းအင္မ်ား သူမခႏၶာကိုယ္ထဲ စီးဝင္သြားၿပီးေနာက္ ေလာ့ေလာ္ ေခါင္းကိုခါရမ္းပစ္သည္။ အမူးေျပအစီအရင္ေၾကာင့္ တျဖည္းျဖည္း ေခါင္းကၾကည္လာသည္။ သူမသည္ ဟြမ္က်င္းေ႐ႊကို ၾကည္ၾကည္လင္လင္ ျမင္ရေသာအခါ ခ်စ္စရာေကာင္းစြာ ၿပဳံးျပလာ၏။

"နည္းနည္း အမူးေျပသြားၿပီ.... က်င္းကိုကို ခ်င္းခ်ဳံးမွာ ဓေလ့တစ္ခုရွိေသးတယ္ သိခ်င္လား "
"ဘာလဲ ေျပာၾကည့္"

"လူတစ္ေယာက္က တစ္ခါပဲ လက္ထပ္ခြင့္ရွိတယ္.... ၾကင္ဖက္တစ္ေယာက္ပဲ ရွိရမယ္.... အဲ့ဒီၾကင္ဖက္က ေသသြားမွသာ ေနာက္တစ္ေယာက္ ထပ္ယူခြင့္ရွိမယ္... ကြာရွင္းၿပီးသားသူဆိုရင္လည္း လက္ထပ္ပိုင္ခြင့္ မရွိေတာ့ဘူး.... မထူးဆန္းဘူးလားဟင္..."
"အဟား.... ဘာထူးဆန္းလို႔လဲ ဟိုကတည္းကရွိခဲ့တဲ့ ဓေလ့ပဲေလ..."

"ဒါေပမယ့္.... "

       ေလာ့ေလာ္သည္ သူ႕အနားကို တေ႐ြ႕ေ႐ြ႕တိုးကပ္လာၿပီး သူ႕ရင္ခြင္ထဲ တိုးဝင္ေလသည္။ သူ႕ခါးကို လက္ေသးေသးေလးႏွစ္ဖက္က တင္းေနေအာင္ ဖက္ထား၏။ ဟြမ္က်င္းေ႐ႊ သူ႕လက္မ်ားျဖင့္ ခႏၶာကိုယ္ငယ္ေလးအား ျပန္ဖက္ရင္း ေမးလိုက္သည္။

"ဒါေပမယ့္ ဘာျဖစ္လဲ"
"ေလာ့ေလာ္ အဲ့ဓေလ့ကို သေဘာက်တယ္.... ေလာ့ေလာ္ က်င္းကိုကိုကို လက္ထပ္ၿပီးရင္ က်န္တဲ့သူကို လက္ထပ္စရာမလိုေတာ့ဘူးေလ..."

"ဟားဟား.... အ႐ူးမေလး မင္းငါလက္ထပ္မယ္ေပါ့"
"မရဘူးလား...."

       ေခါင္းေမာ့ၾကည့္ကာ ေမးလာ၏။ မ်က္လုံးေတြက အမူးမေျပေသး။

"မရဘူးလားလို႔...."
"ေလာ့ေလာ္ မင္းမူးေနၿပီ.... အိပ္လိုက္ေတာ့ "

"ဘယ္သူကမူးတာလဲ... ၾကည့္ထား...."

       ေလာ့ေလာ္သည္ သိဒၶိစြမ္းအင္ျဖင့္ ဓားတစ္လတ္ဖန္ဆင္း၍ အေဝးတြင္ထြန္းထားေသာ ဖေယာင္းတိုင္ကို လွမ္းပစ္လိုက္သည္။ ဖေယာင္းတိုင္သည္ ထပ္ပိုင္းက်ိဳးသြားၿပီး သက္ညွာမႈမရွိစြာနဲ႕ ၾကမ္းျပင္ေပၚ သက္ဆင္းသြားသည္။

"ေတြ႕လား.... ေတြ႕လားလို႔"
"ေတြ႕ပါတယ္ ေတြ႕တယ္.... အိပ္ခ်င္ေနၿပီလား.... "

"စကားလမ္းေၾကာင္း မလႊဲနဲ႕..."

       ဟြမ္က်င္းေ႐ႊရင္ခြင္ထဲ တစ္ဖန္ၿပိဳဆင္းသြားသည္။

"ေလာ့ေလာ္ ငါက... ငါကနတ္ဆိုးတစ္ပိုင္းျဖစ္ေနၿပီ မင္းက အိမ္ေရွ႕စံမင္းသမီး... ငါတို႔က မျဖစ္နိုင္ေတာ့ဘူးထင္တယ္... လက္ထပ္မယ့္ကိစၥ ငါ့ကိုကုသၿပီးမွပဲ ဆက္ေျပာၾကရေအာင္ အကယ္၍ မကုသနိုင္ခဲ့ရင္.... "

       သူေအာက္ကို ငုံ႕ၾကည့္လိုက္ေတာ့ ေလာ့ေလာ္က အိပ္ေပ်ာ္သြားေလၿပီ။ ထို႔ေၾကာင့္ သူ႕စကားတို႔ကို ထိုေနရာတြင္သာရပ္ကာ ေလာ့ေလာ္ကို အိပ္ရာေပၚ လဲေစခဲ့သည္။ တံခါးကိုအသာပိတ္ၿပီးမွ ထြက္သြားေလသည္။

Continue Reading

You'll Also Like

86.4K 9.7K 120
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္.....ေကာင...
168K 18.8K 97
ဘာသာပြန်သူ - စွဲညို့အသင်း
157K 19.9K 21
မှာဦးမယ် လက်ပံတစ်ပွင့် မောင်ပန်ဖို့... မောင်ပန်ဖို့... လက်ပံတစ်ပွင့်တော့ ကောက်ခဲ့ပါဦး။
COTAW(2) By Blueberry

Historical Fiction

139K 25K 121
Book1က wallထဲမှာရှိပါတယ်နော်