PART [4.2]ချေ💚

9.9K 725 25
                                    

Zawgyi

အလင်းရောင်တို့ မှေးမှိန်ကာ နေမင်းကြီးတောင် နှုတ်ဆက်ချိန်​ရောက်လုပြီ။ မကြာခင်ပဲ ပစ်ခတ်သံတို့ တိမ်လျော့လာ၍ ကျန်ရှိသေးသောရန်သူအနည်းငယ်မှာလဲ အရေးမလှတော့သောကြောင့် သုတ်ခြေတင် ပြန်လှည့်ရချေတော့သည်။

ထိုတော့မှ စစ်သားအသီးသီး အောင်ပွဲခံကာ ဒါဏ်ရာသူများကို ကူတွပြီး ပျက်စီးသွားသော ယာယီနားခို စခန်းမှ အားလုံးကိုယ်စီ ထုပ်ပိုးသယ်ကူကာ ဖုန်းအန်း အခြေစခ်းသို့ ပြန်လာခဲ့ကြသည်။ ဖုန်းအန်းစခန်းတွင် ကျန်ရှိသော လူများထွက်လာကြကာ

မျက်နှာသွယ်သွယ်လေးနှင့် နူးညံ့ဖွယ်ဟန်ပန် ကျော့ကျော့နှင့် မိန်းမ တစ်ဦး ချူးရှန်ဆီသို့ပြေးလာကာ

"ချူးရှန် ဒါဏ်ရာ ရသေးလား "

ထိုသူပြေးလာတာနဲ့.ချူးရှန်.သူမလက်ထဲက ဆေးသေတ္တာနှင့်အတူ အထုပ်အပိုးများကို ထိုသူ့ဆီ အကုန်ပေးလိုက်ရသည်။

! တစ်လမ်းလုံးသယ်လာရတာ လက်တွေပြုတ်တော့မယ်။.နှုတ်လေးက ချိုချိုလေး ကြိုဆိုပြီး လက်ကလည်း မြန်မြန်ယူသင့်တယ်လေ!

system" လန်ဝေ.ချူးရှန်ရဲ့ ..
အင်း..အကူပေါ့..သူငယ်ချင်းလား..အထိန်းတော်လား."

!အမယ်လေး. ဘာဖြစ်ဖြစ်.ငါသေတော့မှာပဲ..!

ချူးရှန် ထိုးပေးလိုက်သော အထုပ်တွေကို ကြည့်ကာ လန်ဝေ အနည်းငယ်.အံ့သြမိ၏။.

"အား... သေတော့မှာပဲ.
ကြောက်စရာကြီး..နားတွေလည်း အူသေပြီထင်တယ်.
ရေဆာတယ် ရေယူပေးပါ."

ချူးရှန်က.နူးညံ့သလောက် ယဉ်ကျေးစွာ ပြောဆိုတတ်ပြီး လန်ဝေကိုလဲ မလွန်ဆန်ဘူး.
လန်ဝေက လူတွေရှေ့မှာ ချူးရှန်ကို ဂရုစိုက်ပြတာက အပေါ်ယံသာသာပဲ ချူးရှန်ကလဲ ဒါကိုသိလို့ လန်ဝေက တစ်ခုခုလုပ်ပေးမယ်ဆို
ရပါတယ် ချူးရှန်ဘာသာ လုပ်ပါ့မယ်နဲ့ အလိုက်သိပြောဆိုတတ်တယ်။

  Vîllïañ's Wïšĥ ~ Arc[2]💜[3]💜[4]💜[5]Where stories live. Discover now