Neverless (Completed)

By Ahlaly

107K 4.9K 138

I want to creat beautiful time with you. More

Neverless (1)
Neverless (2)
Neverless (3)
Neverless (4)
Neverless (5)
Neverless (6)
Neverless (7)
Neverless (8)
Neverless (9)
Neverless (10)
Neverless (11)
Neverless (12)
Neverless (13)
Neverless (14)
Neverless (15)
Neverless (16)
Neverless (17)
Neverless (18)
Neverless (19)
Neverless (20)
Neverless (21)
Neverless (22)
Neverless (23)
Neverless (24)
Neverless (25)
Neverless (26)
Neverless (27)
Neverless (28)
Neverless (29)
Neverless (30)
Neverless (31)
Neverless (32)
Neverless (33)
Neverless (34)
Neverless (35)
Neverless (37)
Neverless (38)
Neverless (39)
Neverless (40)
Neverless (41)
Neverless (42)
Neverless (43)
Neverless (44)
Neverless (45)
Neverless (46)
Neverless (Ending)
Neverless (Ending 2)
Neverless (Ending final)
Neverless (Extra)
Announcement
နီနီ

Neverless (36)

1.2K 68 1
By Ahlaly

ဆေးရုံတွင်ရှိသော လူအားလုံးဟာ မျက်ရည်များနဲ့အလုပ်ရှုပ်နေစဥ် အူကြောင်ကြောင်ဖြစ်နေသူတစ်ဦးလည်းရှိခဲ့သည်။

"မြတ်..အိမ်မှာသမီးတစ်ယောက်ထဲ...အိမ်ပြန်ပြီး သမီးကိုအဖော်လုပ်ပေးလိုက်အုံး"

တည်ငြိမ်ခြင်းသည် မျက်ရည်များအားထိန်းကာ အူကြောင်ကြောင်ဖြစ်နေသော ယောကျာ်းမြတ်အား အဆင်ပြေစေရန် အိမ်သို့ပြန်လွှတ်လေသည်။

"အင်း...အဲ့လိုလုပ်လိုက်မယ် ကိုကိုလည်းအရမ်းမငိုနဲ့၊ ပြန်ကောင်းသွားမှာပါ"

"လမ်းမှာဂရုစိုက်"

တည်ငြိမ်ခြင်းသည် ယောကျာ်းမြတ်ထွက်သွားတာကိုကြည့်ပြီးမှ သုတဆီသို့သွားလိုက်သည်။သုတသည်ဆေးရုံ၏ ကြမ်းခင်းတွင်ထိုင်နေသည်မှာ တော်တော်ပင်ကြာနေပြီ။

"သုတ ထ .. ခုံမှာထိုင်ရအောင်"

"မဟုတ်ဘူး...ကိုလေး ကျတော့်ကိုထွက်ရှာလို့ Kamဒီလိုဖြစ်ရတာ ကျတော်သာ နေထွက်တာကိုသွားမကြည့်မိခဲ့ရင်....ဟာဗျာ....."

သုတသည် သူ၏ဆံပင်များကို အနောက်သို့လှန်ချလိုက်သည်။တကယ်ကိုကြွေကွဲနေသည့်ပုံ၊တကယ်လည်း ကြေကွဲမှာပါလေ....ချစ်ရသူတစ်ယောက်လုံးက ခွဲစိတ်ခန်းဝင်နေသည်မှာ တနေ့နဲ့တညရှိနေပြီ..အခုထိမှပြန်မထွက်လာသေးတာ။

တည်ငြိမ်ခြင်းသည် နေကမ္ဘာ ဘာမှမဖြစ်ပါစေနဲ့ဟုဆုတောင်းပေမဲ့၊ ဒီလိုကြာနေပုံထောက်ရင် တစ်ခုခုတော့အသေအချာပဲဆိုတာကို စိတ်ထဲကသိနေသည်။မေမေနဲ့ဖေဖေလည်း ခုထိမအိပ်ရသေးပေ။ကံတရားကလည်း  ပျော်စရာရှိသည်ကို ပေါ့ပေါ့ပါးပါး ပျော်ခွင့်မပေးပါလား။

ထိုသို့ တည်ငြိမ်ခြင်းတွေးနေတုန်း.. ခွဲခန်းမှဆရာဝန်ကြီးထွက်လာလေသည်။အကုန်လုံးက မတ်တပ်ရပ်ဖို့ပင် ရုန်းကန်နေရတာမို့ တည်ငြိမ်ခြင်းပဲ အခြေအနေကို အလျင်အမြန်သွားမေးလိုက်ရသည်။

"ဆရာ လူနာအခြေအနေလေး...."

"ဆရာတို့ ခွဲစိတ်တာတော့ အောင်မြင်သွားပါပြီ၊အခြေအနေတော့စောင့်ကြည့်ရအုံးမှာပေါ့ကွကဲ...ဆရာသွားပြီး"

"ကျေးဇူးတင်ပါတယ် ဆရာ"

နေကမ္ဘာ့အား သီသန့်အခန်းတွင်ထားပြီးသည့်တိုင်အောင် သူတို့သုံးယောက်လုံးသည် အိမ်သို့ပြန်ရန်အစီစဥ်မရှိပေ၊ထို့ကြောင့် တည်ငြိမ်ခြင်း ကပဲလိုအပ်သည်များယူရန်အတွက် အိမ်သို့ပြန်ရသည်။

"သုတ ကိုလေး ဘာဝယ်ခဲ့ပေးရမလဲ...ဘာစားချင်လဲ"

"ကျတော် မဝင်လောက်ဘူး ကိုလေး"

"အဆင်ပြေတာတစ်ခုခုလုပ်ခဲ့မယ်"

သုတသည် နေကမ္ဘာ့၏လက်ကို ကိုင်ထားလျက်ကပင် ခေါင်းငြိမ့်ပြလေသည်။သူ့စိတ်ထဲတွင် Kamက သူ့ကိုမတွေ့လို့ လိုက်ရှာရင်း ကားနဲ့တိုက်သည်ပဲထင်နေသည်။တကယ့် အကြောင်းအရင်းကို သူအခုထိမသိသေးပေ။

တည်ငြိမ်ခြင်းသည် အိမ်သို့အရောက် အိမ်ဝ တွင်ကြားလိုက်ရသော ငိုသံကြောင့် ပိုလို့ပင်ခေါင်းကြီးသွားလေသည်။

"ဘာဖြစ်တာလဲ....သမီးဘာဖြစ်လို့လဲ"

"မ'ကိုယ့်ကိုထားခဲ့ပြီ၊သူ ကိုယ့်ကိုမချစ်တော့ဘူး"

ယောကျာ်းမြတ် ဆေးရုံကနေအိမ်ရောက်တော့ ရှင်သန်ခြင်းအခန်းတံခါးကိုခေါက်လိုက်သည်။ တံခါးတွင် အိမ်ချင်မူးတူနဲ့ အောက်ပိုင်းကိုတပတ် ပတ်ကာ ထွက်လာသော ဘုန်းနေယံထွဋ်ကိုသာတွ့ရ၏။ထို့နောက် တစ်အိမ်လုံးကို ပတ်ပြီးရှာကြည့်တော့ ရှင်သန်ခြင်းကိုမတွေ့ရ၊စာတစောင်ကိုသာတွေ့ရလေသည်။

"မဟုတ်တာ..ကိုထွဋ်ရာ...ခဏအပြင်ထွက်သွားတာနေမှာပါ မငိုနဲ့ တိတ်..တိတ်၊ကိုလေးရှာပေးမယ်"

တည်ငြိမ်ခြင်းရဲ့အဖြစ်က သုံးနှစ်ကလေးကိုချော့နေရသလိုပင်။ဒီကောင်လေးအမြဲအဲ့လိုပဲ aliveအိမ်သာသွားတတ်ရင်တောင် သူ့ကိုမခေါ်လို့ဆိုပြီး သူတို့အိမ်ကိုစ,ရောက်ကာစ က အာပြဲနဲ့အခုလိုငိုတာကို သတိရမိသည်။

"သမီး တကယ်မရှိဘူးကိုကိုရဲ့ ရော့...ဒီမှာ...သမီးထားခဲ့တဲ့စာ"

တည်ငြိမ်ခြင်းသည် ယောကျာ်မြတ်ပေးသောစာကိုဖတ်လိုက်သည်။စာလို့ပြောသော်လည်း ပုံတစ်ပုံသာဖြစ်နေသည် ၊ကျတော်တို့ငယ်ငယ်က bioမှာပါသည့် နှလုံးပုံဖြစ်နေသည်။ ထိုနှလုံးပုံကို အခန်းလေးခန်းခွဲထားသည် ပထမခန်းတွင် ဖေဖေ မေမေ ကိုကို လို့ရေးထားပြီး၊အဲ့ဒီအောက်ကအခန်းတွင် ဖိုးနေ၊ကိုမြတ် ဖွားဖွား ဟု ရေးထားကာ ညာဘက် လွတ်နေသော ကျန်နှစ်ခန်းတွင် baby ဟုရေးထားလေသည်။

သမီးက ဘာဖြစ်သွားပြန်တာလဲမသိဘူး....စိတ်ပြေလက်ပျောက် ထွက်သွားတာမျိုးပဲနေမှာပါ။

"သမီးက ပင်ပန်းလို့နေမှာပါ ကိုထွဋ်ရဲ့ ကိုလေးတို့ လိုက်ရှာကြမယ်နော် ထ, ထ ...မငိုနဲ့တော့ သွားကြမယ်"

ဒီလိုနဲ့ သူတို့သုံးဦးသား သည် မိတ္ထီလာမြို့အနှံ့ကို ရှင်သန်ခြင်းကိုလိုက်ရှာကြသည်။အိမ်ကို လိုအပ်တာတွေသွားယူမယ်ဆိုပြီး သွားတဲ့သူက ညနေစောင်းတဲ့ထိပြန်မလာသောကြောင့် ဒေါ်ဝတ်လွှာ ဖုန်းဆက်မိသည်။

"Hello....သား ပြန်မလာသေးဘူးလား"

ကားဂိတ်တွင် လိုက်ရှာနေသော တည်ငြိမ်ခြင်းသည် မိခင်ဖြစ်သူ၏ အမေးကို မည်သို့အဖြေပေးရမည်မသိတော့။မထူးစိတ်ပိုက်ကာ မိခင်ကိုအမှန်အတိုင်းသာ ပြောပြလိုက်လေသည်။

"အမလေး...ဒီကောင်မလေး ဘာဖြစ်ပြန်ပြီလဲ၊သူ့သူငယ်ချင်းတွေဆီရော ဖုန်းဆက်ကြည့်ပြီးပြီလား သားရယ်"

"ဆက်ပြီးပြီမေမေ အခုသူတို့လည်းကူရှာပေးနေကြတယ်"

တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလိုမျိုး ...နေကမ္ဘာသည်လည်း ခွဲစိတ်မှုအောင်မြင်တယ်လို့ ဆိုရပေမဲ့ ပြန်သတိမရလာသေးပေ။ဆရာဝန်က ပြောတာကတော့ လူနာကိုယ်တိုင်ကိုက စိတ်လျော့ထားတာတဲ့။ကိုယ်တိုင်ကိုက ပြန်ပြီးသတိမရချင်ဘူးဖြစ်နေတာတဲ့။accidient မဖြစ်ခင်မှာ သူ့စိတ်တော်တော်ကိုပင်ပန်းခဲ့တာဖြစ်လိမ့်မယ် ဆိုပြီးသာအဖြေပြန်ပေးနိုင်ကြတယ်။

ဒါကို သုတKam က လက်မလျော့ပဲ သူနေထိုင်ရာတိုင်းပြည်ကိုခေါ်ပြီး ဆေးကုမယ်ဆိုကာ ယနေ့မနက်တွင်ထွက်သွားလေရဲ့။အခုဆို သူတို့အားလုံးရဲ့အပူက ရှင်သန်ခြင်းသာ...လက်ထပ်ပွဲကလည်း ပျက်သွားလေသည်။ပျောက်နေသည်မှာ တစ်ပတ်လောက်ရှိပြီ သူမသတင်းကို အခုချိန်ထိ အစ၊အနလေးပင်မရသေးပေ...ဘုန်းနေယံထွဋ်လည်း ငိုရတာတော်တော်ကိုပင်ပန်းနေပါပြီ။

"လမင်း....ဟုတ်တယ်မလား မင်း လမင်း"

"ကိုလေး...တီငယ်"

"မင်းဘယ်တုန်းကပြန်ရောက်တာလဲကွ"

တည်ငြိမ်ခြင်းသည် အခုချိန်၌စကားပြောရန်စိတ်မပါသော်လည်း အခုမှပြန်တွေ့ရသော တဝမ်းကွဲညီလေးအား အားနာသောကြောင့် မလှုပ်ချင်လှုပ်ချင်ပြောနေရသည်။

"အန်ကယ် ဘယ်သွားမလို့လဲမသိဘူး"

လမင်းသည်...အပြင်ထွက်ရန်ပြင်နေသော ဦးနေယံသော်နဲ့ ဘုန်းနေယံထွဋ်ကိုလှမ်းမေးလိုက်သည်။သူအခု ဒီကိုလာတာ သူမှားခဲ့တာတွေကိုတောင်းပန်ချင်လို့ပဲဖြစ်သည်။

"သမီးနဲ့ အသိ သုံးဘီးမောင်းတဲ့သူတွေဆီက သတင်းသွား စုံစမ်းမလို့ပါ...မင်း တီငယ်နဲ့စကားပြောနေခဲ့အုံး ပြန်လာရင် မုန့်ဝယ်ခဲ့မယ် မပြန်သေးနဲ့အုံးနော်"

"ခဏ အန်ကယ် ကျတော်အခု ဒီကိုလာတာ aliveကိစ္စပဲပြောချင်လို့"

ထိုအခါမှ တစ်မိသားစုလုံးသည် လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။လမင်း အနားသို့ သူ့ထက်ငါအရင် ပြေးလာကြသည်။သူတို့ကိုကြည့်ပြီး လမင်းလုပ်ခဲ့တာတွေအတွက် နောင်တရမိချင်ချင်ဖြစ်သွားသည်။

"ပြော...ပြောလေ လမင်း။သမီးကိုဘယ်မှာတွေ့ခဲ့တာလဲ"

ဘုန်းနေယံထွဋ်သည် ဘာမှဝင်မပြောဘဲ လမင်းကိုသာခပ်စူးစူးကြည့်နေလေသည်။လမင်းသည် စားပွဲပေါ်ရှိ ရေကရားထဲမှ ရေကို ငှဲ့က သောက်လိုက်သည်။သူပြောပြရမည့်အရေးကိုကြိုတွေးပြီး...မောနေသည့်အမူအရာ...

"ဒီလိုပါ ....နေကမ္ဘာက aliveကိုကြိုက်နေတယ်ဆိုတာ aliveကို မေမေ(ဒေါ်ပန်းလွှာ) ကပြောပြလိုက်တယ်...အဲ့တာ aliveက သူ့ကြောင့်နေကမ္ဘာ့ ဒီလိုဖြစ်ရတယ်ဆိုပြီး...ထွက်သွားတာပဲနေမှာ ကျတော့်ကြောင့်ပါ ကျတော်သာ မေမေ့ကို ဒီကိစ္စမပြောပြခဲ့ရင် ဒီလိုတွေဖြစ်မှာမဟုတ်ဘူး...တောင်းပန်ပါတယ် ပြန်လာ လာချင်း ပြသနာရှာမိလို့"

အားလုံးသည် အခုမှ aliveပျောက်သွားရသော အကြောင်းတရားကိုသိသွားလေသည်။အကြောင်းအရင်းသည် အပြည့်အစုံမဟုတ်ပေမဲ့ ဒီလောက်ဆိုအဆင်ပါတယ်လို့ လမင်းထင်လေသည်။ အကြောင်းအရင်း ပြည့်ပြည့်စုံစုံကိုမပြောချင်ပါ အထူးသဖြင့်...သုတKamနဲ့ နေကမ္ဘာရဲ့အကြောင်းကို ပိုလို့တောင်မပြောချင်....ဒီအတောအတွင်းသူပင်ပန်းခံခဲ့ရတာတွေက...နဲနဲလေးမှမဟုတ်တာ ခံကြပါစေလေ။

"မဟုတ်...မေမေ့ကြောင့် သမီးထွက်သွားရတာ...မေမေသာ မမကြီးကို ပြန်မပြောခဲ့ရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး"

"ဒီကိစ္စကတော့ လွန်သွားပြီ သမီးက အစထဲကမှခံစားလွယ်ပါတယ်ဆို အန်တီကြီးသိရက်နဲ့သက်သက်လုပ်တာ...သား သည်းမခံနိုင်တော့ဘူး"

ယောကျာ်းမြတ်သည် တည်ငြိမ်ခြင်း ဒေါသထွက်နေပုံကို တအံ့တသြကို ငေးနေမိသည်။သူသည်တစ်ခါမှ တည်ငြိမ်ခြင်းဒေါသထွက်သည်ကိုမတွေးဖူးပေ။

ကိုကို ဒေါသထွက်နေတာတကယ်ကို ဆွဲဆောင်မှုရှိတာပါ။နဖူးမှာရှိတဲ့ အရေပြား ပါးပါးလေးအောက် အကြောစိမ်းများသည် ထင်ထင်ရှားရှားကို မြင်ရလာသည်။နှုတ်ခမ်း ပါးပါးလေးကလဲ ပိုပြီးရဲလာသလိုရှိသည်။ကိုကို့ဆီမှာ ကြွေကျနေတုန်းကို ဟိုငတိရဲ့အသံကြောင့် လူကအိပ်ယာမှလန့်နိုးသလိုဖြစ်လာသည်။ကျောချမ်းစရာကောင်းလိုက်တဲ့ အသံဟုပါ တခါထဲမှတ်ချက်ပေးလိုက်သည်။

"ကိုကိုနဲ့ယှဥ်ရင် ကိုယ့်ကို မချစ်လို့ပေါ့ ထားလိုက်ပါ...ကိုယ် တွေ့အောင်ရှာပြမယ်၊'မ'နဲ့ တွေ့ရင် ကိုယ် မေးစရာတွေရှိတယ်...အခုကိုယ်ပြန်တော့မယ်လူအင်အား ဘယ်လောက်သုံးရပါစေ ကိုယ်တွေ့အောင်ရှာမယ်"

ဟော်နန်းသခင်လေးသည် ကျားတစ်ကောင်ကဲ့သို့မာန်ဖီလေသည်။

"သားငယ်...စိတ်ကိုလျော့ ပါပါးကို ကြည့်"

ဘုန်းနေယံထွဋ်သည် တစ္ဆေတကောင်ဝင်ပူးနေသလိုပင် ဒေါသထွက်နေတာက ကိုကိုလိုဆွဲဆောင်မှုမရှိပဲ တော်တော်ကြောက်ဖို့ကောင်းသည်။

"ပါပါး သမီးကအားလုံးကိုဘာမှမပြောပဲ ထွက်သွားတာတောင် သားအတွက်စာချန်ခဲ့တယ်လေ အဲ့တာထက် သားနဲ့သူနဲ့က သူ မထွက်သွားခင်ထိအတူတူရှိခဲ့ကြတာလေ...သားကိုသူ သေချာပေါက်တစ်ခုခုပြောခဲ့မှာပါ......ပြန်တွေးကြည့်ပါ သမီးက သားကိုအချစ်ဆုံးပါ"

ထိုအခါမှ တည်တင်းနေသော ဘုန်းနေယံထွဋ်မျက်နှာသည် ချက်ချင်းဆိုသလိုပြိုကျကာ ငိုလေသည်။

ထိုနေ့ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တစ်ခုချင်းစီကိုပြန်တွေးပြီး ဘုန်းနေယံထွဋ်သည် သူ့ကိုသူအပြစ်တင်မိသည်။တကယ်ဆို 'မ"တစ်ခုခု ဖြစ်နေတာကို သူသိခဲ့ဖို့ကောင်းသည်။

"ဒါပေမဲ့..ကိုယ်ဒီလောက်ထိ ခယနေခဲ့တာတောင် 'မ' ကိုယ့်မျက်နှာကို တစ်ချက်မကြည့်သွားဘူး ပါပါး။ကိုယ်ရင်နာတယ်...ကိုယ်သူနဲ့ ခွဲပြီးမနေနိုင်ဘူးဆိုတာ သူသိရက်နဲ့...ကိုယ့်ကို"

သူမသည် ထွက်မသွားခင်တွင် ကလေးငယ် မျက်နှာတစ်ချက်ကို မကြည့်တာမဟုတ်ပဲ သူမရဲ့ဘဝတစ်ခုလုံးကို ထိုကလေးငယ်အပေါ်တွင် ယုံယုံကြည်ကြည်နဲ့အပ်နှင်းပေးခဲ့တာကို သိပါလျက်နဲ့...ကလေးငယ်သည် ဆိုးလွန်းသည်။

အသက်ကဖြင့်(၂၄)ထဲရောက်နေပြီ..ဒါကိုအခုထိအာပြဲနဲ့ငိုနေတုန်း၊ကိုကို့ အဖေကလည်း ဒါလေးကို ဖက်ထားကာ အငိုတိတ်စေရန် နောက်ကျောကိုပင် ပွတ်သပ်ပေးနေသည်။ဒိီကောင်လေး သူ့ထက်ဆိုင်ရင် ခုထိတော့ကံကောင်းပါသေးတယ်။သူ့တုန်းက ကားဂိတ်မှာတစ်ယောက်ထဲ အသံမထွက်အောင်ကျိတ်ပြီး ငိုခဲ့ရတာမလား...၊အခုလိုလျော့မဲ့လူ ရှိဖို့ဝေးစွ....သူ့ကိုထွက်သွားအောင်တွန်းအားပေးတဲ့သူတွေသာ အနားမှာရှိခဲ့တာ။ချစ်ရသူ ကိုယ်တိုင်ရဲ့နှုတ်ကနေ 'မင်းက ငါ့ကိုထားခဲ့ပေးပါ"ဆိုပြီး ပြောတာကိုကြားခဲ့ရတာ။ နောက်များ အချိန်ရရင်တော့ ကိုထွဋ်ကို သူ့အလှည့်တုန်းက ဒီလိုခံစားခဲ့ရတာဆိုပြီး ပြောပြပေးရမည်။ဒါမှ ဒီကလေး လောကဓံ ဆိုတာဘာလဲနားလည်မှာ။

ယောကျာ်းမြတ် တကယ်ကိုအိပ်ချင်နေပြီ။ကိုကိုနဲ့ ကိုကို့မိဘတွေကတော့ စောက်ကလေးကို စိုးရိမ်ပြီးမအိပ်ချင်ကြပေမဲ့ သူတော့မရတော့ပေ။

"ကိုလေး သိလား 'မ' ကကိုယ့်ကိုထားခဲ့တာ...ဟား...ဟားးးး ကိုယ့်ဘာဖြစ်ဖြစ်ဆိုပြီး၊ရပါတယ်လေ ကိုယ်ကချစ်တဲ့သူဆိုတော့...သူပြောသလို ကိုယ်နေပေးမှာပါ"

"ကိုထွဋ်ရာ တော်ပါတော့ကွာ မင်းမူးနေပြီ...အခု သမီးပြန်လာရင် မင်းကိုဆူလိမ့်မယ်နော်"

"မ' ဆူတာကိုခံချင်တယ်၊ 'မ'စိတ်ဆိုးနေတာကို ကိုယ်လျော့ချင်တယ်...'မ"ရဲ့ စကားသံ..ကို..ကိုယ်...အေ့"

အရက်သမား ကိုလူချောသည် အိမ်သာ သို့ပြေးကာ အန်လေသည်။ကိုကိုတို့မှာ သမီးအတွက်စိတ်မပူရပဲ ဒီကောင်လေး အတွက်သာ ပူနေရသည်။စိတ်ရှိတိုင်းသာ လုပ်ရရင် သောက်ကလေး သေတော့မယ်။

ကျတော်တို့လေးယောက်လုံး တညလုံးအမူးသမားကိုထိန်းနေရတာပေါ့။ငိုလိုက်၊ရီလိုက်၊ သီချင်းတွေဆိုလိုနဲ့...ဒီကလေး လည်တော့လည်သား သီချင်းဆိုတာတောင် ဒုတိယလူ သီချင်းကိုဆိုတာဗျာ။ကိုကိုတို့ကတော့ မတော်ရသေးတဲ့ယောက်ဖကို အရမ်းတွေသနားကြတာပေါ့။

တညလုံး သောင်ကျန်းပြီး မိုးလင်းခါနီးလောက်မှလအမူးသမားက အိပ်ပျော်သွားသည်။ကျတော်တို့လည်း အဲ့ဒီအချိန်မှပဲအိပ်ရတော့သည်။သိပ်မကြာခင် ကျတော့်စိတ်ထဲတွင် မိုးကအခုမှ လင်းမယ်ကြံကာရှိသေးဟူ၍ ဟိုကောင့်ကို ကျိန်ဆဲလိုက်သည်။

"သူတောင်းစားလေး...ကောင်းကောင်းကိုမအိပ်ရဘူး "

"မြတ်ရာ....ကလေးကခံစားနေရတာကိုကွာ"
ဘေးတွင်အိပ်နေသော ကိုကိုကအသံအေးအေးဖြင့်သာပြောလေသည်။

ကျတော့ တုန်း က သူ့ထက်ပိုပါတယ်လို့ မပြောမိအောင် မနဲထိန်းနေရသည်။ထို့နောက် ကိုကို့သည် အိပ်ရာမှ ထကာ အပြင်သို့သွားလေသည်။

"ဘာဖြစ်လို့လဲ...ဖေဖေ"

"သားငယ်က ပြန်မလို့တဲ့"

"သားကြီး မြန်မြန်လုပ်၊ သားတို့လည်းပြန်တော့ ကလေးတစ်ယောက်ထဲ မေမေစိတ်မချဘူး...သား မြတ် ကိုလည်း အန်တီတောင်းပန်ပါတယ်ကွယ်၊အေးအေးဆေးဆေးမှ အန်တီတို့သေချာစကားပြောကြတာပေါ့"

"အော်..ဟုတ်ကဲ့။"

"မြတ်ပစ္စည်းတွေမြန်မြန်ထဲ့၊ ကိုထွဋ် ခဏပဲစောင့်..."

စကားပင် ပြောလို့မဆုံးသေး ကိုကိုသည်အခန်းထဲက အကျီများအားထုတ်ပိုးနေပြီ။တကယ်စွမ်းတဲ့ ဘုန်းနေယံထွဋ်ပါပဲ။ဖြစ်ချင်တာမှန်သမျှကို အကုန်လိုက်လျောပေးတဲ့သူတွေကမနည်းမနော။

ဒီလိုနဲ့ အပြန်ခရီးသည် အလာတုန်းကနဲ့မတူပဲ ခြောက်ကပ်နေလေသည်။

Zawgyi....


ေဆး႐ုံတြင္ရွိေသာ လူအားလုံးဟာ မ်က္ရည္မ်ားနဲ႔အလုပ္ရႈပ္ေနစဥ္ အူေၾကာင္ေၾကာင္ျဖစ္ေနသူတစ္ဦးလည္းရွိခဲ့သည္။

"ျမတ္..အိမ္မွာသမီးတစ္ေယာက္ထဲ...အိမ္ျပန္ၿပီး သမီးကိုအေဖာ္လုပ္ေပးလိုက္အုံး"

တည္ၿငိမ္ျခင္းသည္ မ်က္ရည္မ်ားအားထိန္းကာ အူေၾကာင္ေၾကာင္ျဖစ္ေနေသာ ေယာက်ာ္းျမတ္အား အဆင္ေျပေစရန္ အိမ္သို႔ျပန္လႊတ္ေလသည္။

"အင္း...အဲ့လိုလုပ္လိုက္မယ္ ကိုကိုလည္းအရမ္းမငိုနဲ႔၊ ျပန္ေကာင္းသြားမွာပါ"

"လမ္းမွာဂ႐ုစိုက္"

တည္ၿငိမ္ျခင္းသည္ ေယာက်ာ္းျမတ္ထြက္သြားတာကိုၾကည့္ၿပီးမွ သုတဆီသို႔သြားလိုက္သည္။သုတသည္ေဆး႐ုံ၏ ၾကမ္းခင္းတြင္ထိုင္ေနသည္မွာ ေတာ္ေတာ္ပင္ၾကာေနၿပီ။

"သုတ ထ .. ခုံမွာထိုင္ရေအာင္"

"မဟုတ္ဘူး...ကိုေလး က်ေတာ့္ကိုထြက္ရွာလို႔ Kamဒီလိုျဖစ္ရတာ က်ေတာ္သာ ေနထြက္တာကိုသြားမၾကည့္မိခဲ့ရင္....ဟာဗ်ာ....."

သုတသည္ သူ၏ဆံပင္မ်ားကို အေနာက္သို႔လွန္ခ်လိုက္သည္။တကယ္ကိုေႂကြကြဲေနသည့္ပုံ၊တကယ္လည္း ေၾကကြဲမွာပါေလ....ခ်စ္ရသူတစ္ေယာက္လုံးက ခြဲစိတ္ခန္းဝင္ေနသည္မွာ တေန႔နဲ႔တညရွိေနၿပီ..အခုထိမွျပန္မထြက္လာေသးတာ။

တည္ၿငိမ္ျခင္းသည္ ေနကမာၻ ဘာမွမျဖစ္ပါေစနဲ႔ဟုဆုေတာင္းေပမဲ့၊ ဒီလိုၾကာေနပုံေထာက္ရင္ တစ္ခုခုေတာ့အေသအခ်ာပဲဆိုတာကို စိတ္ထဲကသိေနသည္။ေမေမနဲ႔ေဖေဖလည္း ခုထိမအိပ္ရေသးေပ။ကံတရားကလည္း  ေပ်ာ္စရာရွိသည္ကို ေပါ့ေပါ့ပါးပါး ေပ်ာ္ခြင့္မေပးပါလား။

ထိုသို႔ တည္ၿငိမ္ျခင္းေတြးေနတုန္း.. ခြဲခန္းမွဆရာဝန္ႀကီးထြက္လာေလသည္။အကုန္လုံးက မတ္တပ္ရပ္ဖို႔ပင္ ႐ုန္းကန္ေနရတာမို႔ တည္ၿငိမ္ျခင္းပဲ အေျခအေနကို အလ်င္အျမန္သြားေမးလိုက္ရသည္။

"ဆရာ လူနာအေျခအေနေလး...."

"ဆရာတို႔ ခြဲစိတ္တာေတာ့ ေအာင္ျမင္သြားပါၿပီ၊အေျခအေနေတာ့ေစာင့္ၾကည့္ရအုံးမွာေပါ့ကြကဲ...ဆရာသြားၿပီး"

"ေက်းဇူးတင္ပါတယ္ ဆရာ"

ေနကမာၻ႔အား သီသန္႔အခန္းတြင္ထားၿပီးသည့္တိုင္ေအာင္ သူတို႔သုံးေယာက္လုံးသည္ အိမ္သို႔ျပန္ရန္အစီစဥ္မရွိေပ၊ထို႔ေၾကာင့္ တည္ၿငိမ္ျခင္း ကပဲလိုအပ္သည္မ်ားယူရန္အတြက္ အိမ္သို႔ျပန္ရသည္။

"သုတ ကိုေလး ဘာဝယ္ခဲ့ေပးရမလဲ...ဘာစားခ်င္လဲ"

"က်ေတာ္ မဝင္ေလာက္ဘူး ကိုေလး"

"အဆင္ေျပတာတစ္ခုခုလုပ္ခဲ့မယ္"

သုတသည္ ေနကမာၻ႔၏လက္ကို ကိုင္ထားလ်က္ကပင္ ေခါင္းၿငိမ့္ျပေလသည္။သူ႔စိတ္ထဲတြင္ Kamက သူ႔ကိုမေတြ႕လို႔ လိုက္ရွာရင္း ကားနဲ႔တိုက္သည္ပဲထင္ေနသည္။တကယ့္ အေၾကာင္းအရင္းကို သူအခုထိမသိေသးေပ။

တည္ၿငိမ္ျခင္းသည္ အိမ္သို႔အေရာက္ အိမ္ဝ တြင္ၾကားလိုက္ရေသာ ငိုသံေၾကာင့္ ပိုလို႔ပင္ေခါင္းႀကီးသြားေလသည္။

"ဘာျဖစ္တာလဲ....သမီးဘာျဖစ္လို႔လဲ"

"မ'ကိုယ့္ကိုထားခဲ့ၿပီ၊သူ ကိုယ့္ကိုမခ်စ္ေတာ့ဘူး"

ေယာက်ာ္းျမတ္ ေဆး႐ုံကေနအိမ္ေရာက္ေတာ့ ရွင္သန္ျခင္းအခန္းတံခါးကိုေခါက္လိုက္သည္။ တံခါးတြင္ အိမ္ခ်င္မူးတူနဲ႔ ေအာက္ပိုင္းကိုတပတ္ ပတ္ကာ ထြက္လာေသာ ဘုန္းေနယံထြဋ္ကိုသာတြ႕ရ၏။ထို႔ေနာက္ တစ္အိမ္လုံးကို ပတ္ၿပီးရွာၾကည့္ေတာ့ ရွင္သန္ျခင္းကိုမေတြ႕ရ၊စာတေစာင္ကိုသာေတြ႕ရေလသည္။

"မဟုတ္တာ..ကိုထြဋ္ရာ...ခဏအျပင္ထြက္သြားတာေနမွာပါ မငိုနဲ႔ တိတ္..တိတ္၊ကိုေလးရွာေပးမယ္"

တည္ၿငိမ္ျခင္းရဲ႕အျဖစ္က သုံးႏွစ္ကေလးကိုေခ်ာ့ေနရသလိုပင္။ဒီေကာင္ေလးအၿမဲအဲ့လိုပဲ aliveအိမ္သာသြားတတ္ရင္ေတာင္ သူ႔ကိုမေခၚလို႔ဆိုၿပီး သူတို႔အိမ္ကိုစ,ေရာက္ကာစ က အာၿပဲနဲ႔အခုလိုငိုတာကို သတိရမိသည္။

"သမီး တကယ္မရွိဘူးကိုကိုရဲ႕ ေရာ့...ဒီမွာ...သမီးထားခဲ့တဲ့စာ"

တည္ၿငိမ္ျခင္းသည္ ေယာက်ာ္ျမတ္ေပးေသာစာကိုဖတ္လိုက္သည္။စာလို႔ေျပာေသာ္လည္း ပုံတစ္ပုံသာျဖစ္ေနသည္ ၊က်ေတာ္တို႔ငယ္ငယ္က bioမွာပါသည့္ ႏွလုံးပုံျဖစ္ေနသည္။ ထိုႏွလုံးပုံကို အခန္းေလးခန္းခြဲထားသည္ ပထမခန္းတြင္ ေဖေဖ ေမေမ ကိုကို လို႔ေရးထားၿပီး၊အဲ့ဒီေအာက္ကအခန္းတြင္ ဖိုးေန၊ကိုျမတ္ ဖြားဖြား ဟု ေရးထားကာ ညာဘက္ လြတ္ေနေသာ က်န္ႏွစ္ခန္းတြင္ baby ဟုေရးထားေလသည္။

သမီးက ဘာျဖစ္သြားျပန္တာလဲမသိဘူး....စိတ္ေျပလက္ေပ်ာက္ ထြက္သြားတာမ်ိဳးပဲေနမွာပါ။

"သမီးက ပင္ပန္းလို႔ေနမွာပါ ကိုထြဋ္ရဲ႕ ကိုေလးတို႔ လိုက္ရွာၾကမယ္ေနာ္ ထ, ထ ...မငိုနဲ႔ေတာ့ သြားၾကမယ္"

ဒီလိုနဲ႔ သူတို႔သုံးဦးသား သည္ မိတၳီလာၿမိဳ႕အႏွံ႔ကို ရွင္သန္ျခင္းကိုလိုက္ရွာၾကသည္။အိမ္ကို လိုအပ္တာေတြသြားယူမယ္ဆိုၿပီး သြားတဲ့သူက ညေနေစာင္းတဲ့ထိျပန္မလာေသာေၾကာင့္ ေဒၚဝတ္လႊာ ဖုန္းဆက္မိသည္။

"Hello....သား ျပန္မလာေသးဘူးလား"

ကားဂိတ္တြင္ လိုက္ရွာေနေသာ တည္ၿငိမ္ျခင္းသည္ မိခင္ျဖစ္သူ၏ အေမးကို မည္သို႔အေျဖေပးရမည္မသိေတာ့။မထူးစိတ္ပိုက္ကာ မိခင္ကိုအမွန္အတိုင္းသာ ေျပာျပလိုက္ေလသည္။

"အမေလး...ဒီေကာင္မေလး ဘာျဖစ္ျပန္ၿပီလဲ၊သူ႔သူငယ္ခ်င္းေတြဆီေရာ ဖုန္းဆက္ၾကည့္ၿပီးၿပီလား သားရယ္"

"ဆက္ၿပီးၿပီေမေမ အခုသူတို႔လည္းကူရွာေပးေနၾကတယ္"

တစ္ပူေပၚႏွစ္ပူဆင့္ဆိုသလိုမ်ိဳး ...ေနကမာၻသည္လည္း ခြဲစိတ္မႈေအာင္ျမင္တယ္လို႔ ဆိုရေပမဲ့ ျပန္သတိမရလာေသးေပ။ဆရာဝန္က ေျပာတာကေတာ့ လူနာကိုယ္တိုင္ကိုက စိတ္ေလ်ာ့ထားတာတဲ့။ကိုယ္တိုင္ကိုက ျပန္ၿပီးသတိမရခ်င္ဘူးျဖစ္ေနတာတဲ့။accidient မျဖစ္ခင္မွာ သူ႔စိတ္ေတာ္ေတာ္ကိုပင္ပန္းခဲ့တာျဖစ္လိမ့္မယ္ ဆိုၿပီးသာအေျဖျပန္ေပးႏိုင္ၾကတယ္။

ဒါကို သုတKam က လက္မေလ်ာ့ပဲ သူေနထိုင္ရာတိုင္းျပည္ကိုေခၚၿပီး ေဆးကုမယ္ဆိုကာ ယေန႔မနက္တြင္ထြက္သြားေလရဲ႕။အခုဆို သူတို႔အားလုံးရဲ႕အပူက ရွင္သန္ျခင္းသာ...လက္ထပ္ပြဲကလည္း ပ်က္သြားေလသည္။ေပ်ာက္ေနသည္မွာ တစ္ပတ္ေလာက္ရွိၿပီ သူမသတင္းကို အခုခ်ိန္ထိ အစ၊အနေလးပင္မရေသးေပ...ဘုန္းေနယံထြဋ္လည္း ငိုရတာေတာ္ေတာ္ကိုပင္ပန္းေနပါၿပီ။

"လမင္း....ဟုတ္တယ္မလား မင္း လမင္း"

"ကိုေလး...တီငယ္"

"မင္းဘယ္တုန္းကျပန္ေရာက္တာလဲကြ"

တည္ၿငိမ္ျခင္းသည္ အခုခ်ိန္၌စကားေျပာရန္စိတ္မပါေသာ္လည္း အခုမွျပန္ေတြ႕ရေသာ တဝမ္းကြဲညီေလးအား အားနာေသာေၾကာင့္ မလႈပ္ခ်င္လႈပ္ခ်င္ေျပာေနရသည္။

"အန္ကယ္ ဘယ္သြားမလို႔လဲမသိဘူး"

လမင္းသည္...အျပင္ထြက္ရန္ျပင္ေနေသာ ဦးေနယံေသာ္နဲ႔ ဘုန္းေနယံထြဋ္ကိုလွမ္းေမးလိုက္သည္။သူအခု ဒီကိုလာတာ သူမွားခဲ့တာေတြကိုေတာင္းပန္ခ်င္လို႔ပဲျဖစ္သည္။

"သမီးနဲ႔ အသိ သုံးဘီးေမာင္းတဲ့သူေတြဆီက သတင္းသြား စုံစမ္းမလို႔ပါ...မင္း တီငယ္နဲ႔စကားေျပာေနခဲ့အုံး ျပန္လာရင္ မုန္႔ဝယ္ခဲ့မယ္ မျပန္ေသးနဲ႔အုံးေနာ္"

"ခဏ အန္ကယ္ က်ေတာ္အခု ဒီကိုလာတာ aliveကိစၥပဲေျပာခ်င္လို႔"

ထိုအခါမွ တစ္မိသားစုလုံးသည္ လႈပ္လႈပ္ရွားရွားျဖစ္သြားေလသည္။လမင္း အနားသို႔ သူ႔ထက္ငါအရင္ ေျပးလာၾကသည္။သူတို႔ကိုၾကည့္ၿပီး လမင္းလုပ္ခဲ့တာေတြအတြက္ ေနာင္တရမိခ်င္ခ်င္ျဖစ္သြားသည္။

"ေျပာ...ေျပာေလ လမင္း။သမီးကိုဘယ္မွာေတြ႕ခဲ့တာလဲ"

ဘုန္းေနယံထြဋ္သည္ ဘာမွဝင္မေျပာဘဲ လမင္းကိုသာခပ္စူးစူးၾကည့္ေနေလသည္။လမင္းသည္ စားပြဲေပၚရွိ ေရကရားထဲမွ ေရကို ငွဲ႔က ေသာက္လိုက္သည္။သူေျပာျပရမည့္အေရးကိုႀကိဳေတြးၿပီး...ေမာေနသည့္အမူအရာ...

"ဒီလိုပါ ....ေနကမာၻက aliveကိုႀကိဳက္ေနတယ္ဆိုတာ aliveကို ေမေမ(ေဒၚပန္းလႊာ) ကေျပာျပလိုက္တယ္...အဲ့တာ aliveက သူ႔ေၾကာင့္ေနကမာၻ႔ ဒီလိုျဖစ္ရတယ္ဆိုၿပီး...ထြက္သြားတာပဲေနမွာ က်ေတာ့္ေၾကာင့္ပါ က်ေတာ္သာ ေမေမ့ကို ဒီကိစၥမေျပာျပခဲ့ရင္ ဒီလိုေတြျဖစ္မွာမဟုတ္ဘူး...ေတာင္းပန္ပါတယ္ ျပန္လာ လာခ်င္း ျပသနာရွာမိလို႔"

အားလုံးသည္ အခုမွ aliveေပ်ာက္သြားရေသာ အေၾကာင္းတရားကိုသိသြားေလသည္။အေၾကာင္းအရင္းသည္ အျပည့္အစုံမဟုတ္ေပမဲ့ ဒီေလာက္ဆိုအဆင္ပါတယ္လို႔ လမင္းထင္ေလသည္။ အေၾကာင္းအရင္း ျပည့္ျပည့္စုံစုံကိုမေျပာခ်င္ပါ အထူးသျဖင့္...သုတKamနဲ႔ ေနကမာၻရဲ႕အေၾကာင္းကို ပိုလို႔ေတာင္မေျပာခ်င္....ဒီအေတာအတြင္းသူပင္ပန္းခံခဲ့ရတာေတြက...နဲနဲေလးမွမဟုတ္တာ ခံၾကပါေစေလ။

"မဟုတ္...ေမေမ့ေၾကာင့္ သမီးထြက္သြားရတာ...ေမေမသာ မမႀကီးကို ျပန္မေျပာခဲ့ရင္ ဒီလိုေတြျဖစ္လာမွာမဟုတ္ဘူး"

"ဒီကိစၥကေတာ့ လြန္သြားၿပီ သမီးက အစထဲကမွခံစားလြယ္ပါတယ္ဆို အန္တီႀကီးသိရက္နဲ႔သက္သက္လုပ္တာ...သား သည္းမခံႏိုင္ေတာ့ဘူး"

ေယာက်ာ္းျမတ္သည္ တည္ၿငိမ္ျခင္း ေဒါသထြက္ေနပုံကို တအံ့တၾသကို ေငးေနမိသည္။သူသည္တစ္ခါမွ တည္ၿငိမ္ျခင္းေဒါသထြက္သည္ကိုမေတြးဖူးေပ။

ကိုကို ေဒါသထြက္ေနတာတကယ္ကို ဆြဲေဆာင္မႈရွိတာပါ။နဖူးမွာရွိတဲ့ အေရျပား ပါးပါးေလးေအာက္ အေၾကာစိမ္းမ်ားသည္ ထင္ထင္ရွားရွားကို ျမင္ရလာသည္။ႏႈတ္ခမ္း ပါးပါးေလးကလဲ ပိုၿပီးရဲလာသလိုရွိသည္။ကိုကို႔ဆီမွာ ေႂကြက်ေနတုန္းကို ဟိုငတိရဲ႕အသံေၾကာင့္ လူကအိပ္ယာမွလန္႔ႏိုးသလိုျဖစ္လာသည္။ေက်ာခ်မ္းစရာေကာင္းလိုက္တဲ့ အသံဟုပါ တခါထဲမွတ္ခ်က္ေပးလိုက္သည္။

"ကိုကိုနဲ႔ယွဥ္ရင္ ကိုယ့္ကို မခ်စ္လို႔ေပါ့ ထားလိုက္ပါ...ကိုယ္ ေတြ႕ေအာင္ရွာျပမယ္၊'မ'နဲ႔ ေတြ႕ရင္ ကိုယ္ ေမးစရာေတြရွိတယ္...အခုကိုယ္ျပန္ေတာ့မယ္လူအင္အား ဘယ္ေလာက္သုံးရပါေစ ကိုယ္ေတြ႕ေအာင္ရွာမယ္"

ေဟာ္နန္းသခင္ေလးသည္ က်ားတစ္ေကာင္ကဲ့သို႔မာန္ဖီေလသည္။

"သားငယ္...စိတ္ကိုေလ်ာ့ ပါပါးကို ၾကည့္"

ဘုန္းေနယံထြဋ္သည္ တေစၦတေကာင္ဝင္ပူးေနသလိုပင္ ေဒါသထြက္ေနတာက ကိုကိုလိုဆြဲေဆာင္မႈမရွိပဲ ေတာ္ေတာ္ေၾကာက္ဖို႔ေကာင္းသည္။

"ပါပါး သမီးကအားလုံးကိုဘာမွမေျပာပဲ ထြက္သြားတာေတာင္ သားအတြက္စာခ်န္ခဲ့တယ္ေလ အဲ့တာထက္ သားနဲ႔သူနဲ႔က သူ မထြက္သြားခင္ထိအတူတူရွိခဲ့ၾကတာေလ...သားကိုသူ ေသခ်ာေပါက္တစ္ခုခုေျပာခဲ့မွာပါ......ျပန္ေတြးၾကည့္ပါ သမီးက သားကိုအခ်စ္ဆုံးပါ"

ထိုအခါမွ တည္တင္းေနေသာ ဘုန္းေနယံထြဋ္မ်က္ႏွာသည္ ခ်က္ခ်င္းဆိုသလိုၿပိဳက်ကာ ငိုေလသည္။

ထိုေန႔ညက ျဖစ္ပ်က္ခဲ့ေသာ အျဖစ္အပ်က္တစ္ခုခ်င္းစီကိုျပန္ေတြးၿပီး ဘုန္းေနယံထြဋ္သည္ သူ႔ကိုသူအျပစ္တင္မိသည္။တကယ္ဆို 'မ"တစ္ခုခု ျဖစ္ေနတာကို သူသိခဲ့ဖို႔ေကာင္းသည္။

"ဒါေပမဲ့..ကိုယ္ဒီေလာက္ထိ ခယေနခဲ့တာေတာင္ 'မ' ကိုယ့္မ်က္ႏွာကို တစ္ခ်က္မၾကည့္သြားဘူး ပါပါး။ကိုယ္ရင္နာတယ္...ကိုယ္သူနဲ႔ ခြဲၿပီးမေနႏိုင္ဘူးဆိုတာ သူသိရက္နဲ႔...ကိုယ့္ကို"

သူမသည္ ထြက္မသြားခင္တြင္ ကေလးငယ္ မ်က္ႏွာတစ္ခ်က္ကို မၾကည့္တာမဟုတ္ပဲ သူမရဲ႕ဘဝတစ္ခုလုံးကို ထိုကေလးငယ္အေပၚတြင္ ယုံယုံၾကည္ၾကည္နဲ႔အပ္ႏွင္းေပးခဲ့တာကို သိပါလ်က္နဲ႔...ကေလးငယ္သည္ ဆိုးလြန္းသည္။

အသက္ကျဖင့္(၂၄)ထဲေရာက္ေနၿပီ..ဒါကိုအခုထိအာၿပဲနဲ႔ငိုေနတုန္း၊ကိုကို႔ အေဖကလည္း ဒါေလးကို ဖက္ထားကာ အငိုတိတ္ေစရန္ ေနာက္ေက်ာကိုပင္ ပြတ္သပ္ေပးေနသည္။ဒိီေကာင္ေလး သူ႔ထက္ဆိုင္ရင္ ခုထိေတာ့ကံေကာင္းပါေသးတယ္။သူ႔တုန္းက ကားဂိတ္မွာတစ္ေယာက္ထဲ အသံမထြက္ေအာင္က်ိတ္ၿပီး ငိုခဲ့ရတာမလား...၊အခုလိုေလ်ာ့မဲ့လူ ရွိဖို႔ေဝးစြ....သူ႔ကိုထြက္သြားေအာင္တြန္းအားေပးတဲ့သူေတြသာ အနားမွာရွိခဲ့တာ။ခ်စ္ရသူ ကိုယ္တိုင္ရဲ႕ႏႈတ္ကေန 'မင္းက ငါ့ကိုထားခဲ့ေပးပါ"ဆိုၿပီး ေျပာတာကိုၾကားခဲ့ရတာ။ ေနာက္မ်ား အခ်ိန္ရရင္ေတာ့ ကိုထြဋ္ကို သူ႔အလွည့္တုန္းက ဒီလိုခံစားခဲ့ရတာဆိုၿပီး ေျပာျပေပးရမည္။ဒါမွ ဒီကေလး ေလာကဓံ ဆိုတာဘာလဲနားလည္မွာ။

ေယာက်ာ္းျမတ္ တကယ္ကိုအိပ္ခ်င္ေနၿပီ။ကိုကိုနဲ႔ ကိုကို႔မိဘေတြကေတာ့ ေစာက္ကေလးကို စိုးရိမ္ၿပီးမအိပ္ခ်င္ၾကေပမဲ့ သူေတာ့မရေတာ့ေပ။

"ကိုေလး သိလား 'မ' ကကိုယ့္ကိုထားခဲ့တာ...ဟား...ဟားးးး ကိုယ့္ဘာျဖစ္ျဖစ္ဆိုၿပီး၊ရပါတယ္ေလ ကိုယ္ကခ်စ္တဲ့သူဆိုေတာ့...သူေျပာသလို ကိုယ္ေနေပးမွာပါ"

"ကိုထြဋ္ရာ ေတာ္ပါေတာ့ကြာ မင္းမူးေနၿပီ...အခု သမီးျပန္လာရင္ မင္းကိုဆူလိမ့္မယ္ေနာ္"

"မ' ဆူတာကိုခံခ်င္တယ္၊ 'မ'စိတ္ဆိုးေနတာကို ကိုယ္ေလ်ာ့ခ်င္တယ္...'မ"ရဲ႕ စကားသံ..ကို..ကိုယ္...ေအ့"

အရက္သမား ကိုလူေခ်ာသည္ အိမ္သာ သို႔ေျပးကာ အန္ေလသည္။ကိုကိုတို႔မွာ သမီးအတြက္စိတ္မပူရပဲ ဒီေကာင္ေလး အတြက္သာ ပူေနရသည္။စိတ္ရွိတိုင္းသာ လုပ္ရရင္ ေသာက္ကေလး ေသေတာ့မယ္။

က်ေတာ္တို႔ေလးေယာက္လုံး တညလုံးအမူးသမားကိုထိန္းေနရတာေပါ့။ငိုလိုက္၊ရီလိုက္၊ သီခ်င္းေတြဆိုလိုနဲ႔...ဒီကေလး လည္ေတာ့လည္သား သီခ်င္းဆိုတာေတာင္ ဒုတိယလူ သီခ်င္းကိုဆိုတာဗ်ာ။ကိုကိုတို႔ကေတာ့ မေတာ္ရေသးတဲ့ေယာက္ဖကို အရမ္းေတြသနားၾကတာေပါ့။

တညလုံး ေသာင္က်န္းၿပီး မိုးလင္းခါနီးေလာက္မွလအမူးသမားက အိပ္ေပ်ာ္သြားသည္။က်ေတာ္တို႔လည္း အဲ့ဒီအခ်ိန္မွပဲအိပ္ရေတာ့သည္။သိပ္မၾကာခင္ က်ေတာ့္စိတ္ထဲတြင္ မိုးကအခုမွ လင္းမယ္ႀကံကာရွိေသးဟူ၍ ဟိုေကာင့္ကို က်ိန္ဆဲလိုက္သည္။

"သူေတာင္းစားေလး...ေကာင္းေကာင္းကိုမအိပ္ရဘူး "

"ျမတ္ရာ....ကေလးကခံစားေနရတာကိုကြာ"
ေဘးတြင္အိပ္ေနေသာ ကိုကိုကအသံေအးေအးျဖင့္သာေျပာေလသည္။

က်ေတာ့ တုန္း က သူ႔ထက္ပိုပါတယ္လို႔ မေျပာမိေအာင္ မနဲထိန္းေနရသည္။ထို႔ေနာက္ ကိုကို႔သည္ အိပ္ရာမွ ထကာ အျပင္သို႔သြားေလသည္။

"ဘာျဖစ္လို႔လဲ...ေဖေဖ"

"သားငယ္က ျပန္မလို႔တဲ့"

"သားႀကီး ျမန္ျမန္လုပ္၊ သားတို႔လည္းျပန္ေတာ့ ကေလးတစ္ေယာက္ထဲ ေမေမစိတ္မခ်ဘူး...သား ျမတ္ ကိုလည္း အန္တီေတာင္းပန္ပါတယ္ကြယ္၊ေအးေအးေဆးေဆးမွ အန္တီတို႔ေသခ်ာစကားေျပာၾကတာေပါ့"

"ေအာ္..ဟုတ္ကဲ့။"

"ျမတ္ပစၥည္းေတြျမန္ျမန္ထဲ့၊ ကိုထြဋ္ ခဏပဲေစာင့္..."

စကားပင္ ေျပာလို႔မဆုံးေသး ကိုကိုသည္အခန္းထဲက အက်ီမ်ားအားထုတ္ပိုးေနၿပီ။တကယ္စြမ္းတဲ့ ဘုန္းေနယံထြဋ္ပါပဲ။ျဖစ္ခ်င္တာမွန္သမွ်ကို အကုန္လိုက္ေလ်ာေပးတဲ့သူေတြကမနည္းမေနာ။

ဒီလိုနဲ႔ အျပန္ခရီးသည္ အလာတုန္းကနဲ႔မတူပဲ ေျခာက္ကပ္ေနေလသည္။

Continue Reading

You'll Also Like

659K 88.9K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
299K 10.7K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
763K 30.7K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....