" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို...

By lynnlaekabyar

20.8K 1.4K 339

ငယ် က သံယောဇဥ်တွေကို အချစ် လို့သတ်မှတ်လိုက်တာ ငယ် ကိုကို့ ကိုချစ်နေရင်ပဲရပြီမို့ ငယ် ကိုကို့ ကိုဒီတိုင်းလေးပဲ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 28
Part 29
Part 30 - Final
To my vitamins 💛

Part 27

460 37 16
By lynnlaekabyar

" ကိုကို့ ရဲ့ ငယ် - 27 "


အနားမှာ ပုံ့ပုံ့လေးလာထိုင်တဲ့ ကောင်လေးကို Yeol ကြည့်နေရင်း စနောက်ချင်လာတယ်

"ငယ် သရဲကြောက်လား"

"မ... မကြောက်ပါဘူး"

"သေချာလို့လား"

"သေချာ... မား!"

စကားဆုံးအောင် မပြောဖြစ်လိုက်ခင် ဖြတ်ခနဲမီးပြတ်သွားတော့ Kyung Soo ရှေ့မှာရှိနေတဲ့ Yeol ရင်ခွင်ထဲဝင်တိုးတော့တယ်

"ကိုကို"

ခါးထက်က တင်းကြပ်လာတဲ့လက်တစ်စုံနဲ့ ကြားရုံမျှ ခေါ်သံတိုးတိုးလေး

"ကိုကို ရှိတယ် ဘာမှမဖြစ်ဘူး"

ရင်ခွင်ထဲကကောင်လေးကို ခေါင်းလေးဖွဖွပွတ်ပြီး ပြောလိုက်တော့ လက်ထဲကဆံနွယ်လေးတွေ လွတ်ထွက်တဲ့ထိ ခေါင်းတဆတ်ဆတ်ငြိမ့်ပြလာတယ်

ဒေါက် ဒေါက်~

"ဟင့်~ ကိုကို"

လူတင်မဟုတ်ဘူး ခြေထောက်လေးပါကွေးပြီး Yeol ရင်ခွင်ထဲတိုးဝှေ့လာတာ

"ဘာမဖြစ်ဘူးနော် ငယ် မကြောက်နဲ့"

"အွန်း"

သရဲအကြောင်း မတွေးနိုင်သေးပေမယ့် Kyung Soo အမှောင်ကြောက်ပါတယ်

"အစ်ကို ကျွန်တော်ပါ"

"Min Seok လား"

"ဟုတ် မီးအိမ်လာပို့တာ"

"ခနလေး အစ်ကိုလာခဲ့မယ်"

အခန်းပြင်က မှိန်ပြပြမြင်နေရတဲ့ မီးရောင်ဆီ Yeol ထသွားမယ်ပြင်တော့ ခါးကိုမလွှတ်သေးတဲ့ Kyung Soo

"ငယ် မီးအိမ်သွားယူရမယ်လေ အမှောင်ထဲမှာ နေလို့မှမဖြစ်တာ"

"ကိုကို သွားရင် ငယ် ကျန်ခဲ့မှာပေါ့ ဟင့်အင်း"

ဘယ်လိုမှလွှတ်မပေးဘဲ ကပ်တွယ်နေတဲ့ ကောင်လေးကို Yeol ဘယ်လိုပြောရပါ့မလဲ

"အဲဒါဆို ငယ် ကိုကို့လက်ကို သေချာကိုင်ပြီးလိုက်ခဲ့"

"ဘာမှမှမမြင်ရတာ"

"ခန​ပဲလေ နီးနီးလေးပါ"

Yeol. Kyung Soo လက်ကိုကိုင်ပြီး အခန်းတံခါးကိုလာခဲ့တော့ နောက်လက်တစ်ဖက်လုံးကို အမိအရကပ်တွယ်ပြီး လိုက်လာတယ်
တံခါးဖွင့်လိုက်တာနဲ့ မီးအိမ်တန်းပေးတဲ့ Min Seok

"မီးအိမ်  မီးပြတ်တာမကြာပါဘူး"

"ဒါနဲ့ အဘွားရော"

Yeol မီးအိမ်လှမ်းယူရင်းမေးလိုက်တယ်

"အဘွား ကျွန်တော်နဲ့ရှိပါတယ်"

"အင်း သွားလို့ရပြီ Min Seok"

"ဟုတ်ကဲ့"

နေရာမှာပြန်ထိုင်တဲ့ထိ လက်ကိုမလွတ်တန်း ဖက်တွယ်ထားတဲ့ Kyung Soo ရှေ့မှာ မီးအိမ်ချထားလိုက်ပြီး

"ငယ် ခနထိုင်နေနော် ကိုကို ပြတင်းပေါက်သွားဖွင့်လိုက်မယ်"

"ဟုတ်"

​လရောင်ရလိုရငြား Yeol ပြတင်းပေါက်ကိုဖွင့်လိုက်တော့ မိးအိမ်ရှေ့မှာ ပဆစ်တုပ်ထိုင်နေတဲ့ Kyung Soo ဆီကို ဖြာကျလာတဲ့ လရောင်တစ်ချို့

"ခုမှ နည်းနည်းလင်းသွားတယ်"

"အွန်း"

"ငယ် ကြောက်နေသေးလား"

"မကြောက်တော့ပါဘူး ခုနရုတ်တရက်ကြီးဆိုတော့..."

"အင်း ကိုကို သိတယ်"

"ဒီည လသာတယ်နော် ကိုကို"

ပြောရင်းနဲ့ ပုခုံးပေါ်မှီလာတာကြောင့် Yeol လက်က Kyung Soo ပုခုံးကိုလှမ်းဖက်လိုက်ပြီး မှီချလာတဲ့ခေါင်းကို လည်တိုင်နားကပ်အောင် တိုးယူလိုက်တယ်
မျက်လုံးဝိုင်းလေးတွေနဲ့ မော့ကြည့်လာလို့ Yeol ငဲ့ကြည့်တာနဲ့ဆုံတော့ ဝင်သက်ထွက်သက်ပါ ခံစားလို့ရတဲ့ထိ

Kyung Soo ရှက်ရှက်နဲ့ တစ်ချက်ရယ်ပြပြီး လမင်းကြီးကို ငေးကြည့်နေမိတယ်
ဘယ်လောက်ပဲချစ်ချစ် အထိအတွေ့တိုင်း အပြုအမူတိုင်း ရင်ခုန်မိနေတုန်း

"ကိုကို"

"ပြောလေ ငယ်"

"တကယ်လို့ လမင်းပဲဖြစ်ဖြစ် ကြယ်လေးတစ်ခုပဲဖြစ်ဖြစ် ဖြစ်ခွင့်ရမယ်ဆိုရင် ကိုကို ဘာဖြစ်ချင်လဲဟင်"

"ကြယ်လေးတစ်ခုပဲဖြစ်ချင်တယ်"

"ဘာလို့လဲ ကိုကို"

ကိုယ်ပြန်မတ်ပြီး Yeol မျက်ဝန်းတွေကို တည့်တည့်ကြည့်ပြီး မေးခွန်းထုတ်လာတယ်

"လမင်းကြီးလို အရာအားလုံးကို တန်းတူအလင်းပေးမှာမဟုတ်ဘဲ ကြယ်ပွင့်လေးလို ကိုကို ချစ်တဲ့ ငယ့် အပေါ်မှာပဲ အလင်းရောင်ပေးချင်တယ်
တခြားသူတွေအမြင်မှာ အလင်းရောင် မှိန်နေနိုင်ပေမယ့် ငယ် တစ်ယောက်စာအတွက် လုံလောက်တဲ့ အလင်းရောင်ပေးနိုင်တဲ့ အရာတစ်ခုပေါ့
ငယ့် ကိုချစ်တဲ့အချစ်တွေ မြတ်နိုးမှုတွေ တန်ဖိုးထားမှုတွေ အားလုံးရှိနေမယ့် ကြယ်လေးတစ်ခု ဖြစ်ပြီးတော့ ငယ့် ကိုလမ်းပြပေးချင်တယ် စောင့်ရှောက်ပေးချင်တယ်
ငယ် အချစ်တွေကြောင့် တောက်ပနေမယ့် ကြယ်လေး ဖြစ်ချင်တာ"

နူးနူးညံ့ညံ့လေးပြောလာတဲ့ စကားသံရဲ့နောက် ပြန်ပြီးမှီတွယ်လာတဲ့ ခေါင်းလုံးလုံးလေးနဲ့ ပြုံးနေတဲ့ Kyung Soo

"ငယ်"

"ငယ့် အတွက်လုံလောက်ပါပြီ"

"မြေပြင်ကကြယ်လေးတွေအကြောင်း ကြားဖူးလား ငယ်"

"မြေပြင်က ကြယ်..."

"အင်း မြေပြင်မှာလည်း ကြယ်လေးတွေရှိတယ်
တစ်ခါတုန်းက Astraea လို့ခေါ်တဲ့ နတ်ဘုရားမတစ်ပါးက ကောင်းကင်မှာ ကြယ်လေးတွေမတွေ့ရလို့ ငိုကြွေးခဲ့တယ်
နတ်ဘုရားမ မျက်ရည်ကျတဲ့နေရာမှာ ကြယ်ပုံသဏ္ဍာန် Aster ပန်းလေးတွေ ပေါ်လာတယ်တဲ့
အဲဒါကြောင့် Aster ဆိုတဲ့ပန်းရဲ့အဓိပါယ်က 'ကြယ်' လို့ပြောကြတာ"

"ငယ် ကိုကို ပြောပြမှသိတော့တယ်"

"အခွင့်အရေးရရင် Aster ပန်းလေးတွေ သွားကြည့်ကြမလား"

"ဟုတ်"

Eye smile လေးတွေဖြစ်အောင် ရယ်နေတဲ့ ကောင်လေးကို Yeol မြတ်နိုးပါတယ်

မီးပြန်လာပေမယ့် မီးပိတ်ပြီး ပြ​တင်းပေါက်ကနေ ကြယ်လေးတွေ ကြည့်နေကြတဲ့ ကောင်လေးနှစ်ယောက်
မဟုတ်ဘူး ကောင်းကင်ကြီးကို ငေးမောနေတဲ့ ကောင်လေးရဲ့မျက်နှာကို တစိမ့်စိမ့်ကြည့်နေတဲ့ ကောင်လေးတစ်ယောက်

ခနကြာတော့ လက်ကိုအုပ်ကိုင်လာတဲ့ နွေးထွေးလွန်းတဲ့လက်တစ်ဖက်
Kyung Soo နားမလည်သလို မျက်ခုံးပင့်ပြီးကြည့်လိုက်တော့

"ငယ့် လက်တွေအေးနေမှာစိုးလို့"

^အဲ့လိုပါပဲ ကိုကို က ငယ့် ကိုဆို အရမ်းကြင်နာတတ်တဲ့ လူသား^

*************************

White Aster လေးတွေရဲ့ အဓိပါယ်က " ထာဝရအချစ် " တဲ့

'ငယ် က ကိုကို့ ရဲ့ White Aster လေး ♥´

*************************

အဘွားနဲ့ Min Seok နှစ်ယောက်တည်းရှိချိန်က တိတ်ဆိတ်ခြင်းမမည်ပေမယ့် Kyung Soo ရောက်လာတည်းက ဆူဆူညံညံဖြစ်လာတဲ့ မနက်စာထမင်းဝိုင်းလေး
တတွတ်တွတ်နဲ့ မသိတာတွေလိုက်မေးနေတာလေ

"ဒီနေ့ ကန်စွန်းဥသွားတူးရမယ် အဘွား"

"နားလုပ်နော် Min Seok"

"ဟုတ်"

"အဘွား သား Min Seok နဲ့စိုက်ခင်းထဲ လိုက်သွားချင်တယ်"

"စိုက်ခင်းမှာနေပူတယ် Kyung Soo"

"ရပါတယ် အဘွားရဲ့ အာဂျီးမားစတိုင် ဝတ်သွားမှာပေါ့😁"

"မဖြစ်ပါဘူး ငယ် ကနုဖတ်နေတာ"

"ဒီနေ့တစ်ရက်ပဲလေ ကိုကို"

"မရဘူး"

Yeol ပြောပြီးမုန့်စားနေတုန်း အဘွား ခေါင်းခေါက်တာခံလိုက်ရတယ်

ဂွက်~

"အား! နာတယ် အဘွား"

"တစ်ရက်တည်းပဲ ကလေးကသွားချင်တာကို လိုက်ပြောနေရလား"

"မဟုတ်ပါဘူး"
နာနေတဲ့ခေါင်းကို ဖွဖွပွတ်ပြီး Kyung Soo ကိုလှည့်ကြည့်တော့ လှောင်ပြီးရယ်နေသေးတယ်

"Kyung Soo တစ်ရက်ပဲနော်"

"ဟုတ် အဘွား"

Kyung Soo. Yeol ကိုလျှာထုတ်ပြီးပြောင်ပြရင်း တိုးတိုးကပ်ပြောတာက
"အဘွားနဲ့မှ အရိုက်ခံရတဲ့ကလေး ဖြစ်နေပြီ" တဲ့

^မသွားစေချင်ပါဘူး ငယ် ကနုနုဖတ်ဖတ်လေး တစ်ခါမှမလုပ်ဖူးတာကို နေလောင်ပြီး အသားတွေရဲတက်လာမှာ^

*************************

Kyung Soo တစ်ယောက် အာဂျီးမားစတိုင် အင်္ကျီရှည်ပွပွ ဘောင်းဘီရှည်ပွပွနဲ့ မျက်နှာထက်ကြီးတဲ့ ဦးထုပ်အဝိုင်းကြီးလည်း ဆောင်းထားသေးတယ်
အင်္ကျထဲမှာမြုပ်နေတဲ့ ကောင်လေး

"ကန်စွန်းဥတူးရတာ ပင်ပန်းလိုက်တာ"

"ခုမှစလုပ်လို့ပါ ငါဆို ကျင့်သားရနေပြီ"

ဟုတ်တယ် နေပူထဲမှာနေနေရတာ ဦးထုပ်နဲ့အုပ်ထားတဲ့ မျက်နှာဖြူဥဥလေးတောင် ရဲတက်နေပြီ

"တစ်ခင်းလုံးကုန်အောင် လုပ်ရမှာလား Min Seok"

"မဟုတ်ဘူး နောက်နှစ်မြောင်းလောက်ထိပဲ
ကျန်တာတွေက ဟိုရက်ကတစ်ခါ တူးထားသေးတယ်"

"အင်း"

"ပင်ပန်းရင်နားလိုက်ပါလား Kyung Soo"

"ရပါတယ် ဘာမဖြစ်ဘူး"

'ဘာမဖြစ်ဘူး' သာပြောတာ မျက်နှာရဲလာတာထက် ချွေးတွေပါကျလာတယ်

Kyung Soo ကတော့ ကန်စွန်းဥဆက်တူးနေတုန်း ကြီးတာတွေ့ရင်လည်း Min Seok ကိုကြွားနေသေးတာ

"ငယ်"

ကြားပါပြီ နောက်ဘက်ကခေါ်နေတဲ့ Yeol အသံ
ခပ်လှမ်းလှမ်းကနေ ဖြည်းဖြည်းချင်းလျှောက်လာနေတာဖြစ်မယ် ခြေသံသဲ့သဲ့ကြားနေရတယ်

Min Seok လှည့်ကြည့်မယ်လုပ်တော့
"မလှည့်နဲ့ Min Seok"

"ဟင်... အင်း"

Kyung Soo နဲ့ Min Seok ကိုနောက်ကကြည့်ရင် အရပ်တူ ကိုယ်လုံးတူ ကွေးကွေးလေးထိုင်နေကြတာဆိုတော့ အမှတ်တမဲ့ဆို ခွဲလို့ရမှာမဟုတ်ဘူး

"ငယ် လာခဲ့"

"ဘယ်ကိုလဲ"

ပြန်မဖြေဘဲ လက်ဆွဲပြီးသစ်ပင်ရိပ်အောက်ခေါ်သွားလို့ Kyung Soo မနည်းလိုက်လာခဲ့ရတယ်

အင်္ကျီလက်တွေသေချာခေါက်တင်ပေးပြီး sun cream လိမ်းပေးနေရော

"ကိုကို..."

"ငယ် အသားတွေရဲနေပြီတွေ့လား အဲဒါကြောင့် မသွားပါနဲ့လို့ပြောတာ"

"တစ်ခါတလေပါ ကိုကို"

"ပြောရင်တော့ မျက်နှာငယ်လေးနဲ့
ငယ် နည်းနည်းလေးဖြစ်ဖြစ် ထိခိုက်မိရင်တောင် ကိုကို ရင်ပူရလွန်းလို့
တွေ့ပြီလား လက်ရှည်ဝတ်ထားလည်း နေလောင်တယ် ဒီမှာ နေအရမ်းပူတာ အရိပ်ဆိုလို့ ဒီနေရာတစ်ခုပဲရှိတယ်"

sun cream လိမ်းပေးရင်း တတွတ်တွတ်ပြောနေတဲ့ Yeol ကို Kyung Soo ငေးကြည့်နေမိတယ်

"ကိုကို ကျတော့ အင်္ကျီလက်တိုနဲ့လိုက်လာရလား"

Kyung Soo အပြစ်တင်သလိုပြောလိုက်တော့ ခေါင်းငုံ့နေရင်းက မျက်လုံးလေးလှန်ကြည့်လာတယ်

"ကိုကို ကဘာမဖြစ်ဘူး ရတယ်"

"ဒီလောက်ဆိုရပြီ ကိုကို"

Kyung Soo ထသွားမယ်လုပ်တော့ Yeol လက်ကိုဆွဲထားရင်း
"ငယ် မသွားနဲ့တော့ Min Seok ဆက်လုပ်လိမ့်မယ်"

"ကိုကို ကလည်း ကျန်သေးတာကို"

"Min Seok လုပ်နေကျ ငယ် ကနုနုဖတ်ဖတ်လေးရယ် မဟုတ်ရင် ညကျနေမကောင်းဖြစ်လိမ့်မယ်"

"ဟုတ်🙁"

"မျက်နှာမဲ့နေတာလေးက ခွေးပေါက်လေး နဲ့တူလိုက်တာ"

"ကိုကို! ပြောပြန်ပြီ"

"တကယ်တူလို့ ငယ် ရဲ့"

Kyung Soo. Yeol ကိုမကျေနပ်ပါ
^နာမည်အမျိုးမျိုးပေးနေတာပဲ^

"ဒါနဲ့ ကိုကို"

"အင်း ပြောလေ ငယ်"

"ငယ် နဲ့ Min Seok လူမမှားဘူးလား"

"မှားစရာလား ကိုကို မြတ်နိုးရတဲ့ ငယ့် ကိုလေ
ကိုကို့ ရင်ခွင်ထဲဝင်တိုးဖူးတဲ့ ကလေးလေး ရဲ့ ကိုယ်သင်းနံ့ကစ အလွတ်မှတ်မိတယ်"

"ဟုတ်ပါပြီဗျာ ခုနောက်ပိုင်း စကားတွေတတ်လာလိုက်တာ"

"ငယ် နဲ့မှတတ်လာတာ"

နူးနူးညံညံ့လေးရယ်ပြရင်း Kyung Soo ဆံနွယ်တချို့ကို ဆွဲဖွလာတဲ့ ချစ်ရတဲ့လူသား

*************************

"မား သား ပြန်မလာချင်သေးဘူး"

".........."

"ဒါပေမယ့်..."

".........."

"ဟုတ်"

".........."

"ဟုတ် မား"

Kyung Soo ဖုန်းပြောပြီးပြန်လာခဲ့တော့ Yeol နဲ့ Min Seok မိးဖိုလို့တောင် ပြီးတော့မယ်
Suho ဖုန်းဆက်ခဲ့တာနဲ့ ထွက်လာခဲ့တာ ကူတောင်မပေးမိဘူး

"ငယ် အန်တီ ဘာပြောလို့လဲ"

မျက်နှာနည်းနည်းပျက်နေတာ Yeol သတိထားမိတာနဲ့ မေးလိုက်တော့ အနားဝင်ထိုင်ရင်း ပြန်ဖြေလာတယ်

"မားက ပြန်လာခဲ့တော့ တဲ့"

"ပြန်ရမှာပေါ့ ငယ် ရဲ့
ကျောင်းပြန်တက်ဖို့လည်း နီးပြီမဟုတ်လား"

"ငယ် ဒီမှာနေရတာပျော်လို့"

"တစ်လတောင်နေပြီးပြီပဲ နောက်နှစ်ရက်နေရင် ပြန်ကြမယ်နော်"

"ဟွန့်"

ငိုချင်ရဲ့လက်တို့ ဖြစ်သွားတာ
ခုန မကြည်မလင်ဖြစ်နေတဲ့ မျက်နှာလေးကနေ နှုတ်ခမ်းနည်းနည်းချွန်လာတယ်

"Aigoo~ နှုတ်ခမ်းချွန်မလာလိုက်ပါနဲ့
မီးပုံကိုသွားထိမိလို့ မီးစွဲသွားဦးမယ်"

ရယ်ကျဲကျဲနဲ့ပြောလာတော့ Kyung Soo စိတ်မကောင်းဖြစ်မိတဲ့ကြားက ရယ်လိုက်မိသေးတယ်

"ကိုကို အပြင်မှာတော်တော်အေးတယ်နော်"

Yeol လက်နှစ်ဖက်ကို အာငွေ့ပေးပြီး Kyung Soo ပါးဖောင်ဖောင်းလေးနှစ်ဖက်ကို ကပ်လိုက်တယ်

"ခုရောအေးသေးလား"

"အွန်း နည်းနည်းပဲအေးတော့တယ်"

Yeol ဆိုတာ တစ်ခါတလေ ထလုပ်လိုက်တဲ့ အပြုအမူတစ်ခုချင်းစီကစ Kyung Soo ကိုရင်ခုန်မိစေတုန်း

"ကော်ဖီပူပူလေး ရပါပြီ"

Min Seok အိမ်ပေါ်က ကော်ဖီဗန်းယူပြီးဆင်းလာတော့ Kyung Soo ရုန်းမိပေမယ့် Yeol လက်နှစ်ဖက်က လွှတ်မပေးဘဲအပ်ထားတုန်း

"ကိုကို"

"Min Seok သိတယ်"

"ဟင် ဘယ်တုန်းက..."

နှာဖျားရဲရဲ မျက်လုံးဝိုင်းလေးတွေနဲ့ကြည့်လာတဲ့ Kyung Soo ကို Yeol အသည်းယားပြီး ကပ်လျက်ရှိနေတဲ့ လက်နှစ်ဖက်နဲ့ ပါးကိုဖျစ်လိုက်တယ်

"အ့~"

"မသိရအောင် ငယ့် လို ကလေး မှမဟုတ်တာ"

"ငယ့် ကို ကလေး လို့ပဲပြောနေတော့တာပဲ"

Kyung Soo. Yeol လက်နှစ်ဖက်ကိုဖယ်ပြီး တစ်ဖက်လှည့်နေလိုက်တယ်
^တကယ်ပါ ဘယ်တော့မှ ကလေး လို့မပြောတော့မှာလဲမသိဘူး^

"ချစ်လို့လေ ကလေးငယ် ရယ်"

သြရှရှအသံနဲ့ နားနားကပ်ပြီးပြောလာတော့ Kyung Soo ကြက်သီးထမိတယ် အေးနေလို့နေမှာပါ

Min Seok ပေးတဲ့ ကော်ဖီခွက်ကို လက်နှစ်ဖက်နဲ့ယှက်ကိုင်ထားပြီး ကိုယ်လေးကျုံ့ပြီးထိုင်နေတဲ့ Kyung Soo က ဝါဂွမ်းလုံးလေး ကျနေရောပဲ
မထိရက်မကိုင်ရက် တကယ့်ကိုနုနုရွရွလေး
အေးလာတာနဲ့အမျှ အနားတိုးလာတဲ့ ဝါဂွမ်းလုံးလေးကို နွေးထွေးအောင် ထွေးပွေ့ထားပေးရင်း ညဥ့်နက်တဲ့ထိ မီးပုံဘေးမှာ ကုန်လွန်ခဲ့တဲ့တစ်ညတာ

*************************

up မယ်ဆိုမှစာတွေပျက်သွားလို့ မနည်းပြန်ရှာလိုက်ရတယ် 😥



" ကိုကို႔ ရဲ႕ ငယ္ - 27 "


အနားမွာ ပုံ႕ပုံ႕ေလးလာထိုင္တဲ့ ေကာင္ေလးကို Yeol ၾကည့္ေနရင္း စေနာက္ခ်င္လာတယ္

"ငယ္ သရဲေၾကာက္လား"

"မ... မေၾကာက္ပါဘူး"

"ေသခ်ာလို႔လား"

"ေသခ်ာ... မား!"

စကားဆုံးေအာင္ မေျပာျဖစ္လိုက္ခင္ ျဖတ္ခနဲမီးျပတ္သြားေတာ့ Kyung Soo ေရွ႕မွာရွိေနတဲ့ Yeol ရင္ခြင္ထဲဝင္တိုးေတာ့တယ္

"ကိုကို"

ခါးထက္က တင္းၾကပ္လာတဲ့လက္တစ္စုံနဲ႕ ၾကား႐ုံမွ် ေခၚသံတိုးတိုးေလး

"ကိုကို ရွိတယ္ ဘာမွမျဖစ္ဘူး"

ရင္ခြင္ထဲကေကာင္ေလးကို ေခါင္းေလးဖြဖြပြတ္ၿပီး ေျပာလိုက္ေတာ့ လက္ထဲကဆံႏြယ္ေလးေတြ လြတ္ထြက္တဲ့ထိ ေခါင္းတဆတ္ဆတ္ၿငိမ့္ျပလာတယ္

ေဒါက္ ေဒါက္~

"ဟင့္~ ကိုကို"

လူတင္မဟုတ္ဘူး ေျခေထာက္ေလးပါေကြးၿပီး Yeol ရင္ခြင္ထဲတိုးေဝွ႕လာတာ

"ဘာမျဖစ္ဘူးေနာ္ ငယ္ မေၾကာက္နဲ႕"

"အြန္း"

သရဲအေၾကာင္း မေတြးနိုင္ေသးေပမယ့္ Kyung Soo အေမွာင္ေၾကာက္ပါတယ္

"အစ္ကို ကြၽန္ေတာ္ပါ"

"Min Seok လား"

"ဟုတ္ မီးအိမ္လာပို႔တာ"

"ခနေလး အစ္ကိုလာခဲ့မယ္"

အခန္းျပင္က မွိန္ျပျပျမင္ေနရတဲ့ မီးေရာင္ဆီ Yeol ထသြားမယ္ျပင္ေတာ့ ခါးကိုမလႊတ္ေသးတဲ့ Kyung Soo

"ငယ္ မီးအိမ္သြားယူရမယ္ေလ အေမွာင္ထဲမွာ ေနလို႔မွမျဖစ္တာ"

"ကိုကို သြားရင္ ငယ္ က်န္ခဲ့မွာေပါ့ ဟင့္အင္း"

ဘယ္လိုမွလႊတ္မေပးဘဲ ကပ္တြယ္ေနတဲ့ ေကာင္ေလးကို Yeol ဘယ္လိုေျပာရပါ့မလဲ

"အဲဒါဆို ငယ္ ကိုကို႔လက္ကို ေသခ်ာကိုင္ၿပီးလိုက္ခဲ့"

"ဘာမွမွမျမင္ရတာ"

"ခနပဲေလ နီးနီးေလးပါ"

Yeol. Kyung Soo လက္ကိုကိုင္ၿပီး အခန္းတံခါးကိုလာခဲ့ေတာ့ ေနာက္လက္တစ္ဖက္လုံးကို အမိအရကပ္တြယ္ၿပီး လိုက္လာတယ္
တံခါးဖြင့္လိုက္တာနဲ႕ မီးအိမ္တန္းေပးတဲ့ Min Seok

"မီးအိမ္ မီးျပတ္တာမၾကာပါဘူး"

"ဒါနဲ႕ အဘြားေရာ"

Yeol မီးအိမ္လွမ္းယူရင္းေမးလိုက္တယ္

"အဘြား ကြၽန္ေတာ္နဲ႕ရွိပါတယ္"

"အင္း သြားလို႔ရၿပီ Min Seok"

"ဟုတ္ကဲ့"

ေနရာမွာျပန္ထိုင္တဲ့ထိ လက္ကိုမလြတ္တန္း ဖက္တြယ္ထားတဲ့ Kyung Soo ေရွ႕မွာ မီးအိမ္ခ်ထားလိုက္ၿပီး

"ငယ္ ခနထိုင္ေနေနာ္ ကိုကို ျပတင္းေပါက္သြားဖြင့္လိုက္မယ္"

"ဟုတ္"

လေရာင္ရလိုရျငား Yeol ျပတင္းေပါက္ကိုဖြင့္လိုက္ေတာ့ မိးအိမ္ေရွ႕မွာ ပဆစ္တုပ္ထိုင္ေနတဲ့ Kyung Soo ဆီကို ျဖာက်လာတဲ့ လေရာင္တစ္ခ်ိဳ႕

"ခုမွ နည္းနည္းလင္းသြားတယ္"

"အြန္း"

"ငယ္ ေၾကာက္ေနေသးလား"

"မေၾကာက္ေတာ့ပါဘူး ခုန႐ုတ္တရက္ႀကီးဆိုေတာ့..."

"အင္း ကိုကို သိတယ္"

"ဒီည လသာတယ္ေနာ္ ကိုကို"

ေျပာရင္းနဲ႕ ပုခုံးေပၚမွီလာတာေၾကာင့္ Yeol လက္က Kyung Soo ပုခုံးကိုလွမ္းဖက္လိုက္ၿပီး မွီခ်လာတဲ့ေခါင္းကို လည္တိုင္နားကပ္ေအာင္ တိုးယူလိုက္တယ္
မ်က္လုံးဝိုင္းေလးေတြနဲ႕ ေမာ့ၾကည့္လာလို႔ Yeol ငဲ့ၾကည့္တာနဲ႕ဆုံေတာ့ ဝင္သက္ထြက္သက္ပါ ခံစားလို႔ရတဲ့ထိ

Kyung Soo ရွက္ရွက္နဲ႕ တစ္ခ်က္ရယ္ျပၿပီး လမင္းႀကီးကို ေငးၾကည့္ေနမိတယ္
ဘယ္ေလာက္ပဲခ်စ္ခ်စ္ အထိအေတြ႕တိုင္း အျပဳအမူတိုင္း ရင္ခုန္မိေနတုန္း

"ကိုကို"

"ေျပာေလ ငယ္"

"တကယ္လို႔ လမင္းပဲျဖစ္ျဖစ္ ၾကယ္ေလးတစ္ခုပဲျဖစ္ျဖစ္ ျဖစ္ခြင့္ရမယ္ဆိုရင္ ကိုကို ဘာျဖစ္ခ်င္လဲဟင္"

"ၾကယ္ေလးတစ္ခုပဲျဖစ္ခ်င္တယ္"

"ဘာလို႔လဲ ကိုကို"

ကိုယ္ျပန္မတ္ၿပီး Yeol မ်က္ဝန္းေတြကို တည့္တည့္ၾကည့္ၿပီး ေမးခြန္းထုတ္လာတယ္

"လမင္းႀကီးလို အရာအားလုံးကို တန္းတူအလင္းေပးမွာမဟုတ္ဘဲ ၾကယ္ပြင့္ေလးလို ကိုကို ခ်စ္တဲ့ ငယ့္ အေပၚမွာပဲ အလင္းေရာင္ေပးခ်င္တယ္
တျခားသူေတြအျမင္မွာ အလင္းေရာင္ မွိန္ေနနိုင္ေပမယ့္ ငယ္ တစ္ေယာက္စာအတြက္ လုံေလာက္တဲ့ အလင္းေရာင္ေပးနိုင္တဲ့ အရာတစ္ခုေပါ့
ငယ့္ ကိုခ်စ္တဲ့အခ်စ္ေတြ ျမတ္နိုးမႈေတြ တန္ဖိုးထားမႈေတြ အားလုံးရွိေနမယ့္ ၾကယ္ေလးတစ္ခု ျဖစ္ၿပီးေတာ့ ငယ့္ ကိုလမ္းျပေပးခ်င္တယ္ ေစာင့္ေရွာက္ေပးခ်င္တယ္
ငယ္ အခ်စ္ေတြေၾကာင့္ ေတာက္ပေနမယ့္ ၾကယ္ေလး ျဖစ္ခ်င္တာ"

ႏူးႏူးညံ့ညံ့ေလးေျပာလာတဲ့ စကားသံရဲ႕ေနာက္ ျပန္ၿပီးမွီတြယ္လာတဲ့ ေခါင္းလုံးလုံးေလးနဲ႕ ၿပဳံးေနတဲ့ Kyung Soo

"ငယ္"

"ငယ့္ အတြက္လုံေလာက္ပါၿပီ"

"ေျမျပင္ကၾကယ္ေလးေတြအေၾကာင္း ၾကားဖူးလား ငယ္"

"ေျမျပင္က ၾကယ္..."

"အင္း ေျမျပင္မွာလည္း ၾကယ္ေလးေတြရွိတယ္
တစ္ခါတုန္းက Astraea လို႔ေခၚတဲ့ နတ္ဘုရားမတစ္ပါးက ေကာင္းကင္မွာ ၾကယ္ေလးေတြမေတြ႕ရလို႔ ငိုေႂကြးခဲ့တယ္
နတ္ဘုရားမ မ်က္ရည္က်တဲ့ေနရာမွာ ၾကယ္ပုံသ႑ာန္ Aster ပန္းေလးေတြ ေပၚလာတယ္တဲ့
အဲဒါေၾကာင့္ Aster ဆိုတဲ့ပန္းရဲ႕အဓိပါယ္က 'ၾကယ္' လို႔ေျပာၾကတာ"

"ငယ္ ကိုကို ေျပာျပမွသိေတာ့တယ္"

"အခြင့္အေရးရရင္ Aster ပန္းေလးေတြ သြားၾကည့္ၾကမလား"

"ဟုတ္"

Eye smile ေလးေတြျဖစ္ေအာင္ ရယ္ေနတဲ့ ေကာင္ေလးကို Yeol ျမတ္နိုးပါတယ္

မီးျပန္လာေပမယ့္ မီးပိတ္ၿပီး ျပတင္းေပါက္ကေန ၾကယ္ေလးေတြ ၾကည့္ေနၾကတဲ့ ေကာင္ေလးႏွစ္ေယာက္
မဟုတ္ဘူး ေကာင္းကင္ႀကီးကို ေငးေမာေနတဲ့ ေကာင္ေလးရဲ႕မ်က္ႏွာကို တစိမ့္စိမ့္ၾကည့္ေနတဲ့ ေကာင္ေလးတစ္ေယာက္

ခနၾကာေတာ့ လက္ကိုအုပ္ကိုင္လာတဲ့ ႏြေးေထြးလြန္းတဲ့လက္တစ္ဖက္
Kyung Soo နားမလည္သလို မ်က္ခုံးပင့္ၿပီးၾကည့္လိုက္ေတာ့

"ငယ့္ လက္ေတြေအးေနမွာစိုးလို႔"

^အဲ့လိုပါပဲ ကိုကို က ငယ့္ ကိုဆို အရမ္းၾကင္နာတတ္တဲ့ လူသား^

*************************

White Aster ေလးေတြရဲ႕ အဓိပါယ္က " ထာဝရအခ်စ္ " တဲ့

'ငယ္ က ကိုကို႔ ရဲ႕ White Aster ေလး ♥´

*************************

အဘြားနဲ႕ Min Seok ႏွစ္ေယာက္တည္းရွိခ်ိန္က တိတ္ဆိတ္ျခင္းမမည္ေပမယ့္ Kyung Soo ေရာက္လာတည္းက ဆူဆူညံညံျဖစ္လာတဲ့ မနက္စာထမင္းဝိုင္းေလး
တတြတ္တြတ္နဲ႕ မသိတာေတြလိုက္ေမးေနတာေလ

"ဒီေန႕ ကန္စြန္းဥသြားတူးရမယ္ အဘြား"

"နားလုပ္ေနာ္ Min Seok"

"ဟုတ္"

"အဘြား သား Min Seok နဲ႕စိုက္ခင္းထဲ လိုက္သြားခ်င္တယ္"

"စိုက္ခင္းမွာေနပူတယ္ Kyung Soo"

"ရပါတယ္ အဘြားရဲ႕ အာဂ်ီးမားစတိုင္ ဝတ္သြားမွာေပါ့😁"

"မျဖစ္ပါဘူး ငယ္ ကႏုဖတ္ေနတာ"

"ဒီေန႕တစ္ရက္ပဲေလ ကိုကို"

"မရဘူး"

Yeol ေျပာၿပီးမုန့္စားေနတုန္း အဘြား ေခါင္းေခါက္တာခံလိုက္ရတယ္

ဂြက္~

"အား! နာတယ္ အဘြား"

"တစ္ရက္တည္းပဲ ကေလးကသြားခ်င္တာကို လိုက္ေျပာေနရလား"

"မဟုတ္ပါဘူး"
နာေနတဲ့ေခါင္းကို ဖြဖြပြတ္ၿပီး Kyung Soo ကိုလွည့္ၾကည့္ေတာ့ ေလွာင္ၿပီးရယ္ေနေသးတယ္

"Kyung Soo တစ္ရက္ပဲေနာ္"

"ဟုတ္ အဘြား"

Kyung Soo. Yeol ကိုလွ်ာထုတ္ၿပီးေျပာင္ျပရင္း တိုးတိုးကပ္ေျပာတာက
"အဘြားနဲ႕မွ အရိုက္ခံရတဲ့ကေလး ျဖစ္ေနၿပီ" တဲ့

^မသြားေစခ်င္ပါဘူး ငယ္ ကႏုႏုဖတ္ဖတ္ေလး တစ္ခါမွမလုပ္ဖူးတာကို ေနေလာင္ၿပီး အသားေတြရဲတက္လာမွာ^

*************************

Kyung Soo တစ္ေယာက္ အာဂ်ီးမားစတိုင္ အကၤ်ီရွည္ပြပြ ေဘာင္းဘီရွည္ပြပြနဲ႕ မ်က္ႏွာထက္ႀကီးတဲ့ ဦးထုပ္အဝိုင္းႀကီးလည္း ေဆာင္းထားေသးတယ္
အကၤ်ထဲမွာျမဳပ္ေနတဲ့ ေကာင္ေလး

"ကန္စြန္းဥတူးရတာ ပင္ပန္းလိုက္တာ"

"ခုမွစလုပ္လို႔ပါ ငါဆို က်င့္သားရေနၿပီ"

ဟုတ္တယ္ ေနပူထဲမွာေနေနရတာ ဦးထုပ္နဲ႕အုပ္ထားတဲ့ မ်က္ႏွာျဖဴဥဥေလးေတာင္ ရဲတက္ေနၿပီ

"တစ္ခင္းလုံးကုန္ေအာင္ လုပ္ရမွာလား Min Seok"

"မဟုတ္ဘူး ေနာက္ႏွစ္ေျမာင္းေလာက္ထိပဲ
က်န္တာေတြက ဟိုရက္ကတစ္ခါ တူးထားေသးတယ္"

"အင္း"

"ပင္ပန္းရင္နားလိုက္ပါလား Kyung Soo"

"ရပါတယ္ ဘာမျဖစ္ဘူး"

'ဘာမျဖစ္ဘူး' သာေျပာတာ မ်က္ႏွာရဲလာတာထက္ ေခြၽးေတြပါက်လာတယ္

Kyung Soo ကေတာ့ ကန္စြန္းဥဆက္တူးေနတုန္း ႀကီးတာေတြ႕ရင္လည္း Min Seok ကိုႂကြားေနေသးတာ

"ငယ္"

ၾကားပါၿပီ ေနာက္ဘက္ကေခၚေနတဲ့ Yeol အသံ
ခပ္လွမ္းလွမ္းကေန ျဖည္းျဖည္းခ်င္းေလွ်ာက္လာေနတာျဖစ္မယ္ ေျခသံသဲ့သဲ့ၾကားေနရတယ္

Min Seok လွည့္ၾကည့္မယ္လုပ္ေတာ့
"မလွည့္နဲ႕ Min Seok"

"ဟင္... အင္း"

Kyung Soo နဲ႕ Min Seok ကိုေနာက္ကၾကည့္ရင္ အရပ္တူ ကိုယ္လုံးတူ ေကြးေကြးေလးထိုင္ေနၾကတာဆိုေတာ့ အမွတ္တမဲ့ဆို ခြဲလို႔ရမွာမဟုတ္ဘူး

"ငယ္ လာခဲ့"

"ဘယ္ကိုလဲ"

ျပန္မေျဖဘဲ လက္ဆြဲၿပီးသစ္ပင္ရိပ္ေအာက္ေခၚသြားလို႔ Kyung Soo မနည္းလိုက္လာခဲ့ရတယ္

အကၤ်ီလက္ေတြေသခ်ာေခါက္တင္ေပးၿပီး sun cream လိမ္းေပးေနေရာ

"ကိုကို..."

"ငယ္ အသားေတြရဲေနၿပီေတြ႕လား အဲဒါေၾကာင့္ မသြားပါနဲ႕လို႔ေျပာတာ"

"တစ္ခါတေလပါ ကိုကို"

"ေျပာရင္ေတာ့ မ်က္ႏွာငယ္ေလးနဲ႕
ငယ္ နည္းနည္းေလးျဖစ္ျဖစ္ ထိခိုက္မိရင္ေတာင္ ကိုကို ရင္ပူရလြန္းလို႔
ေတြ႕ၿပီလား လက္ရွည္ဝတ္ထားလည္း ေနေလာင္တယ္ ဒီမွာ ေနအရမ္းပူတာ အရိပ္ဆိုလို႔ ဒီေနရာတစ္ခုပဲရွိတယ္"

sun cream လိမ္းေပးရင္း တတြတ္တြတ္ေျပာေနတဲ့ Yeol ကို Kyung Soo ေငးၾကည့္ေနမိတယ္

"ကိုကို က်ေတာ့ အကၤ်ီလက္တိုနဲ႕လိုက္လာရလား"

Kyung Soo အျပစ္တင္သလိုေျပာလိုက္ေတာ့ ေခါင္းငုံ႕ေနရင္းက မ်က္လုံးေလးလွန္ၾကည့္လာတယ္

"ကိုကို ကဘာမျဖစ္ဘူး ရတယ္"

"ဒီေလာက္ဆိုရၿပီ ကိုကို"

Kyung Soo ထသြားမယ္လုပ္ေတာ့ Yeol လက္ကိုဆြဲထားရင္း
"ငယ္ မသြားနဲ႕ေတာ့ Min Seok ဆက္လုပ္လိမ့္မယ္"

"ကိုကို ကလည္း က်န္ေသးတာကို"

"Min Seok လုပ္ေနက် ငယ္ ကႏုႏုဖတ္ဖတ္ေလးရယ္ မဟုတ္ရင္ ညက်ေနမေကာင္းျဖစ္လိမ့္မယ္"

"ဟုတ္🙁"

"မ်က္ႏွာမဲ့ေနတာေလးက ေခြးေပါက္ေလး နဲ႕တူလိုက္တာ"

"ကိုကို! ေျပာျပန္ၿပီ"

"တကယ္တူလို႔ ငယ္ ရဲ႕"

Kyung Soo. Yeol ကိုမေက်နပ္ပါ
^နာမည္အမ်ိဳးမ်ိဳးေပးေနတာပဲ^

"ဒါနဲ႕ ကိုကို"

"အင္း ေျပာေလ ငယ္"

"ငယ္ နဲ႕ Min Seok လူမမွားဘူးလား"

"မွားစရာလား ကိုကို ျမတ္နိုးရတဲ့ ငယ့္ ကိုေလ
ကိုကို႔ ရင္ခြင္ထဲဝင္တိုးဖူးတဲ့ ကေလးေလး ရဲ႕ ကိုယ္သင္းနံ႕ကစ အလြတ္မွတ္မိတယ္"

"ဟုတ္ပါၿပီဗ်ာ ခုေနာက္ပိုင္း စကားေတြတတ္လာလိုက္တာ"

"ငယ္ နဲ႕မွတတ္လာတာ"

ႏူးႏူးညံညံ့ေလးရယ္ျပရင္း Kyung Soo ဆံႏြယ္တခ်ိဳ႕ကို ဆြဲဖြလာတဲ့ ခ်စ္ရတဲ့လူသား

*************************

"မား သား ျပန္မလာခ်င္ေသးဘူး"

".........."

"ဒါေပမယ့္..."

".........."

"ဟုတ္"

".........."

"ဟုတ္ မား"

Kyung Soo ဖုန္းေျပာၿပီးျပန္လာခဲ့ေတာ့ Yeol နဲ႕ Min Seok မိးဖိုလို႔ေတာင္ ၿပီးေတာ့မယ္
Suho ဖုန္းဆက္ခဲ့တာနဲ႕ ထြက္လာခဲ့တာ ကူေတာင္မေပးမိဘူး

"ငယ္ အန္တီ ဘာေျပာလို႔လဲ"

မ်က္ႏွာနည္းနည္းပ်က္ေနတာ Yeol သတိထားမိတာနဲ႕ ေမးလိုက္ေတာ့ အနားဝင္ထိုင္ရင္း ျပန္ေျဖလာတယ္

"မားက ျပန္လာခဲ့ေတာ့ တဲ့"

"ျပန္ရမွာေပါ့ ငယ္ ရဲ႕
ေက်ာင္းျပန္တက္ဖို႔လည္း နီးၿပီမဟုတ္လား"

"ငယ္ ဒီမွာေနရတာေပ်ာ္လို႔"

"တစ္လေတာင္ေနၿပီးၿပီပဲ ေနာက္ႏွစ္ရက္ေနရင္ ျပန္ၾကမယ္ေနာ္"

"ဟြန့္"

ငိုခ်င္ရဲ႕လက္တို႔ ျဖစ္သြားတာ
ခုန မၾကည္မလင္ျဖစ္ေနတဲ့ မ်က္ႏွာေလးကေန ႏႈတ္ခမ္းနည္းနည္းခြၽန္လာတယ္

"Aigoo~ ႏႈတ္ခမ္းခြၽန္မလာလိုက္ပါနဲ႕
မီးပုံကိုသြားထိမိလို႔ မီးစြဲသြားဦးမယ္"

ရယ္က်ဲက်ဲနဲ႕ေျပာလာေတာ့ Kyung Soo စိတ္မေကာင္းျဖစ္မိတဲ့ၾကားက ရယ္လိုက္မိေသးတယ္

"ကိုကို အျပင္မွာေတာ္ေတာ္ေအးတယ္ေနာ္"

Yeol လက္ႏွစ္ဖက္ကို အာေငြ႕ေပးၿပီး Kyung Soo ပါးေဖာင္ေဖာင္းေလးႏွစ္ဖက္ကို ကပ္လိုက္တယ္

"ခုေရာေအးေသးလား"

"အြန္း နည္းနည္းပဲေအးေတာ့တယ္"

Yeol ဆိုတာ တစ္ခါတေလ ထလုပ္လိုက္တဲ့ အျပဳအမူတစ္ခုခ်င္းစီကစ Kyung Soo ကိုရင္ခုန္မိေစတုန္း

"ေကာ္ဖီပူပူေလး ရပါၿပီ"

Min Seok အိမ္ေပၚက ေကာ္ဖီဗန္းယူၿပီးဆင္းလာေတာ့ Kyung Soo ႐ုန္းမိေပမယ့္ Yeol လက္ႏွစ္ဖက္က လႊတ္မေပးဘဲအပ္ထားတုန္း

"ကိုကို"

"Min Seok သိတယ္"

"ဟင္ ဘယ္တုန္းက..."

ႏွာဖ်ားရဲရဲ မ်က္လုံးဝိုင္းေလးေတြနဲ႕ၾကည့္လာတဲ့ Kyung Soo ကို Yeol အသည္းယားၿပီး ကပ္လ်က္ရွိေနတဲ့ လက္ႏွစ္ဖက္နဲ႕ ပါးကိုဖ်စ္လိုက္တယ္

"အ့~"

"မသိရေအာင္ ငယ့္ လို ကေလး မွမဟုတ္တာ"

"ငယ့္ ကို ကေလး လို႔ပဲေျပာေနေတာ့တာပဲ"

Kyung Soo. Yeol လက္ႏွစ္ဖက္ကိုဖယ္ၿပီး တစ္ဖက္လွည့္ေနလိုက္တယ္
^တကယ္ပါ ဘယ္ေတာ့မွ ကေလး လို႔မေျပာေတာ့မွာလဲမသိဘူး^

"ခ်စ္လို႔ေလ ကေလးငယ္ ရယ္"

ၾသရွရွအသံနဲ႕ နားနားကပ္ၿပီးေျပာလာေတာ့ Kyung Soo ၾကက္သီးထမိတယ္ ေအးေနလို႔ေနမွာပါ

Min Seok ေပးတဲ့ ေကာ္ဖီခြက္ကို လက္ႏွစ္ဖက္နဲ႕ယွက္ကိုင္ထားၿပီး ကိုယ္ေလးက်ဳံ႕ၿပီးထိုင္ေနတဲ့ Kyung Soo က ဝါဂြမ္းလုံးေလး က်ေနေရာပဲ
မထိရက္မကိုင္ရက္ တကယ့္ကိုႏုႏု႐ြ႐ြေလး
ေအးလာတာနဲ႕အမွ် အနားတိုးလာတဲ့ ဝါဂြမ္းလုံးေလးကို ႏြေးေထြးေအာင္ ေထြးေပြ႕ထားေပးရင္း ညဥ့္နက္တဲ့ထိ မီးပုံေဘးမွာ ကုန္လြန္ခဲ့တဲ့တစ္ညတာ

*************************

up မယ္ဆိုမွစာေတြပ်က္သြားလို႔ မနည္းျပန္ရွာလိုက္ရတယ္ 😥

Continue Reading

You'll Also Like

5.1K 374 18
ჩვეულებრივი გოგონა რომლებსაც არც მშობლები ყავს და არც ნათესავები მეგობრები ეს ხომ ზედმედია. მარტო სული რომელიც სრული დაფიმანსებით ჩაირიცხება სეულის ყ...
2.2K 99 2
[Unicode Ver] တစ်လောကလုံးအတွက် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်ခဲ့ပေမဲ့ မောင့်အတွက်တော့ နှင်းဆီတစ်ပွင့်ပဲ ဖြစ်ပါရစေ #CoverBy_ChaosMagisk [Zawgyi Ver] တစ္ေ...
28.9K 2.2K 58
တြယ္ေႏွာင္ရစ္ငင္ "ကိုခ်မ္း...က်ိန္..." "ဟမ္..." "အလံုးက လြဲျပီး ဘယ္သူမွ မခင္ဘူးလို႕ က်ိန္..." "ဘာလို႕ က်ိန္ရမွာလဲ..မက်ိန္ပါဘူး..ငါ ခင္ခ်င္တဲ႕သူနဲ႕ ခင...
1.7M 105K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...