Chapter -11

17.9K 2.4K 162
                                    


Zawgyi

ရှောင်ချင်းလင်က ရှောင်ဝေ့ရန်ရဲ့မကောင်းသတင်းတွေလွင့်ကာ ဂုဏ်သိက္ခာညိုးပန်းအောင်လုပ်ပေမယ့် ထိုသတင်းများဟာ အပြင်ကိုမပြန့်နှံ့သွားပဲ ရှောင်အိမ်တော်မှာတင် သတင်းဆုံးသွားသည်၊ရှောင်ချင်းလင် ဘယ်လိုပဲ နှောက်ယှက်နေပါစေ ရှောင်ဝေ့ရန်ဟာ ဘာမှမဖြစ်ပဲအေးဆေးပင်၊ဘာလို့လဲဆိုတော့ မင်လော့ရဲ့သက်တော်စောင့်ဟာ နောက်ကွယ်ကနေ ကူညီဖြေရှင်းပေးခဲ့သည်၊ ဒါကြောင့် နောက်ကွယ်လူဟာ ဘယ်သူဘယ်ဝါလည်း ရိပ်မိသွားချိန်မှာ ရှောင်ချင်းလင်လုပ်ရပ်ကို ရွံရှာသွားတော့သည်၊တကယ်လို့ ထိုမကောင်းတဲ့သတင်းတွေသာ ပျံနှံ့သွားပြီး ပါရမီရှင်ကို လူတွေဟာ ရှုံ့ချခဲ့မယ်ဆိုရင် ရှောင်ဝေ့ရန်ရဲ့သိုင်းပညာလမ်းကြောင်းဟာ အမဲစက်ထင်ကာ နှောင့်နှေးသွားလိမ့်မည်၊

ကာယကံရှင်ဝမ်ဖေးရန်(ခ)ရှောင်ဝေ့ရန်ကတော့ ဆောင်ကြာမြိုင်ထဲကို သေသပ်စွာဝတ်ဆင်ပြီး ခပ်တည်တည်ဖြင့် ဝင်သွားတော့သည်၊သူဟာ မျက်နှာတစ်ဝက်ကို ပုဝါနဲ့အုပ်ထားပေမယ့် သွယ်လျသောခါး လုံးဝန်းသောတင်၊သေးငယ်သောခန္ဓာကိုယ်အနေအထား ထိုအရာအားလုံးဟာ သူ့အား အိုမီဂါတစ်ယောက်ဆိုတာ ပြသနေတော့သည်

ဒါကြောင့် ဝမ်ဖေးရန် ဝင်လာချိန်မှာတော့ တစ်ချို့ဟာ တပ်မက်စွာစိုက်ကြည့်နေပေမယ့် ဘယ်သူမှ မလှုပ်ရှားရဲကြပေ၊ထိုချိန်မှာ မပေါ်တပေါ်ဝတ်ဆင်ထားတဲ့အမျိုးသမီးကြီးတစ်ယောက်ဟာ ရောက်လာပြီး ဝမ်ဖေးရန်ကို နူတ်ဆက်လိုက်ပြီး ဧည့်ဝတ်ကျေသည့်အပြုံးဖြင့် ပြုံးလိုက်ပြီး

"လူကြီးမင်း ဒီနေရာက အိုမီဂါတွေ လာဖို့် မသင့်တော်ပါဘူး " အမျိုးသမီးကြီးဟာ သူရှေ့က လူငယ်ကို ပြောလိုက်ပေမယ့် ထိုလူငယ်ဟာ ခေါင်းမာစွာဖြင့် လက်တစ်ချက်ခါကာ ပြန်ပြောလာတော့သည်၊

"ကိစ္စမရှိဘူး ကျွန်တော် လူတစ်ယောက်ကို လာရှာတာ ခဏပဲ"

"မရဘူး" နောက်ထပ်အမျိုးသမီးတစ်ယောက်က တင်းမာနေတဲ့မျက်နှာထားနဲ့ပြောလိုက်တာကြောင့် ဝမ်ဖေးရန် စိတ်ညစ်သွားကာ ပြန်ထွက်လာတော့သည်၊

'တကယ်ပဲ ဆောင်ကြာမြိုင်ကို တခါတလေမြင်ချင်လို့ပါဆိုနေ... အထဲလေးပဲ ခြေချရသေးတယ်'

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now