"လမင်းလား....."
ရှင်သန်ခြင်းသည် ဘယ်ကနေဘယ်လို ဘုန်းနေယံထွဋ်တို့စကားပြောသည့်နားကိုရောက်လာသည်မသိပေ။"စာ မသင်ဘူးလား 'မ'
"I asked U"
"Relax ....relax၊
ကိုယ်ပြောတာကိုနားထောင်အုံး....ကိုယ့်ကိုကြည့်'မ'ဘုန်းနေယံထွဋ်သည် ရှင်သန်ခြင်းဆီမှ အေးစက်စက်အကြည့်များကြောင့် တကိုယ်လုံးပင်ထူပူသွားလေသည်။သူမသည် သူ့အားတခါမှအဲ့လိုအကြည့်မျိုးဖြင့်မကြည့်ဖူးပေ.....
ထို့နောက် ရှင်သန်ခြင်းအားကြည့်နေရင်းနဲ့ပင် သူမကိုဖက်လိုက်သည်။ကလေးငယ်သည် အေးစက်ပြီးမာကျောသောအကြည့်များကို ခံနိုင်ရည်မရှိပေ။
"သူနဲ့ တွေ့ချင်တယ်"
"ဟင့်အင်း...မရဘူး၊'မ'ထွက်သွားအောင်သူလုပ်တာ..သူ့နဲ့'မ' ကို ကိုယ်တွေ့ခွင့်မပေးဘူး"
"This's my family"
လေသံပြတ်ပြတ်ဖြင့်ပြောကာ ရှင်သန်ခြင်းသည် ဘုန်းနေယံထွဋ်ကိုဖယ်ကာ အိမ်အပြင်သို့ထွက်လိုက်လေသည်။ ကျန်ခဲ့သောကလေးငယ်သည်လည်း ရှင်သန်ခြင်း၏လုပ်ရက်ကြောင့် ရုပ်သေးကြိုးပြတ်သလိုပင်.....
ရှင်သန်ခြင်းသည် ဆက်ပြီးပြောလျှင် ကလေးငယ်နာကျင်ရမည်ကိုစိုး၍ ထွက်လာခဲ့ခြင်းသာဖြစ်သည်။သူမစိတ်ကို သူမပြင်ဆင်ရန်အတွက်အချိန်လုံလောက်သည်မဟုတ်လား........အချိန်သည်ညနေပင်စောင်းသွား၏။
"Boss.....babyရော၊"
"Joy တို့ကို တိုးကြီးတို့ထိန်းထားတယ်၊အဆင်ပြေတယ်....ဟိုကောင်လေးကတော့ အပေါ်ဆုံးထပ်မှာ"
ရှင်သန်ခြင်းသည် ဒီအိမ်မှာနေတာကြာပြီဖြစ်သော်လည်း အပေါ်ဆုံးအထပ်သို့တခါမှမရောက်ဖူးပေ။သို့သော်ယခုအခါတွင်...သူမကလေးငယ်အားသွားချော့ရလိမ့်မည်။
"Oh my gosh..."
ရှင်သန်ခြင်း၏ လက်သည် သူမ၏နှုတ်ခမ်းတို့အား အုပ်မိလျက်သားဖြစ်သွားသည်။သူမ မယုံနိုင်ပါ...အငွေ့တွေကြားထဲ မှာ အသိစိတ်လွတ်နေသော သူမကလေး....ဖြူစင်လွန်းသည့် ကလေးငယ်သည် အခုချိန်တွင် အင်မတန်မှ အသိစိတ်မဲ့နေသည်။