Chapter -77

4.9K 807 20
                                    

Zawgyi

"ရှီအာ ဘာရပ်လုပ်နေတာလဲ"လူငယ်လေးတစ်ယောက်ဟာ သူတို့ဆီလျှောက်လာရင်း ရီယွမ်ရှန့်ကို မနှစ်မြို့ဖွယ်တစ်ချက်ကြည့်လိုက်ပေမယ့် သူဟာ ပြုံးပြုံးရွှင်ရွှင်ဖြင့်

"ဒါ လူတိုင်းရဲ့ပါးစပ်ဖျားမှာ ထင်ပေါ်ကျော်ကြားနေတဲ့ သခင်လေးရီမလား ကျွန်တော်က ရှီအာရဲ့ဝမ်းကွဲအစ်ကို ကျန်းလုပါ " လို့ မိတ်ဆက်လိုက်ပေမယ့် ရီယွမ်ရှန့်ဟာ ပြုံးရုံသာပြုံးပြီး ဘာမှမပြောတာကြောင့် အင်တင်တင်အမူအရာဖြစ်သွားတော့သည်။

"ကျန်းဝေမေ့က ဘယ်မှာလဲ" ယုယင်ချင်းဟာ အကြောင်းစုံသိပေမယ့် ဘာမှမသိသလိုပုံစံဖြင့်မေးလိုက်တာကြောင့် ကျန်းလုနဲ့ကျန်းဝေရှီဟာ အမူအရာပျက်သွားတော့သည်။ဒါပေမယ့် ကျန်းလုဟာ

"မေ့အာက ခေါင်းဆောင်ခိုင်းလို့ အပြင်ခဏထွက်သွားပါတယ်" လို့ ပြောစကားကြောင့် ယုယင်ချင်းဟာ မကျေမနပ်တစ်ချက်ကြည့်ကာ

"ရွေးခံရတဲ့မေ့ကျဲကျဲကိုကျတော့ ခိုင်းပြီး ဒီရွေးချယ်မခံရတဲ့ကောင်အတွက်ကျတော့ ဘာလို့ဂုဏ်ပြုပွဲကျင်းပနေတာလဲ" လို့ ပြောပြီး သူမဟာ တစ်ခုခုတွေးမိသလိုနဲ့

"မဟုတ်မှလွဲရော ကျန်းဝေရှီ နင် ယောကျာ်းယူတော့မလို့လား" လို့ လှောင်သံနဲ့ပြောလာတော့သည်။ထိုချိန်မှာ ပြင်းထန်သည့်ဖိအားဟာ ယုယင်ချင်းပေါ်ကျရောက်လာပေမယ့် ရီယွမ်ရှန့်ဟာ ရှေ့ကနေ ကာပေးလိုက်တာကြောင့် သက်သာသွားတော့သည်။

"ဘယ်ကလူတွေလာပြီး ငါတို့ကျန်းအိမ်တော်ကို စော်ကားနေရတာလဲ" ကျန်းကလန်ခေါင်းဆောင်နဲ့ကျန်းဝေ့ရှီတို့ အဘိုး(အကြီးအကဲချုပ်)ဟာ ရောက်လာကာ အော်ငေါက်ပြောဆိုတော့သည်။

ရီယွမ်ရှန့်ဟာ မထိတထိအပြုံးဖြင့် အကြီးအကဲချုပ်ကို ကြည့်ကာ လက်လှုပ်ရုံသာ အရိုအသေပေးလိုက်ပြီးနောက်မှာ သူဟာ ကျန်းကလန်ခေါင်းဆောင်ကို ကြည့်ကာ

"ဖိတ်စာထဲမှာ ကျန်းအိမ်သားတစ်ယောက်ရဲ့ဂုဏ်ပြုပွဲဆိုတော့ ဆရာတူညီမလေးကျန်းရဲ့ဂုဏ်ပြုပွဲလို့ ထင်ခဲ့လို့ လာတက်ရောက်တာ" လို့ ပြောလိုက်တော့ အကြီးအကဲချုပ်ဟာ ဂရုမစိုက်သည့်အမူအရာဖြင့်

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now