သေခြင်းတရား ယူနစ်ဘား [ဘာသာပြ...

By Aoiyuki01

378K 68.3K 4.4K

Title: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနော... More

နိဒါန္း / နိဒါန်း
|၁|
|၂|
|၃|
|၄|
|၅|
|၆|
|၇|
|၈|
|၉|
|၁၀|
|၁၁|
|၁၂|
|၁၃|
|၁၄|
|၁၅|
|၁၆|
|၁၇|
|၁၉|
|၂၀|
|၂၁|
|၂၂|
|၂၃|
|၂၄|
|၂၅|
|၂၆|
|၂၇|
|၂၈|
|၂၉|
|၃၀|
|၃၁|
|၃၂|
|၃၃|
|၃၄|
|၃၅|
|၃၆|
|၃၇|
|၃၈|
|၃၉|
|၄၀|
|၄၁|
|၄၂|
|၄၃|
|၄၄|
|၄၅|
|၄၆|
|၄၇|
|၄၈|
|၄၉|
|၅၀|
|၅၁|
|၅၂|
|၅၃|
|၅၄|
|၅၅|
|၅၆|
|၅၇|
|၅၈|
|၅၉|
|၆၀|
|၆၁|
|၆၂|
|၆၃|
|၆၄|
|၆၅|
|၆၆|
|၆၇|
|၆၈|
|၆၉|
|၇၀|
|၇၁|
|၇၂|
|၇၃|

|၁၈|

4.8K 1K 53
By Aoiyuki01


အခန္​း(၁၈)​ေပြ႔ဖက္မႈ

အခ်ိန္​အ​ေတာ္​ၾကာသည္​အထိ ႐ွီက်င္​းသည္​
ဖဲႀကိဳးစမ်ားဖုံးလ်က္​ စကားတစ္​လုံးမ​ေျပာႏိုင္​ဘဲ
မတ္​တပ္​သာရပ္​​ေနမိသည္​။

လ်န္​ကြၽင္​းသည္​လည္​း သူ႔​ေဘးတြင္​
တိတ္​တဆိတ္​​ေစာင္​့​ေနလိုက္​သည္​။

​ေ႐ွာင္​စစ္​သည္​ ​ေက်နပ္​​ေပ်ာ္​ရႊင္​စြာ ​
ေျပာ​ေသာ္​လည္​း အနည္​းငယ္​လည္​း
စိတ္​ပူ​ေနပုံရသည္​။

<က်င္​းက်င္​း,ဘာျဖစ္​လို႔လဲဟင္​>

႐ွီက်င္​းႏွင္​့မူလ႐ွီက်င္​းတို႔သည္​ ​ေမြး​ေန႔လည္​း
တူတာ​ေၾကာင္​့ ဒါက ႐ွီက်င္​းအတြက္​
အမွန္​တကယ္​ ​ေမြး​ေန႔surpriseျဖစ္​​ေၾကာင္​း ​
ေ႐ွာင္​စစ္​သိသည္​။

"ဘာမွမျဖစ္​ပါဘူး"

​ေ႐ွာင္​စစ္​၏အသံၾကား​ေသာအခါ ႐ွီက်င္​း
ျပန္​လည္​ သတိဝင္​လာခဲ့သည္​။သူ႔လက္​ကို​
ေျမႇာက္​ကာ မ်က္​ႏွာတစ္​ျပင္​လုံးသုတ္​လိုက္​ၿပီး ​
ေခါင္​း​ေပၚမွဖဲျကိဳးမ်ားကို ရယ္​လ်က္​ ခါခ်သည္​။
ထို႔​ေနာက္​ သူ႔လက္​ထဲမွ စာအိတ္​နီအား
ျမင္​​ေသာအခါ လ်န္​ကြ်င္​းဘက္​သို႔
လွည္​့ၾကည့္​့ကာ ဆိုသည္​။

"ကြၽင္​း​ေ႐ွာက္​,​ကြၽန္​​ေတာ္​့ကို ဘာ​ေပးတာလဲ?
​ေငြသားမဟုတ္​ဘဲ ဘာလို႔ cardျဖစ္​​ေနရတာလဲ"
 
လ်န္​ကြၽင္​းသည္​ သူ႔အားတစ္​ခ်က္​လွမ္​းၾကည့္​့ၿပီး
မသိခ်င္​​ေယာင္​​ေဆာင္​ကာ ဧည္​့ခန္​းအတြင္​းသို႔
ဝင္​ရန္​ ဝွီးခ်ဲကို​ေရြ႔လိုက္​သည္​။

႐ွီက်င္​းသည္​ လက္​ကိုင္​ကိုဖမ္​းကိုင္​လိုက္​ၿပီး
အတင္​့ရဲစြာ ဝွီးခ်ဲကို အ​ေနာက္​သို႔ျပန္​​ဆြဲသည္​။
သူသည္​ ​ေ႐ွ႕သို႔ကုန္​းကာ လ်န္​ကြၽင္​းဆီသို႔
လက္​လွမ္​းၿပီး စိတ္​လႈပ္​႐ွားသည္​ကို ခ်ိဳးႏွိမ္​လ်က္​
ေမးလိုက္​သည္​။

"ကြၽင္​း​ေ႐ွာက္​ကို...ကြၽန္​...ကြၽန္​​ေတာ္​
ဖက္​လို႔ရမလား"

လ်န္​ကြၽင္​းသည္​ ႐ွီက်င္​းအား စိတ္​မပါစြာ
ၾကည့္​့လိုက္​သည္။

"ဒီ​ေန႔က ကြၽန္​​ေတာ္​့​ေမြး​ေန႔​ေလ...
မရဘူးလား..ဟင္​..."
႐ွီက်င္​းသည္​ အ႐ွက္​မ႐ွိစြာ ​ေမြး​ေန႔႐ွင္​အျဖစ္​ကို
အားကိုးယူလ်က္​ ​ေျပာသည္​။

လ်န္​ကြၽင္​းသည္​ သူ႔အားတစ္​ခ်က္​ၾကည္​့ကာ
ျငင္​းလို႔ရမည္​မဟုတ္​မွန္​း သိ​ေသာအခါ
မတတ္​ႏိုင္​​ေပ။သူ၏လက္​ကို​ေျမႇာက္​ကာ
႐ွီက်င္​းပုခုံး​ေပၚသို႔တင္​လိုက္​ၿပီး ​ေ႐ွ႕သို႔
အနည္​းငယ္​ကုန္​းကာ ႐ွီက်င္​းအား
ဖက္​လိုက္​သည္​။ထို႔​ေနာက္​ ခ်က္​ခ်င္းလႊတ္​ကာ
အ​ေနာက္​သို႔ျပန္​ဆုတ္​ၿပီး ​ေျပာသည္​။

"ကိတ္​မုန္​႔ သြားလွီး​ေတာ့, Gua Yiနဲ႔
တစ္​ျခားသူ​ေတြလည္​း မင္​းအတြက္​
လက္​​ေဆာင္​ပါတယ္​"

​ေပြ႔ဖက္​ပုံမွာ ဝတ္​​ေက်တန္​း​ေက်
တခဏသာျဖစ္​​ေသာ္​လည္​း
႐ွီက်င္​း​ေက်နပ္​သည္​။သူသည္​ အားရပါးရျပံဳးကာ
ဝွီးခ်ဲလက္​ကိုင္​ကို ကိုင္​လိုက္​သည္​။ထို႔​ေနာက္​
သူ​ေျပာ​ေသာစကားသံမွာ ​ေပ်ာ္​လြန္​းသျဖင္​့
အထိန္​းအကြပ္​မဲ့ က်ယ္​​ေလာင္​သြားသည္​။

"ကြၽင္​း​ေ႐ွာက္​ကို ကြၽန္​​ေတာ္​ ဒီ​ေန႔ကိတ္​မုန္​႔စားခြင္​့​
ေပးတယ္​ ၿပီး​ေတာ့ ညစာအဆာ​ေျပစြပ္​ျပဳတ္​​
ေသာက္​စရာမလို​ဘူး"

ထိုအခါ လ်န္​ကြၽင္​းသည္​ မ​ေက်မနပ္​
သတိ​ေပးလိုက္သည္​။
"ဖင္​​ေခါင္​းသိပ္​မက်ယ္​နဲ႔"

"ဟီးဟီး"
႐ွီက်င္​းသည္​ ​ေျပာင္​စပ္​စပ္​ရယ္​ကာ
ကိတ္​မုန္႔​႔ဆီသို႔ အ႐ွိန္​ျမွင္​့တြန္​းသြားသည္​။

တျခားသူမ်ားသည္​ လ်န္​ကြြၽင္​း၏ဝွီးခ်ဲအား
တြန္​း​ေသာအခါ အထူးဂ႐ုစိုက္​ၾကသည္​။
ယခု ႐ွီက်င္​းတြန္​းပုံမွာ အျမန္​ႏႈန္​းက
အရမ္​းလည္​း မျမန္​ မ​ေႏွးသည္​့အတြက္​
သူတို႔လည္​း ဝင္​မစြက္​ဖက္​​ေတာ့​ေပ။
လ်န္​ကြၽင္​းသည္​ ႐ွီက်င္​း၏႐ုတ္​တရက္​
အ႐ွိန္​ျမႇင္​့လိုက္​​ေသာ​ေၾကာင္​့ ခ်က္​ခ်င္​း
လက္​တန္​းကို ဆုပ္​ကိုင္​လိုက္​ရသည္​။သူ႔ကိုယ္​သူ
ထိန္​း​ေနစဥ္​ပဲ ကိတ္​မုန္​႔၏ခ်ိဳ​ေမႊး​ေသာ
အနံ႔ေလးက သူ႔မ်က္​ႏွာအား႐ိုက္​ခတ္​လာသည္​။
သူလည္း တျဖည္​းျဖည္​း စိတ္​​ေပါ့ပါးလာကာ
သူ၏ႏႈတ္​ခမ္​းစြန္​းမ်ားမွာ အနည္​းငယ္​
ျမင့္​့တက္​သြား​ေသာ္​လည္​း ႐ွီက်င္​းအား
ဆူပူလိုက္​​ေသးသည္​။

"လူႀကီးပဲျဖစ္​​ေနၿပီ ​ေပါ​ေတာေတာလုပ္​မ​ေနနဲ႔
အနာဂတ္မွာ မင္​းတည္​တည္​ၿငိမ္​ၿငိမ္​​ေနသင္​့ၿပီ"

႐ွီက်င္​းသည္​ ကိတ္​မုန္​႔​ေပၚ ဖ​ေယာင္​းတိုင္​
စိုက္​​ေနသည္​ကို အာ႐ုံ​ေရာက္​​ေနသျဖင္​့
လ်န္​ကြၽင္​း စကားကို ဝတ္​​ေက်တန္​း​ေက်
အင္​း'တစ္​ခ်က္​သာ တုံ႔ျပန္​သည္​။

ဖ​ေယာင္​းတိုင္​မ်ား မီးညွိၿပီးသည္​ႏွင္​့
Gua Yiႏွင့္​့တျခားသူမ်ားသည္​
စားစရာမ်ိဳးစုံပါ​ေသာတြန္​း လွည္​းအား
တြန္​းဝင္​လာၾကသည္​။ခရစ္​စမတ္​မီး​ေရာင္​စုံကို
ပတ္​ပတ္​လည္​အလွဆင္​ထားပုံမွာ
ဒီလိုလူၾကမ္​းႀကီးမ်ားအ​ေနႏွင္​့ အ​ေကာင္​းဆုံး
ျပင္​ဆင္​​ေပးထားမွန္​းသိသာသည္​။

႐ွီက်င္​းသည္​ ​ေပ်ာ္​ရႊင္​စြာ အားလုံးနဲ႔အတူ
စားစရာမ်ား ​ေနရာကူခ်​ေပးၿပီး စားပြဲ​ေဘးသို႔
ခံုတစ္​လုံး​ေရြ႔လိုက္​သည္​။ခုံ​ေပၚတက္​လိုက္​မွ
အျမင္​့အ​ေနအထားအ​ေတာ္​ျဖစ္​သြား၍
ဆု​ေတာင္​းၿပီး ဖ​ေယာင္​း​တိုင္​းမီးအားမႈတ္​ကာ
ကိတ္​မုန္​႔ခြဲ​ေတာ့သည္​။

ပထမဆုံး​ေသာကိတ္​မုန္​႔စိတ္​က​ေတာ့
သိသာစြာ လ်န္​ကြၽင္​းအား ​ေပးလိုက္​သည္​။
႐ွီက်င္​းသည္​ ဒုတိယတစ္​ခုကို ယူၿပီး
တျခားသူမ်ား ကိုယ့္ဘာသာ ပိုင္​းစားႏိုင္​ရန္​
Gua Yiဆီသို႔ ဓားကမ္​း​ေပးလိုက္​သည္​။
Gua Erသည္​ သူ႔အား ​ေက်းဇူးမသိတတ္​​ေၾကာင္​း
ဆူပူေန​ေသာ္​လည္​း လ်စ္​လ်ဴရႈကာ
လ်န္​ကြြၽင္​းအနီးတြင္​​ေနၿပီး လက္​​ေဆာင္​မ်ား
ဖြင့္​့ၾကည္​့​ေနသည္​။

ကိတ္​မုန္​႔စား လက္​​ေဆာင္​မ်ားဖြင္​့ၿပီး​ေနာက္​
႐ွီက်င္​းသည္​ ​ေမြး​ေန႔႐ွင္​အျဖစ္​ကို အသုံးခ်ၿပီး
ကလပ္​႐ွိဝန္​ထမ္​းမ်ားကို ဧည္​့ခန္​းထဲ႐ွိ
စားပြဲအား ​ေရြ႔ခိုင္​းလိုက္​ၿပီး မာ​ေက်ာက္​စားပြဲကို
ယူလာ​ေစသည္​။

Gua Yiသည္​ Yနယ္​​ေျမ
မာ​ေက်ာက္​ခန္​းမတုန္​းက ႐ွီက်င္​း၏လက္​ရည္​ကို
သတိရ​ေသာအခါ မ်က္​ခုံးတစ္​ခ်က္​ပင္​့သြားသည္​။
႐ွီက်င္​း ဖိတ္​​ေခၚမည္​ကိုပင္​မ​ေစာင္​့ဘဲ သူသည္​ ​
ေလာင္​းကစားတြင္​ ဘယ္​​ေတာ့မွပါဝင္​မည္​
မဟုတ္​​ေၾကာင္​းဆိုကာ ျငင္​းဆန္​လိုက္​သည္​။

ထိုအခါ ႐ွီက်င္​းသည္​ လ်န္​ကြၽင္​းအား
တိတ္​တိတ္​​ေလး ခိုးၾကည္​့သည္​။

လ်န္​ကြၽင္​းသည္​ ​ေသ​ေစႏိုင္​​ေသာ ​
ေအးစက္​စက္​အၾကည္​့မ်ားျဖင္​့
ျပန္​ၾကည့္​ေပးလိုက္​သည္​။

သူ၏​ေရႊ​ေရာင္​​ေျခသလုံးႏွင္​့အတူ ​ေပ်ာ္​ရႊင္​စြာ
မာ​ေက်ာက္​ကစားမည္​့စိတ္​ကူးအား
လက္​​ေလ်ာ့လိုက္​ရသည္​။ထို႔​ေၾကာင္​့
သူသည္​ တစ္​ဖက္​လွည္​့ကာ Gua Erႏွင္​့အတူ
Gua San,Gua Wu တို႔ကို ​ေခၚလိုက္​သည္​။
ကလပ္​ကို လတ္​တ​ေလာမွ ​ေျပာင္​း​ေရြ႔လာ​ေသာ
Gua Jiu(Gua Nine)သည္​
က​ေလးမ်က္​ႏွာႏွင္​့လူငယ္​​ေလးတစ္​​ေယာက္​
ျဖစ္​သည္​။ယခုလည္​း ဆိုဖာခုံ​ေပၚ
ငိုက္​မ်ဥ္​း​ေနသျဖင္​့ ႐ွီက်င္​းလည္း သူ႔အား
မ​ေႏွာက္​ယွက္​​ေတာ့​ေပ။

လူ​ေလး​ေယာက္​ မာ​ေက်ာက္​စားပြဲတြင္​
ထိုင္​လိုက္​ၾကသည္​။Gua Erက​ေတာ့
အ႐ႈံးဘုရင္​ျဖစ္​​ေလသည္​။သူ၏ကစားနည္​းမ်ားက
ဆိုးရြားလြန္​းလို႔ ​ေဘးလူမ်ားပင္​
မ​ျကည္​့ဘဲမ​ေနႏိုင္​​ေပ။သို႔​ေသာ္​ သူက​ေတာ့ ​
ေပ်ာ္​​ေပ်ာ္​ႀကီးကိုဆက္​​ေဆာ့​ေနသည္​။
စကားနည္​း​ေသာGua Sanတြင္​​ေတာ့
အရည္​အခ်င္​းတစ္​ခ်ိဳ႕႐ွိၿပီး
ဘာစကားမွမဆိုဘဲ ကစားကြက္​ႀကီးႀကီးမ်ား
လုပ္​ႏိုင္​သည္​။Gua Wu၏စ​ေကးက​ေတာ့
ထိုသူ၏မ်က္​ႏွာအတိုင္​း႐ိုးစင္​းၿပီး​ေျဖာင္​့မတ္​သည္​။
သူ႔ျကည့္​့ရတာလည္​း ​ႏိုင္​ႏိုင္​ ႐ႈံး႐ႈံး ​
ေပ်ာ္​​ေနပုံ​ေပၚသည္​။သဘာဝက်စြာ
ပညာ႐ွင္​႐ွီက်င္​းက​ေတာ့့ အားလုံးထက္
ပုိမိုကြၽမ္​းက်င္​သည္​။ ႏိုင္​သည္​့အခါ အနည္​းငယ္​
ႏွာတစ္​ဖ်ားသာ၍သာ ႏိုင္​​ေသာ္​လည္​း
ပါးစပ္​က နားရြက္​တပ္​ခ်ိတ္​မတတ္​ ျပဳံး​ေနသည္​။

မာ​ေက်ာက္​ဝါသနာအိုးတစ္​​ေယာက္​အ​ေနႏွင္​့
ညဥ္​့နက္​တိုင္​​ေအာင္​ စိတ္​အားထက္​သန္​စြာ
ကစား​ေန​ေသာေၾကာင့္ Gua Yiမွ အိပ္​ရန္​
အခန္​းထဲကန္​ထည္​့ခံလိုက္​ရသည္​။႐ွီက်င္​းသည္​
အိပ္​​မက္​ထဲတြင္​​ေတာင္​ မာ​ေက်ာက္​
ဆက္​ကစား​ေနမိၿပီး သူ႔အစ္​ကိုမ်ားႏွင္​့​
ေတြ႔ဆုံခဲ့ရသည္​့စိတ္​တုန္​လ​ႈပ္​မႈမ်ားကိုပင္​ ​
ေမ့​ေပ်ာက္​သြားခဲ့သည္​။

သို႔​ေသာ္​ျငား ႏိုးထလာ​ေသာအခါ
ရက္​စက္​​ေသာအမွန္​တရားႀကီးက သူ႔​ေခါင္​းကို
လာ​ေခါက္​​ေတာ့သည္​။႐ွီ​ေဝခ်ဳံးသည္​
မ​ေန႔ည​ေနအခ်ိန္​ သူတို႔စကား​ေျပာၿပီးကတည္​းက
မထြက္​သြား​ေသး​ေပ။ထိုအစား
သူ႔အတြင္​း​ေရးမႉးကို ကားယူလာခိုင္​းၿပီး
ကလပ္​၏အျပင္​ဘက္​တြင္​ ညလုံး​ေပါက္​​ေနကာ
႐ွီက်င္​းအား​ေတြ႔ရန္​ ထပ္​တလဲလဲ​
ေတာင္​းဆို​ေနသည္​။

႐ွီက်င္​းသည္​ ကလပ္​၏ဒုတိယအလႊာ
ျပတင္​း​ေပါက္​မွ ကလပ္​​ေ႐ွ႕ဘက္​တြင္​
ပါကင္​ထိုးထား​ေသာ အနက္​​ေရာင္​ဇိမ္​ခံကားကို
ၾကည္​့ျပီး စိတ္​လႈပ္​႐ွားစြာ ​ေမးလိုက္​သည္​။

"​ေ႐ွာင္​စစ္​,ဒါက ဘာအဓိပၸါယ္​လဲ?သူ႔လက္​နဲ႔
ငါ့ကို ကိုယ္​တိုင္​သတ္​ခ်င္​​ေနၿပီလား"

​ေ႐ွာင္​စစ္​သည္​ အမွန္​တကယ္​
ထိတ္​လန္​႔​ေန​ေသာ္​လည္​း ႐ွီက်င္​းအား
အာ​း​ေပးစကား​ေျပာသည္​။

<မ​ေၾကာက္​ပါနဲ႔ က်င္​းက်င္​း,ဒီ​ေနရာက
ဒါလင္​ပိုင္​တယ္​ က်င္​းက်င္​းအစ္​ကို​ေတြ
ဘာမွမလုပ္​ႏိုင္​ပါဘူး>

"ဒါမဲ့ မင္​းဒါလင္​နား တစ္​ခ်ိန္​လုံး ​ေကာ္​လို
ကပ္​မ​ေနႏိုင္​ပါဘူး၊ငါ​ေနခ်င္​ရင္​​ေတာင္​ သူက
သ​ေဘာမတူ​ေလာက္​ဘူး"

႐ွီက်င္​း၏ပါးစပ္​ထဲ ခါးသက္​သက္​ပင္​
ခံစားရၿပီး စိတ္​ပ်က္​စြာ ​ေျပာသည္​။
"စိတ္​လိုက္​မာန္​ပါလုပ္​လိုက္​တာ မွားသြားၿပီ
ထင္​တယ္​၊မ​ေန႔က ငါအကုန္​
ဖြင္​့မ​ေျပာသင္​့လိုက္​ဘူး ငါတို႔ရဲ႕အဓိကပန္​းတိုင္​က
ယူနစ္​ဘားတန္​းကို ႐ွင္​းပစ္​ဖို႔ပဲ။ငါတို႔
အားလုံးေဖာ္​ထုတ္​ၿပီးသြားၿပီဆို​ေတာ့
အခု ဘယ္​လိုလုပ္​ၾကမလဲ"

​ေ႐ွာင္​စစ္​လည္​း စိတ္​ပူ႐ုံမွလြဲၿပီး
ဘာအၾကံဥာဏ္​မွမ​ေပးႏိုင္​လို႔ ညည္​းညဴလိုက္​သည္​။

"ဟင့္​အင္​း,အနည္​းငယ္​​ေတာ့ ယူနစ္​ဘားကို
စိတ္​ခ်ရတဲ့အ​ေျခအ​ေနဆီျပန္​​ေရာက္​​ေအာင္​
ငါ့အစ္​ကို​ေတြနဲ႔ဆက္​ဆံ​ေရးျဖတ္​ေတာက္​ပစ္​ဖို႔
နည္​းလမ္​း႐ွာရမယ္​"

႐ွီက်င္​းသည္​ ျပတင္​း​ေပါက္​​ေဘာင္​အား
တင္​းက်ပ္​စြာ ဆုပ္​ကိုင္​ၿပီး အျပင္​ဘက္​႐ွိ
ကားအား တစ္​ခ်က္​ျပန္​ၾကည္​့သည္​။ထို႔​ေနာက္​
လ်န္​ကြၽင္​း၏စာၾကည္​့ခန္​းဆီသို႔ ​ေျပးသြားသည္​။

႐ွီ​ေဝခ်ဳံးသည္​ အင္​မတန္​မွ ဇြဲ​ေကာင္​းလွသည္​။
သူသည္​ ​ေန႔​ေန႔ညည ကလပ္​​ေ႐ွ႕တြင္​
အခ်ိန္​ကုန္​ဆုံးသည္​။သူသည္​
အလုပ္​ကိစၥအ​ေျခအ​ေနႏွင္​့လူမႈ​ေရးကိစၥ
႐ွိသၫ္​့အခ်ိန္​သာ ထြက္​သြားၿပီး
နာရီအနည္​းငယ္​ၾကာသည္​ႏွင့္ ​
ျပန္​​ေရာက္​လာသည္​။႐ွီက်င္​းအား မ​ေတြ႔ရမခ်င္​း
လက္​မ​ေလ်ာ့​ေၾကာင္​း ထင္​႐ွားသည္​။

​ေျခာက္​ရက္​ခန္​႔ၾကာၿပီး​ေသာအခါ
႐ွီ​ေဝခ်ဳံးအားကလပ္​အတြင္​းသို႔
တစ္​​ေခါက္​ဝင္​ခြင္​့ျပဳလိုက္​သည္​။
႐ွီက်င္​းသည္​ သူ႔အား ဧည္​့​ေတြ႔ခန္​းတြင္​ ​
ေစာင္​့​ေနၿပီး သူ႔​ေ႐ွ႕စားပြဲ​ေပၚတြင္​
စာရြက္​စာတမ္​းမ်ားစြာ႐ွိသည္​။

"​ေ႐ွာင္​က်င္​း,ငါမင္​းနဲ႔စကား​ေျပာဖို႔လိုတယ္​"
႐ွီ​ေဝခ်ဳံးသည္​ အခန္​းတြင္​းသို႔ ဝင္​ၿပီးၿပီးျခင္​း
တန္​း​ေျပာသည္​။သူ၏မ်က္​ခုံးမ်ားမွာ
တြန္​႔​ေကြး​ေနကာ စိတ္​အ​ေျခအ​ေနမ​ေကာင္​းမွန္​း ​
ေဖာ္​ျပ​ေနသည္​။

"ခဏ​ေလးပါ အစ္​ကိုႀကီး၊ကြၽန္​​ေတာ္​ေျပာတာကို
အရင္​နား​ေထာင္​​ေပးပါ"

႐ွီက်င္​း ျဖတ္​​ေျပာသည္​။႐ွီ​ေဝခ်ဳံးအား
ထိုင္​ဖို႔​ေျပာၿပီး သူ႔​ေ႐ွ႕​တြင္​ စာရြက္​စာတမ္​းမ်ား
ခ်​ေပးကာ တစ္​ခုခ်င္​းစီကို ၫႊန္​ျပလ်က္​
 ႐ွင္​းျပသည္​။

"ဒါက Yၿမိဳ႕အ​ေနာက္​ဘက္​ဧရိယာရဲ႕​ေလလံေစ်း
အ​ေၾကာင္​းပဲ၊အဲ့တာက ​ေထာင္​​ေခ်ာက္​ႀကီးမို႔
ဝယ္​ဖို႔လက္​္​​ေလ်ာ့သင္​့တယ္​၊Jႏိုင္​ငံ K​​ေဒသက
လုပ္​ထားတဲ့အၾကံအစည္​ပဲ။ကြၽန္​​ေတာ္​က​ေတာ့
အ​ေယာင္​ျပ​ေလး လိုက္​​ေမ​်ာ​ေစခ်င္​တယ္​။ဒ
ါက ရြယ္​႐ွင္​းအနာဂဏ္​တိုးခ်ဲ႕​ေရးအတြက္​
အ​ေဖ မဆုံးခင္​က ျပင္​ဆင္​ခဲ့တဲ့
အဆင္​့သုံးဆင္​့ ပ႐ိုဂရမ္​ပဲ,အစ္​ကို
ကိုးကားလို႔ရ​ေအာင္​၊​ေနာက္​ဆုံးတစ္​ခုက​ေတာ့....
အ​ေဖ့ရဲ႕လူယုံ​ေတြနာမည္​စာရင္​းပဲ၊
ရြယ္​႐ွင္​းလုပ္​ငန္​းစုကို တ႐ုတ္​ႏိုင္​ငံဆီ
​ေရြ႔​ေျပာင္​းခ်င္​ရင္​ သူတို႔ကိုမသုံးဖို႔
အၾကံ​ေပးပါရ​ေစ၊မဟုတ္​ရင္​ အစ္​ကို႔ကို
ျပႆနာ႐ွာၾကလိမ့္​့မယ္​"

႐ွီ​ေဝခ်ဳံးမွာ နား​ေထာင္​​ေလ သူ၏အမူအရာမွာ
ပိုမို​ေလးနက္​လာ​ေလျဖစ္​သည္​။သူသည္​
စာရြက္​​ေတြကို ယူကာ တစ္​ခုၿပီးတစ္​ခု
လွန္​​ေလ်ာၾကည္​့လိုက္​သည္​။ထို႔​ေနာက္​
႐ွီက်င္​းအား မသိ​ေသာလူတစ္​​ေယာက္​လို
ၾကည့္​ၿပီး ​ေမးသည္​။

"မင္​း ဒါ​ေတြဘယ္​ကရတာလဲ"

သူစတင္​လုပ္​ဖို႔ၾကံရြယ္​​ေန​ေသာ လုပ္​ငန္​း
အခ်က္​အလက္​မ်ားပင္​ ပါ႐ွိ​ေနသည္​။

"ကြၽန္​​ေတာ္​က အ​ေဖ့​ေဘးမွ​ာ
ေတာက္​​ေလ်ွာက္​​ေနခဲ့တာပါ၊ အ​ေဖသိရင္​ ​
ေသခ်ာ​ေပါက္​ကြၽန္​​ေတာ္​လည္​း သိတယ္​"

႐ွီက်င္​း ျပန္​​ေျဖသည္​။ ထို႔​ေနာက္​
႐ွီ​ေဝခ်ဳံးအတြက္​ လက္​ဖက္​ရည္​တစ္​ခြက္​ေလာင္​း
ထည္​့​ေပးရင္​း ဆိုသည္​။

"ကြၽန္​​ေတာ္​ ​ေျပာခ်င္​တာ​ေတာ့ ၿပီးၿပီ၊
အစ္​ကိုႀကီးက ကြၽန္​​ေတာ္​့ကို ဘာ​ေျပာခ်င္​တာလဲ"

​ေ႐ွာင္​စစ္​ စိတ္​ပ်က္​အား​ေလ်ာ့စြာ ​ေျပာသည္​။

<က်င္​းက်င္​းရဲ႕အမွတ္​က ၉၀၀မွာပဲ႐ွိ​ေသးတယ္​၊
႐ွီ​ေဝခ်ဳံးကို ဒီ​ေလာက္​အ​ေရးႀကီးတဲ့သတင္​း​ေတြ​
ေျပာတာ​ေတာင္​ ဘာလို႔နည္​းနည္​းမွ မက်ရတာလဲ>

႐ွီက်င္​းလည္​း အနည္​းငယ္​
မခ်င္​့မရဲျဖစ္​​ေန​ေသာ္​လည္​း ​ေျဖသိမ္​့လိုက္​သည္​။

"စိတ္​မပူပါနဲ႔,အရင္​ဆုံး ႐ွီ​ေဝခ်ဳံးဘာ​ေျပာခ်င္​လည္​း
နား​ေထာင္​ရ​ေအာင္​၊ငါကသူ႔ကို
အျပည္႔အဝ​ဆန္႔​႔က်င္​​ေနတာမဟုတ္​မွန္​း
သိသြားရင္​ သူ႔သ​ေဘာထားလည္​း
ေပ်ာ့ေျပာင္း လာမွာပါ"

သတင္​းအခ်က္​အလက္​​ေတြအားလုံးက
႐ွီ႐ွင္​းရြယ္​ဆီမွဟု ႐ွီက်င္​း​ေျပာ​ေသာအခါ
႐ွီ​ေဝခ်ဳံး၏မ်က္​ႏွာအမူအရာမွာ
လွ်ိဳ႕ဝွက္​နက္​နဲလာၿပီး စာရြက္​စာတမ္​းမ်ားကို ​
ေသ​ေသခ်ာခ်ာ ဖတ္​​ေနသည္​။

သူ႔အနား႐ွိ ​ေလထုတင္​းမာမႈမ်ားမွာ
အနည္​းငယ္​​ေလ်ာ့က်သြားၿပီး အသံ​ေအး​ေအးျဖင္​့ ​
ေမးလိုက္​သည္​။

"ဘာလို႔ ငါ့ကိုဒါ​ေတြလာ​ေျပာျပ​ေနတာလဲ"
 
"ကြၽန္​​ေတာ္​ အ​ေမြ​ေတြစြန္​႔လႊတ္​လိုက္​ဖို႔​
ေရြးခ်ယ္​ခဲ့တဲ့အ​ေၾကာင္​းျပခ်က္​နဲ႔ တူတူပဲ"

႐ွီက်င္​းသည္​ သူ႔အားစိတ္​႐ႈပ္​စြာၾကည္​့လိုက္​ၿပီး ​
ေစာနက​ေမးခြန္​းကို ျပန္​​ေျပာသည္​။

"အစ္​ကို ကြၽန္​​ေတာ္​့ကိုဘာ​ေျပာခ်င္​တာလဲ"

ဒီတစ္​ႀကိမ္​​ေတာ့ ႐ွီ​ေဝခ်ဳံး လ်င္​ျမန္​စြာ​ေျဖသည္​။
"ငါနဲ႔အတူ အိမ္​ျပန္​လိုက္​ခဲ့​ေစခ်င္​တယ္​"

"ကြၽန္​​ေတာ္​ မျပန္​ခ်င္​ဘူး"
႐ွီက်င္​း၏ၿငင္း​ဆိုမႈက တိပသည္​။

႐ွီ​ေဝခ်ဳံးႏွင္​့႐ွီက်င္​း စကား​ေျပာ​ေသာအခါ
အခုလို တိတ္​ဆိတ္​သြားျခင္​းမွာ
ဒုတိယအႀကိမ္​ျဖစ္​သည္​။႐ွီ​ေဝခ်ဳံး၏မ်က္​ႏွာမွာ
တည္​ၿငိမ္​​ေနၿပီးစကား​ေျပာျခင္​းကိုရပ္​ထားသည္​။

႐ွီက်င္​း ကိုယ္​့ကိုယ္​ကို အားတင္​းထားသည္​။
တြန္​႔ဆုတ္​​ေန​ေသာ္​လည္​း သူ႔အစ္ကိုမ်ားႏွင္​့
အဆက္​အသြယ္​ျဖတ္​ရန္​ ျပင္​ဆင္​ထားၿပီးရာ
လုပ္​စရာ႐ွိလ်ွင္​လုပ္​ရမည္​ျဖစ္​သည္​။
အ​ေျခအ​ေန​ေတြမဟန္​​ေတာ့ရင္​​ေတာင္​
လ်န္​ကြၽင္​း၏​ေက်းဇူး​ေၾကာင္​့ ဘဝကို
ရ​ေအာင္​ဆက္​လက္​႐ွင္​သန္​သြားမည္​။

တျဖည္​းျဖည္​း ​ေလထုအ​ေျခအ​ေနက
တည္​ျမဲလာသည္​။အခ်ိန္​အၾကာႀကီး​ေနမွ
႐ွီ​ေဝခ်ဳံး၏ ႏႈတ္​ခမ္​းမွာ ထပ္​ဖြင္​့ဟလာၿပီး ​
ေမးလိုက္​သည္​။

"မင္​းထြက္​သြားၿပီး​ေနာက္​ပိုင္​း ​
 ေကာင္​း​ေကာင္​း​မြန္​မြန္​​ေနရဲ႕လား"

႐ွီက်င္​း: "....ဟင္​?"

ခဏ​ေလး...ဒီဇာတ္​ၫႊန္​းက နည္​းနည္​းလြဲ​ေနသလိုပဲ..

"မင္​းအမ်ားႀကီး ​ေျပာင္​းလဲသြားတယ္​၊
ပိန္​လည္​းပိန္​သြားၿပီး အရပ္​လည္​း႐ွည္​လာတယ္​။
အဝတ္​အစားဝတ္​ပုံ​ေတြလည္​း မတူ​ေတာ့ဘူး"

႐ွီ​ေဝခ်ဳံးသည္​ ထိုစကားအား​ေျပာ​ေနရင္​း
မ်က္​လုံးကိုျဖည္​းညင္​းစြာ ပိတ္​ခ်လိုက္​သည္​။
ဘာမွ မလုပ္​​ေပးႏိုင္​ခဲ့​ေသာ တာဝန္​မဲ့မႈမ်ားႏွင္​့
ပင္​ပန္​းႏြမ္​းနယ္​မႈမ်ားမွာ သူ႔မ်က္​ႏွာထက္​ ​
ေပၚလာသည္​။႐ွီ​ေဝခ်ဳံး သက္​ျပင္​းခ်လိုက္​သည္​။

"မင္​း​ေပ်ာက္​သြားတဲ့​ေန့တည္​းက ​
ေန႔တိုင္​း စိတ္​ပူ​ေနခဲ့ရတာ၊ငယ္​ငယ္​​ေလးတည္​းက
အလိုလိုက္​ခံထားရတဲ့ က​ေလးတစ္​​ေယာက္​က
အျပင္​​ေလာကႀကီးမွာ ဘယ္​လို​ေနထိုင္​ႏိုင္​မလဲဆိုတာ"

႐ွီက်င္​း ၾကက္​သီးမ်ားထလာသည္​။
သူသည္​ အ​ေျခအ​ေန​ေတြက မထင္​ထားသလို​
ေတြျဖစ္​ကုန္​၍နားမလည္​ႏိုင္​ဘဲ
အူ​ေၾကာင္​​ေၾကာင္​ျဖင္​့ ​ေ႐ွာင္​စစ္​အား ​
ေမးလိုက္​သည္​။

"​ေ႐ွာင္​စစ္​,သူဘာလုပ္​​ေနတာလဲ?
ငါ့ခံစားခ်က္​​ေတြကို အသုံးခ်ၿပီး လွည့္​့စားဖို႔
လုပ္​​ေနတာလား"

​ေ႐ွာင္​စစ္​လည္​း အထစ္​ထစ္အေငါ့​ေငါ့ျဖင္​့
<ျဖစ္​ ျဖစ္​ႏိုင္​တယ္​ က်င္​းက်င္​း၊ဒါလင္​က
တအားပါဝါႀကီး​ေတာ့ အၾကမ္​းနည္​းမရလို႔
ဒီနည္​းလမ္​း​ေျပာင္​းသုံးတာ ျဖစ္​မယ္​>

"ဒါဆို သူက မိန္​းမ႐ႈပ္​ထက္​​ေတာင္​
ပိုၿပီးစဥ္​းလဲတဲ့အၾကံသမား​ေပါ့"

​ေ႐ွာင္​စစ္​သည္​ လုံးဝ​ေထာက္​ခံသည္​။

"အဲ့လို အူလည္​လည္​အမူအရာက​ေတာ့
ငယ္​ငယ္​တုန္​းကအတိုင္​း လုံးဝမ​ေျပာင္​းလဲဘူးပဲ"

႐ွီ​ေဝခ်ဳံးသည္​ ႐ွီက်င္​း၏အံ့ျသ​ေန​ေသာ
မ်က္​ႏွာကိုၾကည္​့ကာ ႐ုတ္​တရက္​ျပဳံးလိုက္​သည္​။
သို႔​ေသာ္​ ထိုအျပဳံးသည္​ လ်င္​ျမန္​စြာ ​
ေပ်ာက္​ကြယ္​သြားၿပီး အနည္​းငယ္​
သက္​ျပင္​းခ်လိုက္​သည္​။

"​ေ႐ွာင္​က်င္​း,မင္​း ငါနဲ႔ျပန္​မလိုက္​ခ်င္​ဘူးဆိုလည္​း
ငါတြန္​းအားမ​ေပး​ေတာ့ပါဘူး၊မ​ေပးႏိုင္​တာပါ။
မင္​း ငါတို႔ကို အထင္​မွား​ေနတယ္​ဆိုတာ​ေတာ့
နားလည္​​ေပး​ေစခ်င္​တယ္​။ငါတို႔က
မင္​းအစ္​ကို​ေတြပါ၊ အကယ္​၍
မင္​းစိတ္​​ေျပာင္​းသြားရင္​ ငါတို႔က
မင္​းကိုအျမဲႀကိဳဆိုလ်က္​ပါ"

 ႀကိဳဆိုလ်က္​? ငါ့ကိုထိန္​းခ်ဳပ္​ၿပီး
ပိုး​ေကာင္​​ေလးတစ္​​ေကာင္​လို ​ေခ်မြဖို႔
ႀကိဳဆိုတာလား?

႐ွီက်င္​းသည္​ ႐ွီ​ေဝခ်ဳံးအား ျပဳံးျပကာ
ယဥ္​ယဥ္​​ေက်း​ေက်း ျငင္​းပယ္​သည္​။

"ကြၽန္​​ေတာ္​့လက္​႐ွိဘဝက
တကယ္​​အဆင္​ေျပပါ​တယ္​၊ၿပီး​ေတာ့
ကြၽင္​း​ေ႐ွာက္​​ေဘးမွာ​ေနရတာကိုလည္​း
သ​ေဘာက်တယ္​"

 ႐ွီ​ေဝခ်ဳံးသည္​ တိတ္​ဆိတ္​သြားၿပီး
ခဏအၾကာမွ တိုးတိုးဆိုသည္​။

"အဲ့ဒီကြၽင္​း​ေ႐ွာက္​က မင္​းအစ္​ကို​ေတြထက္​
ပိုအ​ေရးပါတာလား"

ဘယ္​လိုဟာသမ်ိဳးလဲ...​ေသခ်ာတာ​ေပါ့
လူသတ္​သမားအုပ္​စုထက္​ ငါ့ဘဝရဲ႕
ကယ္​တင္​႐ွင္​​ေကာက္​႐ိုးမ်ွင္​​ေလးက
ပိုအ​ေရးပါတာ​ေပါ့!

႐ွီ​ေဝခ်ဳံး၏အႏုနည္​းတိုက္​ခိုက္​မႈမ်ိဳးကို
သည္​းမခံႏိုင္​​ေတာ့​ေသာ႐ွီက်င္​းသည္​ ထိုင္​ခုံတြင္​
လႈပ္​စိလႈပ္​စိျဖင္​့ ျပန္​မ​ေျဖ​ေပ။

"ငါနားလည္​ၿပီ"
႐ွီ​ေဝခ်ဳံး သက္​ျပင္​းထပ္​ခ်သည္​။တခဏ
တုံဆိုင္​းျပီးမွ ​ေလး​ေလးနက္​နက္​​ေျပာသည္​။

"​ေ႐ွာင္​က်င္​း, မင္​းကငယ္​​ေသးလို႔
ကိစၥ​ေတာ္​​ေတာ္​မ်ားမ်ားကို နားမလည္​​ေသးဘူး။
လ်န္​ကြၽင္​းက မင္​းထင္​သလို
လူ​ေကာင္​းတစ္​​ေယာက္​မဟုတ္​ဘူး ၿပီး​ေတာ့
သူ႔မိသားစု​ေနာက္​​ေၾကာင္​း ကလည္​း.....တကယ္​
မသန္​႔႐ွင္​းဘူး"

ထိုအခါ ​ေ႐ွာင္​စစ္​သည္​ ​ေပါက္​ကြဲမတတ္​ ​
ေဒါသျဖစ္​လာသည္​။

<ဝါး...သူကမ်ား ရာရာစစ ငါ့ဒါလင္​အ​ေၾကာင္​းကို
အပုတ္​ခ်ရဲတယ္​! က်င္​းက်င္​း သူ႔ကိုမယုံနဲ႔!
သူက က်င္​းက်င္​းနဲ႔ဒါလင္​ၾကား ​ေသြးခြဲဖို႔လုပ္​​ေနတာ!>

႐ွီက်င္​းလည္​း ​ေဒါကန္​သြားသည္​။

​ေသခ်ာတယ္​...႐ွီ​ေဝခ်ဳံးက
တကယ္​့အၾကံႀကီးတဲ့​ေခြးႀကီးပဲ! ငါ့ကို
တြန္​းအား​ေပးမရ​ေတာ့, လ်န္​ကြၽင္​းကို
အသ​ေရဖ်က္​ဖို႔လုပ္​တယ္​! စိတ္​ပ်က္​စရာ!



===========================

အခန်း(၁၈)​ပွေ့ဖက်​မှု

အချိန်​အ​တော်​ကြာသည်​အထိ ရှီကျင်းသည်​
ဖဲကြိုးစများဖုံးလျက်​စကားတစ်​လုံးမ​ပြောနိုင်​ဘဲ
မတ်​တပ်​သာရပ်​နေမိသည်​။

လျန်​ကျွင်းသည်​လည်း သူ့​ဘေးတွင်​
တိတ်​တဆိတ်​စောင့်​နေလိုက်​သည်​။

​ရှောင်​စစ်​သည်​ကျေနပ်​ပျော်​ရွှင်​စွာ​
ပြော​သော်​လည်း အနည်းငယ်​လည်း
စိတ်​ပူ​နေပုံရသည်​။

<ကျင်းကျင်း,ဘာဖြစ်​လို့လဲဟင်​>

ရှီကျင်းနှင့်​မူလရှီကျင်းတို့သည်​မွေး​နေ့လည်း
တူတာ​ကြောင့်​ဒါက ရှီကျင်းအတွက်​
အမှန်​တကယ်​မွေး​နေ့surpriseဖြစ်​ကြောင်း​
ရှောင်​စစ်​သိသည်​။

"ဘာမှမဖြစ်​ပါဘူး"

​ရှောင်​စစ်​၏အသံကြား​သောအခါ ရှီကျင်း
ပြန်​လည်​သတိဝင်​လာခဲ့သည်​။သူ့လက်​ကို​
မြှောက်​ကာ မျက်​နှာတစ်​ပြင်​လုံးသုတ်​လိုက်​ပြီး​
ခေါင်း​ပေါ်မှဖဲကြိုးများကို ရယ်​လျက်​ခါချသည်​။
ထို့​နောက်​သူ့လက်​ထဲမှ စာအိတ်​နီအား
မြင်​သောအခါ လျန်​ကျွင်းဘက်​သို့
လှည့်​ကြည့့်​ကာ ဆိုသည်​။

"ကျွင်း​ရှောက်​,​ကျွန်​တော့်​ကို ဘာ​ပေးတာလဲ?
​ငွေသားမဟုတ်​ဘဲ ဘာလို့ cardဖြစ်​နေရတာလဲ"
 
လျန်​ကျွင်းသည်​သူ့အားတစ်​ချက်​လှမ်းကြည့့်​ပြီး
မသိချင်​ယောင်​ဆောင်​ကာ ဧည့်​ခန်းအတွင်းသို့
ဝင်​ရန်​ဝှီးချဲကို​ရွေ့လိုက်​သည်​။

ရှီကျင်းသည်​လက်​ကိုင်​ကိုဖမ်းကိုင်​လိုက်​ပြီး
အတင့်​ရဲစွာ ဝှီးချဲကို အ​နောက်​သို့ပြန်​ဆွဲသည်​။
သူသည်​ရှေ့သို့ကုန်းကာ လျန်​ကျွင်းဆီသို့
လက်​လှမ်းပြီး စိတ်​လှုပ်​ရှားသည်​ကို ချိုးနှိမ်​လျက်​
မေးလိုက်​သည်​။

"ကျွင်း​ရှောက်​ကို...ကျွန်​...ကျွန်​တော်​
ဖက်​လို့ရမလား"

လျန်​ကျွင်းသည်​ရှီကျင်းအား စိတ်​မပါစွာ
ကြည့့်​လိုက်​သည်။

"ဒီ​နေ့က ကျွန်​တော့်​မွေး​နေ့​လေ...
မရဘူးလား..ဟင်​..."
ရှီကျင်းသည်​အရှက်​မရှိစွာ​မွေး​နေ့ရှင်​အဖြစ်​ကို
အားကိုးယူလျက်​ပြောသည်​။

လျန်​ကျွင်းသည်​သူ့အားတစ်​ချက်​ကြည့်​ကာ
ငြင်းလို့ရမည်​မဟုတ်​မှန်း သိ​သောအခါ
မတတ်​နိုင်​ပေ။သူ၏လက်​ကို​မြှောက်​ကာ
ရှီကျင်းပုခုံး​ပေါ်သို့တင်​လိုက်​ပြီး​ရှေ့သို့
အနည်းငယ်​ကုန်းကာ ရှီကျင်းအား
ဖက်​လိုက်​သည်​။ထို့​နောက်​ချက်​ချင်းလွှတ်​ကာ
အ​နောက်​သို့ပြန်​ဆုတ်​ပြီး​ပြောသည်​။

"ကိတ်​မုန့်​သွားလှီး​တော့, Gua Yiနဲ့
တစ်​ခြားသူ​တွေလည်း မင်းအတွက်​
လက်​ဆောင်​ပါတယ်​"

​ပွေ့ဖက်​ပုံမှာ ဝတ်​ကျေတန်း​ကျေ
တခဏသာဖြစ်​သော်​လည်း
ရှီကျင်း​ကျေနပ်​သည်​။သူသည်​အားရပါးရပြုံးကာ
ဝှီးချဲလက်​ကိုင်​ကို ကိုင်​လိုက်​သည်​။ထို့​နောက်​
သူ​ပြော​သောစကားသံမှာ​ပျော်​လွန်းသဖြင့်​
အထိန်းအကွပ်​မဲ့ ကျယ်​လောင်​သွားသည်​။

"ကျွင်း​ရှောက်​ကို ကျွန်​တော်​ဒီ​နေ့ကိတ်​မုန့်​စားခွင့်​
ပေးတယ်​ပြီး​တော့ ညစာအဆာ​ပြေစွပ်​ပြုတ်​
သောက်​စရာမလို​ဘူး"

ထိုအခါ လျန်​ကျွင်းသည်​မ​ကျေမနပ်​
သတိ​ပေးလိုက်သည်​။
"ဖင်​ခေါင်းသိပ်​မကျယ်​နဲ့"

"ဟီးဟီး"
ရှီကျင်းသည်​ပြောင်​စပ်​စပ်​ရယ်​ကာ
ကိတ်​မုန့့်​ဆီသို့ အရှိန်​မြှင့်​တွန်းသွားသည်​။

တခြားသူများသည်​လျန်​ကျွင်း၏ဝှီးချဲအား
တွန်း​သောအခါ အထူးဂရုစိုက်​ကြသည်​။
ယခု ရှီကျင်းတွန်းပုံမှာ အမြန်​နှုန်းက
အရမ်းလည်း မမြန်​မ​နှေးသည့်​အတွက်​
သူတို့လည်း ဝင်​မစွက်​ဖက်​တော့​ပေ။
လျန်​ကျွင်းသည်​ရှီကျင်း၏ရုတ်​တရက်​
အရှိန်​မြှင့်​လိုက်​သော​ကြောင့်​ချက်​ချင်း
လက်​တန်းကို ဆုပ်​ကိုင်​လိုက်​ရသည်​။သူ့ကိုယ်​သူ
ထိန်း​နေစဉ်​ပဲ ကိတ်​မုန့်​၏ချို​မွှေး​သော
အနံ့လေးက သူ့မျက်​နှာအားရိုက်​ခတ်​လာသည်​။
သူလည်း တဖြည်းဖြည်း စိတ်​ပေါ့ပါးလာကာ
သူ၏နှုတ်​ခမ်းစွန်းများမှာ အနည်းငယ်​
မြင့့်​တက်​သွား​သော်​လည်း ရှီကျင်းအား
ဆူပူလိုက်​သေးသည်​။

"လူကြီးပဲဖြစ်​နေပြီ​ပေါ​တောတောလုပ်​မ​နေနဲ့
အနာဂတ်မှာ မင်းတည်​တည်​ငြိမ်​ငြိမ်​နေသင့်​ပြီ"

ရှီကျင်းသည်​ကိတ်​မုန့်​ပေါ် ဖ​ယောင်းတိုင်​
စိုက်​နေသည်​ကို အာရုံ​ရောက်​နေသဖြင့်​
လျန်​ကျွင်း စကားကို ဝတ်​ကျေတန်း​ကျေ
အင်း'တစ်​ချက်​သာ တုံ့ပြန်​သည်​။

ဖ​ယောင်းတိုင်​များ မီးညှိပြီးသည်​နှင့်​
Gua Yiနှင့့်​တခြားသူများသည်​
စားစရာမျိုးစုံပါ​သောတွန်း လှည်းအား
တွန်းဝင်​လာကြသည်​။ခရစ်​စမတ်​မီး​ရောင်​စုံကို
ပတ်​ပတ်​လည်​အလှဆင်​ထားပုံမှာ
ဒီလိုလူကြမ်းကြီးများအ​နေနှင့်​အ​ကောင်းဆုံး
ပြင်​ဆင်​ပေးထားမှန်းသိသာသည်​။

ရှီကျင်းသည်​ပျော်​ရွှင်​စွာ အားလုံးနဲ့အတူ
စားစရာများ​နေရာကူချ​ပေးပြီး စားပွဲ​ဘေးသို့
ခုံတစ်​လုံး​ရွေ့လိုက်​သည်​။ခုံ​ပေါ်တက်​လိုက်​မှ
အမြင့်​အ​နေအထားအ​တော်​ဖြစ်​သွား၍
ဆု​တောင်းပြီး ဖ​ယောင်း​တိုင်းမီးအားမှုတ်​ကာ
ကိတ်​မုန့်​ခွဲ​တော့သည်​။

ပထမဆုံး​သောကိတ်​မုန့်​စိတ်​က​တော့
သိသာစွာ လျန်​ကျွင်းအား​ပေးလိုက်​သည်​။
ရှီကျင်းသည်​ဒုတိယတစ်​ခုကို ယူပြီး
တခြားသူများ ကိုယ့်ဘာသာ ပိုင်းစားနိုင်​ရန်​
Gua Yiဆီသို့ ဓားကမ်း​ပေးလိုက်​သည်​။
Gua Erသည်​သူ့အား​ကျေးဇူးမသိတတ်​ကြောင်း
ဆူပူနေ​သော်​လည်း လျစ်​လျူရှုကာ
လျန်​ကျွင်းအနီးတွင်​နေပြီး လက်​ဆောင်​များ
ဖွင့့်​ကြည့်​နေသည်​။

ကိတ်​မုန့်​စား လက်​ဆောင်​များဖွင့်​ပြီး​နောက်​
ရှီကျင်းသည်​မွေး​နေ့ရှင်​အဖြစ်​ကို အသုံးချပြီး
ကလပ်​ရှိဝန်​ထမ်းများကို ဧည့်​ခန်းထဲရှိ
စားပွဲအား​ရွေ့ခိုင်းလိုက်​ပြီး မာ​ကျောက်​စားပွဲကို
ယူလာ​စေသည်​။

Gua Yiသည်​Yနယ်​မြေ
မာ​ကျောက်​ခန်းမတုန်းက ရှီကျင်း၏လက်​ရည်​ကို
သတိရ​သောအခါ မျက်​ခုံးတစ်​ချက်​ပင့်​သွားသည်​။
ရှီကျင်း ဖိတ်​ခေါ်မည်​ကိုပင်​မ​စောင့်​ဘဲ သူသည်​
လောင်းကစားတွင်​ဘယ်​တော့မှပါဝင်​မည်​
မဟုတ်​ကြောင်းဆိုကာ ငြင်းဆန်​လိုက်​သည်​။

ထိုအခါ ရှီကျင်းသည်​လျန်​ကျွင်းအား
တိတ်​တိတ်​လေး ခိုးကြည့်​သည်​။

လျန်​ကျွင်းသည်​သေ​စေနိုင်​သော​
အေးစက်​စက်​အကြည့်​များဖြင့်​
ပြန်​ကြည့်​ပေးလိုက်​သည်​။

သူ၏​ရွှေ​ရောင်​ခြေသလုံးနှင့်​အတူ​ပျော်​ရွှင်​စွာ
မာ​ကျောက်​ကစားမည့်​စိတ်​ကူးအား
လက်​လျော့လိုက်​ရသည်​။ထို့​ကြောင့်​
သူသည်​တစ်​ဖက်​လှည့်​ကာ Gua Erနှင့်​အတူ
Gua San,Gua Wu တို့ကို​ခေါ်လိုက်​သည်​။
ကလပ်​ကို လတ်​တ​လောမှ​ပြောင်း​ရွေ့လာ​သော
Gua Jiu(Gua Nine)သည်​
က​လေးမျက်​နှာနှင့်​လူငယ်​လေးတစ်​ယောက်​
ဖြစ်​သည်​။ယခုလည်း ဆိုဖာခုံ​ပေါ်
ငိုက်​မျဉ်း​နေသဖြင့်​ရှီကျင်းလည်း သူ့အား
မ​နှောက်​ယှက်​တော့​ပေ။

လူ​လေး​ယောက်​မာ​ကျောက်​စားပွဲတွင်​
ထိုင်​လိုက်​ကြသည်​။Gua Erက​တော့
အရှုံးဘုရင်​ဖြစ်​လေသည်​။သူ၏ကစားနည်းများက
ဆိုးရွားလွန်းလို့​ဘေးလူများပင်​
မ​ကြည့်​ဘဲမ​နေနိုင်​ပေ။သို့​သော်​သူက​တော့​
ပျော်​ပျော်​ကြီးကိုဆက်​ဆော့​နေသည်​။
စကားနည်း​သောGua Sanတွင်​တော့
အရည်​အချင်းတစ်​ချို့ရှိပြီး
ဘာစကားမှမဆိုဘဲ ကစားကွက်​ကြီးကြီးများ
လုပ်​နိုင်​သည်​။Gua Wu၏စ​ကေးက​တော့
ထိုသူ၏မျက်​နှာအတိုင်းရိုးစင်းပြီး​ဖြောင့်​မတ်​သည်​။
သူ့ကြည့့်​ရတာလည်း​နိုင်​နိုင်​ရှုံးရှုံး​
ပျော်​နေပုံ​ပေါ်သည်​။သဘာဝကျစွာ
ပညာရှင်​ရှီကျင်းက​တော့ အားလုံးထက်
ပိုမိုကျွမ်းကျင်​သည်​။ နိုင်​သည့်​အခါ အနည်းငယ်​
နှာတစ်​ဖျားသာ၍သာ နိုင်​သော်​လည်း
ပါးစပ်​က နားရွက်​တပ်​ချိတ်​မတတ်​ပြုံး​နေသည်​။

မာ​ကျောက်​ဝါသနာအိုးတစ်​ယောက်​အ​နေနှင့်​
ညဉ့်​နက်​တိုင်​အောင်​စိတ်​အားထက်​သန်​စွာ
ကစား​နေ​သောကြောင့် Gua Yiမှ အိပ်​ရန်​
အခန်းထဲကန်​ထည့်​ခံလိုက်​ရသည်​။ရှီကျင်းသည်​
အိပ်​မက်​ထဲတွင်​တောင်​မာ​ကျောက်​
ဆက်​ကစား​နေမိပြီး သူ့အစ်​ကိုများနှင့်​
တွေ့ဆုံခဲ့ရသည့်​စိတ်​တုန်​လှုပ်​မှုများကိုပင်​
မေ့​ပျောက်​သွားခဲ့သည်​။

သို့​သော်​ငြား နိုးထလာ​သောအခါ
ရက်​စက်​သောအမှန်​တရားကြီးက သူ့​ခေါင်းကို
လာ​ခေါက်​တော့သည်​။ရှီ​ဝေချုံးသည်​
မ​နေ့ည​နေအချိန်​သူတို့စကား​ပြောပြီးကတည်းက
မထွက်​သွား​သေး​ပေ။ထိုအစား
သူ့အတွင်း​ရေးမှူးကို ကားယူလာခိုင်းပြီး
ကလပ်​၏အပြင်​ဘက်​တွင်​ညလုံး​ပေါက်​နေကာ
ရှီကျင်းအား​တွေ့ရန်​ထပ်​တလဲလဲ​
တောင်းဆို​နေသည်​။

ရှီကျင်းသည်​ကလပ်​၏ဒုတိယအလွှာ
ပြတင်း​ပေါက်​မှ ကလပ်​ရှေ့ဘက်​တွင်​
ပါကင်​ထိုးထား​သော အနက်​ရောင်​ဇိမ်​ခံကားကို
ကြည့်​ပြီး စိတ်​လှုပ်​ရှားစွာ​မေးလိုက်​သည်​။

"​ရှောင်​စစ်​,ဒါက ဘာအဓိပ္ပါယ်​လဲ?သူ့လက်​နဲ့
ငါ့ကို ကိုယ်​တိုင်​သတ်​ချင်​နေပြီလား"

​ရှောင်​စစ်​သည်​အမှန်​တကယ်​
ထိတ်​လန့်​နေ​သော်​လည်း ရှီကျင်းအား
အား​ပေးစကား​ပြောသည်​။

<မ​ကြောက်​ပါနဲ့ ကျင်းကျင်း,ဒီ​နေရာက
ဒါလင်​ပိုင်​တယ်​ကျင်းကျင်းအစ်​ကို​တွေ
ဘာမှမလုပ်​နိုင်​ပါဘူး>

"ဒါမဲ့ မင်းဒါလင်​နား တစ်​ချိန်​လုံး​ကော်​လို
ကပ်​မ​နေနိုင်​ပါဘူး၊ငါ​နေချင်​ရင်​တောင်​သူက
သ​ဘောမတူ​လောက်​ဘူး"

ရှီကျင်း၏ပါးစပ်​ထဲ ခါးသက်​သက်​ပင်​
ခံစားရပြီး စိတ်​ပျက်​စွာ​ပြောသည်​။
"စိတ်​လိုက်​မာန်​ပါလုပ်​လိုက်​တာ မှားသွားပြီ
ထင်​တယ်​၊မ​နေ့က ငါအကုန်​
ဖွင့်​မ​ပြောသင့်​လိုက်​ဘူး ငါတို့ရဲ့အဓိကပန်းတိုင်​က
ယူနစ်​ဘားတန်းကို ရှင်းပစ်​ဖို့ပဲ။ငါတို့
အားလုံးဖော်​ထုတ်​ပြီးသွားပြီဆို​တော့
အခု ဘယ်​လိုလုပ်​ကြမလဲ"

​ရှောင်​စစ်​လည်း စိတ်​ပူရုံမှလွဲပြီး
ဘာအကြံဥာဏ်​မှမ​ပေးနိုင်​လို့ ညည်းညူလိုက်​သည်​။

"ဟင့်​အင်း,အနည်းငယ်​တော့ ယူနစ်​ဘားကို
စိတ်​ချရတဲ့အ​ခြေအ​နေဆီပြန်​ရောက်​အောင်​
ငါ့အစ်​ကို​တွေနဲ့ဆက်​ဆံ​ရေးဖြတ်​တောက်​ပစ်​ဖို့
နည်းလမ်းရှာရမယ်​"

ရှီကျင်းသည်​ပြတင်း​ပေါက်​ဘောင်​အား
တင်းကျပ်​စွာ ဆုပ်​ကိုင်​ပြီး အပြင်​ဘက်​ရှိ
ကားအား တစ်​ချက်​ပြန်​ကြည့်​သည်​။ထို့​နောက်​
လျန်​ကျွင်း၏စာကြည့်​ခန်းဆီသို့​ပြေးသွားသည်​။

ရှီ​ဝေချုံးသည်​အင်​မတန်​မှ ဇွဲ​ကောင်းလှသည်​။
သူသည်​နေ့​နေ့ညည ကလပ်​ရှေ့တွင်​
အချိန်​ကုန်​ဆုံးသည်​။သူသည်​
အလုပ်​ကိစ္စအ​ခြေအ​နေနှင့်​လူမှု​ရေးကိစ္စ
ရှိသည့်​အချိန်​သာ ထွက်​သွားပြီး
နာရီအနည်းငယ်​ကြာသည်​နှင့်​
ပြန်​ရောက်​လာသည်​။ရှီကျင်းအား မ​တွေ့ရမချင်း
လက်​မ​လျော့​ကြောင်း ထင်​ရှားသည်​။

​ခြောက်​ရက်​ခန့်​ကြာပြီး​သောအခါ
ရှီ​ဝေချုံးအားကလပ်​အတွင်းသို့
တစ်​ခေါက်​ဝင်​ခွင့်​ပြုလိုက်​သည်​။
ရှီကျင်းသည်​သူ့အား ဧည့်​တွေ့ခန်းတွင်​
စောင့်​နေပြီး သူ့​ရှေ့စားပွဲ​ပေါ်တွင်​
စာရွက်​စာတမ်းများစွာရှိသည်​။

"​ရှောင်​ကျင်း,ငါမင်းနဲ့စကား​ပြောဖို့လိုတယ်​"
ရှီ​ဝေချုံးသည်​အခန်းတွင်းသို့ ဝင်​ပြီးပြီးခြင်း
တန်း​ပြောသည်​။သူ၏မျက်​ခုံးများမှာ
တွန့်​ကွေး​နေကာ စိတ်​အ​ခြေအ​နေမ​ကောင်းမှန်း​
ဖော်​ပြ​နေသည်​။

"ခဏ​လေးပါ အစ်​ကိုကြီး၊ကျွန်​တော်​ပြောတာကို
အရင်​နား​ထောင်​ပေးပါ"

ရှီကျင်း ဖြတ်​ပြောသည်​။ရှီ​ဝေချုံးအား
ထိုင်​ဖို့​ပြောပြီး သူ့​ရှေ့​တွင်​စာရွက်​စာတမ်းများ
ချ​ပေးကာ တစ်​ခုချင်းစီကို ညွှန်​ပြလျက်​
 ရှင်းပြသည်​။

"ဒါက Yမြို့အ​နောက်​ဘက်​ဧရိယာရဲ့​လေလံဈေး
အ​ကြောင်းပဲ၊အဲ့တာက​ထောင်​ချောက်​ကြီးမို့
ဝယ်​ဖို့လက်​လျော့သင့်​တယ်​၊Jနိုင်​ငံ K​ဒေသက
လုပ်​ထားတဲ့အကြံအစည်​ပဲ။ကျွန်​တော်​က​တော့
အ​ယောင်​ပြ​လေး လိုက်​မျော​စေချင်​တယ်​။ဒ
ါက ရွယ်​ရှင်းအနာဂဏ်​တိုးချဲ့​ရေးအတွက်​
အ​ဖေ မဆုံးခင်​က ပြင်​ဆင်​ခဲ့တဲ့
အဆင့်​သုံးဆင့်​ပရိုဂရမ်​ပဲ,အစ်​ကို
ကိုးကားလို့ရ​အောင်​၊​နောက်​ဆုံးတစ်​ခုက​တော့....
အ​ဖေ့ရဲ့လူယုံ​တွေနာမည်​စာရင်းပဲ၊
ရွယ်​ရှင်းလုပ်​ငန်းစုကို တရုတ်​နိုင်​ငံဆီ
​ရွေ့​ပြောင်းချင်​ရင်​သူတို့ကိုမသုံးဖို့
အကြံ​ပေးပါရ​စေ၊မဟုတ်​ရင်​အစ်​ကို့ကို
ပြဿနာရှာကြလိမ့့်​မယ်​"

ရှီ​ဝေချုံးမှာ နား​ထောင်​လေ သူ၏အမူအရာမှာ
ပိုမို​လေးနက်​လာ​လေဖြစ်​သည်​။သူသည်​
စာရွက်​တွေကို ယူကာ တစ်​ခုပြီးတစ်​ခု
လှန်​လျောကြည့်​လိုက်​သည်​။ထို့​နောက်​
ရှီကျင်းအား မသိ​သောလူတစ်​ယောက်​လို
ကြည့်​ပြီး​မေးသည်​။

"မင်း ဒါ​တွေဘယ်​ကရတာလဲ"

သူစတင်​လုပ်​ဖို့ကြံရွယ်​နေ​သော လုပ်​ငန်း
အချက်​အလက်​များပင်​ပါရှိ​နေသည်​။

"ကျွန်​တော်​က အ​ဖေ့​ဘေးမှာ
တောက်​လျှောက်​နေခဲ့တာပါ၊ အ​ဖေသိရင်​
သေချာ​ပေါက်​ကျွန်​တော်​လည်း သိတယ်​"

ရှီကျင်း ပြန်​ဖြေသည်​။ ထို့​နောက်​
ရှီ​ဝေချုံးအတွက်​လက်​ဖက်​ရည်​တစ်​ခွက်​လောင်း
ထည့်​ပေးရင်း ဆိုသည်​။

"ကျွန်​တော်​ပြောချင်​တာ​တော့ ပြီးပြီ၊
အစ်​ကိုကြီးက ကျွန်​တော့်​ကို ဘာ​ပြောချင်​တာလဲ"

​ရှောင်​စစ်​စိတ်​ပျက်​အား​လျော့စွာ​ပြောသည်​။

<ကျင်းကျင်းရဲ့အမှတ်​က ၉၀၀မှာပဲရှိ​သေးတယ်​၊
ရှီ​ဝေချုံးကို ဒီ​လောက်​အ​ရေးကြီးတဲ့သတင်း​တွေ​
ပြောတာ​တောင်​ဘာလို့နည်းနည်းမှ မကျရတာလဲ>

ရှီကျင်းလည်း အနည်းငယ်​
မချင့်​မရဲဖြစ်​နေ​သော်​လည်း​ဖြေသိမ့်​လိုက်​သည်​။

"စိတ်​မပူပါနဲ့,အရင်​ဆုံး ရှီ​ဝေချုံးဘာ​ပြောချင်​လည်း
နား​ထောင်​ရ​အောင်​၊ငါကသူ့ကို
အပြည့်အဝ​ဆန့့်​ကျင်​နေတာမဟုတ်​မှန်း
သိသွားရင်​သူ့သ​ဘောထားလည်း
ပျော့ပြောင်း လာမှာပါ"

သတင်းအချက်​အလက်​တွေအားလုံးက
ရှီရှင်းရွယ်​ဆီမှဟု ရှီကျင်း​ပြော​သောအခါ
ရှီ​ဝေချုံး၏မျက်​နှာအမူအရာမှာ
လျှို့ဝှက်​နက်​နဲလာပြီး စာရွက်​စာတမ်းများကို​
သေ​သေချာချာ ဖတ်​နေသည်​။

သူ့အနားရှိ​လေထုတင်းမာမှုများမှာ
အနည်းငယ်​လျော့ကျသွားပြီး အသံ​အေး​အေးဖြင့်​
မေးလိုက်​သည်​။

"ဘာလို့ ငါ့ကိုဒါ​တွေလာ​ပြောပြ​နေတာလဲ"
 
"ကျွန်​တော်​အ​မွေ​တွေစွန့်​လွှတ်​လိုက်​ဖို့​
ရွေးချယ်​ခဲ့တဲ့အ​ကြောင်းပြချက်​နဲ့ တူတူပဲ"

ရှီကျင်းသည်​သူ့အားစိတ်​ရှုပ်​စွာကြည့်​လိုက်​ပြီး​
စောနက​မေးခွန်းကို ပြန်​ပြောသည်​။

"အစ်​ကို ကျွန်​တော့်​ကိုဘာ​ပြောချင်​တာလဲ"

ဒီတစ်​ကြိမ်​တော့ ရှီ​ဝေချုံး လျင်​မြန်​စွာ​ဖြေသည်​။
"ငါနဲ့အတူ အိမ်​ပြန်​လိုက်​ခဲ့​စေချင်​တယ်​"

"ကျွန်​တော်​မပြန်​ချင်​ဘူး"
ရှီကျင်း၏ငြင်း​ဆိုမှုက တိပသည်​။

ရှီ​ဝေချုံးနှင့်​ရှီကျင်း စကား​ပြော​သောအခါ
အခုလို တိတ်​ဆိတ်​သွားခြင်းမှာ
ဒုတိယအကြိမ်​ဖြစ်​သည်​။ရှီ​ဝေချုံး၏မျက်​နှာမှာ
တည်​ငြိမ်​နေပြီးစကား​ပြောခြင်းကိုရပ်​ထားသည်​။

ရှီကျင်း ကိုယ့်​ကိုယ်​ကို အားတင်းထားသည်​။
တွန့်​ဆုတ်​နေ​သော်​လည်း သူ့အစ်ကိုများနှင့်​
အဆက်​အသွယ်​ဖြတ်​ရန်​ပြင်​ဆင်​ထားပြီးရာ
လုပ်​စရာရှိလျှင်​လုပ်​ရမည်​ဖြစ်​သည်​။
အ​ခြေအ​နေ​တွေမဟန်​တော့ရင်​တောင်​
လျန်​ကျွင်း၏​ကျေးဇူး​ကြောင့်​ဘဝကို
ရ​အောင်​ဆက်​လက်​ရှင်​သန်​သွားမည်​။

တဖြည်းဖြည်း​လေထုအ​ခြေအ​နေက
တည်​မြဲလာသည်​။အချိန်​အကြာကြီး​နေမှ
ရှီ​ဝေချုံး၏ နှုတ်​ခမ်းမှာ ထပ်​ဖွင့်​ဟလာပြီး​
မေးလိုက်​သည်​။

"မင်းထွက်​သွားပြီး​နောက်​ပိုင်း​
 ကောင်း​ကောင်း​မွန်​မွန်​နေရဲ့လား"

ရှီကျင်း: "....ဟင်​?"

ခဏ​လေး...ဒီဇာတ်​ညွှန်းက နည်းနည်းလွဲ​နေသလိုပဲ..

"မင်းအများကြီး​ပြောင်းလဲသွားတယ်​၊
ပိန်​လည်းပိန်​သွားပြီး အရပ်​လည်းရှည်​လာတယ်​။
အဝတ်​အစားဝတ်​ပုံ​တွေလည်း မတူ​တော့ဘူး"

ရှီ​ဝေချုံးသည်​ထိုစကားအား​ပြော​နေရင်း
မျက်​လုံးကိုဖြည်းညင်းစွာ ပိတ်​ချလိုက်​သည်​။
ဘာမှ မလုပ်​ပေးနိုင်​ခဲ့​သော တာဝန်​မဲ့မှုများနှင့်​
ပင်​ပန်းနွမ်းနယ်​မှုများမှာ သူ့မျက်​နှာထက်​
ပေါ်လာသည်​။ရှီ​ဝေချုံး သက်​ပြင်းချလိုက်​သည်​။

"မင်း​ပျောက်​သွားတဲ့​နေ့တည်းက​
နေ့တိုင်း စိတ်​ပူ​နေခဲ့ရတာ၊ငယ်​ငယ်​လေးတည်းက
အလိုလိုက်​ခံထားရတဲ့ က​လေးတစ်​ယောက်​က
အပြင်​လောကကြီးမှာ ဘယ်​လို​နေထိုင်​နိုင်​မလဲဆိုတာ"

ရှီကျင်း ကြက်​သီးများထလာသည်​။
သူသည်​အ​ခြေအ​နေ​တွေက မထင်​ထားသလို​
တွေဖြစ်​ကုန်​၍နားမလည်​နိုင်​ဘဲ
အူ​ကြောင်​ကြောင်​ဖြင့်​ရှောင်​စစ်​အား​
မေးလိုက်​သည်​။

"​ရှောင်​စစ်​,သူဘာလုပ်​နေတာလဲ?
ငါ့ခံစားချက်​တွေကို အသုံးချပြီး လှည့့်​စားဖို့
လုပ်​နေတာလား"

​ရှောင်​စစ်​လည်း အထစ်​ထစ်အငေါ့​ငေါ့ဖြင့်​
<ဖြစ်​ဖြစ်​နိုင်​တယ်​ကျင်းကျင်း၊ဒါလင်​က
တအားပါဝါကြီး​တော့ အကြမ်းနည်းမရလို့
ဒီနည်းလမ်း​ပြောင်းသုံးတာ ဖြစ်​မယ်​>

"ဒါဆို သူက မိန်းမရှုပ်​ထက်​တောင်​
ပိုပြီးစဉ်းလဲတဲ့အကြံသမား​ပေါ့"

​ရှောင်​စစ်​သည်​လုံးဝ​ထောက်​ခံသည်​။

"အဲ့လို အူလည်​လည်​အမူအရာက​တော့
ငယ်​ငယ်​တုန်းကအတိုင်း လုံးဝမ​ပြောင်းလဲဘူးပဲ"

ရှီ​ဝေချုံးသည်​ရှီကျင်း၏အံ့သြ​နေ​သော
မျက်​နှာကိုကြည့်​ကာ ရုတ်​တရက်​ပြုံးလိုက်​သည်​။
သို့​သော်​ထိုအပြုံးသည်​လျင်​မြန်​စွာ​
ပျောက်​ကွယ်​သွားပြီး အနည်းငယ်​
သက်​ပြင်းချလိုက်​သည်​။

"​ရှောင်​ကျင်း,မင်း ငါနဲ့ပြန်​မလိုက်​ချင်​ဘူးဆိုလည်း
ငါတွန်းအားမ​ပေး​တော့ပါဘူး၊မ​ပေးနိုင်​တာပါ။
မင်း ငါတို့ကို အထင်​မှား​နေတယ်​ဆိုတာ​တော့
နားလည်​ပေး​စေချင်​တယ်​။ငါတို့က
မင်းအစ်​ကို​တွေပါ၊ အကယ်​၍
မင်းစိတ်​ပြောင်းသွားရင်​ငါတို့က
မင်းကိုအမြဲကြိုဆိုလျက်​ပါ"

 ကြိုဆိုလျက်​? ငါ့ကိုထိန်းချုပ်​ပြီး
ပိုး​ကောင်​လေးတစ်​ကောင်​လို​ချေမွဖို့
ကြိုဆိုတာလား?

ရှီကျင်းသည်​ရှီ​ဝေချုံးအား ပြုံးပြကာ
ယဉ်​ယဉ်​ကျေး​ကျေး ငြင်းပယ်​သည်​။

"ကျွန်​တော့်​လက်​ရှိဘဝက
တကယ်​အဆင်​ပြေပါ​တယ်​၊ပြီး​တော့
ကျွင်း​ရှောက်​ဘေးမှာ​နေရတာကိုလည်း
သ​ဘောကျတယ်​"

 ရှီ​ဝေချုံးသည်​တိတ်​ဆိတ်​သွားပြီး
ခဏအကြာမှ တိုးတိုးဆိုသည်​။

"အဲ့ဒီကျွင်း​ရှောက်​က မင်းအစ်​ကို​တွေထက်​
ပိုအ​ရေးပါတာလား"

ဘယ်​လိုဟာသမျိုးလဲ...​သေချာတာ​ပေါ့
လူသတ်​သမားအုပ်​စုထက်​ငါ့ဘဝရဲ့
ကယ်​တင်​ရှင်​ကောက်​ရိုးမျှင်​လေးက
ပိုအ​ရေးပါတာ​ပေါ့!

ရှီ​ဝေချုံး၏အနုနည်းတိုက်​ခိုက်​မှုမျိုးကို
သည်းမခံနိုင်​တော့​သောရှီကျင်းသည်​ထိုင်​ခုံတွင်​
လှုပ်​စိလှုပ်​စိဖြင့်​ပြန်​မ​ဖြေ​ပေ။

"ငါနားလည်​ပြီ"
ရှီ​ဝေချုံး သက်​ပြင်းထပ်​ချသည်​။တခဏ
တုံဆိုင်းပြီးမှ​လေး​လေးနက်​နက်​ပြောသည်​။

"​ရှောင်​ကျင်း, မင်းကငယ်​သေးလို့
ကိစ္စ​တော်​တော်​များများကို နားမလည်​သေးဘူး။
လျန်​ကျွင်းက မင်းထင်​သလို
လူ​ကောင်းတစ်​ယောက်​မဟုတ်​ဘူး ပြီး​တော့
သူ့မိသားစု​နောက်​ကြောင်း ကလည်း.....တကယ်​
မသန့်​ရှင်းဘူး"

ထိုအခါ​ရှောင်​စစ်​သည်​ပေါက်​ကွဲမတတ်​
ဒေါသဖြစ်​လာသည်​။

<ဝါး...သူကများ ရာရာစစ ငါ့ဒါလင်​အ​ကြောင်းကို
အပုတ်​ချရဲတယ်​! ကျင်းကျင်း သူ့ကိုမယုံနဲ့!
သူက ကျင်းကျင်းနဲ့ဒါလင်​ကြား​သွေးခွဲဖို့လုပ်​နေတာ!>

ရှီကျင်းလည်း​ဒေါကန်​သွားသည်​။

​သေချာတယ်​...ရှီ​ဝေချုံးက
တကယ့်​အကြံကြီးတဲ့​ခွေးကြီးပဲ! ငါ့ကို
တွန်းအား​ပေးမရ​တော့, လျန်​ကျွင်းကို
အသ​ရေဖျက်​ဖို့လုပ်​တယ်​! စိတ်​ပျက်​စရာ!



===========================

Continue Reading

You'll Also Like

273K 23.1K 84
គេមាន​សំណាង​ ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក​ ព្រីនស៊ីសគ្រីសស្តាល់​ / គីម​ ថេហ្យុង មីន យ៉ុនហ្គីXផាក ជី...
73.6K 10.1K 75
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
973K 75.8K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest