Neverless (30)

1.3K 73 0
                                    

"ကိုကို ဘာလုပ်နေတာလဲမြတ်ကိုလွမ်းနေလား...မြတ်တော့ကိုကို့ကို လွမ်းနေတယ် ❤"

Messageတွင် မြင်နေရသောစာကြောင့်တည်ငြိမ်ခြင်း၏စိတ်အစဥ်တို့သည် ပိုးထနေသည်ပေါ့။

ဒီလူသားသည် ဘယ်လိုအခြေအနေ၊ဘယ်အနေအထားမျိုးမဆို သူ့ကိုကြွေအောင် ခြွေချနိုင်သည်။

စ,တွေ့ကာစအသက်၁၈နှစ်အရွယ်ကပင် ကိုယ်ကိုယ်တိုင်ကဘာလဲဆိုတာကို ဒီလူသားကိုမြင်လိုက်ရမှသိရသည်။ဒီလူသားသည် ချောလှသည်၊ဒီလိုအချောအလှလေးက ကိုယ့်ကိုပစ်ကြွေနေတယ်ဆိုတာစ,သိတဲ့ရက်ကထဲက ထိန်းမရသိမ်းမရဖြစ်ခဲ့သည်ကိုကိုယ်တိုင်သာ အသိဆုံးဖြစ်သည်။

အစကအကြောင်းတွေကို ပြန်တွေးကြည့်ရင်တကယ်ကိုကြည်နူးရသည်........

Time so named sweet.......❤

"ကိုကို....ကိုကိုမြတ်နဲ့အတူတူနေရအောင်လို့"

ကန်ဘောင်တွင်စာဖတ်နေသောတည်ငြိမ်ခြင်းထံယောကျာ်းမြတ်ရောက်လာပြီး ပြောနေခြင်းဖြစ်သည်။

"မြတ်ကို လျစ်လျူရှုနေတာလား ဒါက......"

စာကမရတာကတမျိုး၊နားညီးတာကတမျိုးနဲ့ရည်းစားထားမိတဲ့အဖြစ်ကို တည်ငြိမ်ခြင်းနောင်တရချင်သည်။အေးဆေးတာကိုကြိုက်ပါတယ်ဆိုသည့်လူကိုမှ ပေါက်ပေါက်ဆုပ်နဲ့ညားပေးရတယ်လို့.....

"ခင်ဗျား...."
စိတ်ဆိုးပြီးထွက်သွားဟန်ပြင်နေတဲ့ယောကျာ်းမြတ်ကို တည်ငြိမ်ခြင်းသည်မျက်မှန်ကိုပင့်ကာကြည့်လိုက်သည်။

"ခုထိမတားဘူး တော်တော်နေနိုင်တာပဲ...စချစ်တဲ့သူကပဲ အရှုံးပေး....."

လာတော့မယ် သူကပဲချစ်ပြီးဒီကပြန်မချစ်တဲ့အပေါက်မျိုးတွေ...တော်သေးသည် သူအဖြေတောင်းပြီး(၃)ရက်အကြာမှာအဖြေပြန်ပေးမိလို့၊တကယ်ကိုဒီလူသားတတ်နိုင်လွန်းသည်။

သို့သော်စိတ်ကိုလျော့ကာပင်ပြောလိုက်မသည်။
ချစ်လို့သည်းခံတာသူတစ်ယောက်ထဲမဟုတ်ကြောင်းကို ကြုံရင်တော့ပြောပြချင်သေးသည်။

"စာဖတ်နေတယ်လေကွာ ပြီးမှပြောလည်း ကိုကိုကလက်မခံမှာကြနေတာပဲ မြတ်ရာ"

Neverless (Completed)Where stories live. Discover now