လေဆိပ်သွားနေတဲ့ကားလေးက မိတ္ထီလာ_နေပြည်တော်လမ်းမကြီးပေါ်မှာ ပြေးဆွဲနေလေသည်။ ထိုကားပေါ်တွင် ရှင်သန်ခြင်းတို့သားဖသည် အသံတိတ်လျက်ရှိသည်....
"Alive....."
ပြောသင့်လား မပြောသင့်လား မစဥ်စားနိုင်တော့ပေ။ သို့ပေမဲ့ဒီကိစ္စကို အဖေဖြစ်သူကိုယ်တိုင်ပြော၍သိသည်မဟုတ်ပဲ တခြားတစ်ယောက်ကသာ ပြောပြ၍သိခြင်းဆို ရှင်သန်ခြင်းက ဒီထက်ပိုပြီးအေးစက်သွားနိုင်သည်ကို ဦနေယံသော်သိသည်။ထို့ကြောင့် ပြောရန်အတွက် စကားစလိုက်ခြင်းဖြစ်သည်။...........
"Yes....."
ဒီတစ်လုံးကိုသာပြန်ဖြေပေးလိုက်သည်....တစ်ခုခုစဥ်းစားနေပုံရတဲ့ပါး....ပါး စဥ်းစားနေတဲ့အရာကို လိုက်ပြီးစဥ်းစားမနေတော့ပေ ဒါက aliveကိစ္စမှမဟုတ်တာ...."ပါးပြောသင့်လား မသိဘူး....ဒါပေမဲ့ ပါးဒီတခါတော့ နောင်တမရချင်ဘူး "
"Yes"
ခုထိသူ့ဆီကိုအာရုံမစိုက်ဘဲ ဖြစ်နေတဲ့သမီးငယ်ကိုကြည့်ပြီး ဦးနေယံသော်၏ ဆုံးဖြတ်ချက်ကပိုလို့ပင်ခိုင်မာသွားလေသည်။
"Aliveရဲ့ကိုမြတ်....."
ရုတ်တရပ်ဆိုသလို သူ့ဆီကြည့်လာတဲ့မျက်ဝန်းတွေ အံ့သြသွားသောအမူအရာသည်။သမီးဖြစ်သူလည်း သားနဲ့မခြားနားခဲ့ပေ...မိမိမွေးထားသော သားနဲ့သမီးအတွက်မိမိသည် ထိုကောင်လေးလောက်တောင်မှအရေးမပါခဲ့တာလားဟု ဦးနေယံသော်တွေးမိသည်။
ထိုအချိန်တွင် ရှင်သန်ခြင်း၏အသံထွက်လာသည်...
"ကိုမြတ်ပြန်ရောက်နေပြီလား ပါး""တစ်လ လောက်တော့ရှိပြီ ထင်တယ်"
"မာမီသိလား ကိုမြတ်ပြန်ရောက်နေတာကို"
"မသိသေးဘူး"
အမြဲလိုလို သူတို့လင်မယားအပေါ်မှာစိတ်ဝင်စားမှုမရှိသော တနည်းအားဖြင့်လျစ်လျူရှုထားသော သမီးငယ်သည် ယခု ထိုကောင်လေးနဲ့ပတ်သတ်၍ မေးခွန်းများကိုစိတ်ဝင်စားစွာ မေးနေသည်။
"မသိစေချင်ဘူး မာမီ့ကို"
"ခုထိ စိတ်တွေမပြေသေးဘူးလား သမီး"