Part-35

23.1K 2.5K 110
                                    

(Zawgyi)🍀🍀🍀🍀🍀

Part-35
(ကိုယ်​...ချစ်​​သော clover..!!..)

"clover.. ဘာလုပ်​​နေတာလဲ ..."

အပြာ​ဖျော့​ရောင်​ ရှပ်​အင်္ကျီကို ကြယ်​သီးတပ်​​နေရင်း
သစ်​မိုးအိမ်​က ​မေးလိုက်​သည်​။ မျက်​စံနက်​​လေးကို
ထောင့်​ကပ်​ကာ အင်းအဲလုပ်​​နေ​သော က​လေးငယ်
က အနည်းငယ်​​ မင်္သကာစရာ​ကောင်း​နေသည်​..။

သစ်​မိုးအိမ်​ သတိထားမိသ​လောက်​ ရွက်​စိမ်းက...
သူ၏ spiderman ​သော့ချိတ်​ဖြင့်​ လွယ်​အိတ်
လေးဖြင့်​ တစ်​မနက်​ခင်းလုံး အလုပ်​များ​နေခြင်းဖြစ်
သည်​..။

"clover..."

"ကိုကို နက်​(ခ်​)တိုင်​ စည်းမို့လား ရွက်​စိမ်း​လေး
လုပ်​​ပေးမယ်​​နော်​..ဟီးဟီး.."

သစ်​မိုးအိမ်​ လက်​တစ်​ဖက်​တွင်​ ကိုင်​ထား​သော
နက်​(ခ်​)တိုင်​ကို လက်​​သေး​သေးဖြင့်​ လှမ်းယူကာ
ပါးချိုင့်​များ​ပေါ်​အောင်​ ရယ်​ပြ​နေပြန်​သည်​..။

"အင်း.. clover နက်​(ခ်​) တိုင်​ စည်း​ပေးမှ
ကိုကိုက ဝတ်​​နေကြ​လေ..."

သစ်​မိုးအိမ်​ အ​ပြောနှင့်​အတူ ရွက်​စိမ်းကိုယ်​​လေး
အား ခါးမှ​နေ၍ ဆွဲမလိုက်​​တော့ ချစ်​စရာမျက်​နှာ
သေး​သေး​လေးက သစ်​မိုးအိမ်​နှင့်​ တစ်​တန်းတည်း
ဖြစ်​သွားသည်​။ ရုတ်​တရက်​ဆွဲမလိုက်​​သော​ကြောင့်
မျက်​လုံးပြူး​လေးဖြင့်​ လန့်​သွား​သော ရွက်​စိမ်း
ကြောင့်​ ခပ်ဖွဖွရယ်​သွမ်း​သွေးလိုက်​မိသည်​။

"မြန်​မြန်​ နက်​(ခ်​)တိုင်​ စည်း​ပေး​လေ clover.."

ဂရုတစိုက်​ဖြင့်​ နက်​(ခ်​)တိုင်​ စည်း​ပေး​နေ​သော
ရွက်​စိမ်းက အာရုံစူးစိုက်​သည့်​အ​နေဖြင့်​ မျက်​ခုံး
လေးကို တွန့်​ချိုးထား​သေးသည်​။ နက်​(ခ်​)တိုင်
စည်း​ပေးပြီးသည်​နှင့်​ ရှပ်​အင်္ကျီ​ကော်​လံကို..
သေသပ်​​အောင်​ ပြင်​​ပေးသည်​...။

"ရသွားပြီ.."

"အင်း..."

"ဒါဆို ​ရွက်​​စိမ်းလေးကို အောက်​ပြန်​ချ​ပေး
တော့​လေ ကိုကို.."

Clover your'e my clover[Completed]Where stories live. Discover now