"ကိုယ့်အဖေမှာလည်း သင်္ဘောရှိတယ် ... စီးချင်ရင် ကိုယ်လှမ်းအကြောင်းကြားပေးမယ်လေ... နောက်တစ်နာရီလောက်နဲ့ တန်းရောက်..."

"ရတယ်...ရတယ် လေလံပွဲက စတော့မှာ အလုပ်ရှုပ်မခံပါနဲ့ လော့ကောကော" လို့ စကားဖြတ်လု ပြောလိုက်ပြီး မင်ထျန်းလော့ကို လက်မောင်းကနေ အတင်းဆွဲခေါ်လာတော့သည်၊

"ကော!!"

"ဖေးရန်"ဆိုသည့်ခေါ်သံဟာ သူတို့အနောက်ကနေ ထွက်လာတာကြောင့် ကြည့်လိုက်တော့ ရီယွမ်ရှန့်နဲ့ရှောင်လျန့်စန်းဟာ သူဆီ ပြုံးပျော်စွာရောက်လာတော့သည်၊ ဝမ်ဖေးရန် သူ့ညီလေးဟာ အဖြူရောင်နဲ့အပြာရင့်ရောစပ်ထားသည့်ဝတ်စုံနဲ့ အလွန်ကြည့်ကောင်းနေသည်ကို မြင်တော့ ဝမ်ဖေးရန်ရဲ့ အပြုံးများဟာ တောက်ပသွားကာ အနီးနားရှိလူများပင် ရပ်ကာငေးမောကြည့်ကုန်မိကြတော့သည်၊

"ဂုဏ်ယူပါတယ် စန်းအာ၊ မင်း အန်းရှကောင်းကင်ဂိုဏ်းရဲ့ဂိုဏ်းသားဖြစ်သွားပြီပဲ ... စန်းအာက အတော်ဆုံးပဲ"လို့ ပြောလိုက်တော့ ရှောင်လျန့်စန်းဟာ ခေါင်းလေးကုတ်ကာ စပ်ဖြီးဖြီးမျက်နှာဖြင့် သူတို့အနောက်နားမှာပါလာသည့် အသက်ကြီးကြီးအဘိုးအိုတစ်ဦးနဲ့ ငါးဆယ်ကျော်အရွယ်လူကြီးအချို့ဘက်ကိုလှည့်ကာ မိတ်ဆက်ပေးလိုက်သည်၊

"အကြီးအကဲတို့ ဒါကျွန်တော့်အစ်ကိုရှောင်ဝေ့ရန်ပါ ကော သူတို့က ကျွန်တော့်ကို လာစစ်ဆေးတဲ့အကြီးအကဲတွေ"

ဝမ်ဖေးရန်ဟာ ရှောင်လျန့်စန်းမိတ်ဆက်ပေးလာတာကြောင့် သူလည်းငြိမ်မနေတော့ပဲ အကြီးအကဲတွေကို နူတ်ဆက်ဂါဝရပြုလိုက်ကာ

"အကြီးအကဲတို့ကို တွေ့ရတာ ဝမ်းသာပါတယ် ...ကျေးဇူးပြုပြီး ကျွန်တော်ရဲ့ညီလေးကို စောင့်ရှောက်ပေးပါအုံး"လို့ ပြောလိုက်ပြီး သူရဲ့သိုလှောင်ဆွဲကြိုးထဲကနေ အထုပ်တစ်ထုပ်ကို ထုတ်လိုက်ပြီး အသက်ကြီးဆုံးအဘိုးအိုကို ရိုသေစွာကမ်းပေးလိုက်သည်၊

"အပန်းမကြီးရင် ကျွန်တော်ရဲ့သေးငယ်တဲ့လက်ဆောင်လေးကို လက်ခံပေးပါဗျ"ဝမ်ဖေးရန်ရဲ့အပြုအမူကြောင့် အဘိုးအိုဟာ ပြုံးကာ ခေါင်းတညိတ်ညိတ်နဲ့ လက်ခံယူလိုက်ပြီး

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now