အပိုင်း ၃

6.2K 591 25
                                    

Unicode

ပိုင်ဝေ့ရှင်း ရှောင်ဖေးနဲ့အတူ မြို့တော်အလယ်ရှိ ကြာပန်းဆီမီးခွက်မျှောတဲ့ပွဲတော်ကို ရောက်လာခဲ့တယ်။ စျေးလယ်ရှိ ချောင်းငယ်လေးကို ဆက်သွယ်ထားသည့် တံတားလေးအထက်ရောက်သောအခါ

"ရှောင်ဖေးရေ.. ပွဲတော်က စည်တယ်နော်.. ဟိုမီးပုံးလေးလဲလှလိုက်တာ....ဟိုဟာလဲ ချစ်စရာလေး"

"သခင်မ ဘယ်တခုကို ဝယ်မလဲ.ရှောင်ဖေး သွားဝယ်လိုက်မယ်လေ"

"ငါလဲ ကြည့်ချင်တယ် အတူတူသွားဝယ်ကြမယ်..လာ ဟိုနားကဆိုင်လေးက ပိုလှတယ်"

ပိုင်ဝေ့ရှင်း ရှောင်ဖေးလက်ကို ဆွဲကာ ရောင်စုံမီးပုံနဲ့ ဆီမီးခွက်လေးတွေရောင်းတဲ့ဆိုင်ကို သွားလေသည်။ ပိုင်ဝေ့ရှင်းစိတ်ထဲတွင် မသိမသာနဲ့ systemနဲ့စကားပြောကာ ဇာတ်လိုက်ရှိရာနေရာကိုမေးလိုက်သည်။ သူမ့ရဲ့ဇာတ်လမ်းလေး ကပြဖို့ရာ ဇာတ်လိုက်ရှိရာ နေရာကို အမြန်ဆုံးသွားရန်လိုအပ်ပေသည်။ systemရဲ့အသိပေးချက်အရ လှေဆိပ်နေရာတွင် ဇာတ်လိုက်မကို စောင့်နေကြောင်းသိလိုက်ရသည်။

"ရှောင်ဖေး.. လာအုံး.. ငါတို့ ဟိုနားက လှေဆိပ်မှာ သွားမျှောရအောင်..လာ "

"ဟုတ် သခင်မ"

ရှောင်ဖေးတယောက် သခင်မကို ကြည့်ရတာ ကလေး​ေယောက်လိုပဲ ပျော်နေလိုက်တာ။ အရမ်းလဲချစ်စရာကောင်းတယ်။ ဒါကို သခင်က ဘာလို့ ဟိုမိန်းမနားမှာပဲကပ်နေရသလဲမသိတော့ဘူး။ ရှောင်ဖေးက အတွေးဝင်္ကပါထဲဝင်လည်နေချိန်
ပိုင်ဝေ့ရှင်းတယောက် ဇာတ်လိုက်ကိုလိုက်ရှာရင်း မျက်စိကစားနေရာ တနေရာအရောက် သူမမြင်လိုက်တာက အမဲရောင်ဟန်ဖုကိုယ်ကျပ်ဝတ်စုံအား ဝတ်ထားသောအရပ်မြင့်မြင့်ခပ်ချောချောယောကျာ်းပျိုတယောက်အားတွေ့လိုက်ရသည်။၂၁ရာစုသမီးပျိုပီပီ တွေးလိုက်တာက အမလေး ချောလိုက်တာဟယ် seme typeလေး ငါ့သားတော်ပြီး ukeလေးတယောက်လောက်ရှာပေးလိုက်ရရင်တော့ဟာ အတော်ကောင်းမှာပဲ။ သူမတွေးနေရင်း ဘေးမှာပါလာသောအမျိုးသားအား​ကြည့်​လိုက်မိတယ်။ ရွှေချည်ဖြင့်ထိုးထားသော ရွှေအိုရောင်ငှက်တကောင်ပျံသန်းနေသောပုံကိုထိုးထားသည့်အဖြူနဲ့အနက်ရောင်စပ်ယှက်ထားသောဝတ်စုံကို ဝတ်ထားသောအမျိုးသားအား တွေ့လိုက်ရာ
ချောလိုက်တာ ငါ့ယွကျားဖြစ်မဲ့ရုပ်ကလေး..ငါ့ကမ္ဘာက ငါ့အမျိုးသားရှောင်းကျန့်ကိုတောင်သတိရလိုက်တာ..အိမ်ကဟာကြီးနဲ့အလိုက်ပေးလဲလိုက်ချင်ပါတယ်အေ။ချောလိုက်တာ ငါကြိုက်တယ်ကြိုက်တယ်။

ချစ်သောဗီလိန်လေး 1  (Complete) Where stories live. Discover now