"မဟုတ်...ဟာ...တကယ်ပဲ ဒီဟာကို ဘယ်လောက်ထိသင်မယ်စိတ်ကူးကြလဲ သည်းခံနေတာကို အရောင့်မတတ်လာကြနဲ့"
ရှင်သန်ခြင်းအသံသည် တကယ်ကို အားလျော့နေဟန်ရှိသည်။ သူမ ပြောတာကို နားထောင်နေကြသော ကျောင်းသားများသည်လည်း အမှန်ကိုမျက်နှာငယ်လေးနဲ့ဖြစ်နေကြသည်။
"စာမေးရင်မသိဘူး...ဒီတိုင်းလက်လျော့လိုက်ကြမလားဟင်...အဲ့လို လုပ်ကြမလား တကယ်စိတ်ပျက်နေပြီ...."
ရှင်သန်ခြင်းသည် သင်ပုန်းကိုကျောခိုင်းကာ တကယ်အပြတ်အသတ်ကိုပြောနေသည်။ဒီနေ့နဲ့ဆိုသူ eight parts of speechကို သင်တာ ၃လနီးပါးရှိနေပြီ။သင်ပေးရတဲ့သူတွေကလည်း ပြောရတာနားမလည်လောက်တဲ့အရွယ်နေမဟုတ် အကုန်လုံးက အသက်(၂၀)၊(၃၀) အရွယ် သန်သန်မာမာယောကျာ်းတွေကြည့်ဖြစ်သည်။ ကလေးတွေလို ခေါင်းခေါက်လို့ကလည်းမသင့်တော်...စာမသင်ပေးလို့ကလည်းမရနဲ့ သူမတကယ်ကိုစိတ်ညစ်နေသည်။
"Alive ....ကိုယ့်တပည့်တွေကိုမနိုင်တိုင်း ဘဝကိုလက်လျော့တော့မလို့လား။"
ထိုအချိန် အပေါ်ထပ်မှဆင်းလာသော bossသည် အသံပြတ်ပြတ်ဖြင့်သာ သူမကိုပြောလေသည်။တကယ်ဆိုစာသင် တာက သူမရဲ့ဘဝမှမဟုတ်တာ...သူမဘဝက သူမရဲ့babyလေ ပြန်ပြောလိုက်ချင်ပေမဲ့....မပြောရဲပေ။
"စာသင်ချိန်မှာ boss အောက်ထပ်ကိုဆင်းမလာရင်ကောင်းမယ် ကဲ .....စာအုပ်ပြန်ကြည့်"
စာသင်သား အယောက်(၃၀)ကျော်တို့သည်လည်း တညီတညာထဲစာအုပ်ကိုပြန်ကြည့်လိုက်ရသည်။မဟုတ်ရင် aliveက တကယ့်မလွယ်ကြောဖြစ်သည်။
Bossသည် သူမတို့ကိုပြောပြီး မီးဖိုဘက်သို့ဝင်သွားလေသည်။ တကယ်ဆို bossက သွားစရာနေရာမရှိတဲ့သူမကို နေစရာ၊စားစရာ၊အလုပ်ပေးထားတဲ့ကျေးဇူးရှင်ပါ...ဒါပေမဲ့ သူမနဲ့မတဲ့ပေ။bossရဲ့စကားများသည် အမြဲသူမရဲ့ သည်းခံမှုကိုထိုးနှက်လျက်ရှိသည်။
"Boss...ဘာလိုချင်လို့လဲ"
"ရတယ် ကြီးသန်း...မလိုဘူး၊ဟိုကောင်မလေး စာသင်တာ သိချင်လို့"
"Boss ရယ် ကြီးသန်း ဆရာလုပ်တာမဟုတ်ပါဘူး။ဒါပေမဲ့လေ မပြောပဲလည်း မနေနိုင်လို့ တစ်ခုပြောချင်တယ်"
"ပြော..."
"ဟိုလေ တကယ်ဆို bossတပည့်တွေကစာသင်စရာမှမလိုတာ ...ဘာလို့များကွယ် ပိုက်ဆံကုန်အချိန်ကုန်ခံနေရတာလဲ။alive အတွက် အလုပ်ပေးတယ်လို့ဆိုပေမဲ့...သူမှ ဒီအလုပ်ကိုမလုပ်ချင်တာကွယ်....boss တပည့်တွေကလည်း စာကိုစိတ်မဝင်စားပါဘူး အချိန်ပြည့်သူတို့ဦးနှောက်ထဲမှာ သေနတ်ကိုဘယ်လိုပစ်ရလဲ ပဲတွေးနေတာလေ...နှစ်ဦးနှစ်ဖက်ပင်ပန်းပါတယ်.."
ဒေါ်သန်းမြင့်သည် ဒီလျှိုထဲကိုရောက်သည်မှာ ၁၀နှစ်ကျော်ပြီ။သူမသည် ဒီစခန်းအတွက်အစားအစာတွေကို ချက်ပေးရတဲ့သူတစ်ယောက်ဖြစ်သည်။ စခန်းလို့ ခေါ်သော်လည်း အမှန်တော့ သုံးထပ်ပါတဲ့ အိမ်ကြီးတစ်လုံးပင်...အစကတော့ သူမဒီမှာနေရမှာကြောက်ပေမဲ့...အခုချိန်မှာတော့ ဒီနေရာကနေဘယ်မှထွက်သွားချင်ပေ။
လူမိုက်တွေ...မှောင်ခိုလုပ်ငန်းကို လုပ်ကိုင်ကြတဲ့လူတွေပေမဲ့...သူမနေမှာနေတာကြာလာတာနဲ့အမျှ သူတို့တွေကတကယ်လူကောင်းတွေဖြစ်ကြောင်းသိလာရသည်။မျက်နှာဖုံးအောက်က လူတွေထက်တော့ သူတို့တွေကအပုံကြီးသာပါတယ်လေ။
သူမသည် သူတို့အားလုံးအပေါ်မှာ တကယ့်ဆွေမျိုးသားချင်းလိုကိုဖြစ်နေသည်။Boss ပေါ်မှာဆိုပိုလို့တောင် အချစ်ပိုမိသေးသည်။ bossလို ဖြူဖြူဥဥ နဲ့လူကောင်းသေးသေးလေးက အမှောင်လောက ရဲ့ဘုရင်တစ်ပါးဆိုတာ သူမ စ,စချင်းမှာတကယ်ကိုမယုံခဲ့ပေ။
ဒါပေမဲ့ bossရဲ့မျက်လုံးတွေကတော့ အမြဲကျားရဲ့တစ်ကောင်လိုဖြစ်နေသည်။အလုပ်ကိစ္စမှာ တစ်ခုခုမှားယွင်းတာမျိုးကို မကြားဖူးလောက်အောင်ထိကို bossက တိကျသေချာပြီး လက်ရဲဇက်ရဲရှိသည်။
အေးပေါ့လေ...ရှမ်းပြည်ရဲ့ တောင်ပိုင်း ထိုင်းနယ်စပ်နှင့်သိပ်မနီးမဝေးတွင်ရှိသော ဒီနေရာ၊ဒီလျှိုထဲကို အပြင်သူတွေတောင် မျက်စိလည်လမ်းမှားဖို့မဖြစ်နိုင်ပေ။Bossရဲ့ တိကျခြင်းတွေကို ဒီစံအိမ်ကိုကြည့်ခြင်းဖြင့်ပင်သိနိုင်သည်။
"ရှင်သန်ခြင်းက စာသင်မှကိုရမှာ..."
"ကလေးက အေးပါတယ်ကွယ်...ကြီးသန်း စျေးမှာတွေတဲ့နေ့တုန်းက ဗိုက်တွေဆာလို့တစ်ကိုယ်လုံး တုန်နေတာတောင် စကားတခွန်းမပြောဘူး၊အခုသူ စကားတွေအများကြီးပြောနေရတာ ....သူနဲ့ဒီအလုပ်မကိုက်ဘူးလို့ ကြီးသန်းထင်လို့ပါ"
တကယ်လည်း ရှင်သန်ခြင်းက ကြီးသန်းပြောနေသလို စာသင်တဲ့အလုပ်နဲ့လုံးဝမကိုက်ညီပေ။ ဒီအစား သူရဲ့အလုပ်မှာ လုပ်တာကပိုပြီးသင့်တော်လောက်သည်။မျက်နှာကိုက တဖက်သူကိုအေးခဲသွားနိုင်သည့် မျက်နှာမျိုး။ဒါပေမဲ့ မရဘူး သူမ, မလုပ်ချင်တဲ့အလုပ်ကို သူလုပ်ကိုလုပ်ရမည်။ဒီလို မလုပ်ချင်တာကိုလုပ်နေရ၍ဖြစ်နေသော သူမ မျက်နှာကိုကြည့်ရတာ စိတ်ချမ်းသာသည်။
"Boss....boss"
ကြားရပါပြီ....ရှင်သန်ခြင်း ဘာနဲ့ပစ်လိုက်လို့ ဘယ်သူ သွေးထွက်သံယိုဖြစ်သွားပြီလဲ မသိ။ဒီအသံတွေကြောင့်ပဲ သူသည် သူမတို့စာသင်ချိန်တိုင်း အမြဲအဆင်သင့်အနေအထားမှာနေရတာ။ ရှင်သန်ခြင်းစာ စ သင်တဲ့နေ့က အဖွဲ့ရဲ့ လက်စွမ်းအထက်ဆုံး တိုးကြီး ကို သူမေးတဲ့စာမရလို့ဆိုပြီး သူမကိုင်ထားတဲ့ ဘောပင်နဲ့ ပစ်လိုက်တာ တိုးကြီး နဖူးမှာဘောပင်က စိုက်ပြီး သွေးထွက်သံယိုဖြစ်လေသည်။ လူသတ်တာလောက်ကို ပမွှားလို့ ထင်နေကြတဲ့ သူ့တပည့်တွေက ရှင်သန်ခြင်းကိုတော့ တကယ်ကြောက်ကြသည်။
မကြောက်လို့လည်းမရပေ...သူမက စာမသင်ချင်ဘူးသာ ပြောတာ သူမစာသင်ချိန်မှာ လူတစ်ယောက်လျော့နေရင်တောင် ပြသနာရှာသည်မဟုတ်လား။ဒါကြောင့်လဲ တစ်ယောက်မှ သူမစာသင်တာကိုမတတ်ပဲမနေရဲကြပေ....ရှင်သန်ခြင်းက လက်ဆပြင်းလွန်းသည်။အခုလည်း သူအမြန်သွားမှပါ......မဟုတ်ရင်..ဘာဖြစ်အုံးမယ်မသိ....
"တီချယ်...မူးလဲသွားလို့"
"ဘာဖြစ်တာလဲ...မြန်မြန်သူအခန်းထဲပို့လေ။
တိုးကြီး...မင်း ဒေါက်တာကိုသွားခေါ်ချေ၊မြန်မြန်လုပ်..."
ဒီတခါ တကယ်စိုးရိမ်မိသည်။ရှင်သန်ခြင်း တစ်ခုခုဖြစ်သွားလို့မရပေ...သူ့ဆီမှာနေသခိုက်..သူမ ဘေးကင်းမှရမည်။မဟုတ်ရင် သူ့အပြစ်က သူ့အသက်ပေးရင်တောင်မှ တူတော်မောင်က ကျေနပ်လိမ့်မည်မဟုတ်ပေ။
ခဏအကြာတွင် ကားသံကြားလိုက်ရသောကြောင့်...
"တိုးကြီးကားလား၊သွားကြည့်......လျှာရှည်ဆရာဝန်မဟုတ်မှခေါ်ခဲ့ မဟုတ်ရင် နောက်တစ်ယောက်ပြန်ခေါ်လို့ပြောလိုက်....."
ဒီနေရာလေးကို တစိမ်းတွေအဝင်အထွက်လုပ်တာကိုမကြိုက်သောကြောင့် ဘယ်သူ့ကိုမှလာခွင့်မပြုခဲ့။ကိုယ်တိုင်ကဖျားရင်တောင် ပေနေခဲ့ခြင်း၊လုံးဝမတတ်သာတို့မှ ဆေးခန်းသွားပြခဲ့တာ...အခုတော့သူမကိုဆေးခန်းပို့လို့ဖို့ရာ လုံးဝ စိတ်ကူးမရှိပေ။ရှမ်းပြည်တဝှိုက်မှာလည်း ပင်မဟော်နန်းစံအိမ်ကနေ ရှင်သန်ခြင်းကို ရှာဖို့လွှတ်ထားတဲ့သူတွေက နဲနဲလေးမှမဟုတ်တာ......
"Doctor .....ဒီမှာပါ ရုတ်တရပ်ကြီး...မူးလဲသွားလို့၊ဘာလုပ်လို့ လုပ်ရမှန်းမသိတာနဲ့..."
ဆရာဝန်က စမ်းသပ်နေတုန်း တိုးကြီးက စကားကြောရှည်လေသည်။ဒီကောင် ဒီလောက်တဲ့ စကားပြောတတ်တဲ့သူ ဆိုတာ ဘုန်းသွေးငယ်မသိခဲ့ရိုးအမှန်ပါ။ကျန်တပည့်တွေ အကုန်လုံးကလဲ စိုးရိမ်တဲ့မျက်လုံးတွေနဲ့သူမအခန်းတွင်ရှိနေသည်။သူတို့သိခဲ့တဲ့ (၃)လနီးပါး ကာလအတွင်းမှာ...သူတို့ဆရာမအပေါ် သံယောဇဥ်တွေမနဲပါလား ဆိုတာကိုသိလိုက်ရသည်။အေးပေါ့လေ....တအိမ်လုံးမှာ မိန်းကလေးဆိုလို့သူမပဲရှိတာမဟုတ်လား....ဂရုစိုက်စရာ ညီမ တစ်ယောက်လိုဖြစ်နေသော ရှင်သန်ခြင်းပါ။ကံကောင်းလွန်းသည် ဟုပါ ထပ်လောင်း၍တွေးမိလေသည်။
"ဝမ်းသာစရာသတင်းပါဗျာ၊ လူနာက ကိုယ်ဝန်(၂)လကျော်ထဲကို ရောက်နေပြီ...ခင်ဗျား သေချာဂရုစိုက်ပေးဖို့တော့လိုမယ်"
ဘုန်းသွေးငယ်သည် သူ့ကိုတဲ့တဲ့ကြီး ကြည့်ပြီးပြောတဲ့ ဒေါက်တာငကြောင်ကို စိတ်ထဲမှမေတ္တာပို့လိုက်သည်။ငရဲတွေကြီး အောင်လုပ်နေသော ငနဲပါ။
ထိုအချိန်တွင်...ရှင်သန်ခြင်းသည်မျက်လုံးပွင့်လာသည်။နှုတ်ခမ်းကသာ မမေးတာ သူမျက်မျက်လုံးတွေက သူမဘာဖြစ်သွားတာလဲဆိုပြီးမေးနေသယောင်ရှိသည်။
"ကိုယ်ဝန်နှစ်လ ကျော်ပြီတဲ့"
"Really?...."
ချက်ချင်းဆိုသလို သူမအသံသည် တက်ကြွသွားသလိုရှိသည်။ထို့နောက် ဘုန်းသွေးငယ်သည် အကုန်လုံးအား အခန်းပြင်ထွက်ခိုင်းလိုက်လေသည်။အကုန်လုံးက မထွက်ချင်၊ထွက်ချင်ဖြင့် ထွက်သွားလေသည်။သူနဲ့ ရှင်သန်ခြင်း နှစ်ယောက်ထဲပြောဖို့လိုပြီမဟုတ်လား....
"ဘယ်လိုလုပ်ချင်လဲ.....ဖျက်ချတာမျိုး"
"No...."
ရှင်သန်ခြင်း၏ အသံသည်ပုံထက်ပိုကျယ်နေသည်။တကယ်ဆို ဘုန်းသွေးငယ်လည်း အဲ့လိုမျိုးမမေးချင်ပါ။ဟော်နန်းရဲ့မျိုးဆက်မဟုတ်လား...သူ့ရဲ့သွေးသားပဲလေ ၊ တစ်ဦးသောတူလေးရဲ့ မျိုးဆက်ဆိုတော့ ပိုလို့တောင်လိုချင်သေးတယ်...ဒါပေမဲ့လည်း.တဖက်မိန်းကလေး၏သဘောထားကိုသိချင်သေးသည်။ဒီကောင်မလေးက သူ့ဘဝတစ်လျှောက်လုံးကို သူ့တူလေးအတွက်ပဲ ပေးခဲ့တယ်ဆိုတာသိလိုက်ရတော့ တူတော်မောင်၏ဘဝကိုအားကျမိသည်။
"ဟုတ်ပြီ အဲ့တာဆိုနားတော့လေ၊မနက်ဖြန်မှပဲစာသင်တော့...ပြီးတော့တစ်ခုပြောချင်တယ် စိတ်ကိုတတ်နိုင်သလောက်လျော့ပါ ကလေးအတွက်မကောင်းဘူး။"
ရှင်သန်ခြင်းသည် ခေါင်းငြိမ့်ပြလိုက်သည်။ထို့နောက် သူမအခန်းထဲတွင် သူမတစ်ယောက်သာကျန်တော့သည်...ထိုအခါမှရှင်သန်ခြင်းငိုမိသည်။
"မ'ကို လာမခေါ်သေးဘူးလာ baby။
အရမ်းလွမ်းတယ်....baby 'မ'ကိုရှာတွေဖို့အချိန်လိုသေးလို့လား....baby ရဲ့babyသေးသေးလေးနဲ့.ဒီမှာပဲစောင့်နေမယ်..မြန်မြန်လာခေါ်တော့"
မာနကြီးပြီး...အေးစက်လွန်းလှသော အာဂရှင်သန်ခြင်းသည် ကိုယ့်ဆန္ဒနဲ့ကို ထွက်လာတဲ့နေရာကို ကိုယ်တိုင်တော့ပြန်မသွားချင်ပေ။ယုံကြည်ပါတယ်..သူမကလေးက သူမကိုတွေ့အောင်ရှာမည်ဆိုတာကို။
***********
ယောကျာ်းမြတ်သည် ဘုန်နေယံထွဋ်၏နေအိမ်ကို မဖိတ်ပါပဲနဲ့သွားလည်လိုက်သည်။မဟုတ်လည်းသူ့မှာအလုပ်စရာအလုပ်မှမရှိတာ...အချိန်ပြည့်မှာအားနေတာသူတစ်ယောက်ပဲရှိမည်။
"ကိုထွဋ်...."
"ဘာလဲဗျာ...နားရက်လေး အေးအေးဆေးဆေး နေမလို့ ဖုန်းနဲ့မနှောက်ယှက်ပါနဲ့ဗျာ....ကိုယ်တစ်ယောက်ထဲနေချင်လို့"
"မင်း တိုက်ခန်းရှေ့မှာ...တံခါလေးဖွင့်ပေးပါအုံး၊ညီလေးရ..."
ဘုန်းနေယံထွဋ်သည် ပြော၍မနိုင်နိုင်သော ယောကျာ်းမြတ်အကြောင်းကို သိသူဖြစ်လို့ ဖုန်းကိုချကာ အခန်းတံခါးဖွင့်ပေးလိုက်သည်။သူဒီကိုပြောင်းလာတာကိုတောင် စုံစမ်းနိုင်လောက်အောင် အချိန်တွေပေါနေတာမဟုတ်လား...သူအခန်းတံခါးမဖွင့်ပေးမချင်း အခန်းရှေ့မှာရပ်နေမှာလည်း အသေချာ....
"ဒါအိမ်လား....မင်းကွာ လူကလည်းမှုန်သုန်နေတာပဲ။...ရေခဲသေတ္တာကလဲ အရက်ပဲရှိတာလား....သမီးသာရှိရင် မင်းတော့သေပြီ။"
"ခေါ်လာလေဗျာ....."
ဘုန်းနေယံထွဋ်သည် ယောကျာ်းမြတ်ကိုအော်လိုက်သည်။
"တောက်...မင်း ကိုထွဋ်..မင်းငါ့ကိုအော်တာလား။ငါမွေးမှ ငါ့သားလောက်ရှိတဲ့ဟာကများ"
ထိုအခါမှ ဘုန်းနေယံထွဋ်သည် အသိပြန်ဝင်ကာ ယောကျာ်းမြတ်ရှေ့တွင် ငြိမ်နေလိုက်သည်။ပြန်ပြောလိုက်ချင်ပေမဲ့ 'မ'သာ သိသွားရင်ဆိုတဲ့အသိက တားနေသည်။
"ခွေးကောင်လေး အခုမှအဲမျက်နှာနဲ့လာမကြည့်နဲ့။မင်းကိုငါ ခင်လွန်းလို့သာလာနေတာ၊ငါ့ဟာငါတောင် အားတာမဟုတ်ဘူး။"
ဘုန်းနေယံထွဝ်သည် ယောကျာ်းမြတ်၏အပိုပြောနေမှုကို သိပေမဲ့ ခွန်းတုန့်မပြန်ချင်ပေ။အားတာမဟုတ်ဘူး ဆိုတဲ့စကားကိုတော့ စိတ်ထဲတွင်ချဥ်မိသည်။ဘာအလုပ်မှ မရှိတဲ့သူက အားနေတာမဟုတ်ဘူးတဲ့။
"ငါ့တုန်းကလဲ အဲ့လိုပါပဲကွာ။မင်းကအခုမှ ၃လ လောက်ပဲရှိသေးတာပါ ငါက (၁၀)နှစ်တောင် ချစ်သူနဲ့ခွဲနေခဲ့တဲ့ကောင်ပါကွ....မင်းအရမ်းကြီးစိတ်ဓာတ်မကျနဲ့...သမီးကလည်း မင်းနဲ့ဝေးဝေးမှာမနေနိုင်ပါဘူးကွာ....ပြန်လာမှာပါ"
"(၁၀)နှစ်ကြာမှ ပြန်လာရင်ရော ကိုယ်ဘယ်လိုလုပ်ရမလဲ၊ကိုယ့် 'မ' ကိုအချိန်တွေကြာတဲ့အထိ ပြန်မတွေ့ရင်ရော....တသက်လုံးဆိုရင်"
"တသက်လုံးဆိုတာတော့မဖြစ်နိုင်ပါဘူးကွာ။ငါ့လို(၁၀)နှစ်လောက်ကြာမှပြန်လာရင်တော့...အဲ့ချိန်ကြရင်တော့..မင်း.. သမီးကိုဘွားရိပ်သာပို့လိုက်တော့"
ငိုလုဆဲဆဲဖြစ်နေသော ဘုန်းနေယံထွဝ်သည်၊ယောကျာ်းမြတ်စကားကြောင့်....တန့်သွားကာ
'မ' က ခင်ဗျားလိုအသက်ကြီးမသွားဘူး"
"ဟုတ်ပ...သူကနတ်သမီး"
ယောကျာ်းမြတ်သည် ရယ်ရင်းနဲ့ဘုန်းနေယံထွဋ်ထိုင်နေသောပါကေးပေါ်ထိုင်ချလိုက်လေသည်။ဒီအခန်းမှာ ထိုင်စရာခုံမှမရှိပဲ။ဒီကလေးပြောတော့ ကိုယ့်ဘာကို အိမ်ခွဲနေတယ်သာပြောတာ...အိမ်မှာထိုင်စရာခုံတစ်လုံးပင်မရှိ။အိပ်ခန်းထဲဝင်ကြည့်တော့လည်း....အိပ်ယာမရှိ၊ခုတင်မရှိ ဒါကြောင့်...
"မင်း ည ဘယ်လိုအိပ်လဲ"
"ကိုယ် အိမ်ပြန်အိပ်တယ်၊နေ့ပဲ နေတာ။
အိမ်က'မ' အငွေ့အသက်တွေရှိတယ်လေ...ကိုယ်အရမ်းလွမ်းတာပဲ"
သူတို့နှစ်ယောက်သည် တိုင်ပင်ထားခြင်းမရှိပါပဲ ရုတ်တရပ်ဆိုသလို တိတ်ဆိတ်သွားလေသည်။ညနေစောင်းတော့ ယောကျာ်းမြတ်လည်းသူတို့အိမ်ကိုပြန်သလို၊ဘုန်းနေယံထွဋ်လည်း...သူရဲ့အိမ်ငယ်လေးသို့ပြန်လေသည်။ဒီအခန်းလေးကတော့ ဒီတိုင်းငြိမ်သက်စွာနဲ့ပဲ ရှိနေခဲ့ပြန်တယ်။
Zawgyi....
"မဟုတ္...ဟာ...တကယ္ပဲ ဒီဟာကို ဘယ္ေလာက္ထိသင္မယ္စိတ္ကူးၾကလဲ သည္းခံေနတာကို အေရာင့္မတတ္လာၾကနဲ႔"
ရွင္သန္ျခင္းအသံသည္ တကယ္ကို အားေလ်ာ့ေနဟန္ရွိသည္။ သူမ ေျပာတာကို နားေထာင္ေနၾကေသာ ေက်ာင္းသားမ်ားသည္လည္း အမွန္ကိုမ်က္ႏွာငယ္ေလးနဲ႔ျဖစ္ေနၾကသည္။
"စာေမးရင္မသိဘူး...ဒီတိုင္းလက္ေလ်ာ့လိုက္ၾကမလားဟင္...အဲ့လို လုပ္ၾကမလား တကယ္စိတ္ပ်က္ေနၿပီ...."
ရွင္သန္ျခင္းသည္ သင္ပုန္းကိုေက်ာခိုင္းကာ တကယ္အျပတ္အသတ္ကိုေျပာေနသည္။ဒီေန႔နဲ႔ဆိုသူ eight parts of speechကို သင္တာ ၃လနီးပါးရွိေနၿပီ။သင္ေပးရတဲ့သူေတြကလည္း ေျပာရတာနားမလည္ေလာက္တဲ့အ႐ြယ္ေနမဟုတ္ အကုန္လုံးက အသက္(၂၀)၊(၃၀) အ႐ြယ္ သန္သန္မာမာေယာက်ာ္းေတြၾကည့္ျဖစ္သည္။ ကေလးေတြလို ေခါင္းေခါက္လို႔ကလည္းမသင့္ေတာ္...စာမသင္ေပးလို႔ကလည္းမရနဲ႔ သူမတကယ္ကိုစိတ္ညစ္ေနသည္။
"Alive ....ကိုယ့္တပည့္ေတြကိုမႏိုင္တိုင္း ဘဝကိုလက္ေလ်ာ့ေတာ့မလို႔လား။"
ထိုအခ်ိန္ အေပၚထပ္မွဆင္းလာေသာ bossသည္ အသံျပတ္ျပတ္ျဖင့္သာ သူမကိုေျပာေလသည္။တကယ္ဆိုစာသင္ တာက သူမရဲ႕ဘဝမွမဟုတ္တာ...သူမဘဝက သူမရဲ႕babyေလ ျပန္ေျပာလိုက္ခ်င္ေပမဲ့....မေျပာရဲေပ။
"စာသင္ခ်ိန္မွာ boss ေအာက္ထပ္ကိုဆင္းမလာရင္ေကာင္းမယ္ ကဲ .....စာအုပ္ျပန္ၾကည့္"
စာသင္သား အေယာက္(၃၀)ေက်ာ္တို႔သည္လည္း တညီတညာထဲစာအုပ္ကိုျပန္ၾကည့္လိုက္ရသည္။မဟုတ္ရင္ aliveက တကယ့္မလြယ္ေၾကာျဖစ္သည္။
Bossသည္ သူမတို႔ကိုေျပာၿပီး မီးဖိုဘက္သို႔ဝင္သြားေလသည္။ တကယ္ဆို bossက သြားစရာေနရာမရွိတဲ့သူမကို ေနစရာ၊စားစရာ၊အလုပ္ေပးထားတဲ့ေက်းဇူးရွင္ပါ...ဒါေပမဲ့ သူမနဲ႔မတဲ့ေပ။bossရဲ႕စကားမ်ားသည္ အၿမဲသူမရဲ႕ သည္းခံမႈကိုထိုးႏွက္လ်က္ရွိသည္။
"Boss...ဘာလိုခ်င္လို႔လဲ"
"ရတယ္ ႀကီးသန္း...မလိုဘူး၊ဟိုေကာင္မေလး စာသင္တာ သိခ်င္လို႔"
"Boss ရယ္ ႀကီးသန္း ဆရာလုပ္တာမဟုတ္ပါဘူး။ဒါေပမဲ့ေလ မေျပာပဲလည္း မေနႏိုင္လို႔ တစ္ခုေျပာခ်င္တယ္"
"ေျပာ..."
"ဟိုေလ တကယ္ဆို bossတပည့္ေတြကစာသင္စရာမွမလိုတာ ...ဘာလို႔မ်ားကြယ္ ပိုက္ဆံကုန္အခ်ိန္ကုန္ခံေနရတာလဲ။alive အတြက္ အလုပ္ေပးတယ္လို႔ဆိုေပမဲ့...သူမွ ဒီအလုပ္ကိုမလုပ္ခ်င္တာကြယ္....boss တပည့္ေတြကလည္း စာကိုစိတ္မဝင္စားပါဘူး အခ်ိန္ျပည့္သူတို႔ဦးေႏွာက္ထဲမွာ ေသနတ္ကိုဘယ္လိုပစ္ရလဲ ပဲေတြးေနတာေလ...ႏွစ္ဦးႏွစ္ဖက္ပင္ပန္းပါတယ္.."
ေဒၚသန္းျမင့္သည္ ဒီလွ်ိဳထဲကိုေရာက္သည္မွာ ၁၀ႏွစ္ေက်ာ္ၿပီ။သူမသည္ ဒီစခန္းအတြက္အစားအစာေတြကို ခ်က္ေပးရတဲ့သူတစ္ေယာက္ျဖစ္သည္။ စခန္းလို႔ ေခၚေသာ္လည္း အမွန္ေတာ့ သုံးထပ္ပါတဲ့ အိမ္ႀကီးတစ္လုံးပင္...အစကေတာ့ သူမဒီမွာေနရမွာေၾကာက္ေပမဲ့...အခုခ်ိန္မွာေတာ့ ဒီေနရာကေနဘယ္မွထြက္သြားခ်င္ေပ။
လူမိုက္ေတြ...ေမွာင္ခိုလုပ္ငန္းကို လုပ္ကိုင္ၾကတဲ့လူေတြေပမဲ့...သူမေနမွာေနတာၾကာလာတာနဲ႔အမွ် သူတို႔ေတြကတကယ္လူေကာင္းေတြျဖစ္ေၾကာင္းသိလာရသည္။မ်က္ႏွာဖုံးေအာက္က လူေတြထက္ေတာ့ သူတို႔ေတြကအပုံႀကီးသာပါတယ္ေလ။
သူမသည္ သူတို႔အားလုံးအေပၚမွာ တကယ့္ေဆြမ်ိဳးသားခ်င္းလိုကိုျဖစ္ေနသည္။Boss ေပၚမွာဆိုပိုလို႔ေတာင္ အခ်စ္ပိုမိေသးသည္။ bossလို ျဖဴျဖဴဥဥ နဲ႔လူေကာင္းေသးေသးေလးက အေမွာင္ေလာက ရဲ႕ဘုရင္တစ္ပါးဆိုတာ သူမ စ,စခ်င္းမွာတကယ္ကိုမယုံခဲ့ေပ။
ဒါေပမဲ့ bossရဲ႕မ်က္လုံးေတြကေတာ့ အၿမဲက်ားရဲ႕တစ္ေကာင္လိုျဖစ္ေနသည္။အလုပ္ကိစၥမွာ တစ္ခုခုမွားယြင္းတာမ်ိဳးကို မၾကားဖူးေလာက္ေအာင္ထိကို bossက တိက်ေသခ်ာၿပီး လက္ရဲဇက္ရဲရွိသည္။
ေအးေပါ့ေလ...ရွမ္းျပည္ရဲ႕ ေတာင္ပိုင္း ထိုင္းနယ္စပ္ႏွင့္သိပ္မနီးမေဝးတြင္ရွိေသာ ဒီေနရာ၊ဒီလွ်ိဳထဲကို အျပင္သူေတြေတာင္ မ်က္စိလည္လမ္းမွားဖို႔မျဖစ္ႏိုင္ေပ။Bossရဲ႕ တိက်ျခင္းေတြကို ဒီစံအိမ္ကိုၾကည့္ျခင္းျဖင့္ပင္သိႏိုင္သည္။
"ရွင္သန္ျခင္းက စာသင္မွကိုရမွာ..."
"ကေလးက ေအးပါတယ္ကြယ္...ႀကီးသန္း ေစ်းမွာေတြတဲ့ေန႔တုန္းက ဗိုက္ေတြဆာလို႔တစ္ကိုယ္လုံး တုန္ေနတာေတာင္ စကားတခြန္းမေျပာဘူး၊အခုသူ စကားေတြအမ်ားႀကီးေျပာေနရတာ ....သူနဲ႔ဒီအလုပ္မကိုက္ဘူးလို႔ ႀကီးသန္းထင္လို႔ပါ"
တကယ္လည္း ရွင္သန္ျခင္းက ႀကီးသန္းေျပာေနသလို စာသင္တဲ့အလုပ္နဲ႔လုံးဝမကိုက္ညီေပ။ ဒီအစား သူရဲ႕အလုပ္မွာ လုပ္တာကပိုၿပီးသင့္ေတာ္ေလာက္သည္။မ်က္ႏွာကိုက တဖက္သူကိုေအးခဲသြားႏိုင္သည့္ မ်က္ႏွာမ်ိဳး။ဒါေပမဲ့ မရဘူး သူမ, မလုပ္ခ်င္တဲ့အလုပ္ကို သူလုပ္ကိုလုပ္ရမည္။ဒီလို မလုပ္ခ်င္တာကိုလုပ္ေနရ၍ျဖစ္ေနေသာ သူမ မ်က္ႏွာကိုၾကည့္ရတာ စိတ္ခ်မ္းသာသည္။
"Boss....boss"
ၾကားရပါၿပီ....ရွင္သန္ျခင္း ဘာနဲ႔ပစ္လိုက္လို႔ ဘယ္သူ ေသြးထြက္သံယိုျဖစ္သြားၿပီလဲ မသိ။ဒီအသံေတြေၾကာင့္ပဲ သူသည္ သူမတို႔စာသင္ခ်ိန္တိုင္း အၿမဲအဆင္သင့္အေနအထားမွာေနရတာ။ ရွင္သန္ျခင္းစာ စ သင္တဲ့ေန႔က အဖြဲ႕ရဲ႕ လက္စြမ္းအထက္ဆုံး တိုးႀကီး ကို သူေမးတဲ့စာမရလို႔ဆိုၿပီး သူမကိုင္ထားတဲ့ ေဘာပင္နဲ႔ ပစ္လိုက္တာ တိုးႀကီး နဖူးမွာေဘာပင္က စိုက္ၿပီး ေသြးထြက္သံယိုျဖစ္ေလသည္။ လူသတ္တာေလာက္ကို ပမႊားလို႔ ထင္ေနၾကတဲ့ သူ႔တပည့္ေတြက ရွင္သန္ျခင္းကိုေတာ့ တကယ္ေၾကာက္ၾကသည္။
မေၾကာက္လို႔လည္းမရေပ...သူမက စာမသင္ခ်င္ဘူးသာ ေျပာတာ သူမစာသင္ခ်ိန္မွာ လူတစ္ေယာက္ေလ်ာ့ေနရင္ေတာင္ ျပသနာရွာသည္မဟုတ္လား။ဒါေၾကာင့္လဲ တစ္ေယာက္မွ သူမစာသင္တာကိုမတတ္ပဲမေနရဲၾကေပ....ရွင္သန္ျခင္းက လက္ဆျပင္းလြန္းသည္။အခုလည္း သူအျမန္သြားမွပါ......မဟုတ္ရင္..ဘာျဖစ္အုံးမယ္မသိ....
"တီခ်ယ္...မူးလဲသြားလို႔"
"ဘာျဖစ္တာလဲ...ျမန္ျမန္သူအခန္းထဲပို႔ေလ။
တိုးႀကီး...မင္း ေဒါက္တာကိုသြားေခၚေခ်၊ျမန္ျမန္လုပ္..."
ဒီတခါ တကယ္စိုးရိမ္မိသည္။ရွင္သန္ျခင္း တစ္ခုခုျဖစ္သြားလို႔မရေပ...သူ႔ဆီမွာေနသခိုက္..သူမ ေဘးကင္းမွရမည္။မဟုတ္ရင္ သူ႔အျပစ္က သူ႔အသက္ေပးရင္ေတာင္မွ တူေတာ္ေမာင္က ေက်နပ္လိမ့္မည္မဟုတ္ေပ။
ခဏအၾကာတြင္ ကားသံၾကားလိုက္ရေသာေၾကာင့္...
"တိုးႀကီးကားလား၊သြားၾကည့္......လွ်ာရွည္ဆရာဝန္မဟုတ္မွေခၚခဲ့ မဟုတ္ရင္ ေနာက္တစ္ေယာက္ျပန္ေခၚလို႔ေျပာလိုက္....."
ဒီေနရာေလးကို တစိမ္းေတြအဝင္အထြက္လုပ္တာကိုမႀကိဳက္ေသာေၾကာင့္ ဘယ္သူ႔ကိုမွလာခြင့္မျပဳခဲ့။ကိုယ္တိုင္ကဖ်ားရင္ေတာင္ ေပေနခဲ့ျခင္း၊လုံးဝမတတ္သာတို႔မွ ေဆးခန္းသြားျပခဲ့တာ...အခုေတာ့သူမကိုေဆးခန္းပို႔လို႔ဖို႔ရာ လုံးဝ စိတ္ကူးမရွိေပ။ရွမ္းျပည္တဝႈိက္မွာလည္း ပင္မေဟာ္နန္းစံအိမ္ကေန ရွင္သန္ျခင္းကို ရွာဖို႔လႊတ္ထားတဲ့သူေတြက နဲနဲေလးမွမဟုတ္တာ......
"Doctor .....ဒီမွာပါ ႐ုတ္တရပ္ႀကီး...မူးလဲသြားလို႔၊ဘာလုပ္လို႔ လုပ္ရမွန္းမသိတာနဲ႔..."
ဆရာဝန္က စမ္းသပ္ေနတုန္း တိုးႀကီးက စကားေၾကာရွည္ေလသည္။ဒီေကာင္ ဒီေလာက္တဲ့ စကားေျပာတတ္တဲ့သူ ဆိုတာ ဘုန္းေသြးငယ္မသိခဲ့႐ိုးအမွန္ပါ။က်န္တပည့္ေတြ အကုန္လုံးကလဲ စိုးရိမ္တဲ့မ်က္လုံးေတြနဲ႔သူမအခန္းတြင္ရွိေနသည္။သူတို႔သိခဲ့တဲ့ (၃)လနီးပါး ကာလအတြင္းမွာ...သူတို႔ဆရာမအေပၚ သံေယာဇဥ္ေတြမနဲပါလား ဆိုတာကိုသိလိုက္ရသည္။ေအးေပါ့ေလ....တအိမ္လုံးမွာ မိန္းကေလးဆိုလို႔သူမပဲရွိတာမဟုတ္လား....ဂ႐ုစိုက္စရာ ညီမ တစ္ေယာက္လိုျဖစ္ေနေသာ ရွင္သန္ျခင္းပါ။ကံေကာင္းလြန္းသည္ ဟုပါ ထပ္ေလာင္း၍ေတြးမိေလသည္။
"ဝမ္းသာစရာသတင္းပါဗ်ာ၊ လူနာက ကိုယ္ဝန္(၂)လေက်ာ္ထဲကို ေရာက္ေနၿပီ...ခင္ဗ်ား ေသခ်ာဂ႐ုစိုက္ေပးဖို႔ေတာ့လိုမယ္"
ဘုန္းေသြးငယ္သည္ သူ႔ကိုတဲ့တဲ့ႀကီး ၾကည့္ၿပီးေျပာတဲ့ ေဒါက္တာငေၾကာင္ကို စိတ္ထဲမွေမတၱာပို႔လိုက္သည္။ငရဲေတြႀကီး ေအာင္လုပ္ေနေသာ ငနဲပါ။
ထိုအခ်ိန္တြင္...ရွင္သန္ျခင္းသည္မ်က္လုံးပြင့္လာသည္။ႏႈတ္ခမ္းကသာ မေမးတာ သူမ်က္မ်က္လုံးေတြက သူမဘာျဖစ္သြားတာလဲဆိုၿပီးေမးေနသေယာင္ရွိသည္။
"ကိုယ္ဝန္ႏွစ္လ ေက်ာ္ၿပီတဲ့"
"Really?...."
ခ်က္ခ်င္းဆိုသလို သူမအသံသည္ တက္ႂကြသြားသလိုရွိသည္။ထို႔ေနာက္ ဘုန္းေသြးငယ္သည္ အကုန္လုံးအား အခန္းျပင္ထြက္ခိုင္းလိုက္ေလသည္။အကုန္လုံးက မထြက္ခ်င္၊ထြက္ခ်င္ျဖင့္ ထြက္သြားေလသည္။သူနဲ႔ ရွင္သန္ျခင္း ႏွစ္ေယာက္ထဲေျပာဖို႔လိုၿပီမဟုတ္လား....
"ဘယ္လိုလုပ္ခ်င္လဲ.....ဖ်က္ခ်တာမ်ိဳး"
"No...."
ရွင္သန္ျခင္း၏ အသံသည္ပုံထက္ပိုက်ယ္ေနသည္။တကယ္ဆို ဘုန္းေသြးငယ္လည္း အဲ့လိုမ်ိဳးမေမးခ်င္ပါ။ေဟာ္နန္းရဲ႕မ်ိဳးဆက္မဟုတ္လား...သူ႔ရဲ႕ေသြးသားပဲေလ ၊ တစ္ဦးေသာတူေလးရဲ႕ မ်ိဳးဆက္ဆိုေတာ့ ပိုလို႔ေတာင္လိုခ်င္ေသးတယ္...ဒါေပမဲ့လည္း.တဖက္မိန္းကေလး၏သေဘာထားကိုသိခ်င္ေသးသည္။ဒီေကာင္မေလးက သူ႔ဘဝတစ္ေလွ်ာက္လုံးကို သူ႔တူေလးအတြက္ပဲ ေပးခဲ့တယ္ဆိုတာသိလိုက္ရေတာ့ တူေတာ္ေမာင္၏ဘဝကိုအားက်မိသည္။
"ဟုတ္ၿပီ အဲ့တာဆိုနားေတာ့ေလ၊မနက္ျဖန္မွပဲစာသင္ေတာ့...ၿပီးေတာ့တစ္ခုေျပာခ်င္တယ္ စိတ္ကိုတတ္ႏိုင္သေလာက္ေလ်ာ့ပါ ကေလးအတြက္မေကာင္းဘူး။"
ရွင္သန္ျခင္းသည္ ေခါင္းၿငိမ့္ျပလိုက္သည္။ထို႔ေနာက္ သူမအခန္းထဲတြင္ သူမတစ္ေယာက္သာက်န္ေတာ့သည္...ထိုအခါမွရွင္သန္ျခင္းငိုမိသည္။
"မ'ကို လာမေခၚေသးဘူးလာ baby။
အရမ္းလြမ္းတယ္....baby 'မ'ကိုရွာေတြဖို႔အခ်ိန္လိုေသးလို႔လား....baby ရဲ႕babyေသးေသးေလးနဲ႔.ဒီမွာပဲေစာင့္ေနမယ္..ျမန္ျမန္လာေခၚေတာ့"
မာနႀကီးၿပီး...ေအးစက္လြန္းလွေသာ အာဂရွင္သန္ျခင္းသည္ ကိုယ့္ဆႏၵနဲ႔ကို ထြက္လာတဲ့ေနရာကို ကိုယ္တိုင္ေတာ့ျပန္မသြားခ်င္ေပ။ယုံၾကည္ပါတယ္..သူမကေလးက သူမကိုေတြ႕ေအာင္ရွာမည္ဆိုတာကို။
***********
ေယာက်ာ္းျမတ္သည္ ဘုန္ေနယံထြဋ္၏ေနအိမ္ကို မဖိတ္ပါပဲနဲ႔သြားလည္လိုက္သည္။မဟုတ္လည္းသူ႔မွာအလုပ္စရာအလုပ္မွမရွိတာ...အခ်ိန္ျပည့္မွာအားေနတာသူတစ္ေယာက္ပဲရွိမည္။
"ကိုထြဋ္...."
"ဘာလဲဗ်ာ...နားရက္ေလး ေအးေအးေဆးေဆး ေနမလို႔ ဖုန္းနဲ႔မေႏွာက္ယွက္ပါနဲ႔ဗ်ာ....ကိုယ္တစ္ေယာက္ထဲေနခ်င္လို႔"
"မင္း တိုက္ခန္းေရွ႕မွာ...တံခါေလးဖြင့္ေပးပါအုံး၊ညီေလးရ..."
ဘုန္းေနယံထြဋ္သည္ ေျပာ၍မႏိုင္ႏိုင္ေသာ ေယာက်ာ္းျမတ္အေၾကာင္းကို သိသူျဖစ္လို႔ ဖုန္းကိုခ်ကာ အခန္းတံခါးဖြင့္ေပးလိုက္သည္။သူဒီကိုေျပာင္းလာတာကိုေတာင္ စုံစမ္းႏိုင္ေလာက္ေအာင္ အခ်ိန္ေတြေပါေနတာမဟုတ္လား...သူအခန္းတံခါးမဖြင့္ေပးမခ်င္း အခန္းေရွ႕မွာရပ္ေနမွာလည္း အေသခ်ာ....
"ဒါအိမ္လား....မင္းကြာ လူကလည္းမႈန္သုန္ေနတာပဲ။...ေရခဲေသတၱာကလဲ အရက္ပဲရွိတာလား....သမီးသာရွိရင္ မင္းေတာ့ေသၿပီ။"
"ေခၚလာေလဗ်ာ....."
ဘုန္းေနယံထြဋ္သည္ ေယာက်ာ္းျမတ္ကိုေအာ္လိုက္သည္။
"ေတာက္...မင္း ကိုထြဋ္..မင္းငါ့ကိုေအာ္တာလား။ငါေမြးမွ ငါ့သားေလာက္ရွိတဲ့ဟာကမ်ား"
ထိုအခါမွ ဘုန္းေနယံထြဋ္သည္ အသိျပန္ဝင္ကာ ေယာက်ာ္းျမတ္ေရွ႕တြင္ ၿငိမ္ေနလိုက္သည္။ျပန္ေျပာလိုက္ခ်င္ေပမဲ့ 'မ'သာ သိသြားရင္ဆိုတဲ့အသိက တားေနသည္။
"ေခြးေကာင္ေလး အခုမွအဲမ်က္ႏွာနဲ႔လာမၾကည့္နဲ႔။မင္းကိုငါ ခင္လြန္းလို႔သာလာေနတာ၊ငါ့ဟာငါေတာင္ အားတာမဟုတ္ဘူး။"
ဘုန္းေနယံထြဝ္သည္ ေယာက်ာ္းျမတ္၏အပိုေျပာေနမႈကို သိေပမဲ့ ခြန္းတုန္႔မျပန္ခ်င္ေပ။အားတာမဟုတ္ဘူး ဆိုတဲ့စကားကိုေတာ့ စိတ္ထဲတြင္ခ်ဥ္မိသည္။ဘာအလုပ္မွ မရွိတဲ့သူက အားေနတာမဟုတ္ဘူးတဲ့။
"ငါ့တုန္းကလဲ အဲ့လိုပါပဲကြာ။မင္းကအခုမွ ၃လ ေလာက္ပဲရွိေသးတာပါ ငါက (၁၀)ႏွစ္ေတာင္ ခ်စ္သူနဲ႔ခြဲေနခဲ့တဲ့ေကာင္ပါကြ....မင္းအရမ္းႀကီးစိတ္ဓာတ္မက်နဲ႔...သမီးကလည္း မင္းနဲ႔ေဝးေဝးမွာမေနႏိုင္ပါဘူးကြာ....ျပန္လာမွာပါ"
"(၁၀)ႏွစ္ၾကာမွ ျပန္လာရင္ေရာ ကိုယ္ဘယ္လိုလုပ္ရမလဲ၊ကိုယ့္ 'မ' ကိုအခ်ိန္ေတြၾကာတဲ့အထိ ျပန္မေတြ႕ရင္ေရာ....တသက္လုံးဆိုရင္"
"တသက္လုံးဆိုတာေတာ့မျဖစ္ႏိုင္ပါဘူးကြာ။ငါ့လို(၁၀)ႏွစ္ေလာက္ၾကာမွျပန္လာရင္ေတာ့...အဲ့ခ်ိန္ၾကရင္ေတာ့..မင္း.. သမီးကိုဘြားရိပ္သာပို႔လိုက္ေတာ့"
ငိုလုဆဲဆဲျဖစ္ေနေသာ ဘုန္းေနယံထြဝ္သည္၊ေယာက်ာ္းျမတ္စကားေၾကာင့္....တန္႔သြားကာ
'မ' က ခင္ဗ်ားလိုအသက္ႀကီးမသြားဘူး"
"ဟုတ္ပ...သူကနတ္သမီး"
ေယာက်ာ္းျမတ္သည္ ရယ္ရင္းနဲ႔ဘုန္းေနယံထြဋ္ထိုင္ေနေသာပါေကးေပၚထိုင္ခ်လိုက္ေလသည္။ဒီအခန္းမွာ ထိုင္စရာခုံမွမရွိပဲ။ဒီကေလးေျပာေတာ့ ကိုယ့္ဘာကို အိမ္ခြဲေနတယ္သာေျပာတာ...အိမ္မွာထိုင္စရာခုံတစ္လုံးပင္မရွိ။အိပ္ခန္းထဲဝင္ၾကည့္ေတာ့လည္း....အိပ္ယာမရွိ၊ခုတင္မရွိ ဒါေၾကာင့္...
"မင္း ည ဘယ္လိုအိပ္လဲ"
"ကိုယ္ အိမ္ျပန္အိပ္တယ္၊ေန႔ပဲ ေနတာ။
အိမ္က'မ' အေငြ႕အသက္ေတြရွိတယ္ေလ...ကိုယ္အရမ္းလြမ္းတာပဲ"
သူတို႔ႏွစ္ေယာက္သည္ တိုင္ပင္ထားျခင္းမရွိပါပဲ ႐ုတ္တရပ္ဆိုသလို တိတ္ဆိတ္သြားေလသည္။ညေနေစာင္းေတာ့ ေယာက်ာ္းျမတ္လည္းသူတို႔အိမ္ကိုျပန္သလို၊ဘုန္းေနယံထြဋ္လည္း...သူရဲ႕အိမ္ငယ္ေလးသို႔ျပန္ေလသည္။ဒီအခန္းေလးကေတာ့ ဒီတိုင္းၿငိမ္သက္စြာနဲ႔ပဲ ရွိေနခဲ့ျပန္တယ္။