မြို့တော်နေရာပြောင်းပြီးတဲ့နောက်မှာတော့ လက်အောက်ခံနယ်မြေတွေက အဖိုးတန်လက်ဆောင်တွေနဲ့ မိန်းမလှတွေကို Yapa မြို့တော်ဆီကို စတင်ပို့ဆောင်လာတော့သည်. လက်အောက်ခံနယ်မြေတိုင်းက သူတို့ဒေသက အမျိုးသမီးတွေကို ဧကရာဇ်က သူ့ဇနီးအဖြစ် တော်ကောက်ဖို့ မျှော်လင့်နေကြသည်. ဒီငယ်ရွယ်တဲ့ ဧကရာဇ်က အခုထိ လက်မထပ်ရသေးတာကြောင့် လက်မထပ်ရသေးတဲ့ သမီးပျိုတွေရှိတဲ့ အထက်တန်းလွှာမိသားစုတွေကလဲ သူတို့ကို ရွေးချယ်လာဖို့ မျှော်လင့်နေသည်.
Sir Howe နဲ့ Donau တို့က မကြာခင်မှာ လက်ထပ်ကြတော့မှာဖြစ်သည်. Sir Beke နဲ့ Sir Wook တို့ကလဲ သိပ်မကြာတော့တဲ့ အနာဂါတ်မှာ လက်ထပ်ဖို့ ရှိသည်. ဧကရာဇ်အပါအဝင် လူတိုင်းက လက်ထပ်ရမှာဖြစ်သည်.
လက်အောက်ခံနယ်မြေတွေက သူတို့ ရှာလို့ရသမျှ အလှဆုံးမိန်းကလေးတွေကို ဧကရီနေရာကို မျှော်မှန်းကာ ပို့နေကြသည်. ဧကရာဇ်ရဲ့ ကိုယ်လုပ်တော်ဖြစ်လာရင်တောင်မှ သူတို့အတွက် ကြီးမားတဲ့ ဂုဏ်ပြုမှုဖြစ်သည်. ဧကရာဇ်ဆီကို ပို့မဲ့ အမျိုးသမီးတွေရဲ့ အရည်အချင်းတွေကို သေချာစစ်ဆေးကြရသည်. ပထမဆုံးအချက်ကတော့ အသက်အရမ်းမငယ်ရပေ. အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို သူ့ဆီပို့လာတာကြောင့် Lucius က ဒေါသထွက်သွားသည်. သူမက ချက်ချင်းပြန်ပို့ခံလိုက်ရသည်.
"ငါ့ကိုများ နှာဘူးကောင်လို့ ထင်နေကြတာလား?!"
ဧကရာဇ်က သူ့တိုင်းပြည်မှာ ဘာတွေဖြစ်နေလဲဆိုတာကို ယုံတောင်မယုံနိုင်ပေ! သူက ဒေါသတကြီးနဲ့ တရားဝင်ကြေငြာချက်တစ်စောင်ကို ချက်ချင်းထုတ်လိုက်သည်. အသက် ၂၀ အောက် မိန်းကလေးတွေကို သူ့ဆီကို မပို့ရဘူး. ဧကရာဇ်ဆီကို ပို့မဲ့ မိန်းကလေးတွေက စေ့စပ်ထားခဲ့တာမျိုးရှိရင် သူတို့စေ့စပ်ထားတာကို ဖျက်သိမ်းပြီးတော့ ဧကရာဇ်ဆီကို ပို့ခွင့်မရှိဘူး. ခင်ပွန်းနဲ့ဇနီးကြားက အသက်ကွာဟချက် အရမ်းများနေရင် သာယာတဲ့အိမ်ထောင်ရေးမတည်ဆောက်နိုင်ဘူးလို့ Luciusက ယုံကြည်သည်.
ကံမကောင်းစွာနဲ့ပဲ ဆယ်ကျော်သက်ဇနီးတွေကို ရှာဖွေနေတဲ့ နှာဘူးအိုကြီးတွေ ရှိနေသေးသည်.
![](https://img.wattpad.com/cover/244580864-288-k218291.jpg)
ESTÁS LEYENDO
Emperor and the Knightness (Zawgyi) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/