Neverless (25)

1.3K 81 8
                                    

"ပြန်လာပြီလား ..ကိုကို"

"ခုပဲရောက်တာ...ရောက်ရောက်ချင်းမင်းတို့ဆီလာတာပဲ"
ဒေါက်တာ တားနေသည့်ကြားမှပင် အမှတ်မရှိသောကျတော်သည် သူမအနီးနားသို့ရောက်အောင်ပြန်လာခဲ့သည်။

"မ' ကျောင်းတတ်မဲ့ကိစ္စ ကိုကိုသိပြီးပြီဆို...အဆင်ပြေပါ့မလား...မာမီသိရင်"

"အဲ့တာတော့မသိဘူး....သန်လျင်မှာ...အဲ့ကျောင်းရှိတာတွေ့လို့သူ့ကိုပြလိုက်တာ...."

ဘုန်းနေယံထွဋ်နဲ့ နေကမ္ဘာ၏စကားဝိုင်းထဲသို့ရှင်သန်ခြင်းဝင်မပါပေ။သူမသည်....ထုံးစံအတိုင်း သူမကလေးကိုသာကြည့်နေလေသည်။

"မာမီစိတ်ဆိုးမှာတော့ ကိုယ်ကြောက်တယ်"

"အန်တီမသိအောင်ရှောင်ပေါ့ကွ မဟုတ်ရင် မင်းကျောင်းက၇နှစ်လုံးကြီး aliveက ဘာလုပ်နေရမှာလဲ....ခုကျရေကန်အသင့်ကြာအသင့်....မင်းလည်းကျောင်းတတ်၊သူလည်းစာသင်"

ပြသနာ၏အစသည်....တက္ကသိုလ်များပြန်ဖွင့်မည့်ကိစ္စဖြစ်သည်။ သန်လျင်GTC အမှတ်မှီသော ကြောင့် ဘုန်းနေယံထွဋ်သည် သန်လျင်၌ကျောင်းတတ်ရမည်။ ကျောင်းပြီးသောရှင်သန်ခြင်းကိုလည်း...ဘုန်းနေယံထွဠ်နဲ့အတူမခွဲမခွာရှိစေရန်ရှေးရှုပြီး....သန်လျင်တွင် သင်တန်းတစ်ခုခုအဖြစ်တတ်ရန်..လုပ်ဆောင်ခြင်းဖြစ်သည်။

သင်တန်းတွေအများကြီးရှိတဲ့ထဲကမှ ရှင်သန်ခြင်းတတ်မည့်ကျောင်းသည် ဗုဒ္ဓတက္ကသိုလ်ဖြစ်သည်။ထိုကျောင်းရှိသည်ကို...သူမကိုနေကမ္ဘာကပြောပြသည်။ နဂိုထဲက စိတ်ဝင်စားလွန်းသောသူမသည်...တတ်ရောက်ရန်အတွက်လက်ခံလိုက်သည်။

"မ'က တကယ်တတ်ချင်နေတယ်ဆိုရင်လည်း
ကိုယ်ကဖြစ်အောင်လုပ်ပေးရမှာပဲ....မာမီဆူလည်းနဲနဲလောက်တော့...အင်း....'မ'အတွက်ဆိုပြီးသည်းခံလိုက်မယ်"

"သိချင်တယ်...ဘာတွေကိုသင်ရမလဲဆိုတာ
"မ"တကယ်စိတ်ဝင်စားတယ် baby"

တကယ်စိတ်အားထက်သန်နေတဲ့ ရှင်သန်ခြင်းကြောင့်..ဘုန်းနေယံထွဋ်သည်ဖြစ်အောင်လုပ်ပေးမည်ဟုတွေးမိသည်။

"ကိုကိုလည်း ကျောင်းကိုအတူတူတတ်မှာလား"

သိတတ်စအရွယ်ထဲကနေခုထိအတူရှိခဲ့ကြသောသူနှစ်ဦးသည်...ဒီထက်ပိုပြီးအနီးစပ်သင့်တော့ပေ။သံယောဇဥ်များကို...ဒီထက်ပိုပြီးမချည်နှောင်ချင်တော့ပေ။ထို့ကြောင့်....
"မတတ်ဘူး၊ဘွဲ့ယူပြီးရင် ဘရာ့ဝေးကိုလိုက်သွားတော့မယ်.....တယောက်ထဲလဲဖြစ်တယ် ဟုတ်တယ်မလားalive"

Neverless (Completed)Where stories live. Discover now