ကျေးဇူးတင်လွှာ

1K 144 36
                                    


ပထဆုံး​ေျပာခ်င္တာက​ေတာ့ မိဘဆရာသမားမ်ားနဲ႔တကြ ဖတ္ရႈ႕အား​ေပးသူ အ​ေယာက္စီတိုင္းကို ေက်းဇူးတင္ပါတယ္လို႔။

Ony ရဲ႕ ေပါ့ရွပ္ရွပ္ ဇာတ္လမ္းေလးဟာ ဒီ​ေနရာမွာ အဆုံးခန္းတိုင္သြားပါၿပီ။

ဒီဇာတ္လမ္းကို စ​ေရးရတဲ့အ​​ေၾကာင္း​ေျပာရရင္ "ဖူးစာရွင္"က စတယ္လို႔​ေျပာရပါလိမ့္မယ္။ "ဖူးစာရွင္"ဟာ Onyလို က်ီးမဝင္စာမ​ေျမာက္သူတစ္​ေယာက္၊ ပညာမျပည့္ဝသူတစ္ဦး အတြက္အရမ္း​ေလးလံပါတယ္။ ဒါ​ေၾကာင့္ ေဆာင္း႐ိုင္းကို ထြက္​ေပါက္အျဖစ္ဖန္တီးခဲ့တာပါ။

ဒီထြက္​ေပါက္ရဲ႕အက်ိဳးဆက္ကို ပြင့္ပြင့္လင္းလင္းဝန္ခံရရင္ ေဆာင္း႐ိုင္းဟာ Ony ေရးသမွ်ထဲမွာ က​ေခ်ာ္ကခြၽတ္နဲ႔ ေပါက္တိ​ေပါက္စပ္​အျဖစ္ဆုံး ဇာတ္​ေကာင္ပါ။ ဒါကို အားလုံးလည္း သတိထားမိလိမ့္မယ္ထင္ပါတယ္။

Ony ဒီလို​ေရးတယ္ဆိုတာ ကိုယ့္စိတ္ထဲ​ေပါ့ဖို႔​ေရးတယ္ဆို​ေပမယ့္ ပရိသတ္ကို မထီမဲ့ျမင္လုပ္တာလည္းမဟုတ္သလို ေစာ္ကားလိုစိတ္လည္းအလွ်င္းမရွိဘူးဆိုတာ​​ေတာ့ ေျပာပါရ​ေစ။  ကိုယ့္ရဲ႕ ေပါက္ကရအ​ေတြးေလး၊ အ​ေရး​ေလးတခ်ိဳ႕က ပရိသတ္ကို ၿပဳံး​ေစအပန္း​ေျပ​ေစဖို႔သာ ရည္႐ြယ္ပါ​ေၾကာင္းကိုလည္း တဆက္တည္း ဝန္ခံပါရ​ေစ။

အားလုံးကို အထူး​ေက်းဇူးတင္ရွိပါတယ္လို႔။

အားလုံးပဲ ကိုယ္၏က်န္းမာျခင္း၊ စိတ္၏ ခ်မ္းသာျခင္းတို႔နဲ႔ ျပည္စုံၿပီး ခ်စ္ျခင္း​​ေဝသီလို႔ သာယာေပ်ာ္႐ႊင္ခ်မ္းေျမ့ၾကပါ​ေစ။

OnyxAriezz

-----------------------------
December 17, 2020
-----------------------------


>>>>>Unicode<<<<<


ပထဆုံး​ပြောချင်တာက​တော့ မိဘဆရာသမားများနဲ့တကွ ဖတ်ရှု့အား​ပေးသူ အ​ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်လို့။

Ony ရဲ့ ပေါ့ရှပ်ရှပ် ဇာတ်လမ်းလေးဟာ ဒီ​နေရာမှာ အဆုံးခန်းတိုင်သွားပါပြီ။

ဒီဇာတ်လမ်းကို စ​ရေးရတဲ့အ​​ကြောင်း​ပြောရရင် "ဖူးစာရှင်"က စတယ်လို့​ပြောရပါလိမ့်မယ်။ "ဖူးစာရှင်"ဟာ Onyလို ကျီးမဝင်စာမ​မြောက်သူတစ်​ယောက်၊ ပညာမပြည့်ဝသူတစ်ဦး အတွက်အရမ်း​လေးလံပါတယ်။ ဒါ​ကြောင့် ဆောင်းရိုင်းကို ထွက်​ပေါက်အဖြစ်ဖန်တီးခဲ့တာပါ။

ဒီထွက်​ပေါက်ရဲ့အကျိုးဆက်ကို ပွင့်ပွင့်လင်းလင်းဝန်ခံရရင် ဆောင်းရိုင်းဟာ Ony ရေးသမျှထဲမှာ က​ချော်ကချွတ်နဲ့ ပေါက်တိ​ပေါက်စပ်​အဖြစ်ဆုံး ဇာတ်​ကောင်ပါ။ ဒါကို အားလုံးလည်း သတိထားမိလိမ့်မယ်ထင်ပါတယ်။

Ony ဒီလို​ရေးတယ်ဆိုတာ ကိုယ့်စိတ်ထဲ​ပေါ့ဖို့​ရေးတယ်ဆို​ပေမယ့် ပရိသတ်ကို မထီမဲ့မြင်လုပ်တာလည်းမဟုတ်သလို စော်ကားလိုစိတ်လည်းအလျှင်းမရှိဘူးဆိုတာ​​တော့ ပြောပါရ​စေ။  ကိုယ့်ရဲ့ ပေါက်ကရအ​တွေးလေး၊ အ​ရေး​လေးတချို့က ပရိသတ်ကို ပြုံး​စေအပန်း​ပြေ​စေဖို့သာ ရည်ရွယ်ပါ​ကြောင်းကိုလည်း တဆက်တည်း ဝန်ခံပါရ​စေ။

အားလုံးကို အထူး​ကျေးဇူးတင်ရှိပါတယ်လို့။

အားလုံးပဲ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းတို့နဲ့ ပြည်စုံပြီး ချစ်ခြင်း​​ဝေသီလို့ သာယာပျော်ရွှင်ချမ်းမြေ့ကြပါ​စေ။

OnyxAriezz

-----------------------------
December 17, 2020
-----------------------------

စိတၱဇ၏ အပိုင္းအစမ်ား || စိတ္တဇ၏ အပိုင်းအစများWhere stories live. Discover now