Unicode
တိမ်ယံလွှမ်းတဲ့တောင်
🦋19🦋
"မင်းဘာလုပ်တာလဲ"
"သိမ်းလိုက်တာလေ.... ကျင်းကိုကိုက နောက်တစ်ခါစိတ်ထဖောက်တဲ့အခါ ဒီကျောက်စိမ်းပြားကို ထုတ်ပြနေအုံးမှာစိုးလို့ လော့လော်ပဲသိမ်းထားလိုက်မယ်.... "
"လော့လော် ငါလက်စားချေဖို့ ဆုံးဖြတ်လိုက်ပြီ... "
"သိပါတယ်....."
"မင်းက ငါနဲ့အတူ ဒီလိုဒုက္ခတွေခံဖို့ မသင့်ဘူး.... တစ်နှစ်တောင်ဒုက္ခခံပြီးပြီ လုံလောက်ပြီ"
"လော့လော်ကို နှင်လွှတ်နေတာလား"
"အဲ့လိုမဟုတ်ဘူး...."
ဟွမ်ကျင်းရွှေ သူ့အတွေးနဲ့သူ လော့လော်ကို သူ့အနားကနေ ထွက်သွားစေချင်သော်လည်း ထိုကောင်မလေးက ထွက်မသွားတဲ့အပြင် ဒူးညွှတ်ထိုင်နေရာမှ တင်ပျဥ်ခွေအဖြစ်သို့ ပြောင်းထိုင်လိုက်သည်။ ပြီးနောက် ဟွမ်ကျင်းရွှေအနားကပ်လာ၏။
"နှင်မလွှတ်ပါနဲ့...."
စကားလုံးတို့က နားစည်ကိုသာမက နှလုံးသားကိုပါ တုန်ခါသွားစေသည်။ နှင်မလွှတ်ပါနဲ့ ဟူသောစကားလုံးသည် အဓိပ္ပာယ်အမျိုးမျိုး ရှိကဲ့သို့ ဟွမ်ကျင်းရွှေသည် ထိုအမျိုးမျိုးသော အတွေးတို့ဖြင့် လော့လော်ကို မျက်တောင်မခတ် ကြည့်နေမိဆဲ။
"ကျင်းကိုကို..... ဘယ်လိုအခြေအနေပဲဖြစ်ပါစေ လော့လော် ဘယ်မှမသွားနိုင်ဘူး..."
"သေချာလား"
"သေချာတယ် ကတိ"
ဟွမ်ကျင်းရွှေ၏လက်သန်းနှင့် သူမလက်သန်းကိုချိတ်ဆက်လိုက်သည်။
ညနေစောင်းသော် ဟွမ်ကျင်းရွှေ နှင့် လော့လော်က ပဝါခမောက်တစ်ခုဆီစောင်းလျက် စျေးထဲသို့ဆင်းလာခဲ့သည်။ မျက်နှာသေလေးယောက်က သူတို့အနောက်ကနေ ထပ်ကျပ်မကွာ လိုက်လာပေး၏။ သခင်ကြီးရှမ်၏ အိမ်တော်က သူတို့၏တည်းခိုခန်းနှင့် သိပ်မဝေးသော နေရာတွင်ရှိသည်။
ဆံပင်အရောင်သာမပြောင်းခဲ့ပါလျှင် လေစိမ်းတစ်ချက်တိုက်လိုက်တိုင်း သူ့အသွက်အပြင်ကို ကင်းလှည့်နေသည့် ဂိုဏ်းသားတို့ သတိထားမိသွားနိုင်သည်။ မျက်နှာသေလေးယောက်ကို သခင်ကြီးရှမ်၏အိမ်တော် အနီးရှိ လမ်းဘေးစားသောက်ဆိုင်တွင် ထားခဲ့ပြီး သူတို့နှစ်ယောက်ကတော့ အိမ်တော်ထဲသို့ ဝင်လာခဲ့သည်။
အိမ်တော်ဂိတ်ဝကနေ ဝင်၍မဖြစ်တာကြောင့် တံတိုင်းကိုကျော်ပြီး ခုန်ဝင်ရ၏။ မရောက်တာကြာပေမယ့် အိမ်တော်က တစ်နေရာမှပြောင်းလဲသွားတာ မရှိချေ။ ထို့ကြောင့် သခင်ကြီး၏အဆောင်ကို လွယ်လွယ်ကူကူပဲ ရှာတွေ့လိုက်သည်။
သူတို့နှစ်ယောက် အခန်းတံခါးဝသို့ ရောက်သောအခါ အခန်းထဲကထွက်လာတဲ့ ရှမ်မေ့နဲ့ဆုံလေသည်။
"ကျင်းရွှေ.... "
"ဟား မင်းငါ့ကိုမှတ်မိသားပဲ "
"ရှင့်ဆီကဆေးနံ့ရလို့ပါ...."
လော့လော်မသိမသာ နှာမှုတ်မိသည်။ မတိုင်ခင်က ဟွမ်ကျင်းရွှေ ဆေးသောက်လာခဲ့တာကို သူမလည်းသိပါသည်။ သို့ပေမယ့် ဆေးနံ့တော့မရဘူးလေ။ ဆေးပညာလေ့လာတဲ့သူက တကယ်နှာခေါင်းကောင်းကြတာလား။
"ဘယ်လိုလုပ် ရောက်လာကြတာလဲ"
"ငါ့ကိုဂိုဏ်းက ထုတ််လိုက်ပြီလေ... တမင်သက်သက် သိသိသာသာကို ထုတ်လိုက်တာ"
"အင်း ငါလည်းအဲ့သတင်းကြားပြီးပြီ... အထဲမှာအဖေရှိတယ်... လာ...."
"လော့လော် သွားရအောင်"
"အွန်း...."
ခဏကြာသော်
"ကျင်းရွှေ မင်းပြောသလိုဆို မင်းကလက်စားချေဖို့ ဆုံးဖြတ်လိုက်ပြီပေါ့"
"ဟုတ်ကဲ့...."
"မင်းအမေက ငါ့သမီးလိုနေခဲ့တာ.... မင်းသာလက်စားချေမယ်ဆိုရင် ငါကကူညီပေးမှာ.... ဒီမှာကြည့်... "
သခင်ကြီးရှမ်က စားပွဲပေါ်သို့ အရေပြားတစ်ခုကို ချပြသည်။
"ဒါက...."
"လွန်ခဲ့တဲ့နှစ်တွေက မင်းအမေကို တိုက်ခိုက်ခဲ့တဲ့သူနဲ့ ငါ့လက်အောက်ကလူကို သတ်တဲ့သူက တစ်ယောက်တည်းပဲ"
"ဘယ်သူလဲ...."
ဟွမ်ကျင်းရွှေ၏မျက်လုံးတွေသည် ကျားတစ်ကောင်လို စူးရဲလာပြီး သခင်ကြီးရှမ်အား ခေါင်းမော့ကာ မေးလိုက်၏။ ဟွမ်ကျင်းရွှေဘေးတွင် လော့လော်က မတ်တပ်ရပ်လျက်ရှိနေပြီး သခင်ကြီးရှမ်ဘေးတွင်တော့ ရှမ်မေ့ကရပ်နေသည်။
သခင်ကြီးရှမ်က ဆိုသည်။
"ကုန်းကျို...."
"ကုန်းကျို?... လိုင်ကုန်းကျို.... "
"အင်း...."
ဟွမ်ကျင်းရွှေသာမကဘဲ လော့လောသည်လည်း ထိုအဖြေကိုကြားသော် အံ့အားသင့်သွားခဲ့သည်။ လိုင်မုန်ရဲ့အဖေ လိုင်ကုန်းကျိုတဲ့လား။ ဟွမ်ကျင်းရွှေနဲ့သူမ နားလည်သဘောပေါက်သွားသော ပုံစံဖြင့် တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြလိုက်၏။
လိုင်မုန်အဖေက ဟုန်ကျင်းချင်ဂိုဏ်းဝင်တစ်ယောက်မို့ သူကလည်း သေချာပေါက် ဒီမှာရှိနေလိမ့်မည်။ ဟွမ်ကျင်းရွှေသည် အရေပြားကို ညိုပုပ်ကာကြမ်းတမ်းသွားစေသော စွမ်းအင်ပိုင်ရှင်အကြောင်းတွေးရင်း လက်သီးကိုသာ တင်းတင်းဆုပ်ထားသည်။
ရှမ်မေ့က ဆို၏။
"ကျင်းရွှေ.... နင်တို့နှစ်ယောက် ဒီမှာပဲနားလိုက်ပါလား"
"မဖြစ်ဘူး!"
လော့လော်က ဖြတ်ပြောသည်။
"အော် ဟို.... လော့လော်ပြောချင်ကတာလေ "
"ဟုတ်တယ်ရှမ်မေ့ ငါနဲ့လော့လော် အပြင်မှာပဲနေလိုက်မယ်... "
"သဘောပါ..."
သခင်ကြီးရှမ်ကလည်း ခေါင်းတညိတ်ညိတ်နဲ့ လက်ခံသည်။ သူ့လက်အောက်က လူတွေဟာလည်း အကြွင်းမဲ့ ယုံကြည်ရတဲ့သူတွေပါလို့ ဟွမ်ကျင်းရွှေကို မပြောပြနိုင်ပေ။ ဟွမ်ကျင်းရွှေ နှင့် သူ့တပည့်ထွက်သွားသော် သခင်ကြီးက သူ့သမီးဘက်ကို လှည့်လိုက်သည်။
"ဘယ်လိုလဲ သမီး...."
"ဟင်...."
"ကျင်းရွှေကို ကူညီပေးဖို့ ဆန္ဒရှိလား.... သူကအခုအချစ်ရေးကို ဂရုစိုက်နိုင်သေးမှာမဟုတ်ဘူး
..သူကလည်း သူစိတ်ဝင်စားတဲ့သူကို မတွေ့သေးတဲ့ပုံပဲ.... "
"အဲ့ဒါက...."
"သမီးခံစားချက်ကို အဖေနားလည်ပါတယ်.... သူလက်စားချေမယ်ဆိုတော့လည်း အဖေတို့က ကူညီပေးရုံပေါ့... သူ့အမေနဲ့သမီးအမေက အရမ်းရင်းနှီးကြတော့ အင်း....."
"သမီးကူညီလိုက်ပါ့မယ်"
သခင်ကြီးဘာဆက်ပြောမည်ကို နားမထောင်တော့ဘဲ သူမကအရင်ထွက်သွားလေသည်။ သခင်ကြီးရှမ်က သူမကို ဟွမ်ကျင်းရွှေနဲ့ စေ့စပ်ကြောင်းလမ်းပေးဖို့အတွက် စိတ်ဆန္ဒရှိနေတယ်ဆိုတာကို နားလည်တာမို့ သူမကိုယ်သူမ အခက်မတွေ့အောင် အရင်ထွက်လာခဲ့၏။
ဟွမ်ကျင်းရွှေက သူ့ရဲ့ငယ်ပေါင်း သူငယ်ချင်း ။ စွမ်းအင်ကျင့်ကြံကြတဲ့အရွယ်တွင် တစ်ယောက် တစ်နေရာဆီကွဲသွားတာမို့ ငယ်ငယ်ကလို သံယောစဥ်သိပ်မတွယ်ကြပေ။ ဟွမ်ကျင်းရွှေဟာလည်း အနည်းငယ် ပြောင်းလဲသွားသည်ဟု ခံစားရသည်။
အထူးသဖြင့် ရှမ်မေ့ဆိုတဲ့ သူမအပေါ်တွင်ပေါ့။
"ကျင်းကိုကို လော့လော်တို့ ဘာမှထပ်မမေးတော့ဘူးလား"
'ဝွီ....'
တံတိုင်းကိုကျော်၍ နှစ်ယောက်သည် အပြင်ဘက်သို့ ပြန်ရောက်ခဲ့၏။ ဟန်ဆောင်ပန်ဆောင် စားသောက်ဆိုင်ထဲ ထိုင်စားနေသော မျက်နှာသေလေးယောက်သည် သူတို့ရှိရာသို့ ပြေးလာကြသည်။
"သခင်လေး.... သခင်မလေး"
"အင်း.... "
"ကျင်းကိုကို "
"သခင်ကြီးလည်း စောင့်ကြည့်ခံနေရတယ်.... အိမ်တော်ထဲက အစေခံတွေ အကုန်လုံး သိုင်းတတ်ကြတယ် ကြည့်ရတာ တစ်စုံတစ်ယောက်ကတော့ ငါတို့ကိုသတိထားမိနေပြီထင်တယ်"
"အာ...."
"သခင်လေး.... တဖြည်းဖြည်း လူပါးလာပြီ... ကျွန်တော်တို့စလှုပ်ရှားကြတော့မလား..."
ဟွမ်ကျင်းရွှေက ခေါင်းခါသည်။
"ချင်းယန်နဲ့ပူဖောင်က တည်းခိုခန်းကိုပြန်ပြီး အခြေအနေကိုစောင့်ကြည့်ထား.... ကျီဟန့် မင်းတို့နှစ်ယောက်က တစ်နေရာကနေ စောင့်နေ... "
"ဟုတ်ကဲ့"
"ဟုတ်ကဲ့"
ဂိုဏ်းဝင်ပြိုင်ပွဲက နီးကပ်လာပြီဖြစ်လို့ မြို့တော်ထဲတွင် ဟိုဟိုဒီဒီ သွားလာနေသော လူငယ်ကျင့်ကြံသူများသည် ဟုန်ကျင်းချင်ဂိုဏ်း၏ ညစျေးဘက်သို့ ရောက်နေကြပြီဖြစ်သည်။ ဟွမ်ကျင်းရွှေနှင့် လော့လော်သည်လည်း ညစျေးဘက်သို့ ရောက်ခဲ့ပြီ။
နှစ်ယောက်လုံးသည် ပဝါခမောက်ကိုချွတ်၍ အနက်ရောင်ပဝါပါးပါးကိုသာ မျက်နှာအောက်တစ်ခြမ်းအား ဖုံးကွယ်ထား၏။ လူအုပ်ကြားထဲ တိုးဝင်သွားတဲ့အခါ ဟွမ်ကျင်းရွှေက လော့လော်လက်ကို ဖမ်းဆုပ်လာသည်။
"ကျင်းကိုကို.... "
"လိုင်ကုန်းကျိုကိုတွေ့ပြီ..."
"ဘယ်မှာလဲ...."
ဟွမ်ကျင်းရွှေ မျက်စာပစ်ပြရာသို့ ကြည့်လိုက်သောအခါ လိုင်ကုန်းကျိုသည် သားဖြစ်သူနှင့် လမ်းဘေးတွင်စကားပြောနေကြပြီး တစ်အောင့်ကြာတော့ နှစ်ယောက်သားလမ်းခွဲသွား၏။
လိုင်ကုန်းကျိုက သူ့ငယ်ပေါင်းပါတွေနှင့် အတူ သူ၏အိမ်တော်ဘက်သို့ ထွက်ခွာသွားတာတွေ့ရသည်။ ဟွမ်ကျင်းရွှေတို့လည်း အနောက်မှ လိုက်ချောင်းခဲ့၏။ လိုင်ကုန်းကျို အိမ်တော်ထဲဝင်သွားပြီး ခဏကြာမှ ဟွမ်ကျင်းရွှေတို့ အိမ်တော်ထဲက ထိုးဝင်ခဲ့သည်။
လိုင်ကုန်းကျို၏အိမ်တော်က တောင်နံရံနဲ့ ကပ်၍ဆောက်ထားတာဖြစ်သည်။ အိမ်တော်ကြီးက သခင်ကြီးရှမ်၏ အိမ်နီးပါးကြီးမားသော်လည်း အစေခံကတော့ သိပ်မရှိပေ။ အိမ်စောင့်ဂိုဏ်းသားလည်း များများပြားပြားမတွေ့ရ။
သူတို့နှစ်ယောက် တံခါးကိုကန်ဖွင့်လိုက်၏။
'ဒုန်း.....'
အခန်းထဲပြေးဝင်လိုက်တော့။
"အား....."
"လော့လော် မကြည့်နဲ့...."
ဟွမ်ကျင်းရွှေသည် လော့လော်ကိုအမြန်ဆွဲကာ ဖက်ထားလိုက်သည်။ လော့လော်၏ အော်သံကြောင့် အပေါ်ပိုင်းဗလာကျင်းနဲ့ လိုင်ကုန်းကျိုနှင့် မိန်းမလှလေးတစ်ယောက်သည် ပြင်းပြင်းထန်ထန် နမ်းရှိုက်နေကြရာမှ ထိတ်လန့်သွားလေသည်။
လိုင်ကုန်းကျိုသည် အော်သံဘက်သို့ ချာခနဲလှည့်၍ ကြမ်းပြင်ပေါ်က ဝတ်ရုံကိုဆွဲကာ မိန်းမလှလေးအား လွှမ်းခြုံပေးလိုက်သည်။ သူလှည့်ကြည့်မိစဥ် စူးစူးရဲရဲ ပြန်ကြည့်နေတဲ့ ဟွမ်ကျင်းရွှေမျက်လုံးတွေနဲ့ တွေ့ဆုံသွား၏။
"မင်းဘယ်သူလဲ...."
ဟွမ်ကျင်းရွှေသည် ချစ်ရည်လူးနေသော ထိုနှစ်ယောက်ကို ဂရုတောင်မစိုက်ဘဲ သခင်ကြီးရှမ်ဆီက ယူလာတဲ့ အရေပြားကို လိုင်ကုန်းကျိုရှေ့ပစ်ချပေးသည်။
"အဲ့ဒါ ခင်ဗျားလက်ချက်လား...."
"ဒီကိစ္စကို ပြောဖို့အတွက် ငါ့အိပ်ခန်းအထိ လာခဲ့တယ်ပေါ့...."
"မေးတာဖြေ...."
လိုင်ကုန်းလျိုက ခနဲ့ပြုံး ပြုံးသည်။
"ငါ့ရဲ့အချိန်ကောင်းတွေကို မဖျက်စီးနဲ့.... ထွက်သွား...."
"သိချင်တာမသိရမချင်း ထွက်မသွားဘူး..."
"လိုင်မုန်သာ သူ့အဖေ ဒီလိုဖြစ်နေတာမြင်ရင် သွေးပျက်သွားနိုင်လောက်တယ်..."
"မင်းဘာပြောတယ်!"
လော့လော်သည် လိုင်ကုန်းကျိုတို့အား ကျောပေးထားရင်း လက်ဝါးဖြန့်ပြလိုက်သည်။ စိမ်းနုနုကျောက်တုံးလေး တစ်တုံး ပေါ်လာလေ၏။ သိဒ္ဓိစွမ်းအင်တို့ဖြင့် သန့်စင်ထားသော ပုံရိပ်ဖမ်းကျောက်မျိုး ဖြစ်သည်။
လိုင်ကုန်းကျို စိတ်ဆိုးလာသည်။
"မင်းဘာလိုချင်နေတာလဲ"
"လိုင်ရှန်းကျွင်းက အကျင့်စာရိတ္တကောင်းပြီး သူတော်ကောင်းဆိုပြီး သိုင်းလောကမှာ နာမည်တွင်နေတာ ဒီသတင်းသာပေါက်ကြားသွားရင် ခင်ဗျားကိုအဲ့ဒီလူတွေ လေးစားပါအုံးမလား"
"မင်းဘာဖြစ်ချင်နေတာလဲ... မင်းဘယ်သူလဲ"
"ဘာဖြစ်ချင်တာလဲဆိုတော့ အကြောင်းတစ်ခုကို သိချင်တာ.... ကျင့်ကြံသူတို့စျေးကွက်ကနေ ပြန်လာတဲ့ နွီအော်ဆိုတဲ့ အမျိုးသမီးကို ခင်ဗျားသတ်ခဲ့တာလား..."
"နွီအော်?....မင်းကဘယ်သူလဲ"
"မင်း....."
"သူ့သား.... ဟွမ် ကျင်း ရွှေ.... "
"ဘာ!"
နွီအော်ရဲ့သားက အသုံးမကျတဲ့ အမှိုက်ကောင်ဖြစ်သွားတာ ကြာပြီမဟုတ်လား ။ သူ့နန်းဆောင်က အကာအကွယ်စည်း ချထားတာတောင် သူကဝင်လာနိုင်တယ်တဲ့လား။ သူ့ဘေးက မိန်းကလေးကလည်း သူ့စည်းကိုချိုးဖောက်ပစ်နိုင်လောက်တဲ့အထိ မစွမ်းသာဘူး။
ဒါဆို ဟွမ်ကျင်းရွှေက သိဒ္ဓိအမြုတေ ပျက်စီးသွားတာ တကယ်မဟုတ်ဘူးပေါ့။ လိုင်ကုန်းကျိုက ရှေ့တစ်လှမ်းတက်လာကာ
"သူမကဒီလောက်အစွမ်းထက်တာ ငါကဘယ်လိုလုပ် သတ်နိုင်မှာလဲ"
"ဒါပေမယ့် အမေ့ခန္ဓာကိုယ်က အဲ့ဒီအရေပြားလိုဖြစ်နေတာ ခင်ဗျားဘယ်လိုပြောမလဲ"
လိုင်ကုန်းလျိုက အရူးတစ်ယောက်လို တဟားဟား အော်ရယ်ပါတော့သည်။ နွီအော်ရဲ့ကိစ္စကို အစပြန်ဖော်တဲ့သူက သူ့သားကိုယ်တိုင်ဖြစ်လာမယ်လို့ ခန့်မှန်းထားပြီးသားဖြစ်သည်။ သူတို့ခေတ်အခါက နွီအော်ဆိုတာ ကျင့်ကြံသူတို့ရဲ့ ဘုရင်မတစ်ပါးပဲလေ။
သူ့လက်ဝါးတစ်ချက်က အဲ့ဒီလိုဘုရင်မကို ဘယ်လိုများ သတ်နိုင်မတဲ့လဲ။
Zawgyi
တိမ္ယံလႊမ္းတဲ့ေတာင္
🦋19🦋
"မင္းဘာလုပ္တာလဲ"
"သိမ္းလိုက္တာေလ.... က်င္းကိုကိုက ေနာက္တစ္ခါစိတ္ထေဖာက္တဲ့အခါ ဒီေက်ာက္စိမ္းျပားကို ထုတ္ျပေနအုံးမွာစိုးလို႔ ေလာ့ေလာ္ပဲသိမ္းထားလိုက္မယ္.... "
"ေလာ့ေလာ္ ငါလက္စားေခ်ဖိဳ႕ ဆုံးျဖတ္လိုက္ၿပီ... "
"သိပါတယ္....."
"မင္းက ငါနဲ႕အတူ ဒီလိုဒုကၡေတြခံဖို႔ မသင့္ဘူး.... တစ္ႏွစ္ေတာင္ဒုကၡခံၿပီးၿပီ လုံေလာက္ၿပီ"
"ေလာ့ေလာ္ကို ႏွင္လႊတ္ေနတာလား"
"အဲ့လိုမဟုတ္ဘူး...."
ဟြမ္က်င္းေ႐ႊ သူ႕အေတြးနဲ႕သူ ေလာ့ေလာ္ကို သူ႕အနားကေန ထြက္သြားေစခ်င္ေသာ္လည္း ထိုေကာင္မေလးက ထြက္မသြားတဲ့အျပင္ ဒူးၫႊတ္ထိုင္ေနရာမွ တင္ပ်ဥ္ေခြအျဖစ္သို႔ ေျပာင္းထိုင္လိုက္သည္။ ၿပီးေနာက္ ဟြမ္က်င္းေ႐ႊအနားကပ္လာ၏။
"ႏွင္မလႊတ္ပါနဲ႕...."
စကားလုံးတို႔က နားစည္ကိုသာမက ႏွလုံးသားကိုပါ တုန္ခါသြားေစသည္။ ႏွင္မလႊတ္ပါနဲ႕ ဟူေသာစကားလုံးသည္ အဓိပၸာယ္အမ်ိဳးမ်ိဳး ရွိကဲ့သို႔ ဟြမ္က်င္းေ႐ႊသည္ ထိုအမ်ိဳးမ်ိဳးေသာ အေတြးတို႔ျဖင့္ ေလာ့ေလာ္ကို မ်က္ေတာင္မခတ္ ၾကည့္ေနမိဆဲ။
"က်င္းကိုကို..... ဘယ္လိုအေျခအေနပဲျဖစ္ပါေစ ေလာ့ေလာ္ ဘယ္မွမသြားနိုင္ဘူး..."
"ေသခ်ာလား"
"ေသခ်ာတယ္ ကတိ"
ဟြမ္က်င္းေ႐ႊ၏လက္သန္းႏွင့္ သူမလက္သန္းကိုခ်ိတ္ဆက္လိုက္သည္။
ညေနေစာင္းေသာ္ ဟြမ္က်င္းေ႐ႊ ႏွင့္ ေလာ့ေလာ္က ပဝါခေမာက္တစ္ခုဆီေစာင္းလ်က္ ေစ်းထဲသို႔ဆင္းလာခဲ့သည္။ မ်က္ႏွာေသေလးေယာက္က သူတို႔အေနာက္ကေန ထပ္က်ပ္မကြာ လိုက္လာေပး၏။ သခင္ႀကီးရွမ္၏ အိမ္ေတာ္က သူတို႔၏တည္းခိုခန္းႏွင့္ သိပ္မေဝးေသာ ေနရာတြင္ရွိသည္။
ဆံပင္အေရာင္သာမေျပာင္းခဲ့ပါလွ်င္ ေလစိမ္းတစ္ခ်က္တိုက္လိုက္တိုင္း သူ႕အသြက္အျပင္ကို ကင္းလွည့္ေနသည့္ ဂိုဏ္းသားတို႔ သတိထားမိသြားနိုင္သည္။ မ်က္ႏွာေသေလးေယာက္ကို သခင္ႀကီးရွမ္၏အိမ္ေတာ္ အနီးရွိ လမ္းေဘးစားေသာက္ဆိုင္တြင္ ထားခဲ့ၿပီး သူတို႔ႏွစ္ေယာက္ကေတာ့ အိမ္ေတာ္ထဲသို႔ ဝင္လာခဲ့သည္။
အိမ္ေတာ္ဂိတ္ဝကေန ဝင္၍မျဖစ္တာေၾကာင့္ တံတိုင္းကိုေက်ာ္ၿပီး ခုန္ဝင္ရ၏။ မေရာက္တာၾကာေပမယ့္ အိမ္ေတာ္က တစ္ေနရာမွေျပာင္းလဲသြားတာ မရွိေခ်။ ထို႔ေၾကာင့္ သခင္ႀကီး၏အေဆာင္ကို လြယ္လြယ္ကူကူပဲ ရွာေတြ႕လိုက္သည္။
သူတို႔ႏွစ္ေယာက္ အခန္းတံခါးဝသို႔ ေရာက္ေသာအခါ အခန္းထဲကထြက္လာတဲ့ ရွမ္ေမ့နဲ႕ဆုံေလသည္။
"က်င္းေ႐ႊ.... "
"ဟား မင္းငါ့ကိုမွတ္မိသားပဲ "
"ရွင့္ဆီကေဆးနံ႕ရလို႔ပါ...."
ေလာ့ေလာ္မသိမသာ ႏွာမႈတ္မိသည္။ မတိုင္ခင္က ဟြမ္က်င္းေ႐ႊ ေဆးေသာက္လာခဲ့တာကို သူမလည္းသိပါသည္။ သို႔ေပမယ့္ ေဆးနံ႕ေတာ့မရဘူးေလ။ ေဆးပညာေလ့လာတဲ့သူက တကယ္ႏွာေခါင္းေကာင္းၾကတာလား။
"ဘယ္လိုလုပ္ ေရာက္လာၾကတာလဲ"
"ငါ့ကိုဂိုဏ္းက ထုတ္္လိုက္ၿပီေလ... တမင္သက္သက္ သိသိသာသာကို ထုတ္လိုက္တာ"
"အင္း ငါလည္းအဲ့သတင္းၾကားၿပီးၿပီ... အထဲမွာအေဖရွိတယ္... လာ...."
"ေလာ့ေလာ္ သြားရေအာင္"
"အြန္း...."
ခဏၾကာေသာ္
"က်င္းေ႐ႊ မင္းေျပာသလိုဆို မင္းကလက္စားေခ်ဖိဳ႕ ဆုံးျဖတ္လိုက္ၿပီေပါ့"
"ဟုတ္ကဲ့...."
"မင္းအေမက ငါ့သမီးလိုေနခဲ့တာ.... မင္းသာလက္စားေခ်မယ္ဆိုရင္ ငါကကူညီေပးမွာ.... ဒီမွာၾကည့္... "
သခင္ႀကီးရွမ္က စားပြဲေပၚသို႔ အေရျပားတစ္ခုကို ခ်ျပသည္။
"ဒါက...."
"လြန္ခဲ့တဲ့ႏွစ္ေတြက မင္းအေမကို တိုက္ခိုက္ခဲ့တဲ့သူနဲ႕ ငါ့လက္ေအာက္ကလူကို သတ္တဲ့သူက တစ္ေယာက္တည္းပဲ"
"ဘယ္သူလဲ...."
ဟြမ္က်င္းေ႐ႊ၏မ်က္လုံးေတြသည္ က်ားတစ္ေကာင္လို စူးရဲလာၿပီး သခင္ႀကီးရွမ္အား ေခါင္းေမာ့ကာ ေမးလိုက္၏။ ဟြမ္က်င္းေ႐ႊေဘးတြင္ ေလာ့ေလာ္က မတ္တပ္ရပ္လ်က္ရွိေနၿပီး သခင္ႀကီးရွမ္ေဘးတြင္ေတာ့ ရွမ္ေမ့ကရပ္ေနသည္။
သခင္ႀကီးရွမ္က ဆိုသည္။
"ကုန္းက်ိဳ...."
"ကုန္းက်ိဳ?... လိုင္ကုန္းက်ိဳ.... "
"အင္း...."
ဟြမ္က်င္းေ႐ႊသာမကဘဲ ေလာ့ေလာသည္လည္း ထိုအေျဖကိုၾကားေသာ္ အံ့အားသင့္သြားခဲ့သည္။ လိုင္မုန္ရဲ႕အေဖ လိုင္ကုန္းက်ိဳတဲ့လား။ ဟြမ္က်င္းေ႐ႊနဲ႕သူမ နားလည္သေဘာေပါက္သြားေသာ ပုံစံျဖင့္ တစ္ေယာက္ကိုတစ္ေယာက္ ေခါင္းညိတ္ျပလိုက္၏။
လိုင္မုန္အေဖက ဟုန္က်င္းခ်င္ဂိုဏ္းဝင္တစ္ေယာက္မို႔ သူကလည္း ေသခ်ာေပါက္ ဒီမွာရွိေနလိမ့္မည္။ ဟြမ္က်င္းေ႐ႊသည္ အေရျပားကို ညိုပုပ္ကာၾကမ္းတမ္းသြားေစေသာ စြမ္းအင္ပိုင္ရွင္အေၾကာင္းေတြးရင္း လက္သီးကိုသာ တင္းတင္းဆုပ္ထားသည္။
ရွမ္ေမ့က ဆို၏။
"က်င္းေ႐ႊ.... နင္တို႔ႏွစ္ေယာက္ ဒီမွာပဲနားလိုက္ပါလား"
"မျဖစ္ဘူး!"
ေလာ့ေလာ္က ျဖတ္ေျပာသည္။
"ေအာ္ ဟို.... ေလာ့ေလာ္ေျပာခ်င္ကတာေလ "
"ဟုတ္တယ္ရွမ္ေမ့ ငါနဲ႕ေလာ့ေလာ္ အျပင္မွာပဲေနလိုက္မယ္... "
"သေဘာပါ..."
သခင္ႀကီးရွမ္ကလည္း ေခါင္းတညိတ္ညိတ္နဲ႕ လက္ခံသည္။ သူ႕လက္ေအာက္က လူေတြဟာလည္း အႂကြင္းမဲ့ ယုံၾကည္ရတဲ့သူေတြပါလို႔ ဟြမ္က်င္းေ႐ႊကို မေျပာျပနိုင္ေပ။ ဟြမ္က်င္းေ႐ႊ ႏွင့္ သူ႕တပည့္ထြက္သြားေသာ္ သခင္ႀကီးက သူ႕သမီးဘက္ကို လွည့္လိုက္သည္။
"ဘယ္လိုလဲ သမီး...."
"ဟင္...."
"က်င္းေ႐ႊကို ကူညီေပးဖို႔ ဆႏၵရွိလား.... သူကအခုအခ်စ္ေရးကို ဂ႐ုစိုက္နိုင္ေသးမွာမဟုတ္ဘူး
..သူကလည္း သူစိတ္ဝင္စားတဲ့သူကို မေတြ႕ေသးတဲ့ပုံပဲ.... "
"အဲ့ဒါက...."
"သမီးခံစားခ်က္ကို အေဖနားလည္ပါတယ္.... သူလက္စားေခ်မယ္ဆိုေတာ့လည္း အေဖတို႔က ကူညီေပး႐ုံေပါ့... သူ႕အေမနဲ႕သမီးအေမက အရမ္းရင္းႏွီးၾကေတာ့ အင္း....."
"သမီးကူညီလိုက္ပါ့မယ္"
သခင္ႀကီးဘာဆက္ေျပာမည္ကို နားမေထာင္ေတာ့ဘဲ သူမကအရင္ထြက္သြားေလသည္။ သခင္ႀကီးရွမ္က သူမကို ဟြမ္က်င္းေ႐ႊနဲ႕ ေစ့စပ္ေၾကာင္းလမ္းေပးဖို႔အတြက္ စိတ္ဆႏၵရွိေနတယ္ဆိုတာကို နားလည္တာမို႔ သူမကိုယ္သူမ အခက္မေတြ႕ေအာင္ အရင္ထြက္လာခဲ့၏။
ဟြမ္က်င္းေ႐ႊက သူ႕ရဲ႕ငယ္ေပါင္း သူငယ္ခ်င္း ။ စြမ္းအင္က်င့္ႀကံၾကတဲ့အ႐ြယ္တြင္ တစ္ေယာက္ တစ္ေနရာဆီကြဲသြားတာမို႔ ငယ္ငယ္ကလို သံေယာစဥ္သိပ္မတြယ္ၾကေပ။ ဟြမ္က်င္းေ႐ႊဟာလည္း အနည္းငယ္ ေျပာင္းလဲသြားသည္ဟု ခံစားရသည္။
အထူးသျဖင့္ ရွမ္ေမ့ဆိုတဲ့ သူမအေပၚတြင္ေပါ့။
"က်င္းကိုကို ေလာ့ေလာ္တို႔ ဘာမွထပ္မေမးေတာ့ဘူးလား"
'ဝြီ....'
တံတိုင္းကိုေက်ာ္၍ ႏွစ္ေယာက္သည္ အျပင္ဘက္သို႔ ျပန္ေရာက္ခဲ့၏။ ဟန္ေဆာင္ပန္ေဆာင္ စားေသာက္ဆိုင္ထဲ ထိုင္စားေနေသာ မ်က္ႏွာေသေလးေယာက္သည္ သူတို႔ရွိရာသို႔ ေျပးလာၾကသည္။
"သခင္ေလး.... သခင္မေလး"
"အင္း.... "
"က်င္းကိုကို "
"သခင္ႀကီးလည္း ေစာင့္ၾကည့္ခံေနရတယ္.... အိမ္ေတာ္ထဲက အေစခံေတြ အကုန္လုံး သိုင္းတတ္ၾကတယ္ ၾကည့္ရတာ တစ္စုံတစ္ေယာက္ကေတာ့ ငါတို႔ကိုသတိထားမိေနၿပီထင္တယ္"
"အာ...."
"သခင္ေလး.... တျဖည္းျဖည္း လူပါးလာၿပီ... ကြၽန္ေတာ္တို႔စလႈပ္ရွားၾကေတာ့မလား..."
ဟြမ္က်င္းေ႐ႊက ေခါင္းခါသည္။
"ခ်င္းယန္နဲ႕ပူေဖာင္က တည္းခိုခန္းကိုျပန္ၿပီး အေျခအေနကိုေစာင့္ၾကည့္ထား.... က်ီဟန့္ မင္းတို႔ႏွစ္ေယာက္က တစ္ေနရာကေန ေစာင့္ေန... "
"ဟုတ္ကဲ့"
"ဟုတ္ကဲ့"
ဂိုဏ္းဝင္ၿပိဳင္ပြဲက နီးကပ္လာၿပီျဖစ္လို႔ ၿမိဳ႕ေတာ္ထဲတြင္ ဟိုဟိုဒီဒီ သြားလာေနေသာ လူငယ္က်င့္ႀကံသူမ်ားသည္ ဟုန္က်င္းခ်င္ဂိုဏ္း၏ ညေစ်းဘက္သို႔ ေရာက္ေနၾကၿပီျဖစ္သည္။ ဟြမ္က်င္းေ႐ႊႏွင့္ ေလာ့ေလာ္သည္လည္း ညေစ်းဘက္သို႔ ေရာက္ခဲ့ၿပီ။
ႏွစ္ေယာက္လုံးသည္ ပဝါခေမာက္ကိုခြၽတ္၍ အနက္ေရာင္ပဝါပါးပါးကိုသာ မ်က္ႏွာေအာက္တစ္ျခမ္းအား ဖုံးကြယ္ထား၏။ လူအုပ္ၾကားထဲ တိုးဝင္သြားတဲ့အခါ ဟြမ္က်င္းေ႐ႊက ေလာ့ေလာ္လက္ကို ဖမ္းဆုပ္လာသည္။
"က်င္းကိုကို.... "
"လိုင္ကုန္းက်ိဳကိုေတြ႕ၿပီ..."
"ဘယ္မွာလဲ...."
ဟြမ္က်င္းေ႐ႊ မ်က္စာပစ္ျပရာသို႔ ၾကည့္လိုက္ေသာအခါ လိုင္ကုန္းက်ိဳသည္ သားျဖစ္သူႏွင့္ လမ္းေဘးတြင္စကားေျပာေနၾကၿပီး တစ္ေအာင့္ၾကာေတာ့ ႏွစ္ေယာက္သားလမ္းခြဲသြား၏။
လိုင္ကုန္းက်ိဳက သူ႕ငယ္ေပါင္းပါေတြႏွင့္ အတူ သူ၏အိမ္ေတာ္ဘက္သို႔ ထြက္ခြာသြားတာေတြ႕ရသည္။ ဟြမ္က်င္းေ႐ႊတို႔လည္း အေနာက္မွ လိုက္ေခ်ာင္းခဲ့၏။ လိုင္ကုန္းက်ိဳ အိမ္ေတာ္ထဲဝင္သြားၿပီး ခဏၾကာမွ ဟြမ္က်င္းေ႐ႊတို႔ အိမ္ေတာ္ထဲက ထိုးဝင္ခဲ့သည္။
လိုင္ကုန္းက်ိဳ၏အိမ္ေတာ္က ေတာင္နံရံနဲ႕ ကပ္၍ေဆာက္ထားတာျဖစ္သည္။ အိမ္ေတာ္ႀကီးက သခင္ႀကီးရွမ္၏ အိမ္နီးပါးႀကီးမားေသာ္လည္း အေစခံကေတာ့ သိပ္မရွိေပ။ အိမ္ေစာင့္ဂိုဏ္းသားလည္း မ်ားမ်ားျပားျပားမေတြ႕ရ။
သူတို႔ႏွစ္ေယာက္ တံခါးကိုကန္ဖြင့္လိုက္၏။
'ဒုန္း.....'
အခန္းထဲေျပးဝင္လိုက္ေတာ့။
"အား....."
"ေလာ့ေလာ္ မၾကည့္နဲ႕...."
ဟြမ္က်င္းေ႐ႊသည္ ေလာ့ေလာ္ကိုအျမန္ဆြဲကာ ဖက္ထားလိုက္သည္။ ေလာ့ေလာ္၏ ေအာ္သံေၾကာင့္ အေပၚပိုင္းဗလာက်င္းနဲ႕ လိုင္ကုန္းက်ိဳႏွင့္ မိန္းမလွေလးတစ္ေယာက္သည္ ျပင္းျပင္းထန္ထန္ နမ္းရွိုက္ေနၾကရာမွ ထိတ္လန့္သြားေလသည္။
လိုင္ကုန္းက်ိဳသည္ ေအာ္သံဘက္သို႔ ခ်ာခနဲလွည့္၍ ၾကမ္းျပင္ေပၚက ဝတ္႐ုံကိုဆြဲကာ မိန္းမလွေလးအား လႊမ္းၿခဳံေပးလိုက္သည္။ သူလွည့္ၾကည့္မိစဥ္ စူးစူးရဲရဲ ျပန္ၾကည့္ေနတဲ့ ဟြမ္က်င္းေ႐ႊမ်က္လုံးေတြနဲ႕ ေတြ႕ဆုံသြား၏။
"မင္းဘယ္သူလဲ...."
ဟြမ္က်င္းေ႐ႊသည္ ခ်စ္ရည္လူးေနေသာ ထိုႏွစ္ေယာက္ကို ဂ႐ုေတာင္မစိုက္ဘဲ သခင္ႀကီးရွမ္ဆီက ယူလာတဲ့ အေရျပားကို လိုင္ကုန္းက်ိဳေရွ႕ပစ္ခ်ေပးသည္။
"အဲ့ဒါ ခင္ဗ်ားလက္ခ်က္လား...."
"ဒီကိစၥကို ေျပာဖို႔အတြက္ ငါ့အိပ္ခန္းအထိ လာခဲ့တယ္ေပါ့...."
"ေမးတာေျဖ...."
လိုင္ကုန္းလ်ိဳက ခနဲ႕ၿပဳံး ၿပဳံးသည္။
"ငါ့ရဲ႕အခ်ိန္ေကာင္းေတြကို မဖ်က္စီးနဲ႕.... ထြက္သြား...."
"သိခ်င္တာမသိရမခ်င္း ထြက္မသြားဘူး..."
"လိုင္မုန္သာ သူ႕အေဖ ဒီလိုျဖစ္ေနတာျမင္ရင္ ေသြးပ်က္သြားနိုင္ေလာက္တယ္..."
"မင္းဘာေျပာတယ္!"
ေလာ့ေလာ္သည္ လိုင္ကုန္းက်ိဳတို႔အား ေက်ာေပးထားရင္း လက္ဝါးျဖန့္ျပလိုက္သည္။ စိမ္းႏုႏုေက်ာက္တုံးေလး တစ္တုံး ေပၚလာေလ၏။ သိဒၶိစြမ္းအင္တို႔ျဖင့္ သန့္စင္ထားေသာ ပုံရိပ္ဖမ္းေက်ာက္မ်ိဳး ျဖစ္သည္။
လိုင္ကုန္းက်ိဳ စိတ္ဆိုးလာသည္။
"မင္းဘာလိုခ်င္ေနတာလဲ"
"လိုင္ရွန္းကြၽင္းက အက်င့္စာရိတၱေကာင္းၿပီး သူေတာ္ေကာင္းဆိုၿပီး သိုင္းေလာကမွာ နာမည္တြင္ေနတာ ဒီသတင္းသာေပါက္ၾကားသြားရင္ ခင္ဗ်ားကိုအဲ့ဒီလူေတြ ေလးစားပါအုံးမလား"
"မင္းဘာျဖစ္ခ်င္ေနတာလဲ... မင္းဘယ္သူလဲ"
"ဘာျဖစ္ခ်င္တာလဲဆိုေတာ့ အေၾကာင္းတစ္ခုကို သိခ်င္တာ.... က်င့္ႀကံသူတို႔ေစ်းကြက္ကေန ျပန္လာတဲ့ ႏြီေအာ္ဆိုတဲ့ အမ်ိဳးသမီးကို ခင္ဗ်ားသတ္ခဲ့တာလား..."
"ႏြီေအာ္?....မင္းကဘယ္သူလဲ"
"မင္း....."
"သူ႕သား.... ဟြမ္ က်င္း ေ႐ႊ.... "
"ဘာ!"
ႏြီေအာ္ရဲ႕သားက အသုံးမက်တဲ့ အမွိုက္ေကာင္ျဖစ္သြားတာ ၾကာၿပီမဟုတ္လား ။ သူ႕နန္းေဆာင္က အကာအကြယ္စည္း ခ်ထားတာေတာင္ သူကဝင္လာနိုင္တယ္တဲ့လား။ သူ႕ေဘးက မိန္းကေလးကလည္း သူ႕စည္းကိုခ်ိဳးေဖာက္ပစ္နိုင္ေလာက္တဲ့အထိ မစြမ္းသာဘူး။
ဒါဆို ဟြမ္က်င္းေ႐ႊက သိဒၶိအျမဳေတ ပ်က္စီးသြားတာ တကယ္မဟုတ္ဘူးေပါ့။ လိုင္ကုန္းက်ိဳက ေရွ႕တစ္လွမ္းတက္လာကာ
"သူမကဒီေလာက္အစြမ္းထက္တာ ငါကဘယ္လိုလုပ္ သတ္နိုင္မွာလဲ"
"ဒါေပမယ့္ အေမ့ခႏၶာကိုယ္က အဲ့ဒီအေရျပားလိုျဖစ္ေနတာ ခင္ဗ်ားဘယ္လိုေျပာမလဲ"
လိုင္ကုန္းလ်ိဳက အ႐ူးတစ္ေယာက္လို တဟားဟား ေအာ္ရယ္ပါေတာ့သည္။ ႏြီေအာ္ရဲ႕ကိစၥကို အစျပန္ေဖာ္တဲ့သူက သူ႕သားကိုယ္တိုင္ျဖစ္လာမယ္လို႔ ခန့္မွန္းထားၿပီးသားျဖစ္သည္။ သူတို႔ေခတ္အခါက ႏြီေအာ္ဆိုတာ က်င့္ႀကံသူတို႔ရဲ႕ ဘုရင္မတစ္ပါးပဲေလ။
သူ႕လက္ဝါးတစ္ခ်က္က အဲ့ဒီလိုဘုရင္မကို ဘယ္လိုမ်ား သတ္နိုင္မတဲ့လဲ။