အပိုင်း ၁၅

5.8K 470 42
                                    

Unicode

                  ပိုင်ဝေ့ရှင်း ကျန့်ဇီအား အတည်ပေါက်ဖြင့် ပိတ်ဟောက်လိုက်သော်လည်း တကယ့်တကယ်ကျ  သူမ ကြောက်မိခဲ့ပါသည်။  သူမကိုကာကွယ်ရန် သူ့ကိုယ်ခန္ဓာသေးသေးလေးဖြင့် ရှေ့မှ လာပိတ်ရပ်ထားသောရှောင်ဖေးကြောင့် သူမ့စိတ်ထဲ ဝမ်းသာသွားရပါသည်။
ရုတ်တရတ်ဖြစ်သွားသောကြောင့် ရှောင်ဖေးပခုံးအားဖက်ကာ အသင့်အနေအထားဖြင့်  မျက်စိစုံမှိတ်ကာ ရပ်လိုက်မိသည်။ အချိန်အတော်ကြာအထိ မြင်းမှာ သူ့ဆီ ရောက်မလာသဖြင့် မျက်လုံးတဖက်အား တဖြည်းဖြည်းချင်း ဖွင့်ကြည့်ရာ  မြင်းမှာ လမ်းတဝက်တွင် လဲကျနေသည်ကိုတွေ့ရခြင်းဖြစ်သည်။
ရှောင်ဖေး သခင်မ့ခန္ဓာကိုယ်အား ဆွဲကိုင်စစ်ဆေးကာ  ဒဏ်ရာရမရကြည့်ရသည်။

''သခင်မလေး ဘယ်နားနာသွားလဲ ထိခိုက်သွားသေးလား ရှောင်ဖေးကို ပြပါဦး ..''

''ရှောင်ဖေးရယ်.. ငါ့ကိုမထိခိုက်မိပါဘူးဟာ.. နင်ရော ထိသွားသေးလား... ''

''ရှောင်ဖေးကိုမထိခိုက်မိပါဘူး..သခင်မလေး အရမ်းလန့်သွားလား.... အိမ်တော်ကိုအမြန်ပြန်နားရအောင်နော် အိမ်တော်ရောက်ရင် သမားတော်ခေါ်ခိုင်းရမယ်..''

'' ရှောင်ဖေးရယ် ငါဘာမှမဖြစ်ပါဘူး သမားတော်ခေါ်စရာမလိုပါဘူးဟာ... လာလာ လှည်းပေါ်တက်ပြန်ကြမယ်.. ''
''ကျန့်ဇီ အရှင့်သားရော ပြန်လိုက်မှာတဲ့လား ဘယ်ရောက်သွားတာလဲ နင်နဲ့အတူမပါဘူးလား..တခုခုများဖြစ်လို့လား.... ဘာဖစ်လို့လဲ ''

ပိုင်ဝေ့ရှင်း systemပြောထား၍ အကြောင်းစုံကိုသိသော်လဲ သူ့ရဲ့အနီးကပ်တပည့်က ဘယ်လိုများ ဖာထေးဖြတ်ဆက်ပြောမလဲသိချင်သောကြောင့် မေးလိုက်သည်။

ကျန့်ဇီကတော့ သူ့အတွေးနဲ့သူဖြင့်
အော်...သခင်မက အရှင့်သားကို ဂရုစိုက်ဖော်ရသားပဲ...

'' သခင်က အရေးကြီးကိစ္စတခုကြောင့် အိမ်တော်ကိုအတူပြန်မလိုက်ဖြစ်တော့လို့ ပိုင်သခင်မ အရင်ပြန်နှင့်ဖို့ ပြောသွားပါတယ်..ကျတော်မျိုးကို နောက်ပါးကလိုက်စောင့်ရှောက်ဖို့လဲခိုင်းခဲ့ပါတယ် ''

''အော်... အာ့အရေးကြီးကိစ္စဆိုတာ သူ့ရဲ့ချစ်သူ လုံဟွာကို သွားချော့နေရတာတော့မဟုတ်လောက်ပါဘူးနော်...''

ချစ်သောဗီလိန်လေး 1  (Complete) Where stories live. Discover now