အပိုင်း ၁၀

5.3K 481 8
                                    

Zawgyi

       ရှီဖုန်း  ခမည်းတော်တို့နှင့် စကားစမြည်ပြောနေရသော်လဲ   စိတ်ထဲတွင် သွားတာကြာမြင့်လှပြီဖြစ်သော ပိုင်ဝေ့ရှင်းနောက်သို့ လိုက်ရန် စိတ်ထဲ ဆန္ဒစောနေသည်။ သူ့ကိုယ်သူလဲ မယုံနိုင်ချေ။ အခုတလော ဒီကောင်မလေးဆီသာ စိတ်ကရောက်နေသည်။  အရင်ကဆို အချိန်ပြည့် လုံဟွာနှင့်တွေ့ဆုံရန်သာ စဉ်းစားသည်။  လက်ထပ်ပြီးနောက်ပိုင်းတွင် သူမရဲ့အဆောင်ဘက်သို့ လုံးဝမသွားမိ။ အခု ကြာပန်းဆီမီးပွဲတော် ပြီးကထဲက သူမကို စိတ်ထဲကထုတ်မရချေ။ သူမထက် အဆပေါင်းများစွာသန်မာသော လူကောင်ကြီးသော ယောက်ျားသားများ အနိုင်ပိုင်းလိုက်ပုံမှာ အခုထိမျက်လုံးထဲကမထွက်နိုင်ပဲ ဖြစ်နေတယ် ။
အရင်က သူမ ကိုယ်ခံပညာတတ်မြောက်သည်ဟုလဲ မကြားမိပါ။ အလွန် မာနကြီးပြီ အနိုင်ကျင့်တတ်သူ ဘာမှမလုပ်တတ် အသုံးမကျသူအဖြစ်သာ သိထားသည်။ အခု  သူသိထားသမျှနဲ့ လုံးဝဆန့်ကျင်ဘက်များသာဖြစ်တယ် ။

စိတ်ထဲ မွန်းကြပ်လှကာ  ..
''မယ်တော် သားတော် ဝေ့ရှင်းနောက် လိုက်သွားလိုက်ဦးမယ်.အချိန်လဲ ကြာနေပြီ.ပြီးတော့...'''

''  လိုက်သွားပါ သားတော်ရယ်.. မယ်တော့်ကို အာ့လောက်ထိရှင်းပြစရာမလိုပါဘူး..''
''တကယ်ပဲ. အစကတုန်းက သား စိတ်မဝင်စားဘူး.မယူချင်သေးဘူးနဲ့.. အခုကျ မျက်စိအောက်ကတောင်အပျောက်မခံနိုင်ဘူး''

''မယ်တော်ကလဲ အာ့လိုမဟုတ်ပါဘူး..သားတော်က ပြန်ချိန်နောက်ကျမှာစိုးလို့ပါ..''

''ဟုတ်ပါပြီ သားတော်ရယ်.. လိုက်သွားပါ ''

''ဟုတ်ကဲ့ မယ်တော်. သားတော်ကို သွားခွင့်ပြုပါဦး''

ရှီဖုန်း  ဧကရီအား နှုတ်ဆက်ပြီးသည်နှင့်  ပိုင်ဝေ့ရှင်းသွားရာ ပိုင်ချန်ကြင်ယာတော်၏နန်းဆောင်ရှိရာသို့ သွားလေသည်။

''ကျန့်ဇီ.. မင်းအမြင်မှာရော  ငါက ပိုင်ဝေ့ရှင်း အပေါ် စိတ်ဝင်စားနေတယ်လို့ မြင်လား''

ကျန့်ဇီ ရှီဖုန်းထံမှ အမှတ်မထင် မေးလိုက်သော စကားကြောင့် ကြောင်အသွားရသည်။

'' အာ့တာတော့ ငါလဲ သေချာမသိဘူးလေ..  ပြောင်းလဲသွားတာတော့အမှန်ပဲ''

ချစ်သောဗီလိန်လေး 1  (Complete) Where stories live. Discover now