အခန်း ၁၆၀

Start from the beginning
                                    

သူဘာလို့ ဒီလိုလုပ်နေရတာလဲဆိုတဲ့အကြောင်းပြချက်တစ်ခုကိုပဲ Cekel က စဉ်းစားမိသည်.

'သူက ငါ့ကို လက်ထပ်ဖို့မဟုတ်ပဲ ဒီအတိုင်းအိပ်ယာထဲ ခေါ်သွားချင်နေတာပဲ'

Cekel က ဘယ်တော့မှ လက်မထပ်တော့ဖို့ ကျိန်ဆိုထားတဲ့ အပျိုကြီးတစ်ယောက်ဖြစ်သည်. သူမက သူ့လက်အောက်ငယ်သားတွေရဲ့ အစ်မဖြစ်တာကြောင့် သူက သူမတို့မိသားစုတစ်ခုလုံးထက် အဆင့်မြင့်သည်. Sir Ainno က သူမကို အမြတ်ထုတ်ဖို့သာ ကြိုးစားနေတာဖြစ်ကြောင်း Cekel က ယုံကြည်ခဲ့သည်.

Cekel က သူ့ရဲ့ကစားစရာဖြစ်လာဖို့ စိတ်မဝင်စားချေ. သူမက သူမရဲ့ အချိန်တော်တော်များများကို တခြားအကူတွေနဲ့ အတူကုန်ဆုံးကာ Sir Ainno နဲ့ မတွေ့မိအောင် တတ်နိုင်သမျှ ရှောင်ရှားနေခဲ့သည်. ဒီလူနှစ်ယောက်ကြားမှာ ဖြစ်ပျက်နေတာကို သိနေတဲ့သူကတော့ Poliana ပဲဖြစ်သည်. Poliana က ဒီ'ခေါင်းမာတဲ့ကောင်'ကို သိနေမလားဆိုပြီး Cekel က သံသယရှိနေပေမဲ့ သူမက သူ့နာမည်ကို တစ်ခါမှ ထုတ်မပြောခဲ့ပေ. မဖြစ်မနေထုတ်ပြောရမဲ့ အချိန်မရောက်မချင်း Poliana ကို သူ့ရဲ့အကြောင်းကို မပြောဖို့ သူမစီစဉ်ထားခဲ့သည်.

Sir Ainno ဒုက္ခရောက်နေတာကို ကြည့်ရတာ Poliana အဖို့ ပျော်စရာကောင်းနေသည်. သူက ဘယ်သူ့ကိုမှ ပိုးပန်းဖူးခြင်းမရှိတာ သိသာနေပြီး Poliana ကလဲ သူ့ကို ကူညီဖို့ စိတ်မဝင်စားပေ. သူက Cekel ကို အမှန်တကယ်ချစ်မြတ်နိုးနေရင်တောင်မှ သူမအပေါ် သူ့ရဲ့ချစ်ခင်နှစ်သက်မှုကို ပြသဖို့ အတင်းအကျပ်ကြိုးစားနေတာက မှားယွင်းနေသေးသည်.

ပြီးတော့ သူက အမှန်တကယ်စိတ်ရင်းရှိခဲ့ရင် သူ့အနေနဲ့ သူမကို လက်ထပ်ဖို့ လူသိရှင်ကြား ကမ်းလှမ်းသင့်သည်.

'သူ ဝတ္ထုလေးဘာလေးဖတ်သင့်တာ'

Sir Ainno က သူ့ဘဝတစ်ခုလုံးကို ဧကရာဇ်ကိုကာကွယ်ရင်း အမှုထမ်းခဲ့တာကြောင့် အချစ်နဲ့ ပတ်သက်လာချိန်မှာတော့ သူက အရူးတစ်ယောက်ဖြစ်သွားခဲ့သည်. သူ့အချစ်က အစစ်အမှန်ဖြစ်နေလို့ သူ့ဦးနှောက်က အလုပ်မလုပ်တော့တာလား? အဲ့တာကြောင့် သူက ဘာကိုမှ သေချာမတွေးတောနိုင်တော့တာလား? ဒါမှမဟုတ် သူက အဆင့်မြင့်တဲ့သူဖြစ်နေလို့ သူလုပ်ချင်တာလုပ်လို့ရတယ်လို့များ ထင်နေတာလား?

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now