Pre-weddding!! ဟုတ်တယ် Pre-wedding အကြောင်းပြောမလို့။ သိတယ်ဟုတ်? Pre-wedding ဆိုတာ အခုခေတ်မှာ တကယ့်ကို မပါမဖြစ်။ သူ့ထက်ငါ အပြိုင်အဆိုင်။ တချို့ဆို ဓါတ်ပုံတစ်ပုံရဖို့ နေရာစုံသွား... ပြည်ပအထိပါထွက်တာနော်။ တကယ့်ကို ဆန်းပေ့ဆိုတဲ့ Idea တွေနဲ့ ရိုက်တာ။ အဲ့ဒီလိုပြိုင်တာ အားမရသေးဘူး။ သူများတွေ မြင်ရင် ဒီနှစ်ယောက်ဟာ အရမ်းကို Cool နေ၊ မိုက်နေ၊ ချစ်နေပါတဲ့ဆိုတဲ့ပုံပေါ်အောင် အမျိုးမျိုးရိုက်တာ။ ရုပ်ရှင် သရုပ်ဆောင်တွေတောင် ရှုံးတယ်။ ပြီးရင် တွေ့သမျှလူကို အဲ့ဒီ့ပုံတွေပြပြပြီး သွားရည်ယိုခိုင်းတာလေ။ သိတယ် မဟုတ်လား။
အဲ.... ကျုပ် Wedding planner ငှားတော့ သူက အဲ့ဒါအတွက်ပါ ထည့်စီစဉ်ထားတာ။ Package လေးနဲ့ ။ ဘယ်လောက်တန် package ဆိုရင် ဘယ်နိုင်ငံမှာသွားရိုက်မှာ ဘာညာဆိုပြီး ကိုယ်တွေကို ပြည်ပအထိထွက်အောင် မဲဆွယ်သေးတာ။ ဒါမှ သူတို့တွေ ကော်မစ်ရှစ်ခ ရမှာလေ။
ဘယ်လိုဖြစ်ဖြစ် ကျုပ်က ရုပ်သာချောတာ ဓါတ်ပုံရိုက်တာကို နည်းနည်းမှ စိတ်ဝင်စားတာမဟုတ်ဘူး။ ဟိုလူကြီးလည်း စိတ်ဝင်စားပုံမပေါ်ပါဘူး။ ဒါကြောင့် ကျုပ်ဘာလုပ်လုပ် မင်းသဘောဆိုတာချည်းပဲ။ သူများအမြင်မှာတော့ ဘဲချောလေး ကျုပ်ကို အရမ်းကို အလိုလိုက်တဲ့ ဘဲကြီးပေါ့။ တကယ်ကတော့ ဒင်းက ကျုပ်ကို အကုန်လွှဲချနေတာ။ သူ မလုပ်ချင်လို့လေ။ ဘယ်လိုသိလဲ?? ဒါမျိုး ဟိုလွှဲချဒီလွှဲချက ကျုပ်လုပ်နေကျပါဆို။ ဒီတော့ မြွေမြွေချင်းမပြောနဲ့ ဒီလူကြီးက တီကောင်ဆိုရင်တောင် ခြေဘယ်နှစ်ချောင်းပါလဲဆိုတာ ကျုပ်မြင်ရပါ့။
အဲ.... နေပါဦး။ ခုနက ဘာပြောနေတာတုန်း။ စကားကတောင်ရောက်မြောက်ရောက်နဲ့။ ဪ... အင်း... pre-wedding photo ကိစ္စ။
အဲ့ဒါနဲ့ ကျုပ်တို့ရဲ့ wedding planner က ဘယ်မှာရိုက်မလဲပေါ့။ အဲ... အဲ.... ပြောရဦးမယ်။ သူ့ညီမတွေက ကျုပ်တို့ wedding မှာ ပန်းကျဲမယ့် အခြေအရံအတွေအဖြစ်ပါမယ်တဲ့ဗျာ။ နောက်ပြီး wedding planner က idea ဆန်းသစ်ခမ်းနားသွားအောင် သူတို့ပါ ခေါ်ပြီးရိုက်သင့်တယ်ပေါ့။ ကျုပ်ကလည်း ဒင်းတို့ရှေ့ဆိုတော့ ငြင်းလို့မကောင်းလို့ ခေါင်းညိတ်လိုက်ရတယ်။ အဲဒီတော့ အစ်မတော်ဘုရားတို့က ဘေးကနေပြီး ပြင်သစ်မှာရိုက်မယ်။ ဗင်းနစ်မှာရိုက်မယ်ပေါ့။ ကျုပ်တောင် ဘာမှမပြောရသေးဘူး ဝင်ပြီး လျှာရှည်ရော။ သူတို့တွေ ကျုပ်စရိတ်နဲ့ နိုင်ငံခြားမှာ လည်ဖို့ကြံနေတာ သိသားပဲ။
YOU ARE READING
စိတ္တဇ၏ အပိုင်းအစများ || စိတ်တဇ၏ အပိုင်းအစများ
Short Storyဆောင်းရိုင်းဆိုတဲ့ ကောင်လေးက သူ့ရဲ့အကြောင်းကို အလျှင်းသင့်သလို ပြောပြတဲ့ One short လေးတွေပါ။ ဆောင်းရိုင်းဆိုတဲ့ ကောင်လေးက သူ့ရဲ့အကြောင်းကို အလျှင်းသင့်သလို ပြောပြတဲ့ One short လေးတွေပါ။