Chapter - 7

19.4K 2.4K 141
                                    

အရေးအသားမသေသပ်ရင်တောင်းပန်ပါတယ်ဗျ

Zawgyi

ဒီရက်ပိုင်း ရှောင်ကလန်က သခင်လေး၊သခင်မလေးတွေဟာ ကလန်ကို လာရောက်လည်ပတ်တဲ့အိမ်ရှေ့စံမင်းသားတို့ကြောင့် အလုပ်ရှုပ်နေကျပေမယ့် ဝမ်ဖေးရန်ကတော့ သူရဲ့အားသမျှအချိန်တွေကို သိုင်းကျင့်ကြံရင်းနဲ့သာ ကုန်ဆုံးနေတော့တယ်။

နောက်တစ်နေ့ရောက်တော့ သူ့System 1998ဟာ ပစ္စည်းပို့ယာဉ်လို့ ခေါ်ရမလား၊ပစ္စည်းပို့ယုန်လို့ခေါ်ရမလား မသိတဲ့ အဖြူရောင်အမွေးထူထူလေးနဲ့ယုန်ငယ်လေးဟာ ငှက်အတောင်ပံတစ်စုံ ပိုင်ဆိုင်ထားပြီး သေးငယ်တဲ့ဘေးလွယ်အိတ်လေးဖြင့် သူ့ဆီရောက်လာတာ System 1998မှာယူထားပေးတဲ့ပစ္စည်းကို လာရောက်ပို့သသွားတော့တယ်။

ယုန်ပျံကိုထူးဆန်းပြီမှတ်နေခဲ့တာ ဖုံးကွယ်တဲ့ပစ္စည်းဟာ ပိုထူးဆန်းနေခဲ့သည်၊ဒါပေမယ့်လည်း သူကိုယ်နဲ့မခွာဆောင်ထားလိုက်ပြီး သူ့ခြံဝန်းထဲ ဓားရေးဆက်လေ့ကျင့်နေလိုက်သည်၊ ညပိုင်းကို ကျင့်စဉ်ကျင့်နေခဲ့ပြီး မနက်ပိုင်းကိုဓားရေးလေ့ကျင့်နေရင်း အချိန်သုံးရက်ဟာ ကုန်ဆုံးလို့မှန်းမသိ ကုန်ဆုံးလာတော့သည်၊

သူရဲ့ ကျင့်စဉ်ဟာလည်း ချီအစပျိုးအဆင့်ကိုမှ သန္ဓေတည်အဆင့်ကို ချိုးဖျက်ထားရုံရှိသေးပေမယ့် ချီအစပျိုးခြင်း အလယ်အလတ်အဆင့်ကို ဝင်ရောက်လာကာတော့တယ်။ဒါပေမယ့် အခြားရှောင်လူငယ်တွေနဲ့ယှဉ်ရင် သူရဲ့စွမ်းအင်ဟာနိမ့်ကျနေတုန်းပေ။

သူရဲ့ ကျင့်စဉ်ဟာလည်း ချီအစပျိုးအဆင့်ကိုမှ သန္ဓေတည်အဆင့်ကို ချိုးဖျက်ထားရုံရှိသေးပေမယ့် ချီအစပျိုးခြင်း အလယ်အလတ်အဆင့်ကို ဝင်ရောက်လာကာတော့တယ်။ဒါပေမယ့် အခြားရှောင်လူငယ်တွေနဲ့ယှဉ်ရင် သူရဲ့စွမ်းအင်ဟာနိမ့်ကျနေတုန်းပေ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(A/N: ပို့ဆောင်ရေးသားရဲ ယုန်ပျံ) Crd photo

ဝမ်ဖေးရန်ယာ စိတ်ဓာတ်ကျစွာတွေးတောနေတော့တယ်။သူရဲ့အဆင့်ဟာ အရမ်းကိုနိမ့်ကျလွန်းတယ်ဆိုပြီးပေါ့၊တစ်ပတ်တောင် မရှိတဲ့အတောအတွင်းမှာ အဆင့်ငယ်နှစ်ဆင့်တက်သွားတဲ့ဝမ်ဖေးရန်ဟာ သူရဲ့ကျင့်ကြံမှုကို နှေးကွေးတယ်လို့ ထင်နေတော့တယ်၊တခြားသူတွေသာ သိရင် ပြေးရိုက်ခံရမှာ သေချာတယ်၊ အဆင့်ငယ်တစ်ဆင့်တက်ဖို့ပင် အင်မော်တယ်ကျင့်ကြံသူတွေဟာ အစွမ်းကုန်ကြိုးစားနေ သည်မလား။

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now