အခန္း(၂၃)ေလ့က်င့္ေရး
႐ွီက်င္း ထပ္မံေမးလိုက္သည္။
"တျခားအေၾကာင္းျပခ်က္ ႐ွိလို႔လား"
"အင္း"
လ်န္ကြၽင္း ျပန္ေၿဖဖို႔အခ်ိန္တစ္ခုခန္႔ၾကာသည္။
သူသည္ ႐ွီက်င္းအား ေမာ့ျကည့္ကာ ေျပာသည္။
"မင္းကတအား နားညီးလို႔။
ငါ ရက္နည္းနည္းေလာက္ တိတ္တိတ္ဆိတ္ဆိတ္
ေအးေအးခ်မ္းခ်မ္းေနခ်င္လို႔"
"…"
႐ွီက်င္း...႐ွီက်င္း...မ်က္ႏွာျဖတ္႐ိုက္ခံရတာကို
ေတာ္ေတာ္ႀကိဳက္ရဲ႕လား..ပါးစပ္ပိတ္ၿပီးသာ
နားေထာင္ေနသင့္တာ။
"ဒီတာဝန္ကို လက္ခံခ်င္လား"
လ်န္ကြြၽင္း ထပ္ေမးသည္။
"....ဟုတ္"
႐ွီက်င္းသည္ ေနလို႔ထိုင္လို႔မေကာင္းစြာ
အံ့ႀကိတ္ေျဖသည္။
"ဒါဆို ျပန္အနားယူေတာ့"
႐ွီက်င္စ၏မေက်နပ္ေသာအမူအရာကို
စိတ္မဝင္စားစြာ ထြက္သြားဖို႔လက္ဟန္ျပလိုက္သည္။
"မစ္႐ွင္မစခင္ အစိုးရဘက္က
မင္းကို အခ်ိန္တိုေလ့က်င့္္ေပးဖို႔
လူတစ္ေယာက္လႊတ္ေပးလိမ့္မယ္၊ဒါေၾကာင့္
ေလ်ွာက္သြားမေနဘဲ အနားယူၿပီး
ဒဏ္ရာေတြေပ်ာက္ေအာင္လုပ္ထား"
႐ွီက်င္းသည္ ထိုတစ္ကိုယ္ထီးပုံရိပ္အား
ၾကည့့္ရင္း ေသြးမအန္ေအာင္ အခန္းထဲမွ
ျမန္ျမန္ထြက္လာေတာ့သည္။
"မင္းဒါလင္က ေသြးေအးခ်က္! သူ႔ကို
အစားပိုစားေအာင္ ေခ်ာ့ျမဴၿပီး
ဒီေလာက္ႀကိဳးစားလုပ္ေပးခဲ့ရတာကို!"
႐ွီက်င္းသည္ သူ႔စိတ္အတြင္း
ခါးခါးသီးသီးေဝဖန္သည္။
ေ႐ွာင္စစ္သည္ တြန္႔ဆုတ္စြာ ႐ွီက်င္း၏
ကြဲေၾကေနေသာႏွလုံးသားေလးကို
ဖာေထးေပးေနသည္။
<တကယ္ေတာ့ ဒါလင္က က်င္းက်င္းကို
မသြားေစခ်င္ပါဘူး။ဒီေန႔ညစာက
က်င္းက်င္းအႀကိဳက္ေတြခ်ည္းပဲဆိုတာ
သတိထားမိတယ္မလား>
"အဲ့ေတာ့ ဘာလုပ္ရမွာလဲ၊ ဝက္ေတြကိုေတာင္
မသတ္ခင္ အသားတိုးေအာင္လုပ္တာပဲကို"
႐ွီက်င္းသည္ လ်န္ကြၽင္း၏ၾကင္နာမႈမ်ားကို
အသိအမွတ္ျပဳရန္ စိတ္အေျခအေနမေကာင္းေပ။
<…>
ေနာက္တစ္ေန႔မွစတင္၍ ႐ွီက်င္းသည္
ဒဏ္ရာမ်ားကိုျပန္ေကာင္းေအာင္လုပ္ရင္း
Gua Yiႏွင့္အျခားသူမ်ားႏွင့္အတူ
ေလ့က်င့္ေရးဘဝကို စတင္ခဲ့သည္။
မသကၤာမႈမ်ား ဆက္လက္စုံစမ္းခ်င္ေသာ္လည္း
မေမ်ွာ္လင့္ေသာတာဝန္ေၾကာင့္ ထိုအစီအစဥ္အား
ယာယီေဘးဖယ္ထားၿပီး ေလ့က်င့္ရာတြင္သာ
အာ႐ုံစိုက္ထားလိုက္သည္။
ထိုအခ်ိန္အေတာအတြင္းတြင္ ႐ွီေဝခ်ဳံးသည္
႐ွီက်င္းဆီထပ္ေရာက္လာသည္။
႐ွီက်င္းသည္လည္း သူတို႔ၾကား႐ွိဆက္ဆံေရးကို
ေျဖေလ်ာ့ရန္ အခြင့္အေရးမရသျဖင့္
စိတ္ပူေနခဲ့ရသည္။ထို႔ေၾကာင့္ ႐ွီေဝခ်ဳံး
ေရာက္လာသည့္သတင္းကို ၾကားသည္ႏွင့္
အခြင့္အေရးကို အမိအရဆုပ္ေထြးလိုက္သည္။
သူ႔ရင္ထဲ႐ွိ ႏွလုံးသားသည္ ေပ်ာ္ရႊင္မႈမ်ားျဖင့္
ခုန္ေပါက္ေနေသာ္လည္း စိတ္ဆိုးေနေသာ
မ်က္ႏွာမ်ိဳးျပဳလုပ္ထားကာ အျပင္သို႔ထြက္လာသည္။
ညီအစ္ကိုႏွစ္ေယာက္သည္ ကားနားေဘးတြင္
အက်ဥ္းခ်ဳံး စကားေျပာၾကသည္။
"က်ိဳးက်ဳံးနဲ႔ ဘာလို႔ရန္သြားျဖစ္တာလဲ"
႐ွီေဝခ်ဳံး ေမးလိုက္သည္။
"ကြၽန္ေတာ္ ဟိုးအရင္တည္းက
သူ႔ကို႐ိုက္ခ်င္ခဲ့တာ"
႐ွီက်င္း ျပန္ေျဖသည္။
"မင္း ဘယ္နားနာသြားေသးလဲ"
"ေနရာစုံပဲ"
႐ွီေဝခ်ဳံးသည္ မ်က္ေမွာင္ၾကဳတ္ကာ
႐ွီက်င္း၏ညိဳမဲစြဲေနေသာမ်က္ႏွာကို
ၾကည့္လိုက္သည္။
"မင္းရန္ျဖစ္ခ်င္ေသးလား? ငါမင္းနဲ႔
ရန္ျဖစ္ေပးႏိုင္တယ္"
႐ွီေဝခ်ဳံးသည္ တခဏတိတ္ဆိတ္ၿပီးမွ ေျပာသည္။
(ေျပာခ်င္တာက အစ္ကိုႀကီးကို
မင္းႀကိဳက္သေလာက္ ႐ိုက္ႏိုင္တယ္ေပါ့)
"…"
ဘ႐ို...ဇာတ္ေၾကာင္းနဲ႔လြဲေနျပန္ၿပီ။
"ကြၽန္ေတာ္ အစ္ကိုႀကီးနဲ႔ရန္မျဖစ္ခ်င္ပါဘူး"
႐ွီက်င္းသည္ စူပုတ္ပုတ္ျပန္ေျဖကာ
ပုန္ကန္တတ္ေသာဆယ္ေက်ာ္သက္
ေကာင္ေလးဟန္ မ်က္ႏွာလႊဲလိုက္သည္။
ထို႔ေနာက္ မ်က္ႏွာကို အနည္းငယ္ေျဖေလ်ာ့ကာ
႐ွီေဝခ်ဳံးအားေခ်ာင္းၾကည့္သည္။
"အစ္ကိုႀကီး, ကြၽန္ေတာ့္ကိုမုန္းေနေသးလား"
ထို႔သို႔ႏူးႏူးညံ့ညံ့အေမးခံရေသာအခါ
႐ွီေဝခ်ဳံးသည္ သက္ျပင္းခ်ကာ ႐ွီက်င္း၏
အေမႊးပြပြေခါင္းေလးကို ပြတ္သပ္လိုက္သည္။
႐ွီက်င္းသည္ သူ႔လက္အား မေ႐ွာင္သည္ကို
ျမင္ေသာအခါ သူ႔အမူအရာမ်ားမွာ
ပို၍ေပ်ာ့ေျပာင္းလာသည္။
"ငါ မုန္းတီးစိတ္မ႐ွိဘဲ မင္းကိုျမင္ႏိုင္ေအာင္
ႀကိဳးစားေနတယ္၊ ေ႐ွာင္က်င္း...
ဘာေတြပဲျဖစ္ေနပါေစ မင္းက ထာဝရငါ့ညီေလးပဲ"
ေ႐ွာင္စစ္သည္ အံ့ျသေပ်ာ္ရႊင္စြာ အသံေပးသည္။
<က်သြားၿပီ, ယူနစ္ဘားက ၈၇၀ကို က်သြားၿပီ!>
႐ွီက်င္း၏တင္းက်ပ္ေနေသာႏွလုံးသားေလးမွာ
ခ်က္ခ်င္း ေျဖေလ်ာ့သြားသည္။႐ွီက်င္း
ေပ်ာ္ရႊင္စြာ ျပဳံးလိုက္သည္။
သူခန္႔မွန္းတာ မွန္သြားၿပီ...႐ွီေဝခ်ဳံးက
႐ွင္သန္ႏိုင္တဲ့အေၾကာင္းရင္းပဲ။သူနဲ႔သာ
ဆက္ဆံေရးေကာင္းရင္ ငါ့အခြင့္အလမ္းေတြ
တိုးမ်ားလာမွာ!
႐ွီေဝခ်ဳံးသည္ ႐ွီက်င္း၏အျပဳံးအား
ျမင္ေသာအခါ သူပိုၿပီး ေနရထိုင္ရခက္လာသည္။
"ေ႐ွာင္က်င္း, ငါမင္းကို ေတာက္ေလ်ွာက္
အထင္လြဲလာမိတာ ငါသိ-"
"ေက်းဇူး!"
႐ွီက်င္းသည္ ႐ုတ္တရက္လက္လွမ္းကာ
သူ႔အားဝက္ဝံတစ္ေကာင္လိုဖက္ေထြးလိုက္ၿပီး
ေနာက္ေက်ာကိုပင္ ပြတ္ေပးေနသည္။
႐ွီက်င္းသည္ေပ်ာ္ရႊင္စြာ ေျပာသည္။
"အစ္ကိုႀကီး ကြၽန္ေတာ့္မမုန္းဘူးဆိုေတာ့
ေကာင္းလိုက္တာ..ေက်းဇူးပါပဲ အစ္ကိုႀကီး!"
႐ွီေဝခ်ဳံးသည္ အံ့အားသင့္စြာ ေတာင့့္ခဲသြားသည္။
သူသည္ တစ္စုံတစ္ေယာက္ဆီမွ
ထိုသို႔အဖက္မခံရသည္မွာ အမွန္တကယ္ပင္
ၾကာျမင့္ခဲ့ၿပီျဖစ္သည္။သူ႔မိသားစုဝင္မ်ားျဖစ္သည့္
အေဖ၊အေမ၊ညီအစ္ကိုမ်ားႏွင့္ အျမဲလိုလို
တနည္းနည္းျဖင့္ ေဝးကြာေနခဲ့ၿပီး
သူ႔သူငယ္ခ်င္း အသိအကြၽမ္းမ်ားနွင့္လည္း
အကြာအေဝးတစ္ခုု ျခားထားခဲ့သည္။
ၾကင္နာေႏြးေထြးေသာ အျပဳအမူမ်ားမွာ
သူ႔ဘဝတစ္ေလ်ွာက္လုံး လစ္ဟာေနခဲ့ေသာ
အရာျဖစ္သည္။
ထို႔ေၾကာင့္ သူ႔ခႏၶာကိုယ္သည္
သဘာဝအေလ်ာက္ တင္းမာေနသည္။
သူ၏ေဆာင္းရာသီအေႏြးထည္မ်ားေၾကာင့္
ေပြ႔ဖက္မႈသည္ မတင္းက်ပ္လွေသာ္လည္း
႐ွီက်င္းလက္ေမာင္းအားႏွင့္ သူ႔ပုခံုးထက္တြင္
မွီေနေသာ ႐ွီက်င္းေခါင္း၏အေလးခ်ိန္ကို
ခံစားႏိုင္သည္။
႐ွီေဝခ်ဳံးသည္ သူ႔ပါးျပင္ႏွင့္ထိကပ္ေနေသာ
ေခါင္းအား ၾကည့္ကာ အခါေႏွာင္းသြားသည့္
အေတြးတစ္ခုစိတ္ထဲေပၚလာသည္။
သူ႔ေ႐ွ႕မွေကာင္ေလးသည္ အခုမွ
အရြယ္ေရာက္လာေသာ ကေလးတစ္ဦးျဖစ္သည့္
သူ႔ညီအငယ္ဆုံးေလးျဖစ္သည္။
"ငါ့ကို ေက်းဇူးတင္စရာလိုတဲ့ကိစၥမ်ိဳး
မဟုတ္ပါဘူး"
႐ွီေဝခ်ဳံးသည္ ထိုသို႔ေျပာကာ
မေမ်ွာ္လင့္ထားေသာ ေပြ႔ဖက္မႈကို
ျပန္တုံ႔ျပန္ရန္ သူ႔လက္ကို မရဲတရဲ
ေျမႇာက္လိုက္ေသာ္လည္း သူေရြ႔႐ုံ႐ွိေသး၊
႐ွီက်င္းမွာ လူခ်င္းျပန္ခြာလိုက္သည္။
"ကြၽန္ေတာ္ ေလ့က်င့္လို႔မၿပီးေသးဘူး။
ဒါေၾကာင့္ သြားေတာ့မယ္ေနာ္ အစ္ကိုႀကီး"
႐ွီက်င္းသည္ ဖက္ၿပီးစကၠန္႔အနည္းငယ္
ၾကာသည္ႏွင့္ လႊတ္လိုက္သည္။ရွီက်င္း
အပိုေတြလုပ္မိၿပီး ႐ွီေဝခ်ဳံးသံသယဝင္သြားမည္
စိုးေသာေၾကာင့္ျဖစ္သည္။သူသည္
ညီအစ္ကိုႏွစ္ဦးဆက္ဆံေရးအား
ပိုမိုနီးစပ္သြားေအာင္ လုပ္ရန္လည္း မေမ့ေပ။
"ေနာက္တစ္ခါဆို ကြၽန္ေတာ့္ကိုေတြ႔ခ်င္ရင္
တိုက္႐ိုက္ဖုန္းေခၚလိုက္ပါ။ဒီလို
ကလပ္အျပင္ဘက္မွာ လာေစာင့္ေနစရာ
မလိုပါဘူး၊ေဆာင္းတြင္းႀကီး အျပင္မွာေအးတယ္"
စကားၾကာၾကာေျပာပါက အမွားေတြ
ထြက္လာမွာစိုးသျဖင့္ ႐ွီေဝခ်ဳံးအား တာ့တာျပကာ
ကလပ္ထဲေျပးဝင္သြားေတာ့သည္။
႐ွီေဝခ်ဳံးသည္ ႐ွီက်င္းကလပ္ထဲဝင္သြားသည္ကို
ၾကည့္ကာ ေျမႇာက္ထားေသာလက္ေမာင္းအား
ျဖည္းျဖည္းခ်င္း ျပန္ခ်လိုက္သည္။သူသည္
ထိုေနရာတြင္သာ အခ်ိန္အေတာ္ၾကာ
ရပ္ေနမိၿပီးေနာက္ အသံထြက္ရယ္လိုက္ကာ
ကားထဲသို႔ လွည့္ဝင္သြားသည္။
ကလပ္ထဲတြင္ေတာ့ ႐ွီက်င္းသည္
႐ွီေဝခ်ဳံး ဖုန္းနံပါတ္အား႐ိုက္ထည့္ကာ
အျပဳံးအီမိုဂ်ီပုံေလး ပုိ႔လိုက္သည္။
ဆယ္မိနစ္ခန္႔ၾကာၿပီးေနာက္ ႐ွီေဝခ်ဳံးလည္း
ျပန္ပို႔လာၿပီး ႐ွီက်င္း ရဲ႕အမွတ္သည္
၈၅၀ထိ က်သြားသည္။
"ငါတို႔ဒီေန႔ေတာ့ ကံထူးတာပဲ၊အမွတ္၃၀ေတာင္"
႐ွီက်င္းသည္ ေက်နပ္စြာေျပာသည္။
တစ္မိနစ္ေလာက္ စဥ္းစားၿပီးေနာက္
သူသည္ ႐ုန္က်ိဳးက်ံဳးဆီသို႔ စာတစ္ေစာင္ပို႔လိုက္သည္။
[ဒဏ္ရာေတြသက္သာသြားၿပီလား?အစ္ကိုႀကီးက
ကြၽန္ေတာ့္ကိုလာေတြ႔ေတာ့ အစ္ကို႔
ရန္ျဖစ္ၿပီးပုံကို ေျပာျပလိုက္တယ္]
႐ုန္က်ိဳးက်ံဳး၏ျပန္စာသည္ ခ်က္ခ်င္းပင္
ျပန္ေရာက္လာၿပီး စာလုံးတိုတစ္ခုသာပါဝင္သည္။
[႐ွဴး႐ွဴး!]
႐ွီက်င္းသည္ ဖုန္းမ်က္ႏွာျပင္ကိုၾကည့္ကာ
ျပဳံးျဖဲျဖဲျဖစ္သြားသည္။႐ုန္က်ိဳးက်ံဳးသည္
ေခ်မိုးေသာ အႏုပညာစီးပြားေရးေလာက၏
နတ္ဆိုးဘုရင္ဟု နာမည္ႀကီးေသာ္လည္း
အမွန္တကယ္ေတာ့ ခ်စ္ဖို႔ေကာင္းသည္ဟု
႐ွီက်င္း ႐ုတ္တရက္ေတြးမိသည္။
ႏွစ္ရက္ခန္႔ၾကာေသာအခါ ႐ွီက်င္းမ်က္ႏွာမွ
ဒဏ္ရာမ်ားလည္း ေပ်ာက္ကင္းသြားၿပီျဖစ္ကာ
အမႈေဆာင္မ်ားဘက္မွလည္း သတင္း
ရ႐ွိလာေတာ့သည္။ေလ့က်င့္ေပးမည့္နည္းျပကို
ေရြးခ်ယ္ၿပီးၿပီျဖစ္၍ ထိုသူသည္
ညေနပိုင္းတြင္ ေရာက္႐ွိမည္ ဟူ၍ျဖစ္သည္။
႐ွီက်င္း စဥ္းစားရခက္သြားသည္။
"ဒီမစ္႐ွင္က အေရးႀကီးတယ္မလား။အဲ့တာကို
ဘာလို႔လူတစ္ေယာက္လႊတ္ဖို႔.အဲ့ေလာက္
အခ်ိန္ၾကာေနရတာလဲ။သူတို႔ဘက္မွာ
ျပႆနာ႐ွိလို႔လား"
Gua Yiသည္ ေခါင္းခါၿပီး ေျပာသည္။
"ဘာျပႆနာမွ မဟုတ္ဘူး။ဒီတိုင္း
ယွဥ္ၿပိဳင္ေနၾကတာ။အထက္က
သင့္ေတာ္တဲ့အဖြဲ႔ဝင္ကို သေဘာမတူျဖစ္ၿပီး
ျငင္းခုံေနၾကတာေလ။အဲ့တာေၾကာင့္
အခုလိုၾကာသြားတာ"
Gua Yi၏အမူအရာမွာလည္း သေဘာမက်ပုံေပၚသည္။
"လူသစ္ေလးကို ေလ့က်င့္ေပး႐ုံပဲကို
ဘာေတြအျငင္းပြားစရာလိုလို႔လဲ"
႐ွီက်င္း ပို၍ စိတ္႐ႈပ္သြားသည္။
Gua Yiသည္ ႐ွီက်င္း၏ဆရာလိုျဖစ္ေနသျဖင့္
ဆက္႐ွင္းျပသည္။
"ဒါေပါ့ သူတို႔ကေလ့က်င့္ေရးကို
စိတ္ဝင္စားတာမဟုတ္ဘူး၊ သူတို႔လိုခ်င္တာက ဒီNightlightထဲ ဝင္ခြင့္ရဖို႔ပဲ။ဒီေနရာက
ကြၽင္းေ႐ွာက္ရဲ႕သီးသန္႔ေနအိမ္။အစိုးရအတြက္
အလုပ္လုပ္တဲ့လူေတြက ဒီေနရာကို
စိတ္တိုင္းက်ဝင္ခြင့္ရမယ္လို႔ မင္းထင္လား။Nightlightထဲဝင္ရဖို႔ ခြင့္ျပဳမိန့္က
လြယ္လြယ္မရဘူးေလ"
ထိုသူစကားေတြေၾကာင့္ ႐ွီက်င္း
ဉာဏ္အလင္းေပါက္သြားသည္။သူသည္
ေတာက္ခပ္ကာ ေခါင္းခါရင္း သူ႔အား
ေလ့က်င့္ေပးမည့္နည္းျပ မွာ
ကြယ္ဝွက္ထားေသာရည္ရြယ္ခ်က္မ်ားႏွင့္
ေကာက္က်စ္ေသာအၾကည့္မ်ား႐ွိသည့္
သက္လတ္ပိုင္း လူဝႀကီးျဖစ္မည္ဟု
ေအာ္တိုခန္႔မွန္းမိၿပီး ဘာမွထပ္ေမးဖို႔
စိတ္ကူးမ႐ွိေတာ့ေပ။
တိုက္ခိုက္ေရးအခန္းတြင္ ညေနမြန္းလႊဲပိုင္းအထိ
ကုန္ဆုံးၿပီးခ်ိန္မွာ ႐ုတ္တရက္
တံခါးေခါက္သံၾကားလိုက္ရသည္။
Gua Yiသည္ ႐ွီက်င္းႏွင့္လက္ေဝွ႔ထိုးေနျခင္းကို
ရပ္ကာ ဝင္ခဲ့ဖို႔အသံေပးလိုက္သည္။
တံခါးသည္ အနည္းငယ္ပြင့္သြားၿပီး
Gua Erမွ အထဲသို႔ေခ်ာင္းၾကည့္လာသည္။
သူသည္ Gua Yiကို အရင္လွမ္းၾကည့္ၿပီး
႐ွီက်င္းဘက္သို႔ အၾကည့္ေရာက္သြားသည္။
သူ၏အမူအရာမွာအဓိပၸါယ္မ်ားစြာပါဝင္ေနၿပီး
"အစိုးရဘက္က ေစလႊတ္လိုက္တဲ့လူေရာက္ၿပီ"
ဟူ၍ ဆိုသည္။
႐ွီက်င္းသည္ သူ႔အား သံသယဝင္စြာၾကည့္ၿပီး
ေျပာသည္။
"Gua Er, ခင္ဗ်ားအမူအရာက ဘာျဖစ္တာလဲ?
မ်က္ႏွာ အေၾကာဆြဲေနတာလား"
Gua Erသည္ စိတ္ဆိုးစြာမ်က္စိလွန္ျပလိုက္ၿပီး
႐ွီက်င္းအား မ်က္စိထပ္မမိွတ္ျပေတာ့ဘဲ
အထင္ေသးေသာအၾကည့္တစ္ခ်က္
ေပးလိုက္သည္။ထို႔ေနာက္ တံခါးကို
အျပည့္အဝဖြင့္ခ်လိုက္ကာ သူ႔ေနာက္တြင္
ရပ္ေနေသာအနက္ေရာင္ဝတ္စုံႏွင့္လူအား
လမ္းဖြင့္ေပးလိုက္သည္။
႐ွီက်င္း၏ျမင္ကြင္းဘက္မွၾကည့္လ်ွင္
Gua Erေဘးသို႔ဖယ္ေပးလိုက္ခ်ိန္တြင္
ပထမဦးဆုံးျမင္လိုက္ရသည္က
အနက္ေရာင္ဘြတ္ဖိနပ္ႏွင့္အေရာင္တူျဖစ္ေသာ
ဆြယ္တာေဘာင္းဘီ႐ွည္ကို
ဝတ္ဆင္ထားသည့္ေျခတံ႐ွည္တစ္စုံကိုျဖစ္သည္။
သူ၏ႀကိဳတင္ခန္႔မွန္းခ်က္မ်ားလို
မယုံၾကည္ခ်င္စရာလူဝႀကီးမ်ိဳး မပို႔လာသျဖင့္
႐ွီက်င္း အနည္းငယ္အံ့ျသသြားကာ
သူထင္ထားသည္ထက္ အမႈေဆာင္ေတြက
ပိုယုံၾကည္စိတ္ခ်ရသည္ဟု ေ႐ွာင္စစ္အား
ခိုးေၾကာင္ခိုး၀ွက္ ေျပာလိုက္သည္။ထိုသူသည္
ေ႐ွ႕သို႔ေျခလွမ္းလိုက္ကာ မ်က္ႏွာအား
ေဖာ္ျပလိုက္ခ်ိန္မွာေတာ့ ႐ွီက်င္း
သတိလစ္ခ်င္သလိုျဖစ္သြားသည္။
"စ...စတုတၳအစ္ကို?!"
႐ွီက်င္းသည္ သူ႔မ်က္လုံးသူပင္ မယုံႏိုင္စြာ
အထစ္ထစ္အေငါ့ေငါ့ေျပာသည္။
႐ွန္႔အာ့ထင္၏ေျခလွမ္းသည္လည္း
တုံဆိုင္းသြားကာ မ်က္ေမွာင္ၾကဳတ္ၿပီး
သူ႔မ်က္လုံးမ်ားသည္ ႐ွီက်င္းအေပၚသာ
ၾကည့္ေနသည္။
ထို႔ေနာက္ ႐ွီက်င္းဝတ္ဆင္ထားေသာ
အတိုက္အခိုက္ေလ့က်င့္ေရးဝတ္စုံကို
ျမင္ေသာအခါ အမူအရာပ်က္စြာ ေမးသည္။
"မင္းက ဘာလို႔ဒီမွာ႐ွိေနတာလဲ"
ထိုေမးခြန္းမ်ိဳးေမးခံလိုက္ေသာအခါ ႐ွီက်င္း
နား႐ႈပ္သြားသည္။
"အဲ့တာက ကြၽန္ေတာ္ေမးရမွာေလ၊အစ္ကိုက
ေလယာဥ္မႉးမဟုတ္ဘူးလား။ဘယ္လိုလုပ္
နည္းျပျဖစ္သြားတာလဲ? ကြၽန္ေတာ္ဘာလို႔
ဒီမွာ႐ွိေနတာလဲက ကြၽန္ေတာ္ဒီမွာေနလို႔ေပါ့။
အရင္တည္းကေျပာထားတာပဲေလ၊
အံၾသခ်င္ေယာင္မေဆာင္ပါနဲ႔"
"မင္းဒီမွာေနမွန္း ငါေသခ်ာေပါက္သိတာေပါ့
ဒါေၾကာင့္လည္း ငါ ဒီစစ္ဆင္ေရးကို
ေလ်ွာက္လိုက္တာ။ငါေမးတာက
မင္းကဘာလို႔ ဒီအခန္းထဲမွာ႐ွိေနရတာလဲ"
႐ွန္႔အာ့ထင္ ျပန္ေျဖသည္။ ႐ွန္႔အာ့ထင္သည္
တစ္ခုခုကိုနားလည္ဖို႔ႀကိဳးစားကာ သူ႔ကို
ဒီေခၚလာေသာ Gua Erကိုလွမ္းၾကည့္လိုက္သည္။
"ဘာလို႔ ေ႐ွာင္က်င္းကဒီမွာ႐ွိေနတာလဲ?
မင္းေျပာေတာ့ ဒီမစ္႐ွင္မွာပါမဲ့လူဆီ
ေခၚသြားေပးမယ္ဆို"
Gua Erသည္ ႐ွီက်င္းအား
လက္ညွိဳးထိုးကာ ေျပာသည္။
"သူပဲေလ၊ ခင္ဗ်ားေလ့က်င့္ေပးရမဲ့သူက"
႐ွန္႔အာ့ထင္၏မ်က္ႏွာမွာ ပ်က္ယြင္းသြားၿပီး
သူ႔မ်က္လုံးထဲ႐ွိ အမူအရာလည္း
ေျပာင္းလဲသြားကာ ေတာင့္တင္းစြာ ေျပာသည္။
"ငါ လ်န္ကြၽင္းနဲ႔ေတြ႔ခ်င္တယ္"
႐ွန္႔အာ့ထင္ကို စျမင္တည္းက
Gua Erဒီလိုေတြျဖစ္လာမည္ဆိုတာ
သိၿပီးသားျဖစ္သျဖင့္
ထိုစကားအားၾကားေသာအခါ မအံ့ျသေတာ့ေပ။
သူသည္ Gua Yiကို လက္ျပႏႈတ္ဆက္လိုက္ၿပီး
႐ွန္႔အာ့ထင္ကို သူ႔ေနာက္လိုက္ခဲ့ရန္
အခ်က္ျပလိုက္သည္။
႐ွီက်င္းသည္လည္း အေျခအေနေတြ
မဟန္ေတာ့ဘူးဆိုတာ သေဘာေပါက္သျဖင့္
အတိုက္အခိုက္ဝတ္စုံကို လ်င္ျမန္စြာခြၽတ္ကာ
လက္ေဝွ႔ကြင္းထဲမွ ခုန္ထြက္ကာ သူတို႔ေနာက္သို႔
ေျပးလိုက္သည္။
"ကြၽန္ေတာ္လည္း လိုက္မယ္"
Gua Erလည္း စိတ္ထဲမထားဘဲ
ေခါင္းညိိတ္ျပသည္။႐ွီက်င္း
အကာအကြယ္ဝတ္စုံအား ဖယ္႐ွားပုံမွာ
အေတာ္ကြၽမ္းက်င္ေနသည္ကို ႐ွန့္႔အာ့ထင္
သတိျပဳမိေသာအခါ သူ႔အမူအရာမွာ
ပိုၾကည့္ရဆိုးသြားသည္။
လူသုံးေယာက္ လ်န္ကြၽင္း၏စာၾကည့္ခန္းဆီသို႔
သြားေနစဥ္တြင္ ႐ွီက်င္းသည္ ေ႐ွာင္စစ္အား
တိတ္တခိုး စကားေျပာေနသည္။သူသည္
႐ုန္က်ိဳးက်ံဳး၏[ေသလိုက္!]ဟူေသာ စာအား
ျပန္သတိရသြားေသာအခါ သူ႔စိတ္ထဲ
အေတြးတစ္ခုဝင္လာသည္။သူသည္
ခ်က္ခ်င္းဖုန္းကိုထုတ္ကာ စာ႐ိုက္သည္။
[တတိယအစ္ကို, စတုတၳအစ္ကို
Nightlightကိုလာမယ္ဆိုတာ သိထားလား]
႐ုန္က်ိဳးက်ံဳးသည္ လ်င္ျမန္စြာ ျပန္ပို႔လာၿပီး
သူ႔ျပန္စာသည္ ထုံးစံအတိုင္း တိုျပတ္ျပတ္ျဖစ္သည္။
[မင္းေသၿပီ မ်ိဳးမစစ္ေလး!]
အဲ့ကေလးကလားခ်ီးထုပ္ေကာင္က
တကယ္သိေနတာပဲ!
႐ွီက်င္းသည္ ဖုန္းကိုျပန္သိမ္းလိုက္ၿပီး
သူ႔ေ႐ွ႕တြင္ ေလ်ွာက္ေနေသာ ႐ွန္႔အာ့ထင္အား
တစ္ခ်က္ၾကည့္ကာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
သူသည္ ႐ွန္႔အာ့ထင္အားမွီရန္
ေျခလွမ္းျမန္ျမန္လွမ္းလိုက္ၿပီး စကားစသည္။
"စတုတၳအစ္ကို ဒီအခ်ိန္က..."
"အစ္ကိုတို႔ ေနာက္မွဆက္ေျပာမယ္"
႐ွန္႔အာ့ထင္သည္ ေခါင္းပင္လွည့္မၾကည့္ဘဲ
ျဖတ္ေျပာသည္။သူသည္ လ်န္ကြၽင္း၏
စာၾကည့္ခန္းတံခါးအား ျမင္ေသာအခါ
အ႐ွိန္ကိုျမင့္လိုက္သည္။တံခါးပင္မေခါက္ဘဲ
ဆြဲဖြင့္ၿပီး ဝင္လာသည္။Gua Jiu၏သတိ႐ွိစြာ
ထရပ္လိုက္သည္ကို လ်စ္လ်ဴရႈၿပီး
စားပြဲေနာက္တြင္ထိုင္ေနေသာလ်န္ကြၽင္းအား
ေတြ႔ေသာအခါ ထိုသူဆီေလ်ွာက္သြားသည္။
ၿပီးေနာက္ စားပြဲခံုကို လက္ျဖင့္႐ိုက္ခ်ကာ
ေ႐ွ႕သို႔ကုန္းၿပီး လ်န္ကြြၽင္းကို စိုက္ၾကည့္သည္။
"လ်န္ကြၽင္း, ဘာျဖစ္လို႔ ငါ့ညီေလးက
ဒီမစ္႐ွင္မွာ ပါဝင္ေနတာလဲ"
သူ၏ရန္လိုမႈကိုပင္ မဖုံးကြယ္ဘဲ
ေမးလိုက္သည္။
"စတုတၳအစ္ကို"
႐ွန္႔အာ့ထင္၏ဝင္ဝင္လာခ်င္းအျပဳအမူကို
ျမင္လိုက္ရေသာအခါ ႐ွီက်င္းႏွလုံးခုန္ပင္
ရပ္တန့္႔မလိုျဖစ္သြားသည္။သူ႔အစ္ကို
လ်န္ကြၽင္းအားတိုက္ခိုက္မည္ကို စိုးရိမ္သျဖင့္
စားပြဲဆီသို႔အျမန္သြားၿပီး လ်န္ကြၽင္းေဘးနား
ဝင္ရပ္လိုက္သည္။
႐ွန္႔အာ့ထင္၏အမူအရာမွာ ပို၍
ထိန္းမရျဖစ္လာကာ လ်န္ကြၽင္းအား
'အျပစ္ကင္းစင္ေသာဆယ္ေက်ာ္သက္
ေကာင္ေလးအား လိမ္ညာလွည့္စားၿပီး
အသုံးခ်ေနေသာ ကိုယ္က်င့္တရား
ကင္းမဲ့သည့္အၾကံသမား'ဟူေသာ
အၾကည့္မ်ဳိးျဖင့္ ၾကည့္ေနသည္။
႐ွီက်င္းသည္ ႐ွန္႔အာ့ထင္အား
စကားေျပာၾကည့္ဖို႔ ႀကိဳးစားသည္။
"စတုတၳအစ္ကို,ကြၽန္ေတာ္..."
"မင္းပါးစပ္ပိတ္ထား!"
႐ွန္႔အာ့ထင္သည္ သူ႔အား စကားေျပာခြင့္
မျပဳေပ။သူ႔မ်က္လုံးမ်ားသည္ လ်န္ကြၽင္းထံမွ
မခြာဘဲ ေမးသည္။
"မင္းဘာေတြၾကံေနတာလဲ? ဘာျဖစ္လို႔
႐ွီက်င္းလို ကေလးတစ္ေယာက္ကို
ဒီမစ္႐ွင္မွာ ပါခိုင္းရတာလဲ?"
႐ွီက်င္းသည္ အသက္႐ွဴသြင္းကာ သူ႔အား
'ကေလး'ဟုေခၚျခင္းကို ဆန္႔က်င္ေျပာရန္
လုပ္ခ်ိန္တြင္ လ်န္ကၽြင္းသည္
သူ႔လက္ေမာင္းကို ဆုပ္ကိုင္လိုက္သည္။
"ငါ ဘာမွမၾကံစည္ပါဘူး"
Gua Jiuႏွင့္Gua Er ႐ွန္႔အာ့ထင္နား
ခ်ဥ္းကပ္လာသည္ကို လက္ျပတားလိုက္ၿပီး
ေျဖသည္။သူသည္ ႐ွန္႔အာ့ထင္၏
ရန္လိုေနေသာအၾကည့္အား တည္ၿငိမ္စြာ
ရင္ဆိုင္လိုက္ၿပီး ေျပာသည္။
"႐ွီက်င္းကို ေရြးရတဲ့အေၾကာင္းက
သူကအရည္အေသြးျပည့္မီၿပီး
အသင့္ေတာ္ဆုံးသူမို႔လို႔။ၿပီးေတာ့
႐ွီက်င္းက ကေလးမဟုတ္ေတာ့ဘူး။
အရြယ္ေရာက္ေနတဲ့လူငယ္တစ္ေယာက္ျဖစ္ေနၿပီ"
============================
အခန်း(၂၃)လေ့ကျင့်ရေး
ရှီကျင်း ထပ်မံမေးလိုက်သည်။
"တခြားအကြောင်းပြချက်ရှိလို့လား"
"အင်း"
လျန်ကျွင်း ပြန်ဖြေဖို့အချိန်တစ်ခုခန့်ကြာသည်။
သူသည်ရှီကျင်းအားမော့ကြည့်ကာပြောသည်။
"မင်းကတအား နားညီးလို့။
ငါ ရက်နည်းနည်းလောက်တိတ်တိတ်ဆိတ်ဆိတ်
အေးအေးချမ်းချမ်းနေချင်လို့"
"…"
ရှီကျင်း...ရှီကျင်း...မျက်နှာဖြတ်ရိုက်ခံရတာကို
တော်တော်ကြိုက်ရဲ့လား..ပါးစပ်ပိတ်ပြီးသာ
နားထောင်နေသင့်တာ။
"ဒီတာဝန်ကို လက်ခံချင်လား"
လျန်ကျွင်း ထပ်မေးသည်။
"....ဟုတ်"
ရှီကျင်းသည်နေလို့ထိုင်လို့မကောင်းစွာ
အံ့ကြိတ်ဖြေသည်။
"ဒါဆို ပြန်အနားယူတော့"
ရှီကျင်စ၏မကျေနပ်သောအမူအရာကို
စိတ်မဝင်စားစွာ ထွက်သွားဖို့လက်ဟန်ပြလိုက်သည်။
"မစ်ရှင်မစခင်အစိုးရဘက်က
မင်းကို အချိန်တိုလေ့ကျင့််ပေးဖို့
လူတစ်ယောက်လွှတ်ပေးလိမ့်မယ်၊ဒါကြောင့်
လျှောက်သွားမနေဘဲ အနားယူပြီး
ဒဏ်ရာတွေပျောက်အောင်လုပ်ထား"
ရှီကျင်းသည်ထိုတစ်ကိုယ်ထီးပုံရိပ်အား
ကြည့့်ရင်းသွေးမအန်အောင်အခန်းထဲမှ
မြန်မြန်ထွက်လာတော့သည်။
"မင်းဒါလင်ကသွေးအေးချက်! သူ့ကို
အစားပိုစားအောင်ချော့မြူပြီး
ဒီလောက်ကြိုးစားလုပ်ပေးခဲ့ရတာကို!"
ရှီကျင်းသည်သူ့စိတ်အတွင်း
ခါးခါးသီးသီးဝေဖန်သည်။
ရှောင်စစ်သည်တွန့်ဆုတ်စွာ ရှီကျင်း၏
ကွဲကြေနေသောနှလုံးသားလေးကို
ဖာထေးပေးနေသည်။
<တကယ်တော့ ဒါလင်က ကျင်းကျင်းကို
မသွားစေချင်ပါဘူး။ဒီနေ့ညစာက
ကျင်းကျင်းအကြိုက်တွေချည်းပဲဆိုတာ
သတိထားမိတယ်မလား>
"အဲ့တော့ ဘာလုပ်ရမှာလဲ၊ ဝက်တွေကိုတောင်
မသတ်ခင်အသားတိုးအောင်လုပ်တာပဲကို"
ရှီကျင်းသည်လျန်ကျွင်း၏ကြင်နာမှုများကို
အသိအမှတ်ပြုရန်စိတ်အခြေအနေမကောင်းပေ။
<…>
နောက်တစ်နေ့မှစတင်၍ ရှီကျင်းသည်
ဒဏ်ရာများကိုပြန်ကောင်းအောင်လုပ်ရင်း
Gua Yiနှင့်အခြားသူများနှင့်အတူ
လေ့ကျင့်ရေးဘဝကို စတင်ခဲ့သည်။
မသင်္ကာမှုများ ဆက်လက်စုံစမ်းချင်သော်လည်း
မမျှော်လင့်သောတာဝန်ကြောင့်ထိုအစီအစဉ်အား
ယာယီဘေးဖယ်ထားပြီးလေ့ကျင့်ရာတွင်သာ
အာရုံစိုက်ထားလိုက်သည်။
ထိုအချိန်အတောအတွင်းတွင်ရှီဝေချုံးသည်
ရှီကျင်းဆီထပ်ရောက်လာသည်။
ရှီကျင်းသည်လည်း သူတို့ကြားရှိဆက်ဆံရေးကို
ဖြေလျော့ရန်အခွင့်အရေးမရသဖြင့်
စိတ်ပူနေခဲ့ရသည်။ထို့ကြောင့်ရှီဝေချုံး
ရောက်လာသည့်သတင်းကို ကြားသည်နှင့်
အခွင့်အရေးကို အမိအရဆုပ်ထွေးလိုက်သည်။
သူ့ရင်ထဲရှိ နှလုံးသားသည်ပျော်ရွှင်မှုများဖြင့်
ခုန်ပေါက်နေသော်လည်း စိတ်ဆိုးနေသော
မျက်နှာမျိုးပြုလုပ်ထားကာ အပြင်သို့ထွက်လာသည်။
ညီအစ်ကိုနှစ်ယောက်သည်ကားနားဘေးတွင်
အကျဉ်းချုံး စကားပြောကြသည်။
"ကျိုးကျုံးနဲ့ ဘာလို့ရန်သွားဖြစ်တာလဲ"
ရှီဝေချုံးမေးလိုက်သည်။
"ကျွန်တော်ဟိုးအရင်တည်းက
သူ့ကိုရိုက်ချင်ခဲ့တာ"
ရှီကျင်း ပြန်ဖြေသည်။
"မင်း ဘယ်နားနာသွားသေးလဲ"
"နေရာစုံပဲ"
ရှီဝေချုံးသည်မျက်မှောင်ကြုတ်ကာ
ရှီကျင်း၏ညိုမဲစွဲနေသောမျက်နှာကို
ကြည့်လိုက်သည်။
"မင်းရန်ဖြစ်ချင်သေးလား? ငါမင်းနဲ့
ရန်ဖြစ်ပေးနိုင်တယ်"
ရှီဝေချုံးသည်တခဏတိတ်ဆိတ်ပြီးမှပြောသည်။
(ပြောချင်တာက အစ်ကိုကြီးကို
မင်းကြိုက်သလောက်ရိုက်နိုင်တယ်ပေါ့)
"…"
ဘရို...ဇာတ်ကြောင်းနဲ့လွဲနေပြန်ပြီ။
"ကျွန်တော်အစ်ကိုကြီးနဲ့ရန်မဖြစ်ချင်ပါဘူး"
ရှီကျင်းသည်စူပုတ်ပုတ်ပြန်ဖြေကာ
ပုန်ကန်တတ်သောဆယ်ကျော်သက်
ကောင်လေးဟန်မျက်နှာလွှဲလိုက်သည်။
ထို့နောက်မျက်နှာကို အနည်းငယ်ဖြေလျော့ကာ
ရှီဝေချုံးအားချောင်းကြည့်သည်။
"အစ်ကိုကြီး, ကျွန်တော့်ကိုမုန်းနေသေးလား"
ထို့သို့နူးနူးညံ့ညံ့အမေးခံရသောအခါ
ရှီဝေချုံးသည်သက်ပြင်းချကာ ရှီကျင်း၏
အမွှေးပွပွခေါင်းလေးကို ပွတ်သပ်လိုက်သည်။
ရှီကျင်းသည်သူ့လက်အား မရှောင်သည်ကို
မြင်သောအခါ သူ့အမူအရာများမှာ
ပို၍ပျော့ပြောင်းလာသည်။
"ငါ မုန်းတီးစိတ်မရှိဘဲ မင်းကိုမြင်နိုင်အောင်
ကြိုးစားနေတယ်၊ရှောင်ကျင်း...
ဘာတွေပဲဖြစ်နေပါစေ မင်းက ထာဝရငါ့ညီလေးပဲ"
ရှောင်စစ်သည်အံ့သြပျော်ရွှင်စွာ အသံပေးသည်။
<ကျသွားပြီ, ယူနစ်ဘားက ၈၇၀ကို ကျသွားပြီ!>
ရှီကျင်း၏တင်းကျပ်နေသောနှလုံးသားလေးမှာ
ချက်ချင်းဖြေလျော့သွားသည်။ရှီကျင်း
ပျော်ရွှင်စွာ ပြုံးလိုက်သည်။
သူခန့်မှန်းတာ မှန်သွားပြီ...ရှီဝေချုံးက
ရှင်သန်နိုင်တဲ့အကြောင်းရင်းပဲ။သူနဲ့သာ
ဆက်ဆံရေးကောင်းရင်ငါ့အခွင့်အလမ်းတွေ
တိုးများလာမှာ!
ရှီဝေချုံးသည်ရှီကျင်း၏အပြုံးအား
မြင်သောအခါ သူပိုပြီးနေရထိုင်ရခက်လာသည်။
"ရှောင်ကျင်း, ငါမင်းကိုတောက်လျှောက်
အထင်လွဲလာမိတာ ငါသိ-"
"ကျေးဇူး!"
ရှီကျင်းသည်ရုတ်တရက်လက်လှမ်းကာ
သူ့အားဝက်ဝံတစ်ကောင်လိုဖက်ထွေးလိုက်ပြီး
နောက်ကျောကိုပင်ပွတ်ပေးေနသည်။
ရှီကျင်းသည်ပျော်ရွှင်စွာပြောသည်။
"အစ်ကိုကြီး ကျွန်တော့်မမုန်းဘူးဆိုတော့
ကောင်းလိုက်တာ..ကျေးဇူးပါပဲ အစ်ကိုကြီး!"
ရှီဝေချုံးသည်အံ့အားသင့်စွာတောင့့်ခဲသွားသည်။
သူသည်တစ်စုံတစ်ယောက်ဆီမှ
ထိုသို့အဖက်မခံရသည်မှာ အမှန်တကယ်ပင်
ကြာမြင့်ခဲ့ပြီဖြစ်သည်။သူ့မိသားစုဝင်များဖြစ်သည့်
အဖေ၊အမေ၊ညီအစ်ကိုများနှင့်အမြဲလိုလို
တနည်းနည်းဖြင့်ဝေးကွာနေခဲ့ပြီး
သူ့သူငယ်ချင်း အသိအကျွမ်းများနှင့်လည်း
အကွာအဝေးတစ်ခု ခြားထားခဲ့သည်။
ကြင်နာနွေးထွေးသော အပြုအမူများမှာ
သူ့ဘဝတစ်လျှောက်လုံး လစ်ဟာနေခဲ့သော
အရာဖြစ်သည်။
ထို့ကြောင့်သူ့ခန္ဓာကိုယ်သည်
သဘာဝအလျောက်တင်းမာနေသည်။
သူ၏ဆောင်းရာသီအနွေးထည်များကြောင့်
ပွေ့ဖက်မှုသည်မတင်းကျပ်လှသော်လည်း
ရှီကျင်းလက်မောင်းအားနှင့်သူ့ပုခုံးထက်တွင်
မှီနေသော ရှီကျင်းခေါင်း၏အလေးချိန်ကို
ခံစားနိုင်သည်။
ရှီဝေချုံးသည်သူ့ပါးပြင်နှင့်ထိကပ်နေသော
ခေါင်းအား ကြည့်ကာ အခါနှောင်းသွားသည့်
အတွေးတစ်ခုစိတ်ထဲပေါ်လာသည်။
သူ့ရှေ့မှကောင်လေးသည်အခုမှ
အရွယ်ရောက်လာသော ကလေးတစ်ဦးဖြစ်သည့်
သူ့ညီအငယ်ဆုံးလေးဖြစ်သည်။
"ငါ့ကိုကျေးဇူးတင်စရာလိုတဲ့ကိစ္စမျိုး
မဟုတ်ပါဘူး"
ရှီဝေချုံးသည်ထိုသို့ပြောကာ
မမျှော်လင့်ထားသောပွေ့ဖက်မှုကို
ပြန်တုံ့ပြန်ရန်သူ့လက်ကို မရဲတရဲ
မြှောက်လိုက်သော်လည်း သူရွေ့ရုံရှိသေး၊
ရှီကျင်းမှာ လူချင်းပြန်ခွာလိုက်သည်။
"ကျွန်တော်လေ့ကျင့်လို့မပြီးသေးဘူး။
ဒါကြောင့်သွားတော့မယ်နော်အစ်ကိုကြီး"
ရှီကျင်းသည် ဖက်ပြီးစက္ကန့်အနည်းငယ်
ကြာသည်နှင့်လွှတ်လိုက်သည်။ရှီကျင်း
အပိုတွေလုပ်မိပြီး ရှီဝေချုံးသံသယဝင်သွားမည်
စိုးသောကြောင့်ဖြစ်သည်။သူသည်
ညီအစ်ကိုနှစ်ဦးဆက်ဆံရေးအား
ပိုမိုနီးစပ်သွားအောင်လုပ်ရန်လည်း မမေ့ပေ။
"နောက်တစ်ခါဆို ကျွန်တော့်ကိုတွေ့ချင်ရင်
တိုက်ရိုက်ဖုန်းခေါ်လိုက်ပါ။ဒီလို
ကလပ်အပြင်ဘက်မှာ လာစောင့်နေစရာ
မလိုပါဘူး၊ဆောင်းတွင်းကြီး အပြင်မှာအေးတယ်"
စကားကြာကြာပြောပါက အမှားတွေ
ထွက်လာမှာစိုးသဖြင့်ရှီဝေချုံးအား တာ့တာပြကာ
ကလပ်ထဲပြေးဝင်သွားတော့သည်။
ရှီဝေချုံးသည်ရှီကျင်းကလပ်ထဲဝင်သွားသည်ကို
ကြည့်ကာမြှောက်ထားသောလက်မောင်းအား
ဖြည်းဖြည်းချင်း ပြန်ချလိုက်သည်။သူသည်
ထိုနေရာတွင်သာ အချိန်အတော်ကြာ
ရပ်နေမိပြီးနောက်အသံထွက်ရယ်လိုက်ကာ
ကားထဲသို့ လှည့်ဝင်သွားသည်။
ကလပ်ထဲတွင်တော့ ရှီကျင်းသည်
ရှီဝေချုံး ဖုန်းနံပါတ်အားရိုက်ထည့်ကာ
အပြုံးအီမိုဂျီပုံလေး ပို့လိုက်သည်။
ဆယ်မိနစ်ခန့်ကြာပြီးနောက်ရှီဝေချုံးလည်း
ပြန်ပို့လာပြီး ရှီကျင်း ရဲ့အမှတ်သည်
၈၅၀ထိ ကျသွားသည်။
"ငါတို့ဒီနေ့တော့ ကံထူးတာပဲ၊အမှတ်၃၀တောင်"
ရှီကျင်းသည်ကျေနပ်စွာပြောသည်။
တစ်မိနစ်လောက်စဉ်းစားပြီးနောက်
သူသည်ရုန်ကျိုးကျုံးဆီသို့ စာတစ်စောင်ပို့လိုက်သည်။
[ဒဏ်ရာတွေသက်သာသွားပြီလား?အစ်ကိုကြီးက
ကျွန်တော့်ကိုလာတွေ့တော့ အစ်ကို့
ရန်ဖြစ်ပြီးပုံကိုပြောပြလိုက်တယ်]
ရုန်ကျိုးကျုံး၏ပြန်စာသည်ချက်ချင်းပင်
ပြန်ရောက်လာပြီး စာလုံးတိုတစ်ခုသာပါဝင်သည်။
[ရှူးရှူး!]
ရှီကျင်းသည်ဖုန်းမျက်နှာပြင်ကိုကြည့်ကာ
ပြုံးဖြဲဖြဲဖြစ်သွားသည်။ရုန်ကျိုးကျုံးသည်
ချေမိုးသော အနုပညာစီးပွားရေးလောက၏
နတ်ဆိုးဘုရင်ဟု နာမည်ကြီးသော်လည်း
အမှန်တကယ်တော့ ချစ်ဖို့ကောင်းသည်ဟု
ရှီကျင်း ရုတ်တရက်တွေးမိသည်။
နှစ်ရက်ခန့်ကြာသောအခါ ရှီကျင်းမျက်နှာမှ
ဒဏ်ရာများလည်းပျောက်ကင်းသွားပြီဖြစ်ကာ
အမှုဆောင်များဘက်မှလည်း သတင်း
ရရှိလာတော့သည်။လေ့ကျင့်ပေးမည့်နည်းပြကို
ရွေးချယ်ပြီးပြီဖြစ်၍ ထိုသူသည်
ညနေပိုင်းတွင်ရောက်ရှိမည်ဟူ၍ဖြစ်သည်။
ရှီကျင်း စဉ်းစားရခက်သွားသည်။
"ဒီမစ်ရှင်က အရေးကြီးတယ်မလား။အဲ့တာကို
ဘာလို့လူတစ်ယောက်လွှတ်ဖို့.အဲ့လောက်
အချိန်ကြာနေရတာလဲ။သူတို့ဘက်မှာ
ပြဿနာရှိလို့လား"
Gua Yiသည်ခေါင်းခါပြီးပြောသည်။
"ဘာပြဿနာမှ မဟုတ်ဘူး။ဒီတိုင်း
ယှဉ်ပြိုင်နေကြတာ။အထက်က
သင့်တော်တဲ့အဖွဲ့ဝင်ကို သဘောမတူဖြစ်ပြီး
ငြင်းခုံနေကြတာလေ။အဲ့တာကြောင့်
အခုလိုကြာသွားတာ"
Gua Yi၏အမူအရာမှာလည်း သဘောမကျပုံပေါ်သည်။
"လူသစ်လေးကိုလေ့ကျင့်ပေးရုံပဲကို
ဘာတွေအငြင်းပွားစရာလိုလို့လဲ"
ရှီကျင်း ပို၍ စိတ်ရှုပ်သွားသည်။
Gua Yiသည်ရှီကျင်း၏ဆရာလိုဖြစ်နေသဖြင့်
ဆက်ရှင်းပြသည်။
"ဒါပေါ့ သူတို့ကလေ့ကျင့်ရေးကို
စိတ်ဝင်စားတာမဟုတ်ဘူး၊ သူတို့လိုချင်တာက ဒီNightlightထဲ ဝင်ခွင့်ရဖို့ပဲ။ဒီနေရာက
ကျွင်းရှောက်ရဲ့သီးသန့်နေအိမ်။အစိုးရအတွက်
အလုပ်လုပ်တဲ့လူတွေက ဒီနေရာကို
စိတ်တိုင်းကျဝင်ခွင့်ရမယ်လို့ မင်းထင်လား။Nightlightထဲဝင်ရဖို့ ခွင့်ပြုမိန့်က
လွယ်လွယ်မရဘူးလေ"
ထိုသူစကားတွေကြောင့်ရှီကျင်း
ဉာဏ်အလင်းပေါက်သွားသည်။သူသည်
တောက်ခပ်ကာခေါင်းခါရင်း သူ့အား
လေ့ကျင့်ပေးမည့်နည်းပြ မှာ
ကွယ်ဝှက်ထားသောရည်ရွယ်ချက်များနှင့်
ကောက်ကျစ်သောအကြည့်များရှိသည့်
သက်လတ်ပိုင်း လူဝကြီးဖြစ်မည်ဟု
အော်တိုခန့်မှန်းမိပြီး ဘာမှထပ်မေးဖို့
စိတ်ကူးမရှိတော့ပေ။
တိုက်ခိုက်ရေးအခန်းတွင်ညနေမွန်းလွှဲပိုင်းအထိ
ကုန်ဆုံးပြီးချိန်မှာ ရုတ်တရက်
တံခါးခေါက်သံကြားလိုက်ရသည်။
Gua Yiသည်ရှီကျင်းနှင့်လက်ဝှေ့ထိုးနေခြင်းကို
ရပ်ကာ ဝင်ခဲ့ဖို့အသံပေးလိုက်သည်။
တံခါးသည်အနည်းငယ်ပွင့်သွားပြီး
Gua Erမှ အထဲသို့ချောင်းကြည့်လာသည်။
သူသည်Gua Yiကို အရင်လှမ်းကြည့်ပြီး
ရှီကျင်းဘက်သို့ အကြည့်ရောက်သွားသည်။
သူ၏အမူအရာမှာအဓိပ္ပါယ်များစွာပါဝင်နေပြီး
"အစိုးရဘက်ကစေလွှတ်လိုက်တဲ့လူရောက်ပြီ"
ဟူ၍ ဆိုသည်။
ရှီကျင်းသည်သူ့အား သံသယဝင်စွာကြည့်ပြီး
ပြောသည်။
"Gua Er, ခင်ဗျားအမူအရာက ဘာဖြစ်တာလဲ?
မျက်နှာ အကြောဆွဲနေတာလား"
Gua Erသည်စိတ်ဆိုးစွာမျက်စိလှန်ပြလိုက်ပြီး
ရှီကျင်းအား မျက်စိထပ်မမှိတ်ပြတော့ဘဲ
အထင်သေးသောအကြည့်တစ်ချက်
ပေးလိုက်သည်။ထို့နောက်တံခါးကို
အပြည့်အဝဖွင့်ချလိုက်ကာ သူ့နောက်တွင်
ရပ်နေသောအနက်ရောင်ဝတ်စုံနှင့်လူအား
လမ်းဖွင့်ပေးလိုက်သည်။
ရှီကျင်း၏မြင်ကွင်းဘက်မှကြည့်လျှင်
Gua Erဘေးသို့ဖယ်ပေးလိုက်ချိန်တွင်
ပထမဦးဆုံးမြင်လိုက်ရသည်က
အနက်ရောင်ဘွတ်ဖိနပ်နှင့်အရောင်တူဖြစ်သော
ဆွယ်တာဘောင်းဘီရှည်ကို
ဝတ်ဆင်ထားသည့်ခြေတံရှည်တစ်စုံကိုဖြစ်သည်။
သူ၏ကြိုတင်ခန့်မှန်းချက်များလို
မယုံကြည်ချင်စရာလူဝကြီးမျိုး မပို့လာသဖြင့်
ရှီကျင်း အနည်းငယ်အံ့သြသွားကာ
သူထင်ထားသည်ထက်အမှုဆောင်တွေက
ပိုယုံကြည်စိတ်ချရသည်ဟုရှောင်စစ်အား
ခိုးကြောင်ခိုးဝှက်ပြောလိုက်သည်။ထိုသူသည်
ရှေ့သို့ခြေလှမ်းလိုက်ကာ မျက်နှာအား
ဖော်ပြလိုက်ချိန်မှာတော့ ရှီကျင်း
သတိလစ်ချင်သလိုဖြစ်သွားသည်။
"စ...စတုတ္ထအစ်ကို?!"
ရှီကျင်းသည်သူ့မျက်လုံးသူပင်မယုံနိုင်စွာ
အထစ်ထစ်အငေါ့ငေါ့ပြောသည်။
ရှန့်အာ့ထင်၏ခြေလှမ်းသည်လည်း
တုံဆိုင်းသွားကာ မျက်မှောင်ကြုတ်ပြီး
သူ့မျက်လုံးများသည်ရှီကျင်းအပေါ်သာ
ကြည့်နေသည်။
ထို့နောက်ရှီကျင်းဝတ်ဆင်ထားသော
အတိုက်အခိုက်လေ့ကျင့်ရေးဝတ်စုံကို
မြင်သောအခါ အမူအရာပျက်စွာမေးသည်။
"မင်းက ဘာလို့ဒီမှာရှိနေတာလဲ"
ထိုမေးခွန်းမျိုးမေးခံလိုက်သောအခါ ရှီကျင်း
နားရှုပ်သွားသည်။
"အဲ့တာက ကျွန်တော်မေးရမှာလေ၊အစ်ကိုက
လေယာဉ်မှူးမဟုတ်ဘူးလား။ဘယ်လိုလုပ်
နည်းပြဖြစ်သွားတာလဲ? ကျွန်တော်ဘာလို့
ဒီမှာရှိနေတာလဲက ကျွန်တော်ဒီမှာနေလို့ပေါ့။
အရင်တည်းကပြောထားတာပဲလေ၊
အံသြချင်ယောင်မဆောင်ပါနဲ့"
"မင်းဒီမှာနေမှန်း ငါသေချာပေါက်သိတာပေါ့
ဒါကြောင့်လည်း ငါ ဒီစစ်ဆင်ရေးကို
လျှောက်လိုက်တာ။ငါမေးတာက
မင်းကဘာလို့ ဒီအခန်းထဲမှာရှိနေရတာလဲ"
ရှန့်အာ့ထင်ပြန်ဖြေသည်။ ရှန့်အာ့ထင်သည်
တစ်ခုခုကိုနားလည်ဖို့ကြိုးစားကာ သူ့ကို
ဒီခေါ်လာသော Gua Erကိုလှမ်းကြည့်လိုက်သည်။
"ဘာလို့ရှောင်ကျင်းကဒီမှာရှိနေတာလဲ?
မင်းပြောတော့ ဒီမစ်ရှင်မှာပါမဲ့လူဆီ
ခေါ်သွားပေးမယ်ဆို"
Gua Erသည်ရှီကျင်းအား
လက်ညှိုးထိုးကာပြောသည်။
"သူပဲလေ၊ ခင်ဗျားလေ့ကျင့်ပေးရမဲ့သူက"
ရှန့်အာ့ထင်၏မျက်နှာမှာ ပျက်ယွင်းသွားပြီး
သူ့မျက်လုံးထဲရှိ အမူအရာလည်း
ပြောင်းလဲသွားကာတောင့်တင်းစွာပြောသည်။
"ငါ လျန်ကျွင်းနဲ့တွေ့ချင်တယ်"
ရှန့်အာ့ထင်ကို စမြင်တည်းက
Gua Erဒီလိုတွေဖြစ်လာမည်ဆိုတာ
သိပြီးသားဖြစ်သဖြင့်
ထိုစကားအားကြားသောအခါ မအံ့သြတော့ပေ။
သူသည်Gua Yiကို လက်ပြနှုတ်ဆက်လိုက်ပြီး
ရှန့်အာ့ထင်ကို သူ့နောက်လိုက်ခဲ့ရန်
အချက်ပြလိုက်သည်။
ရှီကျင်းသည်လည်း အခြေအနေတွေ
မဟန်တော့ဘူးဆိုတာ သဘောပေါက်သဖြင့်
အတိုက်အခိုက်ဝတ်စုံကို လျင်မြန်စွာချွတ်ကာ
လက်ဝှေ့ကွင်းထဲမှ ခုန်ထွက်ကာ သူတို့နောက်သို့
ပြေးလိုက်သည်။
"ကျွန်တော်လည်း လိုက်မယ်"
Gua Erလည်း စိတ်ထဲမထားဘဲ
ခေါင်းညိတ်ပြသည်။ရှီကျင်း
အကာအကွယ်ဝတ်စုံအား ဖယ်ရှားပုံမှာ
အတော်ကျွမ်းကျင်နေသည်ကို ရှန့့်အာ့ထင်
သတိပြုမိသောအခါ သူ့အမူအရာမှာ
ပိုကြည့်ရဆိုးသွားသည်။
လူသုံးယောက်လျန်ကျွင်း၏စာကြည့်ခန်းဆီသို့
သွားနေစဉ်တွင်ရှီကျင်းသည်ရှောင်စစ်အား
တိတ်တခိုး စကားပြောနေသည်။သူသည်
ရုန်ကျိုးကျုံး၏[သေလိုက်!]ဟူသော စာအား
ပြန်သတိရသွားသောအခါ သူ့စိတ်ထဲ
အတွေးတစ်ခုဝင်လာသည်။သူသည်
ချက်ချင်းဖုန်းကိုထုတ်ကာ စာရိုက်သည်။
[တတိယအစ်ကို, စတုတ္ထအစ်ကို
Nightlightကိုလာမယ်ဆိုတာ သိထားလား]
ရုန်ကျိုးကျုံးသည်လျင်မြန်စွာ ပြန်ပို့လာပြီး
သူ့ပြန်စာသည်ထုံးစံအတိုင်း တိုပြတ်ပြတ်ဖြစ်သည်။
[မင်းသေပြီ မျိုးမစစ်လေး!]
အဲ့ကလေးကလားချီးထုပ်ကောင်က
တကယ်သိနေတာပဲ!
ရှီကျင်းသည်ဖုန်းကိုပြန်သိမ်းလိုက်ပြီး
သူ့ရှေ့တွင်လျှောက်နေသော ရှန့်အာ့ထင်အား
တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
သူသည်ရှန့်အာ့ထင်အားမှီရန်
ခြေလှမ်းမြန်မြန်လှမ်းလိုက်ပြီး စကားစသည်။
"စတုတ္ထအစ်ကို ဒီအချိန်က..."
"အစ်ကိုတို့နောက်မှဆက်ပြောမယ်"
ရှန့်အာ့ထင်သည်ခေါင်းပင်လှည့်မကြည့်ဘဲ
ဖြတ်ပြောသည်။သူသည်လျန်ကျွင်း၏
စာကြည့်ခန်းတံခါးအား မြင်သောအခါ
အရှိန်ကိုမြင့်လိုက်သည်။တံခါးပင်မခေါက်ဘဲ
ဆွဲဖွင့်ပြီး ဝင်လာသည်။Gua Jiu၏သတိရှိစွာ
ထရပ်လိုက်သည်ကို လျစ်လျူရှုပြီး
စားပွဲနောက်တွင်ထိုင်နေသောလျန်ကျွင်းအား
တွေ့သောအခါ ထိုသူဆီလျှောက်သွားသည်။
ပြီးနောက် စားပွဲခုံကို လက်ဖြင့်ရိုက်ချကာ
ရှေ့သို့ကုန်းပြီး လျန်ကျွင်းကို စိုက်ကြည့်သည်။
"လျန်ကျွင်း, ဘာဖြစ်လို့ ငါ့ညီလေးက
ဒီမစ်ရှင်မှာ ပါဝင်နေတာလဲ"
သူ၏ရန်လိုမှုကိုပင်မဖုံးကွယ်ဘဲ
မေးလိုက်သည်။
"စတုတ္ထအစ်ကို"
ရှန့်အာ့ထင်၏ဝင်ဝင်လာချင်းအပြုအမူကို
မြင်လိုက်ရသောအခါ ရှီကျင်းနှလုံးခုန်ပင်
ရပ်တန့့်မလိုဖြစ်သွားသည်။သူ့အစ်ကို
လျန်ကျွင်းအားတိုက်ခိုက်မည်ကို စိုးရိမ်သဖြင့်
စားပွဲဆီသို့အမြန်သွားပြီး လျန်ကျွင်းဘေးနား
ဝင်ရပ်လိုက်သည်။
ရှန့်အာ့ထင်၏အမူအရာမှာ ပို၍
ထိန်းမရဖြစ်လာကာ လျန်ကျွင်းအား
'အပြစ်ကင်းစင်သောဆယ်ကျော်သက်
ကောင်လေးအား လိမ်ညာလှည့်စားပြီး
အသုံးချနေသော ကိုယ်ကျင့်တရား
ကင်းမဲ့သည့်အကြံသမား'ဟူသော
အကြည့်မျိုးဖြင့်ကြည့်နေသည်။
ရှီကျင်းသည်ရှန့်အာ့ထင်အား
စကားပြောကြည့်ဖို့ ကြိုးစားသည်။
"စတုတ္ထအစ်ကို,ကျွန်တော်..."
"မင်းပါးစပ်ပိတ်ထား!"
ရှန့်အာ့ထင်သည်သူ့အား စကားပြောခွင့်
မပြုပေ။သူ့မျက်လုံးများသည်လျန်ကျွင်းထံမှ
မခွာဘဲမေးသည်။
"မင်းဘာတွေကြံနေတာလဲ? ဘာဖြစ်လို့
ရှီကျင်းလို ကလေးတစ်ယောက်ကို
ဒီမစ်ရှင်မှာ ပါခိုင်းရတာလဲ?"
ရှီကျင်းသည်အသက်ရှူသွင်းကာ သူ့အား
'ကလေး'ဟုခေါ်ခြင်းကို ဆန့်ကျင်ပြောရန်
လုပ်ချိန်တွင်လျန်ကျွင်းသည်
သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
"ငါ ဘာမှမကြံစည်ပါဘူး"
Gua Jiuနှင့်Gua Er ရှန့်အာ့ထင်နား
ချဉ်းကပ်လာသည်ကို လက်ပြတားလိုက်ပြီး
ဖြေသည်။သူသည်ရှန့်အာ့ထင်၏
ရန်လိုနေသောအကြည့်အား တည်ငြိမ်စွာ
ရင်ဆိုင်လိုက်ပြီးပြောသည်။
"ရှီကျင်းကိုရွေးရတဲ့အကြောင်းက
သူကအရည်အသွေးပြည့်မီပြီး
အသင့်တော်ဆုံးသူမို့လို့။ပြီးတော့
ရှီကျင်းက ကလေးမဟုတ်တော့ဘူး။
အရွယ်ရောက်နေတဲ့လူငယ်တစ်ယောက်ဖြစ်နေပြီ"
============================