အပိုင်း ၁၀

Start from the beginning
                                    

ရှီဖုန်းနှင့်ကျန့်ဇီသည် ငယ်စဉ်ထဲမှာ သိုင်းပညာလေ့ကျင့်ဖော်အဖြစ် ခင်မင်ခဲ့ကြပြီး  သာမန်စစ်မှုထမ်းရဲ့သားဖြစ်သော  ကျန့်ဇီသည်  ရှီဖုန်းရဲ့ကိုယ်ရံတော်အဖြစ်အမှုထမ်းနေသည်မှာ အခုချိန်ထိဖြစိသည်။ ငယ်သူငယ်ချင်းများဖြစ်သည့်အလျောက်  လူအများရှေ့တွင် သခင်နှင့်ငယ်သားသဖွယ် ၊ ယခုကဲသို့ အချိန်များတွင် လွတ်လွတ်လပ်လပ် ပြောဆိုလေ့ရှိသည်။

'' အာ့ပြောင်းလဲသွားတာကို ငါသဘောကျမိတယ် ကျန့်ဇီ ဘာကြောင့်မှန်းမသိပေမဲ့ ငါသဘောကျတယ်''

''အေးပါကွာ.. ဒါပေမဲ့ မင်း လုံဟွာနဲ့တော့ သေချာရှင်းလင်းဖို့လိုတယ်နော်..  လုံဟွာဘက်က မင်းရဲ့ဇနီးဖြစ်ရမယ်လို့အပိုင်တွက်ထားကြတာကွ.. မင်း အာ့ကိစ္စ္စအတွက်တော့ အတော်ရှင်းရမယ်ထင်တယ်..''

''အာ့ကိစ္စကတော့ ငါ့ဘက်က လွန်ထားတာဘာမှမရှိဘူးလေ.. သူတို့ဘက်က အကျပ်ကိုင်စရာမရှိတော့ သိပ်ပြသာနာမဖြစ်လှပါဘူး..''

''အေးပေါ့ကွာ မင်းဘက်ကသေချာရင်တော့ ပြီးတာပဲ..
ဒါပေမဲ့ မင်းရဲ့မတော်ရသေးတဲ့ယောက်ဖလောင်းကတော့ မင်းနာမည်အားကိုးနဲ့ ပြသာနာတွေရှာထားတာမနည်းလှဘူး..  ဟိုညကကိစ္စလဲ သူပဲလုပ်တာကွ..  အရင်တုန်းက ပိုင်ဝေ့ရှင်းက သူ့လိုလူကိုမကြိုက်ဘူးပြောခဲ့လို့ သိပ်အခဲမကျေလှဘူးလေ..အခုထိ လိုက်ပြသာနာရှာတာသာကြည့်လေ..ခယ်မလေးက သိုင်းပညာတတ်ပေလို့ပဲ နို့မို့ဆို မလွယ်ဘူး.. အာ့နေ့က ခယ်မလေး ချလိုက်တဲ့အကွက်တွေ ငါတခါမှမမြင်ဖူးဘူး..ကြည့်လို့လဲအရမ်းကောင်းတာပဲကွာ ..ပြီးတော့ သူမဆိုးတယ်ဆိုတာကလဲ စိတ်ဆိုးတဲ့အချိန်ကျမှသာပါ. ခါတိုင်းကျ အနေအထိုင်သိမ်မွေ့ပြီး ညင်သာတဲ့မိန်းကလေးလို့ ငါကြားတယ်ကွ..
မင်းကသာ ရထားတာကို နားမလည်တာ ''

''ဟေ့ကောင် မင်းစကားရပ် အခုပြောနေတာ ငါ့ဇနီးကွ😒''

''အရင်က မင်းပဲ ပြစ်ထားပြီးတော့ ဘာအခုမှ ငါ့ဇနီးလဲ အရင်ကဆို ခြေတောင်ယောင်လို့မလှမ်းတဲ့ကောင်ကများ🙄🙄''

''အာ့တာ အရင်ကကိစ္စ အခုနဲ့မဆိုင်ဘူး..မင်းတိတ်တော့.. ဒေါ်လေးပိုင်ဆီရောက်တော့မယ် ကြားသွားရင် တမျိုးထင်သွားမယ်''

ချစ်သောဗီလိန်လေး 1  (Complete) Where stories live. Discover now