ဗီလိန်ရဲ့ လမ်းပြကြယ်

بواسطة CrystalKyi

780K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... المزيد

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၂)

7.7K 1.2K 14
بواسطة CrystalKyi

Unicode
ချောင်လန်ပဲဖြစ်ဖြစ် ထန်းမော့ပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးက အရံကာရိုက်တာတွေပဲဆိုတော့ စာအုပ်ထဲမှာ သူတို့နှစ်ယောက်အကြောင်းကို အသေးစိတ်မဖော်ပြထားဘူး။

ဒါပေမဲ့ ချောင်လန်က သူမနဲ့ နာမည်တူနေတာက တစ်ကြောင်းရယ်၊ သူမက ထန်းမော့ရဲ့ ဇာတ်ကောင်ကိုအရမ်းကြိုက်တာက တစ်ကြောင်းရယ်ကြောင့်မလို့ ချောင်လန်က ဒီလူနှစ်ယောက်ရဲ့ ဇာတ်အိမ်တွေကို ဇာတ်လိုက်တွေထက်ပိုပြီး သေသေချာချာ ဖတ်ဖြစ်တယ်။ အခု အတန်းထဲက ကျောင်းသားတွေရဲ့ ဟာသတွေက သူမရဲ့ နားထဲကို ဝင်လာတယ်။ လူတိုင်းက ထန်းမော့ကို အရူး၊ အပေါ၊စိတ်ရောဂါသည်ကြီးလို့ ခေါ်ကြတယ်။ ဝတ္ထုကို ဖတ်ရတာနဲ့ ဒီလိုမျိုးကိုယ်တိုင်တွေ့ကြုံရတာနဲ့ လုံးဝမတူညီဘူးဆိုတာကို ချောင်လန် တစ်ကယ်သိသွားပါပြီ။

သူမရဲ့ အက်ဆေးမှာ နောက်ဆုံးစာလုံးတစ်ခုရေးပြီးသွားတော့ အတန်းခေါင်းလောင်းလဲ မြည်သွားတယ်။ ချန်ယောင်းရန်၊ ချင်းယန်၊ ပြီးတော့ အပြင်ဘက်မှာဆော့နေကြတဲ့ တစ်ခြား ကောင်လေးတွေလဲ စာသင်ခန်းထဲကို ပြန်ဝင်လာကြတယ်။ ခေါင်လောင်းသံပြီးသွားတော့ အတန်းထဲကို ဆရာတစ်ယောက်ဝင်လာတယ်။ သူက ထူးထူးခြားခြား အသံမာမာနဲ့ ရှေ့ဆုံးတန်းကကျောင်းသားတွေဆီလျှောက်သွားလိုက်တယ်။

" မင်းတို့ရဲ့ စာရွက်တွေအကုန်ထုတ်ထားကြ "

သူက အဲ့လိုပြောပြီး တစ်ယောက်ချင်းစီ စစစ်တော့တယ်။

" ငါ ဘယ်နှခါလောက်ပြောရမလဲ!!! စာပိုဒ်တစ်ခုကို ဖတ်ပြီး အဖြေတွေကို ကောက်နုတ်ဖြေရတယ် ဆိုတာက မူရင်းစာပိုဒ်ထဲက စကားလုံးတွေအတိုင်းကူးချရတာမဟုတ်ဘူးလို့လေ။ ငါဒါကိုချည်း နေ့တိုင်းနေ့ပြောနေရတာ။ မင်းတို့က ဒီအမှားမျိုးကိုပဲ ထပ်လုပ်နေတုန်းပဲ။ အက်ဆေးတစ်ခုကို ဒီလောက်နဲနဲလေး ဘယ်သူက ရေးလို့တုန်း။ မင်းက ငါ့အတွက်စာသင်နေတာလား၊ ဒါမှမဟုတ် မင်းအတွက် မင်း စာသင်နေရတာလား။ "

လောင်လျှိုက assignment တွေကို ဆက်စစ်တယ်။ ပြီးတော့ ဒီနေရာ ဟိုနေရာမှာ မှတ်ချက်တွေပေးနေတယ်။

စိတ်ထဲကနေကျိန်ဆဲရင်းနဲ့ပဲ ချင်းယန်က သူ့ရဲ့ စားပွဲပေါ်က သူ့ရဲ့စာရွက်လေးကို ကောက်ယူပြီး တစ်ချက်ကြည့်လိုက်တယ်။

ဒါပေမဲ့ ကြည့်ပြီးသွားတော့ သူ စိတ်ကောင်းဝင်နေတာတွေပျောက်သွားပြီး မျက်နှာတစ်ခုလုံး စိမ်းသွားတယ်။

စာရွက်က လုံးဝဗလာကြီး။ ဘာမေးခွန်းမှလဲ မဖြေထားဘူး။

ချောင်လန်က သူ့ဟာကို လုပ်ပေးမထားဘူး။ ချင်းယန်က ချက်ချင်းပဲ သူ့ခေါင်းကို လှည့်လိုက်ပြီး ချောင်လန့်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်တယ်။

ချောင်လန်က ချင်းယန်ရဲ့ ဒေါသကြောင့် နီရဲနေတဲ့ မျက်နှာကို မမြင်လိုက်ဘူး။ ဒါပေမဲ့ ချောင်လန်ရဲ့ဘေးမှာ ထိုင်တဲ့ deskmate ကတော့ မြင်လိုက်တယ်။ ပြီးတော့ ချောင်လန်ရဲ့ လက်ကို သာသာလေးတို့လိုက်တယ်။

ချောင်လန်က ခေါင်းကို မော့လိုက်တော့ ချင်းယန်ရဲ့ လူသားစားတော့မဲ့ အကြည့်ကို တွေ့လိုက်ရတယ်။ သူမက ချက်ချင်းပဲ ချင်းယန်ကို 'နင်ရူးနေလား' ဆိုတဲ့ အကြည့်နဲ့ပြန်ကြည့်လိုက်ပြီး ခေါင်းကို ပြန်လှည့်လိုက်တယ်။ ပြီးတော့ ချင်းယန်ကိုဘယ်တော့မှ ထပ်ပြီး မကြည့်တော့ဘူး။

ချင်းယန်က ရှော့ခ်ရသွားတယ်။ Fuck .. အခု ချောင်လန်က သူ့ကို လှောင်သွားတာလား???

ဒီအချိန်မှာ ဆရာသာရှိနေလို့သာပေါ့။ မဟုတ်ရင် ချင်းယန်က ချောင်လန့်ဆီ ပြေးသွားပြီး ဆွဲထိုးမိမှာတောင် ကြောက် မိတယ်။

ချင်းယန်ရဲ့ ဘေးက သူငယ်ချင်းကလဲ အံ့ဩသွားတယ်။ ချောင်လန်ကပုံမှန်ဆိုရင် သူတို့ကို ဖားဖို့လောနေကျလေ။ ဒီနေ့တော့ နဲနဲထူးဆန်းနေတယ်။ ဒါပေမဲ့ သူက ချင်းယန်လောက်တော့ စိတ်မလွတ်သွားသေးဘူး။ အဲ့အစားသူက ချင်းယန်ကို သူ့ရဲ့စာရွက်ကိုပေးလိုက်ပြီး " အဲ့တာကို စိတ်ထဲထားမနေနဲ့ဦး။ ဒါကိုသာ မြန်မြန်ကူးရေးစမ်းပါ။ လောင်လျှိုကဒီကိုမကြာခင်ရောက်လာတော့မှာကွ။ "

ချင်းယန်က သူ့ရဲ့ လူသတ်တော့မယ့်အကြည့်ကို ပြန်ရုတ်လိုက်ပြီး ချောင်လန်ကို တစ်ချက်ထပ်ကြည့်လိုက်တယ်။ ပြီးတော့မှ ဘောပင်ကို ကိုင်ပြီး အဖြေတွေကို ထိတ်ထိတ်ပျာပျာ ကူးရေးတော့တယ်။

ကူးနေရင်းနဲ့လဲ ချောင်လန်ကို စိတ်ထဲကနေ မကျိန်ဆဲပဲမနေနိုင်ဘူး။ ချောင်လန်ကြောင့် သူဒီလို ကူးနေရတာ!! ဒီအတန်းသာပြီးသွားလို့ကတော့ သူ......

သူက အဲ့တာတွေးနေတုန်းပဲရှိသေးတယ် သူ့အရှေ့က သူကြည့်ကူးနေတဲ့ စာရွက်ကို လောင်လျှိုက ယူသွားတယ်။

အရင်တုန်းက လောင်လျှိုက တစ်ခြားကျောင်းသားတွေကို စစ်ရင် ဒီအတိုင်း တစ်ချက်ပဲ ကြည့်လိုက်တာ။ ချင်းယန်အလှည့်ရောက်လာတော့မှ လောင်လျှိုက သေသေချာချာစစ်ကြည့်မယ်ဆိုတာ သူမမျှော်လင့်ထားဘူး။ ချင်းယန်က ချက်ချင်းကို ဝေခွဲမရဖြစ်သွားတယ်။

လောင်လျှိုက စာရွက်ကို ဟိုဘက်လှန် ဒီဘက်လှန်ကြည့်ပြီး ခဏလောက်တိတ်ဆိတ်သွားပြီးမှ စကားအနည်းငယ်ပြောတယ်။

" မေးခွန်း ၂ခုပဲ ပြီးသေးတာလား။ ဘာလဲ။ မင်းကူးရေးလို့ မပြီးသေးတာလား။ Reading comprehension အတွက် အဖြေကိုလဲ မေးခွန်း အမှန်အောက်မှာတောင် မရေးထားဘူး။ ငါက ရူးသွားပြီလို့များ မင်းထင်နေတာလား။ မင်းက အဖြေတောင် မှန်အောင်မကူးနိုင်ဘူးလား။ ငါမမြင်လောက်ဘူးလို့များမင်းထင်နေတာလား ဟမ်။ အက်ဆေးကိုလဲ ငါကမမြင်နိုင်သလိုမျိုး ကူးချထားတာ ငါ့ကို အရူးများထင်နေလား။ ဒါမှမဟုတ် ငါ့ကို အကန်းများထင်နေတာလား။ မင်းက ဒီလောက်ကြီး အရပ်ရှည်နေပြီးတော့ အရည်အချင်းကျမရှိဘူး။ မင်းတော်တာတစ်ခုဆိုလို့ ကစားကွင်းမှာ ပြေးလွှားပြီးကစားတာတစ်ခုပဲရှိတယ်။ မင်းမိဘတွေရဲ့ ပိုက်ဆံကို ထိုင်ဖြုန်းဖို့ဘဲ သိတယ်။ မင်းအတန်းနောက်မှာ သွားရပ်နေ သွား!!!! "

ချောင်လန်ကတော့ ခိုးပြုံးနေတာ ထိန်းတောင်မထိန်းနိုင်တော့ဘူး။

ဒီဆရာရဲ့ နာမည်ကို ကြားလိုက်တာနဲ့ ကျောင်းသားတွေက ဒီလောက်ကြောက်နေကျတာ မဆန်းတော့ပါဘူး။ စကားပြောတဲ့နှုန်းကတော့ စက်သေနတ်လိုပဲ တရစပ် ပစ်နေတာပဲ။

လောင်လျှိုက ချင်းယန်ကို ဆူပြီးတော့ ဘာမှထပ်မပြောဘဲ စာရွက်တွေကို ဆက်စစ်နေတယ်။ သူက ထန်းမော့ဆီကိုရောက်တော့ ထန်းမော့ကို တစ်ချက်ပဲကြည့်လိုက်တယ်။ ပြီးတော့ ထန်းမော့ကို တိုက်ရိုက်ပဲ ကျော်ချသွားတယ်။

ဘယ်သူကမှ ထန်းမော့ကို သာမန်လူတစ်ယောက်လို့ မသတ်မှတ်ကြဘူး။

ထန်းမော့ကလဲ ဘာမှ မတုံ့ပြန်ဘူးလေ။ သူကနံရံရဲ့ အနောက်က အရိပ်ထဲမှာ တစ်ယောက်ထဲထိုင်နေတယ်။ သူ့ရဲ့ဆံပင်ရှည်တွေကဟမျက်လုံးကို လုံးဝဖုံးနေတယ်။ ချောင်လန်က သူ့ရဲ့ အရမ်းပိန်ပြီး အရမ်းဖြူဖျော့နေတဲ့ မေးချွန်ချွန်လေးကိုပဲ မြင်ရတယ်။

ချောင်လန်က သူမအကြည့်ကို ပြန်ရုတ်လိုက်တယ်။ ချင်းယန်ရဲ့ လူသတ်တော့မယ့်အကြည့်တွေကို လျစ်လျူရှုပြီး လောင်လျှိုရဲ့ lecture ကိုပဲ သေချာနားထောင်နေလိုက်တယ်။

လောင်လျှိုက စိတ်သာတိုလွယ်ပေမဲ့ သူစာသင်တာတော့ အတော်လေးကောင်းတယ်။ အဲ့တော့ English class က ခဏလေးသင်လိုက်ရသလို ခံစားရတယ်။

အတန်းပြီးသွားတော့ ချောင်လန်က အတန်းအချိန်ဇယားကို ကြည့်လိုက်တယ်။ ပြီးတော့ အင်္ဂလိပ်ဖတ်စာအုပ်ကို သိမ်းလိုက်ပြီး စားပွဲအံဆွဲထဲက သင်္ချာစာအုပ်ကို ထုတ်လိုက်တယ်။ သူမ စာအုပ်ရဲ့ ထောင့်စွန်းလေးကိုပဲ ထိမိသေးတယ် အနောက်ကနေ အရိပ်တစ်ခုသူမပေါ်ကို ကျလာတယ်။ သူမအရှေ့က စကားပြောနေကြတဲ့ ကောင်မလေးတွေလဲ ရပ်သွားကြတယ်။ ချောင်လန်လဲ ခေါင်းကို လှည့်ကြည့်လိုက်တော့ ချင်းယန်က သူမကို ခက်ထန်တဲ့ မျက်နှာထားကြီးနဲ့ကြည့်နေတယ်။

ချောင်လန်က သင်္ချာစာအုပ်ကို တည်တည်ငြိမ်ငြိမ်ပဲ ထုတ်လိုက်ပြီး " နင်အခု ဒါဘာလုပ်နေတာလဲ "

Fuck သူမကများ သူ့ကို ဘာလို့လဲလို့ မေးရဲသေးတယ်ပေါ့။ ချင်းယန် မျက်ခုံးမွှေးကို ပင့်လိုက်တယ်။ သူမက သူ့ကို အဆူခံရပြီး မတ်တပ်ရပ် အပြစ်ပေးခံရအောင်လုပ်ခဲ့တာလေ။ အခု သူ့ကိုလာပြီး ဘာလို့လဲ ဆိုတဲ့ မေးခွန်းကို မေးဖို့ မျက်နှာရှိသေးတယ်ပေါ့။

" ငါမင်းကို ငါ့စာရွက်မှာ စာရေးဖို့ ခိုင်းခဲ့တာလေ။ မင်းမကြားလိုက်ဘူးလား။ "

" ငါသဘောတူလိုက်လို့လား "

ချန်ယောင်းရန် ၊ စုန့်ယောင်နဲ့ အရှေ့မှာထိုင်နေတဲ့ သူတွေအားလုံး ဒီစကားတွေကို ကြားလိုက်ကြတယ်။ ပြီးတော့ အားလုံးက နည်းနည်းအံ့ဩသွားကြတယ်။ ချင်းယန်ကလဲ နည်းနည်းတော့ အံ့အားသင့်သွားတယ်။ ဒါပေမဲ့ ပိုပြီး စိတ်တိုလာသလို ခံစားရပြန်တယ်။ သူ့မှာအခု မျက်နှာလုံးဝမရှိတော့ဘူး။

" မင်းအဲ့တာကို ပြန်ပြောလိုက်စမ်း "

" နင်နားကန်းနေလား။ ဖယ် ငါ့လမ်းမှာ လာရပ်မနေနဲ့။ " ချောင်လန်က မတ်တပ်ရပ်လိုက်ပြီး စာသင်ခန်းအနောက်က စာအုပ်စင်ကနေ စာအုပ်အနည်းငယ်သွားယူလိုက်တယ်။

သူမ ယူပြီးသွားတော့ ထလာတဲ့ ချင်းယန်က ချောင်လန့်လက်ထဲက စာအုပ်တွေကို လုယူလိုက်ပြီး လွှင့်ပစ်လိုက်တယ်။ စာအုပ်တွေက စာသင်ခန်းနောက်က နံရံကို ပြင်းပြင်းထန်ထန် သွားထိ ကုန်တယ်။

စာအုပ်တစ်အုပ်က ထန်းမော့ဆီကို တည့်တည့်သွားမှန် ပြီး ထန်းမော့ရဲ့ ခြေထောက်ကို သွားထိတယ်။ ပြီးတော့မှ ကြမ်းပြင်ပေါ်ကို ကျသွားတယ်။

စာသင်ခန်းထဲမှာ ရုတ်တရက်ကြီး တိတ်ဆိတ်သွားတယ်။ အဲ့အချိန်မှာ ချောင်လန်က မူရင်းဝတ္ထုထဲမှာ ထန်းမော့ရဲ့ ရောဂါအကြောင်းအသေးစိတ်ဖော်ပြထားတာကို ရုတ်တရက်သတိရသွားတယ်။

Asperger's syndrome ရှိတဲ့လူတွေက ထိတွေ့မှုကို အရမ်း sensitive ဖြစ်ကြတယ်။ တစ်ခါတစ်လေ overreaction တောင်ဖြစ်တက်ကြတယ်။ အရေပြားပေါ်ကို ပြင်ပက အရာဝတ္ထုပစ္စည်းတစ်ခုခု လာထိရင် သူတို့အတွက် အရမ်းကိုနာကျင်ရတယ်။

ချောင်လန်ရဲ့ ရင်ဘတ်တွေ တင်းကျပ်သွားတယ်။ သူမ ချင်းယန်ကို တွန်းလိုက်ပြီး ထန်းမော့ဆီလျှောက်သွားလိုက်တယ်။ ချင်းယန်ကတော့ အနောက် မှာ သူမကို ကျိန်ဆဲနေတယ်။ " ဒါက ဘာတွေလဲ။ မင်းကိုယ်မင်း တစ်ကယ့်လူ လို့များထင်နေတာလား။ စုန့်ယောင်ကြောင့်သာမဟုတ်ရင် ဘယ်သူကများမင်းလိုလူကို သဘောကျပြီး ပေါင်းပေးနေမှာတုန်း။ "

ချောင်လန်က မကြားချင်ယောင်ဆောင်လိုက်ပြီး ထန်းမော့ဆီ မြန်မြန်လျှောက်သွားလိုက်တယ်။ ထန်းမော့ရဲ့ ခြေထောက်နားက စာအုပ်ကို ကောက်ရင်း သူမအရှေ့ကကောင်လေးကို ကြည့်လိုက်တယ်။ ပြီးတော့ သူ့ကို သေချာလေးမေးလိုက်တယ်။

" နင် အဆင်ပြေရဲ့လား "

ကောင်လေးကတော့ ဘာမှမမြင်သလို မကြားသလို ပုံစံလုပ်နေပြီး ဘာမှ မတုံ့ပြန်လာဘူး။ သူထိုင်နေတာက ရုပ်ထုကြီးလိုပဲ။ သူ့ရဲ့ ကျောင်းယူနီဖောင်းမှာလဲ ဖုန်တွေ သွေးတွေနဲ့။ သူ့ရဲ့ လက်ချောင်းပိန်ပိန်လေးတွေက ဘောပင်ကို ကိုင်ထားပြီး စာရွက်ပေါ်မှာ တစ်ခုခုရေးနေတယ်။ သူ့ဘေးမှာလဲ ဖတ်စာအုပ်ကို ချထားတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က လုံးဝကို လှုပ်ရှားမှု ကင်းမဲ့နေတယ်။

ချောင်လန်က ကိုယ်ကို မတ်လိုက်ပြီး ဆောင့်ကြောင့်ထိုင်လိုက်တယ်။ ထန်းမော့ကို နဲနဲစိုက်ကြည့်နေပြီးတော့ " sorry ပဲနော် "

ထန်းမော့ရဲ့ လက်ထဲက ဘောပင်လေးက ခဏလောက်ရပ်သွားတယ်။ သူ့ရဲ့ ခေါင်းက မြင်ရတယ်ဆိုရုံလေးပဲရှိတယ်။ အချိန်ခဏလောက်တော့ ချောင်လန်က ထန်းမော့ကြောင့် သက်ရောက်မှုရှိနေခဲ့တယ်။ သူက သူမကို တစ်ချက်ကြည့်လိုက်တယ်။ သူ့ရဲ့ မျက်လုံးတွေကို ဆံပင်ရှည်တွေကဖုံးအုပ်ထားတယ်။

ဒါပေမဲ့ အဲ့ခဏလဲပြီးသွားရော သူက ခေါင်းကို ပြန်ငုံ့သွားပြီး ဘာမှပြန်မပြောခဲ့ဘူး။
ချောင်လန်ကလဲ သူ့ကို ထပ်ပြီး မနှောင့်ယှက်တော့ဘဲ မတ်တပ်ရပ်လိုက်တယ်။ ပြီးတော့ ထန်းမော့ရဲ့ စားပွဲကို တစ်ချက် မြန်မြန်လေး ကြည့်လိုက်တယ်။

အဲ့ဒါက ဖတ်စာအုပ်မဟုတ်ဘူး။ အဲ့တာက စာလုံးတွေနဲ့ ပြည့်နှက်နေတဲ့ မှတ်စုလေးတစ်ခု။ အထက်တန်းကျောင်းရဲ့ သင်ရိုးညွှန်းတမ်းထဲမှာ မပါတဲ့ သ​င်္ကေတ တွေ formulaတွေနဲ့ ရောယှက်နေတဲ့ စာအုပ်တစ်ခု။

ချောင်လန်က အဲ့ထဲက formula တစ်ခုကို မှတ်မိလိုက်တယ်။ အဲ့တာက calculus ရဲ့ အခြေခံကျတဲ့ သီအိုရမ် တစ်ခုဖြစ်တဲ့ Newton-Leibniz formula ပဲဖြစ်တယ်။

ချောင်လန်က ဒီစာအုပ်ထဲကို မကူးပြောင်းလာခင်တုန်းက အဲ့ဒီ့ဟာကို သင်ပြီးသွားတုန်းပဲရှိသေးတယ်။

ချင်းယန်က ချောင်လန့်ကို ရိုက်ဖို့ အတွေးကို မတွေးဘဲကိုမနေနိုင်ဘူး။ ဘာကပိုပြီး ထူးဆန်းနေလဲဆိုရင် ဒီနေ့ ချောင်လန်က ဘယ်သူ့ကိုမှ ကပ်ဖားရပ်ဖား သွားမလုပ်ဘူး။ သူမက ဒီနေ့ဆေးမှားပြီးတော့သောက်လာတာများလားလို့တောင် သူတွေးမိတယ်။

သူမအကြောင်းကိုတွေးလိုက်တာနဲ့ ချင်းယန်ဒေါသကို မထိန်းနိုင်တော့ဘူး။ ပြီးတော့ အဲ့မှာ ၁၀မိနစ်လောက်ကြာအောင် ဆဲနေလိုက်ပြီး နောက်ဆုံးမှာ ရိုင်းစိုင်းတဲ့စကားလုံးတွေကို ပြောလိုက်တယ်။ " မင်း ဒါကို သေတောင်နောင်တမရစေနဲ့။ ငါတို့က မင်းကို ပြန်ခေါ်လိမ့်မယ်လို့ လုံဝမထင်နဲ့။ "

ချောင်လန်က သူ့ရဲ့ မျက်လုံးထဲက ရိုးရှင်းတဲ့ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်ဘူး။ သူမ ဒါမျိုးတွေကို မူလတန်းမှာကထဲက တွေ့ဖူးပြီးသား။ ဒါ့အပြင် သူမက တစ်ခြားသူတွေရဲ့ အဲ့ဒီ့ ခင်မင်ရင်းနှီးမှုဆိုတာကြီးကို ရဖို့ရာအတွက် သူမကိုယ်သူမ အနှိမ်ခံပြီး အလဲအလှယ်လုပ်တက်တဲ့ ချောင်လန် မဟုတ်ဘူးလေ။ အခုချောင်လန်က အဲ့ဒါတွေဘာမှကို မလိုချင်တာ။ ဒီလိုလူတွေနဲ့ဆို ပိုဆိုးပေါ့။

အထူးသဖြင့် ချန်ယောင်းရန်...

ဒီနေ့ ချန်ယောင်းရန်က သူမကို မနှစ်မြို့တဲ့ပုံကြီးကို လုပ်ပြသွားတာကိုပြန်စဥ်းစားကြည့်ပြီး ချောင်လန်က စာအုပ်ထဲမှာ ဘာလို့ သူ့ကို ကြိုက်ရလဲဆိုတာ တစ်ကယ် သူမတော့ မစဥ်းစားတက်တော့ဘူး။ ဒါမှမဟုတ် ချောင်လန်က ကိုယ့်ကိုယ်ကို နှိပ်စက် ရတာကို ကြိုက်တာလားတော့ မပြောတက်ဘူး။

သူမ ကျောင်းလွယ်အိတ်ထဲကို စမ်းကြည့်လိုက်တော့ တစ်ခုခုကိုစမ်းမိလို့ လွယ်အိတ်ကို ဖွင့်ပြီးကြည့်လိုက်တော့ alpine lollipops အနည်းငယ်ကို တွေ့လိုက်တယ်။ သူမလက်ထဲက အဲ့ဒီ့ချိုချဥ်လေးတွေကို ကြည့်ပြီး သူရုတ်တရက် နည်းနည်းတော့ နှုတ်ဆိတ်သွားတယ်။

ချောင်လန်က တစ်ကယ်ကြီး ချိုချဥ် ဝယ်ခဲ့တာပဲ။

မူရင်းချောင်လန်ရဲ့ ဦးနှောက်က ဘယ်လို အလုပ်လုပ်နေလဲဆိုတာကို ချောင်လန်တော့ နားမလည်နိုင်တော့ဘူး။

စာမေးပွဲအတွက် ကောင်းကောင်း စာကြိုးစားမဲ့အစား သူမက ဒီလူတွေကို ဘယ်လို ကျေနပ်အောင် လုပ်ပေးရမလဲဆိုတဲ့ အတွေးတွေပဲ ရှိနေခဲ့တာ။ သူမ မိသားစုက အရမ်းဆင်းရဲတယ်။ ပြီးတော့ သူမက စာလဲမကြိုးစားဘူး။ သူမ အငြင်းခံရတာ အံ့ဩစရာမရှိပါဘူး။

အကယ်၍ မင်းက သူများတွေ လက်ခံပေးတာကို လိုချင်ရင် ပထမအနေနဲ့ မင်းမှာ တောက်ပလာမဲ့ နေရာတစ်ခုရှိရမယ်။

ချောင်လန်က သူ့ကို တမင်သက်သက် မျက်နှာသာ မပေးတာလို့ ချင်းယန်ကခံစားရပြီး သူက သူနဲ့ ဆက်ဆံရေးကောင်းတဲ့ အဲ့ဒီ့ သူငယ်ချင်းတွေအကုန်လုံးကို ခေါ်ပြီး ချောင်လန်ကို ဝိုင်းပယ်ထားကြဖို့ ပြောလိုက်တယ်။

ချောင်လန်က စုန့်ယောင်ရဲ့ ဆယ်ပုံတစ်ပုံတောင် မကောင်းဘူး တို့ ၊ အဲ့တာတောင် ဘယ်လိုမျက်နှာနဲ့များ ချန်ယောင်းရန်ကို ကြိုက်ရဲရတာလဲ တို့ ၊ အရှက် မရှိလိုက်တာ တို့ ၊ သူမက ချန်ယောင်းရန် ရဲ့ တုံ့ပြန်မှုလေးတစ်ခုရဖို့ အတွက် ဘယ်လိုတောင် မျက်ကန်းလိုမျိုးဖြစ်နေတာ တို့ ၊ စုန့်ယောင်က အဲ့လိုလူမျိုးကိုတောင် ကူညီပေးတာ ဘယ်လောက်တောင်စိတ်ထားကောင်းတာ တို့ .... လို့ လူအုပ်ကြီးက ချောင်ယန်အကြောင်းပြောနေကြတာကို နားထောင်ပြီး သူက ကျေနပ်နေတယ်။

ချောင်လန်က သူမရဲ့ အရင်သူငယ်ချင်းကောင်းတွေနဲ့ မိတ်ပျက်သွားပြီး သူ့ကို ဘယ်လို လာပြီး တောင်းပန်မလဲဆိုတာ သူ မစောင့်နိုင်တော့ဘူး။ သူအရမ်းကို စိတ်လှုပ်ရှားနေပြီ။

ဒါပေမဲ့ သူခေါင်းကို လှည့်လှည့်ချင်းတွေ့လိုက်ရတာက ချောင်လန်က lollipop ကို သူမ ပါးစပ်ထဲ ထည့်လိုက်တာကိုပဲ။

Fuck!!

ခုနလေးကမှ ကျေနပ်ပြီး ပျော်ရွှင်နေတဲ့ ချင်းယန်တစ်ယောက် ရုတ်တရက် အဲ့တာတွေအကုန်ပျောက်သွားသလိုခံစားလိုက်ရတယ်။
ချောင်လန်ကတော့ ချင်းယန်နဲ့ စကားပြောဖို့အချိန်မရှိဘူး။ lollipop ကို ပါးစပ်ထဲမှာငုံထားရင်း သန့်စင်ခန်းကို သွားလိုက်တယ်။

သူမပြန်လာတော့ အတန်းပိုင်ဆရာက စာသင်ခန်းထဲကို ဝင်သွားတာကို တွေ့လိုက်ရတယ်။ သူပြန်ထွက်သွားတော့ ထန်းမော့က wheelchair လေးကို တွန်းပြီး အတန်းပိုင်ဆရာနောက်ကို လိုက်သွားတယ်။

ဘာတွေဖြစ်ကုန်တာလဲ။

ချောင်လန်က ထန်းမော့ရဲ့ နောက်ကျောကို ခဏလောက်ကြည့်နေလိုက်ပြီး စာသင်ခန်းထဲကို ဝင်လိုက်တယ်။ သူမ ဝင်ဝင်ချင်းမှာပဲ အခန်းထဲမှာရှိတဲ့ ကျောင်းသားတွေအကုန်လုံးက ထန်းမော့အကြောင်းပြောနေတာကို ကြားလိုက်ရတယ်။

" လောင်မူက သူ့ကို ဘာလို့ခေါ်သွားတာလဲ "

" ဘယ်သိမှာတုန်း " တစ်ယောက်ယောက်က ပြောလိုက်တယ်။ " ငါတော့ လောင်မူကို တစ်ကယ် လက်မတွေ တန်းစီနေအောင်ပေးလိုက်ချင်တယ်။ သူ့ရဲ့စိတ်က သေလောက်အောင်ကို ကောင်းတာပဲ။ တစ်ကယ်လို့ ငါသာ သူ့နေရာမှာဆိုရင် ထန်းမော့ကို ဂရုစိုက်နေမှာ မဟုတ်ဘူး။ "

" လောင်မူက တစ်ကယ်သူတော်စင်ပဲ။ သူက အချစ်တွေနဲ့ ပြည့်လျှံနေတဲ့သူလေ။ သူက ပါးရိုက်ခံရမယ်ဆိုရင်တောင် ဘာမှပြန်မလုပ်ဘဲ အနောက်လေးကိုပဲ ဆုတ်ပေးမယ့်လူမျိုးဟ။ "

" အဲ့ဒါက အောက်ပိုင်းသေးနေတာနဲ့ စိတ်ရောဂါလေးရှိနေရုံပဲမလား။ အဲ့ဒါကို သူက ဘာလို့ ဒီလောက်တောင် ဂရုစိုက်နေရတာလဲ။ " ကျောင်းသားတွေက ရယ်လိုက်တယ်။ ပြီးတော့ ကောင်လေးတစ်ယောက်က ပြောလိုက်တယ်။ " သူက တစ်ကယ်က ရူးနေတာပါကွာ။ တစ်ခါတစ်လေလေးပဲ ပုံမှန်လို့ ထင်ရတာ။ "

" ငါက over လုပ်ပြောနေတာမဟုတ်ဘူးနော် " ကောင်မလေးတစ်ယောက်က ကြားဖြတ်ဝင်ပြောလိုက်တယ်။ " ဒါပေမဲ့ အရင်တစ်ခါငါ သန့်ရှင်းရေးလုပ်တုန်းက ငါ သူ့ရဲ့ လက်မောင်းကို မတော်တဆ ထိမိသွားတာလေ။ ငါကလဲ တမင်လုပ်တာမဟုတ်ပါဘူးဟာ။ အဲ့တာကို သူက ငါ့ကို တွန်းလိုက်တာ လဲတောင်လဲမလိုဖြစ်သွားသေးတယ်။ တစ်ကယ်ရူးနေတာ။ "

ချောင်လန့်လက်ထဲက ဘောပင်က ရပ်သွားတယ်။

အဲ့တာကြောင့်မဟုတ်ရပါဘူး။

အဲ့တာက ဘာလို့လဲဆိုတော့ သူက Asperger ရောဂါ ဖြစ်နေလို့ပါ။ သာမန်လူတွေပြောနေတဲ့ သာသာလေးထိလိုက်တယ်ဆိုတာက သူ့အတွက်တော့ အရမ်းခြားနားပါတယ်။ သာမန်လူတွေ အဲ့တာကို လုံးဝ နားလည်နိုင်မှာ မဟုတ်ဘူး။

" အရင် ရက်အနည်းငယ်တုန်းကလဲ ငါကသူနဲ့ စားပွဲကပ်ရပ် ထိုင်ခဲ့တာလေ။ ပြီးတော့ သူ့ကို စကားနည်းနည်းလောက်သွားပြောမိတာလေ။ ငါလန့်လို့သေတော့မယ် သိလား။ "

" ဘာလို့လဲ " ကျောင်းသားတွေက စိတ်လှုပ်ရှားလာကြပြ စပ်စုနေကြတယ်။

" နင်သူ့ကို စကားသွားပြောရင်လေ သူက နင့်ကို မျက်လုံးတစ်ချက်မှ မလှုပ်ဘဲ ဒီအတိုင်းကြီးပဲ စိုက်ကြည့်နေမှာ သိလား။ အဲ့တာက အရမ်းကို ကြောက်စရာကောင်းတာပဲ။ ပြီးတော့လေ သူက ဘောပင်ကို ကိုင်ထားရင်းနဲ့လဲ လက်တွေက တုန်နေတာ။ "

" အဲ့တာ ဝက်ရူးပြန်ဖြစ်နေတာမဟုတ်ဘူးလား "

" ချီးပဲ သူက ဘောပင်ကိုင်ပြီး စာရေးသေးတယ်။ သူအဲ့တာကို ဘယ်လိုသုံးရမလဲဆိုတာ သိရောသိလို့လား။ "

သူသိတာပေါ့။ သူသေချာပေါက်ကိုသိတာပေါ့။ ချောင်လန်က ထန်းမော့ရဲ့ စားပွဲပေါ်က calculus စာအုပ်ကို သတိရလိုက်တယ်။ Asperger ရောဂါက လူတွေကို အခြေခံ လူမှာဆက်ဆံရေးညံ့ဖျင်းပြီး အထီးကျန်ရောဂါရအောင် လုပ်ပေမဲ့ ဒီလူတွေရဲ့ IQနဲ့ မှတ်ဉာဏ်ကတော့ တစ်ခြားလူတွေထက် အများကြီးကို သာတယ်။ ပြီးတော့ ထန်းမော့က ပိုတောင် သာသေးတယ်။

သူက လူတစ်ယောက်ကို တည့်တည့်ကြီး စိုက်ကြည့်တယ်ဆိုတာက သူက အဲ့လူကို တစ်ခုခုလုပ်ချင်လို့မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သူက တစ်ခြားသူတွေရဲ့ စိတ်ခံစားချက်တွေကို နားမလည်လို့။ သူက တစ်ခြားလူက ဘာကိုဆိုလိုတာလဲ ဆိုတာကို နားလည်ချင်ရုံသက်သက်ပဲ။

ပြီးတော့ လက်ချောင်းတွေတုန်တာ..... အဲ့တာက ကားအက်စီးဒင့်ကနေ ကျန်ခဲ့တဲ့ PTSD(စိတ်ဒဏ်ရာ) တစ်ခုပဲ။ ငယ်ငယ်လေးကတည်းက Asperger ရောဂါခံစားနေရတဲ့ အထီးကျန်နေတဲ့ ကလေးလေးတစ်ယောက် ကားအက်စီးဒင့်မှာ သူ့အမေတစ်ယောက်လုံးသေဆုံးသွားပြီး သူကိုယ်တိုင်ကလဲ အောက်ပိုင်းသေသွားတဲ့ အခြေအနေမှာ သူ့မှာ သာမန်မဟုတ်တဲ့ မူမမှန်တဲ့အခြေအနေတွေ မကျန်ခဲ့ဘူးဆိုတာ လုံးဝမဖြစ်နိုင်ဘူး။

သူက ဒီလောက်တောင် သနားစရာကောင်းနေတာကို ဘယ်သူမှ စာနာမပေးကြဘူး။ သူ့ကို အရူးကြီး အပေါကြီး စိတ်ရောဂါသည်ကြီးလို့ သူတို့က ပြောကြတယ်။ ဒီလိုပြိုလဲလု နီးပါး အခြေအနေရဲ့ လက်တစ်ကမ်းစာမှာရှိနေတဲ့ ဒီကောင်လေးကို သူတို့က အသက်ငယ်သေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရက်ရက်စက်စက်စကားလုံးတွေနဲ့ ထိုးဆွနေကြတာ။

သူမဘေးက ကောင်မလေးတစ်ယောက်ကလဲ သူမရဲ့ အဲ့ဒီ့အတွေ့အကြုံဆိုတဲ့အရာတွေကို ပြောပြနေတယ်။ ထန်းမော့က ဘောပင်ကိုကိုင်ထားပြီး ၃နှစ်အရွယ်ကလေးလေးလို လျှောက်ခြစ်နေတာကို သူမ တွေ့ဖူးတယ်တို့ ၊ ပြီးတော့ ထန်းမော့က အရူးလိုမျိုးသရေတွေကျနေတာကို မြင်ဖူးတယ်တို့..... ပြောနေတယ်။

" ချီးးး သရေကျတယ် "

" ချီးပဲ သူက တစ်ကယ့်ကို အရူးကြီးပဲ။ "

" သူ့မိဘတွေကလဲ ဘာတွေများတွေးပြီး သူ့ကို ဒီကိုပို့တာလဲ မသိဘူး။ " စာသင်ခန်းထဲမှာ  ကျောင်းသားတွေက တဟားဟား နဲ့ အော်ရီနေကြတယ်။ အရူး စိတ်မနှံ့တာ ဆိုတဲ့ ဒီလိုစကားလုံးတွေက ချောင်လန်ရဲ့ နားထဲကို ထပ်ခါထပ်ခါ ဝင်ရောက်လာတယ်။ ဒီလို သတင်းအမှားတွေကို လုပ်ကြံပြောနေတဲ့ ကောင်မလေးကို ချောင်လန်က ဒီအတိုင်းဆက် မကြည့်နေနိုင်တော့ဘူး။

" နင်ပြောလို့ပြီးပြီလား "

အဲ့ကောင်မလေးက ခဏလောက်အေးခဲသွားပြီး အော်လိုက်တယ်။ " ချောင်လန် နင်လဲ ရူးနေတာ ဟုတ်တယ်မလား။ "

" ရူးနေတာက နင်မဟုတ်ဘူးလား။ ဒီလို သတင်းအမှားတွေကို ဟိုဟိုဒီဒီ လိုက်ပြောနေတာလေ။ "

အဲ့ကောင်မလေးကဖြူဖျော့သွားပြီး စကားလမ်းကြောင်းပြောင်းလိုက်တယ်။ " ချင်းယန်က နင့်ကို မကြိုက်ဘူး မပေါင်းနဲ့လို့ ပြောတာတောင် ငါနင့်ဘက်ကနေ လိုက်ပြီး ကူပြောခဲ့သေးတာ။ နင်က ငါ့ကို အခုလို လုပ်ရသလား။ "

ဘေးကလူတွေကလဲ ဒါကို ကြည့်နေကြတယ်။ ချောင်လန်ကတော့ အဲ့ကောင်မလေးကို လျစ်လျူရှုလိုက်ပြီး သူမရဲ့ စိတ်ခံစားချက်ကို မပေါ်စေရပဲ အဝေးကို လှမ်းကြည့်နေလိုက်တယ်။

အတန်းစတော့မယ်ဆိုတော့ ထန်းမော့က ပြန်လာတယ်။ သူ့ရဲ့ ဒဏ်ရာရနေတဲ့ လက်ကို ပတ်တီးစည်းထားတယ်။ ချောင်လန် လှမ်းကြည့်လိုက်တော့ သူ့ရဲ့ စားပွဲကို ပိုဝေးအောင် ရွှေ့ထားတာကို တွေ့လိုက်ရတယ်။

နေ့လည်ရောက်တော့ သူမကို ဝိုင်းပယ်ထားကြတယ်ဆိုတာကို သူမ အသေအချာခံစားလိုက်ရတယ်။ အရင်တုန်းက သူမကို စကားစပြောဖူးတဲ့ ကောင်မလေးတစ်ချို့ကလဲ သူမကို လာပြီးစကားမပြောကြတော့ဘူး။

ချောင်လန်က ဒါကို ဘာမှမခံစားရပါဘူး။ သူမက ဒီလူတွေရဲ့ နာမည်ကိုတောင် မမှတ်မိတာလေ ။ အဲ့ဒါကြောင့် သူတို့ကို သိပ်ပြီး ဂရုစိုက် မနေပါဘူး။

နေ့လည်ကျောင်းပြီးသွားတော့ ကျောင်းသားတွေက စာသင်ခန်းထဲကနေ အပြေးအလွှားထွက်ကြတယ်။ ချောင်လန်က ဒီနေ့ အပြီးလုပ်ရမယ့် သူမရဲ့ အိမ်စာ စာအုပ်ကို အိတ်ထဲကို ထည့်လိုက်ပြီး ပြန်မလို့ လုပ်နေတယ်။ သူမ ခေါင်းကို လှည့်လိုက်တဲ့အချိန်မှာ ထန်းမော့ကို တွေ့လိုက်ရပြန်တယ်။

သူက နောက်ဆုံးတန်းမှာ ရှိနေသေးတယ်။ ခေါင်းကို အောက်စိုက်ထားပြီး တစ်ခုခုကို ရေးနေတယ်။ ဖြတ်သွားတဲ့ အတန်းဖော်တစ်ယောက် ခေါင်းကို လိမ်ပြီး တစ်ချက်ကြည့်လိုက်တယ်။ ထန်းမော့က ၃နှစ်ကလေးလေးတစ်ယောက်လို လျှောက်ခြစ်နေတယ်လို့ သူက တွေးကောင်းတွေးနိုင်တယ်။

ချောင်လန်လဲ ပြန်ထိုင်လိုက်တယ်။ အတန်းထဲမှာ လူနည်းနည်းလေးပဲ ကျန်တော့တဲ့အချိန် ၊ ကော်ရစ်တာ မှာ ကျယ်လောင်တဲ့ အော်သံတွေ မကြားရတော့တဲ့အချိန် ၊ အဲ့အချိန်ကျမှ ထန်းမော့က လှုပ်ရှားလာတယ်။

သူက wheelchair လေးကို တွန်းပြီး တိတ်ဆိတ်စွာပဲ အတန်းထဲကနေ ထွက်သွားတယ်။ ပြီးတော့ ကော်ရစ်တာ ကိုရောက်တယ်။ ပြီးတော့ နောက်ဆုံးမှာ wheelchair တွေ ဆင်းလို့ရတဲ့ ကုန်းလျှောလေးရောက်တော့ ရပ်လိုက်တယ်။

သူ့ရဲ့ လက်က ခြစ်မိတဲ့အရာတွေက နာနေတုန်းပဲ။ ဘီးကို တွန်းရတဲ့ လက်ချောင်းလေးတွေကလဲ အရမ်းနာနေတယ်။ သူ့အရှေ့က ဖြတ်လမ်းလေးကို တွေ့လိုက်တော့ ထန့်မော့ရဲ့ လက်တွေ သာသာလေးလှုပ်သွားတယ်။ သူ ၁၀စက္ကန့်လောက် ရပ်သွားပြီး နောက်ဆုံးမှာ သူ့ရဲ့လက်တွေကို wheelchair ရဲ့ ဘီးပေါ် ပြန်တင်လိုက်တယ်။

wheelchair က နဲနဲပဲ ရွေ့ရသေးပေမဲ့ ရပ်သွားတယ်။ wheelchair ရဲ့အနောက်ကနေ တစ်ယောက်ယောက်က ဆွဲလိုက်ပြီး ဖြေးဖြေးချင်း wheelchair ကို လျှောကနေ တွန်းပေးနေတယ်။

ထန်းမော့က ရုတ်တရက် ခေါင်းကို လှည့်လိုက်ပြီး သူ့အသံက ကြောက်ရွံ့တာရော ဒေါသထွက်တာရော နှစ်မျိုးစလုံးဖြစ်နေတယ်။ " ငါ့ကိုလွှတ်!!! "

အနောက်ကလူက မလွှတ်ဘဲနဲ့ wheelchair ကို ဆက်တွန်းနေတယ်။ ညီနေတဲ့နေရာကို ရောက်တော့မှ လွှတ်လိုက်တယ်။ ပြီးတော့ ဘာစကားမှမပြောဘဲ လှည့်ထွက်သွားတယ်။

ထန်းမော့ wheelchair ပေါ်က သူ့လက်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ သူ့ရဲ့ ဖြူနေတဲ့အသားအရေက ပိုပိုပြီးတော့ ဖျော့လာတယ်။ သူက wheelchair ပေါ်မှာ တိတ်ဆိတ်စွာ ထိုင်နေရင်းနဲ့ အဲ့ဒီလူရဲ့ နောက်ကျောကို စိုက်ကြည့်နေလိုက်တယ်။

သူ ဒီလူကို မှတ်မိတယ်။

သိပ်မကြာခင်တုန်းက သူမက သူ့ရှေ့မှာ ရပ်ပြီး သူ့ကို အဆင်ပြေရဲ့လားလို့ မေးခဲ့တယ်။

ပြီးတော့ သူမက နောက်တစ်ခုကိုလဲပြောခဲ့သေးတယ်။

sorry ပဲနော်... တဲ့။

Zawgyi
ေခ်ာင္လန္ပဲျဖစ္ျဖစ္ ထန္းေမာ့ပဲျဖစ္ျဖစ္ သူတို႔ႏွစ္ေယာက္လုံးက အရံကာ႐ိုက္တာေတြပဲဆိုေတာ့ စာအုပ္ထဲမွာ သူတို႔ႏွစ္ေယာက္အေၾကာင္းကို အေသးစိတ္မေဖာ္ျပထားဘူး။

ဒါေပမဲ့ ေခ်ာင္လန္က သူမနဲ႔ နာမည္တူေနတာက တစ္ေၾကာင္းရယ္၊ သူမက ထန္းေမာ့ရဲ႕ ဇာတ္ေကာင္ကိုအရမ္းႀကိဳက္တာက တစ္ေၾကာင္းရယ္ေၾကာင့္မလို႔ ေခ်ာင္လန္က ဒီလူႏွစ္ေယာက္ရဲ႕ ဇာတ္အိမ္ေတြကို ဇာတ္လိုက္ေတြထက္ပိုၿပီး ေသေသခ်ာခ်ာ ဖတ္ျဖစ္တယ္။အခု အတန္းထဲက ေက်ာင္းသားေတြရဲ႕ ဟာသေတြက သူမရဲ႕ နားထဲကို ဝင္လာတယ္။ လူတိုင္းက ထန္းေမာ့ကို အ႐ူး၊ အေပါ၊စိတ္ေရာဂါသည္ႀကီးလို႔ ေခၚၾကတယ္။ဝတၳဳကို ဖတ္ရတာနဲ႔ ဒီလိုမ်ိဳးကိုယ္တိုင္ေတြ႕ႀကဳံရတာနဲ႔ လုံးဝမတူညီဘူးဆိုတာကို ေခ်ာင္လန္ တစ္ကယ္သိသြားပါၿပီ။

သူမရဲ႕ အက္ေဆးမွာ ေနာက္ဆုံးစာလုံးတစ္ခုေရးၿပီးသြားေတာ့ အတန္းေခါင္းေလာင္းလဲ ျမည္သြားတယ္။ ခ်န္ေယာင္းရန္ ၊ ခ်င္းယန္၊ ၿပီးေတာ့ အျပင္ဘက္ မွာေဆာ့ေနၾကတဲ့ တစ္ျခား ေကာင္ေလးေတြလဲ စာသင္ခန္းထဲကို ျပန္ဝင္လာၾကတယ္။ ေခါင္ေလာင္းသံၿပီးသြားေတာ့ အတန္းထဲကို ဆရာတစ္ေယာက္ဝင္လာတယ္။ သူက ထူးထူးျခားျခား အသံမာမာနဲ႔ ေရွ႕ဆုံးတန္းကေက်ာင္းသားေတြဆီေလွ်ာက္သြားလိုက္တယ္။

" မင္းတို႔ရဲ႕ စာ႐ြက္ေတြအကုန္ထုတ္ထားၾက "
သူက အဲ့လိုေျပာၿပီး တစ္ေယာက္ခ်င္းစီ စစစ္ေတာ့တယ္။

" ငါ ဘယ္ႏွခါေလာက္ေျပာရမလဲ!!! စာပိုဒ္တစ္ခုကို ဖတ္ၿပီး အေျဖေတြကို ေကာက္ႏုတ္ေျဖရတယ္ ဆိုတာက မူရင္းစာပိုဒ္ထဲက စကားလုံးေတြအတိုင္းကူးခ်ရတာမဟုတ္ဘူးလို႔ေလ။ ငါဒါကိုခ်ည္းေန႔တိုင္းေန႔ေျပာေနရတာ။ မင္းတို႔က ဒီအမွားမ်ိဳးကိုပဲ ထပ္လုပ္ေနတုန္းပဲ။ အက္ေဆးတစ္ခုကို ဒီေလာက္နဲနဲေလး ဘယ္သူက ေရးလို႔တုန္း။ မင္းက ငါ့အတြက္စာသင္ေနတာလား၊ ဒါမွမဟုတ္မ မင္းအတြက္ မင္း စာသင္ေနရတာလား။ "

ေလာင္လွ်ိဳက assignment ေတြကို ဆက္စစ္တယ္။ ၿပီးေတာ့ ဒီေနရာ ဟိုေနရာမွ မွတ္ခ်က္ေတြေပးေနတယ္။

စိတ္ထဲကေနက်ိန္ဆဲရင္းနဲ႔ပဲ ခ်င္းယန္က သူ႔ရဲ႕ စားပြဲေပၚက သူ႔ရဲ႕စာ႐ြက္ေလးကို ေကာက္ယူၿပီး တစ္ခ်က္ၾကည့္လိုက္တယ္။

ဒါေပမဲ့ ၾကည့္ၿပီးသြားေတာ့ သူ စိတ္ေကာင္းဝင္ေနတာေတြေပ်ာက္သြားၿပီး မ်က္ႏွာတစ္ခုလုံး စိမ္းသြားတယ္။

စာ႐ြက္က လုံးဝဗလာႀကီး။ ဘာေမးခြန္းမွလဲ မေျဖထားဘူး။

ေခ်ာင္လန္က သူ႔ဟာကို လုပ္ေပးမထားဘူး။
ခ်င္းယန္က ခ်က္ခ်င္းပဲ သူ႔ေခါင္းကို လွည့္လိုက္ၿပီး ေခ်ာင္လန္႔ကို စူးစူးရဲရဲစိုက္ၾကည့္လိုက္တယ္။

ေခ်ာင္လန္က ခ်င္းယန္ရဲ႕ ေဒါသေၾကာင့္ နီရဲေနတဲ့ မ်က္ႏွာကို မျမင္လိုက္ဘူး။ ဒါေပမဲ့ ေခ်ာင္လန္ရဲ႕ေဘးမွာ ထိုင္တဲ့ deskmate ကေတာ့ ျမင္လိုက္တယ္။ ၿပီးေတာ့ ေခ်ာင္လန္ရဲ႕ လက္ကို သာသာေလးတို႔လိုက္တယ္။

ေခ်ာင္လန္က ေခါင္းကို ေမာ့လိုက္ေတာ့ ခ်င္းယန္ရဲ႕ လူသားစားေတာ့မဲ့ အၾကည့္ကို ေတြ႕လိုက္ရတယ္။ သူမက ခ်က္ခ်င္းပဲ ခ်င္းယန္ကို 'နင္႐ူးေနလား' ဆိုတဲ့ အၾကည့္နဲ႔ျပန္ၾကည့္လိုက္ၿပီး ေခါင္းကို ျပန္လွည့္လိုက္တယ္။ ၿပီးေတာ့ ခ်င္းယန္ကိုဘယ္ေတာ့မွ ထပ္ၿပီး မၾကည့္ေတာ့ဘူး။

ခ်င္းယန္က ေရွာ့ခ္ရသြားတယ္။ Fuck .. အခု ေခ်ာင္လန္က သူ႔ကို ေလွာင္သြားတာလား???

ဒီအခ်ိန္မွာ ဆရာသာရွိေနလို႔သာေပါ့။ မဟုတ္ရင္ ခ်င္းယန္က ေခ်ာင္လန္႔ဆီ ေျပးသြားၿပီး ဆြဲထိုးမိမွာေတာင္ ေၾကာက္ မိတယ္။

ခ်င္းယန္ရဲ႕ ေဘးက သူငယ္ခ်င္းကလဲ အံ့ဩသြားတယ္။ ေခ်ာင္လန္ကပုံမွန္ဆိုရင္ သူတို႔ကို ဖားဖို႔ေလာေနက်ေလ။ ဒီေန႔ေတာ့ နဲနဲထူးဆန္းေနတယ္။ ဒါေပမဲ့ သူက ခ်င္းယန္ေလာက္ေတာ့ စိတ္မလြတ္သြားေသးဘူး။ အဲ့အစားသူက ခ်င္းယန္ကို သူ႔ရဲ႕စာ႐ြက္ကိုေပးလိုက္ၿပီး " အဲ့တာကို စိတ္ထဲထားမေနနဲ႔ဦး။ ဒါကိုသာ ျမန္ျမန္ကူးေရးစမ္းပါ။ ေလာင္လွ်ိဳကဒီကိုမၾကာခင္ေရာက္လာေတာ့မွာကြ။"

ခ်င္းယန္က သူ႔ရဲ႕ လူသတ္ေတာ့မယ့္အၾကည့္ကို ျပန္႐ုတ္လိုက္ၿပီး ေခ်ာင္လန္ကို တစ္ခ်က္ထပၾကည့္လိုက္တယ္။ ၿပီးေတာ့မွ ေဘာပင္ကို ကိုင္ၿပီး အေျဖေတြကို ထိတ္ထိတ္ပ်ာပ်ာ ကူးေရးေတာ့တယ္။

ကူးေနရင္းနဲ႔လဲ ေခ်ာင္လန္ကို စိတ္ထဲကေန မက်ိန္ဆဲပဲမေနႏိုင္ဘူး။ ေခ်ာင္လန္ေၾကာင့္ သူဒီလို ကူးေနရတာ!! ဒီအတန္းသာၿပီးသြားလို႔ကေတာ့ သူ......

သူက အဲ့တာေတြးေနတုန္းပဲရွိေသးတယ္ သူ႔အေရွ႕က သူၾကည့္ကူးေနတဲ့ စာ႐ြက္ကို ေလာင္လွ်ိဳက ယူသြားတယ္။

အရင္တုန္းက ေလာင္လွ်ိဳက တစ္ျခားေက်ာင္းသားေတြကို စစ္ရင္ ဒီအတိုင္း တစ္ခ်က္ပဲ ၾကည့္လိုက္တာ။ ခ်င္းယန္အလွည့္ေရာက္လာေတာ့မွ ေလာင္လွ်ိဳက ေသေသခ်ာခ်ာစစ္ၾကည့္မယ္ဆိုတာ သူမေမွ်ာ္လင့္ထားဘူး။ ခ်င္းယန္က ခ်က္ခ်င္းကို ေဝခြဲမရျဖစ္သြားတယ္။

ေလာင္လွ်ိဳက စာ႐ြက္ကို ဟိုဘက္လွန္ ဒီဘက္လွန္ၾကည့္ၿပီး ခဏေလာက္တိတ္ဆိတ္သြားၿပီးမွ စကားအနည္းငယ္ေျပာတယ္။
" ေမးခြန္း ၂ခုပဲ ၿပီးေသးတာလား။ ဘာလဲ။ မင္းကူးေရးလို႔ မၿပီးေသးတာလား။ Reading comprehension အတြက္ အေျဖကိုလဲ ေမးခြန္း အမွန္ေအာက္ မွာေတာင္ မေရးထားဘူး။ ငါက ႐ူးသြားၿပီလို႔မ်ား မင္းထင္ေနတာလား။ မင္းက အေျဖေတာင္ မွန္ေအာင္မကူးႏိုင္ဘူးလား။ ငါမျမင္ေလာက္ဘူးလို႔မ်ားမင္းထင္ေနတာလား ဟမ္။ အက္ေဆးကိုလဲ ငါကမျမင္ႏိုင္သလိုမ်ိဳး ကူးခ်ထားတာ ငါ့ကို အ႐ူးမ်ားထင္ေနလား။ ဒါမွမဟုတ္ ငါ့ကို အကန္းမ်ားထင္ေနတာလား။ မင္းက ဒီေလာက္ႀကီး အရပ္ရွည္ေနၿပီးေတာ့ အရည္အခ်င္းက်မရွိဘူး။ မင္းေတာ္တာတစ္ခုဆိုလို႔ ကစားကြင္းမွာ ေျပးလႊားၿပီးကစားတာတစ္ခုပဲရွိတယ္။ မင္းမိဘေတြရဲ႕ ပိုက္ဆံကို ထိုင္ျဖဳန္းဖို႔ဘဲ သိတယ္။ မင္းအတန္းေနာက္ မွာ သြားရပ္ေန သြား!!!! "

ေခ်ာင္လန္ကေတာ့ ခိုးၿပဳံးေနတာ ထိန္းေတာင္မထိန္းႏိုင္ေတာ့ဘူး။

ဒီဆရာရဲ႕ နာမည္ကို ၾကားလိုက္တာနဲ႔ ေက်ာင္းသားေတြက ဒီေလာက္ေၾကာက္ေနက်တာ မဆန္းေတာ့ပါဘူး။ စကားေျပာတဲ့ ႏႈန္းကေတာ့ စက္ေသနတ္လိုပဲ တရစက္ ပစ္ေနတာပဲ။

ေလာင္လွ်ိဳက ခ်င္းယန္ကို ဆူၿပီးေတာ့ ဘာမွထပ္မေျပာဘဲ စာ႐ြက္ေတြကို ဆက္စစ္ေနတယ္။ သူက ထန္းေမာ့ဆီကိုေရာက္ေတာ့ ထန္းေမာ့ကို တစ္ခ်က္ပဲၾကည့္လိုက္တယ္။ ၿပီးေတာ့ ထန္းေမာ့ကို တိုက္႐ိုက္ပဲ ေက်ာ္ခ်သြားတယ္။

ဘယ္သူကမွ ထန္းေမာ့ကို သာမန္လူတစ္ေယာက္လို႔ မသတ္မွတ္ၾကဘူး။

ထန္းေမာ့ကလဲ ဘာမွ မတုံ႔ျပန္ဘူးေလ။ သူကနံရံရဲ႕ အေနာက္က အရိပ္ထဲမာ တစ္ေယာက္ထဲထိုင္ေနတယ္။ သူ႔ရဲ႕ဆံပင္ရွည္ေတြကဟမ်က္လုံးကို လုံးဝဖုံးေနတယ္။ ေခ်ာင္လန္က သူ႔ရဲ႕ အရမ္းပိန္ၿပီး အရမ္းျဖဴေဖ်ာ့ေနတဲ့ ေမးခြၽန္ခြၽန္ေလးကိုပဲ ျမင္ရတယ္။

ေခ်ာင္လန္က သူမအၾကည့္ကို ျပန္႐ုတ္လိုက္တယ္။ ခ်င္းယန္ရဲ႕ လူသတ္ေတာ့မယ့္အၾကည့္ေတြကို လ်စ္လ်ဴရႈၿပီး ေလာင္လွ်ိဳရဲ႕ lecture ကိုပဲ ေသခ်ာနားေထာင္ေနလိုက္တယ္။

ေလာင္လွ်ိဳက စိတ္သာတိုလြယ္ေပမဲ့ သူစာသင္တာေတာ့ အေတာ္ေလးေကာင္းတယ္။ အဲ့ေတာ့ English class က ခဏေလးသင္လိုက္ရသလို ခံစားရတယ္။

အတန္းၿပီးသြားေတာ့ ေခ်ာင္လန္က အတန္းအခ်ိန္ဇယားကို ၾကည့္လိုက္တယ္။ ၿပီးေတာ့ အဂၤလိပ္ဖတ္စာအုပ္ကို သိမ္းလိုက္ၿပီး စားပြဲအံဆြဲထဲက သခ်ၤာစာအုပ္ကို ထုတ္လိုက္တယ္။ သူမ စာအုပ္ရဲ႕ ေထာင့္စြန္းေလးကိုပဲ ထိမိေသးတယ္ အေနာက္ကေန အရိပ္တစ္ခုသူမေပၚကို က်လာတယ္။ သူမအေရွ႕က စကားေျပာေနၾကတဲ့ ေကာင္မေလးေတြလဲ ရပ္သြားၾကတယ္။ ေခ်ာင္လန္လဲ ေခါင္းကို လွည့္ၾကည့္လိုက္ေတာ့ ခ်င္းယန္က သူမကို ခက္ထန္တဲ့ မ်က္ႏွာထားႀကီးနဲ႔ၾကည့္ေနတယ္။

ေခ်ာင္လန္က သခ်ၤာစာအုပ္ကို တည္တည္ၿငိမ္ၿငိမ္ပဲ ထုတ္လိုက္ၿပီး " နင္အခု ဒါဘာလုပ္ေနတာလဲ "

Fuck သူမကမ်ား သူ႔ကို ဘာလို႔လဲလို႔ ေမးရဲေသးတယ္ေပါ့။ ခ်င္းယန္ မ်က္ခုံးေမႊးကို ပင့္လိုက္တယ္။ သူမက သူ႔ကို အဆူခံရၿပီး မတ္တပ္ရပ္ အျပစ္ေပးခံရေအာင္လုပ္ခဲ့တာေလ။ အခု သူ႔ကိုလာၿပီး ဘာလို႔လဲ ဆိုတဲ့ ေမးခြန္းကို ေမးဖို႔ မ်က္ႏွာရွိေသးတယ္ေပါ့။

" ငါမင္းကို ငါ့စာ႐ြက္ မွာ စာေရးဖို႔ ခိုင္းခဲ့တာေလ။ မင္းမၾကားလိုက္ဘူးလား။ "

" ငါသေဘာတူလိုက္လို႔လား "

ခ်န္ေယာင္းရန္ ၊ စုန္႔ေယာင္နဲ႔ အေရွ႕မွာထိုင္ေနတဲ့ သူေတြအားလုံး ဒီစကားေတြကို ၾကားလိုက္ၾကတယ္။ ၿပီးေတာ့ အားလုံးက နည္းနည္းအံ့ဩသြားၾကတယ္။ ခ်င္းယန္ကလဲ နည္းနည္းေတာ့ အံ့အားသင့္သြားတယ္။ ဒါေပမဲ့ ပိုၿပီး စိတ္တိုလာသလို ခံစားရျပန္တယ္။ သူ႔မွာအခု မ်က္ႏွာလုံးဝမရွိေတာ့ဘူး။

" မင္းအဲ့တာကို ျပန္ေျပာလိုက္စမ္း "

" နင္နားကန္းေနလား။ ဖယ္ ငါ့လမ္းမွာ လာရပ္မေနနဲ႔။ " ေခ်ာင္လန္က မတ္တပ္ရပ္လိုက္ၿပီး စာသင္ခန္းအေနာက္က စာအုပ္စင္ကေန စာအုပ္အနည္းငယ္သြားယူလိုက္တယ္။

သူမ ယူၿပီးသြားေတာ့ ထလာတဲ့ ခ်င္းယန္က ေခ်ာင္လန္႔လက္ထဲက စာအုပ္ေတြကို လုယူလိုက္ၿပီး လႊင့္ပစ္လိုက္တယ္။ စာအုပ္ေတြက စာသင္ခန္းေနာက္က နံရံကို ျပင္းျပင္းထန္ ထန္ သြားထိ ကုန္တယ္။

စာအုပ္တစ္အုပ္က ထန္းေမာ့ဆီကို တည့္တည့္သြားမွန္ ၿပီး ထန္းေမာ့ရဲ႕ ေျခေထာက္ကို သြားထိတယ္။ ၿပီးေတာ့မွ ၾကမ္းျပင္ေပၚကို က်သြားတယ္။

စာသင္ခန္းထဲမွာ ႐ုတ္တရက္ႀကီး တိတ္ဆိတ္သြားတယ္။ အဲ့အခ်ိန္မွာ ေခ်ာင္လန္က မူရင္းဝတၳဳထဲမွာ ထန္းေမာ့ရဲ႕ ေရာဂါအေၾကာင္းအေသးစိတ္ေဖာ္ျပထားတာကို ႐ုတ္တရက္သတိရသြားတယ္။

Asperger's syndrome ရွိတဲ့လူေတြက ထိေတြ႕မႈကို အရမ္း sensitive ျဖစ္ၾကတယ္။ တစ္ခါတစ္ေလ overreaction ေတာင္ျဖစ္တက္ၾကတယ္။ အေရျပားေပၚကို ျပင္ပက အရာဝတၳဳပစၥည္းတစ္ခုခု လာထိရင္ သူတို႔အတြက္ အရမ္းကိုနာက်င္ရတယ္။

ေခ်ာင္လန္ရဲ႕ ရင္ဖတ္ေတြ တင္းက်ပ္သြားတယ္။ သူခ်င္းယန္ကို တြန္းလိုက္ၿပီး ထန္းေမာ့ဆီေလွ်ာက္သြားလိုက္တယ္။ ခ်င္းယန္ကေတာ့ အေနာက္ မွာ သူမကို က်ိန္ဆဲေနတယ္။ " ဒါက ဘာေတြလဲ။ မင္းကိုယ္မင္း တစ္ကယ့္လူ လို႔မ်ားထင္ေနတာလား။ စုန္႔ေယာင္ေၾကာင့္သာမဟုတ္ရင္ ဘယ္သူကမ်ားမင္းလိုလူကို သေဘာက်ၿပီး ေပါင္းေပးေနမွာတုန္း။ "

ေခ်ာင္လန္က မၾကားခ်င္ေယာင္ေဆာင္လိုက္ၿပီး ထန္းေမာ့ဆီ ျမန္ျမန္ေလွ်ာက္သြားလိုက္တယ္။ ထန္းေမာ့ရဲ႕ ေျခေထာက္နားက စာအုပ္ကို ေကာက္ရင္း သူမအေရွ႕ကေကာင္ေလးကို ၾကည့္လိုက္တယ္။ ၿပီးေတာ့ သူ႔ကို ေသခ်ာေလးေမးလိုက္တယ္။

" နင္ အဆင္ေျပရဲ႕လား "

ေကာင္ေလးကေတာ့ ဘာမွမျမင္သလို မၾကားသလို ပုံစံလုပ္ေနၿပီး ဘာမွ မတုံ႔ျပန္လာဘူး။ သူထိုင္ေနတာက ႐ုပ္ထုႀကီးလိုပဲ။ သူ႔ရဲ႕ ေက်ာင္းယူနီေဖာင္းမွာလဲ ဖုန္ေတြ ေသြးေတြနဲ႔။ သူ႔ရဲ႕ လက္ေခ်ာင္းပိန္ပိန္ေလးေတြက ေဘာပင္ကို ကိုင္ထားၿပီး စာ႐ြက္ေပၚမွာ တစ္ခုခုေရးေနတယ္။ သူ႔ေဘးမွာလဲ ဖတ္စာအုပ္ကို ခ်ထားတယ္။ သူ႔ရဲ႕ ခႏၶာကိုယ္က လုံးဝကို လႈပ္ရႈားမႈ ကင္းမဲ့ေနတယ္။

ေခ်ာင္လန္က ကိုယ္ကို မတ္လိုက္ၿပီး ေဆာင့္ေၾကာင့္ထိုင္လိုက္တယ္။ ထန္းေမာ့ကို နဲနဲစိုက္ၾကည့္ေနၿပီးေတာ့ " sorry ပဲေနာ္ "

ထန္းေမာ့ရဲ႕ လက္ထဲက ေဘာပင္ေလးက ခဏေလာက္ရပ္သြားတယ္။ သူ႔ရဲ႕ ေခါင္းက ျမင္ရတယ္ဆို႐ုံေလးပဲရွိတယ္။ အခ်ိန္ခဏေလာက္ေတာ့ ေခ်ာင္လန္က ထန္းေမာ့ေၾကာင့္ သက္ေရာက္ မႈရွိေနခဲ့တယ္။ သူက သူမကို တစ္ခ်က္ၾကည့္လိုက္တယ္။ သူ႔ရဲ႕ မ်က္လုံးေတြကို ဆံပင္ရွည္ေတြကဖုံးအုပ္ထားတယ္။

ဒါေပမဲ့ အဲ့ခဏလဲၿပီးသြားေရာ သူက ေခါင္းကို ျပန္ငုံ႔သြားၿပီး ဘာမွျပန္မေျပာခဲ့ဘူး။
ေခ်ာင္လန္ကလဲ သူ႔ကို ထပ္ၿပီး မေႏွာက္ယွက္ေတာ့ဘဲ မတ္တပ္ရပ္လိုက္တယ္။ ၿပီးေတာ့ ထန္းေမာ့ရဲ႕ စားပြဲကို တစ္ခ်က္ ျမန္ျမန္ေလး ၾကည့္လိုက္တယ္။

အဲ့ဒါက ဖတ္စာအုပ္မဟုတ္ဘူး။ အဲ့တာက စာလုံးေတြနဲ႔ ျပည့္ႏွက္ေနတဲ့ မွတ္စုေလးတစ္ခု။ အထက္တန္းေက်ာင္းရဲ႕ သင္႐ိုးၫႊန္းတမ္းထဲမွာ မပါတဲ့ သ​ေကၤတ ေတြ formulaေတြနဲ႔ ေရာယွက္ေနတဲ့ စာအုပ္တစ္ခု။

ေခ်ာင္လန္က အဲ့ထဲက formula တစ္ခုကို မွတ္မိလိုက္တယ္။ အဲ့တာက calculus ရဲ႕ အေျခခံက်တဲ့ သီအိုရမ္ တစ္ခုျဖစ္တဲ့ Newton-Leibniz formula ပဲျဖစ္တယ္။

ေခ်ာင္လန္က ဒီစာအုပ္ထဲကို မကူးေျပာင္းလာခင္တုန္းက အဲ့ဒီ့ဟာကို သင္ၿပီးသြားတုန္းပဲရွိေသးတယ္။

ခ်င္းယန္က ေခ်ာင္လန္႔ကို ႐ိုက္ဖို႔ အေတြးကို မေတြးဘဲကိုမေနႏိုင္ဘူး။ ဘာကပိုၿပီး ထူးဆန္းေနလဲဆိုရင္ ဒီေန႔ ေခ်ာင္လန္က ဘယ္သူ႔ကိုမွ ကပ္ဖားရပ္ဖား သြားမလုပ္ဘူး။ သူမ ဒီေန႔ ေဆးမွားၿပီးေတာ့မ်ားေသာက္လာတာလားလို႔ေတာင္ သူေတြးမိတယ္။

သူမအေၾကာင္းကိုေတြးလိုက္တာနဲ႔ ခ်င္းယန္ေဒါသကို မထိန္းႏိုင္ေတာ့ဘူး။ ၿပီးေတာ့ အဲ့မွာ ၁၀မိနစ္ေလာက္ၾကာေအာင္ ဆဲေနလိုက္ၿပီး ေနာက္ဆုံးမွာ ႐ိုင္းစိုင္းတဲ့စကားလုံးေတြကို ေျပာလိုက္တယ္။ " မင္း ဒါကို ေသေတာင္ေနာင္တမရေစနဲ႔။ ငါတို႔က မင္းကို ျပန္ေခၚလိမ့္မယ္လို႔ လုံဝမထင္နဲ႔။ "

ေခ်ာင္လန္က သူ႔ရဲ႕ မ်က္လုံးထဲက ႐ိုးရွင္းတဲ့ၿခိမ္းေျခာက္ မႈကို လုံးဝ ဂ႐ုမစိုက္ဘူး။ သူမ ဒါမ်ိဳးေတြကို မူလတန္းမွာကထဲက ေတြ႕ဖူးၿပီးသား။ ဒါ့အျပင္ သူမက တစ္ျခားသူေတြရဲ႕ အဲ့ဒီ့ ခင္မင္ရင္းႏွွီးမႈဆိုတာႀကီးကို ရဖို႔ရာအတြက္ သူမကိုယ္သူမ အႏွိမ္ခံၿပီး အလဲအလွယ္လုပ္တက္တဲ့ ေခ်ာင္လန္ မဟုတ္ဘူးေလ။ အခုေခ်ာင္လန္က အဲ့ဒါေတြဘာမွကို မလိုခ်င္တာ။ ဒီလိုလူေတြနဲ႔ဆို ပိုဆိုးေပါ့။

အထူးသျဖင့္ ခ်န္ေယာင္းရန္...

ဒီေန႔ ခ်န္ေယာင္းရန္က သူမကို မႏွစ္ၿမိဳ႕တဲ့ပုံႀကီးကို လုပ္ျပသြားတာကိုျပန္စၪ္းစားၾကည့္ၿပီး ေခ်ာင္လန္က စာအုပ္ထဲမွာ ဘာလို႔ သူ႔ကို ႀကိဳက္ရလဲဆိုတာ တစ္ကယ္ သူမေတာ့ နစၪ္းစားတက္ေတာ့ဘူး။ ဒါမွမဟုတ္ ေခ်ာင္လန္က ကိုယ့္ကိုယ္ကို ႏွိပ္စက္ ရတာကို ႀကိဳက္တာလားေတာ့ မေျပာတက္ဘူး။

သူမ ေက်ာင္းလြယ္အိတ္ထဲကို စမ္းၾကည့္လိုက္ေတာ့ တစ္ခုခုကိုစမ္းမိလို႔ လြာ္အိတ္ကို ဖြင့္ၿပီးၾကည့္လိုက္ေတာ့ alpine lollipops အနည္းငယ္ကို ေတြ႕လိုက္တယ္။ သူမလက္ထဲက အဲ့ဒီ့ခ်ိဳခ်ၪႅေးေတြကို ၾကည့္ၿပီး သူ႐ုတ္တရက္ နည္းနည္းေတာ့ ႏႈတ္ဆိတ္သြားတယ္။

ေခ်ာင္လန္က တစ္ကယ္ႀကီး ခ်ိဳခ်ၪ္ ဝယ္ခဲ့တာပဲ။

မူရင္းေခ်ာင္လန္ရဲ႕ ဦးေႏွာက္က ဘယ္လို အလုပ္လုပ္ေနလဲဆိုတာကို ေခ်ာင္လန္ေတာ့ နားမလည္ႏိုင္ေတာ့ဘူး။

စာေမးပြဲအတြက္ ေကာင္းေကာင္း စာႀကိဳးစားမဲ့အစား သူမက ဒီလူေတြကို ဘယ္လို ေက်နပ္ေအာင္ လုပ္ေပးရမလဲဆိုတဲ့ အေတြးေတြပဲ ရွိေနခဲ့တာ။ သူမ မိသားစုက အရမ္းဆင္းရဲတယ္။ ၿပီးေတာ့ သူမက စာလဲမႀကိဳးစားဘူး။ သူမ အျငင္းခံရတာ အံ့ဩစရာမရွိပါဘူး။

အကယ္၍ မင္းက သူမ်ားေတြ လက္ခံေပးတာကို လိုခ်င္ရင္ ပထမအေနနဲ႔ မင္းမွာ ေတာက္ပလာမဲ့ ေနရာတစ္ခုရွိရမယ္။

ေခ်ာင္လန္က သူ႔ကို တမင္သက္သက္ မ်က္ႏွာသာ မေပးတာလို႔ ခ်င္းယန္ကခံစားရၿပီး သူက သူနဲ႔ ဆက္ဆံေရးေကာင္းတဲ့ အဲ့ဒီ့ သူငယ္ခ်င္းေတြအကုန္လုံးကို ေခၚၿပီး ေခ်ာင္လန္ကို ဝိုင္းပယ္ထားၾကဖို႔ ေျပာလိုက္တယ္။

ေခ်ာင္လန္က စုန္႔ေယာင္ရဲ႕ ဆယ္ပုံတစ္ပုံေတာင္ မေကာင္းဘူး တို႔ ၊ အဲ့တာေတာင္ ဘယ္လိုမ်က္ႏွာနဲ႔မ်ား ခ်န္ေယာင္းရန္ကို ႀကိဳက္ရဲရတာလဲ တို႔ ၊ အရွက္ မရွိလိုက္တာ တို႔ ၊ သူမက ဘယ္လိုေတာင္ ခ်န္ေယာင္းရန္ ရဲ႕ တုံ႔ျပန္မႈေလးတစ္ခုရဖို႔ အတြက္ မ်က္ကန္းလိုမ်ိဳးျဖစ္ေနတာ တို႔ ၊ စုန္႔ေယာင္က အဲ့လိုလူမ်ိဳးကိုေတာင္ ကူညီေပးတာ ဘယ္ေလာက္ေတာင္စိတ္ထားေကာင္းတာ တို႔ .... လို႔ လူအုပ္ႀကီးက ေခ်ာင္ယန္အေၾကာင္းေျပာေနၾကတာကို နားေထာင္ၿပီး သူက ေက်နပ္ေနတယ္။

ေခ်ာင္လန္က သူမရဲ႕ အရင္သူငယ္ခ်င္းေကာင္းေတြနဲ႔ မိတ္ပ်က္သြားၿပီး သူ႔ကို ဘယ္လို လာၿပီး ေတာင္းပန္မလဲဆိုတာ သူ မေစာင့္ႏိုင္ေတာ့ဘူး။ သူအရမ္းကို စိတ္လႈပ္ရွားေနၿပီ။

ဒါေပမဲ့ သူေခါင္းကို လွည့္လွည့္ခ်င္းေတြ႕လိုက္ရတာက ေခ်ာင္လန္က lollipop ကို သူမ ပါးစပ္ထဲ ထည့္လိုက္တာကိုပဲ။

Fuck!!

ခုနေလးကမွ ေက်နပ္ၿပီး ေပ်ာ္႐ႊင္ေနတဲ့ ခ်င္းယန္တစ္ေယာက္ ႐ုတ္တရက္ အဲ့တာေတြအကုန္ေပ်ာက္သြားသလိုခံစားလိုက္ရတယ္။
ေခ်ာင္လန္ကေတာ့ ခ်င္းယန္နဲ႔ စကားေျပာဖို႔အခ်ိန္မရွိဘူး။ lollipop ကို ပါးစပ္ထဲမွာငုံထားရင္း သန္႔စင္ခန္းကို သြားလိုက္တယ္။

သူမျပန္လာေတာ့ အတန္းပိုင္ဆရာက စာသင္ခန္းထဲကို ဝင္သြားတာကို ေတြ႕လိုက္ရတယ္။ သူျပန္ထြက္သြားေတာ့ ထန္းေမာ့က wheelchair ေလးကို တြန္းၿပီး အတန္းပိုင္ဆရာေနာက္ကို လိုက္သြားတယ္။

ဘာေတြျဖစ္ကုန္တာလဲ။

ေခ်ာင္လန္က ထန္းေမာ့ရဲ႕ ေနာက္ေက်ာကို ခဏေလာက္ၾကည့္ေနလိုက္ၿပီး စာသင္ခန္းထဲကို ဝင္လိုက္တယ္။ သူမ ဝင္ဝင္ခ်င္းမွာပဲ အခန္းထဲမွာရွိတဲ့ ေက်ာင္းသားေတြအကုန္လုံးက ထန္းေမာ့အေၾကာင္းေျပာေနတာကို ၾကားလိုက္ရတယ္။

" ေလာင္မူက သူ႔ကို ဘာလို႔ေခၚသြားတာလဲ "

" ဘယ္သိမွာတုန္း " တစ္ေယာက္ေယာက္က ေျပာလိုက္တယ္။ " ငါေတာ့ ေလာင္မူကို တစ္ကယ္ လက္ မေတြ တန္းစီေနေအာင္ေပးလိုက္ခ်င္တယ္။ သူ႔ရဲ႕စိတ္က ေသေလာက္ေအာင္ကို ေကာင္းတာပဲ။ တစ္ကယ္လို႔ ငါသာ သူ႔ေနရာမွာဆိုရင္ ထန္းေမာ့ကို ဂ႐ုစိုက္ေနမွာ မဟုတ္ဘူး။ "

" ေလာင္မူက တစ္ကယ္သူေတာ္စင္ပဲ။ သူက အခ်စ္ေတြနဲ႔ ျပည့္လွ်ံေနတဲ့သူေလ။ သူက ပါး႐ိုက္ခံရမယ္ဆိုရင္ေတာင္ ဘာမွျပန္မလုပ္ဘဲ အေနာက္ေလးကိုပဲ ဆုတ္ေပးမယ့္လူမ်ိဳးဟ။ "

" အဲ့ဒါက ေအာက္ပိုင္းေသးေနတာနဲ႔ စိတ္ေရာဂါေလးရွိေန႐ုံပဲမလား။ အဲ့ဒါကို သူက ဘာလို႔ ဒီေလာက္ေတာင္ ဂ႐ုစိုက္ေနရတာလဲ။ " ေက်ာင္းသားေတြက ရယ္လိုက္တယ္။ ၿပီးေတာ့ ေကာင္ေလးတစ္ေယာက္က ေျပာလိုက္တယ္။ " သူက တစ္ကယ္က ႐ူးေနတာပါကြာ။ တစ္ခါတစ္ေလေလးပဲ ပုံမွန္လို႔ ထင္ရတာ။ "

" ငါက over လုပ္ေျပာေနတာမဟုတ္ဘူးေနာ္ " ေကာင္မေလးတစ္ေယာက္က ၾကားျဖတ္ဝင္ေျပာလိုက္တယ္။ " ဒါေပမဲ့ အရင္တစ္ခါငါ သန္႔ရွင္းေရးလုပ္တုန္းက ငါ သူ႔ရဲ႕ လက္ ေမာင္းကို မေတာ္တဆ ထိမိသြားတာေလ။ ငါကလဲ တမင္လုပ္တာမဟုတ္ပါဘူးဟာ။ အဲ့တာကို သူက ငါ့ကို တြန္းလိုက္တာ လဲေတာင္လဲမလိုျဖစ္သြားေသးတယ္။ တစ္ကယ္႐ူးေနတာ။ "

ေခ်ာင္လန္႔လက္ထဲက ေဘာပင္က ရပ္သြားတယ္။

အဲ့တာေၾကာင့္မဟုတ္ရပါဘူး။

အဲ့တာက ဘာလို႔လဲဆိုေတာ့ သူက Asperger ေရာဂါ ျဖစ္ေနလို႔ပါ။ သာမန္လူေတြေျပာေနတဲ့ သာသာေလးထိလိုက္တယ္ဆိုတာက သူ႔အတြက္ေတာ့ အရမ္းျခားနားပါတယ္။ သာမန္လူေတြ အဲ့တာကို လုံးဝ နားလည္ႏိုင္မွာ မဟုတ္ဘူး။

" အရင္ ရက္အနည္းငယ္တုန္းကလဲ ငါကသူနဲ႔ စားပြဲကပ္ရပ္ ထိုင္ခဲ့တာေလ။ ၿပီးေတာ့ သူ႔ကို စကားနည္းနည္းေလာက္သြားေျပာမိတာေလ။ ငါလန္႔လို႔ေသေတာ့မယ္ သိလား။ "

" ဘာလို႔လဲ " ေက်ာင္းသားေတြက စိတ္လႈပ္ရွားလာၾကျပ စပ္စုေနၾကတယ္။

" နင္သူ႔ကို စကားသြားေျပာရင္ေလ သူက နင့္ကို မ်က္လုံးတစ္ခ်က္ မွ မလႈပ္ဘဲ ဒီအတိုင္းႀကီးပဲ စိုက္ၾကည့္ေနမွာ သိလား။ အဲ့တာက အရမ္းကို ေၾကာက္စရာေကာင္းတာပဲ။ ၿပီးေတာ့ေလ သူက ေဘာပင္ကို ကိုင္ထားရင္းနဲ႔လဲ လက္ေတြက တုန္ေနတာ။ "

" အဲ့တာ ဝက္႐ူးျပန္ျဖစ္ေနတာမဟုတ္ဘူးလား "

" ခ်ီးပဲ သူက ေဘာပင္ကိုင္ၿပီး စာေရးေသးတယ္။ သူအဲ့တာကို ဘယ္လိုသုံးရမလဲဆိုတာ သိေရာသိလို႔လား။ "

သူသိတာေပါ့။ သူေသခ်ာေပါက္ကိုသိတာေပါ့။ ေခ်ာင္လန္က ထန္းေမာ့ရဲ႕ စားပြဲေပၚက calculus စာအုပ္ကို သတိရလိုက္တယ္။
Asperger ေရာဂါက လူေတြကို အေျခခံ လူမွာဆက္ဆံေရးညံ့ဖ်င္းၿပီး အထီးက်န္ေရာဂါရေအာင္ လုပ္ေပမဲ့ ဒီလူေတြရဲ႕ IQနဲ႔ မွတ္ဉာဏ္ကေတာ့ တစ္ျခားလူေတြထက္ အမ်ားႀကီးကို သာတယ္။ ၿပီးေတာ့ ထန္းေမာ့က ပိုေတာင္ သာေသးတယ္။

သူက လူတစ္ေယာက္ကို တည့္တည့္ႀကီး စိုက္ၾကည့္တယ္ဆိုတာက သူက အဲ့လူကို တစ္ခုခုလုပ္ခ်င္လို႔မဟုတ္ဘူး၊ ဘာလို႔လဲဆိုေတာ့ သူက တစ္ျခားသူေတြရဲ႕ စိတ္ခံစားခ်က္ေတြကို နားမလည္လို႔။ သူက တစ္ျခားလူက ဘာကိုဆိုလိုတာလဲ ဆိုတာကို နားလည္ခ်င္႐ုံသက္သက္ပဲ။

ၿပီးေတာ့ လက္ေခ်ာင္းေတြတုန္တာ..... အဲ့တာက ကားအက္စီးဒင့္ ကေန က်န္ခဲ့တဲ့ PTSD(စိတ္ဒဏ္ရာ) တစ္ခုပဲ။ ငယ္ငယ္ေလးကတည္းက Asperger ေရာဂါခံစားေနရတဲ့ အထီးက်န္ေနတဲ့ ကေလးေလးတစ္ေယာက္ ကားအက္စီးဒင့္မွာ သူ႔အေမတစ္ေယာက္လုံးေသဆုံးသြားၿပီး သူကိုယ္တိုင္ကလဲ ေအာက္ပိုင္းေသသြားတဲ့ အေျခအေနမွာ သူ႔မွာ သာမန္မဟုတ္တဲ့ မူမမွန္တဲ့အေျခအေနေတြ မက်န္ခဲ့ဘူးဆိုတာ လုံးဝမျဖစ္ႏိုင္ဘူး။

သူက ဒီေလာက္ေတာင္ သနားစရာေကာင္းေနတာကို ဘယ္သူမွ စာနာမေပးၾကဘူး။ သူ႔ကို အ႐ူးႀကီး အေပါႀကီး စိတ္ေရာဂါသည္ႀကီးလို႔ သူတို႔က ေျပာၾကတယ္။ ဒီလိုၿပိဳလဲလု နီးပါး အေျခအေနရဲ႕ လက္တစ္ကမ္းစာမွာရွိေနတဲ့ ဒီေကာင္ေလးကို သူတို႔က အသက္ငယ္ေသးလို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ရက္ရက္စက္စက္စကားလုံးေတြနဲ႔ ထိုးဆြေနၾကတာ။

သူမေဘးက ေကာင္မေလးတစ္ေယာက္ကလဲ သူမရဲ႕ အဲ့ဒီ့အေတြ႕အႀကဳံဆိုတဲ့အရာေတြကို ေျပာျပေနတယ္။ ထန္းေမာ့က ေဘာပင္ကိုကိုင္ထားၿပီး ၃ႏွစ္အ႐ြယ္ကေလးေလးလို ေလွ်ာက္ျခစ္ေနတာကို သူမ ေတြ႕ဖူးတယ္တို႔ ၊ ၿပီးေတာ့ ထန္းေမာ့က အ႐ူးလိုမ်ိဳးသေရေတြက်ေနတာကို ျမင္ဖူးတယ္တို႔..... ေျပာေနတယ္။

" ခ်ီးးး သေရက်တယ္ "

" ခ်ီးပဲ သူက တစ္ကယ့္ကို အ႐ူးႀကီးပဲ။ "

" သူ႔မိဘေတြကလဲ ဘာေတြမ်ားေတြးၿပီး သူ႔ကို ဒီကိုပို႔တာလဲ မသိဘူး။ " စာသင္ခန္းထဲမွာ  ေက်ာင္းသားေတြက တဟားဟား နဲ႔ ေအာ္ရီေနၾကတယ္။ အ႐ူး စိတ္မႏွံ႔တာ ဆိုတဲ့ ဒီလိုစကားလုံးေတြက ေခ်ာင္လန္ရဲ႕ နားထဲကို ထပ္ခါထပ္ခါ ဝင္ေရာက္လာတယ္။ ဒီလို သတင္းအမွားေတြကို လုပ္ႀကံေျပာေနတဲ့ ေကာင္မေလးကို ေခ်ာင္လန္က ဒီအတိုင္းဆက္ မၾကည့္ေနႏိုင္ေတာ့ဘူး။

" နင္ေျပာလို႔ၿပီးၿပီလား "

အဲ့ေကာင္မေလးက ခဏေလာက္ေအးခဲသြားၿပီး ေအာ္လိုက္တယ္။ " ေခ်ာင္လန္ နင္လဲ ႐ူးေနတာ ဟုတ္တယ္မလား။ "

" ႐ူးေနတာက နင္မဟုတ္ဘူးလား။ ဒီလို သတင္းအမွားေတြကို ဟိုဟိုဒီဒီ လိုက္ေျပာေနတာေလ။ "

အဲ့ေကာင္မေလးကျဖဴေဖ်ာ့သြားၿပီး စကားလမ္းေၾကာင္းေျပာင္းလိုက္တယ္။ " ခ်င္းယန္က နင့္ကို မႀကိဳက္ဘူး မေပါင္းနဲ႔လို႔ ေျပာတာေတာင္ ငါနင့္ဘက္ကေန လိုက္ၿပီး ကူေျပာခဲ့ေသးတာ။ နင္က ငါ့ကို အခုလို လုပ္ရသလား။ "

ေဘးကလူေတြကလဲ ဒါကို ၾကည့္ေနၾကတယ္။ ေခ်ာင္လန္ကေတာ့ အဲ့ေကာင္မေလးကို လ်စ္လ်ဴရႈလိုက္ၿပီး သူမရဲ႕ စိတ္ခံစားခ်က္ကို မေပၚေစရပဲ အေဝးကို လွမ္းၾကည့္ေနလိုက္တယ္။

အတန္းစေတာ့မယ္ဆိုေတာ့ ထန္းေမာ့က ျပန္လာတယ္။ သူ႔ရဲ႕ ဒဏ္ရာရေနတဲ့ လက္ကို ပတ္တီးစည္းထားတယ္။ ေခ်ာင္လန္ လွမ္းၾကည့္လိုက္ေတာ့ သူ႔ရဲ႕ စားပြဲကို ပိုေဝးေအာင္ ေ႐ႊ႕ထားတာကို ေတြ႕လိုက္ရတယ္။

ေန႔လည္ေရာက္ေတာ့ သူမကို ဝိုင္းပယ္ထားၾကတယ္ဆိုတာကို သူမ အေသအခ်ာခံစားလိုက္ရတယ္။ အရင္တုန္းက သူမကို စကားစေျပာဖူးတဲ့ ေကာင္မေလးတစ္ခ်ိဳ႕ကလဲ သူမကို လာၿပီးစကားမေျပာၾကေတာ့ဘူး။

ေခ်ာင္လန္က ဒါကို ဘာမွမခံစားရပါဘူး။ သူမက ဒီလူေတြရဲ႕ နာမည္ကိုေတာင္ မမွတ္မိတာေလ ။ အဲ့ဒါေၾကာင့္ သူတို႔ကို သိပ္ၿပီး ဂ႐ုစိုက္ မေနပါဘူး။

ေန႔လည္ေက်ာင္းၿပီးသြားေတာ့ ေက်ာင္းသားေတြက စာသင္ခန္းထဲကေန အေျပးအလႊားထြက္ၾကတယ္။ ေခ်ာင္လန္က ဒီေန႔ အၿပီးလုပ္ရမယ့္ သူမရဲ႕ အိမ္စာ စာအုပ္ကို အိတ္ထဲကို ထည့္လိုက္ၿပီး ျပန္မလို႔ လုပ္ေနတယ္။ သူမ ေခါင္းကို လွည့္လိုက္တဲ့အခ်ိန္မွာ ထန္းေမာ့ကို ေတြ႕လိုက္ရျပန္တယ္။

သူက ေနာက္ဆုံးတန္းမွာ ရွိေနေသးတယ္။ ေခါင္းကို ေအာက္စိုက္ထားၿပီး တစ္ခုခုကို ေရးေနတယ္။ ျဖတ္သြားတဲ့ အတန္းေဖာ္တစ္ေယာက္ ေခါင္းကို လိမ္ၿပီး တစ္ခ်က္ၾကည့္လိုက္တယ္။ ထန္းေမာ့က ၃ႏွစ္ကေလးေလးတစ္ေယာက္လို ေလွ်ာက္ျခစ္ေနတယ္လို႔ သူက ေတြးေကာင္းေတြးႏိုင္တယ္။

ေခ်ာင္လန္လဲ ျပန္ထိုင္လိုက္တယ္။ အတန္းထဲမွာ လူနည္းနည္းေလးပဲ က်န္ေတာ့တဲ့အခ်ိန္ ၊ ေကာ္ရစ္တာ မွာ က်ယ္ေလာင္တဲ့ ေအာ္သံေတြ မၾကားရေတာ့တဲ့အခ်ိန္ ၊ အဲ့အခ်ိန္က်မွ ထန္းေမာ့က လႈပ္ရွားလာတယ္။

သူက wheelchair ေလးကို တြန္းၿပီး တိတ္ဆိတ္စြာပဲ အတန္းထဲကေန ထြက္သြားတယ္။ ၿပီးေတာ့ ေကာ္ရစ္တာ ကိုေရာက္တယ္။ ၿပီးေတာ့ ေနာက္ဆုံးမွာ wheelchair ေတြ ဆင္းလို႔ရတဲ့ ကုန္းေလွ်ာေလးေရာက္ေတာ့ ရပ္လိုက္တယ္။

သူ႔ရဲ႕ လက္က ျခစ္မိတဲ့အရာေတြက နာေနတုန္းပဲ။ ဘီးကို တြန္းရတဲ့ လက္ေခ်ာင္းေလးေတြကလဲ အရမ္းနာေနတယ္။ သူ႔အေရွ႕က ျဖတ္လမ္းေလးကို ေတြ႕လိုက္ေတာ့ ထန္႔ေမာ့ရဲ႕ လက္ေတြ သာသာေလးလႈပ္သြားတယ္။ သူ ၁၀စကၠန္႔ေလာက္ ရပ္သြားၿပီး ေနာက္ဆုံးမွာ သူ႔ရဲ႕လက္ေတြကို wheelchair ရဲ႕ ဘီးေပၚ ျပန္တင္လိုက္တယ္။

wheelchair က နဲနဲပဲ ေ႐ြ႕ရေသးေပမဲ့ ရပ္သြားတယ္။ wheelchair ရဲ႕အေနာက္ကေန တစ္ေယာက္ေယာက္က ဆြဲလိုက္ၿပီး ေျဖးေျဖးခ်င္း wheelchair ကို ေလွ်ာကေန တြန္းေပးေနတယ္။

ထန္းေမာ့က ႐ုတ္တရက္ ေခါင္းကို လွည့္လိုက္ၿပီး သူ႔အသံက ေၾကာက္႐ြံ႕တာေရာ ေဒါသထြက္တာေရာ ႏွစ္မ်ိဳးစလုံးျဖစ္ေနတယ္။ " ငါ့ကိုလႊတ္!!! "

အေနာက္ကလူက မလႊတ္ဘဲနဲ႔ wheelchair
ကို ဆက္တြန္းေနတယ္။ ညီေနတဲ့ေနရာကို ေရာက္ေတာ့မွ လႊတ္လိုက္တယ္။ ၿပီးေတာ့ ဘာစကားမွမေျပာဘဲ လွည့္ထြက္သြားတယ္။

ထန္းေမာ့ wheelchair ေပၚက သူ႔လက္ေတြကို က်စ္က်စ္ပါေအာင္ ဆုပ္ထားတယ္။ သူ႔ရဲ႕ ျဖဴေနတဲ့အသားအေရက ပိုပိုၿပီးေတာ့ ေဖ်ာ့လာတယ္။ သူက wheelchair ေပၚမွာ တိတ္ဆိတ္စြာ ထိုင္ေနရင္းနဲ႔ အဲ့ဒီလူရဲ႕ ေနာက္ေက်ာကို စိုက္ၾကည့္ေနလိုက္တယ္။

သူ ဒီလူကို မွတ္မိတယ္။

သိပ္မၾကာခင္တုန္းက သူမက သူ႔ေရွ႕မွာ ရပ္ၿပီး သူ႔ကို အဆင္ေျပရဲ႕လားလို႔ ေမးခဲ့တယ္။

ၿပီးေတာ့ သူမက ေနာက္တစ္ခုကိုလဲေျပာခဲ့ေသးတယ္။

sorry ပဲေနာ္... တဲ့။

واصل القراءة

ستعجبك أيضاً

1M 91.8K 143
This is the continuation of short story collection 'Love me thoda aur '.
489K 39.7K 19
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
10.8M 249K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
3.7M 237K 98
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...