သေခြင်းတရား ယူနစ်ဘား [ဘာသာပြ...

By Aoiyuki01

379K 68.4K 4.4K

Title: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနော... More

နိဒါန္း / နိဒါန်း
|၁|
|၂|
|၃|
|၄|
|၅|
|၆|
|၇|
|၈|
|၉|
|၁၀|
|၁၁|
|၁၂|
|၁၃|
|၁၄|
|၁၅|
|၁၆|
|၁၇|
|၁၈|
|၁၉|
|၂၁|
|၂၂|
|၂၃|
|၂၄|
|၂၅|
|၂၆|
|၂၇|
|၂၈|
|၂၉|
|၃၀|
|၃၁|
|၃၂|
|၃၃|
|၃၄|
|၃၅|
|၃၆|
|၃၇|
|၃၈|
|၃၉|
|၄၀|
|၄၁|
|၄၂|
|၄၃|
|၄၄|
|၄၅|
|၄၆|
|၄၇|
|၄၈|
|၄၉|
|၅၀|
|၅၁|
|၅၂|
|၅၃|
|၅၄|
|၅၅|
|၅၆|
|၅၇|
|၅၈|
|၅၉|
|၆၀|
|၆၁|
|၆၂|
|၆၃|
|၆၄|
|၆၅|
|၆၆|
|၆၇|
|၆၈|
|၆၉|
|၇၀|
|၇၁|
|၇၂|
|၇၃|

|၂၀|

4.6K 1K 51
By Aoiyuki01


အခန္​း(၂၀)ရန္ပြဲ

႐ွီက်င္​းသည္​ သူ႔တတိယအစ္​ကိုအား
ဆက္​သြယ္​ဖို႔ႀကိဳးစား​ေသာ္​လည္​း
႐ုန္​က်ိဳးက်ံဳးသည္​ ဖုန္​းလည္​းမကိုင္​သလို
စာလည္​းျပန္​မပို႔​ေပ။႐ုန္​က်ိဳးက်ဳံး​ေနထိုင္​သည့္ ​
အိမ္​ရာဂိတ္​​ေပါက္​၏လုံျခံဳ​ေရးစနစ္​သည္​
ခြင္​့ျပဳခ်က္​မရဘဲ ဧည္​့သည္​အဝင္​အထြက္​
မ႐ွိသည္​အထိ တင္​းက်ပ္​သည္​။
႐ွီက်င္​းသည္​လည္​း ဂိတ္​​ေပါက္​ကျဖတ္​ဖို႔
စိတ္​ကူးမ႐ွိသျဖင္​့ Gua Erႏွင့္​အတူ
နံရံအား ​ေက်ာ္​တက္​သည္​။

 "ဒီ​ေနရာက ​လုံျခဳံ​ေရး​ေခ်ာင္​မွန္​း
မင္​းဘယ္​လိုသိတာလဲ"
Gua Erသည္​ အံ့အားသင္​့စြာ​ေမးသည္​။

"ကြၽန္​​ေတာ္​ အရင္​က​ေရာက္​ဖူးလို႔"

႐ွီက်င္​းသည္​ အကၤ်ီမွဖုန္​မ်ားကို ခါခ်ကာ
မ်က္​​ေတာင္​မခတ္​လိမ္​​ေျပာလိုက္​သည္​။
သူသည္​ ပတ္​ဝန္​းက်င္​ႏွင္​့ရင္​းႏွီး​ေအာင္​
လုပ္​လိုက္​ၿပီး Gua Erကို အိမ္​ရာျခံဝန္​း၏
အ​ေဝးဆုံး ​ေခ်ာင္​က်​ေသာ​ေနရာသို႔ ဦး​ေဆာင္​​
ေခၚသြားသည္​။

Gua Erလည္​း ႐ွီက်င္​း၏စကားအား
ယုံၾကည္​စြာ သူ႔​ေနာက္​လိုက္​ရင္​း ​ေမးသည္​။
"႐ုန္​က်ိဳးက်ံဳးက ဖုန္​းမကိုင္​ဘူးဆို
သူဒီမွာ႐ွိတာ ​ေသခ်ာရဲ႕လား"

"မ႐ွိရင္​လည္​း ​ေနာက္​တစ္​​ေခါက္​ျပန္​လာတာ​ေပါ့"
႐ွီက်င္​းသည္​ အ​ေႂကြး႐ွင္​​ေလသံျဖင္​့
​ေျဖသည္​။

Gua Erသည္​ မ်က္​ခုံးကိုပင္​့တင္​ကာ
"နံရံကိုထပ္​တြယ္​တက္​ၿပီးလား?"

"သူ ဖုန္​းမကိုင္​​ေသးရင္​​ေတာ့
အဲ့လိုပဲလုပ္​ရမွာ​ေပါ့မဟုတ္​ဘူးလား"
႐ွီက်င္​း အခ်က္​က်က်​ေျဖသည္​။

Gua Er လက္​မ​ေထာင္​ျပသည္​။

အိမ္​ရာ၏အ​ေဝးဆုံးဆိတ္​ၿငိမ္​​ရာေဒသသို႔ ​
ေရာက္​​ေသာအခါ တံတိုင္​းငယ္​တစ္​ခု
ကာရံထား​ေသာ အိမ္​ရာတစ္​ခု​ေ႐ွ႕သို႔
ရပ္​လိုက္​ကာ ျခံတံခါး​ေဘး႐ွိ ဘဲလ္​အား
ႏိွပ္​လိုက္​သည္​။

အခ်ိန္​ခဏၾကာ​ေတာ့ ဝင္​​ေပါက္​​ေနရာက
ဗီဒီယိုမ်က္​ႏွာျပင္​က လင္​းလာကာ
စပီကာမွတဆင္​့ ႐ုန္​က်ိဳးက်ံဳး၏အသံ
ထြက္​လာသည္​။

{ဘယ္​သူလဲ}

႐ွီက်င္​းသည္​ ကင္​မရာအနီးသို႔ သူ႔မ်က္​ႏွာကို
ကပ္​ျပသည္​။

တစ္​ဖက္​လူမွာ စကၠန္​႔အနည္​းငယ္​​ေလာက္​
တိတ္​ဆိတ္​သြားၿပီး​ေနာက္​ ခ်ိတ္​ဆက္​မႈ
ျပတ္​​ေတာက္​သြားကာ ႁခံတံခါးသည္​
ခ်က္​ကနဲ ဖြင္​့လာသည္​။
႐ွီက်င္​းအထဲသို႔မဝင္​ခင္​ Gua Erမွ
တားလိုက္​ကာ အနီးအနားပတ္ပတ္လည္​​​သို႔​
ေသခ်ာၾကည္​႐ႈၿပီးမွ ဝင္​ခြင္​့​ေပးလိုက္​သည္​။

အိမ္​တံခါးသည္​လည္​း ​ေသာ့ဖြင့္​ထားသည္​။
႐ုန္​က်ိဳးက်ဳံးသည္​ ဝင္​​ေပါက္​မ်က္​ႏွာခ်င္​းဆိုင္​႐ွိ
ဆို​ုဖာခုံ​ေပၚတြင္​ ထိုင္​​ေနသည္​။သူသည္​
ညအိပ္​ဝတ္​႐ုံ႐ွည္​ဝတ္​ဆင္​ထားကာ
ဆံပင္​မ်ားအနည္​းငယ္​ပြ​ေနၿပီး ပ်င္​းတြဲတြဲ
အမူအရာ​ေၾကာင္​့ အခုမွ အိပ္​ယာကထလာပုံ
ရသည္​။႐ွီက်င္​းဝင္​လာတာ ျမင္​သည္​ႏွင္​့
စိတ္​႐ႈပ္​​ေသာ​ေလသံျဖင္​့ ေမးလိုက္​သည္​။

"ဘာလာလုပ္​တာလဲ"

႐ုန္​က်ိဳးက်ဳံး ထိုသို႔ဆက္​ဆံလာမည္​ကို
ႀကိဳ​ေတြးၿပီးသားျဖစ္​သျဖင္​့ လ်စ္​လ်ဴရႈၿပီး
မ်က္​ႏွာခ်င္​းဆိုင္​တြင္​ ထိုင္​ခ်လိုက္​သည္​။
ထို႔​ေနာက္​ စားပြဲ​ေပၚသို႔ သခြားသီးဖက္​လုံးကို
တင္​ကာ ​ေျပာသည္​။

"ဒါျပန္​လာ​ေပးတာပါ"

ဝတၳဳထဲတြင္​ ႐ွီက်င္​းအ​ေပၚ အသိသာဆုံး
သ​ေဘာထား​ေျပာင္​းလဲသြား​ေသာအစ္​ကိုမွာ
႐ုန္​က်ိဳးက်ဳံး ျဖစ္​သည္​။သူတို႔အ​ေဖ
အသက္​႐ွိ​​ေနစဥ္​အခ်ိန္​က မူလ႐ွီက်င္​းအ​ေပၚ
ဂ႐ုစိုက္​ျပ​ေသာ္​လည္​း အမွန္​တကယ္​
တအားႀကီးလည္​း ခ်စ္​မျပခဲ့​ေပ။သူသည္​
အျမဲတမ္​း မုန္​႔ဖိုး မ်ားသာ လွမ္​းပို႔ကာ
အခ်ိန္​အ​ေတာ္​မ်ားမ်ား ဖုန္​းပင္​မကိုင္​ခဲ့​ေပ။
႐ွီ႐ွင္​းရြယ္​ ဆုံးပါးၿပီး​ေနာက္​မွာ​ေတာ့
ဟန္​​ေဆာင္​တာကိုရပ္​လိုက္​သည္​့
ပထမဆုံးအစ္​ကို တစ္​​ေယာက္​ျဖစ္​သည္​။
သူ၏စိတ္​မ႐ွည္​မႈမ်ားႏွင္​့ ရွီက်င္းအား
မႏွစ္​ျမိဳ႕မႈမ်ားကို ဖုံးကြယ္​မ​ေန​ေတာ့ဘဲ
႐ွီက်င္​းအား စကား​ေျပာသည္​့အခြင္​့အ​ေရး
ရတိုင္​း သူ႔အ​ေျပာမ်ားမွာ ဓားသြားပမာ
နာက်င္​လွသည္​။႐ုန္​က်ိဳးက်ံဳး၏ပါးစပ္​သည္​
အမွန္​တကယ္​ကို အဆိပ္​ျပင္​းလွသည္​။

႐ုန္​က်ိဳးက်ံဳးသည္​ ဖက္​လုံးအား
တစ္​ခ်က္​ၾကည့္​့ကာ ​ေမးသည္​။
"ဘာကိုဆိုလိုတာလဲ"

"ကြၽန္​​ေတာ္​့ကို ဒါ​ေပးတုန္​းကေျပာခဲ့တယ္​​၊
ကြၽန္​​ေတာ္​ဝလာရင္​ ၾကည္႔​ရဆုိးမွာမို႔
အသီးအရြက္​ပိုစားသင့္​ၿပီး ​ဂ်ီးမမ်ား​ေအာင္​
သတိ​ေပးတဲ့အ​ေနနဲ႔ဆိုၿပီး​ေလ"

႐ွီက်င္​း၏မ်က္​ႏွာႏွင္​့အသံမွာ ခံစားခ်က္​မ်ား
ကင္​းမဲ့​ေနသည္​။
"ဒါပင္​မဲ့ အခု​ေသခ်ာျပန္​စဥ္​းစားၾကည္​့လိုက္​​ေတာ့
အဲ့တာကအလိမ္​အညာႀကီးမွန္​း
သ​ေဘာ​ေပါက္​သြားတယ္​။အမွန္​တကယ္​က
ကြၽန္​​ေတာ္​့ကို မုန္​းလို႔​ေပးခဲ့တာ"

႐ုန္​က်ိဳးက်ံဳးသည္​ မ်က္​ခုံးကိုပင္​့ကာ
႐ွီက်င္​းအား အ​ေပၚ​ေအာက္​စံုျပန္​ၾကည္​့လိုက္​သည္​။
ထို႔​ေနာက္​ ႐ုတ္​တရက္​ႀကီး ျပဳံးလိုက္​သည္​။
သို႔​ေသာ္​ ထိုအျပဳံးကႏွစ္​လိုစရာမ​ေကာင္​း​ေပ။

"ဒီလိုဝက္​က ဦး​ေႏွာက္​သုံးလာမဲ့​ေန႔
႐ွိလိမ္​့မယ္​လို႔ ငါထင္​​ေတာင္​မထင္​ထားဘူး၊
အစ္​ကိုႀကီး​ေျပာတာ မွန္​တယ္​၊မင္​း တကယ္​​
ေျပာင္​းလဲသြားတာပဲ"

႐ွီက်င္​းမွာ ထိုစကားအားၾကား​ေသာအခါ
ႏွလုံးခုန္​သံပင္​ ရပ္​တန္​႔သြားမလိုျဖစ္​သြားသည္​။
ထိုစကားမ်ားအရ ႐ွီ​ေဝခ်ဳံးႏွင္​့႐ုန္​က်ိဳးက်ံဳးသည္​
သူ႔အ​ေၾကာင္​း​ေျပာထားၾကပုံရသည္​။

"ဟုတ္​ပါတယ္​ ကြၽန္​​ေတာ္​က ဝက္​တစ္​​ေကာင္​လို
တုံးအခဲ့ပါတယ္​။အစ္​ကိုနဲ႔အစ္​ကိုႀကီးတို႔က
အ​ေပၚယံဟန္​​ေဆာင္​အတုအ​ေယာင္​​ေတြဆိုတာ
တစ္​ခါမွ​ေတာင္​ မ​ေတြးၾကည္႔​့ခဲ့ဖူးဘူး"

႐ွီက်င္​းသည္​ ကိုယ္​့ကိုယ္​ကို ​​ေလွာင္​ျပဳံးျပဳံး
လိုက္​​ေသာ္​လည္​း ႐ုတ္​ခ်ည္​းခံစားခ်က္​မ႐ွိသလို
ျပန္​ျဖစ္​ကာ ​ေလသံမာမာျဖင္​့​ေျပာသည္​။

"ကံ​ေကာင္​းစြာနဲ႔ အမွန္​တရားကို
သ​ေဘာ​ေပါက္​ဖို႔ သိပ္​​ေနာက္​မက်ခဲ့ပါဘူး"

႐ုန္​က်ိဳးက်ံဳးသည္​ 'အဲ့​ေတာ့ မင္​းက
ဘာလုပ္​ခ်င္​လဲ'ဟူေသာ မ်က္​ႏွာမ်ိဳး
ျပဳလုပ္​ထားကာ ႐ွီက်င္​း​ေျပာခ်င္​သည္​မ်ားကို
ခပ္​ျမန္​ျမန္​​ေျပာဖို႔ အခ်က္​ျပသည္​။
ထိုသူ၏မ်က္​ဝန္​းမ်ားမွာ ကိုယ္​့ကိုယ္​ကို
ႏိွမ္​့ခ်ခံထားရသလို မႏွစ္​ၿမိဳ႕မႈမ်ားအျပည္​့ႏွင္​့ ​
ေသခ်ာၾကည္​့လ်ွင္​ျဖင့္ အနည္​းငယ္​သနားရိပ္​မ်ား ​
ေရာယွက္​​ေနသည္​။

႐ွီက်င္​းသည္​ မ်က္​ႏွာကို​ေမာ့ၾကည္​့ကာ
အခ်ိန္​ခဏၾကာ​ေတာ့ ​ေလး​ေလးနက္​နက္​​
ေမးလိုက္​သည္​။

" ကြၽန္​​ေတာ္​့ကို ညီ​ေလးတစ္​​ေယာက္​လို
တစ္​ခါမွ မ​ေတြးၾကည္​့ဖူးဘူးလား"

႐ုန္​က်ိဳးက်ံဳးသည္​ အရယ္​ရဆုံးဟာသတစ္​ခုအား
ၾကားလိုက္​ရသလို ​ေအာ္​ရယ္​​ေတာ့သည္​။

႐ွီက်င္​း မ်က္​​ေမွာင္​ၾကဳတ္​ကာ ဆက္​​ေျပာသည္​။

"ဒါဆို အတိတ္​တုန္​းက ကြၽန္​​ေတာ္​့ကို ​
ေပးတဲ့လက္​​ေဆာင္​​ေတြအားလုံးက.."

"အစ္​ကိုႀကီးက တစ္​ျခားလူ​ေတြကို
ကူ​ေရြးခိုင္​းထားတာ​ေတြ"

႐ုန္​က်ိဳးက်ံဳး၏ေျပာင္​႐ွင္​း႐ွင္​းစကား​ေတြက
႐ွီက်င္​း၏ရင္​ကို တည္​့တည္​့စိုက္​မွန္​သည္​။

"ငါ​ေရြးခဲ့တဲ့တစ္​ခုတည္​း​ေသာလက္​​ေဆာင္​က
အဲ့ဖက္​လုံးပဲ။အ​ေၾကာင္​းအရင္​းကိုလည္​း
မင္​းသိၿပီးၿပီမလား"

"...."

႐ုန္​က်ိဳးက်ံဳးကို ပိတ္​႐ိုက္​ဖို႔လိုလာၿပီလို႔
ငါဘာလို႔႐ုတ္​တရက္​​ေတြးမိရတာလဲ

"​ေျပာလို႔ၿပီးၿပီလား? ​ၿပီးရင္​ ထြက္​သြား​ေတာ့၊
မင္​းနဲ႔အတူ ​ေမးခြန္​းႏွစ္​ဆယ္​​ေျဖတမ္​း
ကစားဖို႔ စိတ္​လည္​းမဝင္​စားသလို အခ်ိန္​လည္​း
မ႐ွိဘူး"

႐ုန္​က်ိဳးက်ံဳးသည္​ ထရပ္​ကာ အခန္​းဆီသို႔ ​
ေလ်ွာက္​သြားလိုက္​သည္​။
သခြားသီးဖက္​လုံးအား ဆိုဖာ​ေဘးမွ
အမႈိက္​ပုံးထဲပစ္​ထည့္​့ဖို႔လည္​း မ​ေမ့သြား​ေပ။

Gua Erသည္​ တစ္​ခ်ိန္​လုံး ေဘးတြင္
တိတ္​တဆိတ္​နား​ေထာင္​​ေန​ေသာ္​လည္​း
ဒီအခ်င္​းအရာအား မ်က္​ျမင္​​ေတြ႔​ေသာအခါ
မ်က္​ႏွာမွာ ​ေမွာင္​မဲသြားကာ ႐ွီက်င္​း ထို႔သို
ဆက္​ဆံခံစရာမလို​ေၾကာင္​း ခံစားရ၍
အ​ေ႐ွ႕သို႔တိုးလာသည္​။သို႔​ေသာ္​
မထင္​မွတ္​စြာ ႐ွီက်င္​းသည္​ ​ေသနတ္​ကို
ထုတ္​လိုက္​ကာ ႐ုန္​က်ိဳးက်ံဳးထံ ခ်ိန္​ရြယ္​လိုက္​သည္​။

"ထိုင္​​ေန, ကြၽန္​​ေတာ္​​ေျပာလို႔မၿပီး​ေသးဘူး"
႐ွီက်င္​း ​ေအးစက္​စြာ ဆိုသည္​။

Gua Er၏​ေျခလွမ္​းမ်ား တြန္​႔ဆုတ္​သြားကာ
႐ွီက်င္​းအား လွမ္​းၾကည္​့လိုက္​သည္​။
တင္​းမာ​ေန​ေသာအမူအရာကိုျမင္​​ေတာ့
မ်က္​​ေမွာင္​ၾကဳတ္​ကာ တိတ္​တိတ္​ျပန္​​
ေနလိုက္​သည္​။ထို႔​ေနာက္​အပန္​းမႀကီးစြာ
အနီးအနားက လိုက္​ကာမ်ားႏွင္​့
သူတို႔ဝင္​လာ​ေသာ အိမ္​​ေ႐ွ႕တံခါးကိုပင္​
လိုက္​ပိတ္​​ေနလိုက္​သည္​။

႐ုန္​က်ိဳးက်ံဳးလည္​း ရပ္​တန္​႔သြားကာ
ျပန္​လွည့္​့ၾကည့္​သည္​။​ေသနတ္​ခ်ိန္​ထား​ေသာ
႐ွီက်င္​းလက္​အား လွမ္​းၾကည္​့ကာ
သ​ေရာ္​ဟန္​ျပဳံးလ်က္​ ဆိုသည္​။

"လာ​ေနာက္​​ေနတာလား? အဲ့ကစားစရာ​ေလးနဲ႔
မင္​းဘယ္​သူ႔ကိုလာၿခိမ္​း​ေျခာက္​​ေနတာလဲ"

ဘန္​း!

ထိုသူမ်က္​​ေတာင္​မခတ္​ခင္​ဘဲ ႐ွီက်င္​းသည္​
ဆိုဖာ​ေဘးမွ အမိႈက္​ပုံးအား ​ေပါက္​ထြက္​​ေအာင္​
ပစ္​ခတ္​လိုက္​သည္​။

"စိတ္​ဝင္​စားစရာပဲ"
႐ုန္​က်ိဳးက်ံဳးသည္​ မ်က္​ႏွာတြင္​
အျပဳံးတစ္​ခုခ်ိတ္​ဆြဲကာ ျပန္​ထိုင္​လိုက္​​ေသာ္​လည္​း
ထိုသူမ်က္​လုံးမ်ားမွာ ​ေသြး​ေအးလ်က္​႐ွိသည္​။
သူသည္​ ​ေမး​ေမာ့ကာ ဆိုသည္​။

"အခု မင္​းဘယ္​​ေလာက္​​ေျပာင္​းလဲသြားလဲ
ဆိုတာ ငါတကယ္​သိခ်င္​​ေနၿပီ"

"ကြၽန္​​ေတာ္​မ​ေျပာင္​းလဲပါဘူး၊
တျခားလူတစ္​​ေယာက္​ျဖစ္​လာ႐ုံတင္​ပါ"

႐ွီက်င္​း ေသနတ္​ကိုခ်လိုက္​ၿပီး ​ေ႐ွာင္​စစ္​အား ​
ေမးလိုက္​သည္​။

"ငါ့အမွတ္​တက္​လာၿပီလား"

<ဟင္​့အင္​း ၉၀၀မွာပဲ >
​ေ႐ွာင္​စစ္​ ျပန္​​ေျဖသည္​။

မ​ေျပာင္​းလဲဘူး?

႐ွီက်င္​း အနည္ငယ္​အံ့အားသင္​့သြားသည္​။
ေခ်ာ​ေမာလွပၿပီး လက္​တုံ႔ျပန္​စိတ္​
ျပင္​းထန္​သည္​ဟု လူသိမ်ား​ေသာ
႐ုန္​က်ိဳးက်ဳံးသည္​ သူ႔အား​ေသနတ္​နဲ႔ရြယ္​ၿပီး
ၿခိမ္​း​ေျခာက္​ခံရတာ​ေတာင္​ သတ္​ခ်င္​စိတ္​
အျပည့္​အဝ​မ႐ွိဘူး​ေပါ့။ဒါမွမဟုတ္​
႐ွီက်င္​းရဲ႕​ေရႊ​ေရာင္​​ေျခသလုံး၏
ဟန္႔တ​​ားႏိုင္​စြမ္​းက အဲ့​ေလာက္​ႀကီးသလား။

႐ွီက်င္​း နားမလည္​ႏိုင္​​ေသး​ေသာ​ေၾကာင္​့
ဒီထက္​ပိုနည္​းနည္​း​ေ႐ွ႕ဆက္​တိုးဖို႔
ဆုံးျဖတ္​လိုက္​သည္​။

သူသည္​ ႐ုန္​က်ိဳးက်ံဳးအား ျကည္​့ကာ ​
ေမးခြန္​းထုတ္​လိုက္​သည္​။

"အကဗီဒီယိုကို ရည္​ရြယ္​ခ်က္​႐ွိ႐ွိ
တင္​လိုက္​တာလား၊ ၿပီး​ေတာ့ ကြၽန္​​ေတာ္​မွန္​း
မွတ္​မိခဲ့လား"

႐ုန္​က်ိဳးက်ံဳးသည္​ ထို​ေမးခြန္​း​ေမးမည္​ဟု
မထင္​မွတ္​ထား​ေပ။႐ွီက်င္​းမ်က္​ႏွာအား
တစ္​ခ်က္​ၾကည္​့ကာ ၿငီး​ေငြ႔စရာ​ေကာင္​း​သည္​ဟု
ခံစား​လိုက္​ရသည္​။

"သံသယျဖစ္​႐ုံ​ေလးပါ၊ အဲ့ပို႔စ္​က
တျခားဗီဒီယို​ေတြ႐ွာ​ေတြ႔ဖို႔ အကူအညီျဖစ္​ခဲ့တယ္​​ေလ"

"ကြၽန္​​ေတာ္​့မွန္​း ဘယ္​လိုလုပ္​သိတာလဲ"
ထိုအရာက ႐ွီက်င္​းစိတ္​ထဲ စႏိုးစ​ေနာင္​့
အျဖစ္​​​ေနဆုံးျဖစ္​သည္​။

႐ုန္​က်ိဳးက်ံဳး ႏွာမႈတ္​ကာ ​ေျပာသည္​။

"မင္​းကို​ေခါင္​း​ေကာင္​းလာၿပီလို႔​ေျပာ႐ုံ႐ွိ​ေသး၊
႐ွီက်င္​း, မင္​းနဲ႔မင္​းအ​ေမက
႐ုပ္​ဘယ္​​ေလာက္​ဆင္​လဲ မင္​းမသိဘူးလား"

မူရင္​း႐ွီက်င္​းရဲ႕အ​ေမ?
အ​ေျဖက အဲ့တာ​ေၾကာင္​့လား?

႐ွီက်င္​းလည္​း အံႁသသြားကာ မ်က္​​ေမွာင္​
အနည္​းကယ္​ၾကဳတ္​လိုက္​သည္​။
မူရင္​းဝတၳဳ ထဲမွာ ​ေ႐ွ႕မ်ိဳးဆက္​အ​ေၾကာင္​းကို
အနည္​းငယ္​သာ​ေရးသားထားသည္​။
႐ွီ႐ွင္​းရြယ္​သည္​ ဝတၳဳအစပိုင္​းတည္​းက ​
ေသဆုံးသြားၿပီး အစ္​ကိုငါး​ေယာက္​၏
အ​ေမမ်ားကလည္​း လုံးဝမ​ေပၚလာခဲ့​ေပ။
႐ွီက်င္​း၏အ​ေမသည္​လည္​း ႐ွီက်င္​းအား
မီးဖြားၿပီးခ်ိန္​တြင္​ဆုံးပါးသြားၿပီး အိမ္​တြင္​
သူမ၏ဓာတ္​ပုံတစ္​ပုံမွမ႐ွိ​၍
သူမမည္​သို႔ပုံ႐ွိ​ေၾကာင္​း ႐ွီက်င္​းမသိ​ေခ်။
ထိုမူလ႐ွီက်င္​း၏မွတ္​ဉာဏ္​အားရ႐ွိထား​ေသာ
႐ွီက်င္​းလည္​း ​ေသခ်ာ​ေပါက္​မသိ​ေပ။

႐ုန္​က်ိဳးက်ံဳးသည္​ ႐ွီက်င္​းအား သူ႔အ​ေမႏွင္​့
တူသည္​ဟု အခိုင္​အမာ​ေျပာ​ေနပုံအရ
သူအရင္​က သူမအား ျမင္​ဖူးထားသည္​လား။

႐ွီက်င္​း​ေသခ်ာ​ေစရန္​ ​ေမးလိုက္​သည္​။

႐ုန္​က်ိဳးက်ံဳး၏အမူအရာမွာ အနည္​းငယ္​​
ေျဖ​ေလ်ာ့သြားၿပီး တစ္​ခုခုအား လြမ္​း​ေဆြးသလို ​
ေငးငိႈင္​သြားကာ ​ေျဖသည္​။

"​ေသခ်ာ​ေပါက္​​ေတြ႔ဖူးတာ​ေပါ့၊မင္​းကလြဲၿပီး
လူတိုင္​း သူ႔ကို​ေတြ႔ဖူးတယ္​။႐ွီ႐ွင္​းရြယ္​က
တစ္​ကိုယ္​​ေကာင္​းသမားႀကီး​ေလ သူ
မိန္​းမတစ္​​ေယာက္​ကိုႀကိဳက္​တာနဲ႔ တျခားသူ​ေတြ
အားလုံးကို အဲ့မိန္​းမနဲ႔လာ​ေတြ႔ခိုင္​းၾကတယ္​။
မင္​း​ေမးလို႔ၿပီးၿပီလား။ၿပီးရင္​ ျပန္​​ေတာ့
ငါအိပ္​​ေရးဝဝအိပ္​ဖို႔လိုအပ္​လို႔"

႐ွီက်င္​း၏မသိစိတ္​က ​ေျပာ​ေနသည္​။
ဒါအကုန္​မဟုတ္​ဘဲ ႐ုန္​က်ိဳးက်ံဳး တစ္​ခုခုကို ​
ေ႐ွာင္​ခ်င္​​ေနပုံရသည္​။သူပိုၿပီးႏိႈက္​ထုတ္​ခ်င္​ပင္​မဲ့
တစ္​ဖက္​လူ၏စိတ္​မ႐ွည္​​ေသာ
မ်က္​ႏွာအ​ေနအထားကို ၾကည္​့ျခင္​းျဖင္​့
သူဘာမွထပ္​သိရမွာမဟုတ္​​ေပ။
ထို႔​ေၾကာင္​့ ႐ွီက်င္​း​သည္​ ထိုအ​ေတြးကို
ခ်ိဳးႏွိမ္​ကာ မူလအစီအစဥ္​အတိုင္​း ​
ေ႐ွ႕ဆက္​ဖို႔ ဆုံးျဖတ္​သည္​။

"တတိယအစ္​ကိုက ကြၽန္​​ေတာ္​့ကို
မနာလိုျဖစ္​​ေနတာပဲ"

"ဘာ!"

႐ုန္​က်ိဳးက်ဳံးသည္​ သူ  လုံးဝအဓိပၸါယ္​မ႐ွိ​ေသာ
စကားအား ၾကားလိုက္​ရပုံ​ေပၚကာ
သူ၏ပူ​ေဆြး​ေန​ေသာအရိပ္​အ​ေယာင္​မ်ားမွာ
တစြန္​းတစပင္​မက်န္​ ​ေပ်ာက္​ကြယ္​သြားၿပီး
႐ွီက်င္​းအား ႐ူးႏွမ္​းသြားၿပီလား ဟူေသာ
အၾကည္​့ျဖင္​့ မ်က္​​ေမွာင္ၾကဳတ္​​​ၾကည္​့လိုက္​သည္​။

"အ​ေဖက ကြၽန္​​ေတာ္​့ကိုခ်စ္​ၿပီးသူ႔အနားမွာ
ထားထားတာကို အစ္​ကိုမနာလိုတာ။အရင္​
အိမ္​အကူအ​ေဒၚႀကီး​ေျပာတာကို ျကားဖူးတယ္​။
ကြၽန္​​ေတာ္​မ​ေမြးလာခင္​အထိ အစ္​ကိုက
အ​ေဖအခ်စ္​ဆုံးက​ေလးတဲ့။တတိယအစ္​ကို,
ကြၽန္​​ေတာ္​အရာအားလုံး လုယူသြား​ေတာ့ ​
ေနလို႔မွ​ေကာင္​းရဲ႕လား။အ​ေဖ့မ်က္​ႏွာသာရဖို႔
ကြၽန္​​ေတာ္​့ကို​ေဖာ္​လန္​ဖားလုပ္​​ေနရ​ေတာ့
ပိုၿပီးခံစားရခက္​မွာပဲ​ေနာ္​၊
အစ္​ကို အႏုပညာ​ေလာကမွာ ႐ုန္​းကန္​ႀကိဳးစားၿပီး ​
ေနာက္​ဆံုး ​ေအာင္​ျမင္​​ေက်ာ္​ၾကားလာတာ​ေတာင္​
အ​ေဖ့ဆီကအၾကည္​့တစ္​ခ်က္​မရခဲ့ဘူး။
မီဒီယာ​ေတြက အစ္​ကိုအတိတ္​အ​ေၾကာင္​း​ေျပာရင္​
အစ္​ကို႔အ​ေဖကို unknownလို႔ပဲ
သတ္​မွတ္​ၾကတယ္​....အစ္​ကိုစဥ္​းစားမိရဲ႕လား
အစ္​ကိုရဲ႕ရန္​သူ​ေတြက ​ေနာက္​ကြယ္​မွာ
ဘယ္​​ေလာက္​​ေတာင္​​ေလွာင္​ရယ္​​ေနၾကမလဲဆိုတာ"

႐ွီက်င္​းစကားမ်ားသည္​ ​ေသခ်ာ​ေပါက္​
႐ုန္​က်ိဳးက်ဳံးအား ​ေဒါသျဖစ္​ဖို႔ ​လုံ​ေလာက္​သည္​။
သူသည္​ ဆိုဖာ​မွ ထရပ္​ကာ ​ေအာ္​​ေျပာသည္​။

"႐ွီက်င္​း! မင္​းပါးစပ္​ပိတ္​လိုက္​တာ
ပို​ေကာင္​းမယ္​!"

"ကြၽန္​​ေတာ္​ဘာလို႔ ပိတ္​ရမွာလဲ? ခင္​ဗ်ားက
ကြၽန္​​ေတာ္​့ခ်စ္​လွစြာ​ေသာအစ္​ကိုအျဖစ္​ ဆ
ယ္​ႏွစ္​​ေက်ာ္​ ဟန္​​ေဆာင္​ခဲ့တယ္​။ဒါ​ေတာင္​
ကြၽန္​​ေတာ့္​့ရင္​ကို နင္​း​ေခ်ဖို႔ နည္​းနည္​း​ေလး​ေတာင္​
မတြန္​႔ဆုတ္​ခဲ့ဘူး။အဲ့တာကို
ပါးစပ္​ပိတ္​ဖို႔​ေျပာတယ္​?!"

႐ွီက်င္​းသည္​လည္​း မတ္​တပ္​ထကာ ​
ေ႐ွ႕သို႔ကိုင္​းၿပီး ႐ုန္​က်ိဳးက်ံဳး၏အကၤ်ီ​ေကာ္​လံအား
ဆြဲလိုက္​သည္​။ထို႔​ေနာက္​ ထိုသူ႔မ်က္​လုံးအား
စိုက္​ၾကည္​့ကာ စက္​ဆုပ္​ရြံ႐ွာစြာ ​ေျပာ​သည္​။

"ကြၽန္​​ေတာ္​ ခင္​ဗ်ားကိုစိတ္​ပူလို႔
ဖုန္​းဆက္​တဲ့အခ်ိန္​တိုင္​း ​ေလွာင္​​ေျပာင္​​ေနလား
၊ႏွစ္​တိုင္​း ခင္​ဗ်ားအတြက္​ အ​ေကာင္​းဆုံး​
ေမြး​ေန႔လက္​​ေဆာင္​ကို ႀကိဳးစား​ေပးခဲ့ပင္​မဲ့
ယခုကလိုမ်ိဳး အမိႈက္​ပုံးထဲ လႊင္​့ပစ္​ခဲ့တာလား?
ခင္​ဗ်ား လာလည္​မွာ​ေတြ၊ဖုန္​း​ေခၚတာ​ေတြ၊
ခင္​းဗ်ား​ဆီကႏူးညံ့တဲ့စကားတစ္​လုံး ႏွစ္​လုံး
ၾကားရဖို႔အတြက္​ ​ေမ်ွာ္​လင္​့​ေနမိခဲ့တာ ဒါပင္​မဲ့
ခင္​ဗ်ားတို႔အားလုံးက​ေတာ့ ကြၽန္​​ေတာ္​့​
ေနာက္​ကြယ္​မွာ ​ေလွာင္​ရယ္​​ေန၊
လွည္​့စား​ေန၊ႀကိတ္​ၾကံစည္​​ေနၾကတယ္​။
႐ုန္​က်ိဳးက်ံဳး,လူသားတိုင္​းရဲ႕ရင္​ထဲမွာ
လႈပ္​ခုန္​​ေနတဲ့ႏွလုံးသား႐ွိတယ္​။ဒါပင္​မဲ့
ခင္​ဗ်ားတို႔က​ေတာ့ မတူဘူး၊ ခင္​ဗ်ားတို႔ရင္​ထဲမွာ
လူသတ္​ခ်င္​တဲ့့အမုန္​းတရား​ေတြျပည္​့​ေနတဲ့
ဓား​ေတြပဲ႐ွိ​ေနၿပီး ကိုယ္​့ထက္​
အားနည္​းတဲ့လူတစ္​​ေယာက္​ကို
အႀကိမ္​ႀကိမ္​အခါခါထိုးသတ္​ဖို႔ ဝန္​မ​ေလးတဲ့
တန္​ဖိုးမ႐ွိတဲ့ သတၱိ​ေၾကာင္​တဲ့လူ​ေတြ!"

"မင္​းဘာသိလို႔လဲ!"

႐ုန္​က်ိဳးက်ံဳးသည္​ ​ေဒါသျဖစ္​လြန္​း၍
သူ႔​ေကာ္​လံအားကိုင္​ထား​ေသာ႐ွီက်င္​း၏လက္​ကို
ဆုပ္​ကိုင္​ကာ သူ႔အားလႊတ္​ရန္​ အ​ေနာက္​သို႔
တြန္​းထုတ္​သည္​။

"အခုမွလာၿပီး မင္​းက လုံးလုံးအျပစ္​ကင္​းတဲ့
လူတစ္​​ေယာက္​လို လာဟန္​​ေဆာင္​ျပမ​ေနနဲ႔
ဝက္​လို​ေကာင္​! ငါကအစ္​ကို​ေကာင္​း
တစ္​​ေယာက္​မဟုတ္​ဘူး​ဆို မင္​းက​ေကာ?
မင္​းပဲ သနားစရာ​ေကာင္​းၿပီး ႀကီးျမတ္​တယ္​လို႔​
ေျပာခ်င္​တာလား၊အဲ့အဘိုးႀကီးက မင္​းကို
ဘာ​ေတြသင္​​ေပးထားလဲဆိုတာ
ငါတို႔မသိဘူးမ်ားထင္​​ေနတာလား?
'အဲ့လူငါး​ေယာက္​က မင္​းအစ္​ကို​ေတြမဟုတ္​ဘူး၊
မင္​းအတြက္​ ​ေလ့က်င္​့​ေပးထားတဲ့
လက္​ပါး​ေစ​ေတြ။ဒါ​ေၾကာင္​့ မင္​း သူတို႔ကို
တကယ္​ဂ႐ုစိုက္​စရာမလိုဘူး၊
အလိုက္​သင္​့​ေလးသာ ​ေကာင္​း​ေကာင္​း
ဆက္​ဆံလိုက္​' ဟား! အဲ့စကားကိုရင္​းႏွီးရဲ႕လား?
အဲ့အခ်ိန္​မွာ မင္​းကျပန္​​ေျဖတယ္​
'ကြၽန္​​ေတာ္​သိပါတယ္​ ​ေဖ​ေဖ' တဲ့။
မင္​းမွတ္​မိ​ေသးရဲ႕လား!"

 ႐ွီက်င္​းသည္​ ဇာတ္​​ေၾကာင္​းအား
ခ်က္​ခ်င္​းစီစစ္​ၿပီး မူလ႐ွီက်င္​း၏မွတ္​ဉာဏ္​မွာ
႐ွာ​ေဖြလိုက္​ရာ ထိုစကား​ေျပာခန္​းအား
႐ုတ္​ခ်ည္​း သတိရသြားသည္​။႐ွီက်င္​း
မယုံသကၤာျဖင္​့ ​ေမးလိုက္​သည္​။

"အဲ့တာကို အတည္​ယူ​ေနတာလား?
အဲ့တုန္​းက ကြၽန္​​ေတာ္​က ကိုးႏွစ္​ပဲ
႐ွိ​ေသးတာ၊အဲ့ကိစၥ​ေလးနဲ႔အခုလို
အၿငိဳးထား​စရာလား"

 "ဒါဆို မင္​းမွတ္​မိတာပဲ!"
႐ုန္​က်ိဳးက်ံဳးသည္​ ႐ွီက်င္​း၏စကားမ်ားက
သူ႔ကို စိတ္​ဖိစီး​ေစဖို႔ အ​ေတာ္​လုံ​ေလာက္​​ေနၿပီမို႔ ​
ေအာ္​ဟစ္​​ေတာ့သည္​။

"ငါ့မ်က္​စိ​ေ႐ွ႕က အခုခ်က္​ခ်င္​း
ထြက္​သြား​ေတာ့!မင္​းကိုဝင္​ခြင္​့​ေပးလိုက္​တဲ့
ငါကိုက အ႐ူးပါ!"

႐ွီက်င္​း ဒီကိုလာရသည္​့ရည္​ရြယ္​ခ်က္​က
အျပည္​့အဝမ​ေရာက္​​ေသး​ေပ။ထို႔​ေၾကာင္​့
ထိုသူအား ​ေသခ်ာ​ေပါက္​ ထြက္​သြားခြင္​့
မျပဳႏိုင္​​ေသး​ေပ။သူ၏ယူနစ္​ဘားသည္​လည္​း
အခုထိမတက္​​ေသး​ေသာ​ေၾကာင္​့ အဆုံးထိ
သြားဖို႔ဆုံးျဖတ္​လိုက္​ၿပီး ႐ွီက်င္​းသည္​
႐ုန္​က်ိဳးက်ဳံး၏မ်က္​ႏွာအား လက္​သီးတစ္​လုံး
ပစ္​ထိုးကာ ဟိန္​း​ေဟာက္​​ေတာ့သည္​။

"ဒါဆို ကြၽန္​​ေတာ္​ဘယ္​တုန္​းက ခင္​ဗ်ားကို
အ​ေစခံတစ္​​ေယာက္​လို႔ ဆက္​ဆံခဲ့ဖူးလို႔လဲ
ခ်ီးထုပ္​​ေကာင္​! ခင္​းဗ်ားကသာ
ဘဝင္​​ေလဟပ္​​ေနၿပီး ကြၽန္​​ေတာ္​့ကို
ဖုန္​မႈန္​႔​ေလးလို ဆက္​ဆံ​ေနတာ!"

အထိုးခံထိသြား​ေသာ ႐ုန္​က်ိဳးက်ဳံးသည္​
တခဏ အံ့ျသသြားသည္​။ထို္႔ေနာက္​ သူ
႔အားအမ်က္​​ေဒါသက လႊမ္​းမိုးသြားကာ
႐ွီက်င္​းအား ျပန္​ထိုးလိုက္​သည္​။

"မင္​း​ေသခ်င္​​ေနၿပီထင္​တယ္​!"

ထို႔ေနာက္​မွာ​ေတာ့ ႏွစ္​​ေယာက္​သား
စတင္​ထိုးႀကိတ္​ၾက​ေတာ့သည္​။သူတို႔၏
ရန္​ပြဲမွာအမွန္​တကယ္​ ျပင္​းထန္​ပုံရ​ေသာ္​လည္​း
ႏွစ္​ဖက္​စလုံးမွာ ဘာအတိုက္​အခိုက္​ပညာမွ
လုံးဝထုတ္​မသုံးၾကဘဲ က​ေလးမ်ား
ရန္​ျဖစ္​သလို အခ်င္​းခ်င္​း ႐ိုက္​ပုတ္​​ေနၾကသည္​။
Gua Erသည္​ အ​ေဝးတစ္​​ေနရာမွ
စြံ႔အစြာၾကည္​့​ေနမိသည္​။ထို႔​ေၾကာင္​့ သူလည္​း
နံရံကိုမွီကာ ထိုရန္​ပြဲအား ဆက္​ၾကည္​့ဖို႔
ဆုံးျဖတ္​လိုက္​သည္​။

ထိုလုံး​ေထြးသတ္​ပုတ္​ျခင္​းသည္​ ဆယ္​မိနစ္​ခန္​႔
ၾကာ႐ွည္​သည္​။႐ုန္​က်ိဳးက်ဳံးသည္​ ​
ေဒါသထြက္​​ေန​ေသး​ေသာ္​လည္​း
အတိုက္​အခိုက္​​ေလ့က်င္​့ထား​ေသာ႐ွီက်င္​းအား
ဆက္​မ႐ိုက္​ႏိုင္​​ေတာ့။
အဆုံး၌ ႐ွီက်င္​းသည္​ သူ႔အား
သိကၡာတစ္​စက္​မွမက်န္​​ေအာင္​ ျကမ္​းျပင္​​ေပၚ
မ်က္​ႏွာအပ္​ အ႐ႈံး​ေပး​ေစသည္​။

"႐ွီက်င္​း, ငါမင္​းကိုသတ္​မယ္​!"

သူသည္​ ​ေဒါသတႀကီး ဆိုသည္​။

"ဒါဆိုလည္​း လုပ္​လိုက္​​ေလ!"
႐ွီက်င္​းသည္​ ထိုသူအား ပက္​လက္​လန္​​ေစကာ
​ေသနတ္​ကိုဆြဲထုတ္​ၿပီး ႐ုန္​က်ိဳးက်ဳံးလက္​
အတြင္​းသို႔ ထည္​့​ေပးလိုက္​သည္​။ထို႔​ေနာက္​
သူ႔လည္​ပင္​းဆီသို႔ ​ေထာက္​ခိုင္​းကာ ​ေျပာသည္​။

"ဒီမွာ ကြၽန္​​ေတာ္​့ႏွလုံး၊ ဒီမွာက ​ေလႁပြန္​၊
လုပ္​လိုက္​​ေလ၊ ကြၽန္​​ေတာ္​့ကို အခုသတ္​လိုက္​ပါ!"

​ေသနတ္​အား အတင္​းဆုပ္​ကိုင္​ခံ​ေနရ​ေသာ
 ႐ုန္​က်ိဳးက်ဳံးသည္​ အံကိုတင္​း​ေန​ေအာင္​
ႀကိတ္​ကာ ႐ွီက်င္​းအား စူးရဲစြာစိုက္​ၾကည္​့​ေနသည္​။
႐ုတ္​တရက္​ပင္​ ​ေသနတ္​အား
ဆုပ္​ကိုင္​ထားသည့္လက္​​ကို ​ေျဖ​ေလ်ာ့လိုက္​ၿပီး
ၾကမ္​းျပင္​​ေပၚျပဳတ္​က်​ေစသည္​။သူ႔အ​ေပၚမွ
႐ွီက်င္​းအား အားျဖင္​့တြန္​းထုတ္​ကာ
သြားမ်ားႀကိတ္​လ်က္​ ​ေျပာသည္​။

"မင္​း လုံးဝ႐ူး​ေနၿပီပဲ! အခုခ်က္ခ်င္း​​
ထြက္​သြား...​ေက်းဇူးျပဳၿပီး ငါ​ေ႐ွ႕ကို
ဘယ္​​ေတာ့မွထပ္​မ​ေပၚလာပါနဲ႔​ေတာ့!"

႐ွီက်င္​းလည္​း ၾကမ္​းျပင္​​ေပၚ
ပက္လက္လွဲခ်လိုက္​ကာ မလႈပ္​ဘဲ ​ေ႐ွာင္​စစ္​ကို
တိတ္​တိတ္​​ေလးေမးလိုက္​သည္​။
"ယူနစ္​ဘားအ​ေျခအ​ေန?"

႐ွီက်င္​း၏ကိုယ္​့ကိုယ္​ကို ​သတ္​​ေသ​ေအာင္​
လုပ္​သည့္အ​ေျခအ​ေနမ်ား​ေၾကာင္​့ ​
ေ႐ွာင္​စစ္​ ​ေသမလို​ေၾကာက္​လန္​႔ခဲ့ရ​ေသာ္​လည္​း
စိတ္​႐ႈပ္​မႈမ်ားႏွင္​့ မယုံႏိုင္​ျဖစ္​​ေန​ေသာ
အရိပ္​အ​ေယာင္​မ်ားကို သူ၏တုန္​ယင္​​ေန​ေသာ
အသံမွတဆင္​့ သိႏိုင္​သည္​။

<က်င္​းက်င္​း,ယူနစ္​ဘားက ၈၉၀ကို က်သြားၿပီ>

"ဟမ္​?"


==============================

အခန်း(၂၀)ရန်ပွဲ

ရှီကျင်းသည်​သူ့တတိယအစ်​ကိုအား
ဆက်​သွယ်​ဖို့ကြိုးစား​သော်​လည်း
ရုန်​ကျိုးကျုံးသည်​ဖုန်းလည်းမကိုင်​သလို
စာလည်းပြန်​မပို့​ပေ။ရုန်​ကျိုးကျုံး​နေထိုင်​သည့်​
အိမ်​ရာဂိတ်​ပေါက်​၏လုံခြုံ​ရေးစနစ်​သည်​
ခွင့်​ပြုချက်​မရဘဲ ဧည့်​သည်​အဝင်​အထွက်​
မရှိသည်​အထိ တင်းကျပ်​သည်​။
ရှီကျင်းသည်​လည်း ဂိတ်​ပေါက်​ကဖြတ်​ဖို့
စိတ်​ကူးမရှိသဖြင့်​Gua Erနှင့်​အတူ
နံရံအား​ကျော်​တက်​သည်​။

 "ဒီ​နေရာက​လုံခြုံ​ရေး​ချောင်​မှန်း
မင်းဘယ်​လိုသိတာလဲ"
Gua Erသည်​အံ့အားသင့်​စွာ​မေးသည်​။

"ကျွန်​တော်​အရင်​က​ရောက်​ဖူးလို့"

ရှီကျင်းသည်​အင်္ကျီမှဖုန်​များကို ခါချကာ
မျက်​တောင်​မခတ်​လိမ်​ပြောလိုက်​သည်​။
သူသည်​ပတ်​ဝန်းကျင်​နှင့်​ရင်းနှီး​အောင်​
လုပ်​လိုက်​ပြီး Gua Erကို အိမ်​ရာခြံဝန်း၏
အ​ဝေးဆုံး​ချောင်​ကျ​သော​နေရာသို့ ဦး​ဆောင်​
ခေါ်သွားသည်​။

Gua Erလည်း ရှီကျင်း၏စကားအား
ယုံကြည်​စွာ သူ့​နောက်​လိုက်​ရင်း​မေးသည်​။
"ရုန်​ကျိုးကျုံးက ဖုန်းမကိုင်​ဘူးဆို
သူဒီမှာရှိတာ​သေချာရဲ့လား"

"မရှိရင်​လည်း​နောက်​တစ်​ခေါက်​ပြန်​လာတာ​ပေါ့"
ရှီကျင်းသည်​အ​ကြွေးရှင်​လေသံဖြင့်​
​ဖြေသည်​။

Gua Erသည်​မျက်​ခုံးကိုပင့်​တင်​ကာ
"နံရံကိုထပ်​တွယ်​တက်​ပြီးလား?"

"သူ ဖုန်းမကိုင်​သေးရင်​တော့
အဲ့လိုပဲလုပ်​ရမှာ​ပေါ့မဟုတ်​ဘူးလား"
ရှီကျင်း အချက်​ကျကျ​ဖြေသည်​။

Gua Er လက်​မ​ထောင်​ပြသည်​။

အိမ်​ရာ၏အ​ဝေးဆုံးဆိတ်​ငြိမ်​ရာဒေသသို့​
ရောက်​သောအခါ တံတိုင်းငယ်​တစ်​ခု
ကာရံထား​သော အိမ်​ရာတစ်​ခု​ရှေ့သို့
ရပ်​လိုက်​ကာ ခြံတံခါး​ဘေးရှိ ဘဲလ်​အား
နှိပ်​လိုက်​သည်​။

အချိန်​ခဏကြာ​တော့ ဝင်​ပေါက်​နေရာက
ဗီဒီယိုမျက်​နှာပြင်​က လင်းလာကာ
စပီကာမှတဆင့်​ရုန်​ကျိုးကျုံး၏အသံ
ထွက်​လာသည်​။

{ဘယ်​သူလဲ}

ရှီကျင်းသည်​ကင်​မရာအနီးသို့ သူ့မျက်​နှာကို
ကပ်​ပြသည်​။

တစ်​ဖက်​လူမှာ စက္ကန့်​အနည်းငယ်​လောက်​
တိတ်​ဆိတ်​သွားပြီး​နောက်​ချိတ်​ဆက်​မှု
ပြတ်​တောက်​သွားကာ ခြံတံခါးသည်​
ချက်​ကနဲ ဖွင့်​လာသည်​။
ရှီကျင်းအထဲသို့မဝင်​ခင်​Gua Erမှ
တားလိုက်​ကာ အနီးအနားပတ်ပတ်လည်​သို့​
သေချာကြည်​ရှုပြီးမှ ဝင်​ခွင့်​ပေးလိုက်​သည်​။

အိမ်​တံခါးသည်​လည်း​သော့ဖွင့်​ထားသည်​။
ရုန်​ကျိုးကျုံးသည်​ဝင်​ပေါက်​မျက်​နှာချင်းဆိုင်​ရှိ
ဆိုဖာခုံ​ပေါ်တွင်​ထိုင်​နေသည်​။သူသည်​
ညအိပ်​ဝတ်​ရုံရှည်​ဝတ်​ဆင်​ထားကာ
ဆံပင်​များအနည်းငယ်​ပွ​နေပြီး ပျင်းတွဲတွဲ
အမူအရာ​ကြောင့်​အခုမှ အိပ်​ယာကထလာပုံ
ရသည်​။ရှီကျင်းဝင်​လာတာ မြင်​သည်​နှင့်​
စိတ်​ရှုပ်​သော​လေသံဖြင့်​မေးလိုက်​သည်​။

"ဘာလာလုပ်​တာလဲ"

ရုန်​ကျိုးကျုံး ထိုသို့ဆက်​ဆံလာမည်​ကို
ကြို​တွေးပြီးသားဖြစ်​သဖြင့်​လျစ်​လျူရှုပြီး
မျက်​နှာချင်းဆိုင်​တွင်​ထိုင်​ချလိုက်​သည်​။
ထို့​နောက်​စားပွဲ​ပေါ်သို့ သခွားသီးဖက်​လုံးကို
တင်​ကာ​ပြောသည်​။

"ဒါပြန်​လာ​ပေးတာပါ"

ဝတ္ထုထဲတွင်​ရှီကျင်းအ​ပေါ် အသိသာဆုံး
သ​ဘောထား​ပြောင်းလဲသွား​သောအစ်​ကိုမှာ
ရုန်​ကျိုးကျုံး ဖြစ်​သည်​။သူတို့အ​ဖေ
အသက်​ရှိ​နေစဉ်​အချိန်​က မူလရှီကျင်းအ​ပေါ်
ဂရုစိုက်​ပြ​သော်​လည်း အမှန်​တကယ်​
တအားကြီးလည်း ချစ်​မပြခဲ့​ပေ။သူသည်​
အမြဲတမ်း မုန့်​ဖိုး များသာ လှမ်းပို့ကာ
အချိန်​အ​တော်​များများ ဖုန်းပင်​မကိုင်​ခဲ့​ပေ။
ရှီရှင်းရွယ်​ဆုံးပါးပြီး​နောက်​မှာ​တော့
ဟန်​ဆောင်​တာကိုရပ်​လိုက်​သည့်​
ပထမဆုံးအစ်​ကို တစ်​ယောက်​ဖြစ်​သည်​။
သူ၏စိတ်​မရှည်​မှုများနှင့်​ရှီကျင်းအား
မနှစ်​မြို့မှုများကို ဖုံးကွယ်​မ​နေ​တော့ဘဲ
ရှီကျင်းအား စကား​ပြောသည့်​အခွင့်​အ​ရေး
ရတိုင်း သူ့အ​ပြောများမှာ ဓားသွားပမာ
နာကျင်​လှသည်​။ရုန်​ကျိုးကျုံး၏ပါးစပ်​သည်​
အမှန်​တကယ်​ကို အဆိပ်​ပြင်းလှသည်​။

ရုန်​ကျိုးကျုံးသည်​ဖက်​လုံးအား
တစ်​ချက်​ကြည့့်​ကာ​မေးသည်​။
"ဘာကိုဆိုလိုတာလဲ"

"ကျွန်​တော့်​ကို ဒါ​ပေးတုန်းကပြောခဲ့တယ်​၊
ကျွန်​တော်​ဝလာရင်​ကြည့်​ရဆိုးမှာမို့
အသီးအရွက်​ပိုစားသင့်​ပြီး​ဂျီးမများ​အောင်​
သတိ​ပေးတဲ့အ​နေနဲ့ဆိုပြီး​လေ"

ရှီကျင်း၏မျက်​နှာနှင့်​အသံမှာ ခံစားချက်​များ
ကင်းမဲ့​နေသည်​။
"ဒါပင်​မဲ့ အခု​သေချာပြန်​စဉ်းစားကြည့်​လိုက်​တော့
အဲ့တာကအလိမ်​အညာကြီးမှန်း
သ​ဘော​ပေါက်​သွားတယ်​။အမှန်​တကယ်​က
ကျွန်​တော့်​ကို မုန်းလို့​ပေးခဲ့တာ"

ရုန်​ကျိုးကျုံးသည်​မျက်​ခုံးကိုပင့်​ကာ
ရှီကျင်းအား အ​ပေါ်​အောက်​စုံပြန်​ကြည့်​လိုက်​သည်​။
ထို့​နောက်​ရုတ်​တရက်​ကြီး ပြုံးလိုက်​သည်​။
သို့​သော်​ထိုအပြုံးကနှစ်​လိုစရာမ​ကောင်း​ပေ။

"ဒီလိုဝက်​က ဦး​နှောက်​သုံးလာမဲ့​နေ့
ရှိလိမ့်​မယ်​လို့ ငါထင်​တောင်​မထင်​ထားဘူး၊
အစ်​ကိုကြီး​ပြောတာ မှန်​တယ်​၊မင်း တကယ်​
ပြောင်းလဲသွားတာပဲ"

ရှီကျင်းမှာ ထိုစကားအားကြား​သောအခါ
နှလုံးခုန်​သံပင်​ရပ်​တန့်​သွားမလိုဖြစ်​သွားသည်​။
ထိုစကားများအရ ရှီ​ဝေချုံးနှင့်​ရုန်​ကျိုးကျုံးသည်​
သူ့အ​ကြောင်း​ပြောထားကြပုံရသည်​။

"ဟုတ်​ပါတယ်​ကျွန်​တော်​က ဝက်​တစ်​ကောင်​လို
တုံးအခဲ့ပါတယ်​။အစ်​ကိုနဲ့အစ်​ကိုကြီးတို့က
အ​ပေါ်ယံဟန်​ဆောင်​အတုအ​ယောင်​တွေဆိုတာ
တစ်​ခါမှ​တောင်​မ​တွေးကြည့့်​ခဲ့ဖူးဘူး"

ရှီကျင်းသည်​ကိုယ့်​ကိုယ်​ကို​လှောင်​ပြုံးပြုံး
လိုက်​သော်​လည်း ရုတ်​ချည်းခံစားချက်​မရှိသလို
ပြန်​ဖြစ်​ကာ​လေသံမာမာဖြင့်​ပြောသည်​။

"ကံ​ကောင်းစွာနဲ့ အမှန်​တရားကို
သ​ဘော​ပေါက်​ဖို့ သိပ်​နောက်​မကျခဲ့ပါဘူး"

ရုန်​ကျိုးကျုံးသည်​'အဲ့​တော့ မင်းက
ဘာလုပ်​ချင်​လဲ'ဟူသော မျက်​နှာမျိုး
ပြုလုပ်​ထားကာ ရှီကျင်း​ပြောချင်​သည်​များကို
ခပ်​မြန်​မြန်​ပြောဖို့ အချက်​ပြသည်​။
ထိုသူ၏မျက်​ဝန်းများမှာ ကိုယ့်​ကိုယ်​ကို
နှိမ့်​ချခံထားရသလို မနှစ်​မြို့မှုများအပြည့်​နှင့်​
သေချာကြည့်​လျှင်​ဖြင့် အနည်းငယ်​သနားရိပ်​များ​
ရောယှက်​နေသည်​။

ရှီကျင်းသည်​မျက်​နှာကို​မော့ကြည့်​ကာ
အချိန်​ခဏကြာ​တော့​လေး​လေးနက်​နက်​
မေးလိုက်​သည်​။

" ကျွန်​တော့်​ကို ညီ​လေးတစ်​ယောက်​လို
တစ်​ခါမှ မ​တွေးကြည့်​ဖူးဘူးလား"

ရုန်​ကျိုးကျုံးသည်​အရယ်​ရဆုံးဟာသတစ်​ခုအား
ကြားလိုက်​ရသလို​အော်​ရယ်​တော့သည်​။

ရှီကျင်း မျက်​မှောင်​ကြုတ်​ကာ ဆက်​ပြောသည်​။

"ဒါဆို အတိတ်​တုန်းက ကျွန်​တော့်​ကို​
ပေးတဲ့လက်​ဆောင်​တွေအားလုံးက.."

"အစ်​ကိုကြီးက တစ်​ခြားလူ​တွေကို
ကူ​ရွေးခိုင်းထားတာ​တွေ"

ရုန်​ကျိုးကျုံး၏ပြောင်​ရှင်းရှင်းစကား​တွေက
ရှီကျင်း၏ရင်​ကို တည့်​တည့်​စိုက်​မှန်​သည်​။

"ငါ​ရွေးခဲ့တဲ့တစ်​ခုတည်း​သောလက်​ဆောင်​က
အဲ့ဖက်​လုံးပဲ။အ​ကြောင်းအရင်းကိုလည်း
မင်းသိပြီးပြီမလား"

"...."

ရုန်​ကျိုးကျုံးကို ပိတ်​ရိုက်​ဖို့လိုလာပြီလို့
ငါဘာလို့ရုတ်​တရက်​တွေးမိရတာလဲ

"​ပြောလို့ပြီးပြီလား?​ပြီးရင်​ထွက်​သွား​တော့၊
မင်းနဲ့အတူ​မေးခွန်းနှစ်​ဆယ်​ဖြေတမ်း
ကစားဖို့ စိတ်​လည်းမဝင်​စားသလို အချိန်​လည်း
မရှိဘူး"

ရုန်​ကျိုးကျုံးသည်​ထရပ်​ကာ အခန်းဆီသို့​
လျှောက်​သွားလိုက်​သည်​။
သခွားသီးဖက်​လုံးအား ဆိုဖာ​ဘေးမှ
အမှိုက်​ပုံးထဲပစ်​ထည့့်​ဖို့လည်း မ​မေ့သွား​ပေ။

Gua Erသည်​တစ်​ချိန်​လုံး ဘေးတွင်
တိတ်​တဆိတ်​နား​ထောင်​နေ​သော်​လည်း
ဒီအချင်းအရာအား မျက်​မြင်​တွေ့​သောအခါ
မျက်​နှာမှာ​မှောင်​မဲသွားကာ ရှီကျင်း ထို့သို
ဆက်​ဆံခံစရာမလို​ကြောင်း ခံစားရ၍
အ​ရှေ့သို့တိုးလာသည်​။သို့​သော်​
မထင်​မှတ်​စွာ ရှီကျင်းသည်​သေနတ်​ကို
ထုတ်​လိုက်​ကာ ရုန်​ကျိုးကျုံးထံ ချိန်​ရွယ်​လိုက်​သည်​။

"ထိုင်​နေ, ကျွန်​တော်​ပြောလို့မပြီး​သေးဘူး"
ရှီကျင်း​အေးစက်​စွာ ဆိုသည်​။

Gua Er၏​ခြေလှမ်းများ တွန့်​ဆုတ်​သွားကာ
ရှီကျင်းအား လှမ်းကြည့်​လိုက်​သည်​။
တင်းမာ​နေ​သောအမူအရာကိုမြင်​တော့
မျက်​မှောင်​ကြုတ်​ကာ တိတ်​တိတ်​ပြန်​
နေလိုက်​သည်​။ထို့​နောက်​အပန်းမကြီးစွာ
အနီးအနားက လိုက်​ကာများနှင့်​
သူတို့ဝင်​လာ​သော အိမ်​ရှေ့တံခါးကိုပင်​
လိုက်​ပိတ်​နေလိုက်​သည်​။

ရုန်​ကျိုးကျုံးလည်း ရပ်​တန့်​သွားကာ
ပြန်​လှည့့်​ကြည့်​သည်​။​သေနတ်​ချိန်​ထား​သော
ရှီကျင်းလက်​အား လှမ်းကြည့်​ကာ
သ​ရော်​ဟန်​ပြုံးလျက်​ဆိုသည်​။

"လာ​နောက်​နေတာလား? အဲ့ကစားစရာ​လေးနဲ့
မင်းဘယ်​သူ့ကိုလာခြိမ်း​ခြောက်​နေတာလဲ"

ဘန်း!

ထိုသူမျက်​တောင်​မခတ်​ခင်​ဘဲ ရှီကျင်းသည်​
ဆိုဖာ​ဘေးမှ အမှိုက်​ပုံးအား​ပေါက်​ထွက်​အောင်​
ပစ်​ခတ်​လိုက်​သည်​။

"စိတ်​ဝင်​စားစရာပဲ"
ရုန်​ကျိုးကျုံးသည်​မျက်​နှာတွင်​
အပြုံးတစ်​ခုချိတ်​ဆွဲကာ ပြန်​ထိုင်​လိုက်​သော်​လည်း
ထိုသူမျက်​လုံးများမှာ​သွေး​အေးလျက်​ရှိသည်​။
သူသည်​မေး​မော့ကာ ဆိုသည်​။

"အခု မင်းဘယ်​လောက်​ပြောင်းလဲသွားလဲ
ဆိုတာ ငါတကယ်​သိချင်​နေပြီ"

"ကျွန်​တော်​မ​ပြောင်းလဲပါဘူး၊
တခြားလူတစ်​ယောက်​ဖြစ်​လာရုံတင်​ပါ"

ရှီကျင်း သေနတ်​ကိုချလိုက်​ပြီး​ရှောင်​စစ်​အား​
မေးလိုက်​သည်​။

"ငါ့အမှတ်​တက်​လာပြီလား"

<ဟင့်​အင်း ၉၀၀မှာပဲ >
​ရှောင်​စစ်​ပြန်​ဖြေသည်​။

မ​ပြောင်းလဲဘူး?

ရှီကျင်း အနည်ငယ်​အံ့အားသင့်​သွားသည်​။
ချော​မောလှပပြီး လက်​တုံ့ပြန်​စိတ်​
ပြင်းထန်​သည်​ဟု လူသိများ​သော
ရုန်​ကျိုးကျုံးသည်​သူ့အား​သေနတ်​နဲ့ရွယ်​ပြီး
ခြိမ်း​ခြောက်​ခံရတာ​တောင်​သတ်​ချင်​စိတ်​
အပြည့်​အဝ​မရှိဘူး​ပေါ့။ဒါမှမဟုတ်​
ရှီကျင်းရဲ့​ရွှေ​ရောင်​ခြေသလုံး၏
ဟန့်တားနိုင်​စွမ်းက အဲ့​လောက်​ကြီးသလား။

ရှီကျင်း နားမလည်​နိုင်​သေး​သော​ကြောင့်​
ဒီထက်​ပိုနည်းနည်း​ရှေ့ဆက်​တိုးဖို့
ဆုံးဖြတ်​လိုက်​သည်​။

သူသည်​ရုန်​ကျိုးကျုံးအား ကြည့်​ကာ​
မေးခွန်းထုတ်​လိုက်​သည်​။

"အကဗီဒီယိုကို ရည်​ရွယ်​ချက်​ရှိရှိ
တင်​လိုက်​တာလား၊ ပြီး​တော့ ကျွန်​တော်​မှန်း
မှတ်​မိခဲ့လား"

ရုန်​ကျိုးကျုံးသည်​ထို​မေးခွန်း​မေးမည်​ဟု
မထင်​မှတ်​ထား​ပေ။ရှီကျင်းမျက်​နှာအား
တစ်​ချက်​ကြည့်​ကာ ငြီး​ငွေ့စရာ​ကောင်း​သည်​ဟု
ခံစား​လိုက်​ရသည်​။

"သံသယဖြစ်​ရုံ​လေးပါ၊ အဲ့ပို့စ်​က
တခြားဗီဒီယို​တွေရှာ​တွေ့ဖို့ အကူအညီဖြစ်​ခဲ့တယ်​လေ"

"ကျွန်​တော့်​မှန်း ဘယ်​လိုလုပ်​သိတာလဲ"
ထိုအရာက ရှီကျင်းစိတ်​ထဲ စနိုးစ​နောင့်​
အဖြစ်​နေဆုံးဖြစ်​သည်​။

ရုန်​ကျိုးကျုံး နှာမှုတ်​ကာ​ပြောသည်​။

"မင်းကို​ခေါင်း​ကောင်းလာပြီလို့​ပြောရုံရှိ​သေး၊
ရှီကျင်း, မင်းနဲ့မင်းအ​မေက
ရုပ်​ဘယ်​လောက်​ဆင်​လဲ မင်းမသိဘူးလား"

မူရင်းရှီကျင်းရဲ့အ​မေ?
အ​ဖြေက အဲ့တာ​ကြောင့်​လား?

ရှီကျင်းလည်း အံသြသွားကာ မျက်​မှောင်​
အနည်းကယ်​ကြုတ်​လိုက်​သည်​။
မူရင်းဝတ္ထု ထဲမှာ​ရှေ့မျိုးဆက်​အ​ကြောင်းကို
အနည်းငယ်​သာ​ရေးသားထားသည်​။
ရှီရှင်းရွယ်​သည်​ဝတ္ထုအစပိုင်းတည်းက​
သေဆုံးသွားပြီး အစ်​ကိုငါး​ယောက်​၏
အ​မေများကလည်း လုံးဝမ​ပေါ်လာခဲ့​ပေ။
ရှီကျင်း၏အ​မေသည်​လည်း ရှီကျင်းအား
မီးဖွားပြီးချိန်​တွင်​ဆုံးပါးသွားပြီး အိမ်​တွင်​
သူမ၏ဓာတ်​ပုံတစ်​ပုံမှမရှိ​၍
သူမမည်​သို့ပုံရှိ​ကြောင်း ရှီကျင်းမသိ​ချေ။
ထိုမူလရှီကျင်း၏မှတ်​ဉာဏ်​အားရရှိထား​သော
ရှီကျင်းလည်း​သေချာ​ပေါက်​မသိ​ပေ။

ရုန်​ကျိုးကျုံးသည်​ရှီကျင်းအား သူ့အ​မေနှင့်​
တူသည်​ဟု အခိုင်​အမာ​ပြော​နေပုံအရ
သူအရင်​က သူမအား မြင်​ဖူးထားသည်​လား။

ရှီကျင်း​သေချာ​စေရန်​မေးလိုက်​သည်​။

ရုန်​ကျိုးကျုံး၏အမူအရာမှာ အနည်းငယ်​
ဖြေ​လျော့သွားပြီး တစ်​ခုခုအား လွမ်း​ဆွေးသလို​
ငေးငှိုင်​သွားကာ​ဖြေသည်​။

"​သေချာ​ပေါက်​တွေ့ဖူးတာ​ပေါ့၊မင်းကလွဲပြီး
လူတိုင်း သူ့ကို​တွေ့ဖူးတယ်​။ရှီရှင်းရွယ်​က
တစ်​ကိုယ်​ကောင်းသမားကြီး​လေ သူ
မိန်းမတစ်​ယောက်​ကိုကြိုက်​တာနဲ့ တခြားသူ​တွေ
အားလုံးကို အဲ့မိန်းမနဲ့လာ​တွေ့ခိုင်းကြတယ်​။
မင်း​မေးလို့ပြီးပြီလား။ပြီးရင်​ပြန်​တော့
ငါအိပ်​ရေးဝဝအိပ်​ဖို့လိုအပ်​လို့"

ရှီကျင်း၏မသိစိတ်​က​ပြော​နေသည်​။
ဒါအကုန်​မဟုတ်​ဘဲ ရုန်​ကျိုးကျုံး တစ်​ခုခုကို​
ရှောင်​ချင်​နေပုံရသည်​။သူပိုပြီးနှိုက်​ထုတ်​ချင်​ပင်​မဲ့
တစ်​ဖက်​လူ၏စိတ်​မရှည်​သော
မျက်​နှာအ​နေအထားကို ကြည့်​ခြင်းဖြင့်​
သူဘာမှထပ်​သိရမှာမဟုတ်​ပေ။
ထို့​ကြောင့်​ရှီကျင်း​သည်​ထိုအ​တွေးကို
ချိုးနှိမ်​ကာ မူလအစီအစဉ်​အတိုင်း​
ရှေ့ဆက်​ဖို့ ဆုံးဖြတ်​သည်​။

"တတိယအစ်​ကိုက ကျွန်​တော့်​ကို
မနာလိုဖြစ်​နေတာပဲ"

"ဘာ!"

ရုန်​ကျိုးကျုံးသည်​သူ  လုံးဝအဓိပ္ပါယ်​မရှိ​သော
စကားအား ကြားလိုက်​ရပုံ​ပေါ်ကာ
သူ၏ပူ​ဆွေး​နေ​သောအရိပ်​အ​ယောင်​များမှာ
တစွန်းတစပင်​မကျန်​ပျောက်​ကွယ်​သွားပြီး
ရှီကျင်းအား ရူးနှမ်းသွားပြီလား ဟူသော
အကြည့်​ဖြင့်​မျက်​မှောင်ကြုတ်​ကြည့်​လိုက်​သည်​။

"အ​ဖေက ကျွန်​တော့်​ကိုချစ်​ပြီးသူ့အနားမှာ
ထားထားတာကို အစ်​ကိုမနာလိုတာ။အရင်​
အိမ်​အကူအ​ဒေါ်ကြီး​ပြောတာကို ကြားဖူးတယ်​။
ကျွန်​တော်​မ​မွေးလာခင်​အထိ အစ်​ကိုက
အ​ဖေအချစ်​ဆုံးက​လေးတဲ့။တတိယအစ်​ကို,
ကျွန်​တော်​အရာအားလုံး လုယူသွား​တော့​
နေလို့မှ​ကောင်းရဲ့လား။အ​ဖေ့မျက်​နှာသာရဖို့
ကျွန်​တော့်​ကို​ဖော်​လန်​ဖားလုပ်​နေရ​တော့
ပိုပြီးခံစားရခက်​မှာပဲ​နော်​၊
အစ်​ကို အနုပညာ​လောကမှာ ရုန်းကန်​ကြိုးစားပြီး​
နောက်​ဆုံး​အောင်​မြင်​ကျော်​ကြားလာတာ​တောင်​
အ​ဖေ့ဆီကအကြည့်​တစ်​ချက်​မရခဲ့ဘူး။
မီဒီယာ​တွေက အစ်​ကိုအတိတ်​အ​ကြောင်း​ပြောရင်​
အစ်​ကို့အ​ဖေကို unknownလို့ပဲ
သတ်​မှတ်​ကြတယ်​....အစ်​ကိုစဉ်းစားမိရဲ့လား
အစ်​ကိုရဲ့ရန်​သူ​တွေက​နောက်​ကွယ်​မှာ
ဘယ်​လောက်​တောင်​လှောင်​ရယ်​နေကြမလဲဆိုတာ"

ရှီကျင်းစကားများသည်​သေချာ​ပေါက်​
ရုန်​ကျိုးကျုံးအား​ဒေါသဖြစ်​ဖို့​လုံ​လောက်​သည်​။
သူသည်​ဆိုဖာ​မှ ထရပ်​ကာ​အော်​ပြောသည်​။

"ရှီကျင်း! မင်းပါးစပ်​ပိတ်​လိုက်​တာ
ပို​ကောင်းမယ်​!"

"ကျွန်​တော်​ဘာလို့ ပိတ်​ရမှာလဲ? ခင်​ဗျားက
ကျွန်​တော့်​ချစ်​လှစွာ​သောအစ်​ကိုအဖြစ်​ဆ
ယ်​နှစ်​ကျော်​ဟန်​ဆောင်​ခဲ့တယ်​။ဒါ​တောင်​
ကျွန်​တော့့်​ရင်​ကို နင်း​ချေဖို့ နည်းနည်း​လေး​တောင်​
မတွန့်​ဆုတ်​ခဲ့ဘူး။အဲ့တာကို
ပါးစပ်​ပိတ်​ဖို့​ပြောတယ်​?!"

ရှီကျင်းသည်​လည်း မတ်​တပ်​ထကာ​
ရှေ့သို့ကိုင်းပြီး ရုန်​ကျိုးကျုံး၏အင်္ကျီ​ကော်​လံအား
ဆွဲလိုက်​သည်​။ထို့​နောက်​ထိုသူ့မျက်​လုံးအား
စိုက်​ကြည့်​ကာ စက်​ဆုပ်​ရွံရှာစွာ​ပြော​သည်​။

"ကျွန်​တော်​ခင်​ဗျားကိုစိတ်​ပူလို့
ဖုန်းဆက်​တဲ့အချိန်​တိုင်း​လှောင်​ပြောင်​နေလား
၊နှစ်​တိုင်း ခင်​ဗျားအတွက်​အ​ကောင်းဆုံး​
မွေး​နေ့လက်​ဆောင်​ကို ကြိုးစား​ပေးခဲ့ပင်​မဲ့
ယခုကလိုမျိုး အမှိုက်​ပုံးထဲ လွှင့်​ပစ်​ခဲ့တာလား?
ခင်​ဗျား လာလည်​မှာ​တွေ၊ဖုန်း​ခေါ်တာ​တွေ၊
ခင်းဗျား​ဆီကနူးညံ့တဲ့စကားတစ်​လုံး နှစ်​လုံး
ကြားရဖို့အတွက်​မျှော်​လင့်​နေမိခဲ့တာ ဒါပင်​မဲ့
ခင်​ဗျားတို့အားလုံးက​တော့ ကျွန်​တော့်​
နောက်​ကွယ်​မှာ​လှောင်​ရယ်​နေ၊
လှည့်​စား​နေ၊ကြိတ်​ကြံစည်​နေကြတယ်​။
ရုန်​ကျိုးကျုံး,လူသားတိုင်းရဲ့ရင်​ထဲမှာ
လှုပ်​ခုန်​နေတဲ့နှလုံးသားရှိတယ်​။ဒါပင်​မဲ့
ခင်​ဗျားတို့က​တော့ မတူဘူး၊ ခင်​ဗျားတို့ရင်​ထဲမှာ
လူသတ်​ချင်​တဲ့အမုန်းတရား​တွေပြည့်​နေတဲ့
ဓား​တွေပဲရှိ​နေပြီး ကိုယ့်​ထက်​
အားနည်းတဲ့လူတစ်​ယောက်​ကို
အကြိမ်​ကြိမ်​အခါခါထိုးသတ်​ဖို့ ဝန်​မ​လေးတဲ့
တန်​ဖိုးမရှိတဲ့ သတ္တိ​ကြောင်​တဲ့လူ​တွေ!"

"မင်းဘာသိလို့လဲ!"

ရုန်​ကျိုးကျုံးသည်​ဒေါသဖြစ်​လွန်း၍
သူ့​ကော်​လံအားကိုင်​ထား​သောရှီကျင်း၏လက်​ကို
ဆုပ်​ကိုင်​ကာ သူ့အားလွှတ်​ရန်​အ​နောက်​သို့
တွန်းထုတ်​သည်​။

"အခုမှလာပြီး မင်းက လုံးလုံးအပြစ်​ကင်းတဲ့
လူတစ်​ယောက်​လို လာဟန်​ဆောင်​ပြမ​နေနဲ့
ဝက်​လို​ကောင်​! ငါကအစ်​ကို​ကောင်း
တစ်​ယောက်​မဟုတ်​ဘူး​ဆို မင်းက​ကော?
မင်းပဲ သနားစရာ​ကောင်းပြီး ကြီးမြတ်​တယ်​လို့​
ပြောချင်​တာလား၊အဲ့အဘိုးကြီးက မင်းကို
ဘာ​တွေသင်​ပေးထားလဲဆိုတာ
ငါတို့မသိဘူးများထင်​နေတာလား?
'အဲ့လူငါး​ယောက်​က မင်းအစ်​ကို​တွေမဟုတ်​ဘူး၊
မင်းအတွက်​လေ့ကျင့်​ပေးထားတဲ့
လက်​ပါး​စေ​တွေ။ဒါ​ကြောင့်​မင်း သူတို့ကို
တကယ်​ဂရုစိုက်​စရာမလိုဘူး၊
အလိုက်​သင့်​လေးသာ​ကောင်း​ကောင်း
ဆက်​ဆံလိုက်​' ဟား! အဲ့စကားကိုရင်းနှီးရဲ့လား?
အဲ့အချိန်​မှာ မင်းကပြန်​ဖြေတယ်​
'ကျွန်​တော်​သိပါတယ်​ဖေ​ဖေ' တဲ့။
မင်းမှတ်​မိ​သေးရဲ့လား!"

 ရှီကျင်းသည်​ဇာတ်​ကြောင်းအား
ချက်​ချင်းစီစစ်​ပြီး မူလရှီကျင်း၏မှတ်​ဉာဏ်​မှာ
ရှာ​ဖွေလိုက်​ရာ ထိုစကား​ပြောခန်းအား
ရုတ်​ချည်း သတိရသွားသည်​။ရှီကျင်း
မယုံသင်္ကာဖြင့်​မေးလိုက်​သည်​။

"အဲ့တာကို အတည်​ယူ​နေတာလား?
အဲ့တုန်းက ကျွန်​တော်​က ကိုးနှစ်​ပဲ
ရှိ​သေးတာ၊အဲ့ကိစ္စ​လေးနဲ့အခုလို
အငြိုးထား​စရာလား"

 "ဒါဆို မင်းမှတ်​မိတာပဲ!"
ရုန်​ကျိုးကျုံးသည်​ရှီကျင်း၏စကားများက
သူ့ကို စိတ်​ဖိစီး​စေဖို့ အ​တော်​လုံ​လောက်​နေပြီမို့​
အော်​ဟစ်​တော့သည်​။

"ငါ့မျက်​စိ​ရှေ့က အခုချက်​ချင်း
ထွက်​သွား​တော့!မင်းကိုဝင်​ခွင့်​ပေးလိုက်​တဲ့
ငါကိုက အရူးပါ!"

ရှီကျင်း ဒီကိုလာရသည့်​ရည်​ရွယ်​ချက်​က
အပြည့်​အဝမ​ရောက်​သေး​ပေ။ထို့​ကြောင့်​
ထိုသူအား​သေချာ​ပေါက်​ထွက်​သွားခွင့်​
မပြုနိုင်​သေး​ပေ။သူ၏ယူနစ်​ဘားသည်​လည်း
အခုထိမတက်​သေး​သော​ကြောင့်​အဆုံးထိ
သွားဖို့ဆုံးဖြတ်​လိုက်​ပြီး ရှီကျင်းသည်​
ရုန်​ကျိုးကျုံး၏မျက်​နှာအား လက်​သီးတစ်​လုံး
ပစ်​ထိုးကာ ဟိန်း​ဟောက်​တော့သည်​။

"ဒါဆို ကျွန်​တော်​ဘယ်​တုန်းက ခင်​ဗျားကို
အ​စေခံတစ်​ယောက်​လို့ ဆက်​ဆံခဲ့ဖူးလို့လဲ
ချီးထုပ်​ကောင်​! ခင်းဗျားကသာ
ဘဝင်​လေဟပ်​နေပြီး ကျွန်​တော့်​ကို
ဖုန်​မှုန့်​လေးလို ဆက်​ဆံ​နေတာ!"

အထိုးခံထိသွား​သော ရုန်​ကျိုးကျုံးသည်​
တခဏ အံ့သြသွားသည်​။ထို့်နောက်​သူ
့အားအမျက်​ဒေါသက လွှမ်းမိုးသွားကာ
ရှီကျင်းအား ပြန်​ထိုးလိုက်​သည်​။

"မင်း​သေချင်​နေပြီထင်​တယ်​!"

ထို့နောက်​မှာ​တော့ နှစ်​ယောက်​သား
စတင်​ထိုးကြိတ်​ကြ​တော့သည်​။သူတို့၏
ရန်​ပွဲမှာအမှန်​တကယ်​ပြင်းထန်​ပုံရ​သော်​လည်း
နှစ်​ဖက်​စလုံးမှာ ဘာအတိုက်​အခိုက်​ပညာမှ
လုံးဝထုတ်​မသုံးကြဘဲ က​လေးများ
ရန်​ဖြစ်​သလို အချင်းချင်း ရိုက်​ပုတ်​နေကြသည်​။
Gua Erသည်​အ​ဝေးတစ်​နေရာမှ
စွံ့အစွာကြည့်​နေမိသည်​။ထို့​ကြောင့်​သူလည်း
နံရံကိုမှီကာ ထိုရန်​ပွဲအား ဆက်​ကြည့်​ဖို့
ဆုံးဖြတ်​လိုက်​သည်​။

ထိုလုံး​ထွေးသတ်​ပုတ်​ခြင်းသည်​ဆယ်​မိနစ်​ခန့်​
ကြာရှည်​သည်​။ရုန်​ကျိုးကျုံးသည်​
ဒေါသထွက်​နေ​သေး​သော်​လည်း
အတိုက်​အခိုက်​လေ့ကျင့်​ထား​သောရှီကျင်းအား
ဆက်​မရိုက်​နိုင်​တော့။
အဆုံး၌ ရှီကျင်းသည်​သူ့အား
သိက္ခာတစ်​စက်​မှမကျန်​အောင်​ကြမ်းပြင်​ပေါ်
မျက်​နှာအပ်​အရှုံး​ပေး​စေသည်​။

"ရှီကျင်း, ငါမင်းကိုသတ်​မယ်​!"

သူသည်​ဒေါသတကြီး ဆိုသည်​။

"ဒါဆိုလည်း လုပ်​လိုက်​လေ!"
ရှီကျင်းသည်​ထိုသူအား ပက်​လက်​လန်​စေကာ
​သေနတ်​ကိုဆွဲထုတ်​ပြီး ရုန်​ကျိုးကျုံးလက်​
အတွင်းသို့ ထည့်​ပေးလိုက်​သည်​။ထို့​နောက်​
သူ့လည်​ပင်းဆီသို့​ထောက်​ခိုင်းကာ​ပြောသည်​။

"ဒီမှာ ကျွန်​တော့်​နှလုံး၊ ဒီမှာက​လေပြွန်​၊
လုပ်​လိုက်​လေ၊ ကျွန်​တော့်​ကို အခုသတ်​လိုက်​ပါ!"

​သေနတ်​အား အတင်းဆုပ်​ကိုင်​ခံ​နေရ​သော
 ရုန်​ကျိုးကျုံးသည်​အံကိုတင်း​နေ​အောင်​
ကြိတ်​ကာ ရှီကျင်းအား စူးရဲစွာစိုက်​ကြည့်​နေသည်​။
ရုတ်​တရက်​ပင်​သေနတ်​အား
ဆုပ်​ကိုင်​ထားသည့်လက်​ကို​ဖြေ​လျော့လိုက်​ပြီး
ကြမ်းပြင်​ပေါ်ပြုတ်​ကျ​စေသည်​။သူ့အ​ပေါ်မှ
ရှီကျင်းအား အားဖြင့်​တွန်းထုတ်​ကာ
သွားများကြိတ်​လျက်​ပြောသည်​။

"မင်း လုံးဝရူး​နေပြီပဲ! အခုချက်ချင်း​
ထွက်​သွား...​ကျေးဇူးပြုပြီး ငါ​ရှေ့ကို
ဘယ်​တော့မှထပ်​မ​ပေါ်လာပါနဲ့​တော့!"

ရှီကျင်းလည်း ကြမ်းပြင်​ပေါ်
ပက်လက်လှဲချလိုက်​ကာ မလှုပ်​ဘဲ​ရှောင်​စစ်​ကို
တိတ်​တိတ်​လေးမေးလိုက်​သည်​။
"ယူနစ်​ဘားအ​ခြေအ​နေ?"

ရှီကျင်း၏ကိုယ့်​ကိုယ်​ကို​သတ်​သေ​အောင်​
လုပ်​သည့်အ​ခြေအ​နေများ​ကြောင့်​
ရှောင်​စစ်​သေမလို​ကြောက်​လန့်​ခဲ့ရ​သော်​လည်း
စိတ်​ရှုပ်​မှုများနှင့်​မယုံနိုင်​ဖြစ်​နေ​သော
အရိပ်​အ​ယောင်​များကို သူ၏တုန်​ယင်​နေ​သော
အသံမှတဆင့်​သိနိုင်​သည်​။

<ကျင်းကျင်း,ယူနစ်​ဘားက ၈၉၀ကို ကျသွားပြီ>

"ဟမ်​?"


==============================

Continue Reading

You'll Also Like

1.1M 65.5K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...
989K 76.5K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest
376K 68.8K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...