အခန်း ၅၂

93 16 3
                                    

"နိုင်တာကောင်းပေမဲ့ ရှုံးသွားလဲ ဘာမှမဖြစ်ဘူး. ဒီပြိုင်ပွဲကို အပျော်သဘောပဲထားလိုက်"
Sir Ainno ရဲ့ ကြမ်းတမ်းတဲ့သင်တန်းကို တွေ့ကြုံလိုက်ရတဲ့ စစ်သည်တွေကို Lucius က အားပေးနေသည်

Sir Ainno က ဆုံးဖြတ်ချက်ပြတ်သားနေတဲ့ပုံနဲ့ ပြန်ပြောလိုက်သည်

"အရှင်က ကျွန်တော်တို့ကို အရမ်းကြင်နာနေပြီ, အရှင့်ရဲ့ Ainno, Acreia ရဲ့ အကောင်းဆုံးစစ်သည်က ဒီပြိုင်ပွဲမှာ အနိုင်ရပြီးတော့ အောင်နိုင်ခြင်းပန်းသရဖူကို အရှင့်အတွက် ယူလာပေးမယ်"

"အရှင်က ကျွန်တော်တို့ကို အရမ်းကြင်နာနေပြီ, အရှင့်ရဲ့ Ainno, Acreia ရဲ့ အကောင်းဆုံးစစ်သည်က ဒီပြိုင်ပွဲမှာ အနိုင်ရပြီးတော့ အောင်နိုင်ခြင်းပန်းသရဖူကို အရှင့်အတွက် ယူလာပေးမယ်"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


လူတိုင်းက သူတို့ဧကရာဇ်ရဲ့ခေါင်းပေါ်မှာ ပန်းသရဖူနဲ့ ဘယ်လိုနေမလဲဆိုပြီးတော့ စိတ်ကူးကြည့်လိုက်ကြသည်. သူနဲ့အရမ်းလိုက်ဖက်မယ်ဆိုတာကို သူတို့သေချာပေါက်သိနေသည်

သူ့စစ်သည်တွေဂုဏ်ယူစွာနဲ့ ပြုံးနေကြတာကိုကြည့်ရင်း Lucius က သက်ပြင်းချလိုက်သည်. ပုံမှန်အားဖြင့်တော့ ပန်းသရဖူဆိုတာက စစ်သည်ရဲ့အမျိုးသမီး, အကြီးအကဲရဲ့ ဇနီး ဒါမှမဟုတ် သမီး, ဒါမှမဟုတ် စစ်သည်ရဲ့ညီမတွေကို ပြန်ပေးရတာ

Poliana ကလဲ Lucius က ပန်းသရဖူနဲ့ဘယ်လောက်တောင်လှနေမလဲဆိုတာ စိတ်ကူးကြည့်နေရင်းနဲ့ ရုတ်တရက် သူမ တစ်ခုခုကို သတိရသွားသည်

သူမက သူမဘေးနားမှာရပ်နေတဲ့ အစောင့်ကို တီးတိုးပြောလိုက်သည်

"ဒီလိုပုံနဲ့ဆိုရင်တော့ အရှင်နဲ့ Sir Ainno တို့ရဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေးထွက်လာတော့မယ်"

"Sir Poliana မင်းကျေးဇူးနဲ့ အခုတော့ အဲ့လိုသတင်းတွေ မထွက်တော့ဘူးလေ. တကယ်လို့ မင်းသာ ဒီနေရာကို တာဝန်မယူခဲ့ဘူးဆိုရင်တော့ အဲ့လိုသတင်းတွေကထွက်လာမှာ. ဒါပေမဲ့ Sir Ainno က အဲ့တာတွေကို သိတဲ့ပုံလဲမပေါ်ဘူး"

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now