Poliana က အကြောတွေဆန့်လိုက်ပြီးတော့ သူမဓါးကို လှမ်းယူလိုက်သည်. သူမထက်အများကြီး သန်မာကြံ့ခိုင်တဲ့တော်ဝင်ကိုယ်ရံတော်တွေရဲ့ စကားကို ကြားပြီးချိန်မှာတော့
သူမအနေနဲ့ သူတို့အရှက်မရအောင် ပိုပြီးကြိုးစားဖို့ လိုနေတယ်လို့ ခံစားလိုက်ရသည်. သူမက တစ်ဦးတည်းသော အားနည်းတဲ့ Acreian အမျိုးသမီးစစ်သည်ဖြစ်သည်. သူမက လူတိုင်းထက် ပိုကြိုးစားဖို့လိုနေသည်သူမရုပ်ပိုင်းဆိုင်ရာက ဒီ့ထက်ပိုပြီး မသန်မာလာနိုင်ဘူး. သူမဘေးနားမှာရှိနေကြတဲ့အမျိုးသားတွေလိုမျိုး မသန်မာလာနိုင်ဘူး. သူမမှာ ဓါးရေးကျွမ်းကျင်မှုမရှိဘူး တခြားတိုက်ခိုက်ရေးစွမ်းရည်တွေလဲမရှိဘူး သူမက သူတို့တွေထက်အများကြီးသေးငယ်ပြီး. ကြွက်သားတွေရအောင်လေ့ကျင့်ဖို့ကလဲ သူမအတွက် ခက်ခဲသည်. သူမရဲ့တုန့်ပြန်နိုင်စွမ်းနဲ့ ခံနိုင်ရည်ကလဲ သာမာန်ပဲဖြစ်သည်
သူမလုပ်နိုင်တာက သူမအကောင်းဆုံးကြိုးစားလုပ်ဖို့ပဲဖြစ်သည်
သူမခန္ဓာကိုယ်ကို တုန့်ပြန်မှုမြန်အောင် လေ့ကျင့်ဖို့လိုသည်. သူမဦးနှောက်ကအချက်ပေးတာနဲ့ ဓါးကိုလျင်မြန်စွာဆွဲထုတ်နိုငိဖု့လိုအပ်သည်. ဒီလိုဖြစ်လာဖို့အတွက် သူမ ထပ်ခါထပ်ခါလေ့ကျင့်ဖို့လိုအပ်သည်
Poliana က နေ့တိုင်း အားလပ်ချိန်တိုင်းမှာ လေ့ကျင့်သည်. ကိုယ်ခံပညာလေ့ကျင့်ခန်းကို လေ့ကျင့်ပြီးတော့ အခွင့်ရရင်တော့ တခြားစစ်သည်တွေနဲ့ ဓါးရေးလေ့ကျင့်သည်
Sir Donau က သူမရဲ့ လေ့ကျင့်ဖော်ဖြစ်ပြီး မကြာခဏဓါးရေး အတူလေ့ကျင့်လေ့ရှိတာကြောင့် အခုဆိုရင် Donau က သူမရဲ့လှုပ်ရှားမှုတွေနဲ့ လှည့်ကွက်တွေကို သိနေခဲ့ပြီ
ပထမတော့ Poliana က အကြိမ်များစွာနိုင်ခဲ့ပေမဲ့ Donau က နောက်ပိုင်းမှာ ၁၀ ပွဲကစားရင် ၈ ပွဲနိုင်လာသည်. ဒါပေမဲ့ Poliana က စိတ်ဓါတ်မကျသလို Sir Donau ကလဲ သူမကို အထင်မသေးရဲပေ.
သူမအကြိမ်များစွာရှုံးနိမ့်ပေမဲ့ ဘယ်စစ်သည်ကမှ သူမနဲ့အတူလေ့ကျင့်ဖို့ မငြင်းဆန်သလို သူမကို လှောင်ပြောင်ခြင်းလဲမရှိပေ. ဒါက သူမကို တကယ်ပျော်ရွှင်စေတာဖြစ်သည်
YOU ARE READING
Emperor and the Knightness (Zawgyi) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/