" ကိုကို့ ရဲ့ ငယ် - 26 "
Yeol. Kyung Soo နဲ့ Min Seok သုံးယောက်သား TVကြည့်နေကြတယ် Reality show တစ်ခုလာနေတာကိုကြည့်ရင်း တဟားဟားရယ်နေကြတာ
"ရယ်သံတွေကလည်း နောက်ဘက်ကတောင် ကြားရတယ်နော်"
အဘွား သစ်သီးပန်းကန်ကို စားပွဲပေါ်ချရင်းပြောလိုက်တော့ ပြုံးစိစိနဲ့ပြန်ကြည့်နေကြရော
"အဘွား လက်ကိုဓားထိရင် ဘယ်လိုလုပ်မလဲ သားကိုပြောတာမဟုတ်ဘူး"
Kyung Soo စိတ်ပူသလိုပြောတော့ အဘွားကရယ်တယ် ပျိုမျစ်မှုတွေရှိမနေတာတောင် အဘွားက ကျက်သရေရှိရှိလှနေတုန်း
"ဘာမဖြစ်ပါဘူး အဘွားလုပ်နေကျပဲ"
"ဟုတ်တယ် Kyung Soo
အဘွားက ကိုယ်တိုင်လုပ်ရမှ စိတ်ကျေနပ်တာ"
"ဟုတ်ပါပြီဗျာ"
"Reality show တောင်ပြီးသွားပြီပဲ ငယ် နားတော့မလား"
"စောပါသေးတယ် Chan ရဲ့"
အဘွား ဟန့်လိုက်တော့ Yeol ဆက်မပြောဖြစ်တော့ဘဲ ငြိမ်နေလိုက်တယ်
"သတင်းလာမှာပဲ Min Seok ပြောင်းလိုက်ဦး"
"ဟုတ် အဘွား"
Hst: Koreaနိုင်ငံရဲ့ Top10 စာရင်းဝင် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သော Lee Saung Tae သည် ငွေကြေးအလွဲသုံးစားလုပ်မှု ခြိမ်းခြောက်မှု အသက်အန္တရာယ်ရန်ရှာပြုမူမှု စသည့် အမှုပေါင်း ၂၈ ခုမှာ ပြစ်မှုထင်ရှားပြီး သက်သေခိုင်လုံသဖြင့် တရားခံအား ယနေ့မနက်တွင် ရဲဌာနမှ ဖမ်းဆီးထိမ်းသိမ်းထားကြောင်း သိရှိရပါသည်
တရားခံအား ပြစ်မှုများကို ဆက်လက်စစ်ဆေး..........
"ကိုကို အစ်မ Ji Yun အဖေမဟုတ်လား"
အံ့သြနေတဲ့ အကြည့်တွေနဲ့မေးလာတဲ့ Kyung Soo
"ဟုတ်တယ်"
Hst: တရားခံ၏ သမီးဖြစ်သူ Lee Ji Yun သည် ဖခင်၏ခိုင်းစေချက်အတိုင်း ကြံရာပါအဖြစ် မသမာမှုများအား ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသဖြင့် တစ်ပါတည်းဖမ်းဆီးထားကြောင်း သတင်းရရှိပါသည်
"Ji Yun ကပါ..."
Yeol သိထားတာ Lee Saung Tae နဲ့အတူ လက်ထောက်တစ်ယောက်ပါတာပဲ ဘာဖြစ်လို့ Ji Yun ဖြစ်နေရတာလဲ
^ဖေဖေရောသိထားတာလား^
နေရာကအမြန်ထပြီး Kris ဆီဖုန်းဆက်လိုက်တော့ ခနလေးအတွင်း ပြန်ဖြေတယ်
"သား"
"Ji Yun အကြောင်းသိထားလား ဖေဖေ"
"ခုနမှသိတာ သား
videoတစ်ခုမှာ mask မပါလို့ အဲ့မှာတွေ့သွားတာဖြစ်မယ်"
"အဲ့videoက..."
"ရဲစခန်းကို တခြားသူတစ်ယောက်ပို့ခဲ့တာ လို့ပြောတယ် ဘယ်သူလဲလို့စုံစမ်းနေကြတုန်းတဲ့"
"ဟုတ်"
Yeol ဖုန်းချပြီးနောက်လှည့်အကြည့်
"ကိုကို"
"ငယ်"
"အစ်မ Ji Yun သနားပါတယ် ငယ်သေးတာကို"
"ငယ် စိတ်ပူပေးနေတာလား"
"အွန်း ဒီနှစ်မှဘွဲ့ယူရမှာလေ နောက်ဆိုအလုပ်ရဖို့ လွယ်ပါတော့မလား"
"ငယ် ရယ်"
Yeol ရှေ့မှာရှိနေတဲ့ Kyung Soo ကိုယ်လေးကို ထွေးပွေ့လိုက်တယ်
^ငယ့် ကိုထိခိုက်စေခဲ့တာတောင် စိတ်ပူပေးတယ်တဲ့လား ဖြူစင်လွန်းတဲ့ ငယ့် ကိုပိုင်ဆိုင်ရတာ ကိုကို တကယ်ကံကောင်းလိုက်တာ^
><><><><><><><><><><><><
"သား ငယ့် ကိုရွေးခဲ့ရင် ဖေဖေ တစ်ခုလုပ်ပေးရမယ်"
"..............."
တိတ်ဆိတ်သွားသောတစ်နေရာ၌ အတွေးကိုယ်စီနှင့် ရှိနေကြသူနှစ်ဦး
အချိန်အတိုင်းအတာတစ်ခုထိ အပ်ကျသံတောင် မကြားရတဲ့ထိ တိတ်ဆိတ်နေရင်းက
"Factsတွေ ရဲလက်အပ်လိုက်ပါ"
"အဲ့တော့..."
"သူလုပ်ခဲ့တဲ့ အပြစ်ကြွေးပြန်ဆပ်သင့်တယ်မဟုတ်လား တရားမျှတမှုလည်း လိုသေးတယ်လေ"
"ဟုတ်ပြီ လုပ်လိုက်မယ်
ဖေဖေလည်းအဲ့လိုလုပ်မလို့ပဲ မဟုတ်ရင် ရလာမယ့်အကျိုးအမြတ်က..."
"သား ကုမ္ပဏီမှာ အလုပ်ဝင်လုပ်မယ် ဒါပေမယ့် တစ်နှစ်အချိန်ပေး ကျောင်းလည်းပြီးတော့မှာဆိုတော့ တစ်နှစ်အတွင်း လုပ်ငန်းပိုင်းဆိုင်ရာ နှံ့စပ်အောင်လေ့လာမယ် နောက်တစ်နှစ်ခွဲအတွင်း ကုမ္ပဏီရဲ့ ခုပိုင်ဆိုင်မှုထက် နှစ်ဆသာစေရမယ်
ပြီးရင် သား ငယ့် ကိုလက်ထပ်မယ်
ကလေးဘဝအိပ်မက်ကလည်း ငယ့် ကိုကာကွယ်ပေးချစ်လို့ စောင့်ရှောက်ပေးချင်လို့ ဆရာဝန်ဖြစ်ချင်ခဲ့တာမလို့ ငယ် နဲ့ယှဥ်ပြီးရွေးရရင် ငယ့် ကိုပဲရွေးချယ်မှာ
ဖေဖေ သားကို စီးပွားရေးလုပ်ငန်းရှင် ဖြစ်စေချင်တာမဟုတ်လား ခုလိုဆို နှစ်ယောက်လုံးအတွက် အဆင်ပြေတယ်လေ"
"OK ပြတ်သားတာကောင်းတယ် သား"
*************************
တွေ့ဖူးတဲ့ Lily တွေလိုမဟုတ်ဘဲ အပွင့်သေးသေးနဲ့ ရိုးတံတိုတိုလေးကိုမှ ပွင့်ဖတ်လေးတွေက အိုးပုံစံ အနားလေးကော့ပြီး ပွင့်တဲ့ Lily of the valley ဆိုတဲ့ ပန်းပွင့်ဖြူလေးတွေကို အလှပန်းအိုးလေးနဲ့ စိုက်ကြတာများပါတယ်
Lily of the valley ရဲ့အဓိပါယ်က " မင်းက ငါ့ဘဝကို ပြည့်စုံစေတယ် " တဲ့
'ငယ့် ကြောင့်ဖြစ်တည်လာတဲ့ မျှော်လင့်ချက်ဆိုပေမယ့် ကိုကို့ ဘဝမှာ ငယ် ရှိနေရင်ပဲ ပြည့်စုံပြီမလို့... ♥´
*************************
"အဘွား ဘာလုပ်နေတာလဲဟင်"
ဖိုးစပ်စုလေး မြေကွက်လပ်မှာ အလုပ်ရှုပ်နေတဲ့ အဘွားအနားကပ်ပြီး မေးလိုက်တယ်
"ဂင်ချီလုပ်ဖို့ မုန်ညင်းရွက်ကို ဆားရည်စိမ်ရတယ်လေ သားရဲ့"
"ဘယ်လောက်ကြာကြာစိမ်ထားရလဲဟင်"
"မိနစ် ၃၀ လောက်စိမ်ရတယ်"
"ဟုတ် သား ကူလုပ်ပေးမယ်"
အဘွားနဲ့ မုန်ညင်းဆားရည်စိမ်ကူနေတုန်း
"သား Chanရော"
"ရွာထဲသွားတယ် အဘွား ဝယ်စရာရှိလို့တဲ့"
"သားကိုမခေါ်ဘူးလား"
"ခေါ်ပါတယ် သား အဘွားဘာလုပ်နေလဲသိချင်လို့ ကျန်ခဲ့တာ"
Kyung Soo အဘွားရှေ့မှာ 'ကိုကို' လို့မခေါ်တာများတယ် ဒီတိုင်းပဲပြောတာ
"Min Seok ရော အဘွား"
"ဒီနေ့ လိမ္မော်သီးခူးရမှာမလို့ သွားခူးနေတယ်"
"ဟုတ်"
"ဆားရည်စိမ်နေတုန်း ဂင်ချီအနှစ်လုပ်ရမယ် သား လိုက်ကြည့်မလား"
"ဟုတ် အဘွား"
Kyung Soo ဂင်ချီအနှစ်လုပ်နေတဲ့ အဘွားရဲ့ လှုပ်ရှားမှုအားလုံး စေ့စေ့စပ်စပ်လိုက်ကြည့်ရင်း ပါဝင်ပစ္စည်းတွေ ထည့်ရမယ့်အချိုးအစားတွေပါ သေချာမှတ်နေတယ်
"ပြီးရင်ရော အဘွား"
"ပြီးရင် ဂင်ချီအနှစ်နဲ့ ရေဆေးပြီးတဲ့မုန်ညင်းကို နယ်လိုက်ရုံပဲ"
"မုန်ညင်းကရေဆေးရဦးမှာပေါ့"
"အင်း"
အဘွားနဲ့အတူ မုန်ညင်းရွက်တွေကူလုပ်နေတုန်း Yeol ပြန်ရောက်လာတယ်
"အဘွား ဂင်ချီလုပ်ဖို့လား"
"အင်း"
"သား ကူလုပ်ပေးမယ်"
"မိုးတွေရွာနေပါ့မယ်"
"ဘာလို့လဲ အဘွား"
Kyung Soo နားမလည်သလိုမေးတော့
"Chan ဒါတွေဘယ်တုန်းက စိတ်ဝင်စားသွားတာလဲ မိန်းကလေးတွေပဲ လုပ်တဲ့အလုပ်ဆိုပြီးတော့"
"စိတ်ဝင်စားတာမဟုတ်ပါဘူး အဘွား ပင်ပန်းမှာစိုးလို့ပါ"
Yeol အရင်ကရွာကိုလာရင် စိုက်ခင်းထဲမှာ ကူလုပ်ပေးတာများတယ် ခုလိုလုပ်ဖို့ဆိုဝေးသေး
"အဘွားလုပ်ပြတာ သေချာကြည့်နော်"
အဘွားက မုန်ညင်းထုပ်တွေကို တစ်ရွက်စီဟပြီး အနှစ်နဲ့နယ်ပြီးထပ်ပြတယ် Kyung Soo လိုက်လုပ်ကြည့်တာ အဆင်ပြေပေမယ့် Yeol လုပ်ကြည့်တော့ ပုံစံမကျ
"ကိုကို အဲ့လိုမဟုတ်ဘူးလေ"
"ဟုတ်ပါတယ်"
မုန်ညင်းထုပ်ကို ဖင်တစ်လှည့်ခေါင်းတစ်လှည့်ကြည့်ပြီး မျက်မှောင်ကျုတ်ပြောနေတဲ့ Yeol ပါ
"ဒီလိုလုပ်ရတယ်"
Kyung Soo ပြန်လုပ်ပေးလိုက်တော့မှပဲ အဆင်ပြေသွားတော့တယ်
"Chan. Kyung Soo လောက်တောင်မလုပ်တတ်ဘူးပဲ"
အဘွားက နှစ်ယောက်အတူရှိရင် နာမည်ခေါ်ပြီး တခြားအချိန်ဆိုရင် 'သား' လို့ခေါ်တယ်
"အဘွားကလည်း သား ခုမှစလုပ်ကြည့်တာမလို့..."
"Kyung Soo လည်းခုမှစလုပ်တာလေ Chan ထက်ပိုတော်တယ်"
"အဘွား သားကမြေးအရင်းနော်"
"အဘွား ဘာပြောနေလို့လဲ"
"ငယ် ကပိုတော်တယ် ဆိုလို့"
^ဟော ချွဲပြီ ချွဲနေပြီ
ကိုကိုကလေ ကလေးကျနေတာပဲ အဘွားနဲ့တွေ့မှ ကလေး ပြန်ဖြစ်သွားတာ 'တော်တယ်'ပဲပြောတာကို အူတိုနေတာတဲ့^
Yeol ကြည့်ပြီးရယ်ချင်နေပေမယ့် ကလေးဆိုးကြီး စိတ်ကောက်သွားမှာလည်း ကြောက်ရသေးတော့ Kyung Soo ခိုးရယ်နေလေရဲ့
"အဘွား အမှန်တိုင်းပြောတာလေ"
"သား သေချာလုပ်ရင်... အွန်း..."
အဘွားခွံ့လိုက်တဲ့ မုန်ညင်းဂင်ချီကြောင့် Yeol စကားဆုံးအောင် မပြောဖြစ်တော့
"ဒါစားပြီးသေချာလိုက်လုပ်"
"umm စားလို့ကောင်းလိုက်တာ
အရမ်းမစပ်ဘူး ငယ် စားကြည့်"
Yeol ရှေ့ကဗူးထဲမှာရှိနေတဲ့ ဂင်ချီနည်းနည်း Kyung Soo ကိုကျွေးလိုက်တယ်
"wow စားလို့ကောင်းလိုက်တာ"
"Kyung Soo အစပ်မစားနိုင်ဘူးထင်လို့ နည်းနည်းလျှော့ထားတာ"
"ဟုတ် အဘွား သား အစပ်သိပ်မစားနိုင်ဘူး"
ကြည့်နေရူံနဲ့သိသာတယ် အစပ်နည်းနည်းစားတာနဲ့ နှာခေါင်းထိပ်လေး ရဲတက်လာရော
"ငယ် ရေသောက်"
Yeol ဘယ်ချိန်ကရေသွားယူလိုက်မှန်းမသိ
အဲ့လိုပဲ အရမ်းအလိုက်သိတာ
"ရပြီ ကိုကို"
Kyung Soo ပြန်ပေးတဲ့ရေခွက်ကို Yeol ဘေးမှာပဲ ချထားလိုက်တယ်
"အဘွား စိုက်ခင်းဘက်သွားမလို့ ခနနေရင် Min Seok လာကူလိမ့်မယ်နော်"
"ဟုတ် အဘွား"
Yeol အသံမကြားလို့ လှည့်ကြည့်လိုက်တော့ ဂင်ချီလုပ်နေတာနည်းနည်း စားနေတာများများ
"Chan ကလေးကျနေတာပဲ ဘာဖြစ်လို့ တစပ်စပ်ယူစားနေတာလဲ"
"စားကောင်းလို့ အဘွား😁"
"အကြီးဖြစ်ပြီး လက်ရောပါးစပ်ရောမငြိမ်တာ
Kyung Soo ကိုကြည့် ပြောစရာတောင်မလိုဘူး"
"အဘွား ပြောပြန်ပြီနော်"
"ဘာမှပြန်မပြောနဲ့ ထပ်ယူမစားနဲ့တော့"
အဘွားထွက်သွားတာကို မကျေမနပ်ကြည့်နေတဲ့ Yeol ကြောင့် Kyung Soo ရယ်လိုက်တယ်
"ကိုကို ကတကယ်ကလေးကျနေတာပဲ"
"ဘာမှ ကလေးမဟုတ်ဘူး"
"ပြီးရင်လည်း ငယ် တို့အတွက်ပဲဟာ
အဘွားက အကျင့်မဖြစ်စေချင်လို့ ပြောတာနေမှာပေါ့"
"အင်း"
"ကိုကို နှုတ်ခမ်းမှာပေနေတယ်"
"ဘယ်နားမှာလဲ"
Yeol မေးရင်း လက်နဲ့တလွဲတွေ လျှောက်သုတ်နေလို့ Kyung Soo သုတ်ပေးဖို့ လက်ရွယ်လိုက်တော့
"အင့်~ ဘာလို့ဆွဲတာလဲ"
"လက်နဲ့သုတ်ပေးမလို့လား"
"အွန်း လက်နဲ့မသုတ်လို့ ဘာနဲ့..."
အနားကိုတဖြည်းဖြည်းတိုးကပ်လာတဲ့ Yeol ကြောင့် ငြိမ်နေမိတယ်
နီးနီးလေးပဲရှိတော့တဲ့ အကွာအဝေး
ဝင်သက်ထွက်သက်ကိုတောင် ခံစားလို့ရနေတဲ့အထိ နီးကပ်နေပေမယ့်
တစ်ချိန်တည်းမှာ "Kyung Soo"
"ဟင်~ ငါ... ငါ ဒီမှာ"
အိမ်ရှေ့က Min Seok အသံကြောင့် Yeol နဲ့လူချင်းပြန်ခွာလိုက်တယ်
"Kyung Soo နေမကောင်းဘူးလား"
"အာ~ ကောင်းပါတယ် ဘာဖြစ်လို့လဲ"
"မျက်နှာရဲနေလို့"
Min Seok ပြောလိုက်မှ မျက်နှာပိုပူလာသလိုပဲ ရှိန်းတိန်းတိန်းနဲ့ နေရတာတစ်မျိုးကြီး
"နေ ဟုတ်တယ် နေပူလို့
နေပူရင် ငါ့မျက်နှာကအဲ့လိုပဲ ဘာမှမဖြစ်ဘူး"
"အင်း"
Min Seok လက်အိတ်ဝတ်ပြီး ဂင်ချီကူလုပ်ပေးတဲ့အထိ Yeol တောင့်တောင့်ကြီးထိုင်နေတုန်း
ဘာမှမလုပ်ဘဲ Kyung Soo ကိုသေချာကြည့်နေတာ
"ကိုကို"
".........."
"ကိုကို လို့"
"ဟင်"
လက်ကိုလှုပ်ပြီးခေါ်တော့မှ ကယောင်ကတန်းပြန်ထူးလာတယ်
"ဘာကြည့်နေတာလဲ"
"ဘာမဟုတ်ဘူး"
Yeol တိုးတိုးလေးနှာမှုတ်တာ Kyung Soo ကြားဖြစ်အောင်ကြားလိုက်ပါတယ်
ခုလည်း စူပုပ်ပုပ်ရုပ်နဲ့ ဂင်ချီလုပ်နေတာ
မုန်ညင်းရွက်တွေပါ တွန့်လိမ်ကုန်တော့မယ်
တစ်ခါတလေ Kyung Soo တခစ်ခစ်နဲ့ ရယ်သံကြားရင် 'ဘာရယ်တာလဲ' ဆိုတဲ့သဘောနဲ့ စောင်းကြည့်သေးတာ
"Min Seok စိုက်ခင်းမှာ စတော်ဘယ်ရီရှိလား"
"ရှိတယ် အိမ်နဲ့နည်းနည်းဝေးတယ် နောက်နေ့မှ အစ်ကိုနဲ့လာခဲ့ပေါ့"
"အလုပ်သမားတွေရောရှိလား"
"အင်း တော်တော်များတယ်"
Min Seok ပြောရင်းနဲ့ရယ်ပြတော့ Kyung Soo လည်းလိုက်ရယ်တယ်
Min Seok က အလိုလိုနေရင်တောင် ပြုံးနေတတ်တာ
^ငါမပါဘဲ ရယ်နေကြတာပေါ့လေ^
"ဒါနဲ့ အစ်ကို"
Min Seok အလုပ်လုပ်နေတာရပ်ပြီး Yeol ကိုခေါ်လိုက်တယ်
"ပြော"
"ရွာထိပ်မှာ တစ်ယောက်တည်းနေတဲ့ အဘတစ်ယောက်ဆုံးလို့ အစ်ကိုသိတယ်မလား"
"အင်း ဘာဖြစ်တာတဲ့လဲ"
"ဦးနှောက်သွေးကြောပြတ်တာ လို့ပြောတယ်"
"အဘွားနဲ့ အရမ်းရင်းနှီးတာမဟုတ်လား"
"ဟုတ်တယ် အစ်ကို"
Yeol မေးရင်းနဲ့ အကြံတစ်ခုရလာတယ်
"ညကျ လာခြောက်ရင်ရော"
"ရွာမှာ တစ်ခါမှ..."
Kyung Soo အောက်ငုံ့နေတုန်း Yeol မျက်စပစ်ပြလိုက်တော့ 'သရဲမခြောက်ပါဘူး' လို့ဆက်ပြောမယ့် Min Seok က
"အင်း ခြောက်ရင်လည်းခြောက်မှာပေါ့"
"ဟုတ်တယ် ပြောမရဘူး ငယ် ဘယ်လိုထင်လဲ"
"ဘာ... ဘာကိုဘယ်လိုထင်ရမှာလဲ"
မျက်လုံးဝိုင်းလေးတွေနဲ့ ကြည့်လာတဲ့ Kyung Soo ကို Yeol စချင်လာတယ်
"သရဲလာခြောက်မှာကို"
Kyung Soo ကျောထဲအေးခနဲဖြစ်သွားတယ်
^မကြောက်ပါဘူး နည်းနည်းလန့်သွားတာ အဟမ်း^
"မ... မလာလောက်ပါဘူး ဟုတ်တယ်မလား Min Seok"
"မသိဘူးလေ"
"လာရင် ကိုကို့ အနားကပ်မအိပ်နဲ့"
Kyung Soo နားနားကပ်ပြီး နှစ်ယောက်သာကြားရုံ တိုးတိုးလေးပြောလိုက်တော့
"ကိုကို!"
"ဟော~ ဘာပြောမိလို့လဲ"
"ကိုကို့ အနား..."
Min Seok ရှိနေတော့ ဆက်ပြောဖို့မသင့်လို့ ကိုယ့်ပါးစပ်ကိုယ် လက်နဲ့အုပ်လိုက်တော့ ပြုံးစစနဲ့မေးနေတဲ့ Yeol ကရယ်တယ်
"ဘာမဟုတ်တော့ဘူး"
"ညကျ သရဲလာရင်တော့ကွာ..."
"ကိုကို!"
"အွန်း မပြောတော့ဘူး"
နှစ်ခါမြောက် အော်ခံလိုက်ရတော့ Yeol ငြိမ်နေမှဖြစ်မယ် သုံးခါဆို ဘယ်လိုမှချော့လို့ရမယ်မထင်ဘူး
*************************
" ကိုကို႔ ရဲ႕ ငယ္ - 26 "
Yeol. Kyung Soo နဲ႕ Min Seok သုံးေယာက္သား TVၾကည့္ေနၾကတယ္ Reality show တစ္ခုလာေနတာကိုၾကည့္ရင္း တဟားဟားရယ္ေနၾကတာ
"ရယ္သံေတြကလည္း ေနာက္ဘက္ကေတာင္ ၾကားရတယ္ေနာ္"
အဘြား သစ္သီးပန္းကန္ကို စားပြဲေပၚခ်ရင္းေျပာလိုက္ေတာ့ ၿပဳံးစိစိနဲ႕ျပန္ၾကည့္ေနၾကေရာ
"အဘြား လက္ကိုဓားထိရင္ ဘယ္လိုလုပ္မလဲ သားကိုေျပာတာမဟုတ္ဘူး"
Kyung Soo စိတ္ပူသလိုေျပာေတာ့ အဘြားကရယ္တယ္ ပ်ိဳမ်စ္မႈေတြရွိမေနတာေတာင္ အဘြားက က်က္သေရရွိရွိလွေနတုန္း
"ဘာမျဖစ္ပါဘူး အဘြားလုပ္ေနက်ပဲ"
"ဟုတ္တယ္ Kyung Soo
အဘြားက ကိုယ္တိုင္လုပ္ရမွ စိတ္ေက်နပ္တာ"
"ဟုတ္ပါၿပီဗ်ာ"
"Reality show ေတာင္ၿပီးသြားၿပီပဲ ငယ္ နားေတာ့မလား"
"ေစာပါေသးတယ္ Chan ရဲ႕"
အဘြား ဟန့္လိုက္ေတာ့ Yeol ဆက္မေျပာျဖစ္ေတာ့ဘဲ ၿငိမ္ေနလိုက္တယ္
"သတင္းလာမွာပဲ Min Seok ေျပာင္းလိုက္ဦး"
"ဟုတ္ အဘြား"
Hst: Koreaနိုင္ငံရဲ႕ Top10 စာရင္းဝင္ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ျဖစ္ေသာ Lee Saung Tae သည္ ေငြေၾကးအလြဲသုံးစားလုပ္မႈ ၿခိမ္းေျခာက္မႈ အသက္အႏၱရာယ္ရန္ရွာျပဳမူမႈ စသည့္ အမႈေပါင္း ၂၈ ခုမွာ ျပစ္မႈထင္ရွားၿပီး သက္ေသခိုင္လုံသျဖင့္ တရားခံအား ယေန႕မနက္တြင္ ရဲဌာနမွ ဖမ္းဆီးထိမ္းသိမ္းထားေၾကာင္း သိရွိရပါသည္
တရားခံအား ျပစ္မႈမ်ားကို ဆက္လက္စစ္ေဆး..........
"ကိုကို အစ္မ Ji Yun အေဖမဟုတ္လား"
အံ့ၾသေနတဲ့ အၾကည့္ေတြနဲ႕ေမးလာတဲ့ Kyung Soo
"ဟုတ္တယ္"
Hst: တရားခံ၏ သမီးျဖစ္သူ Lee Ji Yun သည္ ဖခင္၏ခိုင္းေစခ်က္အတိုင္း ႀကံရာပါအျဖစ္ မသမာမႈမ်ားအား ပူးေပါင္းေဆာင္႐ြက္ခဲ့ေၾကာင္း သိရွိရသျဖင့္ တစ္ပါတည္းဖမ္းဆီးထားေၾကာင္း သတင္းရရွိပါသည္
"Ji Yun ကပါ..."
Yeol သိထားတာ Lee Saung Tae နဲ႕အတူ လက္ေထာက္တစ္ေယာက္ပါတာပဲ ဘာျဖစ္လို႔ Ji Yun ျဖစ္ေနရတာလဲ
^ေဖေဖေရာသိထားတာလား^
ေနရာကအျမန္ထၿပီး Kris ဆီဖုန္းဆက္လိုက္ေတာ့ ခနေလးအတြင္း ျပန္ေျဖတယ္
"သား"
"Ji Yun အေၾကာင္းသိထားလား ေဖေဖ"
"ခုနမွသိတာ သား
videoတစ္ခုမွာ mask မပါလို႔ အဲ့မွာေတြ႕သြားတာျဖစ္မယ္"
"အဲ့videoက..."
"ရဲစခန္းကို တျခားသူတစ္ေယာက္ပို႔ခဲ့တာ လို႔ေျပာတယ္ ဘယ္သူလဲလို႔စုံစမ္းေနၾကတုန္းတဲ့"
"ဟုတ္"
Yeol ဖုန္းခ်ၿပီးေနာက္လွည့္အၾကည့္
"ကိုကို"
"ငယ္"
"အစ္မ Ji Yun သနားပါတယ္ ငယ္ေသးတာကို"
"ငယ္ စိတ္ပူေပးေနတာလား"
"အြန္း ဒီႏွစ္မွဘြဲ႕ယူရမွာေလ ေနာက္ဆိုအလုပ္ရဖို႔ လြယ္ပါေတာ့မလား"
"ငယ္ ရယ္"
Yeol ေရွ႕မွာရွိေနတဲ့ Kyung Soo ကိုယ္ေလးကို ေထြးေပြ႕လိုက္တယ္
^ငယ့္ ကိုထိခိုက္ေစခဲ့တာေတာင္ စိတ္ပူေပးတယ္တဲ့လား ျဖဴစင္လြန္းတဲ့ ငယ့္ ကိုပိုင္ဆိုင္ရတာ ကိုကို တကယ္ကံေကာင္းလိုက္တာ^
><><><><><><><><><><><><
"သား ငယ့္ ကိုေ႐ြးခဲ့ရင္ ေဖေဖ တစ္ခုလုပ္ေပးရမယ္"
"..............."
တိတ္ဆိတ္သြားေသာတစ္ေနရာ၌ အေတြးကိုယ္စီႏွင့္ ရွိေနၾကသူႏွစ္ဦး
အခ်ိန္အတိုင္းအတာတစ္ခုထိ အပ္က်သံေတာင္ မၾကားရတဲ့ထိ တိတ္ဆိတ္ေနရင္းက
"Factsေတြ ရဲလက္အပ္လိုက္ပါ"
"အဲ့ေတာ့..."
"သူလုပ္ခဲ့တဲ့ အျပစ္ေႂကြးျပန္ဆပ္သင့္တယ္မဟုတ္လား တရားမွ်တမႈလည္း လိုေသးတယ္ေလ"
"ဟုတ္ၿပီ လုပ္လိုက္မယ္
ေဖေဖလည္းအဲ့လိုလုပ္မလို႔ပဲ မဟုတ္ရင္ ရလာမယ့္အက်ိဳးအျမတ္က..."
"သား ကုမၸဏီမွာ အလုပ္ဝင္လုပ္မယ္ ဒါေပမယ့္ တစ္ႏွစ္အခ်ိန္ေပး ေက်ာင္းလည္းၿပီးေတာ့မွာဆိုေတာ့ တစ္ႏွစ္အတြင္း လုပ္ငန္းပိုင္းဆိုင္ရာ ႏွံ႕စပ္ေအာင္ေလ့လာမယ္ ေနာက္တစ္ႏွစ္ခြဲအတြင္း ကုမၸဏီရဲ႕ ခုပိုင္ဆိုင္မႈထက္ ႏွစ္ဆသာေစရမယ္
ၿပီးရင္ သား ငယ့္ ကိုလက္ထပ္မယ္
ကေလးဘဝအိပ္မက္ကလည္း ငယ့္ ကိုကာကြယ္ေပးခ်စ္လို႔ ေစာင့္ေရွာက္ေပးခ်င္လို႔ ဆရာဝန္ျဖစ္ခ်င္ခဲ့တာမလို႔ ငယ္ နဲ႕ယွဥ္ၿပီးေ႐ြးရရင္ ငယ့္ ကိုပဲေ႐ြးခ်ယ္မွာ
ေဖေဖ သားကို စီးပြားေရးလုပ္ငန္းရွင္ ျဖစ္ေစခ်င္တာမဟုတ္လား ခုလိုဆို ႏွစ္ေယာက္လုံးအတြက္ အဆင္ေျပတယ္ေလ"
"OK ျပတ္သားတာေကာင္းတယ္ သား"
*************************
ေတြ႕ဖူးတဲ့ Lily ပန္းလိုမဟုတ္ဘဲ အပြင့္ေသးေသးနဲ႕ ရိုးတံတိုတိုေလးကိုမွ ပြင့္ဖတ္ေလးေတြက အိုးပုံစံ အနားေလးေကာ့ၿပီး ပြင့္တဲ့ Lily of the valley ဆိုတဲ့ ပန္းပြင့္ျဖဴေလးေတြကို အလွပန္းအိုးေလးနဲ႕ စိုက္ၾကတာမ်ားပါတယ္
Lily of the valley ရဲ႕အဓိပါယ္က " မင္းက ငါ့ဘဝကို ျပည့္စုံေစတယ္ " တဲ့
'ငယ့္ ေၾကာင့္ျဖစ္တည္လာတဲ့ ေမွ်ာ္လင့္ခ်က္ဆိုေပမယ့္ ကိုကို႔ ဘဝမွာ ငယ္ ရွိေနရင္ပဲ ျပည့္စုံၿပီမလို႔... ♥´
*************************
"အဘြား ဘာလုပ္ေနတာလဲဟင္"
ဖိုးစပ္စုေလး ေျမကြက္လပ္မွာ အလုပ္ရႈပ္ေနတဲ့ အဘြားအနားကပ္ၿပီး ေမးလိုက္တယ္
"ဂင္ခ်ီလုပ္ဖို႔ မုန္ညင္း႐ြက္ကို ဆားရည္စိမ္ရတယ္ေလ သားရဲ႕"
"ဘယ္ေလာက္ၾကာၾကာစိမ္ထားရလဲဟင္"
"မိနစ္ ၃၀ ေလာက္စိမ္ရတယ္"
"ဟုတ္ သား ကူလုပ္ေပးမယ္"
အဘြားနဲ႕ မုန္ညင္းဆားရည္စိမ္ကူေနတုန္း
"သား Chanေရာ"
"႐ြာထဲသြားတယ္ အဘြား ဝယ္စရာရွိလို႔တဲ့"
"သားကိုမေခၚဘူးလား"
"ေခၚပါတယ္ သား အဘြားဘာလုပ္ေနလဲသိခ်င္လို႔ က်န္ခဲ့တာ"
Kyung Soo အဘြားေရွ႕မွာ 'ကိုကို' လို႔မေခၚတာမ်ားတယ္ ဒီတိုင္းပဲေျပာတာ
"Min Seok ေရာ အဘြား"
"ဒီေန႕ လိေမၼာ္သီးခူးရမွာမလို႔ သြားခူးေနတယ္"
"ဟုတ္"
"ဆားရည္စိမ္ေနတုန္း ဂင္ခ်ီအႏွစ္လုပ္ရမယ္ သား လိုက္ၾကည့္မလား"
"ဟုတ္ အဘြား"
Kyung Soo ဂင္ခ်ီအႏွစ္လုပ္ေနတဲ့ အဘြားရဲ႕ လႈပ္ရွားမႈအားလုံး ေစ့ေစ့စပ္စပ္လိုက္ၾကည့္ရင္း ပါဝင္ပစၥည္းေတြ ထည့္ရမယ့္အခ်ိဳးအစားေတြပါ ေသခ်ာမွတ္ေနတယ္
"ၿပီးရင္ေရာ အဘြား"
"ၿပီးရင္ ဂင္ခ်ီအႏွစ္နဲ႕ ေရေဆးၿပီးတဲ့မုန္ညင္းကို နယ္လိုက္႐ုံပဲ"
"မုန္ညင္းကေရေဆးရဦးမွာေပါ့"
"အင္း"
အဘြားနဲ႕အတူ မုန္ညင္း႐ြက္ေတြကူလုပ္ေနတုန္း Yeol ျပန္ေရာက္လာတယ္
"အဘြား ဂင္ခ်ီလုပ္ဖို႔လား"
"အင္း"
"သား ကူလုပ္ေပးမယ္"
"မိုးေတြ႐ြာေနပါ့မယ္"
"ဘာလို႔လဲ အဘြား"
Kyung Soo နားမလည္သလိုေမးေတာ့
"Chan ဒါေတြဘယ္တုန္းက စိတ္ဝင္စားသြားတာလဲ မိန္းကေလးေတြပဲ လုပ္တဲ့အလုပ္ဆိုၿပီးေတာ့"
"စိတ္ဝင္စားတာမဟုတ္ပါဘူး အဘြား ပင္ပန္းမွာစိုးလို႔ပါ"
Yeol အရင္က႐ြာကိုလာရင္ စိုက္ခင္းထဲမွာ ကူလုပ္ေပးတာမ်ားတယ္ ခုလိုလုပ္ဖို႔ဆိုေဝးေသး
"အဘြားလုပ္ျပတာ ေသခ်ာၾကည့္ေနာ္"
အဘြားက မုန္ညင္းထုပ္ေတြကို တစ္႐ြက္စီဟၿပီး အႏွစ္နဲ႕နယ္ၿပီးထပ္ျပတယ္ Kyung Soo လိုက္လုပ္ၾကည့္တာ အဆင္ေျပေပမယ့္ Yeol လုပ္ၾကည့္ေတာ့ ပုံစံမက်
"ကိုကို အဲ့လိုမဟုတ္ဘူးေလ"
"ဟုတ္ပါတယ္"
မုန္ညင္းထုပ္ကို ဖင္တစ္လွည့္ေခါင္းတစ္လွည့္ၾကည့္ၿပီး မ်က္ေမွာင္က်ဳတ္ေျပာေနတဲ့ Yeol ပါ
"ဒီလိုလုပ္ရတယ္"
Kyung Soo ျပန္လုပ္ေပးလိုက္ေတာ့မွပဲ အဆင္ေျပသြားေတာ့တယ္
"Chan. Kyung Soo ေလာက္ေတာင္မလုပ္တတ္ဘူးပဲ"
အဘြားက ႏွစ္ေယာက္အတူရွိရင္ နာမည္ေခၚၿပီး တျခားအခ်ိန္ဆိုရင္ 'သား' လို႔ေခၚတယ္
"အဘြားကလည္း သား ခုမွစလုပ္ၾကည့္တာမလို႔..."
"Kyung Soo လည္းခုမွစလုပ္တာေလ Chan ထက္ပိုေတာ္တယ္"
"အဘြား သားကေျမးအရင္းေနာ္"
"အဘြား ဘာေျပာေနလို႔လဲ"
"ငယ္ ကပိုေတာ္တယ္ ဆိုလို႔"
^ေဟာ ခြၽဲၿပီ ခြၽဲေနၿပီ
ကိုကိုကေလ ကေလးက်ေနတာပဲ အဘြားနဲ႕ေတြ႕မွ ကေလး ျပန္ျဖစ္သြားတာ 'ေတာ္တယ္'ပဲေျပာတာကို အူတိုေနတာတဲ့^
Yeol ၾကည့္ၿပီးရယ္ခ်င္ေနေပမယ့္ ကေလးဆိုးႀကီး စိတ္ေကာက္သြားမွာလည္း ေၾကာက္ရေသးေတာ့ Kyung Soo ခိုးရယ္ေနေလရဲ႕
"အဘြား အမွန္တိုင္းေျပာတာေလ"
"သား ေသခ်ာလုပ္ရင္... အြန္း..."
အဘြားခြံ႕လိုက္တဲ့ မုန္ညင္းဂင္ခ်ီေၾကာင့္ Yeol စကားဆုံးေအာင္ မေျပာျဖစ္ေတာ့
"ဒါစားၿပီးေသခ်ာလိုက္လုပ္"
"umm စားလို႔ေကာင္းလိုက္တာ
အရမ္းမစပ္ဘူး ငယ္ စားၾကည့္"
Yeol ေရွ႕ကဗူးထဲမွာရွိေနတဲ့ ဂင္ခ်ီနည္းနည္း Kyung Soo ကိုေကြၽးလိုက္တယ္
"wow စားလို႔ေကာင္းလိုက္တာ"
"Kyung Soo အစပ္မစားနိုင္ဘူးထင္လို႔ နည္းနည္းေလွ်ာ့ထားတာ"
"ဟုတ္ အဘြား သား အစပ္သိပ္မစားနိုင္ဘူး"
ၾကည့္ေန႐ူံနဲ႕သိသာတယ္ အစပ္နည္းနည္းစားတာနဲ႕ ႏွာေခါင္းထိပ္ေလး ရဲတက္လာေရာ
"ငယ္ ေရေသာက္"
Yeol ဘယ္ခ်ိန္ကေရသြားယူလိုက္မွန္းမသိ
အဲ့လိုပဲ အရမ္းအလိုက္သိတာ
"ရၿပီ ကိုကို"
Kyung Soo ျပန္ေပးတဲ့ေရခြက္ကို Yeol ေဘးမွာပဲ ခ်ထားလိုက္တယ္
"အဘြား စိုက္ခင္းဘက္သြားမလို႔ ခနေနရင္ Min Seok လာကူလိမ့္မယ္ေနာ္"
"ဟုတ္ အဘြား"
Yeol အသံမၾကားလို႔ လွည့္ၾကည့္လိုက္ေတာ့ ဂင္ခ်ီလုပ္ေနတာနည္းနည္း စားေနတာမ်ားမ်ား
"Chan ကေလးက်ေနတာပဲ ဘာျဖစ္လို႔ တစပ္စပ္ယူစားေနတာလဲ"
"စားေကာင္းလို႔ အဘြား😁"
"အႀကီးျဖစ္ၿပီး လက္ေရာပါးစပ္ေရာမၿငိမ္တာ
Kyung Soo ကိုၾကည့္ ေျပာစရာေတာင္မလိုဘူး"
"အဘြား ေျပာျပန္ၿပီေနာ္"
"ဘာမွျပန္မေျပာနဲ႕ ထပ္ယူမစားနဲ႕ေတာ့"
အဘြားထြက္သြားတာကို မေက်မနပ္ၾကည့္ေနတဲ့ Yeol ေၾကာင့္ Kyung Soo ရယ္လိုက္တယ္
"ကိုကို ကတကယ္ကေလးက်ေနတာပဲ"
"ဘာမွ ကေလးမဟုတ္ဘူး"
"ၿပီးရင္လည္း ငယ္ တို႔အတြက္ပဲဟာ
အဘြားက အက်င့္မျဖစ္ေစခ်င္လို႔ ေျပာတာေနမွာေပါ့"
"အင္း"
"ကိုကို ႏႈတ္ခမ္းမွာေပေနတယ္"
"ဘယ္နားမွာလဲ"
Yeol ေမးရင္း လက္နဲ႕တလြဲေတြ ေလွ်ာက္သုတ္ေနလို႔ Kyung Soo သုတ္ေပးဖို႔ လက္႐ြယ္လိုက္ေတာ့
"အင့္~ ဘာလို႔ဆြဲတာလဲ"
"လက္နဲ႕သုတ္ေပးမလို႔လား"
"အြန္း လက္နဲ႕မသုတ္လို႔ ဘာနဲ႕..."
အနားကိုတျဖည္းျဖည္းတိုးကပ္လာတဲ့ Yeol ေၾကာင့္ ၿငိမ္ေနမိတယ္
နီးနီးေလးပဲရွိေတာ့တဲ့ အကြာအေဝး
ဝင္သက္ထြက္သက္ကိုေတာင္ ခံစားလို႔ရေနတဲ့အထိ နီးကပ္ေနေပမယ့္
တစ္ခ်ိန္တည္းမွာ "Kyung Soo"
"ဟင္~ ငါ... ငါ ဒီမွာ"
အိမ္ေရွ႕က Min Seok အသံေၾကာင့္ Yeol နဲ႕လူခ်င္းျပန္ခြာလိုက္တယ္
"Kyung Soo ေနမေကာင္းဘူးလား"
"အာ~ ေကာင္းပါတယ္ ဘာျဖစ္လို႔လဲ"
"မ်က္ႏွာရဲေနလို႔"
Min Seok ေျပာလိုက္မွ မ်က္ႏွာပိုပူလာသလိုပဲ ရွိန္းတိန္းတိန္းနဲ႕ ေနရတာတစ္မ်ိဳးႀကီး
"ေန ဟုတ္တယ္ ေနပူလို႔
ေနပူရင္ ငါ့မ်က္ႏွာကအဲ့လိုပဲ ဘာမွမျဖစ္ဘူး"
"အင္း"
Min Seok လက္အိတ္ဝတ္ၿပီး ဂင္ခ်ီကူလုပ္ေပးတဲ့အထိ Yeol ေတာင့္ေတာင့္ႀကီးထိုင္ေနတုန္း
ဘာမွမလုပ္ဘဲ Kyung Soo ကိုေသခ်ာၾကည့္ေနတာ
"ကိုကို"
".........."
"ကိုကို လို႔"
"ဟင္"
လက္ကိုလႈပ္ၿပီးေခၚေတာ့မွ ကေယာင္ကတန္းျပန္ထူးလာတယ္
"ဘာၾကည့္ေနတာလဲ"
"ဘာမဟုတ္ဘူး"
Yeol တိုးတိုးေလးႏွာမႈတ္တာ Kyung Soo ၾကားျဖစ္ေအာင္ၾကားလိုက္ပါတယ္
ခုလည္း စူပုပ္ပုပ္႐ုပ္နဲ႕ ဂင္ခ်ီလုပ္ေနတာ
မုန္ညင္း႐ြက္ေတြပါ တြန့္လိမ္ကုန္ေတာ့မယ္
တစ္ခါတေလ Kyung Soo တခစ္ခစ္နဲ႕ ရယ္သံၾကားရင္ 'ဘာရယ္တာလဲ' ဆိုတဲ့သေဘာနဲ႕ ေစာင္းၾကည့္ေသးတာ
"Min Seok စိုက္ခင္းမွာ စေတာ္ဘယ္ရီရွိလား"
"ရွိတယ္ အိမ္နဲ႕နည္းနည္းေဝးတယ္ ေနာက္ေန႕မွ အစ္ကိုနဲ႕လာခဲ့ေပါ့"
"အလုပ္သမားေတြေရာရွိလား"
"အင္း ေတာ္ေတာ္မ်ားတယ္"
Min Seok ေျပာရင္းနဲ႕ရယ္ျပေတာ့ Kyung Soo လည္းလိုက္ရယ္တယ္
Min Seok က အလိုလိုေနရင္ေတာင္ ၿပဳံးေနတတ္တာ
^ငါမပါဘဲ ရယ္ေနၾကတာေပါ့ေလ^
"ဒါနဲ႕ အစ္ကို"
Min Seok အလုပ္လုပ္ေနတာရပ္ၿပီး Yeol ကိုေခၚလိုက္တယ္
"ေျပာ"
"႐ြာထိပ္မွာ တစ္ေယာက္တည္းေနတဲ့ အဘတစ္ေယာက္ဆုံးလို႔ အစ္ကိုသိတယ္မလား"
"အင္း ဘာျဖစ္တာတဲ့လဲ"
"ဦးႏွောက္ေသြးေၾကာျပတ္တာ လို႔ေျပာတယ္"
"အဘြားနဲ႕ အရမ္းရင္းႏွီးတာမဟုတ္လား"
"ဟုတ္တယ္ အစ္ကို"
Yeol ေမးရင္းနဲ႕ အႀကံတစ္ခုရလာတယ္
"ညက် လာေျခာက္ရင္ေရာ"
"႐ြာမွာ တစ္ခါမွ..."
Kyung Soo ေအာက္ငုံ႕ေနတုန္း Yeol မ်က္စပစ္ျပလိုက္ေတာ့ 'သရဲမေျခာက္ပါဘူး' လို႔ဆက္ေျပာမယ့္ Min Seok က
"အင္း ေျခာက္ရင္လည္းေျခာက္မွာေပါ့"
"ဟုတ္တယ္ ေျပာမရဘူး ငယ္ ဘယ္လိုထင္လဲ"
"ဘာ... ဘာကိုဘယ္လိုထင္ရမွာလဲ"
မ်က္လုံးဝိုင္းေလးေတြနဲ႕ ၾကည့္လာတဲ့ Kyung Soo ကို Yeol စခ်င္လာတယ္
"သရဲလာေျခာက္မွာကို"
Kyung Soo ေက်ာထဲေအးခနဲျဖစ္သြားတယ္
^မေၾကာက္ပါဘူး နည္းနည္းလန့္သြားတာ အဟမ္း^
"မ... မလာေလာက္ပါဘူး ဟုတ္တယ္မလား Min Seok"
"မသိဘူးေလ"
"လာရင္ ကိုကို႔ အနားကပ္မအိပ္နဲ႕"
Kyung Soo နားနားကပ္ၿပီး ႏွစ္ေယာက္သာၾကား႐ုံ တိုးတိုးေလးေျပာလိုက္ေတာ့
"ကိုကို!"
"ေဟာ~ ဘာေျပာမိလို႔လဲ"
"ကိုကို႔ အနား..."
Min Seok ရွိေနေတာ့ ဆက္ေျပာဖို႔မသင့္လို႔ ကိုယ့္ပါးစပ္ကိုယ္ လက္နဲ႕အုပ္လိုက္ေတာ့ ၿပဳံးစစနဲ႕ေမးေနတဲ့ Yeol ကရယ္တယ္
"ဘာမဟုတ္ေတာ့ဘူး"
"ညက် သရဲလာရင္ေတာ့ကြာ..."
"ကိုကို!"
"အြန္း မေျပာေတာ့ဘူး"
ႏွစ္ခါေျမာက္ ေအာ္ခံလိုက္ရေတာ့ Yeol ၿငိမ္ေနမွျဖစ္မယ္ သုံးခါဆို ဘယ္လိုမွေခ်ာ့လို႔ရမယ္မထင္ဘူး
*************************