တည်​တင်း​နေ​သော မျက်​နှာနှင့်​ အကြည့်​စူးစူး
များဖြင့်​ ဒီ​ရေလှိုင်းကို တစ်​ချက်​ကြည့်​သည်​။
ကား​နောက်​ခန်းတွင်​ အိပ်​​ပျော်​​နေ​သော ရွက်​စိမ်း
ဆီ အကြည့်​အ​ရောက်​ ထိုအကြည့်​များက ချက်​ချင်း
နူးညံ့သွားကာ မနိုးရ​စေ​အောင်​ ဂရုတစိုက်​​ပွေ့ချီကာ
ပြန်​ထွက်​သွား​လေသည်​။

ဒီ​ရေလှိုင်းနှုတ်​ခမ်းများကို မဲ့ပြစ်​လိုက်​မိသည်​။
ကား​နောက်​ခန်းတွင်​​တော့ တိမ်​ငယ်​က ပါးစပ်
က​လေးဟကာ အိပ်​​ပျော်​​နေဆဲပင်​..။ ဒီ​ရေလှိုင်း
ခပ်​ငြိမ့်​ငြိမ့်​နိုင်​​သော သီချင်းတစ်​ပုဒ်​ကို မတိုးမကျယ်
ဖွင့်​ကာ ကားကို​နေရာမှ ​မောင်းထွက်​လိုက်​သည်​။

အခုချိန်​သာ ခရမ်းချဉ်​သီးကို အိမ်​ကိုပြန်​ပို့လိုက်​ပါက
အဆူခံရမှာအမှန်​ပင်​။ ခရမ်းချဉ်​သီးကို မှတ်​​လောက်
သား​လောက်​​အောင်​ အဆူခံရ​စေချင်​သည်​။

အ​တွေးများနှင့်​မတူညီစွာပင်​ ကား​လေးက​တော့
ဒီ​ရေလှိုင်းတစ်​​ယောက်​ထဲနေ​သော အိမ်​သို့ ဦးတည်
နေ​လေသည်​။

ခပ်​ဖြည်းဖြည်း ​မောင်းနှင်​လာ​သော ကား​လေး
ထဲတွင်​​တော့ ငြိမ့်​​ညောင်းကာ သိမ်​​မွေ့​သော
သံစဉ်​​လေးကပျံ့လွင့်​​နေကာ ခပ်​ရဲရဲပါး​လေးနှင့်
ခရမ်းချဉ်​သီးငယ်​​လေးက နှစ်​ခြိုက်​စွာ အိပ်​​မော
ကျ​နေသည်​။ ​ကား​မောင်း​နေ​သော သခင်​​လေး
ဒီ​ရေလှိုင်း၏ အကြည့်​များက ကား​နောက်​ခန်းဆီ
မကြာခဏ ​ရောက်​လာတတ်​သည်​။ ပြုံးခဲ​သော
သခင်​​လေး၏ နှုတ်​ခမ်းများက​တော့ နူးညံ့စွာ..
ပြုံး​နေခဲ့သည်​တဲ့...။

______________

သစ်​မိုးအိမ်​ မိမိလက်​​မောင်းများကြားတွင်​...
ရင်​ဘတ်​ကိုပါး​လေးအပ်​ကာ အိပ်​​ပျော်​​နေ
သော အဆိုး​လေး​ကြောင့်​ ပြုံးလိုက်​မိသည်​။
ကိုယ်​ငယ်​​လေးမှ ခံစားမိ​သော အသက်​ရှူနှုန်း
လေးကပင်​ သစ်​မိုးအိမ်​ကို နူးညံ့စွာ ပြုံး​အောင်
စေစား​နေသည်​။

ဒုဥက္ကဋ္ဌရုံးခန်းထဲတွင်​ အနားယူရန်​ လုပ်​ထား
သော အိပ်​ခန်းတစ်​ခုရှိ၍သာ ​တော်​​တော့သည်​။
ပြင်​ဆင်​ထား​သော အနက်​​ရောင်​ကုတင်​​ပေါ်ကို
အသာချ​ပေးလိုက်​​တော့ ​ကျောင်းအင်္ကျီအဖြူ​..
အစိမ်း​လေးနှင့်​ ရွက်​စိမ်းက ​ကွေး​ကွေး​လေး..
ဆက်​အိပ်​​နေသည်​...။

Clover your'e my clover[Completed]Where stories live. Discover now