"တကယ် လိမ်မာတဲ့လူငယ်လေးပဲ..."လို့ ပြောရင်း ဖွင့်ကြည့်လိုက်တော့ ချီစွမ်းအင်များသိပ်သည်းနေတဲ့ အဝါရောင်ပန်းတစ်မျိုးကို တွေ့လိုက်ရသည်၊

"ဒါက ရွက်ဝါရင့်ရော်ပန်း! ကုန်းချန်အဆင့်ဆေးပင်ပန်းပဲ ဒီပန်းရဲ့ပွင့်ဖက်တိုင်းက အဆင့်အလွယ်တကူတက်ပေးတဲ့နေရာမှာ အထောက်အကူဖြစ်စေရုံမကဘူး သူရဲ့အဝါရောင် အရိုးခိုင်နဲ့အရွက်တွေကလည်း ပြင်ပဒဏ်ရာဆေးလုံးတွင် ဖော်စပ်ရာမှာလည်း အရမ်းကိုအထောက်အကူဖြစ်လွန်းတယ်..."လို့ အံ့အားသင့်စွာပြောလိုက်တော့ အကုန်လုံးဟာ ဝမ်ဖေးရန်ပေးတဲ့လက်ဆောင်တန်ဖိုးကြောင့် ပိုမိုအံ့အားသင့်ရပြန်သည်၊

သူတို့သာဆိုရင် ဒီလိုပန်းမျိုးရှိခဲ့ရင် ကိုယ်ကျိုးအတွက်ပဲ သုံးမှာလေ၊အခုတော့ လွယ်လွယ်ကူကူထုတ်ပေးနေသော လူငယ်လေးကြောင့် စိတ်ထဲနှမြောမိပြန်သည်၊ဒါမှမဟုတ် ထပ်ရှိသေးလို့လားလို့ အတွေးများနဲ့အတူ အနီးနားရှိလူအချို့ရဲ့မျက်ဝန်းများဟာ လောဘရိပ်တက်သွားသည်ကို အဘိုးအိုဟာ သတိထားမိသွားပြီး

"လူငယ်လေး ရွက်ဝါရင့်ရော်ပန်းရှိသေးရင် ဒီအဘိုးကြီးကို ပြန်ရောင်းနိုင်မလဲ"လို့ မေးလိုက်တော့ ဝမ်ဖေးရန်ဟာ ခေါင်းခါလိုက်ပြီး

"အနောက်ဘက်သစ်တောမှာ အမဲလိုက်ရင်း မတော်တဆတွေ့ခဲ့တာလေ၊ အကြီးအကဲသိမယ်ထင်တယ် ရွက်ဝါရင့်ရော်ပန်းက တစ်ခါပွင့်ရင် နှစ်တစ်ထောင်ကနေ နှစ်တစ်သောင်းထိကြာတယ်ဆိုတာကိုပေါ့၊ သေချာကြည့်ကြည့်ပါ အကြီးအကဲ သူရဲ့ရိုးတံအောက်ခြေက လိမ္မော်ရောင်သန်းနေပြီး ပွင့်ဖက်ထိပ်တွေကလည်း ပိုမိုရင့်သန်းနေတာတွေ့တယ်မလား... အဲ့တာ သူရဲ့သက်တမ်းပါ သက်တမ်းအနည်းဆုံး ခြောက်ထောင်ဝန်းကျင်ပါ"လို့ ပြောလိုက်တော့ အကြီးအကဲမျက်ဝန်းများဟာ ပြူးသွားပြီး အရိုးတံကို ကြည့်လိုက်ပြီး တစ်ကယ်ပဲလိမ္မော်ရောင်ဘက်ကူးပြောင်းနေသည်ကို တွေ့လိုက်ရသည်၊

"ပြီးတော့ ရွက်ဝါရင့်ရော်ပန်းတွေက တသီးတခြားပွင့်တဲ့ပန်းတွေ ဖြစ်တာကြောင့် ကျွန်တော်မှာ ဘယ်လိုလုပ်နောက်ထပ်ရှိဦးမလဲ "လို့ ပြောလိုက်ရင်း သူရဲ့ရိုးသားဟန်လေးပါ ပြသထားတာကြောင့် အနီးနားရှိလူတွေလည်း ဝမ်ဖေးရန်ရဲ့ပုံစံလေးဟာ လိမ်လည်မပြောတတ်သည့် လူငယ်လေးလို့သာ ထင်မှတ်လိုက်ကြပြီး ခေါင်းတညိတ်ညိတ်ဖြင့်

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now