The Stranger I love (System)
By khunsin
402K 43.4K 1.3K
လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအေ... More
မိတ်ဆက်
Arc 1.1 Modern World (Hong Lei)
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18 🔞
End of Arc 1 - (1.19) Back to System Space
Arc 2.1 (Ting Bai Ling ) Gér
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Musical Instruments
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 3.1 Game World - Hikari Shou
Arc 3.2
Arc 3.2 Extension
Arc 3.3
Arc3.4
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1 (Nathan Clark - Apocalypse)
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14
Arc 3.5
4.6K 634 25
By khunsin
Follow the Light က နေ့ချင်းညချင်း Player တိုင်းလိုလိုရဲ့ ဆွေးနွေးမှုတိုင်းမှာ ပါလာသည်။  Strongest Player CEO Kou , Idol Sono နှင့်World Rank 10 popular Streamer Blade တို့၏ ဂုဏ်ပုဒ်နဲ့တင် Guild ထဲ ဝင်ဖို့ လုံလောက်နေပြီ ဖြစ်သော်လည်း SL နှင့် NG တို့၏ သားသမီးများပါ ပါသည်ဟူသော အချက်က .. ဒုက္ခရောက်ခဲ့လို့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးအတွက် ရှောင်ကြဉ်စရာ ဖြစ်ခဲ့သည်။
Shou နှင့် Kou အတူရှိနေစဉ် Shiroက
"Kou ဧည့်သည်လာတယ်။ အရေးကြီးမယ် ထင်လို့ ဆိုနိုကိုလည်း ခေါ်ထားပြီ"
"အိုကေ လာပြီ ကျေးဇူးပဲ"
ဝါအရင့်ဆုံး နှင့် လူဦးရေ အများဆုံးGuild (Guild Rank 1)  မှ ခေါင်းဆောင် ကိုယ်တိုင်ပါဝင်ကာ အခြား Guild အကြီးများမှ ခေါင်းဆောင်များလည်း ပါဝင်သည်။
"Shou သွားစို့"
"ငါမလိုက်တော့ဘူး"
Kou က သင်္ကာမကင်း မျက်လုံးနဲ့ ကြည့်နေတာမို့ 
"ငါဘယ်မှ မသွားဘူး စိတ်ချ။ ဒီအခန်းထဲမှာပဲ ရှိမယ်။ လိုအပ်ရင် လူလွှတ်ခေါ်လိုက်"
Kou Shiro ကို အချက်ပြပြီး ခေါင်းညိတ်ကာ ထွက်သွားသည်။
ရှင်းက ကြိုပြောထားသည်မို့ အခု Kou သွားတွေ့မည့် သူများကို Shou ရှောင်နေလိုက်သည်။ ဒီဆွေးနွေးပွဲက Shou နဲ့ Toru ကို အဖွဲ့ထဲက ထုတ်ပေးပြီး Kou ကို သူတို့နဲ့ လာပူပေါင်းဖို့ ဖိတ်ခေါ်ချင်တာ ဖြစ်သည်။ Kou ရဲ့ ဆန္ဒကို သုံးရက်မြောက်နေ့ကတည်းက သိပြီးဖြစ်သော်လည်း Kou ကို လွတ်လွတ်လပ်လပ် ရွေးချယ်စေချင်သည်။ Kou က သူ့ကို ကာကွယ်ပေးဖို့ တစ်လောကလုံးရဲ့ အပြောအဆိုတွေ ဖယ်ကြဉ်မှုတွေကို ဆန့်ကျင်နိုင်ပါ့မလား သူစဉ်းစားနေသည်။
Kou က အဲ့ဒီနေ့က သူ့ကို သုံးခု တောင်းဆိုသည်။
1. သူမသိပဲ ဘယ်မှ မသွားဖို့ သွားလျှင် Devilish တစ်ယောက်ကို ခေါ်သွားဖို့။
2. Toru နဲ့ မလိုအပ်ပဲ စကားမပြောဖို့
3. ညတိုင်း သူရှိတဲ့နေရာကို ပြန်လာဖို့
Shou က သဘောမတူပေ။ Kou အနေနဲ့ Shou ကို သဘောတူအောင် မပြောနိုင်ပေမယ့် လုပ်နိုင်တာ တခုတော့ ရှိသည်။ သူဆန္ဒကို အလုပ်နဲ့ သက်သေပြတာပင်။
Shou ညတွေ အပြင်မှာအိပ်တိုင်း မနက်ဆို Kou ရင်ခွင်ထဲကပဲ နိုးထရသည်။ ဇာတ်လိုက် Halo မို့ Kou ရဲ့ မန္တန်ကို ကာချင်လျှင် အင်အားအတော်များများ ထုတ်သုံးနေရမည်ဖြစ်ပြီး ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ နေ့တိုင်း အားကုန်ခံနေဖို့ အဆင်မပြေတာမို့ Shou ဘက်ကပဲ အလျှော့ပေးထားရသည်။
တိုးရူနဲ့ ကရော .. စကားပြောဖို့ နေနေသာသာ တွေ့တောင် မတွေ့ရတော့ပေ။ တိုးရူကို Healer 7 ယောက်နှင့် အတူ လေ့ကျင့်ရေးအခန်းနှင့် အိပ်ခန်းကိုပဲ ရှယ်ပြင်ပြီး ပြောင်းစေသည်။ ဆိုနိုကပါ မဆီမဆိုင် အဲ့ဒီ အဆောင်မှာ နေသည်။
Shou ဘယ်သွားသွား အငယ်သုံးကောင် ထဲက တစ်ယောက်မဟုတ် တစ်ယောက် အမြဲလိုက်လာတတ်ပြီး 'လေ့ကျင့်ခြင်း၊ level တက်အောင်လုပ်ခြင်း၊ item ရှာခြင်း' စသည့် ခေါင်းစဉ်မျိုးစုံတက်ကာ အဖော်ထည့်ပေးတတ်သည်။
အငယ်သုံးကောင်ကလည်း Shou နဲ့ဆို လွတ်လပ်တာမို့ ပျော်ပျော်ကြီးလိုက်ကြသည်။ Shou က Kou လို ခက်ထန်ခြင်း မရှိ၊ ဆိုနိုလို တင်းကြပ်ခြင်း မရှိသည့်အပြင် သူတို့ ထင်ထားတာထက် Shou က လက်နက်တွေ အကြောင်း နားလည်သည်။ Shou ရှင်းပြတာ သဘောပေါက်နားလည်လွယ်ပြီး Shou နဲ့ဆို အလိုလိုကို ဘာလုပ်လုပ် စိတ်ပါဝင်စားစွာနှင့် တက်တက်ကြွကြွရှိနေတတ်သည်။
__________
Kou က Lightရဲ့ အစည်းအဝေးခန်းထဲကို ဝင်လာသည်။ သူကပဲ စောင့်နေတဲ့သူတွေကို စနှုတ်ဆက်ကာ
"ခေါင်းဆောင်တို့ ဘာကိစ္စရှိလို့လဲ"
"ဒီလိုပါ Event လည်း နီးလာပြီ ဆိုတော့ plan တွေ ဘယ်လိုပဲ ချထားထား စည်းလုံးညီညွတ်မှုက အရေးကြီးတယ်။ Light မှာက Shou နဲ့ Toru ပါနေတာကြောင့် Town ရဲ့ အရှေ့ပိုင်းကို ထိန်းမယ့် အဖွဲ့ နှစ်ဖွဲ့က Light နဲ့ အတူ လက်တွဲ တိုက်ခိုက်ဖို့ ငြင်းဆန်နေတယ်။ အဲ့တာကြောင့်မို့ brother အနေနဲ့ Shou နဲ့ Toru ကို အဖွဲ့ထဲက ထုတ်ပေးလို့ ရမလား"
"Shou နဲ့ Toru က ဘာအပြစ်လုပ်ထားလို့ ကျနော်က အဖွဲ့ကထုတ်ပစ်ရမှာလဲ .. သူတို့ မပူးပေါင်းချင်တာနဲ့ ကျနော့်ရဲ့ 'လက်ရုံး' တွေကို ထုတ်ပစ်စရာလား"
Kou က လာလာချင်းဆောက်နဲ့ လာထွင်းနေသော သူများကို Shou နဲ့ Toru ရဲ့ လက်ရှိအနေအထားကို လှစ်ပြလိုက်ရင်း ခပ်ထေ့ထေ့ မေးလိုက်သည်။
"သူတို့က SL နဲ့ NG ရဲ့ သားသမီးတွေလေ။ သူတို့ကြောင့်သာ မဟုတ်ရင် ကျနော်တို့ ပိတ်မိနေမှာ မဟုတ်ဖူး။ သူတို့က ကျနော်တို့ကို ဂိမ်းထဲ ပိတ်ထားပြီး ကျနော်တို့ မိဘတွေကို ငွေညှစ်နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တာပဲလေ။ ကျနော်တို့မှ မသိရပဲ။ အဖြူအမဲ မသဲကွဲပဲ ကိုယ့်ရန်သူနဲ့ အတူ မတိုက်ခိုက်ချင်ပါဘူး"
နောက်နားမှ Guild အသေးတစ်ခု၏ ခေါင်းဆောင် ဖြစ်ဟန်တူသူက သူ့အမြင်ကို ဝင်ပြောသည်။
Kou က ဝုန်းခနဲ စားပွဲကို ထုလိုက်ကာ
"အဓိပ္ပါယ် မရှိတာတွေ .. သူတို့ရော ခင်ဗျားတို့လို လူတွေနဲ့ အတူ ပိတ်မိချင်တယ် ထင်နေလား။ သူတို့ဟာသူတို့ လက်ညှိုးညွှန်ရာ ရေဖြစ်နေတဲ့ ဘဝမှာ ဂိမ်းထဲ လာပြီး ဒုက္ခခံနေမလား .. စဉ်းစားလေ .. ခင်ဗျားပဲပြောတယ် အဖြူအမဲ မသဲကွဲဘူးဆိုပြီး ဒါနဲ့များ ဘာကို ကြည့်ပြီး သူတို့ကို ရန်သူလို့ သတ်မှတ်လိုက်တာလဲ"
"ဒါပေမယ့် သူတို့က ဒုက္ခပေးမယ်ဆိုရင်... "
"SL နဲ့ NG က ဒုက္ခပေးချင်ရင် ခင်ဗျားတို့ကို နာမည်ပျက်ခံပြီး Game ထဲ ပိတ်ထားစရာတောင် မလိုဘူး ရှင်းလား။ ပြီးတော့ ခင်ဗျားတို့က ဘယ်သူတွေမို့ ဒီလောက် စိတ်ပူနေရတာလဲ။ ကျနော့လောက် ချမ်းသာလို့ဆိုရင် မပြောဘူး"
အားလုံး အသံ တိတ်သွားကြသည်။ ဟုတ်တယ် Kou လောက် ဘယ်သူက ချမ်းသာဦးမလဲ။ SL နဲ့ NG ကသာ Kou ဆီက တစုံတရာ လိုချင်တယ်ဆို Kou က Shou တို့ကို ဘာလို့ ခေါ်ထားမလဲ။ ပြီးတော့ သူတို့က SL နှင့် Kou တို့နဲ့ ယှဉ်လျှင် ပြန်ပေးဆွဲရလောက်အောင် ချမ်းသာတဲ့သူတွေ လည်း မဟုတ်။ နာမည်ကြီးတွေလည်း မဟုတ်။ ဒီအတိုင်း ဂိမ်းကို စွဲလမ်းရူးသွပ်တဲ့ ရိုးရိုးသာမာန် အလယ်အလတ်လူတန်းစားများသာ ဖြစ်သည်။
ထို့ပြင် SL က ဒီလောက် အောင်မြင်နေတာ နာမည်ပျက်ခံပြီး သူတို့ဆီက မဖြစ်စလောက်ငွေကို မျှော်ကိုးနေမည်မဟုတ်။ အစောပိုင်းက ဒေါသတွေနဲ့မို့ ကောင်းကောင်း မစဉ်းစားနိုင်ပဲ ဒုက္ခခံရသမျှ Shou နှင့် တိုးရူတို့ကိုသာ ကျိန်ဆဲပြီး ကိုယ့်ကိုကိုယ် နှစ်သိမ့်ခဲ့ရသည်။ မည်သူမျှ Shou နှင့် တိုးရူဘက်က မစဉ်းစားပေးနိုင်ခဲ့။ အခု Kou က တည့်တိုး ပြောလာတော့မှ သူတို့ခေါင်းထဲက အစိုင်အခဲ တစ်ခုက ပွင့်သွားရသည်။
သို့သော် သူတို့ လူအများကြီး စုပြီး လာတာ Kou ပြောသမျှ နာခံပြီး ပြန်ဖို့ မဟုတ်ချေ။ တစ်ရက်ပြီး တရက် စုထားတဲ့ အမုန်းတွေ ဆိုတော့ Kou ရဲ့ စကားတခွန်းအောက်မှာ လွယ်လွယ်နဲ့ ကျေပျက်မသွားနိုင်သေးပေ။
"ဒါပေမယ့် သူတို့ရဲ့ System အားနည်းချက်ကြောင့်ပဲ ဒီနေရာမှာ ပိတ်နေကြတာလေ။ Kou အနေနဲ့ လူလေး နှစ်ယောက် ထုတ်လိုက်တာ ဘာဖြစ်သွားမှာ မို့လဲ။ မဟုတ်လည်း သူတို့ကို Guild မှာပဲ နေခိုင်းခဲ့လေ။ သူတို့ မျက်နှာကြည့်ပြီး ကသိကအောက်နဲ့ တိုက်ခိုက်ရတာ စိတ်ဘယ်ဖြောင့်မလဲ"
"ဟက် .. ကျနော့ လက်ရုံးတွေ မပါပဲ။ ကျနော်တို့ကို battle မှာ သွားသေခိုင်းနေတာလား။ VR တွေ သုံးလာတာ အားနည်းချက်ဖြစ်ပြီး အပြင်ထွက် မရဘူးဆိုတာ ကြုံဖူးလို့လား။ သေချာပေါက် ဖြေရှင်းမရတဲ့ အခက်အခဲရှိလို့ပေ့ါ။ ဘယ်မိဘက သူတို့သားနဲ့ သမီးကို မကယ်ပဲ ဒီတိုင်းကြည့်နေနိုင်လို့လဲ"
"အို Rank 1 Player က ဒီလူနှစ်ယောက်လောက် မရှိလည်း အဆင်ပြေမှာပါ .. မထုတ်ချင်လည်း ခဏနောက်မှာ ထားခဲ့လို့ ဖြစ်တာပဲ"
"သေချာတာပေါ့ ကျနော်ကတော့ အဆင်ပြေတာပေါ့။ ဒါပေမယ့် ကျနော့ Guild က ဘယ်အဆင်ပြေမလဲ။ နှစ်ယောက်လုံးက Healer လေ။ ရူးနေလို့ သူတို့ကို ထားခဲ့ရမှာလား"
"ငါတို့ သိပြီးပြီ မင်းGuildမှာ သူတို့ နှစ်ယောက် အပါအဝင်မှ Healer 7 ယောက်ပဲ ရှိတယ် ဆိုတာ။
မင်းရဲ့ attaker အယောက်100 ကို  သူတို့ 7ယောက်နဲ့ သွေးဖြည့်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ နှစ်ယောက်ကို ထားခဲ့ရင် Healer 5ယောက် လွှဲပေးမယ်။ attacker 10 ယောက်ကို healer 1 ယောက်နှုန်း ဘယ်လိုလဲ"
"မထားခဲ့နိုင်ဘူး ဆိုရင်ရော"
"သူတို့က ဘယ်လောက်တော်လို့ မင်းက လက်မလွှတ်နိုင် ဖြစ်နေတာလဲ။ ငါးယောက် နှစ်ယောက်တောင် မလဲနိုင်ဘူးလား"
"ကျနော့လူတွေ အကြောင်း ကျနော် အသိဆုံးပဲ။ သူတို့က တဖွဲ့လုံးနဲ့ လေ့ကျင့်ပြီးသား။ လဲနိုင်တယ်"
"ရန်သူကို သောက်ရမ်းတွေ ယုံနေတာလား။ အချိန်တန်မှ မင်းနောင်တ မရပါစေနဲ့"
"ဟက် ရယ်ရတယ် ဂရုစိုက်နေရမှာလား"
ထိုစဉ် ဆိုနို ဝင်လာသည်။
"Light ရဲ့ အုပ်ချုပ်ရေးမှူး ဆိုနိုဆိုတာလား"
"ဟုတ်ပါတယ်"
"Idol လို့ မပြောရဘူး တကယ်ကို ရည်မွန်ပြီး ခန့်ညားတာပဲ"
"ကျေးဇူး"
"မင်းရဲ့ ခေါင်းဆောင်ကို ပြောပါဦး။ Shou နဲ့ တိုးရူကို ထားခဲ့ခိုင်းတာလေးကို မထားခဲ့ပဲ Guild အများကြီးရဲ့ ငြိုငြင်မှုကို ခံနေတယ်"
"တိုးရူနဲ့ Shou ❓ သူတို့က ဘာဖြစ်နေလို့လဲ"
Kou > "သူတို့က Shou တို့ကို မကြိုက်လို့ ထားခဲ့ ခိုင်းနေတာကွ။ မထားခဲ့ရင် Healer မထောက်ပံ့ဘူး။ အတူတိုက်မယ့် နှစ်သင်းကလည်း မပူးပေါင်းနိုင်ဘူးတဲ့"
"အဲ့တော့ ဘာဖြစ်လဲ ကိုယ့်ကိုတိုက်မှာပေါ့"
"......."
Kou > "ကျနော်တို့ သဘောထားကို သိရပြီဆိုတော့ ပြန်လို့ ရပါပြီ။ အဲ့ဒီနေ့ ဘယ်သူတိုက်တိုက် မတိုက်တိုက် ကျနော်တို့ကတော့ တာဝန်နဲ့ ဝတ္တရားအရ အရှေ့ဘက်က ကာကွယ်ပေးပါမယ်"
"အဲ့ဒီ နှစ်ယောက်ရဲ့ အရည်အချင်းကို အဲ့လောက်တောင် ယုံလား"
"ယုံတယ် " Kou ရော ဆိုနိုပဲ သံပြိုင် ဖြေလိုက်သည်။
"........"
ခေါင်းဆောင်များ စိတ်ပျက်စွာ ထွက်သွားတော့သည်။ တံခါးဝတွင် ဆိုနို့ဆီ Report လာပေးသော တိုးရူနှင့် ဆုံသည်။
အားလုံးက တိုးရူမှန်း မသိပဲ ငမ်းနေကြကာ ရှေ့ဆက်မသွားပဲ လည်ပြန်ကြည့်နေကြသည်မို့ ဆိုနိုက ပုခုံးကို ဖွဖွကိုင်ကာ ဆွဲခေါ်လျှက် သူ့ကိုယ်နှင့် ကာလိုက်သည်။ မြူးကြွသောအသံဖြင့်
"တိုးရူ .. ကိုယ့်ဆီလာတာလား"
အခြေအနေကို မရိပ်မိပဲ ပုခုံးဖက်ခံလိုက်ရသော တိုးရူက
"အင်း .. သူတို့က.. "
"ဘာမှ မဟုတ်ဖူး ဂရုစိုက်မနေနဲ့"
"......"
လှလိုက်တာဆိုပြီး ငမ်းနေသော တသိုက်မှာ ခုနတင် သူတို့ အဖွဲ့ကနေထုတ်ခိုင်းနေသော တိုးရူမှန်းလည်း သိသွားရော ရှက်ကာ ခပ်သုတ်သုတ် ပြန်သွားတော့သည်။
__________
"ဘာတဲ့လဲ"
Shou က ထိုင်ခုံမှာ ခြေထောက်အပေါ်တင်၍ ဒူးနှစ်ချောင်းကိုဖက်ကာ တခုခု စဉ်းစားနေရာမှ ခေါင်းလေးပဲ လှည့်ပြီး မေးလာသည်။
Kou က Shou အားငယ်နေသည်ဟု ရုတ်တရက် ခံစားမိလိုက်တာကြောင့် နောက်မှ သိုင်းဖက်လိုက်ကာ
"အဲ့ဒီနေ့ ကိုယ်တို့Guild တစ်ခုထဲနဲ့ပဲ ခုခံနိုင်မလား လာမေးတာ။ သူတို့က ဟိုဘက်မှ လူမလောက်လို့တဲ့"
"လူလိမ်"
Shou က နှာခေါင်းရှုံ့ပြီး တဖက်ကို လှည့်လိုက်သည်။
"ဟက် ... သိနေရင်လည်း ဘာလို့ မေးနေတာလဲ။ မင်းကို အူယားလို့ ငါတကယ် ဘယ်လိုလုပ်ရမှန်း မသိတော့ဘူး"
"မင်း ဘာလို့ ငြင်းလိုက်တာလဲ .. သူတို့ဆီက အကူအညီယူတာ ပိုမကောင်းဘူးလား"
"တစ်အချက် .. ဒီEvent က လွယ်သေးတယ်။ နောက်လာမယ် Event က ပိုခက်တယ်လို့ Blade ကပြောတယ်။ သူက Streamer မို့ သတင်းကြိုသိထားတာ ဖြစ်နိုင်ချေ အများကြီး ရှိတယ်။ အဲ့တော့ ကိုယ့် Guild က လူတွေက နောက် ပိုခက်တဲ့ Event အတွက် အတွေ့အကြုံ ရှိနေဖို့ လိုတယ်
နှစ်အချက် .. Follow the Light ဆိုတာ ဘယ်လို Guild မျိုးလဲဆိုတာ သူတို့ကို သိစေရမယ်။ Light ရဲ့ ခေါင်းဆောင်တွေက ဘယ်လိုမျိုးလဲ ... သူတို့ ယုံကြည်တဲ့သူနှစ်ယောက်ဆိုတာ ဘယ်လိုမျိုးလဲ .. ဆိုတာ ကောင်းကောင်းသိစေရမယ်
သုံးအချက်  .. ငါ့နဲ့ ဆိုနိုလောက် ဘယ်သူမှ မင်းနဲ့ တိုးရူကို ကာကွယ်မပေးနိုင်ဘူး။ မင်းဘယ်လောက်ပဲ Strong ဖြစ်ဖြစ် လူတွေရဲ့ အမြင်ကို ပြောင်းနိုင်မှာ မဟုတ်ဖူး။ ဒီဂိမ်းထဲက ပြန်ထွက်လို့ ရတဲ့တနေ့မှာ လူတွေရဲ့ ပါးစပ်ဖျားမှာ မင်းဘဝသေသွားတာမျိုး ငါမလိုချင်ဘူး"
".. Kou .. ကျေးဇူး"
"ရတယ် .. မဟုတ်လည်း ငါဆိုနိုအတွက် လုပ်ပေးရမှာပဲ။ သူ တိုးရူကို တကယ်ကြိုက်တယ်ထင်တယ်"
"mn.."
"အဲ့တာကြောင့် မင်း ကိုယ့်ဘေးမှာပဲ နေလို့ မရဘူးလား.. သူတို့ကို သွားမနှောင့်ယှက်ပဲ"
Kou က စကားစပ်မိတိုင်း တိုးရူကို စွန့်လွှတ်ဖို့ သူ့အနားမှာ နေဖို့ နားချသည်။ တခါတရံမှသာ စိတ်လိုလက်ရ ဖက်လှဲတကင်းနေတတ်ပေမယ့် သူနဲ့ အတူ တခန်းတည်း အိပ်ရုံကလွဲလို့ ထိုထက်တောင်းဆိုခဲ့ခြင်း မရှိခဲ့။ Shou က Kou ရဲ့ ကူကယ်ရာမဲ့နေပုံလေးကို တကယ်ပဲ သဘောကျသည်။
"ဒါပေမယ့် ငါက ယောကျာ်းလေးလေ"
"ဘာဖြစ်လဲ.. ကိုယ်တို့ချင်း အဆင်ပြေရင် ပြီးရောမလား"
"အကြီးဆုံး စီးပွါးရေးသမား တစ်ယောက်က အညတရ တစ်ယောက်ကို ကြွေနေတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ ပြီးတော့ ဂိမ်းထဲမှာလေ။ အပြင်မှာ မြင်ဖူးတာလည်း မဟုတ်ဖူး"
အရင်ဆို Shou က Relationship အကြောင်း ပြောလျှင် စကားလွှဲသွားမြဲ ဖြစ်သည်။ ဒီနေ့တော့ စိတ်လိုလက်ရ ပြန်ပြောနေတာမို့ မျှော်လင့်ချက် အပြည့်နဲ့
"ဒီလိုဆို ဂိမ်းထဲက ထွက်လို့ရရချင်း ကိုယ်မင်းကို လာရှာမယ်လေ။ အဲ့ဆို လက်ခံမှာလား"
"လက်မခံပါဘူး ငါက ယောကျာ်းလေးလေ။ မိန်းကလေးပဲ ကြိုက်တာ"
"ဟာကွာ .. ကျစ် ... ငါက မင်းထက်တောင် ပိုဆိုးသေးတယ် မိန်းကလေးရော ယောကျာ်းလေးရော ကြိုက်တာမဟုတ်ဖူး။ မင်းတစ်ယောက်တည်း ကြိုက်တာကွ"
"ခွီး"  နားရွက်တွေရဲပြီး ဒေါသထွက်နေသော Kou ကို ကြည့်ပြီး Shou က ရယ်တော့သည်။
"Shou မင်းကွာ .. "
"ဆောရီး ဆောရီး မင်းကို လှောင်တာ မဟုတ်ဖူး။ ငါ မင်းဒေါသထွက်တဲ့ ပုံစံလေး သဘောကျလို့"
"မင်း ..  .. ..
မင်းက .. တကယ် .. နတ်ဆိုးပဲ"
"ဟက် .. " 
ခုမှ သိလား .. ရိမင် ..
____________
Kou ရဲ့ လေ့ကျင့်ရေးခန်းထဲသို့ Shou ဝင်လာသည်။ Kou က Shou ပထမဆုံး သု့ကို လာရှာတာမို့ ပျော်သွားသည်။
"Shou ကိုယ့်ဆီလာတာလား"
အဖွဲ့သားများက ခက်ထန်နေတဲ့ မျက်နှာမှာ ရုတ်တရက်ကြီး ပန်းတွေပွင့်ပြီး Shou နားရောက်သွားတဲ့ သူတို့ရဲ့ ခေါင်းဆောင် Rank 1 Player ကြီးကို မမြင်ဖူးသလို ကြည့်ကြသည်။ ထို့ပြင် Devilish ရဲ့ နောက်ဆုံး အဖွဲ့ဝင်က ချောလိုက်တာဟု တညီတညွတ်ထဲ မှတ်ချက်ပေးကြသည်။ Shou က လူတွေကြား နေသူမဟုတ်တဲ့အတွက် ခေါင်းဆောင်ပိုင်း တချို့ကလွဲ၍ Shou ကို မမြင်ဖူးကြပေ။
Aki က တစ်နေရာမှ ချက်ချင်း ပြေးထွက်လာပြီး Shou လက်ကို ချိတ်ကာ ကလေးတစ်ယောက်လို ပုခုံးပေါ် ခေါင်းတင်ပြီး ..
"အကိုShou လာတယ်? ကျနော့်ကို လာရှာတာလား .. ဘယ်သွားမလို့လဲ ကျနော်လိုက်ပို့မယ်"
"မဟုတ်ဘူး ငါ့ဆီလာတာ"
မျက်နှာတင်းတင်းနဲ့ လှမ်းဟောက်နေသော Kou ကို Aki က လျှာထုတ်ပြပြီး
"အကို Shou လား အကို့ဆီ လာမှာ ..
သွားမယ် သွားမယ် .. ဟိုနှစ်ကောင် ရောက်လာရင် ကျနော် မလိုက်ရပဲနေမယ်"
ထိုစဉ် Shiro နဲ့ Kuro ရောက်လာပြီး
"ဟေး .. ဒီမှာ ငါတို့ရောက်နေပြီ"
"အာ .. Shiro Kuro ငါ အရင်နော် မရဘူး"
Shou က မည်းမှောင်နေသော Kou ကို ကြည့်ပြီး ရယ်သာ ရယ်နေသည်။
"Shou ဘာရှိလို့လဲ" Kouက စူပုပ်ပုပ်ဖြင့် မေးသည်။
"ငါမင်းကို လာကူတာ" Shou က နူးနူးညံ့ညံ့ပြုံးကာ Aki ကို ထိန်းထားရင်း Kou ဘက်ကို လည်ပြန်လှည့်ပြီး ပြောလိုက်သည်။
Kou နှလုံးသားမှာ သကာရည် လောင်းလိုက်သလိုပဲ ချိုမြသွားသည်။ သို့သော် Shou နောက်ဆက်ပြောသည့် စကားကြောင့် Akiကို မနာလိုမှုများက level 100ထိ ထောင်တက်သွားတော့သည်။
"Assassin class ကို ငါမင်းကို ကူလေ့ကျင့်ပေးမယ်"
Aki "တကယ်လား အကို Shou .. Yayyy! "
Kou "......"
ထိုစဉ် တိုက်တိုက်ဆိုင်ဆိုင် ဆိုနို Blade နဲ့ တိုးရူတို့လည်း ဝင်လာသည်။ တိုးရူက
"ဟေး .. Shou မတွေ့တာကြာပြီ"
"ဟုတ်ပါ့" Kou ကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။ Kou က ဆိုနိုကို ဘာလို့လာတာလဲဟု မျက်စပစ်သည်။ ဆိုနိုက မသိချင်ယောင် ဆောင်နေသည်။
"Assassinတွေ ခဏထွက်ခဲ့လိုက်။ မင်းတို့ကို လေ့ကျင့်ပေးမယ့်သူနဲ့ မိတ်ဆက်ပေးမယ်"
သို့သော် Assassin တစ်ယောက်က ချက်ချင်းထ၍
"ကျနော်က Kou ကြောင့် Lightကို ဝင်လာတာ။ Kou ကလွဲလို့ တခြားသူတွေ သင်တာ ကျနော်လက်မခံနိုင်ဘူး"
Kou က Shou ကို မျက်ခုံးပင့်ပြသည်။ ဘယ်လိုလဲ မင်းဖြေရှင်းနိုင်လား ဆိုတဲ့ စိန်ခေါ်တဲ့ အကြည့်လေးနဲ့မို့ Shou ပြုံးလိုက်မိသည်။ သို့သော် Shou က ထိုလူကို ဂရုစိုက်မနေပဲ
"အဲ့ဒီ တယောက် Kou ဆီမှာပဲနေ။ ငါ့ဆီ လာရင် ငါ့ကို ဆရာဆယ်ခါ ခေါ်ပြီး ဒူးထောက်ကန်တော့မှ ပြန်လက်ခံမယ်" လို့ နောက်ပြောင်စွာ ပြောပြီး ကျန်တဲ့ 7 ယောက်ကို ထွက်လာခိုင်းလိုက်သည်။
Aki က အပျော်ဆုံး ဖြစ်သည်မို့ ထိုAssassin ကိုပင် လက်ညှိုးထိုးကာ
"မင်း နောက်မှ နောင်တမရနဲ့နော်" လို့ ပြောသည်။
ထိုAssassin ကလည်း ပြန်ပက်သည်။
"Shou , No Class , level 70"
"Level 70 ရောက်တာတောင် No classပဲ ရှိနေသေးတာ သူ့လိုလူဆီက ငါက ဘယ်လိုသင်ရမလဲ"
"ဟက်"
Aki တစ်ယောက်တည်းဆီက ထွက်လာခြင်းမဟုတ် Shou ကလွဲ၍ ခေါင်းဆောင် အားလုံးဆီက ထွက်လာခြင်း ဖြစ်တာကြောင့် ထိုAssassinလေးက အနည်းငယ်တော့ ရင်ထိတ်သွားသည်။
Assassin class အတွက် သေချာ သင်ပြပေးနိုင်တဲ့ ဆရာ မရှိခဲ့။ ပြီးတော့ ဒီclass က Mage-Attacker class (Black Magic Attacker) ပြီးလျှင် ဒုတိယ လူသုံး အနည်းဆုံးဖြစ်တာမို့ မည်သူမျှ သေချာ ပြသပေးသူမရှိပဲ စမ်းတဝါးဝါး လျှောက်နေရသည့် class ဖြစ်သည်။ ထို့ပြင် လက်နက်များက တစ်ယောက် တမျိုးနှင့်တမျိုးမတူပဲ တခုစီတိုင်းက တမူထူးခြားကြတာမို့ Knight များလို ပေါင်းပြီး ရှင်းပြနေလို့ကတော့ ဘာမှအကျိုးထူးမှာ မဟုတ်ချေ။
Shou က Knight အုပ်စုနဲ့ ခွဲပြီး Assasin ချည်းတနေရာစုကာ သွားမလို့ ပြင်ပေမယ့် Kou က သူ့လူတွေ အတွေ့အကြုံရအောင်ဟု ဆိုကာ ဘေးကပ် နေရာလုပ်ပေးပြီး အားလုံးကို နားထောင်စေသည်။
Shou က Assassin ရဲ့ သဘောကို အရင်ရှင်းပြသည်။ Assassinတွေမှာ ရှိရမယ့် အဓိကအချက်က ရန်သူရဲ့ သေကွင်းသေကွက် အားနည်းချက်ကို သိရမည်။ တချက် ဆိုလျှင် တချက် အခွင့်အရေးရတိုင်း ထိထိမိမိ ထိုးနှက်နိုင်ရမည်။ ပြီးတော့ Unstable ဖြစ်သည့် Damage အတွက် လေ့ကျင့်ခြင်းနှင့် တိုးတက်စေရမည်။ လျှင်မြန်မှုကို အသုံးချနိုင်ရမည်။ မိမိအင်အားရဲ့ အချိန်အဆကို နားလည်ရမည်။
ထို့နောက် Aki အပါအဝင် Assassin 8ယောက်လုံးရဲ့ လက်နက်များကို တခုစီယူ၍ ရှင်းပြသည်။ ထို့နောက် Assassinတို့၏ လေ့ကျင့်မှုကို ကြည့်ပြီး အားနည်းချက် အားသာချက်များ ပြောပြကာ .. တစ်ယောက်စီအတွက် အဆင်ပြေဆုံး ဖြစ်မယ့် လက်နက်များကို လဲလှယ်စေသည်။ လက်နက်အကြောင်း ရှင်းပြပြီးပြီမို့ အားလုံးကလည်း ကျေကျေနပ်နပ်လဲပေးကြသည်။
သို့သော် စောစောကအတွန့်တက်တဲ့ Assassinကောင်လေးရဲ့ လက်နက်က အညံဆုံး ဖြစ်နေကာ မည်သူ့အတွက်မှ အသုံးမဝင်သည့်အပြင် သူကိုယ်တိုင်၏ skill နှင့်လည်း မလိုက်ပေ။
Shou က နှုတ်ခမ်းလေးတွန့်ရုံပြုံးကာ ဘုံသိုလှောင်ခန်းထဲမှ Aki ရဲ့ ယခင်သုံးနေတဲ့ လက်နက်ဖြစ်တဲ့ စွန်ကုတ်ကို ထုတ်လိုက်သည်။ Kou ကို ကြည့်လိုက်တော့ Kou က ခေါင်းညိတ်ပြကာ Sono ကလည်း ပြုံးကြည့်နေသည်မို့ ထို Assassin ကို ပေးလိုက်သည်။
"ငါ့ဟာ မဟုတ်ဖူး Aki ဟာ။ ခေါင်းဆောင်က ခွင့်ပြုတယ်တဲ့ မင်းယူလိုက်တော့"
"ကျနော် .. "
Shou က နားထောင်မနေပဲ ချက်ချင်း တဖက်လှည့်သွားသည်။ သူ့ကိုမယုံတဲ့သူတွေကို ယုံပါလို့ လိုက်ရှင်းပြနေဖို့အတွက် အချိန်မရှိဘူး။ ရှိရင်လည်း  မလိုအပ်ပဲ ရှင်းပြတာမျိုး အားကုန်ခံပြီး မလုပ်ဖူး။
ထို့နောက် တစ်ယောက်ချင်းဆီရဲ့ ပျော့ကွက် ဟာကွက်များကို ကိုယ်တိုင်တိုက်ခိုက်၍ ရှင်းပြသည်။ Shou က တိုက်ခိုက်ရာမှာ သစ်ကိုင်းခြောက် တစ်ခုကိုသာ သုံးသည်။ အခြား class များကလည်း စိတ်ပါဝင်စားစွာ နားထောင်သည်။ သူတို့အတွက်လည်း သင်ယူစရာများ ရှိသကဲ့သို့ ... Guild member အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် skill များ သိထားခြင်းဖြင့် ပူပေါင်း တိုက်ခိုက်ရအဆင်ပြေစေသည်။
Shou ရှင်းပြတာ အားလုံးအတွက် အကျိုးရှိတာမို့ Shiro Kuro နဲ့ တိုးရူတို့က သူ့ရဲ့ archer နဲ့ healer class များကိုပါ ခေါ်ပြီး နားထောင်စေသည်။
Shou က Assasin 6ယောက်နဲ့ တိုက်ခိုက်ပြီးသော်လည်း မောပန်းသည့်ပုံ မရှိပေ။ Aki အလှည့် ရောက်လာသည်။
Aki က
"အကို Shou ကျနော့ကို လက်ဆောင်မပေးချင်ဘူးလား"
"Haha .. ဘာလိုချင်လို့လဲ"
"အကို တကယ့်နှစ်ဖက်ဓားနဲ့ တိုက်တာ ကြည့်ချင်တယ် .. သစ်ကိုင်းတွေ ဝါးတွေ မဟုတ်ပဲ"
Shou က ရယ်လျှက်
"လက်နက် အစစ်ကိုင်ရင် မင်းလစ်သွားမှာပေါ့"
"ရတယ် လုပ်ပါ။ တခါလောက် တခါတည်းပဲ နော် .. နော် .. "
🟥🟥🟥🟥🟥🟥
"အိုကေ လာပြီ ကျေးဇူးပဲ"
"Shou သွားစို့"
"ငါမလိုက်တော့ဘူး"
__________
"ဟုတ်ပါတယ်"
"ကျေးဇူး"
"......."
"........"
"အင်း .. သူတို့က.. "
"......"
__________
"ဘာတဲ့လဲ"
Shou က ထိုင်ခုံမှာ ဒူးနှစ်ချောင်းကိုဖက်ကာ တခုခု စဉ်းစားနေရာမှ ခေါင်းလေးပဲ လှည့်ပြီး မေးလာသည်။
"လူလိမ်"
".. Kou .. ကျေးဇူး"
"mn.."
"Shou မင်းကွာ .. "
"မင်း ..  .. ..
မင်းက .. တကယ် .. နတ်ဆိုးပဲ"
"ဟက် .. " 
ခုမှ သိလား .. ရိမင် ..
____________
"Shou ကိုယ့်ဆီလာတာလား"
"မဟုတ်ဘူး ငါ့ဆီလာတာ"
Aki "တကယ်လား အကို Shou .. ရေး"
Kou "......"
"Shou , No Class , level 70"
"ဟက်"
"ကျနော် .. "
Aki က
"Haha .. ဘာလိုချင်လို့လဲ"
Shou က ရယ်လျှက်
Continue Reading
You'll Also Like
40.8K 5.7K 96
မပိုင်း၄၅၆ကနေစပြီးဖတ်ပေးကြပါဦး
329K 15.1K 39
ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲလို့ မေးရင် ​​​​မြတ်နိုးရသူရဲ့ လက်လေးကို ဆုပ်ကိုင်ထားခြင်းလို့ ကျွန်တော် ဖြေမယ် ဒါပေမယ့် ထိုလူသားရဲ့ လက်ထဲမှာ ဓားတစ်လက်ရှိန...
87.1K 14.2K 148
💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သ...
305K 23.7K 156
Title - Strict Wife of the '70s Manages the Household 💥Description လင်းလန် နိုးလာချိန်တွင် သူမသည် ပိုးသတ်ဆေးသောက်ထားသည့် အိမ်ထောင်ရှင်မတစ်ဦး၏ ကိုယ်...