Unicode
တိမ်ယံလွှမ်းတဲ့တောင်
🦋20🦋
"ဟွမ်ကျင်းရွှေ မင်းအမေကထက်မြတ်သလောက် မင်းကတော်တော်လည်း တုံးအတာပဲ"
"ပါးစပ်ပိတ်ထား!"
စောစောကလှည့်မကြည့်ရဲသော လော့လော်ကလှည့်အော်လိုက်တော့သည်။
"လော့လော်နောက်ဆုတ်...."
ဟွမ်ကျင်းရွှေ သူမလက်ကိုဆွဲ၍ အနောက်ကိုပို့ထားလိုက်သည်။ လိုင်ကုန်းလျိုသည် စွမ်းအင်မြင့်ကျင့်ကြံသူ ဖြစ်လေရာ သူလှုပ်ရှားလိုက်တာနဲ့ လော့လော်ကို အရင်ဆုံးထိခိုက်သွားနိုင်သည်။
"နွီအော်နဲ့ငါ တိုက်ခိုက်ခဲ့တာမှန်တယ်... အဲ့ဒါကလည်း ငါသူ့ဆီတိမ်ဖြိုဓားကို ခဏငှားရုံပါ... ဒါပေမယ့် သူကမပေးဘူးလေ အဲ့ဒါကြောင့် ငါကတိုက်ခိုက်ပြီးယူရတာ.... မင်းစဥ်းစားကြည့် တိမ်ဖြိုဓားကဘယ်လောက်စွမ်းလဲ တိမ်ဖြိုဓားသခင်ဖြစ်တဲ့ မင်းအမေကို ငါကဘယ်လိုလုပ်သတ်နိုင်မှာလဲ"
ဟွမ်ကျင်းရွှေ "....."
"မင်းသိချင်တာ ဒါပဲမလား... မင်းအမေကို ငါမသတ်ဘူး အဲ့တော့မင်းသွားတော့...."
"ဘယ်သူသတ်တာလဲ"
"ငါဘယ်သိမလဲ "
"မသိဘူး?...."
"မသိဘူး.... သွားတော့...."
ထိုစဥ် အိမ်တော်ထဲ တစ်စုံတစ်ယောက် ပြေးဝင်လာသံကို ကြားလိုက်ရ၏။ ထိုသူက သေချာပေါက် လိုင်မုန်ဖြစ်ရမည်ဟု ခန့်မှန်းမိလိုက်ချိန် ဟွမ်ကျင်းရွှေ နှင့် လော့လော်က ထွက်ခွာရန် ပြင်လိုက်သည်။
သူတို့လှည့်ပြန်မည် အပြုတွင် လိုင်ကုန်းကျို၏ရင်ဝတွင် ဆံထိုးရှည်တစ်ချောင်းက အနောက်ကနေအရှေ့အထိ ထုပ်ချင်းပေါက်သွားတော့သည်။
'ဖူး.....'
သွေးပွတ်ပွတ်အန်ကျလာသော လိုင်ကုန်းကျိုသည် သူ့ရင်ဝကို ပြန်ငုံ့ကြည့်ရင်းမှ မျက်နှာတစ်ပြင်လုံးက ဖြူဖတ်ဖြူရောဖြင့် သွေးစုပ်ခံထားရသကဲ့သို့ ပြောင်းလဲသွားသည်။ ဟွမ်ကျင်းရွှေတို့နှစ်ယောက် လှည့်ကြည့်စဥ် လိုင်ကုန်းကျိုက ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားလေပြီ။
လိုင်ကုန်းကျိုအနောက်မှ ထွက်ပေါ်လာသော မိန်းကလေးသည် စောစောကလို အဝတ်ဗလာနဲမဟုတ်တော့ဘဲ ဝတ်စုံတစ်ခုကို ပြောင်းလဲဝတ်ဆင်ထားတာ တွေ့ရ၏။ ညို့အားပြင်းတဲ့ မျက်နှာသွင်ပြင်သည် ဟွမ်ကျင်းရွှေတို့အား လှမ်းကြည့်လာသည်။
ပြီးနောက် လိုင်ကုန်းကျိုရှေ့ကို တစ်လှမ်းချင်းလျှောက်သွားသည်။
"လိုင်ကုန်းလျို..... မထင်ထားဘူးမလား"
'ဟူ.....'
လိုင်ကုန်းလျိုသည် သေးသေးညှောင်ညှောင်အသံကလေးကို ဂရုမစိုက်နိုင်ပေ။ သူသည် လက်စည်းတံဆိပ်ပုံဆောင်၍ သူ့ခန္ဓာကိုယ်တွင် ထိုးစိုက်နေသော ဆံထိုးကိုအဝေးသို့ ပစ်ပေါက်လိုက်သည်။
မတိုင်ခင်က သူပွတ်သပ်နမ်းရှိုက်ခဲ့သော မိန်းကလေးသည် ယခုတော့ နူးညံ့ကာ ချစ်စရာကောင်းသော ပုံစံမဟုတ်တော့ဘဲ ထူးဆန်းသော အဝတ်အစားပုံစံနဲ့ မိန်းကလေးဖြစ်သွားလေသည်။ သူမသည် သူမ၏ရင်ဘတ်ကို အနည်းငယ် လစ်ဟပြထား၏။
လော့လော်က ဟွမ်ကျင်းရွှေလက်ကို အမြန်စောင့်ဆွဲသည်။
"သွားရအောင်...."
"အဖေ....."
လိုင်မုန်ရောက်လာလေပြီ။ ဟွမ်ကျင်းရွှေ နှင့် လော့လော်သည် လိုင်ကုန်းကျိုနန်းဆောင်အမိုးပေါ်သို့ ပျံတတ်သွား၏။ နန်းဆောင်အလယ်တွင် အပေါက်ကြီးတစ်ပေါက်ဖောက်ထားတာကြောင့် လွယ်ကူအဆင်ပြေစွာပင် ထွက်သွားနိုင်သည်။
လိုင်မုန်အခန်းထဲ ဝင်လာသည့်အခိုက် ခရမ်းရောင်မိန်းကလေးသည် သူမ၏စွမ်းအင်ဖြင့် လိုင်မုန်ထံသို့ပစ်လိုက်ကာ တစ်ကိုယ်လုံးလှုပ်မရအောင် ပြုလုပ်လိုက်တာကို ခေါင်းမိုးပေါ်ကနှစ်ယောက်လည်း မျက်ဝါးထင်ထင် မြင်လိုက်ရသည်။
လော့လော်သည် အံ့သြလွန်းလို့ ပါးစပ်ကိုလက်ဝါးဖြင့် ပိတ်ထားမိသည်။ လိုင်မုန်လို စွမ်းအင်အားကောင်းသူကို တစ်ချက်တည်းနဲ့ ထိန်းချုပ်ပစ်တာ နည်းတဲ့ အရည်အချင်းတော့ မဟုတ်နိုင်ပေ။
"မင်း.... အဖေ...... အဖေ...... "
'ဖူး......'
လက်အစီအရင်တည်ရင်း လိုင်ကုန်းကျို နောက်ထပ်သွေးအန်လာသည်။
"အဖေ....."
"အားကုန်ခံမနေနဲ့...."
မိန်းကလေးကဆိုသည်။
"ဆံထိုးကနှစ်၂၀လောက် သေချာပြင်ဆင်ထားတာ.... ဘယ်လောက်ပဲ သိုင်းအဆင့်မြင့်ပါစေ သေရမှာပဲ..."
"ဝိုး..... တော်လိုက်တာ.... "
လော့လော်၏တိုးတိုးတိတ်တိတ် ချီးကျူးသံဖြစ်သည်။ လိုင်မုန်သည် လော့လော်တို့နှင့် ဝေးသည်။ စိတ်ကလည်း ဖခင်အတွက် စိတ်ပူလွန်းနေတာကြောင့် သူမအသံကိုမကြားပေမယ့် ခရမ်းရောင်မိန်းကလေးကတော့ ကြားပါသည်။
သူမသည် မသိမသာ အပေါ်မော့ကြည့်၍ လော့လော်ကို မျက်စိတစ်ဖက်မှိတ်ပြသည်။
"အာ....."
"သွားရအောင် လော့လော်...."
"နေအုံး.... ခန္ဓာကိုယ်ထိန်းချုပ်တဲ့ မန္တာန်မျိုး ချင်းချုံးမှာမြင်ဖူးတယ်..."
လိုင်ကုန်းလျို၏ ခန္ဓာကိုယ်သည် ဖွံ့ဖွံ့ထွားထွား အနေအထားမှ တဖြည်းဖြည်း ပိန်လိမ်လာသည်။ စွမ်းအင်ဘယ်လောက်ထုတ်ပါစေ အရာမဝင်ချေ။ သူတို့နမ်းခဲ့စဥ်က မိန်းကလေးသည် စွမ်းအင်တစ်မျိုးကို သူ့ကိုယ်ထဲ ထည့်သွင်းပြီးသားဖြစ်တာကိုလည်း လိုင်ကုန်းကျိုတစ်ယောက် သတိထားမိပုံမပေါ်။
ကြည့်နေရင်း ကြည့်နေရင်း ဟွမ်ကျင်းရွှေတို့နှစ်ယောက် သတ်ထားမိလာသည်။
"အဲ့ဒါက.... "
"သွေးစုပ်ဖျက်စီးခြင်းကျင့်စဥ်..."
"သွေးစုပ်ဖျက်စီးခြင်းကျင့်စဥ် "
သူတို့နှစ်ယောက် တစ်ပြိုင်တည်း ရွတ်လိုက်သည်။ သွေးစုပ်ဖျက်စီးခြင်းကျင့်စဥ်ဆိုတာက မိစ္ဆာလမ်းစဥ်လိုက်သော ကျင့်စဥ်တစ်ခုဖြစ်ကာ ကျင့်ကြံရန် အန္တရာယ်များသော ကျင့်စဥ်တစ်ခုလည်းဖြစ်သည်။
ကျင့်ကြံသူသည် ကျင့်စဥ်လေ့ကျင့်နေတုန်း စိတ်ဖောက်ပြန်သွားပါက မိစ္ဆာတစ်ယောက်လုံးလုံး ဖြစ်သွားနိုင်ပြီး မိမိ၏မူလအသိစိတ်သည်လည်း ပျောက်ကွယ်သွားပေမည်။ ထိုကျင့်စဥ်ကို လေ့ကျင့်တတ်မြောက်သွားပါက ကြောက်စရာကောင်းသော မကောင်းဆိုးဝါးတစ်ကောင်သာ ဖြစ်နေလိမ့်မည်။
အခန်းထဲရှိ လိုင်ကုန်းကျို နှင့် လိုင်မုန်တို့သားအဖသည်လည်း ထိုအချက်ကို သတိပြုမိသွားသည့်နှယ် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သွေးပြက်သွား၏။ ဘယ်လိုစိတ်နဲ့များ ဒီလောက်ရက်စက်တဲ့ ကျင့်စဥ်ကို ဒီမိန်းကလေးက လေ့ကျင်ခဲ့သလဲ။
မိန်းကလေးသည် လိုင်ကုန်းကျိုရှေ့တွင် ဒူးတစ်ဖက် ထောက်လျက် ထိုဒူးပေါ်တွင်လက်တစ်ဖက်ကိုပါ တင်ကာ လိုင်ကုန်းကျိုကို ကြည့်နေသည်။
"မင်းဘာတွေစဥ်းစားနေလဲ ငါသိတယ်...."
လိုင်ကုန်းကျိုသည် အပေါ်ပိုင်း အဝတ်ဗလာကျင်း ဖြစ်နေဆဲ။ သူ့အရေပြားတို့က တွန့်လိမ်ကာ သွေးစုပ်ခံထားရသလို ဖြစ်နေပြီ။
"မင်း..... ဘာကြောင့်လဲ"
"ဘာကြောင့်လဲ?....အဟား မင်းမှတ်မိလား ရှင်အနိုင်ကျင့်ဖျက်စီးခဲ့တဲ့ ဆံပင်အပြာနဲ့ မိန်းကလေးလေ...."
"မင်း...."
"သူကငါ့အစ်မ ငါအခုငါ့အစ်မအတွက် လက်စားလာချေတာ.... မင်းဖျက်စီးခဲ့တဲ့ မိန်းကလေးတွေက အရမ်းများတော့ ဘယ်မှတ်မိပါ့မလဲ... ဒါပေမယ့် ငါကတော့လုံးဝမမေ့ဘူး မင်းရောက်လာပြီးတစ်နေ့မှာ အစ်မသူ့ရင်ဝကို ဆံထိုးနဲ့ထိုးပြီး သတ်သေသွားတယ်...."
မိန်းကလေးသည် အဝေးတွင်ထိုးစိုက်နေသော ဆံထိုးကိုလက်ညှိုးထိုးပြသည်။
"မင်းတို့တွေက အားနည်းတဲ့သူတွေကို ကယ်တင်မယ်ဆိုတဲ့ ဝါဒကိုလက်ကိုင်ထားကြပြီး တကယ်တော့ မိစ္ဆာတွေထက်တောင် ကြောက်စရာကောင်းနေတာပဲ...."
"ငါ့သားကို... လွှတ်ပေး.... "
"ဟင့်.... လွှတ်မလွှတ်ကတော့ ငါ့စိတ်ပေါ်မူတည်တယ်...."
မိန်းကလေးသည် မတ်တပ်ပြန်ထရပ်လာပြီး သွေးဆာနေသည့်ဓားတစ်ချောင်းကို ဖန်ဆင်းကာ လိုင်ကုန်းကျိုအား အချက်ပေါင်းများစွာ ထိုးသွင်းလေတော့သည်။
"အဖေ....."
"အဖေ.........."
လိုင်မုန်၏အသံနက်ကြီး အိမ်တော်တစ်ခုလုံးအပေါ် လွှမ်းခြုံသွားသည့်အခိုက် ဟွမ်ကျင်းရွှေတို့သည် အိမ်အမိုးထက်မှ တစ်ခြားနေရာကို ပျံသန်းသွား၏။ အိမ်ထဲက မိန်းကလေး ဘယ်လိုလွတ်မြောက်သွားမလဲဆိုတာတော့ မတွေးတော့ပါ။
သူမအရည်အချင်းနဲ့ဆို ထိုအိမ်လောက်က အသာလေးထိုးဖောက်နိုင်သည်။
တည်းခိုခန်းသို့ ပြန်ရောက်သော်
"လော့လော်တို့တောင် မသတ်လိုက်ရဘဲ သူကသေသွားတာပဲ"
"သေသင့်တဲ့သူ သေပါစေ...."
"အဲ့ဒီမိန်းကလေး.... တကယ်ကြောက်ဖို့ကောင်းတာပဲ...."
ဟွမ်ကျင်းရွှေကတော့ တရားခံကို မသိလိုက်ရလို့ စိတ်အခြေအနေက မကောင်းချေ။ ဒီကြားထဲ ထူးထူးဆန်းဆန်း မိန်းကလေးတစ်ယောက်က ထွက်လာသေးသည်။
"ကျင်းကိုကို မနက်ဖြန် ပြိုင်ပွဲနေ့မဟုတ်လား...."
"အင်း...."
"လိုင်မုန်က ဝင်ပြိုင်တဲ့အချိန် အဲ့မိန်းကလေး ထပ်ပေါ်လာရင် လော့လော်တို့ကို မှတ်မိသွားမလားမသိဘူး"
"ဓားကကိုယ့်ဆီ တည့်တည့်လာနေရင်တော့ ပြန်ခုခံရုံပဲပေါ့...."
"ဒီလိုဆို ဒေါ်လေးနွီကို ဘယ်သူသတ်တာလဲဆိုတာ ရှာရခက်သွားပြီ.... ကျင်းကိုကို အရင်ဆုံးနားလိုက်ပါ မနက်ဖြန်မှ ဆက်ဆွေးနွေးကြတာပေါ့.... လော့လော်အိပ်ချင်နေပြီ ဟဲဟဲ..."
ဟွမ်ကျင်းရွှေက သူ့ခုတင်ဘက်ကို လက်ညှိုးထိုးပြ၏။
"အဲ့မှာအိပ်...."
"ဟင်!!"
"ငါမင်းကိုမထိဘူး.... မင်းဘာသာအိပ်"
"ဒါဆိုကျင်းကိုကိုကကော"
"ငါမအိပ်ဘူး...."
လော့လော်သည် မိမိအခန်းကို ပြန်အိပ်ချင်သော်လည်း မိမိတို့ယူထားသောအခန်းသည် ချင်းယန်နဲ့ ပုဖောင်အတွက် ခုတင်နှစ်လုံးသာရှိတာကြောင့် နောက်ဆုံးတော့ ဟွမ်ကျင်းရွှေ၏ ခုတင်ပေါ်တွင်သာ အိပ်ခဲ့သည်။ ဟွမ်ကျင်းရွှေသည် စားပွဲတွင်ထိုင်ကာ သူမအားစောင့်ပေးခဲ့သည်။
မနက်ရောက်သည်အထိ သူသည်ထိုနေရာကနေ လုံးဝမရွေ့။ စားပွဲပေါ်ကို တံတောင်ဖြင့်ထောက်ကာ မှေးစက်ခဲ့သည်။ လော့လော်နိုးလာ၍ ဟွမ်ကျင်းရွှေအား ချောင်းကြည့်လိုက်ပြီးမှ အောက်ထပ်တွင် မနက်စာသွားမှာနေလိုက်သည်။
မနက်စာပြီး ပြန်လာတဲ့အထိ ဟွမ်ကျင်းရွှေက နေရာမှာပင်။
"ကျင်းကိုကို.... လော့လော်မနက်စာ မှာထားပြီ....."
"ကျင်းကိုကို"
"ဟင်"
"နိုးပြီလား...."
"အင်း...."
ဟွမ်ကျင်းရွှေ မနက်ခင်းတိုင်း ရေချိုးတတ်တဲ့ အကျင့်ရှိတာကြောင့် ရေချိုးဆောင်ထဲ ခဏဝင်သွားသည့်အချိန်တွင် မနက်စာမှာထားသည်များကို စားပွဲထိုးလေးက လာပို့သွား၏။ ဟင်းမယ်အစုံအလင်ကိုကြည့်ကာ သေရည်တမြမြနဲ့ လော့လော်သည် ဟွမ်ကျင်းရွှေ ထွက်လာမည့်အချိန်ကို အတတ်နိုင်ဆုံး စိတ်ရှည်ရှည်ထား၍ စောင့်နေသည်။
"သခင်လေး..... သခင်မလေး....."
ချင်းယန်၏ ထိတ်ထိတ်လန့်လန့် ဖြစ်နေသည့် အသံကြောင့် လော့လော်ပြေး၍ တံခါးဖွင့်လိုက်သည်။
"ဘာဖြစ်တာလဲ"
"ပုညီမလေးကို မတွေ့တော့ဘူး...."
"ဘာ.... မတွေ့တော့ဘူးဆိုတာ ဘာကိုပြောတာလဲ"
"သူဒီမနက်အစောကြီး အောက်ထပ်ကိုဆင်းသွားတာ ပြန်တက်မလာဘူး... အခုလိုက်ရှာကြည့်တာ မတွေ့တော့ဘူး "
"ဘယ်လိုဖြစ်တာလဲ.... ပုဖောင်က အဲ့လိုလျှောက်သွားတတ်တဲ့သူမှ မဟုတ်တာ...."
"ကျွန်မထွက်ရှာလိုက်ရမလား"
"မသွားနဲ့...."
ဟွမ်ကျင်းရွှေက ထွက်လာ၍ တားလိုက်သည်။
"ကျင်းကိုကို...."
"ငါတို့ရှိနေတာ သူသိသွားလို့ ပုဖောင်ကိုဖမ်းခေါ်သွားတာ... "
"ဘယ်သူလဲ...."
"ပုံရိပ်ယောင်ခွေးကို ဖန်တီးတဲ့သူပဲနေမှာပေါ့.... သူပြိုင်ပွဲမှာ ပေါ်လာလိမ့်မယ်....ဒီနေ့တော့ သူကောငါကော တစ်ယောက်ကိုတစ်ယောက် ဖော်ထုတ်ရတော့မှာပဲ...."
ဝင်ခွင့်ပြိုင်ပွဲက မကြာခင်ကျင်းပတော့မှာ ဖြစ်သဖြင့် ကျင့်ကြံသူများသည် ပြိုင်ပွဲကျင်းပရာ စင်မြင့်ဘေးပတ်ပတ်လည်တွင် အသီးသီး နေရာယူနေကြပြီ ဖြစ်လေသည်။ မနေ့ညက စိတ်ထိခိုက်စရာ ကိစ္စနဲ့ ကြုံခဲ့ရသော လိုင်မုန်ကိုတော့ မတွေ့ရသေးချေ။
ဟွမ်ကျင်းရွှေတို့သည် လူအုပ်ကြားထဲ တိုးဝှေ့ကာ နေရာယူလိုက်ကြသည်။ ဟုန်ကျင်းချင်ဂိုဏ်း၏ ဂိုဏ်းဝင်တပည့်ရွေးပွဲက အလွန်နာမည်ကြီး၏။ ကျင့်ကြံသူအများစုသည် သူတို့ဂိုဏ်းကိုပင် စွန့်လွှတ်ကာ ဟုန်ကျင်းချင်ဂိုဏ်းထဲ ဝင်နိုင်အောင် အသဲအသန် ကြိုးစားကြလေသည်။
ဘာတွေများ ကောင်းလို့ ဝင်ချင်နေကြသလဲ။ ထိုအတွေးကိုတွေးသူထဲတွင် လော့လော်ကလည်း အပါအဝင် ဖြစ်၏။
Zawgyi
တိမ္ယံလႊမ္းတဲ့ေတာင္
🦋20🦋
"ဟြမ္က်င္းေ႐ႊ မင္းအေမကထက္ျမတ္သေလာက္ မင္းကေတာ္ေတာ္လည္း တုံးအတာပဲ"
"ပါးစပ္ပိတ္ထား!"
ေစာေစာကလွည့္မၾကည့္ရဲေသာ ေလာ့ေလာ္ကလွည့္ေအာ္လိုက္ေတာ့သည္။
"ေလာ့ေလာ္ေနာက္ဆုတ္...."
ဟြမ္က်င္းေ႐ႊ သူမလက္ကိုဆြဲ၍ အေနာက္ကိုပို႔ထားလိုက္သည္။ လိုင္ကုန္းလ်ိဳသည္ စြမ္းအင္ျမင့္က်င့္ႀကံသူ ျဖစ္ေလရာ သူလႈပ္ရွားလိုက္တာနဲ႕ ေလာ့ေလာ္ကို အရင္ဆုံးထိခိုက္သြားနိုင္သည္။
"ႏြီေအာ္နဲ႕ငါ တိုက္ခိုက္ခဲ့တာမွန္တယ္... အဲ့ဒါကလည္း ငါသူ႕ဆီတိမ္ၿဖိဳဓားကို ခဏငွား႐ုံပါ... ဒါေပမယ့္ သူကမေပးဘူးေလ အဲ့ဒါေၾကာင့္ ငါကတိုက္ခိုက္ၿပီးယူရတာ.... မင္းစဥ္းစားၾကည့္ တိမ္ၿဖိဳဓားကဘယ္ေလာက္စြမ္းလဲ တိမ္ၿဖိဳဓားသခင္ျဖစ္တဲ့ မင္းအေမကို ငါကဘယ္လိုလုပ္သတ္နိုင္မွာလဲ"
ဟြမ္က်င္းေ႐ႊ "....."
"မင္းသိခ်င္တာ ဒါပဲမလား... မင္းအေမကို ငါမသတ္ဘူး အဲ့ေတာ့မင္းသြားေတာ့...."
"ဘယ္သူသတ္တာလဲ"
"ငါဘယ္သိမလဲ "
"မသိဘူး?...."
"မသိဘူး.... သြားေတာ့...."
ထိုစဥ္ အိမ္ေတာ္ထဲ တစ္စုံတစ္ေယာက္ ေျပးဝင္လာသံကို ၾကားလိုက္ရ၏။ ထိုသူက ေသခ်ာေပါက္ လိုင္မုန္ျဖစ္ရမည္ဟု ခန့္မွန္းမိလိုက္ခ်ိန္ ဟြမ္က်င္းေ႐ႊ ႏွင့္ ေလာ့ေလာ္က ထြက္ခြာရန္ ျပင္လိုက္သည္။
သူတို႔လွည့္ျပန္မည္ အျပဳတြင္ လိုင္ကုန္းက်ိဳ၏ရင္ဝတြင္ ဆံထိုးရွည္တစ္ေခ်ာင္းက အေနာက္ကေနအေရွ႕အထိ ထုပ္ခ်င္းေပါက္သြားေတာ့သည္။
'ဖူး.....'
ေသြးပြတ္ပြတ္အန္က်လာေသာ လိုင္ကုန္းက်ိဳသည္ သူ႕ရင္ဝကို ျပန္ငုံ႕ၾကည့္ရင္းမွ မ်က္ႏွာတစ္ျပင္လုံးက ျဖဴဖတ္ျဖဴေရာျဖင့္ ေသြးစုပ္ခံထားရသကဲ့သို႔ ေျပာင္းလဲသြားသည္။ ဟြမ္က်င္းေ႐ႊတို႔ႏွစ္ေယာက္ လွည့္ၾကည့္စဥ္ လိုင္ကုန္းက်ိဳက ၾကမ္းျပင္ေပၚ ဒူးေထာက္က်သြားေလၿပီ။
လိုင္ကုန္းက်ိဳအေနာက္မွ ထြက္ေပၚလာေသာ မိန္းကေလးသည္ ေစာေစာကလို အဝတ္ဗလာနဲမဟုတ္ေတာ့ဘဲ ဝတ္စုံတစ္ခုကို ေျပာင္းလဲဝတ္ဆင္ထားတာ ေတြ႕ရ၏။ ညို႔အားျပင္းတဲ့ မ်က္ႏွာသြင္ျပင္သည္ ဟြမ္က်င္းေ႐ႊတို႔အား လွမ္းၾကည့္လာသည္။
ၿပီးေနာက္ လိုင္ကုန္းက်ိဳေရွ႕ကို တစ္လွမ္းခ်င္းေလွ်ာက္သြားသည္။
"လိုင္ကုန္းလ်ိဳ..... မထင္ထားဘူးမလား"
'ဟူ.....'
လိုင္ကုန္းလ်ိဳသည္ ေသးေသးေညွာင္ေညွာင္အသံကေလးကို ဂ႐ုမစိုက္နိုင္ေပ။ သူသည္ လက္စည္းတံဆိပ္ပုံေဆာင္၍ သူ႕ခႏၶာကိုယ္တြင္ ထိုးစိုက္ေနေသာ ဆံထိုးကိုအေဝးသို႔ ပစ္ေပါက္လိုက္သည္။
မတိုင္ခင္က သူပြတ္သပ္နမ္းရွိုက္ခဲ့ေသာ မိန္းကေလးသည္ ယခုေတာ့ ႏူးညံ့ကာ ခ်စ္စရာေကာင္းေသာ ပုံစံမဟုတ္ေတာ့ဘဲ ထူးဆန္းေသာ အဝတ္အစားပုံစံနဲ႕ မိန္းကေလးျဖစ္သြားေလသည္။ သူမသည္ သူမ၏ရင္ဘတ္ကို အနည္းငယ္ လစ္ဟျပထား၏။
ေလာ့ေလာ္က ဟြမ္က်င္းေ႐ႊလက္ကို အျမန္ေစာင့္ဆြဲသည္။
"သြားရေအာင္...."
"အေဖ....."
လိုင္မုန္ေရာက္လာေလၿပီ။ ဟြမ္က်င္းေ႐ႊ ႏွင့္ ေလာ့ေလာ္သည္ လိုင္ကုန္းက်ိဳနန္းေဆာင္အမိုးေပၚသို႔ ပ်ံတတ္သြား၏။ နန္းေဆာင္အလယ္တြင္ အေပါက္ႀကီးတစ္ေပါက္ေဖာက္ထားတာေၾကာင့္ လြယ္ကူအဆင္ေျပစြာပင္ ထြက္သြားနိုင္သည္။
လိုင္မုန္အခန္းထဲ ဝင္လာသည့္အခိုက္ ခရမ္းေရာင္မိန္းကေလးသည္ သူမ၏စြမ္းအင္ျဖင့္ လိုင္မုန္ထံသို႔ပစ္လိုက္ကာ တစ္ကိုယ္လုံးလႈပ္မရေအာင္ ျပဳလုပ္လိုက္တာကို ေခါင္းမိုးေပၚကႏွစ္ေယာက္လည္း မ်က္ဝါးထင္ထင္ ျမင္လိုက္ရသည္။
ေလာ့ေလာ္သည္ အံ့ၾသလြန္းလို႔ ပါးစပ္ကိုလက္ဝါးျဖင့္ ပိတ္ထားမိသည္။ လိုင္မုန္လို စြမ္းအင္အားေကာင္းသူကို တစ္ခ်က္တည္းနဲ႕ ထိန္းခ်ဳပ္ပစ္တာ နည္းတဲ့ အရည္အခ်င္းေတာ့ မဟုတ္နိုင္ေပ။
"မင္း.... အေဖ...... အေဖ...... "
'ဖူး......'
လက္အစီအရင္တည္ရင္း လိုင္ကုန္းက်ိဳ ေနာက္ထပ္ေသြးအန္လာသည္။
"အေဖ....."
"အားကုန္ခံမေနနဲ႕...."
မိန္းကေလးကဆိုသည္။
"ဆံထိုးကႏွစ္၂၀ေလာက္ ေသခ်ာျပင္ဆင္ထားတာ.... ဘယ္ေလာက္ပဲ သိုင္းအဆင့္ျမင့္ပါေစ ေသရမွာပဲ..."
"ဝိုး..... ေတာ္လိုက္တာ.... "
ေလာ့ေလာ္၏တိုးတိုးတိတ္တိတ္ ခ်ီးက်ဴးသံျဖစ္သည္။ လိုင္မုန္သည္ ေလာ့ေလာ္တို႔ႏွင့္ ေဝးသည္။ စိတ္ကလည္း ဖခင္အတြက္ စိတ္ပူလြန္းေနတာေၾကာင့္ သူမအသံကိုမၾကားေပမယ့္ ခရမ္းေရာင္မိန္းကေလးကေတာ့ ၾကားပါသည္။
သူမသည္ မသိမသာ အေပၚေမာ့ၾကည့္၍ ေလာ့ေလာ္ကို မ်က္စိတစ္ဖက္မွိတ္ျပသည္။
"အာ....."
"သြားရေအာင္ ေလာ့ေလာ္...."
"ေနအုံး.... ခႏၶာကိုယ္ထိန္းခ်ဳပ္တဲ့ မႏၱာန္မ်ိဳး ခ်င္းခ်ဳံးမွာျမင္ဖူးတယ္..."
လိုင္ကုန္းလ်ိဳ၏ ခႏၶာကိုယ္သည္ ဖြံ႕ဖြံ႕ထြားထြား အေနအထားမွ တျဖည္းျဖည္း ပိန္လိမ္လာသည္။ စြမ္းအင္ဘယ္ေလာက္ထုတ္ပါေစ အရာမဝင္ေခ်။ သူတို႔နမ္းခဲ့စဥ္က မိန္းကေလးသည္ စြမ္းအင္တစ္မ်ိဳးကို သူ႕ကိုယ္ထဲ ထည့္သြင္းၿပီးသားျဖစ္တာကိုလည္း လိုင္ကုန္းက်ိဳတစ္ေယာက္ သတိထားမိပုံမေပၚ။
ၾကည့္ေနရင္း ၾကည့္ေနရင္း ဟြမ္က်င္းေ႐ႊတို႔ႏွစ္ေယာက္ သတ္ထားမိလာသည္။
"အဲ့ဒါက.... "
"ေသြးစုပ္ဖ်က္စီးျခင္းက်င့္စဥ္..."
"ေသြးစုပ္ဖ်က္စီးျခင္းက်င့္စဥ္ "
သူတို႔ႏွစ္ေယာက္ တစ္ၿပိဳင္တည္း ႐ြတ္လိုက္သည္။ ေသြးစုပ္ဖ်က္စီးျခင္းက်င့္စဥ္ဆိုတာက မိစ္ဆာလမ္းစဥ္လိုက္ေသာ က်င့္စဥ္တစ္ခုျဖစ္ကာ က်င့္ႀကံရန္ အႏၱရာယ္မ်ားေသာ က်င့္စဥ္တစ္ခုလည္းျဖစ္သည္။
က်င့္ႀကံသူသည္ က်င့္စဥ္ေလ့က်င့္ေနတုန္း စိတ္ေဖာက္ျပန္သြားပါက မိစ္ဆာတစ္ေယာက္လုံးလုံး ျဖစ္သြားနိုင္ၿပီး မိမိ၏မူလအသိစိတ္သည္လည္း ေပ်ာက္ကြယ္သြားေပမည္။ ထိုက်င့္စဥ္ကို ေလ့က်င့္တတ္ေျမာက္သြားပါက ေၾကာက္စရာေကာင္းေသာ မေကာင္းဆိုးဝါးတစ္ေကာင္သာ ျဖစ္ေနလိမ့္မည္။
အခန္းထဲရွိ လိုင္ကုန္းက်ိဳ ႏွင့္ လိုင္မုန္တို႔သားအဖသည္လည္း ထိုအခ်က္ကို သတိျပဳမိသြားသည့္ႏွယ္ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္ကာ ေသြးျပက္သြား၏။ ဘယ္လိုစိတ္နဲ႕မ်ား ဒီေလာက္ရက္စက္တဲ့ က်င့္စဥ္ကို ဒီမိန္းကေလးက ေလ့က်င္ခဲ့သလဲ။
မိန္းကေလးသည္ လိုင္ကုန္းက်ိဳေရွ႕တြင္ ဒူးတစ္ဖက္ ေထာက္လ်က္ ထိုဒူးေပၚတြင္လက္တစ္ဖက္ကိုပါ တင္ကာ လိုင္ကုန္းက်ိဳကို ၾကည့္ေနသည္။
"မင္းဘာေတြစဥ္းစားေနလဲ ငါသိတယ္...."
လိုင္ကုန္းက်ိဳသည္ အေပၚပိုင္း အဝတ္ဗလာက်င္း ျဖစ္ေနဆဲ။ သူ႕အေရျပားတို႔က တြန့္လိမ္ကာ ေသြးစုပ္ခံထားရသလို ျဖစ္ေနၿပီ။
"မင္း..... ဘာေၾကာင့္လဲ"
"ဘာေၾကာင့္လဲ?....အဟား မင္းမွတ္မိလား ရွင္အနိုင္က်င့္ဖ်က္စီးခဲ့တဲ့ ဆံပင္အျပာနဲ႕ မိန္းကေလးေလ...."
"မင္း...."
"သူကငါ့အစ္မ ငါအခုငါ့အစ္မအတြက္ လက္စားလာေခ်တာ.... မင္းဖ်က္စီးခဲ့တဲ့ မိန္းကေလးေတြက အရမ္းမ်ားေတာ့ ဘယ္မွတ္မိပါ့မလဲ... ဒါေပမယ့္ ငါကေတာ့လုံးဝမေမ့ဘူး မင္းေရာက္လာၿပီးတစ္ေန႕မွာ အစ္မသူ႕ရင္ဝကို ဆံထိုးနဲ႕ထိုးၿပီး သတ္ေသသြားတယ္...."
မိန္းကေလးသည္ အေဝးတြင္ထိုးစိုက္ေနေသာ ဆံထိုးကိုလက္ညွိုးထိုးျပသည္။
"မင္းတို႔ေတြက အားနည္းတဲ့သူေတြကို ကယ္တင္မယ္ဆိုတဲ့ ဝါဒကိုလက္ကိုင္ထားၾကၿပီး တကယ္ေတာ့ မိစ္ဆာေတြထက္ေတာင္ ေၾကာက္စရာေကာင္းေနတာပဲ...."
"ငါ့သားကို... လႊတ္ေပး.... "
"ဟင့္.... လႊတ္မလႊတ္ကေတာ့ ငါ့စိတ္ေပၚမူတည္တယ္...."
မိန္းကေလးသည္ မတ္တပ္ျပန္ထရပ္လာၿပီး ေသြးဆာေနသည့္ဓားတစ္ေခ်ာင္းကို ဖန္ဆင္းကာ လိုင္ကုန္းက်ိဳအား အခ်က္ေပါင္းမ်ားစြာ ထိုးသြင္းေလေတာ့သည္။
"အေဖ....."
"အေဖ.........."
လိုင္မုန္၏အသံနက္ႀကီး အိမ္ေတာ္တစ္ခုလုံးအေပၚ လႊမ္းၿခဳံသြားသည့္အခိုက္ ဟြမ္က်င္းေ႐ႊတို႔သည္ အိမ္အမိုးထက္မွ တစ္ျခားေနရာကို ပ်ံသန္းသြား၏။ အိမ္ထဲက မိန္းကေလး ဘယ္လိုလြတ္ေျမာက္သြားမလဲဆိုတာေတာ့ မေတြးေတာ့ပါ။
သူမအရည္အခ်င္းနဲ႕ဆို ထိုအိမ္ေလာက္က အသာေလးထိုးေဖာက္နိုင္သည္။
တည္းခိုခန္းသို႔ ျပန္ေရာက္ေသာ္
"ေလာ့ေလာ္တို႔ေတာင္ မသတ္လိုက္ရဘဲ သူကေသသြားတာပဲ"
"ေသသင့္တဲ့သူ ေသပါေစ...."
"အဲ့ဒီမိန္းကေလး.... တကယ္ေၾကာက္ဖို႔ေကာင္းတာပဲ...."
ဟြမ္က်င္းေ႐ႊကေတာ့ တရားခံကို မသိလိုက္ရလို႔ စိတ္အေျခအေနက မေကာင္းေခ်။ ဒီၾကားထဲ ထူးထူးဆန္းဆန္း မိန္းကေလးတစ္ေယာက္က ထြက္လာေသးသည္။
"က်င္းကိုကို မနက္ျဖန္ ၿပိဳင္ပြဲေန႕မဟုတ္လား...."
"အင္း...."
"လိုင္မုန္က ဝင္ၿပိဳင္တဲ့အခ်ိန္ အဲ့မိန္းကေလး ထပ္ေပၚလာရင္ ေလာ့ေလာ္တို႔ကို မွတ္မိသြားမလားမသိဘူး"
"ဓားကကိုယ့္ဆီ တည့္တည့္လာေနရင္ေတာ့ ျပန္ခုခံ႐ုံပဲေပါ့...."
"ဒီလိုဆို ေဒၚေလးႏြီကို ဘယ္သူသတ္တာလဲဆိုတာ ရွာရခက္သြားၿပီ.... က်င္းကိုကို အရင္ဆုံးနားလိုက္ပါ မနက္ျဖန္မွ ဆက္ေဆြးႏြေးၾကတာေပါ့.... ေလာ့ေလာ္အိပ္ခ်င္ေနၿပီ ဟဲဟဲ..."
ဟြမ္က်င္းေ႐ႊက သူ႕ခုတင္ဘက္ကို လက္ညွိုးထိုးျပ၏။
"အဲ့မွာအိပ္...."
"ဟင္!!"
"ငါမင္းကိုမထိဘူး.... မင္းဘာသာအိပ္"
"ဒါဆိုက်င္းကိုကိုကေကာ"
"ငါမအိပ္ဘူး...."
ေလာ့ေလာ္သည္ မိမိအခန္းကို ျပန္အိပ္ခ်င္ေသာ္လည္း မိမိတို႔ယူထားေသာအခန္းသည္ ခ်င္းယန္နဲ႕ ပုေဖာင္အတြက္ ခုတင္ႏွစ္လုံးသာရွိတာေၾကာင့္ ေနာက္ဆုံးေတာ့ ဟြမ္က်င္းေ႐ႊ၏ ခုတင္ေပၚတြင္သာ အိပ္ခဲ့သည္။ ဟြမ္က်င္းေ႐ႊသည္ စားပြဲတြင္ထိုင္ကာ သူမအားေစာင့္ေပးခဲ့သည္။
မနက္ေရာက္သည္အထိ သူသည္ထိုေနရာကေန လုံးဝမေ႐ြ႕။ စားပြဲေပၚကို တံေတာင္ျဖင့္ေထာက္ကာ ေမွးစက္ခဲ့သည္။ ေလာ့ေလာ္နိုးလာ၍ ဟြမ္က်င္းေ႐ႊအား ေခ်ာင္းၾကည့္လိုက္ၿပီးမွ ေအာက္ထပ္တြင္ မနက္စာသြားမွာေနလိုက္သည္။
မနက္စာၿပီး ျပန္လာတဲ့အထိ ဟြမ္က်င္းေ႐ႊက ေနရာမွာပင္။
"က်င္းကိုကို.... ေလာ့ေလာ္မနက္စာ မွာထားၿပီ....."
"က်င္းကိုကို"
"ဟင္"
"နိုးၿပီလား...."
"အင္း...."
ဟြမ္က်င္းေ႐ႊ မနက္ခင္းတိုင္း ေရခ်ိဳးတတ္တဲ့ အက်င့္ရွိတာေၾကာင့္ ေရခ်ိဳးေဆာင္ထဲ ခဏဝင္သြားသည့္အခ်ိန္တြင္ မနက္စာမွာထားသည္မ်ားကို စားပြဲထိုးေလးက လာပို႔သြား၏။ ဟင္းမယ္အစုံအလင္ကိုၾကည့္ကာ ေသရည္တျမျမနဲ႕ ေလာ့ေလာ္သည္ ဟြမ္က်င္းေ႐ႊ ထြက္လာမည့္အခ်ိန္ကို အတတ္နိုင္ဆုံး စိတ္ရွည္ရွည္ထား၍ ေစာင့္ေနသည္။
"သခင္ေလး..... သခင္မေလး....."
ခ်င္းယန္၏ ထိတ္ထိတ္လန့္လန့္ ျဖစ္ေနသည့္ အသံေၾကာင့္ ေလာ့ေလာ္ေျပး၍ တံခါးဖြင့္လိုက္သည္။
"ဘာျဖစ္တာလဲ"
"ပုညီမေလးကို မေတြ႕ေတာ့ဘူး...."
"ဘာ.... မေတြ႕ေတာ့ဘူးဆိုတာ ဘာကိုေျပာတာလဲ"
"သူဒီမနက္အေစာႀကီး ေအာက္ထပ္ကိုဆင္းသြားတာ ျပန္တက္မလာဘူး... အခုလိုက္ရွာၾကည့္တာ မေတြ႕ေတာ့ဘူး "
"ဘယ္လိုျဖစ္တာလဲ.... ပုေဖာင္က အဲ့လိုေလွ်ာက္သြားတတ္တဲ့သူမွ မဟုတ္တာ...."
"ကြၽန္မထြက္ရွာလိုက္ရမလား"
"မသြားနဲ႕...."
ဟြမ္က်င္းေ႐ႊက ထြက္လာ၍ တားလိုက္သည္။
"က်င္းကိုကို...."
"ငါတို႔ရွိေနတာ သူသိသြားလို႔ ပုေဖာင္ကိုဖမ္းေခၚသြားတာ... "
"ဘယ္သူလဲ...."
"ပုံရိပ္ေယာင္ေခြးကို ဖန္တီးတဲ့သူပဲေနမွာေပါ့.... သူၿပိဳင္ပြဲမွာ ေပၚလာလိမ့္မယ္....ဒီေန႕ေတာ့ သူေကာငါေကာ တစ္ေယာက္ကိုတစ္ေယာက္ ေဖာ္ထုတ္ရေတာ့မွာပဲ...."
ဝင္ခြင့္ၿပိဳင္ပြဲက မၾကာခင္က်င္းပေတာ့မွာ ျဖစ္သျဖင့္ က်င့္ႀကံသူမ်ားသည္ ၿပိဳင္ပြဲက်င္းပရာ စင္ျမင့္ေဘးပတ္ပတ္လည္တြင္ အသီးသီး ေနရာယူေနၾကၿပီ ျဖစ္ေလသည္။ မေန႕ညက စိတ္ထိခိုက္စရာ ကိစၥနဲ႕ ႀကဳံခဲ့ရေသာ လိုင္မုန္ကိုေတာ့ မေတြ႕ရေသးေခ်။
ဟြမ္က်င္းေ႐ႊတို႔သည္ လူအုပ္ၾကားထဲ တိုးေဝွ႕ကာ ေနရာယူလိုက္ၾကသည္။ ဟုန္က်င္းခ်င္ဂိုဏ္း၏ ဂိုဏ္းဝင္တပည့္ေ႐ြးပြဲက အလြန္နာမည္ႀကီး၏။ က်င့္ႀကံသူအမ်ားစုသည္ သူတို႔ဂိုဏ္းကိုပင္ စြန့္လႊတ္ကာ ဟုန္က်င္းခ်င္ဂိုဏ္းထဲ ဝင္နိုင္ေအာင္ အသဲအသန္ ႀကိဳးစားၾကေလသည္။
ဘာေတြမ်ား ေကာင္းလို႔ ဝင္ခ်င္ေနၾကသလဲ။ ထိုအေတြးကိုေတြးသူထဲတြင္ ေလာ့ေလာ္ကလည္း အပါအဝင္ ျဖစ္၏။