"Breakfast စားရအောင်"
"မစားချင်ဘူး....ကိုယ်"
သူမရင်ခွင်ထဲကမထွက်သေးပေ...ကလေးငယ်သည် သူမအားလွတ်ထွက်သွားမည်ဆိုးသည့်အလားဖက်ထားလေသည် ထို့ကြောင့် သူမကပင်အတင်းခွာ လိုက်ရ၏။
ဘုန်းနေယံထွဋ်သည် ယခုအခါမှ ဘေးတွင်ရှိသောလူများအားမြင်လေသည်။စားပွဲထိပ် တွင် ထိုင်နေသော ဘုန်းသွေးငယ်အား....
"ဖယ်..."ရှင်သန်ခြင်းသည် bossအား အာနားနေမိသည်။မနေ့ညက သူမကလေးလုပ်လို့ ဒဏ်ရာရခဲ့တာတောင် bossသည် သူကိုယ်တိုင်ပင် ကလေးငယ်အား ကျောပိုး၍ အခန်းထဲပို့ပေးခဲ့သည်မဟုတ်လား......bossပြောပြလို့ အနည်းအကျဥ်းလောက်ကို သိပေမဲ့ ကလေးသည် သူမနဲ့ပတ်သတ်၍ bossအပေါ်တွင် အမြင်မမှားစေချင်ပါ။
တကယ်ဆိုboss က သူမကိုအတင်းအကျပ်နေခိုင်းတာမှမဟုတ်တာ...သူမကိုယ်တိုင်ကိုက စိတ်လိုလက်ရနဲ့နေခဲ့တာမဟုတ်လား.......
"လာထိုင်ပါကွာ...ဖြေးဖြေးပြောလည်းရတာကို"
"Baby..."
သူမ၏ ခါးကို ကိုင်ကာ စားပွဲထိပ်သို့ခေါ်နေသော ကလေးငယ်ကြောင့် သူမအနည်းငယ် ဟန့်လိုက်သည်။ကလေးငယ်ကတော့ သူမအားပြုံးပြီးသာတချက်ကြည့်သည်။ထို့နောက်တွင်.....
"ဟော်နန်းကိုဆက်ခံမဲ့ သခင်လေးရဲ့မဟေသီ
ရှင်သန်ခြင်း..."ကလေးငယ်သည် သူမအားကြည့်၍ထိုသို့ပြောသောကြောင့် ရှင်သန်ခြင်းသည် မယုံနိုင်စွာပင်သူမ၏ ကလေးငယ်အားကြည့်လိုက်လေသည်။ထို့ထက်ပိုပြီးမယုံနိုင်စရာကောင်းတာက စကားပွဲတွင်ထိုင်နေကြသောသူမ၏သားသုံးယောက်မှလွဲပြီး၊boss မှအစ အားလုံးသည် ကြမ်းပြင်တွင် ဒူးထောက်ကာ ခေါင်းကိုငုံ့လိုက်ကြသည်......
"Wait...wait"
"မ'ကို သူတို့ဒီမှာဘယ်လိုဆက်ဆံလဲ ကိုယ့်ကိုပြော၊ကိုယ်ရှိတယ်..."
ကလေးငယ်၏ မျက်နှာသည်အေးစက်၍တည်တင်နေသည်။ဒါသည် သူမတခါမှမတွေ့ဖူးခဲ့တဲ့ ဒီကလေးငယ်ရဲ့ Dark sideလား။ဒီလိုဖက်ခြမ်းကိုသူမလက်ခံနိုင်ဖို့ရန်အတွက် ကြောက်နေမိသည်။
"မ' ကြောက်လာပြီ၊baby ...baby
မဟုတ်ဘူး မလား....'မ'ကြောင့်လား...။
ဒီလိုကြီးမပြောင်းလဲသွားပါနဲ့ pls..."