Lucius က မျှော်လင့်ထားပြီးသားဖြစ်ပေမဲ့ ဒီလောက်အထိ မြန်လိမ့်မယ်လို့တော့ မထင်မိခဲ့ချေ. Marquis Seeze က ဉာဏ်များတဲ့မြွေတစ်ကောင်ပဲ. ဧကရာဇ်က သူ့စိတ်ထဲအော်ဂလီဆန်နေတာကို ဖုံးလိုက်ကာ မိန်းမငယ်လေးကို နှုတ်ဆက်လိုက်သည်.
Tory Seeze က လေးစားစွာနဲ့ ဦးညွှတ်လိုက်သည်. သူမက Marquis Seeze နဲ့ သွေးမနီးတဲ့ဆွေမျိုးတစ်ယောက်ဖြစ်ပြီး သူ့သားအငယ်ဆုံးက မွေးစားထားတာ သိပ်မကြာသေးပေ. သူမရဲ့ဦးညွှတ်မှုက ရိုးရှင်းပေမဲ့ ကျက်သရေရှိကာ လှပသည်. အနီးနားမှာရှိတဲ့ လူလွတ်စစ်သည်တွေက အရူးတွေလိုမျိုး သူမကို ကြည့်နေကြသည်
Tory က ရှက်လာတာကြောင့် မျက်နှာရဲလာပြီး တခြားအမျိုးသမီးတွေနဲ့အတူ ထွက်သွားလိုက်သည်. မြောက်ပိုင်းဒေသမှာက လူငယ်အမျိုးသားနဲ့ အမျိုးသမီးတွေက ဒီလိုပွဲတွေမှာ တွေ့ဆုံလေ့မရှိကြပေ. သူတို့က အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာလိုမျိုး ပွဲလမ်းသဘင်တွေကိုလဲ မပြုလုပ်ကြချေ.
ဒါတောင်မှပဲ Tory Seeze ရှက်နေပုံရတာက ထူးဆန်းနေသလိုရှိသည်. Lucius အဝေးကိုရောက်နေချိန်မှာ Tory Seeze က ကျက်သရေရှိပြီးလှပတင့်တယ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာကာ သင့်တော်တဲ့ သတို့သမီးလောင်းဖြစ်လာခဲ့သည်. ဒီလူအိုကြီးဘာလုပ်ဖို့ ကြိုးစားနေတာလဲဆိုတာကို ဟန်ဆောင်ဖို့ မဖြစ်နိုင်တာကြောင့် ဧကရာဇ်က စိတ်ပျက်နေသည်.
Lucius က Marquis ကို ပြောလိုက်သည်.
"အရမ်းယဉ်ကျေးတဲ့ မိန်းကလေးပဲ"
"သူမက မိန်းမကောင်းလေးတစ်ယောက်ပါ. ကျွန်တော့်သားအငယ်ဆုံးက သူမလက်ထပ်ဖို့အတွက် သင့်လျော်တဲ့လူရှာနေတာ. သူမအတွက် သင့်လျော်တဲ့ခင်ပွန်းလောင်းရှာတွေ့ဖို့ ကျွန်တော်မျှော်လင့်တာပဲ"
"ဟားဟား, သူမက လှပပြီး သိမ်မွေ့တာပဲ, ဆိုတော့ မင်းဘာပြဿနာမှ တွေ့မှာမဟုတ်ပါဘူး"
"ကျွန်တော်လဲ အဲ့လိုပဲထင်ပါတယ် အရှင်. အခု ဒီလူအိုကြီးက အရမ်းပင်ပန်းလာပြီဆိုတော့ ကျွန်တော် သွားလိုက်ပါဦးမယ်. ပျော်ရွှင်ဖွယ်ရာညနေခင်းဖြစ်ပါစေ အရှင်"
![](https://img.wattpad.com/cover/244580864-288-k218291.jpg)
YOU ARE READING
Emperor and the Knightness (Zawgyi) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/